id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
26,701 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ထိုအချိန်မှစ၍ မောင်ကာလလည်း မြတ်စွာဘုရားကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ပြီး မိဘ စကား နားထောင်ကာ လိမ်လိမ်မာမာ နေတော့မည်ဖြစ်ကြောင်း ဖခင်ကြီးအား ကတိပေးလေသည်။ |
26,702 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ဖခင်အနာထပိဏ်သူဌေးကြီးလည်း လိမ္မာယဉ်ကျေးလာသော သားတော်မောင်ကာလအတွက် ပြောမ ပြနိုင်လောက်အောင် ပီတိဖြစ်နေပါတော့သည်။ |
26,703 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | သင်ခန်းစာ (၁၅) |
26,704 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ။ ကာလသူဌေးသား |
26,705 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ။ မိဘစကား နားထောင်သဖြင့် ကောင်းကျိုးများရရှိနိုင်ကြောင်း သိရှိစေရန်။ |
26,706 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ֍ “သားတို့သမီးတို့... မိဘစကားနားမထောင်လို့ ဒုက္ခရောက်သွားတဲ့ ဇာတ်လမ်းနဲ့ မိဘစကား နားထောင်လို့ ကောင်းကျိုးချမ်းသာရရှိသွားတဲ့ ဇာတ်လမ်းတွေကို မှတ်မိကြသေးလား၊ ပြောပြပါဦး”ဟု မေး၍ စာသင်ချိန်ကို စတင် ပါ။ |
26,707 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | (ကလေးများ မမှတ်မိလျှင် တတိယတန်း သင်ခန်းစာ (၂၆)၊ “စည်တီးသမားလေး” ဇာတ်လမ်းနှင့် စတုတ္ထတန်း သင်ခန်းစာ (၁၄)၊ “မိဘစကား နားထောင်သော ဒီဃာဝု” ဇာတ်လမ်းကို ဆရာက အကျဉ်းချုပ်၍ ပြန်လည်ပြောပြ ပေးပါ။ |
26,708 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ) ֍ ပြီးလျှင် မိဘစကားနားထောင်၍ အကျိုးကျေးဇူးရရှိပုံ (သို့) မိဘစကားနားမထောင်မိ၍ ဒုက္ခရောက်ရပုံကို ကလေး များသိသော၊ ကြားဖူးသော ဇာတ်လမ်း၊ အဖြစ်အပျက်များကို ပြောပြကြပါစေ။ |
26,709 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ֍ “သားတို့သမီးတို့မှာ ဇာတ်လမ်းလေးတွေ၊ အဖြစ်အပျက်လေးတွေ အများကြီးရှိနေကြတာပဲ၊ အဲဒီလိုပဲ မြတ်စွာဘုရားရှင် လက်ထက်ကလည်း သူဌေးသားဇာတ်လမ်းလေး တစ်ပုဒ်ရှိခဲ့တယ်၊ အဲဒီ သူဌေးသားလေးက ဘယ်လို လူစားမျိုးလဲဆိုတာ နောက်စာသင်ချိန်မှာ လေ့လာကြည့်ရအောင်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။ |
26,710 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။ |
26,711 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ֍ အောက်ပါ ကာလသူဌေးသား ဇာတ်လမ်းကို ကလေးများကိုယ်တိုင် ဖတ်ကြပါစေ၊ |
26,712 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ကာလသူဌေးသား |
26,713 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | မြတ်စွာဘုရား လက်ထက်တော်အခါက အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို အမြဲ မပြတ် နာယူလေ့ရှိ၏။ |
26,714 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ရဟန်းသံဃာတော်များကိုလည်း နေ့စဉ်နေ့တိုင်း ဆွမ်းကပ်လှူဒါန်း၏။ |
26,715 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | အနာထပိဏ်သူဌေးကြီးတွင် ကာလအမည်ရှိ သားတစ်ယောက်ရှိသည်။ |
26,716 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | မောင်ကာလသည် ဖခင် အနာထပိဏ် သူဌေးကြီးကဲ့သို့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းခြင်း မရှိပေ။ |
26,717 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | မြတ်စွာဘုရားရှင်၏ တရားတော်ကိုလည်း နာကြားရ ကောင်းမှန်း မသိပေ။ |
26,718 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | မြတ်စွာဘုရား အိမ်သို့ကြွလာလျှင်လည်း ရှိခိုးဦးချလေ့မရှိ၊ အရိုအသေပေးလေ့မရှိပေ။ |
26,719 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ဖခင်၏ ဆုံးမစကားကို နားမထောင်ဘဲ ပျော်ပါးသောက်စား၍သာ နေလေရာ ဖခင်အနာထပိဏ်သူဌေးကြီးလည်း သားကို ဆုံးမ ရန် နည်းလမ်းအမျိုးမျိုး ရှာကြံလျက်ရှိ၏။ |
26,720 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | တစ်နေ့တွင် အကြံတစ်ခုရလာ၏။ |
26,721 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ထို့ကြောင့် သားကို ခေါ်၍ “သား ...ဘုရားရှင်ရဲ့ ကျောင်းတော်ကို သွားပြီး ဥပုသ်စောင့်မယ်ဆိုရင် မင်းကို တစ်နေ့အတွက် မုန့်ဖိုး အသပြာတစ်ရာ ပေးမယ်” ဟု ပြောလိုက်သည်။ |
26,722 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | မောင်ကာလလည်း မုန့်ဖိုးတစ်ရာ လိုချင်သည့်အတွက် ကျောင်းတော်သို့ သွား၍ ဥပုသ်စောင့်လေ၏။ |
26,723 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ကျောင်းတော်တွင် အိပ်၍ အိမ်သို့ ပြန်လာကာ ဖခင်ထံမှ မုန့်ဖိုးတစ်ရာကို တောင်းယူသုံးဖြုန်းပစ်၏။ |
26,724 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ဤနည်းအတိုင်း ဆက်လက် ဖြစ်နေခဲ့ရာ ဖခင်အနာထပိဏ် သူဌေးကြီးအတွက်လည်း ငွေကုန်ရကျိုး မနပ်ခဲ့ပေ။ |
26,725 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | တစ်နေ့တွင် ဖခင်အနာထပိဏ်သူဌေးကြီးက “သား ... ဒီနေ့ မြတ်စွာဘုရား ကျောင်းတော်ကို သွားပြီး တရား တစ်ပုဒ် နာယူခဲ့ပါ၊ အဲဒီတရားကို ပြန်ပြောပြနိုင်ရင် မုန့်ဖိုး အသပြာတစ်ထောင်ပေးမယ်”ဟု ပြောလိုက်၏။ |
26,726 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | မောင်ကာလလည်း ဘုရားရှင်ထံ သွားရောက်ပြီး တရားတော်ကို မှတ်မိအောင် ဂရုတစိုက်နာယူ၏။ |
26,727 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | သို့သော် ရှေ့ကမှတ် နောက်က မေ့ ဖြစ်နေ၏။ |
26,728 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | မောင်ကာလလည်း တရားတစ်ပုဒ်ကို မှတ်မိအောင် ကြိုးစား၍ နာယူလိုက်သဖြင့် သောတာပန်အဖြစ်သို့ ရောက်ရှိသွား၏။ |
26,729 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ထို့ကြောင့် အသပြာတစ်ထောင် လိုချင်စိတ် လုံးဝမရှိတော့ပေ။ |
26,730 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | နောက်တစ်နေ့နံနက်တွင် မောင်ကာလသည် မြတ်စွာဘုရားရှင်နှင့်အတူ အိမ်သို့ ပြန်လာခဲ့၏။ |
26,731 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | “ဖခင်သူဌေးကြီးက ဘုရားရှင်ရဲ့ရှေ့မှာ အသပြာတစ်ထောင်ကို သူ့အား မပေးပါစေနဲ့”ဟုလည်း လမ်းတစ်လျှောက်လုံး ဆုတောင်း လာခဲ့၏။ |
26,732 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ထို့နောက် သူဌေးကြီးက ဘုရားရှင်ရှေ့၌ပင် အသပြာတစ်ထောင်ကို မောင်ကာလ အားပေးရာ မောင်ကာလလည်း အလွန်ရှက်သွား၏။ |
26,733 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | “အသပြာ မလိုချင်တော့ပါ”ဟုလည်း ငြင်းပယ်၏။ |
26,734 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | မောင်ကာလလည်း ထပ်ကာ ထပ်ကာ ငြင်းပယ်၏။ |
26,735 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ထိုအခါ အနာထပိဏ်သူဌေးကြီးသည် ယခင်နေ့များနှင့်မတူ တမူထူးခြားနေသော သူ့သား၏ ဖြစ်အင်ကို မြတ်စွာဘုရားရှင်အား လျှောက်ထားလိုက်၏။ |
26,736 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | မြတ်စွာဘုရားရှင်က “သူဌေးကြီး ... ဒီနေ့ သင့်သားဟာ စကြဝတေး မင်းရဲ့ စည်းစိမ်ချမ်းသာ၊ နတ်မင်း၊ ဗြဟ္မာမင်းတို့ရဲ့ စည်းစိမ်ချမ်းသာထက် သာလွန်ထူးကဲတဲ့ သောတာပတ္တိဖိုလ် ချမ်းသာကို ရရှိခံစားနေရပြီ၊ ဒါ့ကြောင့် အသပြာတစ်ထောင်ကို မလိုချင်တော့တာ ဖြစ်တယ်”ဟု မိန့်တော်မူလိုက်လေသည်။ |
26,737 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ထိုအချိန်မှစ၍ မောင်ကာလလည်း မြတ်စွာဘုရားကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ပြီး မိဘစကားနားထောင် ကာ လိမ်လိမ်မာမာ နေတော့မည်ဖြစ်ကြောင်း ဖခင်ကြီးအား ကတိပေးလေသည်။ |
26,738 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ဖခင်အနာထပိဏ်သူဌေးကြီးလည်း လိမ္မာယဉ်ကျေးလာသော သားမောင်ကာလအတွက် ပြောမပြနိုင်လောက်အောင် ပီတိဖြစ်နေပါတော့သည်။ |
26,739 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | အနာထပိဏ်သူဌေး၏သား ကာလသတို့သားဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ တတိယတွဲ၊ ၄၁၈-၄၂၁။ |
26,740 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ဓမ္မ၊ဋ္ဌ၊၂၊၁၂၃။ |
26,741 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ֍ အောက်ပါမေးခွန်းများကို မေးပါ။ |
26,742 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | -ကာလသူဌေးသားဟာ ဘယ်သူရဲ့ သားလဲ။ |
26,743 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | -ကာလသူဌေးသားဟာ အရင်က ဘယ်လိုပုံစံမျိုး ပြုမူနေထိုင်ခဲ့သလဲ။ |
26,744 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | -ဖခင်သူဌေးကြီးက သူ့သားကို ဘာလုပ်ခိုင်းခဲ့သလဲ။ |
26,745 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | -ကာလသူဌေးသားဟာ ဘာကြောင့် ဥပုသ်စောင့် သွားရတာလဲ။ |
26,746 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | -သူဌေးကြီးက နောက်ဆုံး ဘယ်လိုစိတ်ကူးနဲ့ သူ့သားကို မြတ်စွာဘုရားကျောင်းတော်သို့ လွတ်လိုက်သလဲ။ |
26,747 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | -မြတ်စွာဘုရားရဲ့တရားတော်ကို နာယူပြီးတဲ့နောက်မှာ ကာလသူဌေးသားဟာ ဘယ်လို ပြောင်းလဲသွားခဲ့သလဲ။ |
26,748 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | -အကယ်၍ ကာလသူဌေးသားဟာ ဖခင်သူဌေးကြီးရဲ့ စကားကိုသာ နားမထောင်ခဲ့ဘူးဆိုရင် ဘာတွေ ဖြစ်လာ နိုင်သလဲ။ |
26,749 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | -သားတို့သမီးတို့သာ ကာလသူဌေးသားနေရာမှာဆိုရင် ဘာလုပ်မလဲ။ |
26,750 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ֍ “သားတို့သမီးတို့ ... မိဘစကားအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုတဲ့ အလုပ်တစ်ခုကို စာရွက်ပေါ်မှာ ရေးကြရ မယ်၊ ပြီးတော့ အလှည့်ကျ ပြောပြကြရမယ်၊ တစ်ဦးပြောပြနေတုန်းမှာ အားလုံးက နားထောင်ထားပြီး ကိုယ်သာ ဆိုရင် လိုက်လုပ်ဖို့ သဘောတူ၊ မတူ ဆုံးဖြတ်ပြီး ပြန်ပြောပြရမယ်”ဟု ဆိုကာ စာရွက်တစ်ရွက်စီကို ကလေးတိုင်းအား ပေးပါ။ |
26,751 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | (စဉ်းစားဖြေဆိုနေစဉ်၌ မတူညီသော အဖြေအမျိုးမျိုး ရရှိအောင် ဆရာက ကူညီပံ့ပိုးပေးပါ။ |
26,752 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ) ֍ တစ်ဦးချင်းစီ၏ တင်ပြချက်အပေါ် အခြားသူများက သဘောတူလျှင် အဘယ်ကြောင့် သဘောတူသည်၊ သဘော မတူလျှင် အဘယ်ကြောင့် သဘောမတူသည်ဟူသော အကြောင်းပြချက်များကို ဆရာက ဖော်ထုတ်ပေးပါ။ |
26,753 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ။ စာရွက်လွတ်များ၊ |
26,754 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ֍ ကလေးများအား အောက်ပါမေးခွန်းကို မေး၍ ကလေးများ၏ အဖြေများကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်း တင်ပေးထားပါ။ |
26,755 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | အောက်ပါမျှော်မှန်းအဖြေများ ပါဝင်အောင် ဆရာက လမ်းကြောင်းပေးပါ။ |
26,756 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | -သားတို့သမီးတို့ကို မိဘတွေက မကြာခဏ ဆုံးမလေ့ရှိတဲ့စကားတွေက ဘာတွေလဲ။ |
26,757 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | (မျှော်မှန်းအဖြေ = စာကျက်ဖို့၊ လောင်းကစားမလုပ်ဖို့၊ ကျောင်းမပြေးဖို့၊ ရန်မဖြစ်ဖို့၊ TV အလွန်အကျွံ မကြည့်ဖို့၊ အိပ်ရာ စောစောထဖို့၊ ဆေးလိပ် မသောက်ဖို့၊ မိဘကို ကူညီဖို့ ... စသည်) |
26,758 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ֍ ထို့နောက် ကလေးများကို အုပ်စု (၅) စုဖွဲ့၍ ဆရာမှတ်တမ်းတင်ထားသော ပထမဦးဆုံးအချက် ငါးချက်အနက် တစ်ဖွဲ့စီကို တစ်ချက်စီပေး၍ ၄င်းတို့၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြီး အောက်ပါ နမူနာပုံစံအတိုင်း စာရွက် လွတ်များတွင် ရေးသားကြပါစေ။ |
26,759 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ဥပမာ-(စာကျက်ဖို့၊၊ ကျောင်းမှန်မှန်တက်ဖို့၊ ရန်မဖြစ်ဖို့၊ အိပ်ရာစောစောထဖို့ ...) |
26,760 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | မိဘစိတ်ချမ်းသာစာကျက်ဖြစ်မယ်အတန်းထဲ ဆုရဆရာ ဆရာမများ ချစ်ခင်ရန်မဖြစ်ဖို့အားလုံးနဲ့အဆင်ပြေမယ်စာကျက်ဖို့သူငယ်ချင်းတွေ လေးစားစာတော်/စာရမိဘ စိတ်ချမ်းသာ |
26,761 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ֍ အုပ်စုအားလုံး ပြုလုပ်ပြီးပါက ဆွေးနွေးထားသော အချက်များကို နံရံတွင် ကပ်စေ၍ ကလေးတိုင်းက လိုက်လံ ကြည့်ရှုကြပါစေ။ |
26,762 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | လိုက်လံကြည့်ရှုနေစဉ် ဖြည့်လိုသည့်အချက်များရှိလျှင် ဖြည့်နိုင်ကြောင်း ဆရာက မှာထားပါ။ |
26,763 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ဆရာကလည်း လိုက်လံကြည့်ရှုပါ။ |
26,764 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား (ဆရာ) | ֍ ကလေးများ၏ ဆွေးနွေးချက်များမှ ရရှိသော အကျိုးများကို ကြည့်ပြီး ဆရာက သင်ယူမှုဦးတည်ချက် ရောက်အောင် အနှစ်ချုပ်ပေးပါ။ |
26,765 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကာလဟတ္ထိ ကျောက်စာ | ၆“ဖျက် ၆ သူကာ အဝစိယ်အထယ် နစ်စိယ်သတေ ဝ |
26,766 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကာလဟတ္ထိ ကျောက်စာ | ၇ ။ ကွံ တလျည်ဖုတ် ၆ အကျွမ်မရဧသိုဝ် ဖ္လစ်စိယ်သတေ၊” ကွံ |
26,767 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကာလဟတ္ထိ ကျောက်စာ | [ဖျက်သောသူကား အဝီစိအထဲ နစ်စေသတည်း။ |
26,768 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကာလဟတ္ထိ ကျောက်စာ | ဝါဂွမ်း တစ် (လျဉ်/လှည်း?)ဖုတ်သော အကျွမ်းမရ၏သို့ ဖြစ်စေသတည်း။ |
26,769 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ကာလာမသုတ် အနှစ်ချုပ် |
26,770 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မှတ်တမ်း သာသနာတော်နှစ် ၂၅၅၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်၊ ၂၆-၁၁-၂၀၁၁ (စနေနေ့)၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့၊ အကွက်(၂၇၆) ရှမ်းပိုင်းရပ်၊ ၈၆ လမ်း၊ ၃၆-၃၇ လမ်းကြား (၁၅၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဓမ္မဒါန အမတဒါန တရားပွဲကြီး၌ ရှမ်းဝိုင်းရပ်၊ နှစ်ဖက်သော မိဘများကို အမှူးထ... |
26,771 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အင်္ဂုတ္တရနိကာယ်မှာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောကြားထားတဲ့ သုတ္တန်တစ်ခုကို “ကာလာမသုတ် သို့မဟုတ် ကေသမုတ္တိသုတ်” လို့ အမည်နှစ်မျိုးဖြင့်ထင်ရှားတဲ့သုတ်တစ်သုတ် ဟောကြားထားတာရှိတယ်။ |
26,772 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒီသုတ္တန်နဲ့ အလားတူတဲ့ နောက်တစ်သုတ်လည်းရှိတယ်၊ ဘဒ္ဒိယမင်းသားကို ဟောထားတဲ့ သုတ္တန်ဖြစ်တယ်။ |
26,773 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒီကာလာမသုတ်က ထင်ရှားတယ်။ |
26,774 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဗုဒ္ဓဘာသာကို လေ့လာကြတဲ့ နိုင်ငံခြားသားတွေက ဒီသုတ္တန်ကို အလေးဂရုထားပြီး ညွှန်းဆိုလေ့ရှိကြတယ်။ |
26,775 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဘာဖြစ်လို့တုန်းဆိုတော့ ဒီသုတ္တန်က စဉ်းစားဉာဏ်ကို ဦးစားပေးပြီး ဟောကြားထားတဲ့သုတ္တန် ဖြစ်လို့ပဲ။ |
26,776 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | နောက်ဆုံး ဘာသာဝါဒတွေကိုငြင်းပယ်တဲ့ ကွန်မြူနစ်ဝါဒီတွေကတောင် ဒီသုတ္တန်ကို လက်ဆုပ်လက်ကိုင်ပြုပြီး ပြောဆိုလေ့ရှိကြတာကို တွေ့ရတယ်။ |
26,777 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သို့သော်လည်း ထိုပြောဆိုမှုတွေဟာ ဗုဒ္ဓမြတ်စွာရဲ့အာဘော်မကျဘူး၊ ဒါသုတ္တန်ကို တလွဲအသုံးချတာဖြစ်တယ်။ |
26,778 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မြတ်စွာဘုရားရဲ့ ရည်ရွယ်ချက်အစစ်ကို နားလည်ဖို့ အင်မတန်မှ အရေးကြီးတယ်။ |
26,779 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒီတော့ ဒီသုတ္တန်ကို “ကာလာမသုတ္တန်” လို့ တော်တော်များများ သိနေကြတယ်။ |
26,780 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒီသုတ္တန်နဲ့ ပတ်သက်ပြီး ဗုဒ္ဓမြတ်စွာရဲ့ ဆိုဆုံးမခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေက ကာလာမ လူမျိုးတွေ၊ ကာလာမ အမျိုးသားတွေပဲ။ |
26,781 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သို့သော် ဒီသုတ္တန်ဟောတဲ့ နေရာကတော့ 'ကေသမုတ္တ' ဆိုတဲ့ နိဂုံးရွာကြီးဖြစ်တယ်။ |
26,782 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒီ ကာလာမ ဆိုတဲ့ လူမျိုးတွေက ကေသမုတ္တဆိုတဲ့ နိဂုံးရွာမှာနေကြတယ်၊ အဲဒီတော့ နိဂုံးရွာနာမည်နဲ့ဆိုရင် ကေသမုတ္တသုတ်လို့ ခေါ်သင့်တယ်။ |
26,783 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ပိဋကတ်သုံးပုံမှာ သုတ္တန်တွေကို အမည်ပေးတဲ့အခါ မြတ်စွာဘုရားကိုယ်တိုင် အမည်ပေးခဲ့တာ ရှိတယ်။ |
26,784 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သို့သော် ဘုရားကိုယ်တိုင် အမည်ပေးခဲ့တဲ့သုတ်က အင်မတန်နည်းတယ်၊ နောက်ပိုင်းမှာ သံဂါယနာဆရာတွေက မှတ်သားလို့လွယ်အောင် ဟောကြားရာဌာနကို ရည်ညွှန်းပြီးတော့ သုတ္တန်တွေရဲ့ နာမည်ကိုပေးတယ်။ |
26,785 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒီသုတ္တန်တွေထဲမှာ အဓိကဦးတည်ပြီးတော့ဟောတဲ့ ပုဂ္ဂိုလ်ရဲ့ နာမည်နဲ့လည်း သုတ္တန်တွေကို အမည်ပေးခဲ့တယ်။ |
26,786 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ထိုသုတ္တန်ထဲမှာပါတဲ့ အကြောင်းအရာတစ်ရပ်ကို ဖော်ညွှန်းပြီးတော့လည်း သုတ္တန်ရဲ့နာမည်ပေးကြတယ်။ |
26,787 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အခု ဒီ ကာလာမသုတ္တန်ဆိုတာ မြတ်စွာဘုရားကိုယ်တိုင်က အမည်ပေးခဲ့တဲ့ သုတ္တန်တော့ မဟုတ်ဘူး။ |
26,788 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒါကြောင့် ဒီသုတ္တန်ရဲ့ နာမည်က နာမည်အမျိုးမျိုးဖြစ်တာ။ |
26,789 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဟောကြားတဲ့နေရာကို ကြည့်မယ်ဆိုရင်တော့ ကေသမုတ္တ၊ ကေသမုတ္တဆိုတဲ့ စကားလုံးတောင်မှလည်း သီဟိုဠ်မူ အနေနဲ့ပြောမယ်ဆိုရင် ကေသပုတ္တလို့ပြောရမယ်။ |
26,790 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ကေသပုတ္တလို့လည်း ခေါ်တယ်၊ ကေသမုတ္တလို့လည်း ခေါ်တယ်။ |
26,791 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒါကတော့ နိဂုံးရွာတစ်ရွာရဲ့နာမည်ဆိုတော့ ဘယ်ဟာအမှန်လို့ပြောဖို့ရာ ခက်တယ်။ |
26,792 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဘာဖြစ်လို့တုန်းဆို သမိုင်းဆိုတာ မှတ်တမ်းတင်တဲ့အခါ အမည်နာမကလည်း ရွေ့လျားပြောင်းလဲသွားတယ်လေ။ |
26,793 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ဒီ့ပြင်နေရာမကြည့်နဲ့၊ ဒီနေ့ မန္တလေးတောင်မှပဲ အမည်နာမတွေ ရွေ့လျားပြောင်းလဲနေတာ ရှိတာပဲ။ |
26,794 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | တစ်ခေတ်နဲ့တစ်ခေတ်၊ တစ်ချိန်နဲ့တစ်ချိန် မတူကြဘူးလေ၊ ဘုန်းကြီးတို့ ငယ်စဉ်ကာလက ဒီနားမှာနေတာ။ |
26,795 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ရှမ်းဝိုင်းလို့ ဒီအရပ်ကို ခေါ်ကြတာပေါ့နော်။ |
26,796 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | သို့သော်လည်း အခုတော်တော်များများက ရှမ်းဝိုင်းလို့ သိပ်မသိကြဘူး၊ တဖြည်းဖြည်း အမည်နာမဆိုတာ ပြောင်းသွားတာ၊ ဟို ၄၁ လမ်း ပတ်ဝန်းကျင်နား၊ ၈၄ လမ်း ပတ်ဝန်းကျင်၊ ရှေ့တုန်းက ရွာဟိုင်းစျေးလို့ ခေါ်တယ်၊ ရွာဟိုင်းစျေး။ |
26,797 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အခုဒီကနေ့ကျတော့ မန်းမြို့စျေးဖြစ်နေတယ်၊ ရွာဟိုင်းစျေးလို့ပြောရင် လူသိပ်မသိတော့ဘူး၊ မန်းမြို့စျေးလို့ပြောမှ လူကသိတာကိုး။ |
26,798 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | မင်းတုန်းမင်းကြီး လက်ထက်တုန်းက နာမည်တွေလည်းပဲ အခုချိန် ပြောင်းသွားတာတွေ ရှိမှာပေါ့။ |
26,799 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | ခေတ်ကာလအလိုက် နာမည်တွေဟာ အမျိုးမျိုးပြောင်းလဲပြီးနေတာဖြစ်လို့ နိဂုံးရွာကို ကေသပုတ္တလို့ ခေါ်တာလား၊ ကေသမုတ္တလို့ ခေါ်တာလားဆိုတာ ဒါက အရေးမကြီးတဲ့အချက်တစ်ခုပဲ။ |
26,800 | Uncategorized | ကာလာမသုတ် အနှစ်ချုပ် | အဲဒီတော့ ကေသပုတ္တလို့ခေါ်ချင်ခေါ်၊ ကေသမုတ္တလို့ ခေါ်ချင်ခေါ် ဒီနာမည်ဟာ နိဂုံးရွာရဲ့နာမည်၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် တရားဟောခဲ့တဲ့ဒေသပဲ၊ ဒီလိုပဲ မှတ်တမ်းတင်ရမယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.