id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
23,801 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ္တဝိသုဒ္ဓိ |
23,802 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ္တဝိသုဒ္ဓိမှာ တတ်နိုင်လျှင် အထူးကောင်း၏၊ မတတ်နိုင်လျှင် နေရ၏၊ ဥပစာရဘာဝနာ, အပ္ပဘာဝနာ-ဟူသော စိတ္တဝိသုဒ္ဓိကို အသီး အခြားမလုပ်သော ယောဂီပုဂ္ဂိုလ်ကို သုက္ခဝိပဿက-ယောဂီဟု ခေါ် သည်၊ သုဒ္ဓဝိပဿက-ယောဂီလည်းခေါ်၏၊ ယခုကာလသည် သုက္ခ ဝိပဿကခေတ်တည်း၊ ထို့ကြောင့် သီလဝိသုဒ္ဓိ နေရာကျလျှင် ဓာတုမန သိကာရ ထူထောင်ရမည်။ |
23,803 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထူထောင်ပုံကား |
23,804 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကိုယ်၌ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟူ၍ ဓာတ်ကြီး ၄-ပါး ရှိ၏၊ |
23,805 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်-ဟူ၍ ဓာတ်ကြီး၄- ပါးရှိ၏ သော်လည်းဆို။ |
23,806 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြေ ၃-ပါး ဤ၌ မြေသည် လောကမြေ, သုတ္တန်မြေ, ပရမတ်မြေ ဟု ၃-ပါးရှိ၏၊ ထိုတွင်- |
23,807 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ လူအများသိကြသော သိလာပထဝီ, ပံသုပထဝီ၊ ဤမြေ ၂- ပါးသည် လောကမြေမည်၏၊ |
23,808 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း-အစရှိသော ပထဝီ ဓာတ် ၂၀-မြေသည် သုသာန်မြေ မည်၏၊ |
23,809 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဤမြေ ၂-ပါးကား အထည်ဒြပ် ထင်မြင်ရသော မြေမျိုးဖြစ်၍ ပရမတ်မြေ မဟုတ်၊ ပရမာဏုမြူ, အဏုမြူမျှပင်သော်လည်း အထည်ဒြပ် ထင်မြင်လျက်ရှိခဲ့လျှင် ပရမတ်မြေကို ဉာဏ်မထိ၊ ပညတ်သဏ္ဌာန်တွင် ဉာဏ်စိုက်၍နေ၏၊ အထည်ဒြပ် မဟုတ်သော ခက်မာမှုကိရိယာ သက် သက်သည်သာ ပရမတ်မြေ, အဘိဓမ္ဓာမြေ အစစ်တည်း။ |
23,810 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောကမြေ, သုတ္တန်မြေ ၂-ပါး၌ အနိစ္စလက္ခဏာရေး အစစ်မ ဝင်နိုင်၊ ပရမတ်မြေ အစစ်၌သာ အနိစ္စ လက္ခဏာရေး အစစ်ဝင်နိုင်သည်၊ အနိစ္စလက္ခဏာရေး အစစ်ဆိုသည်ကား ၁-နာရီအတွင်းမှာပင် အခါများ စွာ ပျက်မှု, ချုပ်မှု, သေဆုံးမှု, ကုန်ခန်းမှုတည်း၊ အထည်ဒြပ် သဏ္ဌာန်ကြီး ဖြစ်သော ဆံပင်မည်သည် ၁-နာရီအတွင်းမှာ အခါများစွာ ချုပ်ပျက် ကုန်ဆုံးမည် ဝေးစွ၊ လူသေ၍... |
23,811 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပျက်ပုံကား-ထင်ရှားစေခြင်းဌာ ဉာဏ်ဖြင့် ဆံပင်ကိုခွေ၍ကြည့်၊ မြေဓာတ်စစ် မပျက်ခဲ့လျှင် ကိုင်း၍ ညွှတ်၍ပင်မရ၊ ပကတိအတိုင်း တောင့်တင်းခိုင်မာ၍ ခံနေလတ္တံ့၊ ကိုင်း၍ ညွှတ်၍ ရခဲ့လျှင်ဆံပင် အတွင်၌ နဂိုမြေဓာတ်တွေ မြေ့မြေ့ ကြေပျောက် ပျက်ဆုံး၍ ကုန်ပြီဟု သိအပ်၏၊ ဉာဏ်စိုက်မိခဲစွ၊ ပရမတ်မြေဓာတ်စစ်မည်သည် ခက်မာမှုကိရိယာမျှကိုသာ ဆိုသောကြောင့်... |
23,812 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကိရိယာပြောင်းလဲမှု ဆိုသည်ကား။ |
23,813 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ မာမှုကိရိယာ အခြေအနေတစ်မျိုး တစ်မျိုး ပျက်၍ ပျက်၍ မာမှုကိရိယာ အသစ်အသစ် ဖြစ်ပေါ်၍ သွားမှုကို ကိရိယာပြောင်းလဲမှုဆိုသည်။ |
23,814 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကိရိယာပြောင်းလဲမှု ထင်မြင်ခဲ့လျှင် ကိရိယာဟောင်း ပျက်ဆုံးမှု အဆင့်ဆင့် ဧကန်ရှိ၏၊ ပျက်ဆုံးမှု မရှိခဲ့လျှင် ပြောင်းလဲမှုမရှိနိုင်၊ ကိရိယာဟောင်း ပျက်ဆုံးမှု အဆင့်ဆင့်တို့နှင့် ကိရိယာသစ်ဖြစ်ပေါ်မှု အဆင့်ဆင့်တို့၏ အကူး- အကူး-အကြား-အကြားတို့၌ အာကာသ-ဓာတ် အခြားအခြားကိုလည်း ဉာဏ်နှင့် မြင်အောင်ကြည့်၊ အာကာသ-ဓာတ်ကို မြင်တတ်မှ သန္တတ... |
23,815 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ၌ ကိရိယာဟောင်း အဆင့်ဆင့် ကုန်ဆုံးပျောက်ကွယ်မှုကို အနိစ္စလက္ခဏာအစစ်ဆိုသည်၊ ဤကိစ္စကိုမြင်နိုင်မှ ဝိပဿနာဉာဏ်အစစ်ဖြစ်သည်၊ ဓာတ်၏ပျက်ခြင်း, ဓာတ်၏ချုပ်ခြင်း, ဓာတ်၏သေခြင်း, ဓာတ်၏ဆုံးခြင်း, ဓာတ်၏ကုန်ခန်းခြင်းကို အနိစ္စဆိုသည်၊ မရဏအစစ် ပေတည်း၊ ဤမရဏအစစ်ကိုမြင်မှ ဝိပဿနာဉာဏ်အစစ်ဖြစ်သည်။ |
23,816 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဆံပင်၌ ပရမတ်မြေဓာတ်အစစ်ကို ပြဆိုချက်တည်း၊ ဤနည်းကိုမှီ၍ ရေဓာတ်, မီးဓာတ်, လေဓာတ်တို့၌လည်း လောက, သုတ္တန်, ပရမတ်စစ် ၃-ပါး ၃-ပါးစီထုတ်၍ ပရမတ်ဓာတ်စစ် ခွဲနည်း, အနိစ္စလက္ခဏာစစ် ခွဲနည်း, ဝိပဿနာဉာဏ်စစ် ခွဲနည်းသိလေ။ |
23,817 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ပရမတ်ဓာတ်စစ် ရေဓာတ်နှစ်မတ် |
23,818 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပရမတ် ဓာတ်စစ်မျှကိုသာ ပြဆိုအံ့။ |
23,819 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ ထိုဆံပင်၌ ခက်မာမှု ကိရိယာမျှသာဖြစ်သော ထိုမြေဓာတ်စစ် အများကို တစ်ခုနှင့်တစ်ခု ကပ်တွယ်ဖွဲ့စည်းမှုသည် ပရမတ်ရေဓာတ်အစစ်မည်၏၊ ဤရေဓာတ် ဖွဲ့စည်းမှုကြောင့် အထည်ဒြဗ် မရှိသော ခက်မာမှုကိရိယာသည် များစွာ စုမိ ခဲမိကြသဖြင့် ဆံပင်သဏ္ဌာန် အထည်ဒြဗ် ထင်မြင်ရ၏၊ ဤရေ ဓာတ်၏ ပျက်မှုဖြစ်မှုမှာ မိမိ၏မှီရာမြေဓာတ်နှင့် ဖြစ်အတူ, ပျက်အတူ ပါလေတော့သ... |
23,820 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဆံပင်၌ ရေဓာတ်အစစ်ကို ပြဆိုချက်တည်း။ |
23,821 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ပရမတ်ဓာတ်စစ် မီးဓာတ်နှစ် |
23,822 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုဆံပင်၌ ပူသောအခါ ပူမှုကိရိယာ သက်သက်သည်လည်း ကောင်း, အေးသောအခါ အေးမှုကိရိယာ သက်သက်သည်လည်းကောင်း ပရမတ်မီးဓာတ်အစစ်မည်၏၊ ဤမီးဓာတ်ကိုပင် ကျမ်းဂန်တို့၌ ဥတု ဟုဆိုသည်၊ မှီရာဝတ္ထုကို လောင်မှု အမြဲရှိသောကြောင့် မီးခေါ်သည်၊ မှီရာဝတ္ထုကို စွဲမိလျှင် သားသမီးပေါက်ဖွားမှု အမြဲရှိသောကြောင့် ဥတု ခေါ်သည်၊ လောကမျက်မြင်ကိုကြည့်။ |
23,823 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဘယ်ကိုလောင်သနည်း၊ မိမိမှီရာ မြေဓာတ်ကို အမြဲလောင် သည်၊ မြေဓာတ်ကား တေဇော၏ မီးစာတည်း၊ စိတ္တက္ခဏ ၁၇-ချက်ရှိလျှင် မီးစာမြေဓာတ်ကား ကုန်မြဲတည်း၊ မီးစာကုန်လျှင် မီးကုန်မြဲ၊ ဥပါဒ်သည် နောက်ဌီသို့ရောက်လျှင် မြေဓာတ်ကို စွဲမိခဲမိ၏၊ စွဲမိခဲမိသည်နှင့် တစ်ပြိုင်နက် သားသမီးပေါက်ဖွား၏၊ ထိုသားသမီး ကလာပ်စုကို ဥတုဇကလာပ် ခေါ်သည်၊ ဤမီးဓာတ်၏... |
23,824 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဆံပင်၌ မီးဓာတ်အစစ်ကို ပြဆိုချက်တည်း။ |
23,825 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ပရမတ်ဓာတ်စစ် လေဓာတ်နှစ် |
23,826 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မီးရှိလျှင် အရှိန်မြဲဖြစ်၍ ထိုဆံပင်၌ မီးဓာတ်၏ အရှိန်ဖြစ်မှု, ကြွရွမှုကိရိယာသက်သက်သည် လေဓာတ်စစ်မည်၏၊ လှုပ်ရှားခြင်းရှိမှ ထင်ရှားသည်၊ ပျက်မှုဖြစ်မှုမှာ တေဇောနှင့် တစ်ချက်တည်းပင်။ |
23,827 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဆံပင်၌ လေဓာတ်အစစ်ကို ပြဆိုချက်တည်း။ |
23,828 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဒိဋ္ဌိဝိသုဒ္ဓိ |
23,829 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လွယ်လည်းလွယ်၏၊ ခက်လည်းခက်လည်း၏၊ ဉာဏ်စိုက်မိလျှင် လွယ်၏၊ ဉာဏ်မစိုက်မိလျှင် ခက်၏၊ ဤသို့လျှင် ဆံပင်၌ အမှုကြီး ၄- ပါး, ကိရိယာကြီး ၄-ပါးကို ၄-စိတ်ကွဲအောင် ဉာဏ်နှင့်ခွဲမှုသည် စတုဓာတု ဝဝတ္ထာန် မည်၏၊ ဆံပင်ခေါ်သော ဒြပ်သဏ္ဌာန် ဉာဏ်၌ ကွယ်ပျောက်၍ သွားအောင် မြင်လေ ဉာဏ်၌ ဆံပင်ဒြပ်သဏ္ဌာန် ကွယ်ပျောက်၍ ဓာတ် အစု သက်သက်သာ၊ မြင်သောအခါ ဆံပ... |
23,830 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဆံပင်၌ ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ပုံကို စံပြချက်တည်း။ |
23,831 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤနည်း ကိုမှီ၍ မိမိကိုယ်တစ်ခုလုံးကို ၄-ဖြာအကွဲကြီး ကွဲအောင်အားထုတ်ကြ လေ။ |
23,832 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) မိမိကိုယ်တစ်ခုမှာ ၄-စိတ် ၄-ဖြာ ကွဲလျှင် ရုပ်ခန္ဓာ ရှိသမျှမှာ ကွဲနိုင်လေတော့သည်၊ မိမိကိုယ်မှာ ဆံပင်၌ကဲ့သို့ ဉာဏ်၌ ဒြဗ်သဏ္ဌာန် တွေ အကုန်ကွယ်ပျောက်၍ ဓာတ်ပုံ, ဓာတ်စု, ဓာတ်ခဲ, ဓာတ်တုံးကြီး သက်သက် ထင်မြင်နိုင်သောအခါ သက္ကာယဒိဋ္ဌိကြီး ကျွတ်ကွာ၏၊ တစ်ကိုယ်လုံး၌ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ် တည်ထောင်မိ၏၊ “သမ္မောဟဝိနောဒနီ အဘိဓမ္မာ အဋ္ဌကထာက... |
23,833 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဒိဋ္ဌိဝိသုဒ္ဓိ အမြွက်တည်း။ |
23,834 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ကင်္ခါဝိတရဏဝိသုဒ္ဓိ |
23,835 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကံ, ဥတု, အာဟာရ အချက်ကြီး ၃-ပါး |
23,836 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပစ္စယပရိဂ္ဂဟ-ဉာဏ်၌ ကံ, စိတ်, ဥတု, အာဟာရ-ဟူ၍ အကြောင်းတရား ၄-ပါးရှိ၏၊ ပဋိသန္ဓေအခါ၌ ခက်မာမှုကိရိယာ, ဖွဲ့စည်းမှုကိရိယာ, ပူနွေးမှုကိရိယာ, ကြွရွခြင်းဟူသော ထောက်ကန် မှုကိရိယာ၊ ဤကိရိယာကြီး ၄-ခုအစုံတို့သည် ကံကြောင့်ဖြစ်ပေါ်ကုန်၏၊ |
23,837 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို ၄-ခုတို့တွင် ပူဆွေးမှုကိရိယာသည် ဥတုပေတည်း၊ သား သမီးရုပ်ကလာပ် ပေါက်ဖွားမှု၌ အတုမရှိ စွမ်းနိုင်လှသော ဓာတ်ကြီး ပေတည်း။ |
23,838 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မီးတောက်ကိုလည်းကောင်း, မီးခဲကိုလည်းကောင်း စေ့စေ့ ကြည့်ရှု၍ နေလျှင် ရွရွရွရွနေသည်ကို မြင်ရ၏၊ မီးဓာတ်ဟု ဆိုရသော ဥတု၏ သားသမီးပေါက်ဖွားမှုပေတည်း၊ သတ္တဝါတို့၏ သန္တာန်မှာလည်း ကံသည် ရှေးဦးစွာ စ-၍ပေးရုံမျှသာတည်း၊ အစဉ်ထူထောင်၍ ပေးရုံမျှ သာတည်း၊ စ-မိသည်နောက်၌ ကြီးပွားစေရန် ကိစ္စမှာ ဓာတ်မီး၏ တာဝန်ပေတည်း၊ ဓာတ်ကရိယာကြီး ၄-ပါး ပေါ်လ... |
23,839 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဓာတ်ဆီသည်လည်း သားသမီးပေါက်ဖွားမှု၌ လွန်စွာ စွမ်းနိုင်သော အရာပေတည်း။ |
23,840 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောက၌မီးသည် အဆီမျိုးနှင့်ပေါင်းမိလျှင် လွန်စွာသား သမီး ပေါက်ဖွား၏၊ မီးတောက်မီးလျှံဖြစ်၍ထ၏၊ အဆီသည်လည်း မီးနှင်း ပေါင်းမိလျှင် လွန်စွာ သားသမီးပေါက်ဖွား၏၊ ဓာတ်မီးနှင့် ဓာတ်ဆီတို့ကား အဖော် အဖက်တို့ပေတည်း၊ ဆီမီး, ရေနံဆီမီး, ဖယောင်းမီးတို့ကို ကြည့်လေ၊ အစစွာ ကံထူထောင်၍ ပေးသည့်နောက် တစ်ခဏတစ်ခြား ရုပ်ကလာပ်ခန္ဓာ ကြီးပွားမှုသည် ဓ... |
23,841 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ညောင်ပင်ကြီးဥပမာ |
23,842 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာကား- ညောင်ပင်ကြီးဖြစ်ရာ၌ သေးငယ်လှစွာသော ညောင်စေ့သည်-အစစွာ အညှောက်ငယ် ကလေးဖြစ်အောင် ထူထောင် ၍ပေးလေ၏၊ ထူထောင်၍ပေးသည့်နောက် ထိုညောင်စေ့ငယ်သည် ပုပ်ဆွေးပျောက်ကွယ်လေ၏၊ အစဉ်တိုင်းကြီးပွားမှုမှာ မြေဥတု, ရေဥတု ၂-ပါးတို့၏ တာဝန်ပေတည်း၊ မိုးကောင်းလှသောအခါ၌ လစဉ်ရွာ သောမိုးရေ သည် မြေနှင့်ရောနှော၍ တည်နေ၏၊ မြေဥတု, ရေဥတု ၂-ပါးဖြစ်၏... |
23,843 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သတ္တဝါတို့၏ ရုပ်ခန္ဓာ၌ ကံသည် ညောင်စေ့ငယ်နှင့်တူ၏၊ |
23,844 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဓာတ်ဆီ, ဓာတ်မီးတို့သည် မြေတု, ရေတုတို့နှင့် တူကုန်၏၊ |
23,845 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ညောင်ပင်သဏ္ဌာန်တခုလုံး အပြည့်ရှိနေသော ဓာတ်မီးသည် မြေဥတုမျိုးတည်း၊ ညောင်ပင်သဏ္ဌာန် တစ်ခုလုံး၌တည်ရှိသော စိုစွတ်သော အစေးသည် ရေဥတုမျိုးတည်း၊ အတွင်းမြေဥတု, ရေဥတု၂- ပါးတည်း၊ ညောင်ပင်၏တည်ရာ မြေကြီးရှိသော ဥတုသည် အပမြေ ဥတုတည်း၊ လစဉ်မပြတ်ရွာသော မိုးရေမှထြစ်သော မြေတွင်းရှိ စိုစွတ်သော အမှုသည် အပ ရေဥတုတည်း၊ အပရေဥတု၂-ပါးတည်း၊ အပဥတု၂... |
23,846 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြေဥတု, ရေဥတု-ကောင်းရာ၌ ပေါက်ခဲ့လျှင် အလွန်ကြီး ပွါးစည်ကား၏၊ ခြောက်သွေ့ ခေါင်းပါးလှသော မြေ၌ ပေါက်ရောက်ခဲ့ လျှင်ကောင်းစွာ မကြီးပွါးနိုင်၊ ဥတုအတွက်တည်း၊ ခပ်သိမ်းသော သစ်ပင်မျိုး, ချုံမျိုး, နွယ်မျိုး, မြက်မျိုး, ကောက်စပါးမျိုးတို့၌လည်း ဤနည်းတူပင်။ |
23,847 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤသို့လျှင်ညောင်ပင်ကြီး၌ မျိုးစေ့ဆိုင်ရာအမှု, အတွင်း, မြေဥတု-ရေဥတု၂-ပါး၏ ဆိုင်ရာ အပမြေဥတု ရေဥတု၂-ပါး၏ ဆိုင်ရာ အမှုတို့ကို ခြားနားစွာ ကြည့်မြင်၍ ထားဘိဦး၊ သတ္တဝါတို့၏ ရုပ်ခန္ဓာ၌ ကံ၏ အမှုသည် ညောင်ပင်၌ မျိုးစေ့ငယ်၏ အမှုနှင့်တူလှ၏၊ |
23,848 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋိသန္ဓေမှစ၍အစဉ်ပါရှိလာသော အတွင်းဓာတ်ဆီ, ဓာတ်မီး၂- ပါးသည် ညောင်၏ အတွင်းဥတု၂-ပါးနှင့်တူ၏၊ အမိဝမ်း၌ နေစဉ်အခါ အမိကိုယ်မှ ထိုသူငယ်၏ အတွင်းသန္တာန်ကို အတွင်ထောက်ပံ့သော အပဓာတ်ဆီ, ဓာတ်မီး၂-ပါး ဖွါးမြင်သည့်နောက်၌ မျိုအပ်သော အစာ အဟာရတို့မှ ထိုသဏ္ဌာန်ကို အတွင်ထောက်ပံ့သော အပဓာတ်ဆီ, ဓာတ်မီး၂-ပါးသည် ညောင်ပင်တည်ရာ မြေအတွင်းရှိ အပဥတု၂... |
23,849 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကံ, ဥတု, အာဟာရအချက်ကြီး၃-ပါးအမြွက်ပြီး၏၊ |
23,850 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ်ဓာတ်အချက် |
23,851 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ်၏ အချက်ကား အထူးအားဖြင့် လှုပ်ရှားမှု, သွားမှု, လာမှု, ထမှု, ထိုင်မှု, ပြောမှု, ဆိုမှု-စသည်တို့၌ အမှုအားလျော်စွာ တစ်ကိုယ်လုံး၌ လည်းကောင်း, ပြုပြင်လိုရာ ကိုယ်အင်္ဂါအစိတ်၌လည်းကောင်း, ပြိုင်းခနဲပြိုင်းခနဲ တစ်ပြိုင်နက် ဓာတ်ကိရိယာ ၄-ပါးဖြစ်ပေါ်ရ၏၊ ညဉ့်အခါ၌ အခန်းတွင်းမှာ မီးထွန်းကြရာ မီးတောက်သည်နှင့် တစ်ပြိုင်နက် တစ်ခန်း ... |
23,852 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | စိတ်ဓာတ်၏ အချက်ပြီး၏၊ |
23,853 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋိသန္ဓေ၌ ရှေးဦးစွာ ဖြစ်ပေါ်လာသည်မှစ၍ တစ်ဘဝလုံး ထိုဓာတ်ကိရိယာ အစုအရုံး အတုံးအခဲကြီးသည် ကံ, စိတ်, ဥတု, အာဟာရ၊ ဤအကြောင်း ၄-ပါးကြောင့် ဖြစ်ရ၏၊ တည်ရ၏၊ ထိုတွင် ပြုပြင်သူ ဆိုင်ရာအကြောင်းကြီး ၄-ပါးကို ခြားနား၍ သိရာ၏၊ တစ်ကိုယ်လုံးသည် ဓာတ်မီးခဲကြီးဆိုလျှင်လည်း ဟုတ်၏၊ ဓာတ်ဆီခဲ ကြီးဆိုလျှင်လည်း ဟုတ်၏၊ လူသဏ္ဌာန်မျှတောက်၍နေသော မီး ... |
23,854 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာကာသ-ဓာတ် အခြားအခြားတွေကို မြင်တတ်မှ ဓာတ် ကိရိယာ အဟောင်းတွေ သေမှု, ဆုံးမှု, အသစ်အသစ်တွေ ဖြစ်ပေါ်မှု အနိစ္စ အချက်ပေါ်နိုင်သည်၊ ထိုမီးတောက်ကြီး မြစ်ရေအလျဉ်တို့၌ မီးတောက် မီးလျှံပွားမှု, မြစ်ရေအလျဉ် ပွားမှုကဲ့သို့ ဤကိုယ်ခန္ဓာ ကြီးမှာလည်း အမြဲပွား၍နေသော ဥတုဓာတ်မီး, ဥတုဇရုပ်ကလာပ် စသည်တို့ကို တရှိန်ရှိန်, တရွရွ-နေကြသည်ကို မ... |
23,855 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋိသန္ဓေမှစ၍ ကမ္မဇ-ရုပ်ကလာပ် အစဉ်မှာမှုကား ထိုဥတုဇ, အာဟာရဇ- တို့ပွားစီးလျှင် ပွားစီး၍ လိုက်၏၊ ဆုတ်ယုတ်လျှင် ဆုတ်ယုတ်၍ လိုက်၏၊ ရေပွားလျှင် ကြာပွားသကဲ့သို့, ရေဆုတ်လျှင် ကြာဆုတ် သကဲ့သို့တည်း၊ လောက၌ ကိုယ်တွေ့ မျက်မြင်တွေကိုလည်း စေ့စေ့နှံနှံ ကြည့်တတ်, သိတတ်ရသည်။ |
23,856 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ကင်္ခါဝိကရဏဝိသုဒ္ဓိ အမြွက်တည်း။ |
23,857 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဓာတ်ကြီး ၄-ပါးနှင့် ဘာဝနာကိစ္စ ပြီးစီးနိုင်ပုံကို ပြဆိုချက်ပြီး၏၊ |
23,858 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (စ) ဓာတ်ဆီ, ဓာတ်မီးတို့ကို အမှီပြု၍ ရုပ်တရားတို့၌ ဝိပသာနာဉာဏ်အမြင် ထိုးထွင်း၍သိပုံ |
23,859 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓာတ်ဆီ ဓာတ်မီးတို့ကို အမှီပြု၍ ရုပ်ဓမ္ဓတို့၌ ထိုးထွင်း၍ သိရသော အချက်စုကို ပြဆိုအံ့။ |
23,860 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အထက်အောက် အဖို့အားဖြင့်- အကနိဋ္ဌဘုံမှ စ၍ မဟာအဝိစိ ငရဲကြီး၊ ထို့အောက် ယူဇနာ ၁-သိန်း၂-သောင်းအထုရှိသော သိလာပထဝီကျောက်ဖျာကြီး၊ ထို့အောက်ယူဇနာ ၄-သိန်း ၈-သောင်း အထုရှသော ရေပြင်ကြီး၊ ထို့အောင် ယူဇနာ ၉-သိန်း ၆-သောင်း အထုရှိသော လေပြင်ကြီး၊ ဤမျှလောက်သော ဩကာသကို ဓာတ်ဆီ, ဓာတ်မီးတို့သည် ဖန်ဆင်းတည်ထောင်အပ်၏၊ ထိုမှ အောက်အဖို့သည် အနန္... |
23,861 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖီလာ အဖို့အားဖြင့်- အောက်လေအပြင်, ရေအပြင်တို့သည် အနန္တစကြာဝဠာ တစ်ပြင်တည်းသာ ဖြစ်ကုန်၏၊ သိလာပထဝီခေါ်သော ကျောက်အပြင်သည်လည်း စကြာဝဠာ ၃-ခုဆိုင်ရာ၌ ယူဇနာ ၈-ထောင် အပေါက်ရှိ၏၊ မြင့်မိုရ်တောင်, သတ္တရဘန်တောင်, စကြာဝဠာတောင် တို့သည်လည်း ထိုသိလာပထဝီ၌ အမြစ်စိုက်ကုန်သည်၊ ထိုတောင်တို့၏ တို့သည်လည်း ထိုသိလာပထဝီ၌ အမြစ်စိုက်ကုန်သည်၊ ထိုတ... |
23,862 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပံသုပထဝီမှာမူကား- ကျောက်ခွက်အများ၌ အသီးသီး ထည့်၍ထားသော မြေညက်ကဲ့ကို စကြာဝဠာတစ်ခုစာ အတွင်း၌သာ အသီးအသီး တည်ကြလေသည်၊ စကြာဝဠာ၁-ပါးနှင့် ၁-ပါး ပံသုပထဝီ ချင်း မစပ်ကြ၊ ဆိုအပ်ပြီးသော စကြာဝဠာ အနန္တပင် တစ်ပြင်တည်းဖြစ်၍ ဆောင်ပေသော လေပြင်သည်လည်း ဓာတ်ဆီ, ဓာတ်မီးတို့ ဖန်ဆင်းတည် ထောင်ပေ၍ ယနေ့ထက်ထိ ဖြစ်ထွန်းကာနေပေသည်။ |
23,863 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပဋ္ဌာန်းပါဠိတော်၌-ဗဟိဒ္ဓဓာတ်ဆီသည် ဗဟိဒ္ဓဝတ္ထု၌ ကျေးဇူး ပြုကြောင်းကို မဟောပါသော်လည်း ဗဟိဒ္ဓဝတ္ထုတို့၌ အဆီအင်အား ကောင်းလျှင် ခိုင်ခံ့အားရှိသည်များကို မြင်ကြရသောကြောင့် ဗဟိဒ္ဓဝတ္ထု တို့၌ အဆီအင်အားကောင်းလျှင် ခိုင်ခံ့အားရှိသည်များကို မြင်ကြရသော ကြောင့် ဗဟိဒ္ဓဓာတ်ဆီသည် လေ, ရေ, မြေ-စသော ဗဟိဒ္ဓဝတ္ထုတို့၌လည်း သုတ္တန်ဥပနိဿယနည်း... |
23,864 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လောက၌ ဥဏှတေဇော လွန်သော မီးကျီးမှ အဆင့်ဆင့်ဖြစ်ပွား သော မီးတောက်ကို မီးတောက်ဟု ခေါ်ဝေါ်သည်။ |
23,865 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုမီးတောက်၏ အဆင့်ဆင့် မီးပွား၍သွားသည်နှင့်အတူတူပင်၊ ထိုလေပြင်ကြီးသည် လည်း ဓာတ်မီးအပြင်ကြီးပင်ဖြစ်၍ အဆင့်ဆင့်မီးပွား၍နေသော မီးသား, မီးမြေး, မီးစု, မီးခဲပင်တည်း၊ မီးစာပင်ကောင်းသော်လည်း နှမ်းဆီ, ရေနံဆီစသော လောင်စာအဆီရှိမှ မီးသည်အရှည်တည်နိုင် ပွားများနိုင်သကဲ့သို့ ထိုလေပြင်၌ ကလာပ်တိုင်းမှာပါသော ဩဇာဟူသော ဓာတ်ဆီကြောင့် သာ ဓ... |
23,866 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဓာတ်ကြီး ၃-ပါးကို ဉာဏ်ဖြင့် နုတ်၍ ကြည့်ရှုရန် |
23,867 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုလေပြင်ကြီး၌ လေဓာန်သည် ဓာတ်လွန်, ဓာတ်ပေါ်ဖြစ်၏၊ မီးဓာတ်သည် မပေါ်လွန်း, မငုပ်လွန်းသော အလယ်အလတ် မဇ္ဈတ္ထဓာတ်ဖြစ်၏၊ မြေဓာတ်,ရေဓာတ်များသည် ငုပ်ဓာတ်စုများသာဖြစ်၏၊ မြေဓာတ်သည် သဟဇာတ်ဓာတ်တို့၏ အဖွဲ့အစည်းကိစ္စရှိ၏၊ မြေဓာတ်ကို ဉာဏ်ဖြင့် နုတ်ယူ၍ကြည့်လျှင် ထိုလေပြင်ကြီးသည် မီးတောက်လေ သကဲ့သို့ ချုပ်ပျောက်ခွင့်ထင်မည်၊ ရေဓာတ်ကိုလည်း... |
23,868 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဥပမာ-မီး, ရေ, လေတို့ဖြင့် လှုပ်ရှားသွားလာ၍ နေသော စက်ရုံကြီး, သင်္ဘောကြီး,မီးရထားကြီးများကို မြင်ကြရလေရာ အသက်ရှိ သကဲ့သို့ ထင်မြင်ရသည်၊ အချက်အလကတို့ကို နေရာကျသိ၍ ဉာဏ်ဖြင့် နုတ်ကာ, နုတ်ကာကြည့်ရှုပါလျှင် လှုပ်လှုပ်မြင်သမျှ အားလုံးသည် တုံးလုံးပုံလျက် သက်သက်အသေ ထင်မြင်ပေသည်၊ ယင်းသို့ ထင်သည်ကို တုစ္ဆ, သုည-ခေါ်သည်၊ ပဋိစ္စသမုပ္... |
23,869 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကဲ့သို့သော သဘောကို မသိကြကုန်သော သူတို့သည် ပဋ္ဌာန်း ၂၄-ကျမ်းကို အသက်ထက်ဆုံး နုတ်ဝယ်ငုံသော်လည်း ဤသတ္တလောက, ဩကာသလောက၏ တုစ္ဆအဖြစ်, သုညအဖြစ်, နိဿတ္တ-နိဇ္ဇီဝ-အနတ္တအသာရအဖြစ်ကို မရိပ်မိကြလေကုန်။ |
23,870 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လေဓာတ်သည် သဟဇာတ်တို့၏ အားခွန်ဗလပေတည်း၊ ထို့ကြောင့် လေဓာတ်ကို နုတ်၍ရှုလျှင် လေအပြင်ကြီး ခဏချင်းကွယ်ရာ၌ ဆိုဘွယ်မရှိ၊ မီးဓာတ်မှာမူကား သူမွေးဖွားမှ ဖြစ်ပွားရလေသော လေ အပြင်ကြီး ဖြစ်ပေ၍ သူ့ကိုနုတ်လျှင် လေအပြင်မရှိပြီ၊ ဩဇာ-ဟူသော ဓာတ်ဆီကို နုတ်၍ရှုလျှင်လည်း ဓာတ်မီးသေပျောက်သည်ကို မြင်လတ္တံ့။ |
23,871 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကား အထုအားဖြင့် ယူဇနာ ၉-သိန်း ၆-သောင်း, ဖီလာ အားဖြင့် စကြာဝဠာအနန္တ တပြင်တည်း ဖြစ်ပွားနေသော လေပြင်ကြီး၌ ရိတ္တသဘော, တုစ္ဆသဘော, သုညသဘောတို့ကို အလင်းထင်ရှားအောင် ရှုနည်းပေတည်း။ |
23,872 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အနိစ္စလက္ခဏာကို သန္တတိဖုံးလွမ်းသည်။ |
23,873 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သန္တတိကို ခွါ၍ရှုမှ အနိစ္စလက္ခဏာပေါ်သည်။ |
23,874 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဒုက္ခလက္ခဏာကို ဣရိယာပထ- ဖုံးလွမ်းသည်။ |
23,875 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဣရိယာပထကို စစ်၍ ကြည့်တတ်မှ ဒုက္ခလက္ခဏာ ပေါ်သည်။ |
23,876 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အနတ္တလက္ခဏာကို ဃန-ဖုံးလွမ်းသည်။ |
23,877 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဃန-ကိုဖွင့်၍ ကြည့်တတ်မှ အနတ္တလက္ခဏာ ပေါ်သည်ဟုလာသော သမ္မောဟဝိနောဒနီ အဘိဓမ္မာအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်အဋ္ဌကထာ-တို့ကိုမှီ၍ အနတ္တ၏ ပရိယာယ်ဖြစ်သော တုစ္ဆ, သုည, အသာရ-ကို ပစ္စယသာမဂ္ဂီ ဖုံးလွမ်းသည်ဖြစ်၍ ပစ္စယသာမဂ္ဂီကို ဉာဏ်ဖြင့် ပေါက်ခွဲမှုတ်လွင့်၍ တုစ္ဆသဘောကို ရှုပုံနည်းအမြွက်ပေတည်း။ |
23,878 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ငုတ်ဓာတ်နှင့် ပေါ်ဓာတ်ကိုရှုနည်း |
23,879 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ငုတ်ဓာတ်ကို ဖေါ်၍ ရှုနည်း, ပေါ်ဓာတ်ကို ငုတ်စေ၍ ရှုနည်း များကို ဆိုပေအံ့။ |
23,880 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖယောင်းခဲ၌ရှိသော ရေဓာတ်သည် ငုတ်ဓာတ်တည်း၊ ထိုရေ ဓာတ်ကို ပေါ်စေလိုသည်ရှိသော် ဖိစီးလွမ်း မိုး၍နေသော မြေဓာတ်ကို အားထုတ်၍ ငုတ်သွားအောင် မီးဓာတ်တစ်ပါးဖြင့် ထိ၍သိရမည်။ |
23,881 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဌီသို့ ရောက်လာသော ထိုမြေဓာတ်သည် မီးဓာတ်ဖိသဖြင့် အဆင့်ဆင့်ငုတ်လေ၍ ရေဓာတ်သည် အဆင့်ဆင့်ပေါ်၍ လာ၏၊ အရည်ကြည် ဖြစ်၏၊ မီးဓာတ်ခွာစေပြန်လျှင် တစ်ဖန် မြေဓာတ်က အားတိုက် ဖိစီးပြန်၍ ရေဓာတ်ငုတ်သဖြင့် အခဲဖြစ်ပြန်၏၊ မျက်မြင် ချိပ်ခဲ၌ရှိသော မြေဓာတ်ကား ဖယောင်းခဲ၌ရှိသော မြေဓာတ်ထက် အားရှိသည်ဖြစ်၍ အတန်အားရှိသော မီးဓာတ်နှင့်ဖိမှ ဆုတ်ငုတ်သည်... |
23,882 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခဲ၌ရှိသော မြေဓာတ်, ရေဓာတ်၊ ရွှေငွေ၌ရှိသော မြေဓာတ်, ရေဓာတ်၊ ကြေးနီ၌ရှိသော မြေဓာတ်, ရေဓာတ်၊ သံတွေခဲ၌ရှိသော မြေဓာတ်, ရေဓာတ်တို့ကို ဆုတ်အောင် ငုတ်အောင် ဖိနည်း, ထအောင် နိုးနည်း များကိုလည်း ချင့်၍သိလေ၊ ဗဟိဒ္ဓ-ကခိုက်တိုက်သော ပယောဂမှု သည်သာ ပဓာဏပေတည်း၊ ပယောဂမှုက အားရှိလှလျှင် ဖိ၍ မနိုးသော ဓာတ်, မထသောဓာတ်ဟူ၍မရှိ။ |
23,883 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဖိသောပယောဂမှု, နိုးသောပယောဂမှု-ဟူသည်လည်း ဓာတ် အချင်းချင်းလည်း တိုက်ခိုက်၍ ဖိနိုင် နိုးနိုင်ပါ၏၊ |
23,884 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဂါထာမန္တရားတန်ခိုး, နတ်-နဂါး-သိကြား-ဗြဟ္မာတို့ ကမ္မဝိပါကဇ တန်ခိုး, ရသေ့ရဟန်းတို့၏ သီလတန်ခိုး, သစ္စာတန်ခိုး, အဘိညာတန်ခိုးစသည်တို့ကိုလည်း မြတ်စွာဘုရား၏ တန်ခိုးဖြင့် နိုးပေးမူကား မြင့်မိုရ် တောင် ဖြစ်၍နေသော မြေဓာတ်စုသော်မှလည်း ငုတ်ရသည်၊ ရေဓာတ် စုသော်မှလည်း ထရ ပေါ်ရသည်၊ မြင့်မိုရ်တောင်သည် ရေအလျင်ဖြစ်၍ စီးသွားရသည်။ |
23,885 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အဖိအနိုး၌ မြင်နိုင်စကောင်းသော နည်းအမြွက်ပေတည်း။ |
23,886 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဤလေပြင်ကြီး၌ကား ဘုရားတန်ခိုးဖြင့် လေဓာတ်ကိုနှိပ်၍ မြေဓာတ်ကိုနိုးခဲ့လျှင် မြေခဲမြေပြင်ကြီး ဖြစ်ပေသည်၊ ရေဓာတ်ကို နိုးပေးလျှင် ရေအလျင်ကြီးဖြစ်၍ စီးသွားပေသည်၊ မီးဓာတ်ကိုနိုးပေးလျှင် မီးတောက်အပြင်ကြီးဖြစ်၍ ကွယ်ပေသည်၊ ဤကား ငုတ်ဓာတ်, ဝပ်ဓာတ် တို့ကို မြင်အောင် မရှုနိုင်သောသူတို့အား ထင်ရှားစွာပြု၍ ရှုနိုင်စေခြင်းငှာ ပြလိုက်သေ... |
23,887 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လေအပြင် ပြီး၏၊ |
23,888 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရေအပြင် အထူးအားဖြင့် ယူဇနာ ၄-သိန်း ၈-သောင်း၊ အပြန့်အားဖြင့် စကြဝဠာအနန္တ တစ်ပြင်တည်းတည်နေသော ရေအပြင်ကြီး၌ကား ရေဓာတ်သည် ပေါ်ဓာတ်၊ မီးဓာတ်သည် မဇ္ဈတ္တဓာတ် (အလယ် အလတ်ဓာတ်)၊ မြေဓာတ်, လေဓာတ်သည် ငုတ်ဓာတ်၊ ရေသည် လှုပ် ရှားခြင်း ရှိငြားသော်လည်း အပလေတွန်း၍သာ လှုပ်ရသည်၊ မိမိ၏ သဟဇာတ် ကလာပ်၌ပါသော လေဓာတ်လွန်ကဲ၍ လှုပ်ရသည်မဟုတ်၊ ထို့ကြ... |
23,889 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိုင်လောက်သော တန်ခိုးဖြင့် မြေဓာတ်ကို နိုးလျှင် မြေပြင် ကျောက်ပြင်ကြီးဖြစ်၍ လာလတ္တံ့၊ မီးဓာတ်ကို နိုးလျှင် မီးတောက် အပြင်ကြီးဖြစ်၍ ချုပ်လတ္တံ့၊ လေဓာတ်ကိုနိုးလျှင် လေပွ၍ ပွင့်လတ္တံ့၊ သဟဇာတ်ပစ္စည်းတို့ကို နုတ်ခွာ၍ကြည့်လျှင် တုစ္ဆ, သုည-အဖြစ် ထင်ရှားလတ္တံ့။ |
23,890 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြေအပြင် ထိုအထက် သိလာပထဝီ-ခေါ်သော ကျောက်ဖျာအပြင် ထိုမှ ပေါ်သောမြင့်မိုရ်, သတ္တရဘန်, စကြဝဠာ-တောင်စုတို့နှင့်တကွ လူတို့ နေရာ ပံသုပထဝီအပြင်တို့၌ကား သိလာမြေ, ပံသုမြေဟူသော မြေဓာတ် ပေါ်သည်၊ မီးဓာတ်လျစ်လျူရှုသည်၊ ရေဓာတ်, လေဓာတ် ငုတ်သည်၊ ပေါ်ဓာတ်တို့ကို နှိပ်၍ ငုတ်ဓာတ်တို့ကို ဖေါ်၍ရှုလေ၊ ပစ္စယသာမဂ္ဂီတို့ကို နုတ်ခွာ၍ရှုလေ၊ သုညတ... |
23,891 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ မြေဓာတ်နယ်ကား အကနိဋ္ဌ ဗြဟ္မာကြီးသဏ္ဌာန်, နတ်ဝတ် ပုဆိုး, ဘုံဗိမာန်, ဥယျာဉ်, ပဒေသာပင် တိုင်အောင် မြေစု မြေခဲတွေသာ ဖြစ်ပေ၍ အကနိဋ္ဌမှ အောက်တစ်ပြင်ပေတည်း၊ သတ္တလောကအားဖြင့် ကား အဝီစိငရဲကောင်မှစ၍ အထက် အကနိဋ္ဌဗြဟ္မာသဏ္ဌာန်တိုင်အောင် ဤအတွင်း၌ ပရမာဏုမြူနယ် သေးငယ်လှစွာ သတ္တဝါကောင်ဖြစ်၍ နေသော မြေခဲမှစ၍ ရာဟုအသုရိန်၏ ကိုယ်ကောင်သဏ္... |
23,892 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရှေးနည်းကို ပြပေအံ့ |
23,893 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အကနိဋ္ဌ ဗြဟ္မာသဏ္ဌာန်၌ မြေဓာတ်ပေါ်၏၊ မီးဓာတ် လျစ်လျူ ရှု၏ရေဓာတ်ငုတ်၏၊ လေဓာတ်မှာ လှုပ်ရှား သွားလာသောအခါ ပေါ်၏၊ ငြိမ်သက်စွာ နေသောအခါ ငုပ်၏၊ ရေဓာတ်ကိုနိုး၍ရှုလျှင် ရေအလျဉ် ဖြစ်၍ စီးသွားလေအံ့၊ မီးဓာတ်ကိုနိုးလျှင် မီးတောက်မီးလျှံဖြစ်၍ ပျောက်လေအံ့၊ လေဓာတ်ကိုနိုးလျှင် ပွရွ၍ လွင့်ပါးလေအံ့၊ ပစ္စယ သာမဂ္ဂီကို နုတ်ခွါ၍ကြည့်လျှင် သ... |
23,894 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အထူးမှာကား-ရူပဗြဟ္မာကောင်ဆိုသော မြေခဲစုမှာ ဓာတ်မီး၏ သားမြေစုသာတည်း၊ ကာမသတ္တဝါ ကောင်ခေါ်သော မြေခဲတို့၌ကား ဓာတ်ဆီ၏ သားမြေး,ဓာတ်မီး၏ သားမြေး-ဟူ၍ ၂-ထွေပင်ရှိရလေသည်၊ ကာမသတ္တဝါတို့မှာ မပြတ်မပြတ်ဓာတ်ဆီလောင်း၍လောင်း၍ပေးနိုင်မှ ဓာတ်မီးတောက်နိုင်၍ အကောင်မပြက် အထည်မပျက် ဆက်လက် တည်နေနိုင်သည်၊ လူသတ္တဝါများမှာ တစ်နေ့လျှင်၊ လူသတ္တဝါမ... |
23,895 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ဖြစ်ရန် အခွင့်ထင်ရှားလေသောကြောင့် မြေတပြင်လုံး မှာပင် လယ်ခင်းတွေ့ ယာခင်းတွေ့ ဥယျာဉ်တို့ကို လုပ်ဆောင်၍ ရေကြောင်း ကုန်းကြောင်း သွားလာ၍ အသက်မွေးမှအမျိုးမျိုးတို့ဖြင့် ဓာတ်ဆီ ဆက်လက်နိုင်မှုကို ကြောင့်ကြစိုက်ရသည်၊ စကြာဝဠာအနန္တမှာ ပင် နေ့ရှိသမျှ ရွရွ ရွရွ ကြောင့်ကြစိုက်သော အမှုကို အရင်းပေါ်အောင် နေရာကျစစ်ဆေး၍ ကြည့်တတ်... |
23,896 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အသာရကဋ္ဌေန၊ မိမိ ပုဂ္ဂလိက အစွမ်းသတ္တိအားဖြင့် အဓွန့် ရှည်ကာ ခိုင်မြဲစွာ တည်နိုင်သော အနှစ်အနာ မရှိခြင်းအနက်ကြောင့်။ |
23,897 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနတ္တာ၊ အနတ္တမည်၏၊ |
23,898 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနှစ်အမာ မရှိသောကြောင့်ပင်လျှင် ဇရာမီး, မရဏမီးခဏချင်လောင်ကျွမ်းကုန်ဆုံးသည်ဖြစ်၍''အနိစ္စ ခယဋ္ဌေန” ဟူသော အနိစ္စလက္ခဏာ ထင်လင်းစွာပေါ်ပေမည်။ |
23,899 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဇရာမီး, မရဏမီး ခဏချင်း ဖိစီးလောင်ကျွမ်းသဖြင့် ခဏချင်း ခဏချင်း ဟောင်းမြင်းရိရှား နွမ်းပါးညှိုးချုံး ပျက်ဆုံး ကွယ်ပျောက် သည်ဖြစ်၍ ကြောင်ဖွယ် လန့်ဖွယ်တွေသာ ဖြစ်ရလေတကား''ဒုက္ခံ ဘယဋ္ဌေန” ဟူသော ဒုက္ခလက္ခဏာ ထင်လင်းစွာပေါ်ပေမည်။ |
23,900 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနှစ်အမာမရှိ၍ မျက်တောင်တစ်ယှက် လျှပ်တစ်ပြက်မျှ အသက်မရှည်နိုင်သော တရားစုသည် ဘယ်သူ့အလိုကို လိုက်ပါနိုင် မည်နည်း၊ အလိုသို့ မလိုက်သော တရားစုကို “ငါ့ကိုယ်-ငါ့ကိုယ်ဟု အတွင်းထား၍ အားပြုခြင်းအမှုသည် ဟုတ်မှန် သဘောပင် မဟုတ်ပေ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.