id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
26,101 | Uncategorized | ကာမသုတ္တန်တရားတော် | ပုဂံခေတ်က ပျံ-ဟူသော စကားကို ပ္လံ-ဟု ရေးသည်၊ ထားဝယ်နယ်အရပ်၌ ယခုထက်ထိ ငှက်ပ္လံသွားသည် စသည်ဖြင့် ပြောဆိုနေကြသည်၊ ပုဂံခေတ်မှ စကားပင်ဟု ယူဘွယ်ရှိ၏။ |
26,102 | Uncategorized | ကာမသုတ္တန်တရားတော် | ထိုပ္လံ = မှဖ္လံ-ဟူ၍၎င်း၊ ထိုမှတဖန် ဖလံ-ဟူ၍၎င်း ဖြစ်လာသည်။ |
26,103 | Uncategorized | ကာမသုတ္တန်တရားတော် | သို့ဖြစ်၍ ပိုးဖလံ-ဟူသည်မှာ ပိုးပျံ-ဟူသော ယခုခေတ်စကားနှင့် ထပ်တူပင်။ |
26,104 | Uncategorized | ကာမသုတ္တန်တရားတော် | ထို့ကြောင့် ပိုးဖလံ-ဟူသည်မှာ ပိုးပျံ-ပျံတက် ခုန်တတ်သော ပိုးကောင်ဟု ဆိုလို၏။ |
26,105 | Uncategorized | ကာမသုတ္တန်တရားတော် | ) အဲဒီလို မသိတတ်တဲ့ ပိုးဖလံကောင်ကဲ့သို့ မီးပုံကြီးပမာ ကာမဂုဏ်ထဲသို့ မတိုးမဝင် သင့်ကြောင်းကို ထင်ရှား သိစေလိုတဲ့အတွက် ထွတ်ခေါင် ဆရာတော်ဘုရားကြီးက “ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနဲလှပြီ”လို့ စပ်ဆိုတော်မူခဲ့ပါတယ်။ |
26,106 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါပေမဲ့ လူတွေအများကတော့ အဲဒီ ပိုးဖလံ ကောင်တွေလိုပင် မီးပုံကြီးလို ပူလောင် စေတတ်တဲ့ ကာမဂုဏ်တွေထဲကို အတင်းတိုးဝင်နေကြတယ်၊ ကာမဂုဏ်တွေကို များများရအောင်ဘဲ ရှာကြတယ်၊ ခိုးမှ ရမယ်ဆိုယင် ခိုးတတ်ကြတယ်၊ လုယူမှ ရမယ်ဆိုယင် လုယက်တတ်ကြတယ်။ |
26,107 | Uncategorized | ကာမသုတ္တန်တရားတော် | သတ်မှ ရမယ်ဆိုယင်လဲ သတ်တတ် ကြတယ်။ |
26,108 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် ရာဇဝင်ထဲမှာရော ပိဋက စာပေတွေထဲမှာရော ခမည်းတော် (ဖခင်) ကိုတောင် သတ်ပြီး မင်းစည်းစိမ်ကို ယူကြတာတွေ များစွာ တွေ့ရတာဘဲ၊ သို့ပေမဲ့ သံသရာဆင်းရဲမှ လွတ်မြောက်ချင်တဲ့ သူတော်ကောင်းတွေကတော့ ကာမဂုဏ်တွေကို မီးပုံကြီးလိုပင် အပြစ်မြင်ပြီး စွန့်ပယ်ဘို့ လိုပါတယ်၊ ဒါကြောင့် မီးပုံကြီးလိုပင် ကြောက်ပြီး ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်... |
26,109 | Uncategorized | ကာမသုတ္တန်တရားတော် | ယခု ဥပမာ ၂-ခုနှင့်ဆိုယင် ဥပမာ ၁၁-ခု ပြည့်စုံသွားပြီ။ |
26,110 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် “မြွေခေါင်း, မီးလျှံ၊ ဆဲ့တတန်၊ တူဟန်ရှု၍ ပယ်ရမည်”လို့ ဆောင်ပုဒ်စီထားတယ်။ |
26,111 | Uncategorized | ကာမသုတ္တန်တရားတော် | (၉) မြွေခေါင်း, မီးလျှံ၊ ဆဲ့တတန်၊ တူဟန်ရှု၍ ပယ်ရမည်။ |
26,112 | Uncategorized | ကာမသုတ္တန်တရားတော် | ယခုဖော်ပြခဲ့တဲ့ အရိုး, အသားတုံး, မြက်မီးရှူး, မီးကျီးတွင်း အစရှိသော ၁၁-ပါးသော ဥပမာတို့ဖြင့် ကာမဂုဏ်၏ အပြစ်တွေကို ဆင်ခြင်ပြီးတော့ နှစ်သက်လိုချင်တတ်တဲ့ ကိလေသာကာမကို စွန့်ပယ်သောအားဖြင့် ဝတ္ထုအာရုံကာမဂုဏ်တွေကို ရှောင်ကြဉ် ပယ်စွန့်ရမယ်တဲ့။ |
26,113 | Uncategorized | ကာမသုတ္တန်တရားတော် | တသ္မာ၊ ကာမဂုဏ်ကို နှစ်သက်တပ်မက်နေလျှင် ဆင်းရဲ ဒုက္ခတွေက ထက်ကြပ် မကွာ လိုက်ပါလျက် နှိပ်စက်နေခြင်း ဟူသော ထိုအကြောင်းကြောင့်။ |
26,114 | Uncategorized | ကာမသုတ္တန်တရားတော် | ဇန္တု၊ ဆင်းရဲကင်းကွာ ချမ်းသာလိုသော ပုဂ္ဂိုလ်သည်။ |
26,115 | Uncategorized | ကာမသုတ္တန်တရားတော် | တတော၊ ကာယာနုပဿနာ သတိပဋ္ဌာန် စသည်ဖြင့် အမှတ်ရလျက်။ |
26,116 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမာနိ၊ နှစ်သက် လိုချင်ဘွယ်အာရုံ ကာမဂုဏ်တို့ကို။ |
26,117 | Uncategorized | ကာမသုတ္တန်တရားတော် | ပရိဝဇ္ဇယေ၊ လွတ်လွတ်ကင်းအောင် ရှောင်ကွင်း ပယ်ရှားလိုက်ရာ၏- |
26,118 | Uncategorized | ကာမသုတ္တန်တရားတော် | လို့ ညွှန်ကြား ဟောပြတော်မူပါတယ်။ |
26,119 | Uncategorized | ကာမသုတ္တန်တရားတော် | ရှောင်ပယ်နည်း |
26,120 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီမှာ ဘယ်လိုပြုလုပ်ပြီး ရှောင်ကြဉ်ရ ပယ်ရပါမည်လဲ ဆိုတဲ့ မေးဘွယ်အချက်ကို “သဒါသတော၊ အခါခပ်သိမ်း အမှတ်ရလျက် ရှောင်ကြဉ်ရ ပယ်ရမည်”လို့ ဖော်ပြထားပါတယ်။ |
26,121 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီမှာ အခါခပ်သိမ်း ဆိုတာကို မဟာနိဒ္ဒေသ ပါဠိတော်က - |
26,122 | Uncategorized | ကာမသုတ္တန်တရားတော် | ”ပုရေဘတ္တံ ပစ္ဆာဘတ္တံ - နေ့ခင်းမှာဆိုယင် ဆွမ်းမစားမီ နံနက်ပိုင်းရော, ဆွမ်းစားပြီးနောက် နေ့လည်ပိုင်းရော ညနေပိုင်းရော အခါခပ်သိမ်း။ |
26,123 | Uncategorized | ကာမသုတ္တန်တရားတော် | ပုရိမံ ယာမံ မဇ္ဈိမံ ယာမံ ပစ္ဆိမံ ယာမံ - ညဉ့်အခါဆိုယင် ညဉ့်ဦးယာမ်ရော သန်းခေါင်ယာမ်ရော မိုးသောက်ယာမ်ရော အခါခပ်သိမ်း။ |
26,124 | Uncategorized | ကာမသုတ္တန်တရားတော် | ကာဠေ ဇုဏှေ-တလ အတွင်းမှာဆိုယင် လဆန်းပက္ခရော လဆုတ်ပက္ခရော အခါခပ်သိမ်း။ |
26,125 | Uncategorized | ကာမသုတ္တန်တရားတော် | ဝဿေ ဟေမန္တေ ဂိမှေ - တနှစ် အတွင်းမှာဆိုယင် မိုးဥတုရော ဆောင်းဥတုရော နွေဥတုရော အခါခပ်သိမ်း။ |
26,126 | Uncategorized | ကာမသုတ္တန်တရားတော် | ပုရိမေ ဝယောခန္ဓေ မဇ္ဈိမေ ဝယောခန္ဓေ ပစ္ဆိမေ ဝယောခန္ဓေ - လူ့တသက်တာမှာ ဆိုယင် ပဌမ အရွယ်ရော ဒုတိယ အရွယ်ရော တတိယအရွယ်ရော အခါခပ်သိမ်း” |
26,127 | Uncategorized | ကာမသုတ္တန်တရားတော် | စသည်ဖြင့် ဖွင့်ပြထားပါတယ်။ |
26,128 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် တခဏလောက် တနာရီလောက် တထိုင်လောက် တရက်လောက် ရှုမှတ်ရမှာ မဟုတ်ဘူး ကာမဂုဏ်တွေကို လုံးဝ စွန့်လွှတ် နိုင်သည်တိုင်အောင် မိနစ် စက္ကန့်မျှ မလစ်လပ်စေရဘဲ အမြဲမပြတ် ရှုမှတ်နေရမယ်။ |
26,129 | Uncategorized | ကာမသုတ္တန်တရားတော် | ဘယ်လို ရှုမှတ်ရမလဲဆိုယင် တတိယဂါထာမှာတုန်းက သတော - အမှတ်ရလျက် ဆိုတဲ့ ပုဒ်ကိုဖွင့်ခဲ့သလိုဘဲ ဒီနောက်ဆုံး ဂါထာမှာ သတော-အမှတ်ရလျက်ဆိုတဲ့ ပုဒ်ကိုလဲ ကာယာနုပဿနာ သတိပဋ္ဌာန်နံ ဘာဝေန္တော၊ ကာယာနုပဿနာ သတိပဋ္ဌာန်ကို ပွားစေကာ။ |
26,130 | Uncategorized | ကာမသုတ္တန်တရားတော် | သတော၊ အမှတ်ရလျက် စသည်ဖြင့် သတိပဋ္ဌာန် လေးပါးအရ ရှုမှတ်လျက် ရှောင်ကြဉ် ပယ်စွန့်ရမယ်လို့ ဖွင့်ပြထားပါတယ်။ |
26,131 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် ကိုယ်အမူအရာတိုင်းကို ရှုမှတ်ရမယ်၊ ဝေဒနာတိုင်းကိုလဲ ရှုမှတ်ရမယ်၊ စိတ်ကူး ကြံသိမှုတိုင်းကိုလဲ ရှုမှတ်ရမယ်၊ မြင်မှု ကြားမှု နှစ်သက်မှု စိတ်ပျက်မှု စသော သဘောတရားတိုင်းကိုလဲ ရှုမှတ်ရမယ်၊ အဲဒီလို အခါခပ်သိမ်း မပြတ်ရှုမှတ်နေယင် နှစ်သက်လိုချင်တဲ့ ကိလေသာကာမကို ပယ်သောအားဖြင့် ဝတ္ထုအာရုံ ကာမဂုဏ် တွေကို ရှောင်ကြဉ်ပြီး ပယ်... |
26,132 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါဟာ ယခု ဒီသာသနာ့ ရိပ်သာမှာ အားထုတ်နေကြပုံအတိုင်းပါဘဲ။ |
26,133 | Uncategorized | ကာမသုတ္တန်တရားတော် | သတိပဋ္ဌာန်လေးပါး ပွားပုံ |
26,134 | Uncategorized | ကာမသုတ္တန်တရားတော် | ယခု ဒီသာသနာ့ရိပ်သာသို့ ရောက်လာကြတဲ့ ယောဂီတွေဟာ ဘုန်းကြီးတို့ ညွှန်ပြတဲ့အတိုင်း ကိုယ်အမူအရာ စိတ်အမူအရာ ဝေဒနာတွေ သဘောတရားတွေကို ထင်ရှားပေါ်လာတိုင်း ပေါ်လာတိုင်း အမြဲမပြတ် ရှုမှတ်နေကြရတယ်။ |
26,135 | Uncategorized | ကာမသုတ္တန်တရားတော် | ပဌမ အားထုတ်ခါစမှာတော့ အကုန်လုံးကို လိုက်ပြီး မရှုမှတ်နိုင်သေးလို့ နဲနဲက အထင်ရှားဆုံးကစပြီး ရှုမှတ်ဖို့ ဘုန်းကြီးတို့က ညွှန်ကြားထားတယ်။ |
26,136 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို ညွှန်ကြားထားတဲ့အတိုင်း ထိုင်နေဆဲမှာဆိုယင် ဝမ်းဗိုက်က ဖောင်းတက် လာလိုက် ပိန်ကျသွားလိုက်နဲ့ တောင့်တင်းလှုပ်ရှားမှု ကိုယ်အမူအရာဟာ အမြဲမပြတ် ထင်ရှား နေတယ်၊ အဲဒါကို ဖောင်းတယ် ပိန်တယ်လို့ မပြတ် ရှုမှတ်နေကြရတယ်၊ လက်ခြေစသည် ကွေးမှု ဆန့်မှု လှုပ်ရှားမှု ဖြစ်ပေါ်လာတဲ့အခါလဲ ကွေးတယ် ဆန့်တယ် လှုပ်တယ် ပြုပြင်တယ် စသည်ဖြင့် ရှ... |
26,137 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါဟာ ကာယာနုပဿနာ ပတိပဋ္ဌာန်ကို ပွားနေတာဘဲ၊ အဲဒီလို ရှုမှတ်နေတဲ့အတွက် အဲဒီ ရှုမှတ်နေဆဲမှာ ကာမအာရုံဆီကို စိတ်မရောက်ရဘူး၊ အဲဒါ ကာမကိလေသာကို ပယ်နေတာဘဲ၊ |
26,138 | Uncategorized | ကာမသုတ္တန်တရားတော် | အကယ်၍ ကာမအာရုံဆီ စိတ်ရောက်သွားယင်လဲ အဲဒီစိတ်ကို ရှုမှတ်ကြရတယ်၊ အဲဒါဟာ စိတ္တနုပဿနာ သတိပဋ္ဌာန်ကို ပွားစေတာဘဲ၊ အဲဒီလို ရှုမှတ် လိုက်ခြင်းကြောင့် အဲဒီကာမစိတ်ကူးဟာ ဆက်မဖြစ်ရဘဲ တခါထဲ ပြတ်စဲသွားတယ်၊ ဒါလဲ ကာမကိလေသာကို ပယ်တာဘဲ။ |
26,139 | Uncategorized | ကာမသုတ္တန်တရားတော် | ကိုယ်ထဲက ညောင်းမှု ပူမှု နာကျင်မှု စသော ဝေဒနာတွေ ပေါ်လာယင်လဲ အဲဒီဝေဒနာတွေကို စူးစိုက်ပြီး ညောင်းတယ် ပူတယ် နာတယ် ကျင်တယ် စသည်ဖြင့် ရှုမှတ်ကြရတယ်၊ အဲဒါက ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဘဲ၊ အဲဒီလို ရှုမှတ်နေတဲ့ အတွက် အကောင်းအဆိုး ဝေဒနာတွေနဲ့စပ်ပြီး နှစ်သက်မှု တောင့်တမှုတွေ မဖြစ်ရဘူး၊ ဒါလဲ ကာမကိလေသာကို ပယ်တာဘဲ၊ မြင်မှု ကြားမှု စသည် ... |
26,140 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါက ဓမ္မာနုပဿနာ သတိပဋ္ဌာန်ဘဲ၊ အဲဒီလို ရှုမှတ်ရတဲ့အတွက် အဲဒီ မြင်မှု ကြားမှု စသည်နှင့်စပ်ပြီး လိုချင်နှစ်သက်မှု မဖြစ်ရဘူး ငြိမ်းနေတယ်၊ အဲဒါဟာ ဓမ္မနုပဿနာ သတိပဋ္ဌာန်ဖြင့် ကာမ ကိလေသာတွေ ငြိမ်းနေတာဘဲ။ |
26,141 | Uncategorized | ကာမသုတ္တန်တရားတော် | ဝိပဿနာဉာဏ်ဖြင့် ကိလေသာပယ်ပုံ |
26,142 | Uncategorized | ကာမသုတ္တန်တရားတော် | အတိုချုပ် ပြောရမယ်ဆိုယင် ဖောင်းတယ် ပိန်တယ် ထိုင်တယ် ကွေးတယ် ဆန့်တယ် လှုပ်တယ် သွားတယ် ကြွတယ် လှမ်းတယ် ချတယ် ရပ်တယ် စသည်ဖြင့် ကိုယ်အမူအရာတွေကို ဖြစ်တိုင်း ဖြစ်တိုင်း ရှုမှတ်နေတာက ကာယာနုပဿနာ သတိပဋ္ဌာန်ဘဲ၊ အဲဒီလို ကိုယ်အမူအရာတွေကို မှတ်တိုင်း မှတ်တိုင်း အဲဒီ အခိုက်အတန့်မှာ ကာမကိလေသာ စိတ်ကူးတွေ မဖြစ်ရဘဲ ငြိမ်းနေတယ်။ |
26,143 | Uncategorized | ကာမသုတ္တန်တရားတော် | ဉာဏ်ရင့်လာတဲ့ အခါကျတော့ မှတ်သိရတဲ့ ကိုယ်အမူအရာ ရုပ်ရော မှတ်သိတဲ့ နာမ်ရော ခဏမစဲ အသစ် အသစ် ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကိုသာ တွေ့ရတယ်၊ အဲဒီတော့ မမြဲတဲ့ တရားတွေဘဲ၊ ဆင်းရဲတွေဘဲ၊ အနတ္တသဘောတရားတွေဘဲလို့လဲ သိရတယ်၊ |
26,144 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် အဲဒီမှတ်သိရတဲ့ ရုပ်နဲ့ မှတ်သိရတဲ့ နာမ်တရားတွေနဲ့ စပ်ပြီး ကာမကိလေသာတွေ မဖြစ်နိုင်တော့ဘူး၊ အဲဒါဟာ ကာယာနုပဿနာဆိုတဲ့ ဝိပဿနာ ဉာဏ်ဖြင့် ကာမကိလေသာတွေကို ပယ်တာပါဘဲ။ |
26,145 | Uncategorized | ကာမသုတ္တန်တရားတော် | ထို့အတူပင် အကောင်းအဆိုး ခံစားမှု ဝေဒနာတွေ ဖြစ်ပေါ်တဲ့အခါမှာလဲ အဲဒီဝေဒနာတွေကို ရှုမှတ်ရတယ်၊ ဉာဏ်ရင့်တဲ့ အခါကျတော့ နာတဲ့ ဒုက္ခဝေဒနာကို နာတယ်လို့ တခါမှတ်လိုက်ယင် အဲဒီ နာတာရော သိတာရော ပျောက်သွားတာကို တွေ့ရတယ်၊ မှတ်တိုင်း မှတ်တိုင်း တခါမှတ် တခါပျောက် တခါမှတ် တခါပျောက်နဲ့ ပျောက်သွားတာချည်း တွေ့နေရတယ်။ |
26,146 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် အဲဒီလိုအခါမှ ခံစားမှုဝေဒနာနဲ့ စပ်ပြီး လိုချင်တောင့်တမှု ကာမ ကိလေသာဟာ မဖြစ်နိုင်တော့ဘူး၊ အဲဒါက ဝေဒနာနုပဿနာဆိုတဲ့ ဝိပဿနာ ဉာဏ်ဖြင့် ကာမကိလေသာတွေကို ပယ်တာဘဲ။ |
26,147 | Uncategorized | ကာမသုတ္တန်တရားတော် | ထို့အတူပင် စိတ်ကူး ကြံသိမှုကို ရှုမှတ်တိုင်း စိတ္တာနုပဿနာဖြင့် ကာမကိလေသာတွေကို ပယ်တယ်၊ မြင်မှု ကြားမှု နှစ်သက်မှု စိတ်ဆိုးမှုစသော သဘောတရားတွေကို ရှုမှတ်တိုင်း ဓမ္မာနုပဿနာဖြင့် ကာမကိလေသာတွေကို ပယ်တယ်။ |
26,148 | Uncategorized | ကာမသုတ္တန်တရားတော် | ပယ်ဆိုတာ ရှုမိလို့ အနိစ္စ ဒုက္ခ အနတ္တ သဘောကို သိရတဲ့အခါတိုင်း အခါတိုင်း အဲဒီရှုမိတဲ့ အာရုံကို မြဲတယ် ချမ်းသာတယ် အတ္တကောင်ဘဲလို့ စွဲလမ်းပြီး ဖြစ်မည့် ကိလေသာတွေ ဖြစ်ခွင့်မရတော့ဘဲ ငြိမ်းသွားတာကို ဆိုလိုတာပါဘဲ။ |
26,149 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါက ဝိပဿနာဉာဏ်ဖြင့် အာရမ္မဏာနုပသယခေါ်တဲ့ ကိလေသာတွေကို ပယ်ပုံဘဲ။ |
26,150 | Uncategorized | ကာမသုတ္တန်တရားတော် | အရိယမဂ်ဉာဏ်ဖြင့် ကိလေသာပယ်ပုံ |
26,151 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို မြင်တိုင်း ကြားတိုင်း တွေ့တိုင်း ကြံသိတိုင်း ပေါ်လာသမျှကို သတိပဋ္ဌာန် လေးပါးဖြင့် မပြတ် ရှုမှတ်နေလို့ ဝိပဿနာဉာဏ် ရင့်သန်ပြည့်စုံတဲ့အခါမှာ ရုပ်နာမ် သင်္ခါရ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို အရိယ မဂ်ဉာဏ်ဖြင့် တွေ့မြင်သွားတယ်။ |
26,152 | Uncategorized | ကာမသုတ္တန်တရားတော် | အောက်ထစ်ဆုံး သောတာပတ္တိမဂ်ဉာဏ်ဖြင့် တွေ့မြင်သွားယင် အပါယ်လေးပါး ကျစေနိုင်လောက်အောင် ပြင်းထန်တဲ့ ကာမ ကိလေသာတွေ လုံးဝကင်းငြိမ်း သွားတယ်။ |
26,153 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကို ဘယ်လိုလုပ်ပြီး သိရမလဲဆိုယင် ဘယ်ကိလေသာကိုမှ မပယ်ရသေးတဲ့ ပုထုဇဉ်တွေမှာ အလိုရှိတဲ့ ကာမဂုဏ်တွေကိုရအောင် သတ်နိုင်တယ် ခိုးနိုင်တယ် လိမ်နိုင်တယ်၊ သောတာပန်မှာတော့ အဲဒီလို ကာမဂုဏ်ရအောင် မသတ်နိုင်တော့ဘူး၊ မခိုးနိုင် မလိမ်နိုင်တော့ဘူး၊ အဲဒါဟာ သူ့သဘောရင်း အတိုင်းပင် ပြင်းထန်တဲ့ ကိလေသာတွေ ငြိမ်းနေလို့ပါဘဲ။ |
26,154 | Uncategorized | ကာမသုတ္တန်တရားတော် | သောတာပန် ကြက်မသတ် |
26,155 | Uncategorized | ကာမသုတ္တန်တရားတော် | ဘုရားလက်ထက်တော်ကာလတုန်းက မာဂဏ္ဍီ မိဖုရားရဲ့ ညွှန်ကြားချက်အရဖြင့် ဥတေနဘုရင်မင်းက သာမာဝတီဆိုတဲ့ သူ့မိဖုရားကို ကြက်အရှင်သတ်ပြီး ဟင်းချက်ဖို့ အမိန့်ပေးလိုက်တယ်၊ သာမာဝတီမိဖုရားက အဲဒီအခါမှာ သောတာပန် ဖြစ်နေပါပြီ။ |
26,156 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် သူက ကြက်အရှင်ကိုသတ်ပြီး မချက်နိုင်ဘူးလို့ ပြန်ကြားလိုက်တယ်။ |
26,157 | Uncategorized | ကာမသုတ္တန်တရားတော် | မင်း၏ အာဏာကို ဖီဆန်တာပါဘဲ၊ ပုထုဇဉ်မိန်းမဆိုယင် မိဖုရားစည်းစိမ် တည်မြဲ တည်နေအောင် ဆုတော် လာဘ်တော် ရအောင် ကြက်ကို သတ်ပြီး ဟင်းချက်ဖို့ရာ ဘာမှဝန်လေးမှာ မဟုတ်ပါဘူး။ |
26,158 | Uncategorized | ကာမသုတ္တန်တရားတော် | ဝမ်းပန်းတသာနဲ့ သတ်ပြီးချက်မှာပါဘဲ၊ သာမဝတီကတော့ သောတာပန် ဖြစ်နေတဲ့အတွက် ဘုရင့် အာဏာ ဖီဆန်မှုကြောင့် အသတ်ခံရချင် ခံရပါစေဆိုတဲ့ အနေဖြင့် ကြက်ကိုသတ်ပြီး ဟင်းချက်ရမည့် အလုပ်ကို ငြင်းပယ်လိုက်ပါတယ်။ |
26,159 | Uncategorized | ကာမသုတ္တန်တရားတော် | သောတာပန် မခိုးမလိမ် |
26,160 | Uncategorized | ကာမသုတ္တန်တရားတော် | နောက်ပြီးတော့ ခုဇ္ဇုတ္တရာဆိုတဲ့ သာမာဝတီရဲ့ ကျွန်မဟာလဲ သောတာပန် ဖြစ်တဲ့နေ့ ကစပြီး အလျင်က ခိုးနေကျ ပန်းဘိုးငွေတွေကို မခိုးတော့ဘူး၊ နောက်ပြီးတော့ သာမာဝတီသခင်မက မေးတဲ့အခါမှာလဲ ခုဇ္ဇုတ္တရာက လိမ်မပြောဘူး၊ အလျင် အလျင်နေ့တွေက ပန်းဘိုးတွေကို တဝက် တဝက်ခိုးခဲ့တဲ့အကြောင်း ရဲရဲကြီး ဝန်ခံပြောတယ်၊ |
26,161 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီမှာလဲ မိဖုရားက သူ့ပန်းဘိုးတွေ ခိုးတဲ့အတွက် သတ်ပစ်မယ် ဆိုယင်လဲ ခံရမှာဘဲ၊ အဲဒီလို အသတ်ခံရသည်အထိ ဒုက္ခရောက်နိုင်တယ် ဆိုတာ သိလျက်နဲ့ လိမ်မပြောဘဲ သူခိုးခဲ့တဲ့အကြောင်း ဝန်ခံတာဟာ အသက်ရှင်နေပြီး ခံစားရမဲ့ လူ့ဘဝ ကာမဂုဏ် တွေကို မငဲ့ဘဲ အမှန်အတိုင်း ပြောတာဘဲ။ |
26,162 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီ သာမဝတီနဲ့ ခုဇ္ဇုတ္တရာတို့၏ အကြောင်းအရာဖြင့် သောတာပန်ဟာ ကာမဂုဏ်အတွက် သတ်မှု ခိုးမှု လိမ်မှု ကာမကိလေသာတွေကို ကင်းငြိမ်းနေတယ် ဆိုတာ သိရပါတယ်။ |
26,163 | Uncategorized | ကာမသုတ္တန်တရားတော် | ဝိသာခသူဋ္ဌေးဝတ္ထု |
26,164 | Uncategorized | ကာမသုတ္တန်တရားတော် | အစဉ်အတိုင်း ရှုမှတ်လို့ အနာဂါမိမဂ်ဖြင့် နိဗ္ဗာန်ကို တွေ့သွားယင်တော့ ကာမဂုဏ်နှင့်စပ်တဲ့ ကိလေသာတွေ အကုန်လုံး ကင်းငြိမ်းသွားတယ်။ |
26,165 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကိုလဲ ဝိသာခသူဌေးကြီးဟာ ရာဇဂြိုဟ်မြို့သို့ မြတ်စွာဘုရား ပဌမ ကြွရောက်စဉ်က ဗိမ္ဗိသာရမင်းကြီးနှင့်အတူ မြတ်စွာဘုရားထံ သွားရောက် ဖူးမြော်တယ်၊ အဲဒီအခါ ကတည်းက မြတ်စွာဘုရား၏ တရားကို နာရလို့ သောတာပန် ဖြစ်ခဲ့တယ်၊ |
26,166 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီကတည်းက မြတ်စွာဘုရားထံ သွားရောက် သွားရောက်ပြီး တရားနာနာ နေခဲ့တယ်၊ တရားနာပြီးတော့ အိမ်ပြန်လာတဲ့အခါ အိမ်ပြူတင်းပေါက်က ငံ့မျှော်ပြီး ကြည့်နေတဲ့ သူဌေးကတော် ဓမ္မဒိန္နာရဲ့ မျက်နှာကို မြင်ရတဲ့အခါမှာ နှစ်ဦးလုံး ပြုံးကြသတဲ့၊ ကိလေသာကာမဖြင့် နှစ်သက်သာယာတဲ့ လက္ခဏာပါဘဲ။ |
26,167 | Uncategorized | ကာမသုတ္တန်တရားတော် | တနေ့သော အခါမှာတော့ ဝိသာခသူဌေးကြီးဟာ တရားနာယင်း အနာဂါမိမဂ်ဖိုလ် ရောက်ပြီး အနာဂါမ် ဖြစ်လာတယ်၊ အဲဒီနေ့မှာတော့ အိမ်ပြန်လာတဲ့ အခါမှာ သူဌေးကတော် ငံ့မျှော်နေကျဖြစ်တဲ့ ပြူတင်းပေါက်ဆီကို မကြည့်တော့ဘဲ စက္ခုန္ဒြေချပြီး ပြန်လာသတဲ့၊ |
26,168 | Uncategorized | ကာမသုတ္တန်တရားတော် | သူဌေးကတော်က အိမ်လှေကားရင်းက စောင့်ပြီး လက်ကမ်းပေးတာကိုလဲ အခါတိုင်းလို မဆွဲမကိုင်ဘဲ သူဌေးကတော်ကို မကြည့်ဘဲ သူ့ဟာသူ တယောက်ထဲ အိမ်ပေါ်တက်သွားသတဲ့၊ အိမ်ပေါ်ရောက်တော့လဲ သူဌေးကတော်နဲ့ စကားတောင် မပြောဘဲ အခန်းတခုထဲမှာ ယောဂီပုဂ္ဂိုလ် အချိုးအစားဖြင့် ထိုင်နေသတဲ့၊ |
26,169 | Uncategorized | ကာမသုတ္တန်တရားတော် | ထမင်းပြင်ကျွေးတဲ့ အခါလဲ အခါတိုင်းလို သူဌေးကတော်ကို အတူစားဘို့လဲ မခေါ်ဘဲ စကားလဲ မပြောဘဲ သူတယောက်ထဲ စားနေသတဲ့၊ အခါတိုင်းလို ဟင်းခွက်များ ကောင်းကြောင်း မကောင်းကြောင်း ဘာမှမပြောဘူးတဲ့၊ အဲဒီလို ဖြစ်ပုံတွေဟာ ကာမအာရုံကို မသာယာတဲ့ သဘောလက္ခဏာတွေပါဘဲ၊ |
26,170 | Uncategorized | ကာမသုတ္တန်တရားတော် | ဘာဖြစ်နေတာလဲလို့ ဓမ္မဒိန္နာက အတင်းတွယ်ကပ်ပြီး မေးတဲ့အခါကျတော့ ကာမ အာရုံ သာယာမှုကင်းတဲ့ တရားထူးကို ရလာတဲ့အကြောင်း ပြောပြီးတော့ နှစ်ဦးပိုင် ပစ္စည်းတွေကို ဓမ္မဒိန္နာအား အကုန်လုံး လွှဲအပ်တယ်၊ လိုသလောက် ပစ္စည်းတွေကို ယူပြီး မိဘအိမ်ပြန်လိုက ပြန်နိုင်ကြောင်း၊ |
26,171 | Uncategorized | ကာမသုတ္တန်တရားတော် | သို့မဟုတ် သူ့အား မောင်အရင်းကဲ့သို့ သဘောထားပြီး ကျွေးမွေးဘို့ အဲဒီလိုမှ မဟုတ်ယင်လဲ သူက နှမအရင်းကဲ့သို့ သဘောထားပြီး စောင့်ရှောက်သွားမည့် အကြောင်းများကိုလဲ ပြောပါသတဲ့၊ အဲဒီလို ပြောနိုင် ပြုနိုင်တာတွေဟာ ကာမအာရုံကို သာယာနှစ်သက်မှု ကာမကိလေသာတွေ ကင်းငြိမ်းနေလို့ပါဘဲ။ |
26,172 | Uncategorized | ကာမသုတ္တန်တရားတော် | ဥဂ္ဂသူကြွယ်ဝတ္ထု |
26,173 | Uncategorized | ကာမသုတ္တန်တရားတော် | ဝေသာလီပြည်က ဥဂ္ဂဆိုတဲ့ သူကြွယ်ဟာ အနာဂါမ် ဖြစ်ပြီးတဲ့အခါ သူ့ဇနီး လေးယောက်အား သူမေထုန်မှုမှ လုံးဝ ကြဉ်ရှောင်ရတဲ့ ဗြဟ္မစရိယပဉ္စမသီလကို ဆောက်တည်ထားကြောင်း၊ ဒါကြောင့် ဇနီးမောင်နှံအဖြစ်ဖြင့် ဆက်ဆံမှု မပြုတော့မည့် အကြောင်း၊ သူ့အိမ်မှာဘဲ နေမြဲဆက်နေလျှင် နှမရင်းကဲ့သို့ ကျွေးမွေး ပြုစုမည့်အကြောင်း၊ မိဘအိမ်ပြန်လိုကလဲ ပြန်နိုင်ကြေ... |
26,174 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီတော့ အကြီးဆုံးဇနီးဖြစ်သူက ယောက်ျား တယောက်ထံ အပ်ပေးဘို့ ပြောတယ်၊ ဒါကြောင့် ဥဂ္ဂသူကြွယ်က အဲဒီ အကြီးဆုံးဇနီးဖြစ်သူကို သူနှစ်သက်တဲ့ ယောက်ျား လက်ထဲ အပ်နှင်းပေးလိုက်တယ်၊ အဲဒီလို သူ့ဇနီးပျိုကို အခြား ယောက်ျားထံ အပ်နှင်းပေးရာမှာ ဘာမျှစိတ်၏ တုန်လှုပ်ခြင်း မရှိဘူးတဲ့၊ အဲဒါလဲ ကာမကိလေသာ ကင်းတဲ့ သဘောလက္ခဏာပါဘဲ။ |
26,175 | Uncategorized | ကာမသုတ္တန်တရားတော် | ယခုပြောခဲ့တဲ့ ဝိသာခသူဋ္ဌေးကြီး ဥဂ္ဂသူကြွယ်တို့လို အနာဂါမိမဂ်ဖြင့် ကာမဂုဏ် နှင့်စပ်တဲ့ ကိလေသာတွေ လုံးဝ ကင်းငြိမ်းသည်အထိ အားထုတ်ဖို့ရန်အတွက် မြတ်စွာဘုရားက - သဒါ၊ နေ့ရော ညဉ့်ပါ အခါခပ်သိမ်း။ |
26,176 | Uncategorized | ကာမသုတ္တန်တရားတော် | သတော၊ ကာယာနုပဿနာသတိပဋ္ဌာန် စသည်ဖြင့် အမှတ်ရလျက်။ |
26,177 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမာနိ၊ နှစ်သက်လိုချင်မှု ကိလေသာကာမနှင့် နှစ်သက်လိုချင်ဘွယ် အာရုံ ကာမဂုဏ်တို့ကို။ |
26,178 | Uncategorized | ကာမသုတ္တန်တရားတော် | ပရိဝဇ္ဇယေ၊ လွတ်လွတ်ကင်းအောင် ရှောင်ကွင်းပယ်ရှားလိုက်ရာ၏- လို့ ဟောတော်မူပါတယ်။ |
26,179 | Uncategorized | ကာမသုတ္တန်တရားတော် | တဖက်ကမ်းရောက် အားထုတ်ရန် |
26,180 | Uncategorized | ကာမသုတ္တန်တရားတော် | အနာဂါမ်ဖြစ်ပြီးတဲ့နောက် ဆက်ပြီး ရှုမှတ်သွားလျှင် ဝိပဿနာဉာဏ် ရင့်သန် ပြည့်စုံတဲ့အခါ အရဟတ္တမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို တွေ့မြင်ပြီး အရဟတ္တဖိုလ် ရောက်တယ်၊ ရဟန္တာ ဖြစ်သွားတယ်။ |
26,181 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီလို အရဟတ္တမဂ်ဖိုလ်ရောက်ယင် ဩဃဆိုတဲ့ ရေစီးကြောင်း ရေယာဉ်ကြီးလေးခုကို လွန်မြောက်ပြီး နိဗ္ဗာန်ဆိုတဲ့ တဖက်ကမ်းကို ရောက်သွားတော့တာဘဲ၊ အဲဒီလို တဖက်ကမ်းအရောက် ကူးမြောက် သွားသည်တိုင်အောင် အားထုတ်ဖို့ရာ မြတ်စွာဘုရားက သဒါ၊ နေ့ရော ညပါ အခါခပ်သိမ်း။ |
26,182 | Uncategorized | ကာမသုတ္တန်တရားတော် | ကာမာနိ၊ ကာမကိလေသာနှင့် ကာမဂုဏ် အာရုံတို့ကို။ |
26,183 | Uncategorized | ကာမသုတ္တန်တရားတော် | ပရိဝဇ္ဇယေ၊ လွတ်လွတ်ကင်းအောင် ရှောင်ကွင်း ပယ်ရှားလိုက်ရာ၏။ |
26,184 | Uncategorized | ကာမသုတ္တန်တရားတော် | တေ ကာမေ၊ ထိုကာမကိလေသာနှင့် ကာမအာရုံ ကာမဂုဏ်တို့ကို။ |
26,185 | Uncategorized | ကာမသုတ္တန်တရားတော် | ဩဃံ၊ ဩဃလေးဖြာ သံသရာ ရေစီးကြောင်းကို။ |
26,186 | Uncategorized | ကာမသုတ္တန်တရားတော် | တရေ၊ ကူးမြောက် ကျော်လွန်ရာ၏- လို့ ဟောတော်မူပါတယ်။ |
26,187 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကို တိုတိုနဲ့ ဆောင်မှတ်ထားရအောင် “ရှုမှတ်အစဉ်၊ ကာမကြဉ်၊ ရေယဉ်လွန်မြောက် လေတော့သည်”လို့ ဆောင်ပုဒ်စီ ထားတယ်။ |
26,188 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒါကို ဆိုကြရမယ်၊ |
26,189 | Uncategorized | ကာမသုတ္တန်တရားတော် | (၁၀) ရှုမှတ် အစဉ်၊ ကာမ ကြဉ်၊ ရေယဉ်လွန်မြောက်လေတော့သည်။ |
26,190 | Uncategorized | ကာမသုတ္တန်တရားတော် | နေ့ရော ညဉ့်ပါ အစဉ်မပြတ် သတိပဋ္ဌာန် လေးပါးအရ ရှုမှတ်နေပါ၊ အဲဒီလို မပြတ် ရှုမှတ်နေယင် အရိယမဂ်ဖိုလ်လေးပါးကို အစဉ်အတိုင်း ရောက်ပြီးတော့ ကာမောဃ ဘာဝေါဃ ဒိဋ္ဌောဃ အဝိဇ္ဇောဃဆိုတဲ့ ဩဃလေးဖြာ သံသရာ ရေယဉ်ကြီးများကို လွန်မြောက်သွားပါလိမ့်မယ်၊ အဲဒီလို လွန်မြောက်ပြီး သံသရာ တဖက်ကမ်းကို ရောက်သွားပါလိမ့်မယ်၊ အဲဒီလို တဖက်ကမ်းရောက်သည် တိုင... |
26,191 | Uncategorized | ကာမသုတ္တန်တရားတော် | ရေယဉ်ကြော နစ်မျောပုံ |
26,192 | Uncategorized | ကာမသုတ္တန်တရားတော် | အဲဒီမှာ ဩဃရေယဉ်လေးပါး အကြောင်းနဲ့ လွန်မြောက်ပုံကို ပြောရဦးမယ်၊ ပါဠိလို ဩဃဆိုတာ ဗမာလိုကတော့ ရေစီးကြောင်းလို့ ဆိုလိုပါတယ်၊ ရေစီးကြောင်းထဲ ရောက်သွားတဲ့သူဟာ ကူးနိုင်ယင် ကူးပေတော့၊ မကူးနိုင်ယင်တော့ အဲဒီ ရေစီးကြောင်းက နစ်မြုပ်စေပြီး သတ်တယ်၊ ဒါကြောင့် ရေစီးကြောင်းကို ဩဃလို့ ခေါ်တယ်၊ လောက ရေစီးကြောင်းလိုဘဲ သံသရာရေစီးကြောင်းတွေ... |
26,193 | Uncategorized | ကာမသုတ္တန်တရားတော် | ဘယ်လိုလဲဆိုယင် ကာမအာရုံတွေ တပ်မက်နေတဲ့သူကို အကုသိုလ်ကံက အပါယ် လေးပါးမှာ ကျရောက်စေပြီးတော့လဲ သတ်တတ်တယ်၊ ကုသိုလ်ကံက လူ့ဘဝ နတ်ဘဝသို့ ရောက်စေပြီးတော့ သတ်တတ်တယ်၊ အဲဒီလို အပါယ်ဘုံ ကာမ သုဂတိဘုံမှာ ဖြစ်ဖြစ်ပြီး အဖန်ဖန်အထပ်ထပ် သေသေနေရတာဟာ ကာမအာရုံ တွေကို နှစ်သက်တဲ့ ကာမကိလေသာကြောင့်ဘဲ၊ ကာမောဃခေါ်တဲ့ ကာမ ရေစီးကြောင်းထဲ မျောပြီး သ... |
26,194 | Uncategorized | ကာမသုတ္တန်တရားတော် | အနာဂါမ် ပုဂ္ဂိုလ်များမှာ ကာမကိလေသာဆိုတဲ့ ကာမောဃကတော့ မရှိဘူး၊ ဒါပေမဲ့ ဘဝကို သာယာနှစ်သက်တဲ့ ဘဝရာဂခေါ်တဲ့ ဘဝေါဃ ဆိုတာကတော့ ရှိနေသေးတယ်၊ ဒါကြောင့် အနာဂါမ် ပုဂ္ဂိုလ်တွေဟာ ကာမာသဝမှ လွတ်ပေမဲ့ ရူပဘဝ အရူပဘဝတွေမှာ ဖြစ်နေကြရသေးတယ်၊ ဖြစ်ရာဘဝမှာ စုတေကြရ သေကြရတယ်၊ အဲဒါဟာ ဘဝေါဃခေါ်တဲ့ ဘဝရေစီးကြောင်းထဲ မျောပါပြီး သံသရာဆင်းရဲထဲ နစ်မြု... |
26,195 | Uncategorized | ကာမသုတ္တန်တရားတော် | မိစ္ဆာဒိဋ္ဌိဆိုတဲ့ ရေစီးကြောင်းကတော့ အောက်ဖက်ဆိုယင် အဝီစိအထိ နစ်မြုပ်စေတတ်တယ်၊ အထက်ဖက်ဆိုယင်လဲ သုဒ္ဓါဝါသ ငါးဘုံမှတပါး ဘဝဂ်အထိ မျောသွားစေတတ်တယ်၊ အဝိဇ္ဇာဆိုတဲ့ ရေစီးကြောင်းကတော့ ဘုံ ၃၁-မှာ အောက်ရော အထက်ရော မြုပ်စေတတ်မျောစေတတ်တယ်။ |
26,196 | Uncategorized | ကာမသုတ္တန်တရားတော် | ပုထုဇဉ်တွေမှာ အဲဒီ ဩဃလေးပါးဆိုတဲ့ ရေစီးကြောင်းထဲမှာ မျောနေကြရတယ်၊ ကာမဂုဏ်အာရုံတွေမှာ မက်မောပြီး ကာမရေစီးကြောင်းထဲမှာ မျောနေကြတယ်၊ ယခုလို ဝိပဿနာ ရှုမှတ်နေတဲ့ အခိုက်အတန့်ကလေးလောက်ပဲ သက်သာတယ်၊ ဒါတောင်မှ ရှုမှတ်မှုတွေကြားထဲမှာ ကာမအာရုံတွေဆီစိတ်က ရောက်သွားလိုက် သေးတယ်၊ |
26,197 | Uncategorized | ကာမသုတ္တန်တရားတော် | ဘာဝနာကင်းမဲ့နေတဲ့ သူတွေမှာတော့ ကာမအာရုံတွေကို ကြံစည်ပြီး အမြဲလိုလိုပင် ကာမ ရေစီးကြောင်းထဲမှာ မျောနေကြတယ်။ |
26,198 | Uncategorized | ကာမသုတ္တန်တရားတော် | အတ္တ ဒိဋ္ဌိ သဿတဒိဋ္ဌိ ဆိုတာကလဲ ကင်းခဲပါတယ်၊ ယခုခေတ်မှာဆိုယင် ဥစ္ဆေဒဒိဋ္ဌိကလဲ တော်တော် အဖြစ်များ နေကြပါတယ်၊ |
26,199 | Uncategorized | ကာမသုတ္တန်တရားတော် | ဒါကြောင့် မိစ္ဆာအယူ ရှိတဲ့သူတွေမှာ ဆိုယင် အဲဒီ ဒိဋ္ဌိဆိုတဲ့ ရေစီးကြောင်းထဲမှာ မျောနေကြတယ်၊ သူများကို သူတို့လို မိစ္ဆာအယူ ရေစီးကြောင်းထဲ မျောအောင် လို့တောင် တိုက်တွန်းဟောပြောနေကြသေးတယ်။ |
26,200 | Uncategorized | ကာမသုတ္တန်တရားတော် | ဘဝတဏှာ ရေစီးကြောင်းကလဲ ဘဝကို သာယာနေတဲ့ သူတွေမှာ အမြဲလိုလိုပင် ဖြစ်နေတာဘဲ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.