id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
23,901 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပနှစ်မရှိခြင်းသည် လက္ခဏာယာဉ် ၃-ပါး၏ အရင်းမူလ ပေတည်း၊ ထို့ကြောင့် အနှစ်မရှိခြင်းဟူသော တုစ္ဆ, သုည-သဘောကို အနုထက်အနု မြင်အောင်ရှုနိုင်ပါလျှင် လက္ခဏာယာဉ် ၃-ပါးပေါ်လတ္တံ့။ |
23,902 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခရီးသွားမျက်စိလည် တစ်ယောက်သည် ညဉ့်အခါ ဂင်္ဂါမြစ်ရေ၌ မျော၍လာသော ဘော့တိုက်ကိုရ၍ တက်စီးလေရာ ညဉ့်အခါပင် သမုဒ္ဒရာပြင်သို့ မျောထွက်ရာ ပါလေ၏၊ ထိုဘော့တိုက်ကြီးသည် သစ်ကြီး, ဝါးကြီးလည်းမပါ၊ ကြိုးလွန်, ကြိမ်နွယ် အဖွဲ့အယှက်လည်းမရှိ၊ စုမိစုရာ ဆူးအမျိုးမျိုး, ငြောင့်အမျိုးမျိုးနှင့်ယှဉ်သော အမှုက်စုသာဖြစ်၏၊ တွေ့မိ တွေ့ရာက ထွက်၍ပါလာသေ... |
23,903 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသူသည်လည်း ညဉ့်မှောင်တွင်းဖြစ်၍ ထိုဘော့ဖောင်ကိုပင် သိကြားဖန်ဆင်းသော မဟာပစ္စရိ ဖောင်ကြီးနှင့် အတူထင်၍ ချမ်းမြေ့ သဖြင့် ကျွန်းကောင်း, မြိုကကောင်းသို့ ဆိုက်ပေတော့အံ့- ဟုအားရှိ၏ ညဉ့်အခါတွင်း၌ပင်လျှင် လေဟုန်, လှိုင်းဟုန်, ဝဲဟုန်နှင့်တွေ့၍ ဖရိုဖရဲ တစ်ဖျင့်တစ်ပါး ပျက်ပြားလေရာ တွယ်တာရုံမျှ စမ်းမရသဖြင့် ငါး,လိပ် တို့၏ အစာဖြစ်... |
23,904 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဥပမာ၌ ---သာသနာတွင်းဝယ် လူ့အဖြစ်ကိုရသည်နှင့် ဂင်္ဂါမြစ်ကွေ့၌ ဘော့တိုက်ကို ရဝည်နှင့်တူ၏ ညဉ့်မှောင်နှင့် အဝိဇ္ဇာတူ၏၊ ညဉ့်မှောင်မရှိပေလျှင် ဘော့တိုက်ကြီး၏ ကြောက်လန့်ဖွယ်ကိုလည်း ကောင်း, ကမ်းမရှိသော မဟာသမုဒ္ဒရာသို့ သွားရသောဘေးကိုလည်း ကောင်း, ဂင်္ဂါ၏ကမ်းကိုလည်းကောင်း မြင်ရ၍ ဘော့တိုက်ကို ကမ်းရှိရာ သို့ အပါတွန်း၍ ရေဘေး,ဘော့တို... |
23,905 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဂင်္ဂါကမ်းနှင့် နိဗ္ဗာန်, |
23,906 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ မဟာသမုဒ္ဒရာနှင့် သာသနာပ သံသရာ, |
23,907 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ငါး, လိပ်, မကာရ်း သံသရာ ဒုက္ခ, |
23,908 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ဘော့တိုက်နှင့် မိမိ၏ ဥပါဒါနက္ခန္ဓာငါးပါး, |
23,909 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဘော့တိုက်၌ ဆူးငြောင့်စုနှင့် ရောဂါအနာမျိုး, |
23,910 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဘော့တိုက်၌ခိုကြသော အဆိပ်ထန်သော ပိုးမျိုး မြွေမျိုးနှင့် တစ်ထောင့်ငါးရာကိလေသာ, |
23,911 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဘော့တိုက်ကြီး၏ အဖွဲ့အစည်း အားနည်းလျော့လျည်း ပြိုကွဲလုလုနှင့် အနမတဂ္ဂ သံသရာကွင် ခန္ဓာငါးပါး၏ အသာရကဋ္ဌ, |
23,912 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ လေဟုန် လှိုင်းဟုန် ဝဲဟုန်နှင့် လောက၌ရှိသော ဘေးစု, |
23,913 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ ဘော့တိုက်ကို သိကြားဖန်ဆင်းသော ဖောင်ကြီးနှင့် အတူ ထင်သော ပုထုဇဉ်, |
23,914 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ ဖောင်ကို အားကိုးမှား၍ ဖောင်သွားရာ သမုဒ္ဒရာပြင်သို့ ရောက်လေသည်နှင့် ယခုဘဝခန္ဓာကို ညှာတာ၍ သေ သည်အခြားမဲ့၌ သာသနာပသို့ ရောက်သွားသောသူ, |
23,915 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၁။ ဂင်္ဂါမြစ်ကြီး ကမ်းအနီးဝယ် ရေပြင်လယ်၌ပင် ပျက်၍ သေသူှနှင့် ယခုဘဝ ပုထုဇဉ် အနေသေသူ, |
23,916 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၂။ ကမ်းမမြင်ရာ သမုဒ္ဒရာအလယ်မှာ ဖောင်ပျက်၍သေ သူနှင့် သာသနာပ အနမတဂ္ဂ၌ သေကြရသူ-တူလှကုန်၏၊ ထို့ကြောင့် ယခုဘဝ ကမ်းစ-နီးခိုက်တွင် မိမိခန္ဓာ၏ အသာရ, နိဿာရ, တုစ္ဆ, သုည- အဖြစ်များကို မြင်ကြ၍ ခန္ဓာအလိုသို့ မလိုက်ဘဲ ခန္ဓာကိုသာ ကမ်းနီးရာသို့ အပါဆွဲရမည်။ |
23,917 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထင်းစကိုစွဲ၍တောက်ရသော မီးတောက်သည် ထင်းစထက်ပင် အနှစ်သာရ အနှစ်အမာ နည်းလေ သကဲ့သို့ ရုပ်ကိုစွဲ၍ဖြစ်ရသော စိတ်, စေတသိက်-ဟူသော နာမ်တရား သည်လည်း ရုပ်ထက်ပင် အလွန်အနှစ်အမာ နည်းသည်ဟုသိလေ။ |
23,918 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တောတောင် သစ်ပင် ချုံပိတ်ပေါင်းတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ |
23,919 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တော တောင် သစ်ပင် ချုံပိတ်ပေါင်းတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ, တုစ္ဆ, သုညကို မြင်လိုလျှင် နှစ်စဉ်ရွာသော မိုးရေမိုးပေါက် ဟူသော ဓာတ်မီးမြေ၌ မှီသောဓာတ်မီးတို့ကို ဉာဏ်ဖြင့်နှုတ်ပယ်၍ရှု၊ ယခုနှစ်တွင် စကြဝဠာအနန္တ တစ်ပြိုင်တည်း မိုးပြတ်ခဲ့အံ့၊ စကြဝဠာအပြင်သည် နောက်နှစ်မှစ၍ သစ်ရွက်, သစ်ညွန့် ကုန်မည်၊ မကြာမီ သစ်ပင်, တော, တောင်, ချုံပ... |
23,920 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဗဟိဒ္ဓ ဓာတ်ဆီကို နေ့စဉ်လောင်း၍ သည်ရက်မှနောက်ရက်၊ သည်လမှနောက်လ၊ သည်နှစ်မှနောက်နှစ်၊ သည်အရွယ်မှနောက်အရွယ် ရောက်အောင် ဆွဲနိုင်ငင်နိုင်ပါမှ ပါနိုင်သော လူ, နွား, ကျွဲ, ဆင်, မြင်း, ငါး, လိပ်, မကာရ်း စသော အကောင်အထည်ဟုဆိုအပ်သော ဓာတ်မီး တောက်, ဓာတ်မီးခဲတို့သည်လည်း နောက်နှစ်မှစ၍ စကြဝဠာအနန္တ တစ်ပြင်လုံး အရိုးဖွေးဖွေးမျှ မကျန်အောင... |
23,921 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မိမိကိုယ်ကို ကွက်၍ ကြည့်ရှုရန် |
23,922 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သတ္တဝါတစ်ကောင်တွင် ကွက်၍ကြည့်လိုမူကား မိမိကိုယ်ကို ကွက်၍ကြည့်၊ ကလလသတ္တာဟ၌ ဓာတ်မီး အစောင့်အရှောက်နှင့် လာခဲ့၍ အဗ္ဗုဒသတ္တာဟ, ပေသိသတ္တာသို့ ရောက်သောအခါ အမိမှ ဖြစ်သော ဓာတ်ဆီသည် သူငယ်သို့စိမ့်ဝင်၍ ဓာတ်ကိုပွားစေသည်၊ ဓာတ်ဆီနှင့် မနှံ့ပေမူ ထိုအခါတွင် ချုပ်မည်၊ နေ့စဉ် အတိုင်း ယခုနေ့တိုင် အောင် ဓာတ်ဆီလောင်းကာ လောင်းကာ လာခဲ့ရသည်က... |
23,923 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နာရီတိုင်း, ခဏတိုင်း သေနာရီ, သေခဏ-ချည်း မြင်အောင်ရှု၊ အနမတဂ္ဂသံသရာက လာခဲ့ရပုံကိုလည်း ရှု၊ နောက်ရက်, နောက်လ, နောက်နှစ်သို့ ရောက်ပါရအောင် ဓာတ်ဆီလောင်းရပုံ၊ မလောင်းလျှင် ကုန်ဆုံးပုံကိုလည်း မြင်အောင်ရှု၊ ဝမ်းတွင်း၌ ရောက်ပြီးသော အစာနွမ်း သည်မှစ၍ ခဏစဉ်အတိုင်း တစ်ကိုယ်လုံး၌ရှိသော ဓာတ်နုတို့၏ အစဉ်အတိုင်း တဖြုတ်ဖြုတ် ပျက်ပြုန်း... |
23,924 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရှေးရှေးနေ့၌ မျိုအပ်သော အစာရေစာ၌ပါသော ဗဟိဒ္ဓ ဓာတ်ဆီ ဓာတ်မီး၊ ဤဗဟိဒ္ဓဓာတ်ဆီ, ဓာတ်မီးတို့နှင့်ဖက်တွဲရမှ ထကြွ တောက်ထွန်း၍ မျက်လုံးခဲ, နားခဲ, အသည်းခဲ, အဆုတ်ခဲ-စသော ကလာပ်စု ကလာပ်ခဲတို့ကို ဖန်ဆင်းကြပေသော ကမ္မဇဓာတ်ဆီ ဓာတ်မီး, စိတ္တဇ ဓာတ်ဆီဓာတ်မီး, ဥတုဇဓာတ်ဆီ ဓာတ်မီး အာဟာရဇ ဓာတ်ဆီ ဓာတ်မီးဟူသော အဇ္ဈတ္တဓာတ်ဆီမျိုး ဓာတ်မီးမျို... |
23,925 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ထိုဗဟိဒ္ဓ, အဇ္ဈတ္တဓာတ်ဆီ ဓာတ်မီးတို့မှ ပေါက်ပွားသော ရုပ်ကလာပ်ခဲစုတို့သည်လည်းကောင်း၊ ဤအလုံးစုံတို့သည် နောက် နောက်သို့ သား မြေး မြစ်စွန်းမျှသာ ရောက်ကြကုန်သည်။ |
23,926 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆-သစ် ၈-သစ်ခန့်ရှိသော လျှော်မျှင်တို့ကို အလံ ၁-ရာရှည်သော ကြိုးကြီး လွန်းကြီးဖြစ်အောင် ကျစ်ရာ၌ ကြိုးကျစ်လိမ္မာလှသော ယောကျ်ားသည် မြှုပ်သောအစ, စိုက်သောအစကိုမပေါ်ရအောင် ကျစ်ပေသကဲ့သို့ နောက်နောက်နေ့တို့၌ အလျဉ်မပြတ်ရအောင် ထပ်ကာ ထပ်ကာ လောင်း၍လောင်း၍ သဏ္ဌာန်မပြတ် ဟန်ပန်မပျက်မီ ဆက်လက်ပါမှ ချုပ်လေပျက်လေသော ကလာပ်ဟောင်းတို့နေရာမှာ... |
23,927 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ ရှုမြင်သော သူကိုပင်လျှင် |
23,928 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယော စ ဝဿသတံ ဇီဝေ၊ |
23,929 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အပဿံသ ဥဒယဗ္ဗယံ။ |
23,930 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ ဓမ္မပဒပါဠိတော်၌ ချီးမွမ်းတော်မူပေသည်။ |
23,931 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ယော စ=အကြင်သူသည်လည်း၊ ဥဒယဗ္ဗယံ= ရုပ်နာမ်တရားတို့၏ အသစ်အသစ် မစဲ ဖြစ်ပေါ်ခြင်း, အဟောင်း အဟောင်း မစဲ ချုပ်ကွယ်ခြင်းကို၊ အပဿံ-အပဿန္တော=မမြင်ဖူးရဘဲ၊ ဝဿသတံ= အနှစ်တစ်ရာပတ်လုံး၊ ဇီဝေ အသက်ရှင်၏၊ တဿ=ထိုသူ၏၊ ဇီဝိတံ=အနှစ်တစ်ရာ ခန္ဓာမြင့်ရှည် နေရတတ် သည်ထက်၊ ဥဒယဗ္ဗယံ=ရုပ် နာမ်တရားတို့၏ အသစ်အသစ်မစဲ ဖြစ်ပေါ်ခြင်း, အဟောင်း အဟောင်း မစဲ ... |
23,932 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဥဒယဗ္ဗယသဘောကို မြင်ရသော သူသည်သာ ဘုရားကို တွေ့ရသောသူ မည်၏၊ ဥဒယဗ္ဗယ သဘောကို မမြင်ဖူးရသောသူသည် ဘုရားကို တွေ့ရသောသူ မဟုတ်သေး။ |
23,933 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အာဟာရနှင့်စပ်၍ မိမိအဇ္ဈတ္တသန္တာန်၌ ဥဒယဗ္ဗယကို ရှုပုံတည်း။ |
23,934 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) အတိတ်သံသရာက လာခဲ့ရပုံကိုလည်း မြင်အောင် မျှော်လေ။ |
23,935 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နောက်ရက်, နောက်လ, နောက်နှစ်သို့ သွားရလတ္တံ့သော ပုံကိုလည်း မြင်အောင် မျှော်လေ၊ ရှိသမျှ သတ္တဝါစုကိုလည်း မိမိသန္တာန်နှင့် အတူမြင် အောင် ရှုလေ၊ ဤအာဟာရနှင့် စပ်၍ ရှုနည်းသည် တစ်ဘဝ တစ်ဘဝ တွင် ပဝတ္တိအခါ၌သာ ရသည်၊ ဘဝအသစ် ထူထောင်ရန်မှာမူကား |
23,936 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ဒါန, သီလ, ဘာဝနာ-ဟူသော ကုသိုလ်ကံ စေတနာ, ပါဏာတိပါတ-စသော အကုသိုလ်ကံ စေတနာသည် ဘဝသစ်ဘဝသစ်ကို ပေါက်ဖွားနိုင်သော ဓာတ်မီးပေ တည်း။ |
23,937 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ နန္ဒီရာဂ-ခေါ်သော ဘဝတဏှာသည် ဓာတ်ဆီပေတည်း၊ ဓာတ်ဆီလောင်း၍ပေးမှ ဓာတ်မီး တောက်၍ ဘဝသစ် ပေါ်နိုင်သည်။ |
23,938 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အကုသိုလ် စေတနာ ဟူသော ဓာတ်မီးသည် အပါယ်ဘုံမှာ တောက်၍ ခန္ဓာတွေကို ပေါက်ဖွား စေသည်။ |
23,939 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ကာမကုသိုလ် စေတနာ- ဟူသော ဓာတ်မီးသည် လူ့ဘုံ, နတ်ပြည် ၆-ထပ်တို့၌ တောက်၍ ခန္ဓာတွေကို ပေါက်ဖွား စေသည်။ |
23,940 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ရူပကုသိုလ်စေတနာ, အရူပကုသိုလ်စေတနာ-ဟူသော အဆင့်ဆင့်သောဓာတ်မီးတို့သည် ရူပ ၁၆-ဘုံ, အရူပ ၄- ဘုံတို့၌ထောက်၍ ခန္ဓာတွေကို ပေါက်ဖွါးစေနိုင်သည်။ |
23,941 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အသစ်အသစ်ဖြစ်သည်ကို သာယာသော ဘဝတဏှာကို ဓာတ်ဆီပေါ်ပေသည်မှာ “တဏှာ သိနေဟော” ဟူသော ပါဌ်နှင့် အညီတည်း။ |
23,942 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကံကိုဓာတ်မီးခေါ်သည်မှာ ထင်လွယ်ရန်ပေတည်း၊ |
23,943 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အနမတဂ္ဂသံသရာတွင် လိုရာဘဝကိုမှတ်၍ ဓာတ်ဆီကိုနုတ်၍ ဓာတ်မီး ကိုသတ်၍ရှု၊ ဘဝအသစ်မပေါ်ဘဲ ချုပ်ကွယ်သော ဝယ-သဘော ထင် လင်းလတ္တံ့၊ ဘဝတိုင်း အသစ်လောင်းရသော တဏှာဓာတ်ဆီနှင့် စေတနာဓာတ်မီးတို့၏ အချက်တွေကိုမြင်လျှင် ဘဝအသစ်အသစ် ဖြစ်ကာဖြစ်ကာ တက်၍လာသော ဥဒယသဘောကို မြင်ရလတ္တံ့၊ ဘဝသစ် ထူထောင်မိလျှင် ကာမဘုံမှာ အာဟာရဓာတ်ဆီနှင့် စပ်၍ရှု၊ ရူပ, အရ... |
23,944 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ အတိတ်, အနာဂတ်သံသရာကို မဟာကမ္ဘာနှင့် အပိုင်း အပိုင်းဖြတ်။ |
23,945 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ မဟာကမ္ဘာကို အသင်္ချေယျကပ်နှင့် အပိုင်းအပိုင်းဖြတ်။ |
23,946 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ အသင်္ချေယျကပ်ကို အန္တရကပ်နှင့် အပိုင်းအပိုင်းဖြတ်။ |
23,947 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ အန္တရကပ်ကို ထိုထို အသက်တမ်း-ဟူသော အာယုကပ် နှင့်ဖြတ်။ |
23,948 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ အာယုကပ်တွင် ရောက်ရာအသက်တမ်းကို နှစ်နှင့် အပိုင်းအပိုင်းဖြတ်။ |
23,949 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ နှစ်ကို ဥတုနှင့် အပိုင်းအပိုင်းဖြတ်။ |
23,950 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ ဥတုကို လနှင့် အပိုင်းအပိုင်းဖြတ်။ |
23,951 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ လကို ပက္ခနှင့် အပိုင်းအပိုင်းဖြတ်။ |
23,952 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ ပက္ခကို ရက်နှင့် အပိုင်းအပိုင်းဖြတ်။ |
23,953 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၀။ ရက်ကို ပဟိုရ်နှင့် အပိုင်းအပိုင်းဖြတ်။ |
23,954 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၁။ ပဟိုရ်ကို နာရီနှင့် အပိုင်းအပိုင်းဖြတ်။ |
23,955 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၂။ နာရီကို ပါဒ်နှင့် အပိုင်းအပိုင်းဖြတ်။ |
23,956 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၃။ ပါဒ်ဗီဇနာကို ပြန်နှင့် အပိုင်းအပိုင်းဖြတ်။ |
23,957 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၄။ ပြန်ကို ခရာနှင့် အပိုင်းအပိုင်းဖြတ်။ |
23,958 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁၅။ လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်ခန့်မှာ ကုဋေအရာမက အပိုင်းအပိုင်းဖြတ်ရမည်ပင်၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နယ ဝိပဿနာတွင်လာသော အာဓာနနိက္ခေပ-စသာ အစီ အရင်နှင့်သော်လည်းဖြတ်။ |
23,959 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဓာတ်ဆီ, ဓာတ်မီးတို့ကို အမှီပြု၍ ရုပ်တရားတို့၌ ဝိပဿနာဉာဏ်အမြင် ထိုးထွင်း၍သိပုံ အကြောင်း အမြွက်ပေတည်း။ |
23,960 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ရုပ်တရားတို့ကို နိဿတ္တ, နိဇ္ဇီဝ, တုစ္ဆ, သုည-သဘောများကို ဆိုခဲ့တိုင်းသော အစီအရင်ဖြင့် ထင်မြင်နိုင်ပေမူကား ထိုထိုရုပ်တရား တို့ထက် အဆများစွာအားနည်းပါသော စိတ်-စေတသိက် ဟူသော နာမ်တရားတို့၏လည်း နိသတ္တ, တိဇ္ဇီဝ, တုစ္ဆ,သုည-သဘောများသည် အလိုလိုထင်ရှားလာလတ္တံ့၊ ရိလှ ပုပ်လှစွာသော အနာကြီး၏ တုစ္ဆ, သုညသဘောကို ထင်မြင်ပေလျှင် အနာကြီး၏... |
23,961 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဆ) နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ ဖော်နည်း ဖွင့်နည်း |
23,962 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိညာနက္ခန္ဓာ၌ အကျဉ်းခွဲနည်း |
23,963 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝေဒနက္ခန္ဓာစသော နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ ဖေါ်နည်း ဖွင့်နည်းကို ပြဆိုမည်။ |
23,964 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝေဒနက္ခန္ဓာ စသော နာမက္ခန္ဓာ ၄-ပါးတို့တွင် ဝိညာနက္ခန္ဓာသည် အကြီးအမှူးဦးစီးဦးကိုင် အချုပ်အချာ ပဓာနကြီးဖြစ်ပါလျက် ဒေသနာ တော်အစဉ်၌ နောက်ဆုံးထား၍ ဟောတော်မူသည်မှာ သတ္တဝါတို့အား ထင်ရှားရာကို ပဓာနပြုတော်မူသည်မှတ်၊ ရူပက္ခန္ဓာသည် အထင်ရှားဆုံး တည်း။ |
23,965 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ရူပက္ခန္ဓာကို စွဲ၍သုခ, ဒုက္ခဖြစ်မှု, သုခ ဒုက္ခနှင့် စပ်သော မှတ်သားမှု, မှတ်သားမိသည်အားလျော်စွာ ကြောင့်ကြစိုက်မှုသည် ထင်ရှားသော အစဉ်ဖြစ်၏၊ အကြား၌ ဝိညာနက္ခန္ဓာ ဝင်ခွင့်မရ၊ ထို့ကြောင့် နောက်ဆုံးထား၍ဟောတော်မူသည်။ |
23,966 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤကမ္မဋ္ဌာန်းကျမ်းစာအုပ်၌မူကား ပုဗ္ဗင်္ဂမ ကိစ္စကို ပဓာနပြု၍ ဝိညာဏက္ခန္ဓာကိုရှေးထားပေအံ့။ |
23,967 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ထွေထွေလာလာ၊ သိမှုမှာ၊ ခန္ဓာ-ဝိညာဉ်မှတ်။ |
23,968 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ခံသာ, မခံသာ၊ လျစ်လျူမှာ၊ ဝေဒနာဟု-မှတ်။ |
23,969 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ မှတ်သိလိမ္မာ၊ မမေ့ရာ၊ သညာ-ဟူ၍မှတ်။ |
23,970 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ စေ့ဆော်ကြောင့်ကြ၊ စိုက်သမျှ၊ သင်္ခါရ-ဟုမှတ်။ |
23,971 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိညာဏက္ခန္ဓာ၌ ထွေထွေလာလာ သိမှုဆိုသည်ကား-- |
23,972 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မြင်မှုခေါ်သော သိမှု ၁-ပါး |
23,973 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ကြားမှုခေါ်သော သိမှု ၁-ပါး |
23,974 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ နံမှုခေါ်သော သိမှု ၁-ပါး |
23,975 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ လျက်မှုခေါ်သော သိမှု ၁-ပါး |
23,976 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ တွေ့ထိမှုခေါ်သော သိမှု ၁-ပါး |
23,977 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ အထင်အရှား သိလင်းကြံစည်မှုခေါ်သော သိမှုအချုပ်ကြီး ၁-ပါး ဟူ၍ ၆-ပါရှိ၏၊ |
23,978 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ။ မြင်, ကြား, နံ, လျှက်, တွေ့, သိချက်၊ ဆက္က ဝိညာဉ်မှာ။ |
23,979 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြင်ချက်, ကြားချက်, နံချက်, လျှက်ချက်, တွေ့ချက်, သိချက်-ဟူ၍ဝိညာဏဆက္က ပွါး၏၊ |
23,980 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မြင်မှုကား မျက်စိ၌ပေါ်သော ဓာတ်တည်း။ |
23,981 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ကြားမှုကား နား၌ပေါ်သော ဓာတ်တည်း။ |
23,982 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နံမှုကား နှာခေါင်း၌ပေါ်သော ဓာတ်တည်း။ |
23,983 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ လျှက်မှုကား လျှာ၌ပေါ်သော ဓာတ်တည်း။ |
23,984 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ တွေ့မှုကား အတွင်းအပ တစ်ကိုယ်လုံး၌ပေါ်သော ဓာတ် တည်း။ |
23,985 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ သိမှုကား နှလုံး၌ပေါ်သော ဓာတ်တည်း။ |
23,986 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုဝိညာဏဆက္ကတို့တွင် နောက်ဆုံးဖြစ်သော သိမှုကြီး ၅-ပါးမှ အသီးအခြား သိမှုကြီး ၁-ပါးဟူ၍ ပေါင်း၆-ပါးရှိပြန်၏၊ |
23,987 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မြင်-သိ, |
23,988 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ လျက်-သိ, |
23,989 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ကြား-သိ, |
23,990 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ တွေ့-သိ, |
23,991 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ နံ-သိ, |
23,992 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ အလွတ်-သိ, |
23,993 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ နောက်ဆုံးအသိ ၆-ပါးရှိပြန်၏-ဟူလို။ |
23,994 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုတွင် မြင်, သိ ၂-ချက် ဖြစ်ပုံကား |
23,995 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုထိုအဆင်းမျိုးတို့နှင့် တိုက်ဆိုင်မိကြသောအခါ မျက်စိမြင်မှု ရှေးဦးစွာဖြစ်၏၊ နောက်၌ နှလုံးမှ သိမှုကြီး ဆက်လက်ဖြစ်ပွါး၏၊ |
23,996 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သစ်ပင်မြင်၍ သစ်ပင်မှန်းသိရာ၌ မျက်စိ၏ဆိုင်ရာပေတည်း၊ သိမှုကား မနော နှလုံး၏ဆိုင်ရာပေတည်း၊ မြင်မှုအခိုက်၌ ထိုပုဂ္ဂိုလ်ထည် သစ်ပင် ပါတကား ဟူ၍မသိသေး၊ သိမှုအခိုက်သို့ ရောက်မှ ထိုပုဂ္ဂိုလ်အား သစ်ပင်ကြီးဘွားခနဲပေါ်၏၊ ပေါ်သောအခါမှစ၍ ထိုသစ်ပင်မှာ သိမှု ပေါင်းများစွာ ကျယ်ပွါး၍ သွားပေ၏၊ မျက်နှာ မလွဲခြင်း မြင်မှု, သိမှု အထပ်ထပ် အလည်လ... |
23,997 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပကတိလူတို့သည်ကား မြင်မှု, သိမှု, ၂-ပါးကို ခြားနား၍ မသိနိုင်ကြကုန်၊ မိမိတို့ကိုယ်၌ ဖြစ်ကြုံ၍ နေကြသော အမှုမျိုးဖြစ်သော ကြောင့် ဉာဏ်နှင့် အချက်ရှာ၍ ကြည့်တတ်သော ပညာရှိတို့သည်ကား ခြားနား၍ သိမြင်နိုင်ကြ၏၊ |
23,998 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား မြင်-သိ ၂-ချက်ဖက်စပ်ပုံတည်း၊ ဤနည်းကို အမှီပြု၍ ကြား-သိ ၂-ချက်, နံ သိ ၂-ချက်, လျှက် သိ ၂-ချက်, တွေ့သိ ၂-ချက် ဆက်စပ်၍ဖြစ်ပုံကို အကုန်သိကြကုန်ရာ၏၊ |
23,999 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို ၅-ပါးတို့နှင့် ကင်း၍ အသီးအခြား သိမှုကြီးဆိုသည်ကား မြင်ဆဲ, ကြားဆဲ, နံဆဲ, လျှက်ဆဲ, တွေ့ထိဆဲ,အာရုံတို့မှ အလွတ်ဖြစ်သော အာရုံမျိုးတို့ကို သိမှု,ကြံမှုကြီးပေတည်း၊ ဤသိမှုကြီးကား မနောနှလုံးထဲ တွင် စဲသည်ဟုမရှိသကဲ့သို့ ထင်ရ၏၊ အလွန်ကျက်စားရာ အာရုံနယ် ကြီးကျယ်လှ၏၊ |
24,000 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဝိညာဏက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.