id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
26,001
Uncategorized
ကာမသုတ္တန်တရားတော်
ဗဟုဒုက္ခာ ဗဟုပါယာသာ၊ များသော ဆင်းရဲ ပင်ပန်းခြင်းကို ဖြစ်စေတတ်ကုန်၏။
26,002
Uncategorized
ကာမသုတ္တန်တရားတော်
ဧတ္ထ၊ ဤကာမဂုဏ်တို့၌။
26,003
Uncategorized
ကာမသုတ္တန်တရားတော်
အာဒီနဝေါ၊ အပြစ်သည်။
26,004
Uncategorized
ကာမသုတ္တန်တရားတော်
ဘိယျော၊ များစွာရှိ၏-တဲ့။
26,005
Uncategorized
ကာမသုတ္တန်တရားတော်
ကာမဂုဏ်တွေဟာ အသားအသွေးမရှိတဲ့ အရိုးလိုပင် သာယာဘွယ်မရှိ၊ ဆင်းရဲ ပင်ပန်းခြင်းကို များစွာဖြစ်စေတတ်ကြပါတယ်၊ ဒါကြောင့် အပြစ်တွေကသာ များပါတယ်-တဲ့၊ အရိုးနဲ့ တူပုံကတော့-သားသတ် သမားက အမဲရိုး တခုကို အသား အသွေး ပြောင်အောင် ခြစ်ထုတ်ပြီးတော့ အနီးအပါးမှာ စောင့်မျှော်နေတဲ့ ခွေးပိန် ခွေးငတ်ကလေးစီ ပစ်ပေးလိုက်ယင် အဲဒီ ခွေးပိန် ခွေးငတ် က...
26,006
Uncategorized
ကာမသုတ္တန်တရားတော်
အသား အသွေးက ဘာမျှ မရှိတော့ပေမဲ့ အသား အသွေး အနံ့ကလေးရတာနဲ့ ခဲလိုက် ဝါးလိုက် မြုံ့လိုက်နဲ့ လုပ်နေတယ်၊ သူ့သွားရည်နဲ့သူ အရသာ ပေါ်သလို ရှိနေတယ်၊ အကယ်၍သာ သူ့သွားရည် မရှိယင်တော့ ဘာမျှသာယာဘွယ် ရှိမှာမဟုတ်ဘူး၊ အဲဒီ ခွေးပိန် ခွေးငတ်ကလေးဟာ အဲဒီ အရိုးကို ခဲနေရုံနဲ့ သူ့မှာ အစာအငတ် ပြေပါမည်လား၊ အာဟာရဓာတ်ပြည့်ပြီး အစာဝ သွားပါမည်လား၊ ...
26,007
Uncategorized
ကာမသုတ္တန်တရားတော်
အခြားအစာကို မရှာဘဲ အဲဒီ အရိုးကိုသာ ဝါးနေယင် ဆင်းရဲပင်ပန်းရုံမျှသာ ရှိမှာဘဲ အဲဒီ ခွေးငတ်ရဲ့ အရိုးလိုပင် ကာမဂုဏ်တွေကလဲ သုံးဆောင်ရတဲ့သူရဲ့ နှစ်သက် သာယာမှုကြောင့်သာ ကောင်းသလိုလို ဖြစ်နေတာဘဲ၊ ဟိုခွေးငတ်ကလေးမှာ သူ့သွားရည်နဲ့သူ အရသာပေါ်နေသလိုပါဘဲ၊
26,008
Uncategorized
ကာမသုတ္တန်တရားတော်
ကိုယ့်ကိုယ်ထဲ ကသာ သာယာမှု မရှိဘူးဆိုယင် ကာမဂုဏ် အာရုံတွေဟာ ဘာမျှ သာယာဘွယ် မရှိနိုင်ပါဘူး၊ နေထိုင်မကောင်းတဲ့ လူမမာမှာ ဘယ်အာရုံမှ သာယာဘွယ် မရှိသလို ဖြစ်နေမှာပါဘဲ။
26,009
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကြောင့် ကာမဂုဏ်တွေဟာ အသား အသွေး ကင်းတဲ့ အရိုးလိုဘဲ သာယာဘွယ် မရှိဘူး၊ သူ့အတွက် ရှာရ စောင့်ရှောက်ရ ကြောင့်ကြစိုက်ရ ပူပန်ရနဲ့ ဆင်းရဲဒုက္ခတွေကသာ များတယ်လို့ ဆင်ခြင်ပြီး ကာမဂုဏ်တွေကို စွန့်ပစ်ရမယ်-တဲ့။
26,010
Uncategorized
ကာမသုတ္တန်တရားတော်
(၂) အသားတုံးနဲ့လဲ တူတယ်
26,011
Uncategorized
ကာမသုတ္တန်တရားတော်
“ကာမာ၊ လိုချင်နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်တို့သည်။
26,012
Uncategorized
ကာမသုတ္တန်တရားတော်
မံသပေသူပမာ၊ သားတစ်-အသားတုံးနှင့် တူကုန်၏”
26,013
Uncategorized
ကာမသုတ္တန်တရားတော်
စသည်ဖြင့်လဲ ဟောတော်မူပါတယ်။
26,014
Uncategorized
ကာမသုတ္တန်တရားတော်
တူပုံကတော့-အသားတုံး တခုကို လင်းတ တကောင်က ဖြစ်စေ၊ စွန်တကောင်က ဖြစ်စေ ချီသွားယင် အခြား လင်းတတွေ စွန်တွေက အဲဒီအသားတုံးကို ရချင်လို့ အဲဒီ ချီသွားတဲ့ လင်းတကို စွန်ကို လိုက်ပြီး ထိုးကြ ဆိတ်ကြတယ်၊ အထိုးအဆိတ်ခံရတဲ့ လင်းတက စွန်က မခံနိုင်တဲ့အခါ အဲဒီ အသားတုံးကို စွန့်လိုက်တယ်၊ အခြား တကောင်က အဲဒီ အသားကို ကောက်ယူပြီး ချီသွားပြန်တယ်...
26,015
Uncategorized
ကာမသုတ္တန်တရားတော်
ဒီနည်းဖြင့် အသားတုံး ချီသွားတဲ့ လင်းတဖြစ်စေ စွန်ဖြစ်စေ အထိုးအဆိတ်ခံရတယ်၊ အသားတုံး စွန့်လွှတ်လိုက်တဲ့ လင်းတဖြစ်စေ၊ စွန်ဖြစ်စေ အထိုးအဆိတ် မခံရတော့ဘဲ လွတ်ငြိမ်းချမ်းသာသွားတယ်၊ အဲဒီလိုပါဘဲ ကာမဂုဏ်တွေ သိမ်းပိုက်ထားတဲ့သူကို အခြားသူတွေက အခွင့်သာယင် နှိပ်စက်ကြတယ်၊ လုယူကြတယ်၊
26,016
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကတော့ အလွန်ဘဲ ထင်ရှားနေပါတယ်၊ စီးပွားရေးလောကမှာဘဲ ဖြစ်ဖြစ်၊ နိုင်ငံရေးလောက မှာဘဲဖြစ်ဖြစ်၊ အိမ်ထောင်ရေး လောကမှာဘဲဖြစ်ဖြစ် ပြည့်စုံနေတဲ့ လူတွေကို မပြည့်စုံတဲ့လူတွေက အခွင့်ရယင် လုယက်ဖို့ရာ ကြံစည်နေကြတယ်။
26,017
Uncategorized
ကာမသုတ္တန်တရားတော်
တကယ်လဲ လုယက်ပြီး ယူကြတယ်၊ သာသနာရေးဘက်မှာတောင်မှ ဘုန်းကြီးတဲ့ပုဂ္ဂိုလ် ထင်ရှား ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေကို စိတ်သဘောညံ့ဖျင်းတဲ့ ပုဂ္ဂိုလ်တွေက အခွင့်ရယင် တိုက်ဖျက်လုယက်ဖို့ ကြံနေကြတာတွေ ရှိသေးတာဘဲ။
26,018
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကြောင့် ကာမဂုဏ်တွေကို အသားတုံးလိုပင် အနှိပ်စက် အလုယက် ခံရခြင်း၏ အကြောင်း ဆင်းရဲကြောင်းဘဲ ဆိုတာ ဆင်ခြင်ပြီးတော့လဲ စွန့်ပယ်ရမယ်တဲ့။
26,019
Uncategorized
ကာမသုတ္တန်တရားတော်
(၃) မြက်မီးရှူးနဲ့လဲ တူတယ်
26,020
Uncategorized
ကာမသုတ္တန်တရားတော်
ရှေးခေတ်တုန်းက ယခုခေတ်မှာလို လက်နှိပ်ဓာတ်မီးဆိုတာ မရှိသေးဘူး၊ ဒါကြောင့် ညအခါ ခရီးသွားယင် ဝါးခြမ်းစိတ်များကိုဖြစ်ဖြစ်၊ ဒုတ်ချောင်းကလေးများကို ဖြစ်ဖြစ် စည်းပြီးတော့ အဲဒီ ဝါးခြမ်းစည်း ဒုတ်ချောင်းစည်းကို မီးရှို့ပြီး အဲဒီမီးအရောင်ဖြင့် သွားကြရတယ်။
26,021
Uncategorized
ကာမသုတ္တန်တရားတော်
အဲဒီလို မီးစည်းကို မီးရှူးလို့ ခေါ်တယ်။
26,022
Uncategorized
ကာမသုတ္တန်တရားတော်
မြက်တွေကို စုစည်းပြီး လုပ်ထားတဲ့ အဲဒီလို မီးစည်းကို (တိဏုက္က) မြက်မီးရှူးလို့ခေါ်တယ်။
26,023
Uncategorized
ကာမသုတ္တန်တရားတော်
အဲဒီ မြက်မီးရှူးကို ကိုင်ပြီး လေညာ လေဆန်သွားယင် လေတိုက်ခတ်မှုကြောင့် မြက်မီးရှူးကို တခဏချင်း လောင်ပြီးတော့ လူကိုလဲ လောင်သွားတတ်တယ်။
26,024
Uncategorized
ကာမသုတ္တန်တရားတော်
မြက်မီးရှူးကို မစွန့်ယင် အဲဒီ မြက်မီးရှူးကို ကိုင်ထားတဲ့ သူကို လောင်တတ်သလိုဘဲ ကာမဂုဏ်တွေ သိမ်းပိုက်ထားတဲ့ သူကိုလဲ အဲဒီ ကာမဂုဏ်တွေက ဒုက္ခ ပေးတတ်တယ်။
26,025
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကြောင့် “ကာမာ၊ ကာမဂုဏ် တို့သည်။
26,026
Uncategorized
ကာမသုတ္တန်တရားတော်
တိဏုက္ကူပမာ၊ မြက်မီးရှူးနှင့် တူကြတယ်”
26,027
Uncategorized
ကာမသုတ္တန်တရားတော်
လို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်၊ ဒါကြောင့်လဲ မြက်မီးရှူး ဥပမာဖြင့် ဆင်ခြင်ပြီးတော့လဲ ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။
26,028
Uncategorized
ကာမသုတ္တန်တရားတော်
(၄) မီးကျီးတွင်းနဲ့လဲ တူတယ်
26,029
Uncategorized
ကာမသုတ္တန်တရားတော်
“ကာမာ၊ ကာမဂုဏ်တို့သည်။
26,030
Uncategorized
ကာမသုတ္တန်တရားတော်
အင်္ဂါရကာသူပမာ၊ အသူတရာနက်သော မီးကျီးတွင်းနှင့်တူကြတယ်”
26,031
Uncategorized
ကာမသုတ္တန်တရားတော်
လို့လဲ ဟောတော်မူပါတယ်။
26,032
Uncategorized
ကာမသုတ္တန်တရားတော်
မတ်တတ်ရပ်ပြီး အထက်ကို လက်ဆန့်ထားတဲ့လူ၏ အရှည်အမြင့်ပမာဏကို တသူလို့ ခေါ်တယ်။
26,033
Uncategorized
ကာမသုတ္တန်တရားတော်
ငါးတောင်ခန့် ရှိပါတယ်၊ အသူတရာ ဆိုတော့ အတောင်ငါးရာ ရှိပါတယ်၊ အဲဒီ အသူတရာနက်တဲ့ တွင်းကြီးထဲမှာ ရဲရဲတောက်လောင်နေတဲ့ မီးကျီးတွေကလဲ အပြည့်ရှိနေတယ် ဆိုယင် အဲဒီ မီးကျီးတွင်းကြီး အနီးအပါးကိုတောင် သွားရမှာ ကြောက်ဖွယ်ကောင်းပါတယ်။
26,034
Uncategorized
ကာမသုတ္တန်တရားတော်
မိမိထက် အင်အားကြီးတဲ့ လူသန်ကြီး နှစ်ယောက်က တယောက်တဖက်စီ လက်မောင်းကို ဆွဲကိုင်ပြီး အဲဒီ မီးကျီးတွင်းကြီးထဲ ပစ်ချမယ်ဆိုယင် မကြောက် ပေဘူးလား၊ လွတ်ထွက်သွားနိုင်အောင် အားရှိသမျှ မရုန်းရပေဘူးလား၊ ကာမဂုဏ် တွေဆိုတာကလဲ အဲဒီ မီးကျီးတွင်းကြီးလိုပင် ကြောက်စရာကောင်းပါတယ်တဲ့။
26,035
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကြောင့် အဲဒီမီးကျီးတွင်းလိုပင် ကြောက်စရာကောင်းတယ်လို့ ဆင်ခြင်ပြီးတော့လဲ ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။
26,036
Uncategorized
ကာမသုတ္တန်တရားတော်
(၅) အိပ်မက်နဲ့လဲ တူတယ်
26,037
Uncategorized
ကာမသုတ္တန်တရားတော်
သုပိနကူပမာ၊ အိပ်မက်နှင့်တူကြတယ်”
26,038
Uncategorized
ကာမသုတ္တန်တရားတော်
လို့လဲ မြတ်စွာဘုရားက ဟောတော်မူပါတယ်။
26,039
Uncategorized
ကာမသုတ္တန်တရားတော်
အိပ်မက်ဆိုတာ မက်ဘူးကြမှာချည်းပါဘဲ၊ အိပ်မက်ကောင်းများကို မြင်မက်တဲ့အခါ အဲဒီလို မြင်မက်နေတုန်းကတော့ အဟုတ် တကယ်လိုဘဲ ထင်ရတယ်၊ ဝမ်းမြောက် ဝမ်းသာလဲ ဖြစ်နေတတ်တယ်၊ ဒါပေမဲ့ အိပ်ရာကနိုးလာတော့ အိပ်မက်ထဲက တွေ့ရတာတွေဟာ ဘာမှမရှိတော့ဘူး၊ အဲဒါလိုဘဲ ကာမဂုဏ်အာရုံ ဝတ္ထုပစ္စည်း တွေဟာ သုံးဆောင်ခံစားနေရတုန်းကတော့ ဟုတ်သလိုလို ဟန်သလိုလို ထင်...
26,040
Uncategorized
ကာမသုတ္တန်တရားတော်
အဲဒီ ကာမဂုဏ်တွေကို ခံစားရအောင် ရှာရ ကြောင့်ကြစိုက်ရလို့ ဆင်းရဲပင်ပန်း တာတွေကသာ များနေတယ်၊ အဲဒါဟာ အလွန်ထင်ရှားပါတယ်၊ အစားကောင်း တခုရအောင် အလွန်ပင်ပင်ပန်းပန်း ရှာရလုပ်ကိုင်ရတယ်၊ စားတဲ့အခါကျတော့ လျှာပေါ်တခဏလောက်သာ အရသာပေါ်ပြီး မျိုချလိုက်တဲ့အခါ ဘာမှ သာယာစရာ မရှိတော့ဘူး၊
26,041
Uncategorized
ကာမသုတ္တန်တရားတော်
မြင်ရကြားရ နံရထိတွေ့ရတဲ့ ကာမဂုဏ်တွေလဲ ဒီလိုပါဘဲ၊ မြင်နေရ ကြားနေရ နံနေရ ထိတွေ့နေရတုန်း တခဏ ကလေးဘဲ ကောင်းတယ်လို့ ထင်နေရတယ်၊ ပြီးသွားတော့ ဘာမှကောင်းတာ မရှိတော့ဘူး၊ ဒါကြောင့် ကာမဂုဏ်တွေကို “အိပ်မက်လိုပင် တခဏလေးလောက် ခံစားရတာဘဲ၊ ပင်ပန်းဆင်းရဲရတာတွေ ကသာ များတယ်”လို့ ဆင်ခြင်ပြီးတော့လဲ စွန့်ပယ်ရမယ်-တဲ့။
26,042
Uncategorized
ကာမသုတ္တန်တရားတော်
ကာမဂုဏ်၏ အပြစ်တွေကို ဆင်ခြင်ရန်ပြတဲ့ ဥပမာ (၅)ခု ပြီးသွားပြီ၊ အဲဒါကို တိုတိုနဲ့ ဆောင်မှတ် ထားရအောင် “ရိုးသား ၂-နည်း၊ မြက်မီးစည်း၊ မီးကျီး, အိပ်မက် တူပေသည်”လို့ ဆောင်ပုဒ် စီထားတယ်၊
26,043
Uncategorized
ကာမသုတ္တန်တရားတော်
ကာမဂုဏ်တွေဟာ သာယာဘွယ် အသားအသွေး လုံးဝမရှိတဲ့ အရိုးနဲ့လဲ တူတယ်၊ သိမ်းပိုက် ချီဆောင်နေတဲ့ လင်းတ စွန်ကို အထိုးအဆိတ်ခံရတဲ့ အသားတုံးနဲ့လဲ တူတယ်၊ ၂-နည်းဆိုတာက အဲဒီ ဥပမာ ၂-နည်းနှင့် တူတယ်လို့ ဆိုလိုပါတယ်၊ နောက်ပြီးတော့ မြက်မီးစည်းနဲ့လဲ တူတယ်၊ မီးကျီးတွင်းနဲ့လဲ တူတယ်၊ အိပ်မက်နဲ့လဲ တူတယ်လို့ ဆိုလိုပါတယ်။
26,044
Uncategorized
ကာမသုတ္တန်တရားတော်
ကဲ - အဲဒီ ဆောင်ပုဒ်ကို ဆိုကြရမယ်။
26,045
Uncategorized
ကာမသုတ္တန်တရားတော်
(၇) ရိုးသား ၂-နည်း၊ မြက်မီးစည်း၊ မီးကျီး, အိပ်မက် တူပေသည်။
26,046
Uncategorized
ကာမသုတ္တန်တရားတော်
(၆) အငှါးပစ္စည်းနဲ့လဲ တူတယ်
26,047
Uncategorized
ကာမသုတ္တန်တရားတော်
ယာစိတကူပမာ၊ ငှါးရမ်းထားသော ပစ္စည်းနှင့်တူကြသည်”
26,048
Uncategorized
ကာမသုတ္တန်တရားတော်
ဟူ၍လဲ ဟောတော်မူပါတယ်။
26,049
Uncategorized
ကာမသုတ္တန်တရားတော်
အိုးခွက်ပန်းကန်ဘဲ ဖြစ်ဖြစ် အဝတ်အထည်ဘဲ ဖြစ်ဖြစ်၊ လက်ဝတ်လက်စားဘဲ ဖြစ်ဖြစ်၊ သူတပါးထံက ငှားရမ်းပြီး သုံးဆောင်ရတယ်ဆိုယင် သူ့အချိန်စေ့တဲ့ အခါကျတော့ ပစ္စည်းရှင်ထံ ပြန်အပ်ရတယ်၊ အခိုက်အတန့်မျှသာ သုံးဆောင်ရတယ်၊
26,050
Uncategorized
ကာမသုတ္တန်တရားတော်
မန္တလေးမြို့များမှာ တချို့မြို့များမှာ မင်္ဂလာဆောင်စသည် ပွဲနေပွဲထိုင် အခမ်းအနား ကိစ္စများ ကျင်းပတဲ့အခါ စိန်ရွှေ လက်ဝတ် အဆင်တန်ဆာ မရှိတဲ့သူတွေမှာ အဲ့ဒါတွေကို ငှားရမ်းပြီးတော့ ဝတ်ဆင်ရတယ်လို့ ကြားရတယ်၊ အဲဒီလို အခမ်းအနားမှာ ပစ္စည်းမရှိတဲ့ သူကပေမဲ့ ဝတ်ဆင်ထားလိုက်တာ ဝင်းဝင်းတောက် နေတယ်လို့ ဆိုတယ်၊
26,051
Uncategorized
ကာမသုတ္တန်တရားတော်
အဲဒါဟာ ဝတ်ဆင်ထားတုန်းတော့ အင်မတန် ကျက်သရေ ရှိပါတယ်၊ လှပတင့်တယ် နေပါတယ်၊ ဒါပေမဲ့ သူ့အချိန်စေ့တဲ့ အခါကျတော့ အဲဒီ ငှားရမ်းထားတဲ့ ပစ္စည်းတွေကို သူ့ဥစ္စာရှင်ထံ ပြန်အပ်ရတယ်၊ အမြဲတမ်း မသုံးရဘူး၊ အခိုက်အတန့်လောက်သာ သုံးရတယ်၊ ကာမဂုဏ်တွေဆိုတာကလဲ အဲဒီငှားရမ်း ထားတဲ့ ပစ္စည်းများလိုဘဲ အခိုက်အတန့်မျှသာ သုံးဆောင်ရတယ်၊ အမြဲတမ်း သုံးဆေ...
26,052
Uncategorized
ကာမသုတ္တန်တရားတော်
ဒီကနေ့ ကိုယ့်ပစ္စည်း ဟုတ်နေပေမယ်လို့ နက်ဖြန်ကျယင် ကိုယ့်ပစ္စည်း မဟုတ်တော့ဘဲ ပျောက်ပျက်လဲ သွားတတ်တယ်၊ ရေဘေး, မီးဘေး, သူခိုး, ဓားပြဘေး, မင်းဘေး စသည်ကြောင့် ပျက်စီး ဆုံးရှုံးပြီးတော့လဲ သွားတတ်တယ်၊ အိမ်ထောင်ဘက်ချင်းဆိုယင် တကွဲတပြားစီလဲ ဖြစ်သွားတာ ရှိတတ်တယ်၊ နောက်ဆုံး သေတဲ့အခါကျတော့ အဲဒီ ကာမဂုဏ်တွေကို အကုန်လုံးဘဲ စွန့်ပစ်ထာ...
26,053
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကြောင့် “ကာမဂုဏ်တွေဟာ ငှားရမ်းထားတဲ့ ပစ္စည်းနှင့်တူတယ်”လို့ ဟောတော်မူတာဘဲ၊ ဒါလဲ အင်မတန်ဆီလျော်တဲ့ ဥပမာပါဘဲ၊ ကာမဂုဏ် ခံစားတယ်ဆိုတာ ကိုယ့်တယောက်တည်းနဲ့ ခံစားလို့ဖြစ်တာ မဟုတ်ဘူး၊ သက်ရှိ သက်မဲ့ အပြင်ပ အာရုံဝတ္ထုတွေနဲ့ ပူးပေါင်းပြီး သုံးဆောင်ခံစားရတာဘဲ၊
26,054
Uncategorized
ကာမသုတ္တန်တရားတော်
အပြင်ပအာရုံကို မရယင် မခံစားနိုင်ဘူး အဲဒီကာမဂုဏ်တွေကို တ-တတနဲ့လဲ စိတ်ဆင်းရဲနေတတ်တယ်၊ နောက်ပြီးတော့ ငှါးရမ်းထားတဲ့ အဝတ်အဆင်တန်ဆာ တွေကို ပိုင်ရှင်ထံ ပြန်မအပ်ပဲ ဝတ်ဆင်သုံးဆောင်နေယင် ပစ္စည်းရှင်က လူပုံပရိသတ် အများရှေ့မှာလဲ အတင်း ပြန်သိမ်းတတ်တယ်၊ အဲဒီလို အသိမ်းခံရတဲ့သူမှာ အရှက်တကွဲ အကျိုးနဲဖြစ်ပြီး အလွန်အမင်း စိတ်ဆင်းရဲရတယ်၊
26,055
Uncategorized
ကာမသုတ္တန်တရားတော်
အဲဒီလိုဘဲ ကာမဂုဏ်တွေကို ငါ့ဟာ ငါ့ဟာနဲ့ အလွန်အမင်း သာယာနှစ်သက်နေတဲ့ သူမှာ ရွှေ ငွေ စိန် ကျောက် လယ်ယာ အိမ် အစရှိသော သက်မဲ့ ကာမဂုဏ်တွေ၊ အိမ်ထောင်ဘက် အချွေအရံ အစရှိသော သက်ရှိ ကာမဂုဏ်တွေ အဲဒီ ကာမဂုဏ် တွေက ဘေးရန်အန္တရာယ် တမျိုးမျိုးကြောင့် ပျက်စီးသွားယင် ကွဲကွာ သွားယင် သာယာ နှစ်သက် တပ်မက်နေတဲ့ သူမှာ အကြီးအကျယ် စိတ်ဆင်းရဲ ရတယ...
26,056
Uncategorized
ကာမသုတ္တန်တရားတော်
ရောဂါတမျိုးမျိုးယင်လဲ စွဲကပ်တတ်တယ်၊ ရူးကြောင်ကြောင်ယင်လဲ ဖြစ်သွား တတ်တယ်၊ ရုတ်တရက်လဲ သေသွားတတ်တယ်။
26,057
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကြောင့် “ကာမဂုဏ်တွေဟာ အခိုက်အတန့်မျှ သုံးဆောင်ဘို့ ငှါးရမ်းထားတဲ့ ပစ္စည်းလိုပင် အခိုက်အတန့်မျှ ခံစားရတာတွေဘဲ”လို့ ဆင်ခြင်ပြီးတော့လဲ ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။
26,058
Uncategorized
ကာမသုတ္တန်တရားတော်
(၇) သစ်သီးနဲ့လဲတူတယ်
26,059
Uncategorized
ကာမသုတ္တန်တရားတော်
လူတယောက်က အသီးရှိတဲ့ သစ်ပင်ပေါ်တက်ပြီး သစ်သီးတွေကို ခူးစားနေခိုက်မှာ အခြားလူတယောက်က သစ်သီးတွေကို လိုချင်တာနဲ့ အဲဒီအပင်ကို အရင်းက ခုတ်လှဲတယ် ဆိုပါတော့၊ အဲဒီလို ခုတ်လှဲနေယင် သစ်ပင်ပေါ်က လူဟာ မြန်မြန်ဆင်းရလိမ့်မယ်၊ သစ်သီးတွေ မက်မောနေတာနဲ့ မဆင်းဘဲနေယင် အဲဒီသစ်ပင် လဲကျသွားတဲ့အခါ အဲဒီအပေါ်ကလူလဲ လိမ့်ကျပြီး ခြေတွေ လက်တွေ ကျို...
26,060
Uncategorized
ကာမသုတ္တန်တရားတော်
ကာမဂုဏ်တွေဟာလဲ အဲဒီ လူကို ကျိုးစေတတ် သေစေတတ်တဲ့ သစ်သီးများနဲ့ တူပါတယ်၊ ကာမဂုဏ်တွေကို မစွန့်လွှတ်နိုင်ဘဲ မက်မောတွယ်တာနေတဲ့သူကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ အမျိုးမျိုးကို ဖြစ်စေတတ်ပါတယ်တဲ့။
26,061
Uncategorized
ကာမသုတ္တန်တရားတော်
အဲဒါဟာ ဓားပြ လူဆိုးတွေက ပစ္စည်းယူ လူသတ်သွားပုံ၊ ရာဇဝင်ထဲမှာ မင်းကိုသတ်ပြီး မင်းလုပ်ကြပုံ၊ အင်အားကြီးတဲ့ မင်းတွေက အင်အားငယ်တဲ့ မင်းကို စစ်တိုက်ပြီး လုယူပုံ၊ သူ့ဇနီးလိုချင်တဲ့လူက ခင်ပွန်းလင်ကို သတ်ပြီး အပိုင်စီးပုံ စသည်ဖြင့် မျက်မှောက်ဘဝတွင် ဒုက္ခပေးပုံလဲ ထင်ရှားတယ်၊
26,062
Uncategorized
ကာမသုတ္တန်တရားတော်
ကာမဂုဏ်တွေအတွက် မကောင်းမှုပြုမိလို့ ငရဲ တိရစ္ဆာန် ပြိတ္တာဖြစ်ပြီး နောက်ဘဝ များတွင် ဒုက္ခရောက်ရပုံလဲ ထင်ရှားတယ်၊ ကာမဂုဏ်တွေစွန့်ပြီး တရားအားမထုတ် နိုင်လို့ သံသရာထဲမှာ အထပ်ထပ် အခါခါဖြစ်ဖြစ်ပြီး အိုရ နာရ သေရပုံ စိုးရိမ်ပူဆွေးရ ငိုကြွေးရ စသည်ဖြင့် အကြီးအကျယ် ဆင်းရဲဒုက္ခ ရောက်နေရပုံလဲ ထင်ရှားတယ်။
26,063
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကြောင့် မြတ်စွာဘုရားက
26,064
Uncategorized
ကာမသုတ္တန်တရားတော်
ရုက္ခဖလူပမာ၊ သစ်သီးပမာ တူကြတယ်”
26,065
Uncategorized
ကာမသုတ္တန်တရားတော်
အဲဒီလိုလဲ အပြစ်ကို ဆင်ခြင်ပြီး ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။
26,066
Uncategorized
ကာမသုတ္တန်တရားတော်
(၈) ဓားစဉ်းတီးနဲ့လဲတူတယ်
26,067
Uncategorized
ကာမသုတ္တန်တရားတော်
အသိသူနူပမာ၊ ဓားစဉ်းတီးပမာ တူကြတယ်”
26,068
Uncategorized
ကာမသုတ္တန်တရားတော်
အသိ - သန်လျက်-ဆိုတာ လူ, နွား, ကျွဲ, ဆိတ်, သိုးတို့ကို ခုတ်သတ်စရာ ဓားရှည် ပါဘဲ။
26,069
Uncategorized
ကာမသုတ္တန်တရားတော်
သူန-စဉ်းတီး-ဆိုတာကတော့ အဲဒီလို ခုတ်သတ်ရာမှာ အောက်ခံတုံး ပါဘဲ၊ စဉ်းတုံးလို့လဲ ခေါ်ကြပါတယ်။
26,070
Uncategorized
ကာမသုတ္တန်တရားတော်
အသတ်ခံရမည့် နွား ကျွဲ ဆိတ် သိုးများဟာ အဲဒီလို ဓားရှည်နဲ့ စဉ်းတုံးကို အလွန်ကြောက်ကြမှာပါဘဲ၊
26,071
Uncategorized
ကာမသုတ္တန်တရားတော်
ရှေးခေတ်တုန်းက သေဒဏ်အပြစ် ကျရောက်တဲ့ လူများကိုလဲ အဲဒီလို စဉ်းတုံးပေါ်မှာ လည်ပင်းကို တင်ပြီး သန်လျက်ခေါ်တဲ့ ဓားရှည်ကြီးနဲ့ ခုတ်သတ်ကြတယ်၊ အဲဒီလို အသတ်ခံရမည့်သူမှာ အဲဒီဓားနဲ့ စဉ်းတုံးကို မကြောက်ကြပေဘူးလား၊ အင်မတန် ကြောက်ရှာကြမှာဘဲ။
26,072
Uncategorized
ကာမသုတ္တန်တရားတော်
ယခုခေတ်မှာ ကြိုးမိန့် သေဒဏ်ကျတဲ့ သူတွေလဲ ကြိုးစင်ကို ကြောက်ကြမှာဘဲ၊ အဲဒါနဲ့လဲ နှိုင်းယှဉ်ပြီး သိနိုင်ပါတယ်။
26,073
Uncategorized
ကာမသုတ္တန်တရားတော်
ကာမဂုဏ်တွေကလဲ အဲဒီ ဓားနဲ့ စဉ်းတုံးလိုပင် ကြောက်စရာကောင်းပါတယ်။
26,074
Uncategorized
ကာမသုတ္တန်တရားတော်
ကာမဂုဏ်အတွက် ရာဇဝတ်မှု ဖြစ်ပြီးတော့ လည်အလှီးခံရပြီး သေရတဲ့ သူတွေဟာ အရင်းစစ်လိုက်တော့ ကာမဂုဏ်ကြောင့်ဘဲ၊ ကာမဂုဏ်က သတ်တယ်လို့ ဆိုနိုင် ပါတယ်၊ ကာမဂုဏ် အတွက် အကုသိုလ်ကံတွေပြုမိလို့ အပါယ်လေးပါး ရောက်ပြီး အသတ်ခံရတာတွေ လည်အလှီးခံရတာတွေဟာလဲ ကာမဂုဏ်ကြောင့်ဘဲ၊
26,075
Uncategorized
ကာမသုတ္တန်တရားတော်
ကာမဂုဏ်တွေ မက်မောနေလို့ သံသရာထဲမှာ အထပ်ထပ် အခါခါဖြစ်ပြီး တနည်းနည်းနဲ့ သေနေကြရတာတွေဟာလဲ ကာမဂုဏ်ကြောင့်ဘဲ။
26,076
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကြောင့် ကာမဂုဏ်တွေဟာ စဉ်တုံးပေါ်မှာ တင်ပြီးဓားနဲ့ လှီးသတ်သလိုပင် သတ်တတ်တယ် သတ်တတ်လို့ ဓားစဉ်းတီးနဲ့ တူတယ်၊ အဲဒီလို ဆင်ခြင်ပြီးတော့လဲ ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။
26,077
Uncategorized
ကာမသုတ္တန်တရားတော်
(၉) လှံတံကျင်နဲ့လဲ တူတယ်
26,078
Uncategorized
ကာမသုတ္တန်တရားတော်
သတ္ထိသူလူပမာ၊ လှံတံ ကျင်တို့နှင့် တူကြသည်”
26,079
Uncategorized
ကာမသုတ္တန်တရားတော်
လှံနဲ့အထိုးခံရမည့် သူမှာ လှံကို ကြောက်မှာဘဲ၊ တံကျင်အလျှိုခံရမည့်သူမှာ တံကျင်ကို ကြောက်မှာဘဲ၊ တံကျင်ဆိုတာ ငါးများကို တံစို့ထိုးထားရာက တံစို့မျိုး ပါဘဲ၊ ရှေးခေတ်က မင်းများဟာ ရာဇဝတ်ပြစ်မှု ကျူးလွန်သူ အချို့ကို တံစို့ တံကျင်နဲ့ လျှိုထိုးပြီး နှိပ်စက်ကြ သတ်ကြတယ်။
26,080
Uncategorized
ကာမသုတ္တန်တရားတော်
အဲဒီလို လှံနဲ့ တံကျင်နဲ့ အထိုးခံရမည့် သူမှာ လှံနဲ့ တံကျင်ဟာ ကြောက်စရာကောင်း သလိုဘဲ ကာမဂုဏ်တွေလဲ ကြောက်စရာ ကောင်းပါတယ်တဲ့။
26,081
Uncategorized
ကာမသုတ္တန်တရားတော်
ကာမဂုဏ်တွေဟာ နှစ်သက်လက်ခံမိယင် မစွန့်လွှတ်နိုင်အောင် စိတ်နှလုံးထဲမှာ စွဲဝင်နေတတ်တယ်၊
26,082
Uncategorized
ကာမသုတ္တန်တရားတော်
တချို့ အမျိုးသမီးကလေးတွေ အမျိုးသား ကလေးတွေဟာ အမျိုးကွဲ ဘာသာကွဲ အခြေအနေကွဲဖြစ်တဲ့ အမျိုးသား အမျိုးသမီး ကလေးများကို ချစ်ခင်မိရာမှ မိဘလူကြီးတွေက ဘယ်လို အပြစ်ပြောပြီး ဆုံးမပေမဲ့ သူတို့ရဲ့ စွဲလမ်းမှုကို ပြန်မနှုတ်နိုင်တော့ဘူး၊ သူတို့ သဘောအတိုင်း အိမ်ထောင်ပြုကြလို့ အတိဒုက္ခ ရောက်သွားကြတယ် ရှိတယ်၊ အယူမှားပြီး ဒုက္ခရောက်သွားကြ...
26,083
Uncategorized
ကာမသုတ္တန်တရားတော်
အဲဒီလို ဖြစ်ပုံတွေဟာ လှံတံကျင်များ စူးဝင်သလို ကိလေသာ ကာမအစွဲတွေက အလွန်အကျွန်စူးဝင်ပြီး ဒုက္ခပေးပုံပါဘဲ။
26,084
Uncategorized
ကာမသုတ္တန်တရားတော်
နောက်ပြီးတော့ ကာမဂုဏ်အကြောင်းပြုပြီး မကောင်းမှုကို ပြုမိလို့ တံကျင် အလျှိုခံရတာတွေ၊ အပါယ်လေးပါးရောက်ပြီး ဆင်းရဲရတာတွေ၊ ဘဝအသစ် အသစ် ထပ်ခါထပ်ခါဖြစ်ပြီး အထပ်ထပ် သေနေကြရတာတွေ ဒါတွေဟာလဲ ကာမဂုဏ်လှံ ကာမဂုဏ်တံကျင် စူးပြီး ဆင်းရဲဒုက္ခ ရောက်ရတာတွေပါဘဲ။
26,085
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကြောင့် အဲဒီလို ဆင်ခြင်ပြီးတော့လဲ ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့။
26,086
Uncategorized
ကာမသုတ္တန်တရားတော်
နောက်ထပ် ဥပမာလေးခု ပြီးသွားပြန်ပြီ၊ အဲဒီ လေးခုကို တိုတိုနဲ့ ဆောင်မှတ်ထား ရအောင် “ငှါးရမ်း သစ်သီး၊ ဓားစဉ်းတီး၊ တနည်းလှံ တံကျင်တူသည်”လို့ ဆောင်ပုဒ်စီထားတယ်။
26,087
Uncategorized
ကာမသုတ္တန်တရားတော်
(၈) ငှါးရမ်း သစ်သီး၊ ဓားစဉ်းတီး၊ တနည်းလှံ တံကျင်တူသည်။
26,088
Uncategorized
ကာမသုတ္တန်တရားတော်
ကာမဂုဏ်တွေဟာ ငှါးရမ်းထားတဲ့ ပစ္စည်းလိုဘဲ အခိုက်အတန့်လောက်သာ ခံစား ရတယ်၊ သစ်သီးလိုဘဲ တပ်မက်စေပြီးတော့ ဆင်းရဲရောက်စေတတ်တယ်၊ ဓားနဲ့ စင်းတုံးလိုဘဲ ကြောက်စရာကောင်းတယ်၊ လှံတံကျင်လိုဘဲ စိတ်ထဲမှာစွဲဝင် နေတတ်တယ်၊ ကြောက်စရာလဲ ကောင်းတယ်လို့ ဆင်ခြင်ပြီး ကာမဂုဏ်တွေကို စွန့်ပယ်ရမယ်တဲ့၊ ဒါပါဘဲ။
26,089
Uncategorized
ကာမသုတ္တန်တရားတော်
(၁၀) မြွေခေါင်းနဲ့လဲ တူတယ်
26,090
Uncategorized
ကာမသုတ္တန်တရားတော်
သပ္ပသိရူပမာ၊ မြွေ၏ ခေါင်းနှင့်တူကြသည်”
26,091
Uncategorized
ကာမသုတ္တန်တရားတော်
လို့လဲ မြတ်စွာဘုရားက အခြားသုတ်တွေမှာ ဟောတော်မူပါသေးတယ်၊
26,092
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကတော့ ဒီသုတ် တတိယဂါထာမှာ “မြွေ၏ခေါင်းကို ခြေဖြင့် မနင်းမိ မတိုက်မိအောင် ရှောင်သလိုဘဲ ကာမဂုဏ်တွေကို ရှောင်ရမယ်”လို့ ဟောထားတဲ့ စကားနဲ့ အတူတူပါဘဲ။
26,093
Uncategorized
ကာမသုတ္တန်တရားတော်
ဒါကြောင့် ဒီဥပမာကိုတော့ ထပ်ပြောဘို့ မလိုပါဘူး။
26,094
Uncategorized
ကာမသုတ္တန်တရားတော်
(၁၁) မီးပုံကြီးနဲ့လဲ တူတယ်
26,095
Uncategorized
ကာမသုတ္တန်တရားတော်
အဂ္ဂိက္ခန္ဓူပမာ၊ မီးပုံကြီးနှင့်တူကြတယ်”
26,096
Uncategorized
ကာမသုတ္တန်တရားတော်
လို့လဲ မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်။
26,097
Uncategorized
ကာမသုတ္တန်တရားတော်
မီးပုံကြီးဆိုတာ မီးတောက်မီးလျှံ အစုအပုံကြီးကို ဆိုတာပါဘဲ၊ အဲဒီ မီးတောက်မီးလျှံ အစုအဝေး မီးပုံကြီးဟာ အနီးအပါး ကပ်လာတဲ့သူကို ပူလောင်စေတတ်တယ်၊ အဲဒီ မီးတောက်မီးလျှံ အစုအပုံကြီးကို ပွေ့ဖက်လိုက်မယ် ဆိုယင်တော့ အဲဒီလူကို ပူလောင်ပြီး သေစေနိုင်ပါတယ်၊ ဒါကြောင့် မီးတောက်မီးလျှံ အစုအပုံကြီးကို သိတတ်လိမ္မာတဲ့ လူတွေက အနီးအပါးသို့ မကပ...
26,098
Uncategorized
ကာမသုတ္တန်တရားတော်
မီးပူဖြင့် ကင်ပြီး လုပ်စရာရှိတောင်မှ ခပ်ဝေးဝေးကနေပြီး မီးကင်ကြပါတယ်၊ အဲဒီလို မဟုတ်ယင်လဲ မိမိကိုယ်ကို မပူအောင် အကွယ်အကာယူပြီး မီးကင်ကြပါတယ်။
26,099
Uncategorized
ကာမသုတ္တန်တရားတော်
ဒါပေမဲ့ မသိတတ်တဲ့ ပိုးဖလံခေါ် ခုန်ပျံတတ်တဲ့ ပိုးကောင်းကလေးများကတော့ အဲဒီ မီးလျှံ မီးတောက်ကို ဘယ်လိုထင်မြင်လို့လဲ မပြောတတ်ပါဘူး၊ သူတို့ကတော့ မီးတောက်မီးလျှံထဲ အတင်းခုန်ပျံပြီး တိုးဝင်ကြတော့တာဘဲ။
26,100
Uncategorized
ကာမသုတ္တန်တရားတော်
(ပိုးဖလံ-ဟူသော စကားသည် ပိုးပျံ-ဟူသော စကားနှင့် ထပ်တူပင် ဖြစ်သည်။