id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
27,701
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
(အလွန်ဆင်းရဲသောကြောင့် ထမင်းချက်၍ မစားနိုင်ပဲ ယာဂုကိုပင် ဟင်းရွက်နှင့်ရော၍ ကျိုရခြင်းဖြစ်သည်)။
27,702
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ထိုနေ့၌ အရှင်မဟာကဿပ မထေရ်သည် နိရောဓသမာပတ်မှ ထတော်မူ၍ “ငါသည် အဘယ်သူအား ချီးမြှောက်မှု ပြုရပါမည်နည်း”ဟု ဆင်ခြင် ကြည့်ရှုတော်မူလေလျှင် ကာဠဝဠိယ ဆင်းရဲသားကို ဉာဏ်၌မြင်၍ သူ၏ အိမ်တံခါးဝသို့ ကြွရောက် ဆွမ်းရပ်တော်မူလေ၏။
27,703
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ကာဠဝဠိယ၏ ဇနီးသည် မထေရ်၏လက်မှ သပိတ်ကို တောင်းယူ၍ ကျိုပြီး အသင့်ရှိနေသော ဟင်းရွက်နှင့်ရောသည့် ယာဂုချဉ်အားလုံးကို သပိတ်၌ လောင်းထည့်၍ မထေရ်အား ဆက်ကပ် လှူဒါန်းလေ၏။
27,704
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
(ဤအလှူမျိုးကို “နိရဝသေသဒါန = ကိုယ်ဖို့မချန်သော လှူခြင်း”ဟူ၍ ခေါ်ဆိုလေသည်)။
27,705
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
အရှင်မဟာကဿပ မထေရ်သည် ကျောင်းတော်သို့ သွားရောက်၍ ထိုယာဂုကို မြတ်စွာဘုရားအား ဆက်ကပ်လေ၏။
27,706
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
မြတ်စွာဘုရားသည် ကိုယ်တော်မြတ် မျှတတော်မူရုံသာ ခံတော်မူ၏။
27,707
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ကျန်သောယာဂုသည် ရဟန်းငါးရာတို့အား လောက်ငပေ၏။
27,708
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ကာဠဝဠိယ ဆင်းရဲသားသည်လည်း ဆွမ်းကြွင်းဆွမ်းကျန် တောင်းခံရန်အတွက် ထိုနေရာသို့ (ယာဂုဝေသောနေရာသို့) ရောက်လာလျက် စားသုံးရန် ယာဂုအနည်းငယ်ကို ရရှိလေ၏။
27,709
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
အရှင်မဟာကဿပမထေရ်သည် မြတ်စွာဘုရားရှင်ကို ယာဂုဒါယကာ ကာဠဝဠိယအတွက် ရရှိမည့်အကျိုးကို
27,710
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
၄၁၀ မေးလျှောက်လေ၏။
27,711
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
မြတ်စွာဘုရားရှင်သည် “ဤနေ့မှနောက် ခုနစ်ရက်မြောက်၌ ကာဠဝဠိယသည် သူဌေးထီးဖြူကို ရလိမ့်မည် = သူဌေးဖြစ်လိမ့်မည်”ဟု မိန့်ကြားတော်မူလေ၏။
27,712
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ကာဠဝဠိယ ဆင်းရဲသားသည် မြတ်စွာဘုရား မိန့်ကြားတော်မူအပ်သည့် ထိုစကားကို နားဆတ်ဆတ်ကြားရ၍ အိမ်သို့ ပြန်လာပြီးလျှင် ဇနီးသည်အား ထိုအကြောင်းကို ပြန်ကြား ပြောဆိုလေ၏။
27,713
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ထိုအခါ၌ ဗိမ္ဗိသာရမင်းတရားသည် မြို့ကို လှည့်လည်သည်ရှိသော် အရှင်လတ်လတ် ကားစင်တင်ထားရာ တံကျင်၌ နေရသူ ရာဇဝတ်သား ယောက်ျားကို မြင်တော်မူလေ၏။
27,714
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ရာဇဝတ်သားသည် မင်းကြီးကို မြင်ရလျှင် “အရှင်မင်းကြီး.. အရှင်မင်းကြီးတို့ ပွဲတော်စာတည်သည့် ထမင်းကို ပို့သတော်မူကြစေချင်ပါသည်”ဟု အရဲစွန့်ကာ ကျယ်လောင်စွာသော အသံဖြင့် ဟစ်အော်ပြောဆိုလေ၏။
27,715
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
“မင်းကြီးသည် အိမ်း.. ကောင်းပြီ ပို့စေလိုက်မည်”ဟု ပြောဆိုခဲ့၍ ညချမ်းပွဲတော်စာ ဆက်သလာသောအခါ၌ ထိုရာဇဝတ်သား တောင်းခံလိုက်သည့် စကားကို အမှတ်ရတော်မူ၍ “ဤထမင်းပွဲကို မြို့အပြင် ကားစင်တံကျင်သို့ ရောက်အောင် ပို့ဆောင်နိုင်မည့်သူကို စုံစမ်းကြလော့”ဟု ဆိုင်ရာဝန်တို့ကို မိန့်ဆိုလေ၏။
27,716
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ရာဇဂြိုဟ်ပြည်၏ ပတ်ဝန်းကျင် မြို့ဥပစာအရပ်မှာ အလွန် ကြမ်းကြုတ်သည့် ဘီလူးများ လှည့်လည်ကျက်စားရာဌာန ဖြစ်သောကြောင့် ညဉ့်အချိန်၌ အလွယ်တကူ မည်သူမျှ မြို့အပြင်သို့ မထွက်ဝံ့သောကြောင့် ဆိုင်ရာဝန်တို့သည် အသပြာထောင်ထုပ်ကို မြို့တွင်း၌ လှည့်လည်စေကြလေကုန်၏၊ (=မြို့အပြင် ကားစင် တံကျင်သို့ ထမင်းသွားရောက် ပို့ဝံ့သောသူသည် ဤအသပြာထောင်ထုပ...
27,717
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ပဌမအကြိမ်, ဒုတိယအကြိမ် လှည့်လည်စေရာ၌ အသပြာထောင်ထုပ်ကို ယူဝံ့မည့်သူ မပေါ်ထွက်ပဲ တတိယအကြိမ် လှည့်လည်စေသောအခါမှ ကာဠဝဠိယ၏ ဇနီးသည်
27,718
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
၄၁၁ ထိုအသပြာ ထောင်ထုပ်ကို မင်းချင်းတို့လက်မှ ယူလိုက်လေ၏ (ကြောက်လျှင်လွဲ ရဲလျှင် သူကောင်းဖြစ်သည့် သဘောမျိုးတည်း)။
27,719
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
သူမကို မင်းချင်းတို့သည် မင်းကြီးအား ပြသကြလေကုန်၏။
27,720
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
သူမသည် ယောက်ျား၏အသွင်ကို ယူပြီးလျှင် (=ယောက်ျားတို့ အဝတ်အထည်များကို ဝတ်ဆင်ပြီးလျှင်) ကိုယ်၌ လက်နက်ငါးပါးကို ဖွဲ့ချည်လျက် ထမင်းပွဲတော်ကို ယူဆောင်ကာ ရဲရဲရင့်ရင့် မြို့မှ ထွက်ခဲ့လေ၏။
27,721
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
မြို့ပြင်သို့ရောက်လျှင် ထန်းပင်၌ စိုးအုပ်နေထိုင်သည့် “ဒီဃတာလ”မည်သော နတ်ဘီလူးသည် ထန်းပင်အနီးမှသွားသော သူမကို မြင်လေလျှင် “ရပ်လော့ ရပ်လော့၊ သင်သည် ငါ့အစာ ဖြစ်လေပြီ”ဟု ခြိမ်းခြောက်စကား ပြောကြားလေ၏။
27,722
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ထိုအခါ ဘီလူးနှင့် သူမတို့ အပြန်အလှန် ပြောဆိုကြသည်မှာ-
27,723
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ငါသည် သင့်အစာမဟုတ်၊ ငါကား မင်းကြီး၏ တမန်တော်ဖြစ်သည်။
27,724
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
အရှင်လတ်လတ် ကားစင်တင်သော တံကျင်၌နေသော ရာဇဝတ်သားအထံသို့ ငါသွားမလို့။
27,725
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ငါ၏ သတင်းစကားတခုကိုလည်း ဆောင်သွားခြင်းငှါ သင်စွမ်းနိုင်ပါမည်လော။
27,726
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ထိုသို့ဖြစ်လျှင် “သုမနနတ်မင်းကြီး၏ သမီး ဒီဃတာလဘီလူး၏ဇနီး ကာဠီမည်သော နတ်သမီးသည် သားကို မွေးဖွားလေပြီ”ဟု လမ်းတလျှောက်၌ ဟစ်အော် ကြွေးကြော် ပြောကြားပါလေ၊ ဤထန်းပင်အခြေ၌ ရွှေအိုးခုနစ်လုံးတို့ ရှိကြပါကုန်၏။
27,727
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ထိုရွှေအိုးများကို သတင်းကြွေးကြော်ခအနေ သင်ယူပါလေ။
27,728
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
၄၁၂ သူမသည် “သုမန နတ်မင်းကြီး၏သမီး ဒီဃတာလဘီလူး၏ ဇနီး ကာဠီမည်သော နတ်သမီးသည် သားကို မွေးဖွားလေပြီ”ဟု လမ်းတလျှောက် ဟစ်အော် ကြွေးကြော်၍ သွားလေ၏။
27,729
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
သုမနနတ်မင်းကြီးသည် နတ်ဘီလူးတို့ အစည်းအဝေး၌ နေထိုင်ရင်းက ထိုအသံကို ကြားရ၍ “လူသားတယောက်သည် ငါတို့အတွက် အလွန် နှစ်သက်ဖွယ်သော သတင်းကို ဆောင်ယူလာ၏၊ ထိုလူသားကို ခေါ်လိုက်ကြလော့”ဟု ပြောဆို ခေါ်ငင်ကာ သတင်းစကားကို ကြားသိရ၍ သဒ္ဓါကြည်ညိုဖြစ်ရှိလျက် “ဤသစ်ပင်၏ ဘေးပတ်လည် အဝန်းအရိပ် ပြန့်နှံ့ရာအရပ်၌ ရွှေအိုးများ ရှိကြသည်၊ ထိုရွှေအိုး...
27,730
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
သူမသည် ကားစင်တံကျင်ရှိရာသို့ သွား၍ ရာဇဝတ်သားကို ထမင်းခွံ့၍ ကျွေးလေ၏။
27,731
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ရာဇဝတ်သားသည် ထမင်းစားပြီးနောက် ခံတွင်းကို သူမ၏လက်ဖြင့် သုတ်၍ပေးသောအခါ မိန်းမအတွေ့မှန်းသိ၍ သူမ၏ ဆံထုံး၌ တအားကိုက်၍ ထားလေ၏။
27,732
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
သတ္တိကောင်းသော သူမသည် သန်လျက်ဖြင့် မိမိဆံထုံးကို ဖြတ်ထားခဲ့၍ မင်းကြီးထံသို့သာလျှင် ပြန်သွားလေ၏။
27,733
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ထိုအခါ မင်းကြီးက “မယ်မင်း.. ထမင်းကျွေးပြီးကြောင်းကို အဘယ်သို့သော အခြင်းအရာ အမှတ်အသားဖြင့် သိရမည်နည်း”ဟု မေးတော်မူလေလျှင် သူမသည် “ကျွန်တော်မျိုးမ၏ ဆံထုံး အမှတ်အသားဖြင့် သိတော်မူနိုင်ပါသည်”ဟု ပြောဆိုကာ မင်းကြီးအား မိမိ တွေ့ကြုံခဲ့ရသမျှသော ဖြစ်ရပ်အားလုံးကို ပြန်ကြားလျှောက်ထား၍ ထိုရွှေအိုးများကို ဆောင်ယူစေလေ၏။
27,734
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
မင်းကြီးသည် ထိုရွှေအိုးများကို ဆောင်ယူစေပြီးလျှင် မှူးမတ်တို့ကို “အခြားတပါးသောသူ၏ အဖို့ရာ ဤမျှများပြားသော ဥစ္စာမည်သည် ရှိသလော”ဟု မေးတော်မူ၍ မှူးမတ်တို့က “မရှိပါ အရှင်မင်းကြီး..”ဟု ပြန်ကြား လျှောက်ထားကြလေလျှင် မင်းကြီးသည်
27,735
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
၄၁၃ သူမ၏အိမ်ရှင် ကာဠ၀ဠိယကို ရာဇဂြိုဟ်ပြည်၌ အဆောင်အယောင် အခမ်းအနား နေရာများ ပေးအပ်ကာ “ဓနသေဋ္ဌိ” ဘွဲ့တံဆိပ်တပ်သည့် သူဌေးကြီးရာထူး၌ ခန့်အပ် မြှောက်စား တင်ထားလေသတည်း။
27,736
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ဤကား ကာဠဝဠိယသူဌေး အကြောင်းတည်း။
27,737
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
အမိတဘောဂသူဌေးကြီးများအကြောင်း ပြီး၏။
27,738
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ဤတွင်ရွေ့ကား မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲတည်း။
27,739
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
နံနက်(၁၁)နာရီအချိန်တွင် ပြီးသည်။
27,740
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠဝဠိယသူဌေးအကြောင်း
ဓမ္မနာဒတိုက်၊ မင်းကွန်းတောင်ရိုး။
27,741
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
(၁၀) ကုရရဃရမြို့နေ ကာဠီဥပါသိကာအကြောင်း
27,742
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ဤကာဠီ ဥပါသိကာအလောင်း အမျိုးကောင်းသမီးသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသမီး (=သူဌေးသမီး)ဖြစ်ခဲ့၍ မြတ်စွာဘုရားရှင်၏ တရားစကားကို ကြားနာစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ဥပါသိကာတယောက်ကို “အနုဿဝပ္ပသန္န = ကိုယ်တိုင် ဘုရားရှင်ကို မဖူးတွေ့ရပဲလျက် တဆင့်ကြားသဖြင့် ဘုရားဂုဏ်ကို သက်ဝင်ကြည်ယု...
27,743
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
(ခ) နောက်ဆုံးဘဝ ကာဠီသူဌေးသမီးဖြစ်ခြင်း
27,744
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်ပြည်၌ သူဌေးသမီး ဖြစ်လာလေသည်။
27,745
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ထိုသူဌေးသမီး၏ အမည်ကို မိဘတို့က “ကာဠီ”ဟူ၍ မှည့်ခေါ်ကြလေသည်။
27,746
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ကာဠီသူဌေးသမီးသည် အရွယ်သို့ ရောက်လတ်သော် အဝန္တိ ဒက္ခိဏာပထတိုင်း (ဣန္ဒိယပြည်တောင်ပိုင်း) ကုရရဃရမြို့နေ
27,747
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
၃၄၈ သူဌေးသားနှင့် မိဘတို့က ထိမ်းမြားပေးစားသဖြင့် ထိုကုရရဃရမြို့ သူဌေးသားအိမ်သို့ လိုက်ပါခဲ့ရလေသည်။
27,748
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ထို့နောက် ကာဠီ သူဌေးကတော်ကလေးမှာ သူဌေးသားနှင့်ဆက်ဆံမှု အကြောင်းပြု၍ နှုတ်ငုံ သန္ဓေ တည်ခဲ့လေသည်။
27,749
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ကာဠီ သူဌေးကတော်ကလေးသည် နှုတ်ငုံသန္ဓေ ရင့်ကျက်လတ်သော် “မိဘနှင့်ဝေးကွာ သူတပါးတို့၏ ရပ်ရွာအိမ်၌ ကိုယ်ဝန်မှထရခြင်း (=မီးရှူးသန့်စင်ရခြင်း)မည်သည် မသင့်လျော်”ဟု ဆင်ခြင်စဉ်းစားမိ၍ မိမိ၏ ဇာတိမြို့ဖြစ်သည့် ရာဇဂြိုဟ်ပြည် မိဖတို့အိမ်သို့ ပြန်လာကာ တနေ့သော ညဉ့်သန်းခေါင်ယံအချိန် (မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့် ဓမ္မစကြာတရား ဟောကြားတ...
27,750
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
(ဤအကြောင်းအရာများကို အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၄၅၇-၌ ပြည့်စုံစွာ ရေးသားဖော်ပြခဲ့ပြီ၊ ထိုကိုတဖန် ပြန်လည်သုံးသပ် မှတ်ယူကုန်ရာ၏)။
27,751
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ထိုကာဠီ အမျိုးသမီးသည် မာတုဂါမ မင်းမိန်းမတို့အနက် ရှေးဦးစွာ သောတာပန်တည် အရိယသာဝိကာဖြစ်၍ အမျိုးသမီးပိုင်းတွင် အကြီးဆုံး အမကြီးသဖွယ် ဖြစ်လေသည်။
27,752
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ထိုညဉ့်မှာပင် ကာဠီအမျိုးသမီးသည် (သောဏကုဋိကဏ္ဏ မထေရ်အလောင်း) သတို့သားကို ဖွားမြင်ပြီးနောက် မိဘအိမ်တွင် အလိုရှိသလောက် နေထိုင်ပြီးလျှင် ကုရရဃရသို့ တဖန် ပြန်သွားလေ၏။
27,753
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
၃၄၉ (ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း
27,754
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
နောက်အဖို့ဝယ် မြတ်စွာဘုရားရှင်သည် ဇေတဝန် ကျောင်းတိုက်တော်တွင် ရဟန်းတို့အလယ်၌ တင့်တယ်စွာ ထိုင်နေတော်မူလျက် ဥပါသိကာတို့ကို ဧတဒဂ်ရာထူး = ဌာနန္တရတို့၌ အသီးအသီး ထားတော်မူလတ်သည်ရှိသော် ဤကုရရဃရမြို့နေ ကာဠီဥပါသိကာ သူဌေးကတော်ကို-
27,755
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ အနုဿဝပ္ပသန္နာနံ ယဒိဒံ ကာဠီ ဥပါသိကာ ကုရရဃရိကာ = ရဟန်းတို့.. ငါဘုရားကို အဆင့်ကြားဖြင့် ကြည်ညိုကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဥပါသိကာတို့တွင် ကုရရဃရမြို့နေ ကာဠီဥပါသိကာ သူဌေးကတော်သည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-
27,756
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ဟု ချီးကျူး မိန့်မြွက်တော်မူကာ “အနုဿဝပ္ပသန္နအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။
27,757
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ဤကား ကုရရဃရမြို့နေ ကာဠီဥပါသိကာ အကြောင်းတည်း။
27,758
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ဤတွင် ဥပါသိကာစရိတပိုင်း ပြီး၏။
27,759
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကာဠီဥပါသိကာအကြောင်း
ဤတွင် အခဏ်း၄၅-ပြီး၏။
27,760
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
သက်ရောက်ခြင်း
27,761
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
၁။ ဤအက်ဥပဒေသည် မှတ်ပုံတင်အက်ဥပဒေ အာဏာတည်သည့် နယ်မြေများတွင်သာ အာဏာ သက်ရောက်ရမည်။
27,762
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
သက်ဆိုင်ခြင်း
27,763
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
၂။ ဤအက်ဥပဒေသည် မြန်မာဓလေ့ထုံးတမ်းဥပဒေကို လိုက်နာကျင့်သုံးသည့် ဗုဒ္ဓဘာသာဝင်များက ကိတ္တိမမွေးစားခြင်းနှင့်သာ သက်ဆိုင်ရမည်။
27,764
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
စတင်အာဏာသက်ရောက်ခြင်း
27,765
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
၃။ ဤအက်ဥပဒေသည် ၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ အာဏာသက်ရောက်ရမည်။
27,766
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
အဓိပ္ပာယ်ဖွင့်ဆိုချက်
27,767
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
၄။ ကိတ္တိမသား သို့မဟုတ် ကိတ္တိမသမီးဆိုသည်မှာ မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အမွေ ဆက်ခံရန် အတိအလင်းရည်ရွယ်ချက်ဖြင့် မွေးစားခြင်းခံရသည့် သား သို့မဟုတ် သမီးကို ဆိုသည်။
27,768
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
ကိတ္ထိမမွေးစားခြင်းကို မှတ်ပုံတင်ခြင်း
27,769
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
၅။ ၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းမွေးစားသည့် မွေးစားခြင်းကို စာချုပ် စာတမ်းဖြင့် မွေးစားကြောင်း သက်သေခံချက်မပြနိုင်ခဲ့လျှင် ကိတ္တိမသား သို့မဟုတ် ကိတ္တိမ သမီးအဖြစ် အမွေဆက်ခံခွင့် သို့မဟုတ် တစ်ဆင့်ခံအမွေဆက်ခံခွင့်နှင့် စပ်လျဉ်းသည့် အငြင်းပွားမှုကို မည်သည့် တရားရုံးကမျှ လက်ခံဆောင်ရွက်ခြင်းမပြုရ-
27,770
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
(၁) မွေးစားခြင်းစာချုပ်ကို ချုပ်ဆိုရာတွင် မွေးစားသူက(က) အဆိုပါစာချုပ် ချုပ်ဆို သည့် အချိန်၌ မွေးစားခြင်းခံရသူ၏ အသက်သည် ဆယ့်ရှစ်နှစ်အောက် မငယ်လျှင် ထိုသူကိုယ်တိုင်နှင့်ချုပ်ဆိုခြင်း၊ သို့မဟုတ် (ခ) အဆိုပါ အသက်အောက်ငယ်သည့်အခါ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ထိုမွေးစားခြင်း အပေါ် သဘောတူညီမှုလိုအပ်သူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ (လ...
27,771
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
(၂) သက်သေအနည်းဆုံးနှစ်ဦးက မှန်ကန်ကြောင်း သက်သေခံလက်မှတ်ရေးထိုးခြင်း၊ နှင့်
27,772
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
(၃) မှတ်ပုံတင်အက်ဥပဒေပုဒ်မ ၅၁၊ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းထားသည့် မှတ်ပုံတင် စာအုပ်များ ၏စာအုပ်အမှတ် ၄ တွင် မှတ်ပုံတင်ထားခြင်း။
27,773
မြန်မာဘာသာ, မြန်မာနိုင်ငံ၏ အက်ဥပဒေများ, ကိုလိုနီခေတ်
ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ
၆။ ၁၉၂၆ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၂ ကို ဤသို့အားဖြင့် ရုပ်သိမ်းလိုက်သည်။
27,774
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
ဖြေနိုင်ပေါင်၊ တွေမှိုင်ယောင်၊ တောသာတဲ့ သည်မြိုင်ချောင်။
27,775
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
ဘယ်ဝဋ်နှောင်၊ ဘန်လာမှန်း၊ ရှေးကံက ဆန်း။
27,776
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
အို ... ပမ်းဘွဲ့သာ၊ ဣန္ဒာမြင့်မင်း၊ တင်းပသေလာ။
27,777
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
ဘယ်ငြိုးတော်၊ ဘန်လေသိ၊ မယ်ကိုမုန်းတယ်၊ ချုန်းစေဖွဲ့ ရွာ။
27,778
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
မိုဃ်းရောလေပါ-လေပါ၊ သေလာမြေပြင် စောင်းမျှလေ၊ ရှစ်တိုင်းဝန်းအုံ၊ သုံသုံလေပြေ၊ လောင်းပါလို့လေး။
27,779
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
တောပေါင်းငယ်တည့်ကာ၊ စံရာမြင့်သီလာနန်း၊ ချောင်းရေယဉ်လျှမ်းပါလို့၊ လမ်း မသိပါပြီ။
27,780
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
လေးပါးသခင်၊ မြင်တော်လာဘူးငယ်၊ ဦးတင်လို့ ချီ။
27,781
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
ရွေဝန်းရံညီ၊ ကိန္ဒရီဘော်လဲ ကွဲခဲ့ပြီလေး။
27,782
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
သည်ပူဝန် ရေးငယ်နှင့်၊ မအေးတဲ့ပါပြီ၊ မူးချိန်မီ။
27,783
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
(ဒိန်း) တိမ်သိင်္ဂီငယ်နှင့်သာ၊ နေရီရီ လှမ်းမှီတော့ရှာ။
27,784
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
နုဖဝါးတော် နာသွေးခြည်သာ တန်းပါလို့၊ အို ... ပမ်းဘွဲ့သာ။
27,785
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
သည်ကန္တာ၊ လိပ်ပျာတုံလို့ ထိတ်တယ်လေး၊ ဆွေးပူပုံငယ်နှင့်သာ။
27,786
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
သဲကြွေရုံ၊ သွန်းခြုံတဲ့ခါ၊ နယ်ကိုးဒီသာ။
27,787
မြန်မာမဟာဂီတ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, ပတ်ပျိုး
ကိန္နရာချောင်းခြားကလေး ပတ်ပျိုး
မှတ်ချက် သီတာရေမြေ စောင်းမျှလေ ဟုလည်း အချို့ ဆိုသည်။
27,788
မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, သီချင်းခန့်
ကိန္နရီချောင်းခြားငယ် သီချင်းခန့်
အာကာယံထဲ၊ စံမြဲမြန်းလို့၊ နန်းဖလ်ဆောင်လှိုင်း၊ ရွှေတိမ်တောင်၊ စိမ့်ကြီး, မြိုင်ကြီး, ရိပ်ကြီး, သာခေါင်၊ မှိုင်းဝေဆာမှောင်၊ မြအရောင်လို၊ တတောင်လုံး ရွာမည့်ဟန်လို၊ မိုမိုဆင်လာ၊ ပါဆိုင်းထွေထွေ၊ မှိုင်းဝေဝေ သဲခုံပေါ် ငွေပုလဲလိုကုံး၊ ဆည်းဆာညံညံဖန်လာ၊ တောဟေဝန္တာ၊ တောင်ဂန္ဓာ၊ မာလာဂန္ဓာ၊ နတ်ကယ်ဖန်တော် နန်းငယ် နန္ဒမူ၊ မဉ္ဇူရွှေ...
27,789
မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, သီချင်းခန့်
ကိန္နရီချောင်းခြားငယ် သီချင်းခန့်
တိမ်တိမ်ညိုကြောငယ်က၊ ပန်းဖြေလှုံကာ၊ လဲ့လဲ့ငယ်ပြာပြာ၊ တောင်ရိပ်ကယ်သာ၊ မြိုင်ကြီးတောဟေမာ၊ လမ်းဘယ်ညာငယ်လေး၊ မိလ္လာငယ် ရောင်မြန်း၊ ပန်တော်ဆွတ်သည့်ပန်း၊ ညွှန်းရှင်ငယ်လူလန်း၊ ပင်နန်းငယ် သပြေ၊ သီးမှည့် ဇမ္ဗူရွှေစီး၊ ရေ၊ မြအဆင်း၊ သောင်ငွေပုလဲခင်း၊ အို… ရင်တွင်းတုန်လှကံ၊ မြင်ဘူး ကြုံရပြန်၊ နတ်ကယ်ဘန်၊ မှန်မည်ဖြစ်မြဲပေပလေ။
27,790
မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, သီချင်းခန့်
ကိန္နရီချောင်းခြားငယ် သီချင်းခန့်
ဆက်သရာ ဖူးရွှေစာ ရွှေဘွင်ဆိုင်းလို့လေး။
27,791
မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, သီချင်းခန့်
ကိန္နရီချောင်းခြားငယ် သီချင်းခန့်
ရေးရုပ်သွင်၊ ပါးတွင် ကွယ်ထင်ရှိလို့၊ မြင်မိယောင်သား၊ ရွေသုံးရံကာတဲ့၊ ရွှေမျက်နှာ သော်တာဝန်းငယ်ကို၊ နော်…. ထွန်းပေ့လား။
27,792
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
(၁၂) ကိသာဂေါတမီထေရီအကြောင်း
27,793
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ဤကိသာဂေါတမီ ထေရီအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ မထင်ရှားသော အမျိုးသမီးဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားက ဘိက္ခုနီမတပါးကို “လူခစီဝရဓရ = ခေါင်းပါးသော သင်္ကန်းကို ဆောင်သောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အားကျကာ မိမိစွ...
27,794
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
၁၃၁ ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။
27,795
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ပဒုမုတ္တရ မြတ်စွာဘုရားကလည်း ဤအကျွန်ုပ်တို့ မြတ်စွာဘုရား၏ သာသနာဝယ် ထိုဆုတောင်း ပြည့်စုံမည့်အကြောင်း ဗျာဒိတ်စကား ကြားတော်မူလေသည်။
27,796
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ကိကီမင်းကြီး၏ သမီးတော်ဘဝ
27,797
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ထိုအမျိုးသမီးသည် ကမ္ဘာတသိန်းကြာ အပါယ်လေးပါး မလားမရောက်ရပဲ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားခဲ့၍ ဤဘဒ္ဒကမ္ဘာဝယ် ကဿပမြတ်စွာ လက်ထက်တော်အခါ၌ ဗာရာဏသီပြည် ကိကီမင်းကြီး၏ သမီးတော် ခုနစ်ယောက်တို့တွင် ငါးယောက်မြောက် “ဓမ္မာ”မည်သော သမီးတော်ဖြစ်၍ အနှစ် နှစ်သောင်းကြာ ကောမာရိဗြဟ္မစရိယအကျင့်ကို ကျင့်သုံးခဲ့လေသည်။
27,798
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ဓမ္မာမင်းသမီးသည် ထိုဘဝမှ စုတေ၍ တာဝတိံသာနတ်ပြည်သို့ လားရောက်ရပြီးလျှင် ဤနောက်ဆုံး ပစ္ဆိမဘဝ၌ ပင်ကိုယ်က သူဌေးမျိုးဖြစ်လျက် စီးပွါးပျက်ကပ်တိုက်ကာ ဆင်းရဲ၍နေသော အမျိုး(သာဝတ္ထိပြည်ဝယ် ဆင်းရဲသောအမျိုး)၌ အမျိုးသမီး ဖြစ်လာလေသည်၊ သူ၏အမည်ကား ဂေါတမီ အမည်ရှိလေသည်။
27,799
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
အထူးအားဖြင့် ကြုံလှီသေးငယ်သော ကိုယ်ကာယရှိသောကြောင့် ထိုအမျိုးသမီးကို “ကိသာဂေါတမီ = ကြုံလှီသေးသွယ်သော ဂေါတမီ”ဟူ၍ ခေါ်ဆိုအပ်လေသည်။
27,800
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
(ထိုကိသာဂေါတမီ အမျိုးသမီး၏ သူဌေးချွေးမဖြစ်ရပုံကို ဓမ္မပဒအဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၄၄၃, ၄၄၄-တို့မှ ထုတ်နုတ်ဖော်ပြပါဦးအံ့)–