id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
26,601 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ၈-ကာလတ္ထေရဝတ္ထု |
26,602 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ၁၆၄။ ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။ |
26,603 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိ နိဿာယ ပါပိကံ။ |
26,604 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိကိုပြုစုသော ဒါယိကာမကြီးကို ခန္ဓာနှင့်စပ်သော သိမ်မွေ့သောတရားကို မဟောရန်လျှောက်သော ကာလထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ |
26,605 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဒေသနာတော်အဆုံး၌ ကာလထေရ်၏ ဒါယိကာမကြီးသည် သောတာပန်ဖြစ်သည်။ |
26,606 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | အနက် ဒုမ္မေဓော၊ ပညာမဲ့သော။ |
26,607 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ယော၊ အကြင်သူသည်။ |
26,608 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဒိဋ္ဌိ၊ မိစ္ဆာအယူကို။ |
26,609 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | နိဿာယ၊ အမှီပြု၍။ |
26,610 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | အရဟတံ၊ ပူဇော်အထူးကိုခံထိုက်သော။ |
26,611 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဓမ္မဇီဝိနံ၊ တရားသဖြင့် အသက်မွေးကုန်သော။ |
26,612 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ကဋ္ဌကဿ၊ ဝါးပင်ကို။ |
26,613 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဖလာနိ၊ ဝါးသီးတို့သည်။ |
26,614 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | သာတတ္ထမေဝ၊ သတ်ရန်သာလျှင်။ |
26,615 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဖလန္တိဣဝ၊ သီးကုန်သကဲ့သို့။ |
26,616 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | သော၊ ထိုမိစ္ဆာအယူရှိသော ပညာမဲ့သည်။ |
26,617 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | အတ္တဃာတာယ၊ မိမိကိုယ်ကိုသတ်ရန်။ |
26,618 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဖလ္လတိ၊ ဖြစ်၏။ |
26,619 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | စကားပြေ ပညာမဲ့သူသည် ယုတ်မာသောအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်၍ တရားသဖြင့် အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့၏ အဆုံးအမ တရားကို တားမြစ်၏။ |
26,620 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဝါးသီးသည် ဝါးပင်ကိုသတ်ရန် သီးသကဲ့သို့ ပညာမဲ့ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုသတ်ရန် ဖြစ်လာ၏။ |
26,621 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဒုမ္မေဓ— အရမိမိအား ပူဇော်သက္ကာရ ဆုတ်ယုတ်မည်ကို ကြောက်သဖြင့် တရားမနာရန် အလှူမပေးရန် တားမြစ်သောပုဂ္ဂိုလ်ရ၏။ |
26,622 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ကာလထေရ် ကာလထေရ်ကို သာဝတ္ထိမြို့သူ အမျိုးသမီးကြီးသည် သားအရာ၌ထား၍ ပြုစုကျွေးမွေး လှူဒါန်းသည်။ |
26,623 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | အိမ်နီးချင်းတို့သည် ဘုရားရှင်၏ တရားတော်ကို နာရ၍ ဘုရားရှင်အား ချီးမွမ်းသံကို ကြားရသောအခါ ကာလထေရ်အား ဘုရားရှင်၏ တရား နာလိုကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားသည်။ |
26,624 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ကာလထေရ်က ဘုရားရှင်၏ တရားတော်ကို ကြားနာရလျှင် မိမိအား ကြည်ညိုမှု ပေါ့မည်စိုး၍ ဘုရားရှင်ထံ တရားမနာဖို့ တားမြစ်သည်။ |
26,625 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | တနေ့သောအခါ အမျိုးသမီးကြီးသည် သားရဟန်း တားမြစ်သော်လည်း စောစောထ၍ ဥပုသ်ဆောက်တည်ပြီးလျှင် ကာလထေရ်အား ကောင်းစွာ ကျွေးမွေးဆက်ကပ်ရန် သမီးအား မှာကြားကာ ဘုရားကျောင်းတော်သို့ သွားသည်။ |
26,626 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ကာလထေရ် ကြွလာသောအခါ မိခင်ကြီး တရားနာရန် ဘုရားရှင်ကျောင်း သွားကြောင်း ပြောသဖြင့် ကျောင်းသို့ မထေရ်လိုက်သွားသည်။ |
26,627 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဘုရားရှင် တရားဟောသဖြင့် တရားနာနေသော ဒါယိကာမကြီးကို မြင်လိုက်သောအခါ ဘုရားရှင်အား ဒါနကထာ, သီလကထာသာ ဟောပါဘုရား။ |
26,628 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ခန္ဓာစသည်နှင့် စပ်သောသိမ်မွေ့သောတရားကို မဟောပါနှင့်။ |
26,629 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဒါယိကာမကြီးသည် ဉာဏ်ထိုင်းပါသည်ဘုရား- ဟု လျှောက်သည်။ |
26,630 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဘုရားရှင်က ရဟန်းသင်သာ ဉာဏ်ပညာနည်းသူ ဖြစ်သည် စသည် မိန့်တော်မူကာ တရားကို ဆက်ဟောတော်မူသည်။ |
26,631 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | (ဓမ္မ၊ဋ္ဌ၊၂၊၉၉။ |
26,632 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဓမ္မဇီဝိနံ = ဓမ္မေန ဇီဝတိ သီလေနာတိ ဓမ္မဇီဝီ၊ ဓမ္မ + ဇီဝ + ဏီ။ |
26,633 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ကာလတ္ထေရဝတ္ထု ပြီး၏။ |
26,634 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ၁၂-အတ္တဝဂ် |
26,635 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ၈-ကာလတ္ထေရဝတ္ထုပါဠိဂါထာ |
26,636 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ၃၄၀။ ယော သာသနံ အရဟတံ, အရိယာနံ ဓမ္မဇီဝိနံ၊ပဋိက္ကောသတိ ဒုမ္မေဓော, ဒိဋ္ဌိံ နိဿာယ ပါပိကံ၊ဖလာနိ ကဋ္ဌကဿေဝ, အတ္တဃာတာယ ဖလ္လတိ။ |
26,637 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ယော၊ အကြင်ပုဂ္ဂိုလ်သည်။ |
26,638 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ပါပိကံ၊ ယုတ်ညံ့သော။ |
26,639 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဓမ္မဇီဝီနံ၊ တရားသဖြင့် အသက်မွေးလေ့ရှိတော်မူကုန်သော။ |
26,640 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | [ဆန်းကြောင့် ဝီ၌ ရဿပြု သည်။ |
26,641 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ] အရိယာနံ၊ မြင်မြတ်ဖြူစင်, ဘုရားရှင်တို့၏။ |
26,642 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | သာသနံ၊ ဆုံးမကြောင်း ဆုံးမရာ, သုံးဖြာသော သာသနာတော်ကို။ |
26,643 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | [သာသနန္တိ ပရိယတ္တိပဋိပတ္တိပဋိဝေဓသင်္ခါတံ တိဗ္ဗိဓံ သာသနံ။ |
26,644 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဓမ္မ-ဋီ-၁၈၅။ |
26,645 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ] ပဋိက္ကောသတိ၊ တားမြစ်၏။ |
26,646 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ကဋ္ဌကဿ၊ ဝါးပင်သည်။ |
26,647 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ၁ ဖလာနိ၊ အသီးတို့ကို။ |
26,648 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | (ဂဏှန္တော၊ ယူလသော်။ |
26,649 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ) အတ္တဃာတာယ၊ မိမိကို သတ်ခြင်းငှာ။ |
26,650 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဖလတိ ဣဝ၊ ဖြစ်သကဲ့သို့။ |
26,651 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | (ဧဝံ၊ တူ။ သော၊ ထိုပညာမရှိသော ပုဂ္ဂိုလ်သည်။ |
26,652 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ) အတ္တဃာတာယ၊ ငှာ။ |
26,653 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဖလတိ၊ ဖြစ်၏။ |
26,654 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ၁ [ဆန်းကြောင့် ဒွေဘော်လာ၍ “ဖလ္လတိ”ဟု ဖြစ်သည်။ |
26,655 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ၁။ ကဋ္ဌကဿ။ |
26,656 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ။ “ကဋ္ဌကော”ဟူသော အဖွင့်ကို ကြည့်၍ ကဋ္ဌကဿဝယ် နိဒ္ဓါရဏေ စ၌ စသဒ္ဒါဖြင့် ကတ္တား(ပထမာ)အနက်၌ ဆဋ္ဌီဟု ကြံ၊ သာမီအနက်ယူ၍ “(တဿ-ထိုပညာမရှိ သော ပုဂ္ဂိုလ်၏၊ တံ ပဋိက္ကောသနံ စ-ထိုတားမြစ်ခြင်းသည်လည်းကောင်း၊ ပါပိကာ-သော၊ သာ စ ဒိဋ္ဌိ-ထိုအယူသည်လည်းကောင်း၊) ကဋ္ဌကဿ-ဝါးပင်၏၊ ဖလာနိ ဣဝ-အသီးတို့ကဲ့သို့၊ အတ္တ- ဃာတာယ-ငှာ၊ ဖလတိ-၏”ဟုလည်း ပေးနိုင်သည... |
26,657 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | [ကဋိတဗ္ဗံ မဒ္ဒိတဗ္ဗန္တိ ကဋ္ဌံ (ကစ္စည်း-၆၇၂)၊ ကဋတိ မဒ္ဒတီတိ ကဋ္ဌံ(ကဋ+ဌ၊-ရူ-၄၂၀)၊ ကသတိ ယာတိ ဝိနာသန္တိ ကဋ္ဌံ၊ (ကသ+ဌ၊-မောဂ်- ၇, ၅၅)၊ ကာသတေ အဂ္ဂိနာ ဒိဗ္ဗတေတိ ကဋ္ဌံ၊ (ကာသ+တ၊ တကို ဋ္ဌပြု, ကာ၌ ရဿပြု၊-ဓာန် ၊ဋီ၊၅၄၈)၊ ကဋ္ဌံ ဣဝ ကဋ္ဌကော၊(ရူ-၂၃၈ စသည်ရှု)။ |
26,658 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | အဿတရိံ။ ။ |
26,659 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | အထက်၌ သာရတ္ထ၊၃၊၄၁၄အတိုင်း ပေးသည်၊ အဿတိုရ်မြင်းမ တို့သည် ကိုယ်ဝန်ကြောင့် သေသည်ဟု လောက၌ မတွေ့ရ၊ ကင်းပုဇွန်, မြွေပွေးမတို့သာ ကိုယ်ဝန် ကြောင့် သေရ၏၊ ထိုကြောင့် ဤနေရာမျိုး၌ အဿတိုရ် (လား)မြင်းမကို မဟော၊ ကင်းပုဇွန်မ, မြွေပွေးမကို ဟောသည်ဟု စာဏကျနီတိဋီကာ, ဟိတောပဒေသဋီကာတို့၌ ဆို၏၊ ထိုအလို “အဿတရိံ-ကင်းပုဇွန်မကို၊ ဝါ-မြွေပွေးမကို”... |
26,660 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | (ဓာန်သျသစ်-၂၅၉၊ဟိတောဋီ၊ စာဋီ၊၁၉) |
26,661 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ကာလတ္ထေရဝတ္ထုအဋ္ဌကထာဂါထာ |
26,662 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ၃၄၁။ ဖလံ ဝေ ကဒလိံ ဟန္တိ, ဖလံ ဝေဠုံ ဖလံ နဠံ၊သက္ကာရော ကာပုရိသံ ဟန္တိ, ဂဗ္ဘော အဿတရိံ ယထာ။ |
26,663 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဟန္တိ ယထာ၊ ကောင်း။ |
26,664 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဂဗ္ဘော၊ ကိုယ်ဝန်သည်။ |
26,665 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | အဿတရိံ၊ အဿတိုရ်မြင်းမကို။ |
26,666 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | (လားမကို)၁ ဟန္တိ ယထာ၊ ကောင်း။ |
26,667 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | သက္ကာရော၊ ကောင်းစွာ ပြုအပ်သောလာဘ်သည်။ |
26,668 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ဝါ၊ ပူဇော်သက္ကာရသည်။ |
26,669 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | ကာပုရိသံ၊ စက်ဆုတ် အပ်စွာ, ယုတ်မာသော ယောက်ျားကို။ |
26,670 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကာလတ္ထေရဝတ္ထုဂါထာ | (ပါ-၁၆၉) ကာလတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။ |
26,671 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | သင်ခန်းစာ (၁၅) ကာလသူဌေးသား |
26,672 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မြတ်စွာဘုရားလက်ထက်တော်အခါက အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရား၏ တရား တော်ကို အမြဲမပြတ် နာယူလေ့ရှိ၏။ |
26,673 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ရဟန်းသံဃာတော်များအားလည်း နေ့စဉ်နေ့တိုင်း ဆွမ်းကပ် လှူဒါန်း၏။ |
26,674 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | အနာထပိဏ်သူဌေးကြီးတွင် ကာလအမည်ရှိသော သားတစ်ယောက် ရှိသည်။ |
26,675 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မောင်ကာလသည် ဖခင် အနာထပိဏ်သူဌေးကြီးကဲ့သို့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းခြင်း မရှိပေ။ |
26,676 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မြတ်စွာဘုရားရှင်၏ တရားတော်ကိုလည်း နာကြားရကောင်းမှန်း မသိပေ။ |
26,677 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မြတ်စွာဘုရား အိမ်သို့ ကြွလာလျှင်လည်း ရှိခိုးဦးချလေ့မရှိ၊ အရိုအသေပေးလေ့ မရှိပေ။ |
26,678 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ဖခင်၏ ဆုံးမစကားကိုလည်း နားမထောင်ဘဲ ပျော်ပါး သောက်စား၍သာ နေလေရာ ဖခင်အနာထပိဏ်သူဌေးကြီးလည်း သားကို ဆုံးမရန် နည်းလမ်းအမျိုးမျိုး ရှာကြံလျက် ရှိ၏။ |
26,679 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | တစ်နေ့တွင် အကြံတစ်ခု ရလာ၏။ |
26,680 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ထို့ကြောင့် သားကိုခေါ်၍ “သား ... ဘုရားရှင် ရဲ့ကျောင်းတော်ကို သွားပြီး ဥပုသ်စောင့်မယ်ဆိုရင် မင်းကို တစ်နေ့အတွက် မုန့်ဖိုး အသပြာတစ်ရာ ပေးမယ်”ဟု ပြောလိုက်သည်။ |
26,681 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မောင်ကာလလည်း မုန့်ဖိုးတစ်ရာ လိုချင်သည့်အတွက် ကျောင်းတော်သို့ သွား၍ ဥပုသ်စောင့် လေ၏။ |
26,682 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ကျောင်းတော်တွင် အိပ်၍ အိမ်သို့ ပြန်လာကာ ဖခင်ထံမှ မုန့်ဖိုးတစ်ရာကို တောင်းယူသုံး ဖြုန်းပစ်၏။ |
26,683 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ဤနည်းအတိုင်း ဆက်လက်ဖြစ်နေခဲ့ရာ ဖခင်အနာထပိဏ်သူဌေးကြီးအတွက်လည်း ငွေကုန်ရကျိုး မနပ်ခဲ့ပေ။ |
26,684 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ထို့ကြောင့် ဖခင်ကြီးသည် နောက်တစ်မျိုး စဉ်းစားပြန်၏။ |
26,685 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | တစ်နေ့တွင် ဖခင်အနာထပိဏ်သူဌေးကြီးက “သား ... ဒီနေ့ မြတ်စွာဘုရား ကျောင်းတော်ကို သွားပြီး တရားတစ်ပုဒ် နာယူခဲ့ပါ၊ အဲဒီတရားကို ပြန်ပြောပြနိုင်ရင် မုန့်ဖိုး အသပြာတစ်ထောင် ပေးမယ်” ဟု ပြောလိုက်၏။ |
26,686 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မောင်ကာလလည်း ဘုရားရှင်ထံ သွားရောက်ပြီး တရားတော်ကို မှတ်မိအောင် ဂရုတစိုက် နာယူ၏။ |
26,687 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | သို့သော် ရှေ့ကမှတ် နောက်ကမေ့ ဖြစ်နေ၏။ |
26,688 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မောင်ကာလ၏ စိတ်အကြံကို သိတော်မူသော မြတ်စွာဘုရားရှင်ကလည်း ထိုကဲ့သို့ဖြစ်အောင် တန်ခိုးတော်ဖြင့် ပြုလုပ်ထား၏။ |
26,689 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မောင်ကာလလည်း တရားတစ်ပုဒ်ကို မှတ်မိအောင် ကြိုးစား၍ နာယူစဉ်မှာပင် သောတာပန်အဖြစ်သို့ ရောက်ရှိသွား၏။ |
26,690 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ထို့ကြောင့် အသပြာတစ်ထောင် လိုချင်စိတ် လုံးဝ မရှိတော့ပေ။ |
26,691 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | နောက်တစ်နေ့ နံနက်တွင် မောင်ကာလသည် မြတ်စွာဘုရားရှင်နှင့်အတူ အိမ်သို့ ပြန်လာခဲ့ ၏။ |
26,692 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | “ဖခင်သူဌေးကြီးက ဘုရားရှင်ရဲ့ရှေ့မှာ အသပြာတစ်ထောင်ကို သူ့အား မပေးပါစေနဲ့”ဟုလည်း လမ်းတစ်လျှောက်လုံး ဆုတောင်းလာခဲ့၏။ |
26,693 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | အနာထပိဏ်သူဌေးကြီးသည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်တို့အား ဆွမ်းကပ်လှူဒါန်း၏။ |
26,694 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မောင်ကာလကိုလည်း အာဟာရ ကျွေးမွေး၏။ |
26,695 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ထို့နောက် သူဌေးကြီးက ဘုရားရှင်ရှေ့၌ပင် အသပြာ တစ်ထောင်ကို မောင်ကာလအား ပေးရာ မောင်ကာလလည်း အလွန်ရှက်သွား၏။ |
26,696 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | “အသပြာ မလိုချင် တော့ပါ”ဟုလည်း ငြင်းပယ်၏။ |
26,697 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ဖခင်သူဌေးကြီးကလည်း အတင်းပေးနေပြန်၏။ |
26,698 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မောင်ကာလလည်း ထပ်ကာထပ်ကာ ငြင်းပယ်၏။ |
26,699 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | ထိုအခါ အနာထပိဏ်သူဌေးကြီးသည် ယခင်နေ့များနှင့်မတူ တမူထူးခြားနေသော သူ့သား၏ အဖြစ်ကို မြတ်စွာဘုရားရှင်အား လျှောက်ထားလိုက်၏။ |
26,700 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကာလသူဌေးသား | မြတ်စွာဘုရားရှင်က “သူဌေးကြီး ... ဒီနေ့ သင့်သားဟာ စကြဝတေးမင်းရဲ့ စည်းစိမ်ချမ်းသာ၊ နတ်မင်း၊ ဗြဟ္မာမင်းတို့ရဲ့ စည်းစိမ်ချမ်းသာထက် သာလွန်ထူးကဲတဲ့ သောတာပတ္တိဖိုလ်ချမ်းသာကို ရရှိခံစားနေရပြီ၊ ဒါ့ကြောင့် အသပြာတစ်ထောင်ကို မလိုချင်တော့တာ ဖြစ်တယ်”ဟု မိန့်တော်မူလိုက်လေသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.