id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
25,901 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် သွားနေဆဲဆိုယင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း အမြဲမပြတ် အမှတ်ရနေရမယ်၊ ရပ်နေဆဲ ဆိုယင်လဲ ရပ်တည်မှုမှစ၍ ထင်ရှားပေါ်ရာကို အမြဲမပြတ် အမှတ်ရနေရမယ်၊ ထိုင်နေဆဲ ဆိုယင်လဲ ထိုင်မှုမှစ၍ ထင်ရှားပေါ်ရာကို အမြဲမပြတ် အမှတ်ရနေရမယ်၊ ဘာမှ အထူးမှတ်စရာ မရှိယင် ဝမ်းဗိုက်က ဖောင်းလိုက် ပိန်လိုက်နဲ့ တောင့်တင်းလှုပ်ရှားနေတဲ့ ကိုယ်အမူအရ... |
25,902 | Uncategorized | ကာမသုတ္တန်တရားတော် | လဲလျောင်းနေဆဲဆိုယင်လဲ လဲလျောင်းမှုမှစ၍ ထင်ရှားပေါ်ရာကို အမြဲမပြတ် အမှတ်ရနေရမယ်၊ အဲဒီအခါလဲ အထူးမရှိယင် ဝမ်းဗိုက်၏ ဖောင်းမှု ပိန်မှုကိုဘဲ အမြဲမပြတ် အမှတ်ရနေရမယ်။ |
25,903 | Uncategorized | ကာမသုတ္တန်တရားတော် | ကွေးမှု ဆန့်မှု လှုပ်ရှားမှု ပြုပြင်မှု ရှိယင်လဲ အဲဒါတွေကို အမှတ်ရနေရမယ်။ |
25,904 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီနည်းဖြင့် ကိုယ်အမူအရာ ရုပ်အပေါင်းကို အမှတ်ရပြီး သိတဲ့ ကာယာနုပဿနာ သတိပဋ္ဌာန်ကို ယင်လဲ ပွားနေရမယ်။ |
25,905 | Uncategorized | ကာမသုတ္တန်တရားတော် | ညောင်းမှု ပူမှု နာကျင်ကိုက်ခဲမှု အစရှိသော ခံစားမှု ဝေဒနာထင်ရှား ဖြစ်ပေါ် လာယင်လဲ အဲဒီဝေဒနာကို ရှုမှတ်ပြီး သိတဲ့ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွားနေရမယ်။ |
25,906 | Uncategorized | ကာမသုတ္တန်တရားတော် | စိတ်ကူးကြံစည်မှု ထင်ရှားဖြစ်ပေါ်လာယင်လဲ အဲဒီ စိတ်အမူအရာကို ရှုမှတ်ပြီးသိတဲ့ စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပွားနေရမယ်။ |
25,907 | Uncategorized | ကာမသုတ္တန်တရားတော် | မြင်မှု ကြားမှု လိုချင်နှစ်သက်မှု အစရှိသော သဘောတရားများ ထင်ရှားဖြစ်ပေါ်လာယင်လဲ အဲဒီသဘောတရားတွေကို ရှုမှတ်ပြီးသိတဲ့ ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပွားနေရမယ်။ |
25,908 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို အမြဲမပြတ် ရှုမှတ်ပြီး သတိပဋ္ဌာန်လေးပါးကို ပွားစေလျက် အမြမဲမပြတ် အမှတ်ရနေယင် အဲဒီကာမတဏှာကို လွန်မြောက်သွား နိုင်ပါတယ်-တဲ့။ |
25,909 | Uncategorized | ကာမသုတ္တန်တရားတော် | ဘယ်လိုလဲဆိုယင် ဖောင်းတယ် ပိန်တယ် ထိုင်တယ် စသည်ဖြင့် ရှုမှတ်နေတိုင်း ရှုမှတ်နေတိုင်း ကာမအာရုံဆီ စိတ်မရောက်ရသောကြောင့် လိုချင်နှစ်သက်မှု တဏှာ ဖြစ်ခွင့်မရဘဲလဲ ငြိမ်းနေတယ်၊ လိုချင်နှစ်သက်ဖွယ် ကာမအာရုံကို မြင်ရ ကြားရ တွေ့သိရသော အခါ၌လဲ မြင်တယ် ကြားတယ် တွေ့တယ် သိတယ် စသည်ဖြင့် ရှုမှတ်ပြီး အနိစ္စ ဒုက္ခ အနတ္တ သဘောကို သိမြင်နေသော... |
25,910 | Uncategorized | ကာမသုတ္တန်တရားတော် | နောက်ပြီးတော့ ပေါ်လာသမျှ အာရုံတွေကို အဲဒီလိုရှုမှတ်နေယင်း ဝိပဿနာဉာဏ် ရင့်ပြီး အရိယာ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတယ်၊ အဲဒီလို မျက်မှောက် ပြုသွားရာမှာ သောတာပတ္တိမဂ် သကဒါဂါမိ မဂ်တို့ဖြင့် အပါယ်ကျစေနိုင်တဲ့ ကာမတဏှာ ရုန့်ရင်း ကြမ်းတမ်းတဲ့ ကာမတဏှာဆိုတာတွေကို မဖြစ်နိုင်အောင် အမြစ်ပြတ်ပယ် သွားတယ်၊ |
25,911 | Uncategorized | ကာမသုတ္တန်တရားတော် | အနာဂါမိမဂ်ဖြင့် ကာမတဏှာ ဟူသမျှကို အမြစ်ပြတ်ပယ်သွားတယ်၊ အရဟတ္တမဂ်ဖြင့် လိုချင်နှစ်သက်မှု ဟူသမျှကို လုံးဝမဖြစ်နိုင်အောင် ပယ်သွားတယ်၊ အဲဒီ အရိယာမဂ် လေးပါးဖြင့် ပယ်တာကတော့ သန္တာနာနုသယခေါ်တဲ့ အရင်းအမြစ် တဏှာကို ပယ်စွန့် လွန်မြောက်သွားတာဘဲ။ |
25,912 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို နှစ်သက်သာယာတတ်တဲ့ တဏှာဟူသမျှကို လုံးဝပယ်နိုင် လွန်မြောက်နိုင်သည်အထိ ရှုမှတ်သွားဘို့ရာ မြတ်စွာဘုရားက |
25,913 | Uncategorized | ကာမသုတ္တန်တရားတော် | သော၊ မြွေဆိုးပမာ ကြောက်ရွံ့ကာဖြင့် ငါးဖြာအာရုံ ကာမဂုဏ်တို့ကို ရှောင်ကြဉ်သော ထိုပုဂ္ဂိုလ်သည်။ |
25,914 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ-လောကဟု ဆိုအပ်သော ကာမဂုဏ် အာရုံဟူသမျှ၌။ |
25,915 | Uncategorized | ကာမသုတ္တန်တရားတော် | ဝိသတ္တိကံ၊ ပြန့်နှံ့လျက် ငြိကပ်တွယ်တာတတ်သော။ |
25,916 | Uncategorized | ကာမသုတ္တန်တရားတော် | သတော၊ အမှတ်ရလျက်။ |
25,917 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ-အမှတ်ရနေသောကြောင့်။ |
25,918 | Uncategorized | ကာမသုတ္တန်တရားတော် | သမတိဝတ္တတိ၊ စွန့်ပယ်ရှောင်ရှား ကျော်လွန်၍ သွားနိုင်ပေ၏- |
25,919 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကိုမြွေ ရှောင်သည့်နှယ်၊ ကာမပယ်၊ ငြိတွယ် လွန်မြောက်လေတော့သည်-လို့ ဆောင်ပုဒ် စီထားတယ်။ |
25,920 | Uncategorized | ကာမသုတ္တန်တရားတော် | (၃) မြွေ ရှောင်သည့်နှယ်၊ ကာမပယ်၊ ငြိတွယ် လွန်မြောက် လေတော့သည်။ |
25,921 | Uncategorized | ကာမသုတ္တန်တရားတော် | မြွေဆိုးကို ခြေဖြင့် မနင်းမိ မတိုက်မိအောင် ရှောင်သကဲ့သို့ လိုချင်နှစ်သက်ဖွယ် အာရုံ ကာမဂုဏ်တွေကို ရှောင်ကြဉ် စွန့်ပယ်လို့ရှိယင် ကာမအာရုံတွေမှာ အနှံ့အပြား ငြိကပ်တွယ်တာတတ်တဲ့ တဏှာကို လွန်မြောက် သွားနိုင်တယ်လို့ ဆိုလိုပါတယ်။ |
25,922 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီ ဆောင်ပုဒ်ထက် ပြည့်ပြည့်စုံစုံ ဆိုယင်တော့- |
25,923 | Uncategorized | ကာမသုတ္တန်တရားတော် | (၃-က) ကာမဂုဏ်မှာ၊ မြွေပမာ၊ ကြောက်ကာ ရှောင်ကြဉ်နေသူသည်။ |
25,924 | Uncategorized | ကာမသုတ္တန်တရားတော် | (၃-ခ) လောကပြန့်လတ်၊ တဏှာငတ်၊ ရှုမှတ် လွန်မြောက်နိုင်ပေသည်-လို့လဲ |
25,925 | Uncategorized | ကာမသုတ္တန်တရားတော် | ဆိုနိုင်ပါတယ်။ |
25,926 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမဂုဏ်နှင့်စပ်တဲ့ ဆင်းရဲကို အလိုမရှိလျှင် မြွေဆိုးလိုဘဲ ကြောက်ရွံ့ပြီး ရှောင်ကြဉ်ပါတဲ့။ |
25,927 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါပေမဲ့ သတ္တဝါတွေကို ကာမဂုဏ်ကို မြွေဆိုးလို မကြောက်ကြဘူး၊ လှပမွှေးကြိုင်တဲ့ ပန်းများလိုပင် ယုယုယယနဲ့ မြတ်နိုးနေကြတယ်။ |
25,928 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် ကာမဂုဏ်နဲ့စပ်တဲ့ ဆင်းရဲဒုက္ခတွေ ရောက်နေကြတာဘဲ။ |
25,929 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ဆင်းရဲ ဒုက္ခရောက်နေကြရပုံနဲ့ ကာမဂုဏ်၏ သရုပ်ကို ထုတ်ပြတော်မူလိုတဲ့အတွက် - |
25,930 | Uncategorized | ကာမသုတ္တန်တရားတော် | ၄။ ခေတ္တံ ဝတ္ထုံ ဟိရညံ ဝါ၊ ဂဝဿံ ဒါသပေါရိသံ၊ ထိယော ဗန္ဓူ ပုထုကာမေ၊ ယော နရော အနုဂိဇ္ဈတိ။ |
25,931 | Uncategorized | ကာမသုတ္တန်တရားတော် | ၅။ အဗလာ နံ ဗလီယန္တိ၊ မဒ္ဒန္တေနံ ပရိဿယာ။ |
25,932 | Uncategorized | ကာမသုတ္တန်တရားတော် | တတော နံ ဒုက္ခမနွေတိ၊ နာဝံ ဘိန္နမိဝေါဒကံ - |
25,933 | Uncategorized | ကာမသုတ္တန်တရားတော် | ခေတ္တံ၊ လယ်ကို၎င်း။ |
25,934 | Uncategorized | ကာမသုတ္တန်တရားတော် | ဝါ-အိမ်ရာမြေ ခြံရာမြေ စသော မြေရာကို၎င်း။ |
25,935 | Uncategorized | ကာမသုတ္တန်တရားတော် | ဟိရညံ ဝါ၊ ရွှေငွေ စသော အိမ်တွင်းပစ္စည်းကို၎င်း။ |
25,936 | Uncategorized | ကာမသုတ္တန်တရားတော် | ဂဝဿံ၊ နွားမြင်းစသော သက်ရှိဥစ္စာကို၎င်း။ |
25,937 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါသပေါရိသံ၊ ကျွန် အစေခံအလုပ်သမား အခြွေအရံအပေါင်းကို၎င်း။ |
25,938 | Uncategorized | ကာမသုတ္တန်တရားတော် | ထီယော၊ မိန်းမတို့ကို၎င်း။ |
25,939 | Uncategorized | ကာမသုတ္တန်တရားတော် | ဗန္ဓူ၊ ဆွေမျိုး မိတ်ဆွေအပေါင်း အဖော်တို့ကို၎င်း။ |
25,940 | Uncategorized | ကာမသုတ္တန်တရားတော် | ပုထု ကာမေ၊ ထိုမှတပါး များစွာသော နှစ်သက်လိုချင်ဘွယ် အာရုံ ကာမဂုဏ် တို့ကို၎င်း။ |
25,941 | Uncategorized | ကာမသုတ္တန်တရားတော် | ယော နရော၊ အကြင်ပုဂ္ဂိုလ်သည်။ |
25,942 | Uncategorized | ကာမသုတ္တန်တရားတော် | အနုဂိဇ္ဈတိ၊ အစဉ်အပြတ် ငြိတွယ်ကပ်လျက် တပ်မက်စွဲလမ်းနေ၏။ |
25,943 | Uncategorized | ကာမသုတ္တန်တရားတော် | နံ၊ ထိုတပ်မက်စွဲလမ်းနေသော ပုဂ္ဂိုလ်ကို။ |
25,944 | Uncategorized | ကာမသုတ္တန်တရားတော် | အဗလာ၊ အားနည်းသော ကိလေသာတို့က။ |
25,945 | Uncategorized | ကာမသုတ္တန်တရားတော် | ဗလီယန္တိ၊ အားကြီးသလိုပင် ဆွဲငင်နိုင်ထက် နှိပ်စက် လွှမ်းမိုးကြလေကုန်၏။ |
25,946 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီလိုကာမဂုဏ်တွေ တပ်မက်နေယင် |
25,947 | Uncategorized | ကာမသုတ္တန်တရားတော် | လယ်တို့ ယာတို့ ရွှေငွေတို့ အစရှိတဲ့ သက်မဲ့ ကာမဂုဏ် ပစ္စည်းတွေကို တပ်မက် နေလို့ ရှိယင်လဲ၊ နောက်ပြီးတော့ နွား မြင်း အစရှိတဲ့ သက်ရှိပစ္စည်းတွေ, ကျွန်အစေခံ အလုပ်သမားတွေ, ယောက်ျားများမှာ အိမ်ရှင်မ အမျိုးသမီးတွေ, မိန်းမများမှာ ဆိုယင်တော့ အိမ်ရှင်အမျိုးသား ယောက်ျား သားသမီးတွေ ဒီလိုသက်ရှိ ကာမဂုဏ် တွေကို တပ်မက်နေလို့ ရှိယင်တဲ့၊... |
25,948 | Uncategorized | ကာမသုတ္တန်တရားတော် | ဘယ်လို ကိလေသာတွေက နှိပ်စက်တတ်ပါသလဲဆိုယင် အဲဒီ ကာမဂုဏ်တွေကို သာယာတပ်မက်နေတဲ့ လောဘ ကိလေသာတွေကလဲ ဘယ်သွားလိုက်အုံး, ဘာလုပ်လိုက်အုံး စသည်ဖြင့် စေခိုင်းပြီးတော့ နှိပ်စက်တတ်ကြတယ်၊ အဲဒီ ကာမဂုဏ်တွေ ပျက်စီးဆုံးပါး သွားမည့်အရေးကို တွေးပြီးတော့ စိတ်နှလုံးမသာတဲ့ ဒေါမနဿနှင့်တကွ သည်းမခံ နိုင်တဲ့ ဒေါသကိလေသာတွေကလဲ ပူပန်ပင်ပန်း စေပြီးတေ... |
25,949 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီ ကာမဂုဏ်တွေ ပျက်စီးသွားတဲ့ အခါကျတော့လဲ အဲဒီ နှလုံးမသာမှုနဲ့ ဒေါသ ကိလေသာတွေက မနေသာ မထိုင်သာဖြစ်အောင် ပူဆွေးစေပြီးတော့ နှိပ်စက်တတ် ကြတယ်။ |
25,950 | Uncategorized | ကာမသုတ္တန်တရားတော် | မာနတို့ ဣဿာတို့ မစ္ဆရိယတို့ ဒီလို ကိလေသာတွေကလဲ နှိပ်စက်တတ်ကြတယ်။ |
25,951 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ကိလေသာတွေက နှိပ်စက်ကြတာဟာ သူတို့က အင်အားကောင်းလွန်း လို့လား ဆိုတော့ - အဲဒီ ကိလေသာတွေက အဗလာ-အင်အားမရှိကြဘူးတဲ့၊ အား မရှိယင် ဘာကြောင့် နှိပ်စက်နိုင်ကြသလဲဆိုတော့ ကာမဂုဏ်တွေ တပ်မက်နေတဲ့ ပုဂ္ဂိုလ်က သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ ခွန်အားမရှိတဲ့အတွက် အားမရှိတဲ့ ကိလေသာတွေက လွှမ်းမိုးနှိပ်စက် နိုင်ကြတာပါတဲ့။ |
25,952 | Uncategorized | ကာမသုတ္တန်တရားတော် | ဘာလိုလဲဆိုယင် ပြိုလုပြိုချင် ဆွေးမြေ့နေတဲ့ အိမ်အိုကလေးကို အားမကြီးလှတဲ့ လေကတိုက်ဖြိုသွားသလိုပါဘဲ၊ ဒီစကားဖြင့် သဒ္ဓါ အစရှိသော ခွန်အားမရှိတဲ့ သူကို အင်အားမရှိတဲ့ ရာဂ ဒေါသ အစရှိသော ကိလေသာတွေက အနိုင်အထက် နှိပ်စက် လွှမ်းမိုးတတ်တယ်၊ နှလုံးသွင်း ဆင်ခြင်မှု ဘာဝနာအမှုတို့ဖြင့် သဒ္ဓါ အစရှိသော ခွန်အားရှိနေတဲ့ သူကိုတော့ အဲဒီ ကိလေသ... |
25,953 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် ကိလေသာ အလိုလိုက်နေရသေးယင် သဒ္ဓါအစရှိသော ခွန်အား နည်းနေ သေးတယ်ဆိုတာ သိပြီးတော့ သဒ္ဓါအစရှိသော ခွန်အားနှင့် ပြည့်စုံအောင် တရား နာခြင်း တရားနှလုံးသွင်းခြင်း တရားအားထုတ်ခြင်းများဖြင့် ခံနိုင်ရည် ရှိအောင် ပြုပြင်ကြဘို့ရာလိုပါတယ်။ |
25,954 | Uncategorized | ကာမသုတ္တန်တရားတော် | ဧနံ၊ ကာမဂုဏ်တို့ကို နှစ်သက်တပ်စွဲနေသော ထိုပုဂ္ဂိုလ်ကို။ |
25,955 | Uncategorized | ကာမသုတ္တန်တရားတော် | ပရိဿယာ၊ အပြင်ပရန်သူ အတွင်းရန်သူတို့သည်။ |
25,956 | Uncategorized | ကာမသုတ္တန်တရားတော် | မဒ္ဒန္တိ၊ နှိမ်နင်းချေဖျက် နှိပ်စက်ကြလေကုန်တော့၏-တဲ့။ |
25,957 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမဂုဏ်တွေကို မက်မောနေတဲ့သူဟာ ဘေးရန်ရှိတဲ့ အရပ်တွေမှာလဲ သွားရောက်ပြီး ရှာကြံရ လုပ်ကိုင်ရတယ်။ |
25,958 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ရှာကြံနေရာမှာ ခြင်္သေ့ ကျား ဝက်ဝံ မြွေ စသည်ရှိတဲ့ အရပ်မှာဆိုယင် အဲဒီလို သားရဲတိရစ္ဆာန် အပြင်ပ ရန်သူတွေ ကလဲ နှိပ်စက် တတ်ကြတယ်၊ မြို့ထဲရွာထဲမှာ ဖြစ်ပေမယ်လို့ မလုံခြုံတဲ့ အရပ်မှာ ဆိုယင် သူခိုးဓါးပြ အစရှိတဲ့ အပြင်ပလူ ရန်သူတွေကလဲ နှိပ်စက်တတ်ကြတယ်၊ စီးပွားရေးမှာ ပြိုင်ဘက်ဖြစ်တဲ့ အပြင်ပလူ ရန်သူတွေကလဲ နှိပ်စက်တတ်ကြတယ်။ |
25,959 | Uncategorized | ကာမသုတ္တန်တရားတော် | နောက်ပြီးတော့ အဲဒီ ကာမဂုဏ်တွေကို ရှာကြံရတဲ့ အခါမှာ ဖြစ်စေ၊ မပျောက် မပျက်ရအောင် စောင့်ရှောက်ရတဲ့ အခါမှာဖြစ်စေ မတရား ပြုမိ ပြောမိ ကြံမိယင် ကာယ ဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် ဆိုတဲ့ အကုသိုလ်ကံတွေ ဖြစ်တယ်၊ အဲဒီ အကုသိုလ်ကံတွေက ချက်ခြင်းလဲ မကောင်းကျိုးပေးပြီး နှိပ်စက်တတ်တယ်၊ နောင်သံသရာဘဝတွေမှာ အပါယ်လေးပါးစသည်၌ ရောက်စေပြီး... |
25,960 | Uncategorized | ကာမသုတ္တန်တရားတော် | “ပရိဿယာ၊ အပြင်အပရန်သူ အတွင်းရန်သူတို့သည်။ |
25,961 | Uncategorized | ကာမသုတ္တန်တရားတော် | မဒ္ဒန္တိ၊ နှိမ်နင်းချေဖျက် နှိပ်စက်ကြလေကုန်တော့၏” |
25,962 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် “ကာမဂုဏ် တပ်မက်၊ နိုင်အထက်၊ နှိပ်စက်ခံရလေတော့သည်”လို့ ဆောင်ပုဒ်စီထားတယ်။ |
25,963 | Uncategorized | ကာမသုတ္တန်တရားတော် | (၄) ကာမဂုဏ် တပ်မက်၊ နိုင်အထက်၊ နှိပ်စက်ခံရလေတော့သည်။ |
25,964 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမဂုဏ်အာရုံတွေကို တကယ့် အကောင်း အမြတ်ကြီးတွေထင်ပြီး နှစ်သက် မက်မောနေတဲ့ ပုဂ္ဂိုလ်ဟာ သတိပဋ္ဌာန်လေးပါး အစရှိတဲ့ ဗောဓိပက္ခိယ တရား တွေကို မပွားများနိုင်ဘူး၊ အားမထုတ်နိုင်ဘူး၊ ဒီလိုတရားတွေကို နာဘို့ရာတောင် လေးလေး နက်နက် ထက်ထက်သန်သန် မရှိဘူး။ |
25,965 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် အဲဒီလို ပုဂ္ဂိုလ်မှာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဆိုတဲ့ ခွန်အားတွေ မရှိလို့ ခံနိုင်ရည် မရှိဘူး၊ |
25,966 | Uncategorized | ကာမသုတ္တန်တရားတော် | အလိုရှိတဲ့ ကာမဂုဏ်တွေ ပြည့်စုံတဲ့အခါမှာလဲ အလွန်အမင်း တက်ကြွဝမ်းသာ တတ်တယ်၊ မပြည့်စုံယင် ပျက်စီးသွားယင်လဲ အလွန်အမင်း စိတ်နှလုံးမသာခြင်း ဝမ်းနည်းခြင်း ဖြစ်ရတယ်၊ အဲဒီလို ဖြစ်ရတာတွေဟာ သဒ္ဓါ အစရှိသော ခံနိုင်ရည် အင်အား မရှိတဲ့အတွက် အားမရှိတဲ့ ကိလေသာတွေက အားရှိသလိုပင် အနိုင်အထက် နှိပ်စက်ခြင်း ခံနေရတာပါဘဲ၊ |
25,967 | Uncategorized | ကာမသုတ္တန်တရားတော် | နောက်ပြီးတော့ အဲဒီလို ခံနိုင်ရည်အင်အား မရှိတဲ့အတွက် အပြင်ပ ရန်သူတွေ အတွင်းရန်သူတွေရဲ့ အနှိပ်စက်ကိုလဲ ခံနေရတယ်၊ အဲဒီလို အဖက်ဖက်မှ အနှိပ်စက်ခံရတဲ့အတွက် ကာမဂုဏ်တွေကို တပ်မက်နေယင် အဲဒီကာမဂုဏ်တွေနဲ့ အတူ ဆင်းရဲတွေကလဲ တပါတည်း လိုက်ပါလာတော့တာဘဲ။ |
25,968 | Uncategorized | ကာမသုတ္တန်တရားတော် | လှေကွဲထဲ ရေဝင်သလိုပင် |
25,969 | Uncategorized | ကာမသုတ္တန်တရားတော် | တတော၊ ထိုသို့အားမရှိသော ကိလေသာတို့က အားကြီးသကဲ့သို့ပင် နိုင်ထက်ကလူ ပြုမူနှိပ်စက်ခြင်း၊ အတွင်းအပြင် ရန်သူတို့က နှိပ်စက်ခြင်းကြောင့်။ |
25,970 | Uncategorized | ကာမသုတ္တန်တရားတော် | ဒုက္ခံ၊ မျက်မှောက်ဆင်းရဲ သံသရာဆင်းရဲ အပေါင်းသည်။ |
25,971 | Uncategorized | ကာမသုတ္တန်တရားတော် | အနွေတိ၊ ထက်ကြပ်မကွာ လိုက်ပါ၍ လာနေလေတော့၏။ |
25,972 | Uncategorized | ကာမသုတ္တန်တရားတော် | (လိုက်ပါပုံက ဘာနှင့်တူပါသလဲ ဆိုတော့) |
25,973 | Uncategorized | ကာမသုတ္တန်တရားတော် | ဘိန္နံ၊ ပေါက်ကွဲနေသော။ |
25,974 | Uncategorized | ကာမသုတ္တန်တရားတော် | နာဝံ၊ လှေထဲသို့။ |
25,975 | Uncategorized | ကာမသုတ္တန်တရားတော် | အနွေတိ ဣဝ၊ မပြတ်ဝင်ကာ လိုက်ပါသကဲ့သို့ပင် တူပါတယ်တဲ့၊ |
25,976 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီဥပမာကတော့ မြစ်ထဲ ချောင်းထဲ ပင်လယ်အင်းအိုင်ထဲမှာ လှေဖြင့် သွားလာနေရတဲ့ သူတွေက ပိုပြီး သဘောပေါက်ကြပါလိမ့်မယ်။ |
25,977 | Uncategorized | ကာမသုတ္တန်တရားတော် | ရေလမ်းခရီးမှာ လှေဖြင့် သွားနေတုန်း အဲဒီလှေက အကြောင်းတစုံတခုကြောင့် ပေါက်ကွဲသွားယင် အဲဒီ အပေါက်အကွဲက ရေတွေ မပြတ်ဝင်နေတယ်၊ အပေါက်အကွဲ သေးငယ်ယင် နဲနဲ နဲနဲ ဝင်တယ်၊ အပေါက် အကွဲ ကြီးယင်တော့ အများကြီးဝင်တယ်၊ |
25,978 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါလိုဘဲ ကာမဂုဏ်တွေကို နှစ်သက်မက်မောနေတဲ့ သူမှာ ဆင်းရဲတွေက ကာမဂုဏ်တွေနဲ့ တပါတည်း လိုက်ပါပြီး နှိပ်စက်နေတယ်၊ များများနှစ်သက် မက်မော နေယင် များများကြီး လိုက်ပါပြီး နှိပ်စက်ကြတယ်၊ လှေကွဲလှေပေါက်ကို စီးရတဲ့ သူမှာလိုဘဲ ကိလေသာတွေ ရန်သူတွေကြောင့် ဒုက္ခတွေ ရောက်နေရတယ်၊ |
25,979 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမဂုဏ် အာရုံဝတ္ထုပစ္စည်းတွေ ရှာရလို့လဲ ဒုက္ခရောက်ရတယ်၊ ရပြီးကာမဂုဏ် တွေကို စောင့်ရှောက်ရလို့လဲ ဒုက္ခရောက်ရတယ်၊ သူများကလုယူသွားမှာ ပျောက်ပျောက် သွားမှာ စိုးရိမ်ပြီးတော့လဲ ဒုက္ခရောက်ရတယ်၊ ရေဘေး မီးဘေး သူခိုး ဓါးမြဘေး စသည်ကြောင့် ပျက်စီးဆုံးရှုံး သွားလို့လဲ အကြီးအကျယ် ဒုက္ခ ရောက်ရတယ်၊ |
25,980 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီ ကာမဂုဏ်တွေနှင့်စပ်ပြီး ကိလေသာတွေ ဖြစ်ပြီးတော့လဲ ဒုက္ခရောက်ရတယ်၊ အဲဒီကိလေသာ အကုသိုလ်ကံတွေကြောင့် ငရဲဘုံစသည်ကို ရောက်ပြီးတော့လဲ အကြီးအကျယ် ဆင်းရဲဒုက္ခ ရောက်ရတယ်၊ |
25,981 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် မြတ်စွာဘုရားက လှေကွဲ လှေပေါက်ထဲ ရေတွေ မပြတ်ဝင်နေသလိုပင် ကာမဂုဏ်တွေ နှစ်သက် မက်မောနေသူမှာ ကိလေသာဆင်းရဲ အတွင်းအပြင် ရန်သူ ဆင်းရဲတွေက မပြတ်လိုက်ပါပြီး နှိပ်စက်နေတယ်လို့ ပေါ်လွင်ထင်ရှားစွာ ဟောကြားတော်မူပါတယ်။ |
25,982 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် “လှေကွဲ ရေဝင်၊ ပုံအသွင်၊ အစဉ် ဒုက္ခ လိုက်နေသည်” လို့ ဆောင်ပုဒ်စီထားတယ်၊ အဲဒါကို ဆိုကြရမယ်။ |
25,983 | Uncategorized | ကာမသုတ္တန်တရားတော် | (၅) လှေကွဲရေဝင်၊ ပုံအသွင်၊ အစဉ်ဒုက္ခလိုက်နေသည်။ |
25,984 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမဂုဏ်တွေ တပ်မက်နေသူကို လှေကွဲထဲမှာ ရေတွေက အမြဲဝင်နေသလိုပင် ကိလေသာကြောင့် ဖြစ်တဲ့ ဆင်းရဲတွေကရော အတွင်းအပြင် ရန်သူတို့ကြောင့် ဖြစ်တဲ့ဆင်းရဲတွေကရော မပြတ်လိုက်ပါပြီး နှိပ်စက်နေတယ်၊ ဒါကြောင့် အဲဒီဆင်းရဲတွေမှ လွတ်မြောက် ရအောင် ကာမဂုဏ်တွေကို ပယ်သင့်တဲ့အကြောင်း မြတ်စွာဘုရားက ဒီလိုဆက်ပြီး ဟောတော်မူပါတယ်။ |
25,985 | Uncategorized | ကာမသုတ္တန်တရားတော် | (၆) တသ္မာ ဇန္တု သဒါသတော၊ ကာမာနိ ပရိဝဇ္ဇယေ။ |
25,986 | Uncategorized | ကာမသုတ္တန်တရားတော် | တေ ပဟာယ တရေ ဩဃံ၊ နာဝံ သိတွာဝ ပါရဂူ။ |
25,987 | Uncategorized | ကာမသုတ္တန်တရားတော် | တသ္မာ၊ ကာမဂုဏ်ကို နှစ်သက်တပ်မက်နေလျှင် ဆင်းရဲဒုက္ခတွေက ထက်ကြပ်မကွာ လိုက်ပါလျက် နှိပ်စက်နေခြင်း ဟူသော ထိုအကြောင်းကြောင့်။ |
25,988 | Uncategorized | ကာမသုတ္တန်တရားတော် | ဇန္တု၊ ဆင်းရဲ ကင်းလိုသော ပုဂ္ဂိုလ်သည်။ |
25,989 | Uncategorized | ကာမသုတ္တန်တရားတော် | သဒါ၊ နေ့ရောညဉ့်ပါ အခါခပ်သိမ်း။ |
25,990 | Uncategorized | ကာမသုတ္တန်တရားတော် | သတော၊ ကာယာနုပဿနာ သတိပဋ္ဌာန် စသည်ဖြင့် အမှတ်ရလျက်။ |
25,991 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမာနိ၊ နှစ်သက်လိုချင်ဘွယ် အာရုံ ကာမဂုဏ်တို့ကို၊ ပရိဝဇ္ဇယေ၊ လွတ်လွတ်ကင်းအောင် ရှောင်ကွင်း ပယ်ရှားလိုက်ရာ၏။ |
25,992 | Uncategorized | ကာမသုတ္တန်တရားတော် | ရှေ့ပိုင်း ဂါထာများမှာ ပြခဲ့သည့်အတိုင်း ကာမဂုဏ်အာရုံဝတ္ထုတွေ လိုချင်နှစ်သက် တပ်မက်နေတဲ့သူကို အားမရှိတဲ့ ကိလေသာတွေကလဲ အနိုင်အထက်ပြုပြီး နှိပ်စက် ကြတယ်၊ အပြင်ပ ရန်သူတွေကလဲ နှိပ်စက်ကြတယ်၊ ကာယဒုစရိုက် အစရှိတဲ့ အတွင်းရန်သူတွေကလဲ နှိပ်စက်ကြတယ်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေ သံသရာဆင်းရဲတွေကလဲ အစဉ်မပြတ်လိုက်ပြီး နှိပ်စက်နေကြတယ်၊ |
25,993 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို အဖက်ဖက်မှ နှိပ်စက် နေကြလို့ အနှိပ်စက်ခံနေရတယ် ဆိုတာကို ဉာဏ်ဖြင့် ရှုမြင်ပြီးတော့ ကာမဂုဏ်အာရုံတွေကို လွတ်လွတ်စွန့်ပယ်လိုက်ရမယ်တဲ့။ |
25,994 | Uncategorized | ကာမသုတ္တန်တရားတော် | ဒီနေရာမှာ ကာမဂုဏ်တွေ၏ အပြစ်ကိုပြထားတဲ့ အခြားသုတ္တန်တရား စကားတွေလဲ ရှိပါသေးတယ်။ |
25,995 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါတွေကိုလဲ ထည့်သွင်း ဖော်ပြဦးမယ်။ |
25,996 | Uncategorized | ကာမသုတ္တန်တရားတော် | ဘယ်လိုပြထားသလဲ ဆိုယင်- |
25,997 | Uncategorized | ကာမသုတ္တန်တရားတော် | (၁) ကာမဂုဏ်တွေဟာ အရိုးနဲ့ တူတယ် |
25,998 | Uncategorized | ကာမသုတ္တန်တရားတော် | အဋ္ဌိကင်္ကလူပမာ ကာမာ ဗဟုဒုက္ခာ ဗဟုပါယာသာ၊ အာဒီနဝေါ ဧတ္ထ ဘိယျော။ |
25,999 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမာ၊ လိုချင် နှစ်သက်ဖွယ် အာရုံ ကာမဂုဏ်တို့သည်။ |
26,000 | Uncategorized | ကာမသုတ္တန်တရားတော် | အဋ္ဌိကင်္ကလူပမာ၊ အသားအသွေး ကင်းကွာသည့် အရိုးပမာ တူကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.