id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
24,001 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) ဝေဒနာက္ခန္ဓာ၌ အကျဉ်းခွဲနည်း |
24,002 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝေဒနာက္ခန္ဓာ၌ ခံသာမှု, မခံသာမှု, လျစ်လျူမှု -ဟူ၍ ၃-ပါးရှိ၏၊ |
24,003 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ခံသာမှု ဆိုသည်ကား သာယာသော ခံသားမှု, ကောင်းသည် ကောင်းသည်-ဟူ၍ ချီးမွမ်းဖွယ်သော ခံစားမှု, ခင်မင်ရသော ခံစားမှု ဆိုလိုသည်။ |
24,004 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ မခံသာမှုဆိုသည်ကား မသာယာသော ခံစားမှု, မကောင်း မကောင်း-ဟူ၍ ကဲ့ရဲ့ဖွယ်သော ခံစားမှု, မုန်းရသော ခံစားမှု ဆိုလိုသည်။ |
24,005 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ လျစ်လျူ ခံစားမှုဆိုသည်ကား ခံသာသည်, မခံသာသည်ဟူ၍ အမှုမစိုက်လောက်သော မထင်ရှားသော ခံစားမှု ဆိုလိုသည်။ |
24,006 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤဝေဒနာက္ခန္ဓာကို လောက၌- |
24,007 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မျက်စိအရသာ ခံစားမှု, |
24,008 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ နားအရသာ ခံစားမှု, |
24,009 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ နှာခေါင်းအရသာ ခံစားမှု, |
24,010 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ လျာအရသာ ခံစားမှု, |
24,011 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ကိုယ်အင်္ဂါ အရသာ ခံစားမှု, |
24,012 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ စိတ်မနောအရသာ ခံစားမှု, |
24,013 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အားဖြင့် ၆-ပါးပြု၍ ခေါ်ဝေါ်ကြကုန်၏၊ ခပ်သိမ်းသော လူ, နတ်,ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ဤဝေဒနက္ခန္ဓာ-ဟူသော အရသာ ၆-ပါးတို့၌နစ်မွန်း၍ နေကြကုန်၏၊ |
24,014 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား ဝေဒနာက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။ |
24,015 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) သညာက္ခန္ဓာ၌ အကျဉ်းခွဲနည်း |
24,016 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သညာက္ခန္ဓာ၌ မှတ်သိလိမ္မာ မမေ့ရာဆိုသည်ကား အမိဝမ်းမှ မွေးဖွားသည်မှစ၍ ဤကားအမိ, ဤအဖ, ဤကားအရှေ့, ဤကား အနောက်စသည်ဖြင့် လူအများတို့ပြောဆို ပြုလုပ်ကြသမျှတို့ကို မှတ်၍ မှတ်၍ တစ်နေ့တစြ်ခား သိကြားလိမ္မာ၍ လာကြသောအမှု၊ တွေ့ဖူး,ကြုံဖူး, ဆက်ဆံဖူးသမျှကို ထင်ရှားဌာနတို့၌ မမေ့မပျောက် စွဲမြဲထင်ရှား၍ နေမှု အခြင်းအရာများကို သညာခန္ဓာဆိုသည်။ |
24,017 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အသိအလိမ္မာ ၂-ပါး |
24,018 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ မှတ်သိအလိမ္မာ ၁-မျိုး, |
24,019 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ တတ်သိအလိမ္မာ ၁-မျိုး, |
24,020 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ သညာ၏ အသိအလိမ္မာကား မှတ်သိအလိမ္မာတည်း။ |
24,021 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ပညာ၏ အသိအလိမ္မာကား တတ်သိလိမ္မာတည်း။ |
24,022 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရပ်ဒေသ အမျိုးအရိုးတို့နှင့်ပင် ပြီးစီးနိုင်သော အသိ အလိမ္မာ မျိုးသည် သညာနှင့် ပြီးစီး၏၊ ဆရာသမားထံ သင်ကြားလေ့လာ နာခံမှတ်သားထားမှုနှင့် ပြီးစီးသော အသိအလိမ္မာမျိုးသည်ကား ပညာ ပေတည်း။ |
24,023 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား အသိ,အလိမ္မာ ၂-ပါး ခွဲနည်းတည်း) |
24,024 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသညာက္ခန္ဓာသည် အာရုံအပြားအားဖြင့် ၆-ပါးရှိ၏၊ |
24,025 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရူပသညာ, |
24,026 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ရသသညာ, |
24,027 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သဒ္ဒသညာ, |
24,028 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဖောဋ္ဌဗ္ဗသညာ, |
24,029 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဂန္ဓသညာ, |
24,030 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဓမ္မသညာ, ဤ ၆-ပါးတည်း။ |
24,031 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အဆင်းသဏ္ဌာန်မျိုး၌ သိမှု, အသံမျိုး၌ သိမှု, အနှံ့မျိုး၌ သိမှု, အရသာမျိုး၌ သိမှု, ပထဝီ-တေဇော-ဝါယော-ဟူသော ဖောဋ္ဌဗ္ဗမျိုးတို့၌ သိမှု, ထို ၅-မျိုးတို့မှ ကြွင်းသော ကုသိုလ်ဓမ္မ-အဗျာကတဓမ္မတို့၌ သိမှုဟူ၍ ၆-ပါးဆိုလိုသည်။ |
24,032 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မျက်စိအရသာကို သိမှု, နားအရသာကို သိမှု, နှာခေါင်းအရသာ ကို သိမှု, လျှာအရသာကို သိမှု, ကိုယ်အရသာကို သိမှု, မနောအရသာကို သိမှုဟူ၍လည်း ၆-ပါးဖြစ်၏၊ |
24,033 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သတ္တဝါ အပေါင်းတို့သည် ဤသညာနှင့်ပင် နေ့နေ့ ညည ကိစ္စအခွင့် အလုံးစုံမျိုးကို သိ၍ သိ၍ လုပ်ကြံရွက်ဆောင်၍ နေကြရ ကုန်၏၊ |
24,034 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား သညာက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။ |
24,035 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) သညာသိနှင့် ဝိညာဉ်သိ အထူး |
24,036 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤအရာ၌ ဝိညာဏက္ခန္ဓာ သိမှုနှင့် သညာက္ခန္ဓာ သိမှုကိုလည်း ခွဲခြမ်းရာ၏၊ |
24,037 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ၆-ဒွါရ၌ဆိုက်တိုက်လာသော အာရုံတို့ကို သင်ကားမြေ, သင်ကားရေ-အစရှိသည်ဖြင့် သိမြင်ဖေါ်ပြ၍ သွားမှုသည် ဝိညာဉ်၏ သိမှုတည်း၊ သညာ၏သိမှုမဟုတ်။ |
24,038 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ဝိညာဉ်ဖေါ်ပြ၍ သွားသမျှကို နောင်မမေ့ရအောင် မှတ်မှုသည် သညာ၏အနမှုတည်း၊ ဝိညာဉ်၏ အမှုမဟုတ်။ |
24,039 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိညာဉ်အလိုအားဖြင့် ရှေ့သို့တွေ့ကြုံသမျှကို ထင်မြင်သိမြင်၍ သွားနိုင်ရာ၏၊ တွေ့ကြုံပြီးကိုပြန်၍ တစ်စုံတစ်ခုကိုမျှ သိမြင်မှုမရှိလေရာ။ |
24,040 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား သညာသိ, ဝိညာဉ်သိ ၂-ပါးတို့၏ အထူးတည်း။ |
24,041 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သင်္ခါရက္ခန္ဓာ၌ အကျဉ်းခွဲနည်း |
24,042 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သင်္ခါရက္ခန္ဓာ၌ အဘိဓမ္မာနည်းအားဖြင့် သင်္ခါရက္ခန္ဓာအပါ အဝင်ဖြစ်သော တရားမျိုးသည် ၅၀-ရှိ၏၊ သုတ္တန်နည်းအားဖြင့် စေတနာ စေတသိက်တစ်ခုကို ပဓာနပြု၍ ပြဆိုရ၏၊ စေတနာ စေတသိက်တစ်ခု၌ အနိစ္စလက္ခဏာရေးပိုင်နိုင်ခဲ့လျှင် ထိုအလုံးစုံတို့၌ ပိုင်နိုင်တော့သည်၊ ဤသင်္ခါရက္ခန္ဓာ၌ စေ့ဆော်မှု, ကြောင့်ကြစိုက်မှုဆိုသည်ကား သတ္တဝါတို့ ၏ စိတ်ကို မျက်... |
24,043 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | လွန်လေပြီသော အနမတဂ္ဂသံသရာတွင် အသညသတ်ဘုံ၌ ဖြစ်ခိုက်ကိုချန်လှပ်၍ ဘဝအဆက်ဆက်ကို အကုန်မျှော်လေ၊ စိတ်တ လှုပ်လှုပ်, စိတ်တရွရွ, စိတ်တကြွကြွ, စိတ်တချီချီ, စိတ်တလူလူ နေမှုကိုမြင်ခဲ့လျှင် စေတနာအမှုကို သိမြင်လိမ့်မည်၊ တစ်ခုခုသော ဘဝတွင်စုတိ ကမ္မဇရုပ် ချုပ်ဆုံးရာ၌လည်း မျက်တောင် တစ်ခတ်မျှ ရပ်တန့်ခွင့်မရမူ၍ ဘဝအသစ် အသစ်သို့ ပစ်ချမှုသည်... |
24,044 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အာရုံအပြားအားဖြင့် |
24,045 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရူပသေဉ္စတနာ, |
24,046 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သဒ္ဒသေဉ္စတနာ, |
24,047 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဂန္ဓသေဉ္စတနာ, |
24,048 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ရသသေဉ္စတနာ, |
24,049 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဖောဋ္ဌဗ္ဗသေဉ္စတနာ, |
24,050 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဓမ္မသေဉ္စတနာ |
24,051 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဟူ၍ ၆-ပါးရှိ၏၊ |
24,052 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ရူပါရုံအတွက်နှင့် စေ့ဆော်မှု, |
24,053 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ သဒ္ဒါရုံအတွက်နှင့် စေ့ဆော်မှု, |
24,054 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ဂန္ဓာရုံအတွက်နှင့် စေ့ဆော်မှု, |
24,055 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ရသာရုံအတွက်နှင့် စေ့ဆော်မှု, |
24,056 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ဖောဋ္ဌာဗ္ဗာရုံအတွက်နှင့် စေ့ဆော်မှု, |
24,057 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဓမ္မာရုံအတွက်နှင့် စေ့ဆော်မှု |
24,058 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဤကား သင်္ခါရက္ခန္ဓာ၌ အကျဉ်းခွဲနည်းတည်း။ |
24,059 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ) နာမက္ခန္ဓာ ၄-ပါးတို့၌ အနိစ္စလက္ခဏာ ဖော်နည်းဖွင့်နည်း ပြီး၏၊ |
24,060 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | (ဇ) ဝိညာဉ် ၆-ပါး နာမက္ခန္ဓာ ၄-ပါးကိုပြဆိုချက် |
24,061 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုက္ခသဟဂုတ် ကာယဝိညာဉ် နာမက္ခန္ဓာ ၄-ပါး |
24,062 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ''မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ” ဟူသော ပါဠိတော်နှင့်အညီ နညမက္ခန္ဓာ ၄-ပါးတို့တွင် ဝိညာဏက္ခန္ဓာသည် အချုပ်အခြာ ပဓာနရှေ့သွား ဖြစ်၏၊ ရူပက္ခန္ဓာ၌ ခက်မာမှု ပထဝီသည် ခပ်သိမ်းသော ရုပ်ကလာပ်တို့၏ အမာခံဧရာ တည်ဖြစ်သကဲ့သို့ နာမက္ခန္ဓာ ၄-ပါးတို့၌သိမှုဟူသော ဝိညာဏက္ခန္ဓာသည် ခပ်သိမ်းသော စေတသိက်ခန္ဓာတို့၏ ဧရာတည်ဖြစ်၏၊ သိမှုကို... |
24,063 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဝိညာဉ် ၆-ပါးတွင်လည်း တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်နိုင်သော ကာယဝိညာဉ်ကို၊ ထိုတွင်လည်း အလွန်ထင်ရှားသော ဒုက္ခသဟဂုတ် ကာယဝိညာဉ်ကို ရှေးဦးစွာပြဆိုရာ၏၊ ခြေဖဝါးအပြင်မှ အထက်ငယ်ထိပ် အပြင်တိုင်အောင် အတွင်းအပ တစ်ကိုယ်လုံးသည် ကာယဝိညာဉ်နှင့် တကွသော နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်ရာဌာန ချည်းသာတည်း၊ အလွန် ထက်လှစွာသော အပ်သွားဖြင့်ထိုး၍ စမ်းသ... |
24,064 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပေါ်လွင်ထင်ရှားအောင်ဆိုဦးအံ့ |
24,065 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ကာယဝိညာဉ်ဟူသော ဝေါဟာရသည် မာဂဓဘာသာသို့ လိုက်၍ ခေါ်သောဝေါဟာရတည်း၊ မြန်မာဘာသာနှင့်ခေါ်မူကား တစ်ကိုယ်လုံး၏သိမှုဆိုလိုသည်၊ ခြေဖဝါးအရေကို အပ်သွားဖြင့်ထိုးလျှင် ခြေဖဝါး အရေသည် သိ၏၊ ဤဖြေဝါးအရေ၏ သိမှုကို ကာယဝိညာဉ် ခေါ်၏၊ |
24,066 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထို့အတူ-- ၁။ |
24,067 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေချောင်းအရေတိုသည် သိတတ်ကြကုန်၏၊ |
24,068 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ ခြေဖနောင့်ရေ,ခြေဖမိုးရေတို့သည် သိတတ်ကြကုန်၏၊ |
24,069 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ခြေသလုံးရေ, ဒူးပုဆစ်ရေ,ပေါင်ရေ အစရှိကုန်သော အလုံးစုံသော အရေတို့သည် သိတတ်ကြကုန်၏၊ |
24,070 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ၉၀၀-သော သားတစ်တို့သည်လည်း သိတတ်ကြကုန်၏၊ |
24,071 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ၉၀၀-သော အကြောတို့သည်လည်း သိတတ်ကြကုန်၏၊ |
24,072 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ ဦးနှောက်ခဲ, အဆုတ်ခဲ, အသည်းခဲ, နှလုံးခဲ, ကျောက်ကပ် ခဲ,အဖျဉ်းခဲ,အမြှေးလွှာ, အူကြီး, အူငယ်တို့ သည်လည်း သိတတ်ကြကုန်၏၊ |
24,073 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤအလုံးစုံတို့၏ သိမှုကို ကာယဝိညာဉ်ခေါ်၏၊ |
24,074 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤ သိမှုတို့၌ ခန္ဓာ ၄-ပါးအစုံ ပါရှိ၏၊ ဤစကား၌ သိမှုဆိုသော် လည်း ပုဂ္ဂိုလ်၏ သိမှုမဟုတ်သေး၊ အရေတို့၏ သိမှု,အသားတို့၏သိမှု, ဦးနှောက်ခဲ,အဆုတ်ခဲ-စသည်တို့၏ သိမှုသာတည်း၊ ဝိညာဉ် ၆-ပါးခွဲခန်း၌ ဤသိမှုကို တွေ့ထိမှုဟူ၍သာ ခေါ်ရသည်၊ မြင်သိ, ကြားသိ, နံသိ, လျက်သိ,တွေ့သိ-ဟူ၍ အစုံအစုံရှိသည်တွင် တွေ့သိဟူသော အစုံ၌ တွေ့မှုသာရှိသေးသည်၊ ဤတွေ့မ... |
24,075 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နှလုံး၏သိမှုကိုသာ သိမှုခေါ်၏၊ မနောဝိညာဉ်ပေတည်း၊ |
24,076 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပုဂ္ဂိုလ်၏သိမှုကား ဤနှလုံး၏သိမှုသို့ရောက်မှ ပေါ်၏၊ ဤနှလုံး၏ သိမှုပေါ်လာမှသာ ပုဂ္ဂိုလ်သိ သိ၏၊ ဤသို့လျှင် ကောဋ္ဌာသတို့၏ သိမှု, ပုဂ္ဂိုလ်၏ သိမှု ၂-ပါးကို ကိုယ်တွေ့ဒိဋ္ဌအားဖြင့် ခြားနား၍ သိကြကုန်၏၊ ပရမတ္ထအလိုအားဖြင့်မူကား-ပုဂ္ဂိုလ်ဟူ၍မရှိ၊ ခန္ဓာ ၅-ပါးသာ ရှိ၏၊ ထို့ကြောင့်ပုဂ္ဂိုလ်၏ သိမှုမည်သည်ကား နှလုံးအိမ်တွင်း၌ မနော ဝိညာဉ... |
24,077 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရေ, အသား,အကြော-အစရှိသော ကောဋ္ဌာသတို့သည်လည်း သိတတ်ကြကုန်၏၊ ပုဂ္ဂိုလ်၏ သိမှု, ကိုယ်အင်္ဂါတို့၏ သိမှု,ကောဋ္ဌာသတို့၏ သိမှု အသီးသီးရှိကြကုန်၏-ဟုပြောဆိုရာ၏၊ ပရမတ္ထအလိုအားဖြင့်မူကား ထိုအလုံးစုံကို ပယ်ရှား၍ မြင်မှု-သိမှု, ကြားမှု-သိမှု, နံမှု-သိမှု, လျက်မှုသိမှု, တွေ့မှု-သိမှု, ထွေထွေလာလာကြံမှု-သိမှု, -ဟူသော အလုံးစုံသော သိမှု... |
24,078 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | သစ်ပင်, ချုံနွယ်,တုံးတိုင်စသော ဗဟိဒ္ဓသဏ္ဌာန်တို့၌ကား ဤ ကဲ့သို့သောသိမှုမရှိ၊ သိမှုမရှိသော ကြောင့်လည်း၊ ခံသာမှုမခံသာမှုမရှိ၊ မှတ်သားမှုမရှိ၊ ကာယကံမှု, ဝစီကံမှု, မနောကံမှုမရှိ၊ ဗဟိဒ္ဓသဏ္ဌာန်နှင့် ယှဉ်စပ်၍ ပြောမူကား နာမက္ခန္ဓာ ၄-ပါး၏ အမှုအသီးအခြား ထင်ရှားဖြစ် ပေါ်လေတော့သည်။ |
24,079 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ပြောပုံကား-သစ်ပင်ကို ခုတ်ဖြတ်ခဲ့သော် ဖြတ်မှုသာရှိ၏၊ သိမှု, နာမှု, မှတ်မှု, စိတ်လှုပ်ရှားမှုမရှိ၊ ထိုခြေလက်အင်္ဂါတို့ကို ခုတ်ဖြတ်ခဲ့သော် ပြတ်မှုလည်းမရှိ၊ ထိုခြေလက်အင်္ဂါတို့၏ သိမှု, နာမှု, မှတ်မှု, စိတ်လှုပ်ရှား မှုတို့လည်း ရှိကုန်၏၊ ဤအပိုအမိုမှုတို့ကို နာမက္ခန္ဓာဆိုသည်ဟု ပြော ပြလေ။ |
24,080 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | တွေ့မှု ၂-မျိုး |
24,081 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | မြန်မာတို့အခေါ်၌ ကာယဝိညာဉ် အတွေ့အထိဟူ၍ ခေါ်သည်၊ အတွေ့အထိ ဟူရာ၌လည်း ရုပ်ခန္ဓာ ချင်း ခိုက်တွေ့ဆဲ၌ ဖြစ်ပေါ်သော သိမှုကို အတွေ့ဟူ၍ ခေါ်သည်၊ ရုပ်ခန္ဓာချင်း ခိုက်ထိဆဲ၌ ဖြစ်ပေါ်သော သိမှုကို အထိ ဟူ၍ ခေါ်သည်၊ ရုပ်ခန္ဓာချင်း တွေ့မှု ထိမှုနှင့် ဤကာယ ဝိညာဉ်ခေါ်သော တွေ့မှု, ထိမှု ထွေးလုံး၍နေကြ၏၊ တွေ့မှု ၂-မျိုးကွဲ အောင် ခွဲခြမ်းကြလေ... |
24,082 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဒုက္ခဝေဒနာ မြန်မာလို အခေါ်၌ ကာယဝိညာဉ်နှင့် အတူဖြစ်ပေါ်သော ဒုက္ခဝေဒနာကို |
24,083 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၁။ ညောင်းသည် ညာသည်-ဟူ၍ ခေါ်၏၊ |
24,084 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၂။ နာသည် ကျင်သည်-ဟူ၍ ခေါ်၏၊ |
24,085 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၃။ ယားသည် ယံသည် -ဟူ၍ ခေါ်၏၊ |
24,086 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၄။ ထုံသည် ကျင်သည်-ဟူ၍ ခေါ်၏၊ |
24,087 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၅။ ကိုက်သည် ခဲသည်-ဟူ၍ ခေါ်၏၊ |
24,088 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၆။ အောင့်သည် အင့်သည် နင့်သည် စူးသည်-ဟူ၍ ခေါ်၏၊ |
24,089 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၇။ မောသည် ပန်းသည်-ဟူ၍ ခေါ်၏၊ |
24,090 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၈။ နွမ်းသည် နယ်သည်-ဟူ၍ ခေါ်၏၊ |
24,091 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ၉။ ပူသည် အေးသည်-ဟူ၍ ခေါ်၏၊ |
24,092 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ဤအခေါ်သည် ရုပ်ပူ, ရုပ်အေးနှင့် ထွေးလျက်ရှိ၏၊ ရုပ်ပူ, ရုပ်အေးထိ၍ မခံသာသည်ကို ပူသည် အေးသည်ဟု ခေါ်၏၊ ဤသို့ အစရှိသည်ဖြင့် မခံသာမှု-ဟူသော ဒုက္ခဝေဒနာက္ခန္ဓာသည် မြန်မာတို့ အခေါ်၌ အလွန်များပြား၏၊ ထိုအလုံးစုံသော ညောင်းမှု, ညာမှု, ကျင်မှုအစရှိသည်တို့ကို အဘိဓမ္မာ၌ ဒုက္ခဝေဒနာဟု ဟောတော်မှု၏၊ ဝေဒနာက္ခန္ဓာကြီးတွေပေတည်း၊ ထိုကာယဝိညာဉ်န... |
24,093 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေဖဝါးအပြင်၌ မြေ, ရေ, အုတ်, ကျောက်, ဆူး, ငြောင့်, ခလုတ်စသည်ထိ၍ သိမှု, နာမှု-ဖြစ်ပေါ်သောအခါ၌ ခြေဖဝါး အရေပေါ် အရေတွင်းတို့၌ နာမက္ခန္ဓာ ၄-ပါး ဖြစ်ပေါ်၏၊ ခြေဖဝါးအရေကား ရူပက္ခန္ဓာတည်း၊ သိမှု, နာမှုတို့ကား နာမက္ခန္ဓာတို့တည်း၊ ရူပက္ခန္ဓာနှင့် နာမက္ခန္ဓာတို့သည် ဝိပ္ပယုတ္တပစ္စည်း, ပစ္စယုပ္ပန် ဖြစ်ကြကုန်၍ ပိန်းကြာ ဖက်အပြင်၌ ကျရ... |
24,094 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | အရေ၌ ခက်မာမှု, ဖွဲ့စည်းမှု, ပူမှု, အေးမှု, တောင့်တင်းမှု, အဆင်းမှု,အနံ့မှု, အရသာမှု, ဟုဆိုအပ်ကုန်သော ရုပ်ခန္ဓာမှုတို့ကား တခြား၊ ထိုသိမှု,နာမှု-စသော နာမက္ခန္ဓာမှုတို့ကား တခြားတို့သာတည်း။ |
24,095 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ထိုသို့ ဖြစ်ရာ၌ ရုပ်ခန္ဓာ, နာမ်ခန္ဓာခြားနားခြင်း မရှိမူ၍ ခြေဖဝါးနာသည်ဟု သိသည်ကား ဒိဋ္ဌိသိတည်း၊ ခြေဖဝါးဟူ၍ စင်စစ် အားဖြင့်မရှိ၊ ရုပ်ခန္ဓာစုလည်း သိတတ်, နာတတ်သည်မဟုတ်၊ ထိုသိမှု, နာမှုကား စင်စစ်အားဖြင့်နာမ်ခန္ဓာစုပေတည်း-ဟုသိသည်ကား ဉာဏ်သိ တည်း၊ ထိုအသိ ၂-ပါးတို့တွင် ခြေဖဝါးနာသည်-ဟုသိခြင်းကား ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့က နိစ္စ-ဟ... |
24,096 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေဖဝါးဟူ၍ မရှိ၊ ရုပ်ခန္ဓာ,နာမ်ခန္ဓာတို့သာရှိကုန်၏၊ ထိုတွင် ခက်မာမှု,ဖွဲ့စည်းမှု-စသော ရုပ်ခန္ဓာစုသည် သိမှု, နာမှု မဟုတ်၊ သာတတ် သည် နာတတ်သည်မဟုတ်၊ နာမှုကိုသိသည်ကား ဝိညာဏက္ခန္ဓာ ပေတည်း၊ နာမှုကား ဝေဒနာက္ခန္ဓာပေတည်း၊ အမှတ်ထားမှုကား သညက္ခန္ဓာပေတည်း၊ မြွေဆိပ်တက်သကဲ့သို့ နာမှု တရွရွရှိနေရသည်ကား သင်္ခါရက္ခန္ဓာ စေတနာပေတည်း-ဟု သ... |
24,097 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နိစ္စသိ, သုခသိ, အတ္တသိ |
24,098 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေဖဝါးနာသည်-ဟု သိမှုသည် အဘယ်သို့လျှင် နိစ္စသိ, သုခသိ, အတ္တသိ ဖြစ်လေသနည်းဟူမူကား |
24,099 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | ခြေဖဝါးမည်သည် ပရမတ္ထအားဖြင့် အဟုတ်ရှိ, ဧကန်ရှိမျိုး မဟုတ်၊ ဝိညာဉ်၏ လှည့်ပတ်မှုနှင့် စိတ်ထဲတွင် ထင်မြင်ရသော နိမိတ္တ ဓမ္မမျိုးဖြစ်၍ အသက် ၁၀၀-နေ၍ လူသေသည့်တိုင်အောင် မပျက်သေးမှု ၍သုသာန်၌ မီးရှို့မှု့ မြေမြှုပ်မှုတို့ဖြင့် တမင် ဖျောက်ဖျက်၍ပစ်ရသော နိစ္စမျိုးသာတည်း၊ ပုဂ္ဂိုလ်မျိုးသာတည်း၊ ထို့ကြောင့် ခြေဖဝါး နာသည်ဟု သိခြင်းသည်... |
24,100 | Uncategorized | ကမ္မဋ္ဌာန်းကျမ်းကြီး | နာမှုကို နိစ္စဟု မယူသော်လည်း ခြေဖဝါးပြု၍ ယူခြင်းကြောင့် နိစ္စယူ, နိစ္စ-သိဖြစ်လေသည်၊ နိစ္စဟူသည် သတ္တဝါတို့ သာယာဖွယ်သော သုခမျိုး ဖြစ်၏၊ ထို့ကြောင့် သုခ-သိဖြစ်လေသတည်း၊ နိစ္စဟူသည် အတ္တ, သာရမျိုးဖြစ်၏၊ ထို့ကြောင့် အတ္တ-သိ ဖြစ်လေသတည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.