id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
26,501
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
သို့သော်လည်း နောက်ဆုံး၌ အပေါ်ယံမြေလွှာသည် နိမ့်ကျသွား၏။
26,502
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
B အား A က စွဲဆိုမည့်တရားမကြီးမှုတွင် စည်းကမ်းသတ်ကာလကို မြေနိမ့်ကျသည့် အချိန်မှစ၍ ရေတွက်ရမည်။
26,503
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
စာချုပ်စာတမ်းများတွင် ဖော်ပြထားသည့်အချိန် ကာလကို ရေတွက်ခြင်း
26,504
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၂၅။ ။
26,505
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ဤအက်ဥပဒေအလို့ငှာ စာချုပ်စာတမ်းအရပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ ပြက္ခဒိန် ကို ရည်ညွှန်း၍ ချုပ်ဆိုသည်ဟု မှတ်ယူရမည်။
26,506
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(က) ဟိန္ဒူလူမျိုးတစ်ဦးသည် မိမိတို့လူမျိုးဘာသာစကားအလိုက် အသုံးပြုသော ရက်စွဲသာတပ်ထား၍ ထိုရက်စွဲ၏နောက်မှလေးလအကြာတွင် ပေးဆပ်ရန် ဖော်ပြထားသော ငွေပေး ကတိစာချုပ်ကို ချုပ်ဆိုသည်။
26,507
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ထိုငွေပေး ကတိစာချုပ်အရ စွဲဆိုသော တရားမကြီးမှုတွင် အသုံးပြုမည့် စည်းကမ်းသတ် ကာလကို အပြည်ပြည်ဆိုင်ရာပြက္ခဒိန်နှင့်အညီ တွက်ချက်ကာ အဆိုပါ ရက်စွဲ၏နောက်မှ လေးလကုန်ဆုံးသည့် အချိန်မှစ၍ ရေတွက်ရမည်။
26,508
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(ခ) ဟိန္ဒူလူမျိုးတစ်ဦးသည် မိမိတို့လူမျိုးဘာသာစကားအလိုက် အသုံးပြုသော ရက်စွဲသာ တပ်ထားသည့် တစ်နှစ်အတွင်းငွေကို ပြန်လည်ပေးဆပ်ရန် ခံဝန်ကတိစာချုပ်တစ်ခုကို ကတိပြု ချုပ်ဆိုသည်။
26,509
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ထိုခံဝန်ကတိစာချုပ်အတွက် စွဲဆိုသော တရားမကြီးမှုတွင် အသုံးပြုမည့် စည်းကမ်းသတ် ကာလကို အပြည်ပြည် ဆိုင်ရာ ပြက္ခဒိန်နှင့်အညီ တွက်ချက်ကာ အဆိုပါ ရက်စွဲ၏နောက်မှ တစ်နှစ် ကုန်ဆုံးသည့် အချိန်မှစ၍ ရေတွက်ရမည်။
26,510
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
အပိုင်း ၄၊ လက်ဝယ်ရှိခြင်းဖြင့် ပိုင်ဆိုင်မှုရရှိခြင်း
26,511
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
သုံးစွဲခွင့်ရရှိခြင်း
26,512
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၂၆။ (၁) မည်သည့်အဆောက်အဦအတွက်မဆို အလင်းရောင် သို့မဟုတ် လေ၏အဝင်အထွက် နှင့် သုံးစွဲခွင့်ကို သုံးစွဲခွင့်အနေဖြင့်လည်းကောင်း၊ အခွင့်အရေးအနေဖြင့် လည်းကောင်း နှစ်ပေါင်းနှစ်ဆယ် အဆက်မပြတ် အနှောင့်အယှက်မရှိဘဲ ခံစား ခဲ့ရသောကိစ္စ၊
26,513
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ထို့ပြင်မည်သည့်လမ်းကြောင်းကိုမဆို သို့မဟုတ် ရေစီးကြောင်းကိုမဆို သို့မဟုတ် ရေသုံးစွဲခြင်းကိုမဆို သို့မဟုတ် အခြားရယူပိုင်ဆိုင်သော သို့မဟုတ် တားမြစ်ပိုင်သော သုံးစွဲခြင်းကိုမဆို သုံးစွဲခွင့် အနေဖြင့်လည်းကောင်း၊ အခွင့်အရေး အနေဖြင့်လည်းကောင်း ပိုင်ဆိုင်ခွင့်ရှိသည်ဟု တောင်းဆိုသော သူတစ်ဦးဦးက နှစ်ပေါင်း နှစ်ဆယ်အဆက်မပြတ် အနှောင့...
26,514
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
အဆိုပါ အလင်းရောင် သို့မဟုတ် လေ၊ လမ်းကြောင်း၊ ရေစီးကြောင်းတို့၏ အဝင်အထွက်နှင့်သုံးစွဲခွင့်၊ ရေသုံးစွဲခွင့် သို့မဟုတ် အခြားသုံးစွဲခွင့်တို့ကို ခံစားရန် အခွင့်အရေးသည် အကြွင်းမဲ့ဖြစ်သည့်အပြင် ပျက်ပြားခြင်းမရှိသော အခွင့်အရေး ဖြစ်သည်။
26,515
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
အဆိုပါ အနှစ်နှစ်ဆယ် ကာလအပိုင်းအခြားဆိုသည်မှာ သုံးစွဲခွင့်ကို အထင်အရှားဖြစ်စေရန် တရားစွဲဆိုသော တရားမကြီးမှု၌ ထိုသုံးစွဲခွင့်ကို တစ်ဦး တစ်ယောက်သောသူက ငြင်းဆိုသောနေ့မှစ၍ နှစ်နှစ်အတွင်းသို့ ဝင်လာသည့် အနှစ်နှစ်ဆယ်ကာလအပိုင်းအခြားကို ဆိုလိုသည်ဟု မှတ်ယူရမည်။
26,516
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၂) ပုဒ်မခွဲ (၁)အရ သုံးစွဲခွင့်ရရန်တောင်းဆိုခြင်းခံရသည့်ပစ္စည်းသည် အစိုးရပိုင်ပစ္စည်း ဖြစ်သောကိစ္စ၌ ထိုပုဒ်မခွဲပါ "နှစ်ပေါင်းနှစ်ဆယ်" ဆိုသည့်စကားရပ်အစား “နှစ်ပေါင်းခြောက်ဆယ်” ဆိုသည့် စကားရပ်ကို အစားထိုးဖတ်ရှုရမည်။
26,517
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
သုံးစွဲခွင့်တောင်းဆိုသူ မဟုတ်သည့် အခြားသူ တစ်ဦးတစ်ယောက်၏ ပြုလုပ်မှုဖြင့် တားဆီးခြင်းကြောင့် လက်ရှိဖြစ်ခြင်း သို့မဟုတ် အကျိုးခံစားခြင်းသည် အမှန်တကယ် ရပ်စဲခြင်း မဖြစ်လျှင်လည်းကောင်း၊ ထိုသို့တားဆီးခြင်းကို တောင်းဆိုသူက သိရှိသည့်အပြင် တားဆီးခြင်းကို ပြုသောသူ သို့မဟုတ် အလားတူပြုလုပ်စေရန် ခွင့်ပြုသော သူကိုလည်း သိရှိပြီးနောက်...
26,518
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(က) လမ်းအသုံးပြုပိုင်ခွင့်ကို တားဆီးသည့်အတွက် ၁၉၁၁ ခုနှစ်တွင် တရားမကြီးမှု စွဲဆိုသည်။
26,519
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
တရားပြိုင်က မိမိတားဆီးကြောင်းဝန်ခံသည်။
26,520
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
သို့ရာတွင် လမ်း အသုံးပြုပိုင်ခွင့်ရှိသည်ဟူသော အချက်ကိုမူ ငြင်းဆိုသည်။
26,521
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
တရားလိုက အခွင့်အရေး အနေဖြင့် လည်းကောင်း၊ သုံးစွဲခွင့်အနေဖြင့် လည်းကောင်း ပိုင်ဆိုင်ခွင့်ကို တောင်းဆိုလျက် မိမိသွားလာနေထိုင်သည့် လမ်းကို ၁၈၉၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၉၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ အဆက်မပြတ် အနှောင့် အယှက်မရှိ အေးချမ်းစွာအထင်အရှားခံစားခဲ့ကြောင်း သက်သေအထင်အရှား ပြသည်။
26,522
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
တရားလိုသည် အမှုတွင် အနိုင်ရခွင့် ရှိသည်။
26,523
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(ခ) အလားတူ တရားမမှုခင်းတစ်ခုတွင် အသုံးပြုပိုင်ခွင့်ကို အနှောင့်အယှက်မရှိ အေးချမ်းစွာ အထင်အရှား နှစ်ပေါင်းနှစ်ဆယ် ခံစားခဲ့ကြောင်း တရားလိုက ပြဆိုသည်။
26,524
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
တရားပြိုင်က တရားလိုသည် နှစ်ပေါင်းနှစ်ဆယ်အတွင်း၌ အသုံးပြု ပိုင်ခွင့်ကိုခံစားရန် မိမိထံမှတစ်ကြိမ် အခွင့်တောင်းဆိုဖူးကြောင်း ကို သက်သေ ထင်ရှားပြဆိုသည်။
26,525
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ထိုတရားမကြီးမှုကို ပလပ်ရမည်။
26,526
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
သုံးစွဲခံစားခွင့်ရှိသောပစ္စည်းနှင့်စပ်လျဉ်း၍ပစ္စည်းကိုပြန်လည်ခံစားရသူအတွက်ကို ချန်လှပ်ခြင်း
26,527
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၂၇။ သုံးစွဲခံစားခွင့် သို့မဟုတ် ရယူခံစားခွင့်ရှိသော မြေကိုဖြစ်စေ၊ ရေကိုဖြစ်စေ၊ တစ်သက်တာ အကျိုးကျေးဇူးအတွက်သော်လည်းကောင်း၊ ထိုမြေ သို့မဟုတ် ရေ တစ်ခုခုကို လွှဲပြောင်းသည့်နေ့မှစ၍ သုံးနှစ်ထက်မပိုသော ကာလအတွက်သော်လည်းကောင်း လက်ရှိဖြစ်ခဲ့ရသောကိစ္စ၌ အကယ်၍ ထိုအကျိုးကျေးဇူး သို့မဟုတ် ထိုကာလ ကုန်ဆုံးပြီးနောက် သုံးနှစ်အတွင်းတွင် အ...
26,528
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
A က B ၏မြေကို ဖြတ်သန်း၍ သွားလာခွင့်ရထိုက်ကြောင်း မြွက်ဟကြေညာပေးစေလိုမှုအတွက် တရားစွဲဆိုသည်။
26,529
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
A က ထိုသွားလာ ခွင့်ကို နှစ်ဆယ့်ငါးနှစ်ကာလ တိုင်တိုင်ခံစားခဲ့ကြောင်း သက်သေ အထင်အရှား ပြသည်။
26,530
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
သို့ရာတွင် B က အဆိုပါ နှစ်ဆယ့်ငါးနှစ်အနက် ဆယ်နှစ် အတွင်းတွင် ဟိန္ဒူ လူမျိုးမုဆိုးမ C သည် ထိုမြေ၌ တစ်သက်တာ အကျိုးကျေးဇူး ခံစားခွင့် ရရှိခဲ့ကြောင်း၊ C သေဆုံးသည့်အခါ၌ မိမိမှာပိုင်ဆိုင်ခွင့် ရှိလာကြောင်း၊ C သေဆုံးပြီးသည့် နောက်နှစ်နှစ်အတွင်းတွင် A က ဆိုင်ရာဆိုင်ခွင့် ရှိသည်ဟု တောင်းဆိုသည့်အချက်ကို မိမိကငြင်းဆိုကန့်ကွက်ခဲ့က...
26,531
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရဖြစ်လျှင် A သည် ဆယ့်ငါးနှစ်မျှ အကျိုးခံစား ခဲ့ကြောင်းသာလျှင် ပြဆိုသဖြင့် ထိုတရားမကြီးမှုကို ပလပ်ရမည်။
26,532
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ပစ္စည်းအပေါ်အခွင့်အရေးကို ဆုံးခန်းတိုင်စေခြင်း
26,533
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၂၈။ ပစ္စည်းလက်ဝယ်ရရှိလိုကြောင်း တရားမကြီးမှုစွဲဆိုခြင်းအတွက် တစ်ဦးတစ်ယောက်ကို ဥပဒေအရ ကန့်သတ်ထားသည့် ကာလအပိုင်းအခြား ကုန်ဆုံးသောအခါတွင် အဆိုပါ ပစ္စည်းအပေါ် အခွင့်အရေးသည် ဆုံးခန်းတိုင် စေရမည်။
26,534
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
အပိုင်း ၅၊ ခြွင်းချက်များ
26,535
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ခြွင်းချက်များ
26,536
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
၂၉။ (၁) ဤအက်ဥပဒေပါမည်သည့်အချက်ကမျှ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၅ ကို မထိခိုက်စေရ။
26,537
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၂) တရားမကြီးမှု၊ အယူခံမှု သို့မဟုတ် လျှောက်ထားမှုတစ်ခုခုအတွက် ပထမ ဇယားတွင် သတ်မှတ်ဖော်ပြထားသည့်ကာလ အပိုင်းအခြားနှင့် ကွဲလွဲနေသည့် စည်းကမ်းသတ်ကာလကို အထူးဥပဒေ၌သော်လည်းကောင်း၊ ဒေသန္တရဥပဒေ၌ သော်လည်းကောင်း ပြဋ္ဌာန်းထားရှိသည့်ကိစ္စတွင် စည်းကမ်းသတ်ကာလကို ထိုဥပဒေပါ အမှုတစ်ခုခုအတွက် ဤဥပဒေ၏ ပထမဇယားတွင် သတ်မှတ် ဖော်ပြထားဘိသကဲ့သိ...
26,538
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
ထို့ပြင် တရားမကြီးမှု၊ အယူခံမှု၊ လျှောက်ထားမှုတစ်ခုခုအတွက် အထူးဥပဒေ၌ သော်လည်းကောင်း၊ ဒေသန္တရဥပဒေ၌သော်လည်းကောင်း ပြဋ္ဌာန်းထားသော စည်းကမ်းသတ်ကာလကို ဆုံးဖြတ်ရန်အလို့ငှာ-
26,539
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(က) ဆိုခဲ့သည့် အထူးဥပဒေ၌ သော်လည်းကောင်း၊ ဒေသန္တရဥပဒေ၌ သော်လည်းကောင်း အတိအလင်းချန်လှပ်ခြင်း မရှိလျှင် ပုဒ်မ ၄ ၊ ပုဒ်မ ၉ မှ ၁၈ အထိနှင့် ပုဒ်မ ၂၂ တို့တွင် ပါရှိသော ပြဋ္ဌာန်းချက်များကို ချန်လှပ်ခြင်း မရှိသည် အထိသာ တတ်နိုင်သမျှ လိုက်နာရမည်။
26,540
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(ခ) ဤအက်ဥပဒေပါ ကျန်ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမပြုရ။
26,541
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကာလစည်းကမ်းသတ် အက်ဥပဒေ
(၃) ဤအက်ဥပဒေပါအချက်များသည် မြန်မာနိုင်ငံ လင်မယားကွာရှင်းပြတ်စဲခြင်း အက်ဥပဒေအရ စွဲဆိုသော တရားမကြီးမှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။
26,542
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
အတ္တဝဂ် ၈။
26,543
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ကာလမထေရ်ဝတ္ထု ယော သာသနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကာလမည်သော မထေရ်ကို အကြောင်းပြု၍ ဟောကြားတော်မူလေ၏။
26,544
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဘုရားရှင်ထံမှ တရားနာခွင့်မပေးလိုသူ
26,545
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
သာဝတ္ထိပြည်၌ တစ်ယောက်သောမိန်းမသည် မိခင်အရာ၌တည်၍ ထိုကာလမထေရ်ကို လုပ်ကျွေးသတတ်။
26,546
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ထိုမိန်းမ၏ အိမ်နီးချင်းနေသူ လူတို့သည် ဘုရားရှင်၏ အထံတော်၌ တရားနာပြီးလျှင် ပြန်လာ၍ “ဘုရားရှင်တို့မည်သည်ကား အလွန်အံ့ဖွယ်ရှိပေကုန်စွ၊ တရားဟောခြင်းသည် အလွန်သာယာနာပျော်ဖွယ် ရှိပေစွ”ဟု ချီးမွမ်းကြကုန်၏။
26,547
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ထိုမိန်းမသည် အိမ်နီးချင်းနေသူတို့၏ စကားကို ကြားရလျှင် “အရှင်ဘုရား- တပည့်တော်မသည်လည်း ဘုရားရှင်၏ တရားဒေသနာတော်ကို နာလိုပါသည်ဘုရား”ဟု ထိုကာလမထေရ်အား လျှောက်ထားလေ၏။
26,548
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ထိုကာလမထေရ်သည် “ထိုဘုရားအထံသို့ မသွားလင့်”ဟု ဒါယိကာမကို တားမြစ်လေ၏။
26,549
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ထိုဒါယိကာမသည် တစ်ဖန် မိုးသောက်သောနေ့၌လည်း တောင်းပန်လေ၏။
26,550
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
သုံးကြိမ်တိုင်အောင် ထိုကာလမထေရ် တားမြစ်သော်လည်း တရားတော်ကို နာလိုသည်သာလျှင် ဖြစ်ခဲ့လေ၏။
26,551
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
(အဘယ်ကြောင့် ထိုကာလမထေရ်သည် ထိုဒါယိကာမကို တားမြစ်ဘိသနည်း ဟူမူကား “ဘုရာရှင်၏အထံတော်၌ တရားနာရသည်ရှိသော် ငါ့အပေါ်၌ သဒ္ဓါပျက်ချေအံ့”ဟု ထိုကာလမထေရ်အား ဤသို့ အကြံဖြစ်သတတ်။
26,552
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
) ထိုအလုပ်အကျွေး ဒါယိကာမသည် တစ်နေ့သ၌ နံနက်စောစော၌သာလျှင် နံနက်စာထမင်း စားပြီးသည်ရှိသော် ဥပုသ်ဆောက်တည်၍ “ချစ်သမီး- အရှင်ကောင်းကို ကောင်းမွန်စွာ ဆွမ်းလုပ်ကျွေးရစ်လော့”ဟု ဆို၍ သမီးကို စေခိုင်းပြီးလျှင် ကျောင်းတော်သို့ သွားလေ၏။
26,553
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ထိုဒါယိကာမ၏ သမီးသည်လည်း ထိုရဟန်းကို ကြွလာသောအခါ ဆွမ်းလုပ်ကျွေး၏။
26,554
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
“ဒါယိကာမကြီးကား အဘယ်သို့ သွားသနည်း”ဟု မေးသည်ရှိသော် “တရားနာခြင်းငှာ ကျောင်းတော်သို့ သွားပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။
26,555
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ထိုကာလမထေရ်သည် ထိုစကားကို ကြားလျှင်ကြားချင်း ဝမ်း၌ဖြစ်သော ဒေါသဖြင့် ပူလောင်လတ်သည် ဖြစ်ရကား “ယခုအခါ ဒါယိကာမကြီးသည် ငါ့အပေါ်၌ သဒ္ဓါပျက်ချေပြီ”ဟု လျင်စွာသွားတဲ့၍ ဘုရားရှင်အထံတော်၌ တရားနာနေသော ဒါယိကာမကိုမြင်လျှင် ဘုရားရှင်ကို “မြတ်စွာဘုရား- ဤမိန်းမသည် နုံ့နှေးထိုင်းမှိုင်းလှပါသည်။
26,556
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
သိမ်မွေ့သော တရားစကားကို မသိနိုင်ပါ။
26,557
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဤမိန်းမအား ခန္ဓာစသည်နှင့်စပ်သော သိမ်မွေ့သော တရားစကားကို မဟောမူ၍ ဒါနကထာကိုလည်းကောင်း၊ သီလကထာကိုလည်းကောင်း ဟောခြင်းငှာ သင့်ပါသည်ဘုရား”ဟု လျှောက်လေ၏။
26,558
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
မြတ်စွာဘုရားသည် ထိုကာလမထေရ်၏ ယုတ်မာသော အလိုအဇ္ဈာသယကို သိတော်မူသဖြင့် “သင်သည် ပညာမရှိသည်ဖြစ်၍ ယုတ်မာသောအယူကိုမှီလျက် ဘုရားရှင်တို့၏ အဆုံးအမကို တားမြစ်ကန့်ကွက်ဘိ၏။
26,559
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
မိမိကိုယ်ကို သတ်ခြင်းငှာသာလျှင် လုံ့လပြုဘိ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
26,560
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဒေသနာတော် [၁၆၄] ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။
26,561
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိံ နိဿာယ ပါပိကံ။
26,562
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဖလာနိ ကဋ္ဌကဿေဝ၊ အတ္တဃာတာယ ဖလ္လတိ။
26,563
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။
26,564
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ပါပိကံ၊ ယုတ်မာသော။
26,565
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဒိဋ္ဌိံ၊ အယူကို။
26,566
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
နိဿာယ၊ မှီ၍။
26,567
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဓမ္မဇီဝိနံ၊ တရားနှင့်အညီ အသက်မွေးခြင်းရှိကုန်ထသော။
26,568
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
အရဟတံ၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော။
26,569
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့၏။
26,570
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
သာသနံ၊ အဆုံးအမတော်ကို။
26,571
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ပဋိက္ကောသတိ၊ တားမြစ်၏။
26,572
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
တဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။
26,573
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
သာ ဒိဋ္ဌိ၊ ထိုယုတ်မာသောအယူသည်။
26,574
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ကဋ္ဌကဿ၊ ဝါးဟုဆိုအပ်သော သစ်ပင်၏။
26,575
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဖလာနိ ဣဝ၊ အသီးတို့ကဲ့သို့။
26,576
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
အတ္တဃာတာယ၊ မိမိကိုယ်ကို သတ်ခြင်းအလို့ငှာ။
26,577
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဖလ္လတိ၊ သီး၏။
26,578
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဝါ၊ ဖြစ်၏။
26,579
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဒေသနာတော်၌ မှတ်ဖွယ်
26,580
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
(ပညာမရှိသောပုဂ္ဂိုလ်သည် မိမိ ပူဇော်သက္ကာရ ဆုတ်ယုတ်အံ့သည်မှ ကြောက်လန့်သဖြင့် ယုတ်မာသောအယူကိုမှီ၍ “တရားနာအံ, အလှူလှူအံ့”ဟု ပြောဆိုသောသူတို့ကို တားမြစ်ပိတ်ပင်လျက် ဘုရားရှင်တို့၏ သာသနာ အဆုံးအမတော်ကို တားမြစ်ပိတ်ပင်လေ့ရှိ၏။
26,581
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ထိုပုဂ္ဂိုလ်၏ တားမြစ်ပိတ်ပင်ခြင်းသည်လည်းကောင်း၊ ယုတ်မာသော အယူသည်လည်းကောင်း ဝါးသီးနှင့်တူလေ၏။
26,582
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဝါးပင်သည် အသီးသီးသည်ရှိသော် မိမိကိုယ်ကို သတ်ခြင်းငှာ သီးသကဲ့သို့ ထို့အတူ ထိုပုဂ္ဂိုလ်သည်လည်း မိမိကိုယ်ကို သတ်ခြင်းငှာသာလျှင် ယုတ်မာသောအယူ ဖြစ်လေ၏။
26,583
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ထို့ကြောင့် ဤဂါထာကို မိန့်ဆိုအပ်သည်သာလျှင်တည်း။
26,584
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
) ဖလံ ဝေ ကဒလိံ ဟန္တိ၊ ဖလံ ဝေဠုံ ဖလံ နဠံ။
26,585
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
သက္ကာရော ကာပုရိသံ ဟန္တိ၊ ဂဗ္ဘော အဿတရိံ ယထာ။
26,586
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဖလံ၊ ငှက်ပျောသီးသည်။
26,587
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ကဒလိံ၊ ငှက်ပျောပင်ကို။
26,588
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဟန္တိ ယထာ၊ သတ်သကဲ့သို့လည်းကောင်း။
26,589
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဖလံ၊ ဝါးသီးသည်။
26,590
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဝေဠုံ၊ ဝါးပင်ကို။
26,591
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဖလံ၊ ကျူသီးသည်။
26,592
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဂဗ္ဘော၊ အဿတိုရ်မြင်းငယ် ကိုယ်ဝန်သည်။
26,593
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
အဿတရိံ၊ အမိအဿတိုရ် မြင်းမကို။
26,594
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
သက္ကာရော၊ မိမိကိုမှီ၍ဖြစ်သော လာဘ်ပူဇော် သက္ကာရသည်ကား။
26,595
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ကာပုရိသံ၊ ပညာမရှိသော ပုဂ္ဂိုလ်ကို။
26,596
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဟန္တိ၊ သတ်၏။
26,597
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ဒေသနာတော်၏အဆုံး၌ ဒါယိကာမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
26,598
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။
26,599
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထု
ကာလမထေရ်ဝတ္ထုပြီး၏။
26,600
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကာလတ္ထေရဝတ္ထုဂါထာ
၁၂-အတ္တဝဂ်။