id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
27,801 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကံကုန်လျှင် စီးပွါးပျက်တတ်သည် |
27,802 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | “ယဒါ ကမ္မက္ခယော ဟောတိ၊ သဗ္ဗမေတံ ဝိနဿတိ။ |
27,803 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ၁၃၂ ဟူသော နိဓိကဏ္ဍသုတ္တန်လာ ဒေသနာတော်အတိုင်း သာဝတ္တိပြည်ဝယ် တဦးသော သူဌေး၏အိမ်၌ ကုဋေလေးဆယ်သော ရွှေငွေပစ္စည်း ဥစ္စာများသည် (ထိုသူဌေး၏ ကုသိုလ်ကံအဟုန် ကုန်သောကြောင့်) အံ့ဩဖွယ်ရာ မီးသွေးခဲများသာဖြစ်၍ တည်နေလေ၏။ |
27,804 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | သူဌေးသည် ထိုအဖြစ်အပျက်ကို တွေ့ရ၍ သောကကြီးစွာ ဖြစ်ရှိကာ အစာအာဟာရကို မစားနိုင်တော့ပဲ ညောင်စောင်း၌ လဲလျောင်း၍သာ နေရှာလေ၏။ |
27,805 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုသူဌေး၏ သူငယ်ချင်းတယောက် အိမ်သို့ရောက်လာ၍ “သူငယ်ချင်း.. အဘယ့်ကြောင့် ဤမျှလောက် စိုးရိမ်ပူဆွေးရသနည်း”ဟု မေး၍ ထိုအကြောင်းကို ကြားသိရလေသော် “သူငယ်ချင်း.. မစိုးရိမ်ပါလင့်၊ အကြောင်းဥပါယ်တမျဉ်ကို ငါ စဉ်းစားမိပါသည်။ |
27,806 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုဥပါယ်တမျဉ်ကို သူငယ်ချင်း ပြုလုပ်စေချင်ပါသည်”ဟု ပြောလေ၏။ |
27,807 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | သူဌေးက “မိတ်ဆွေ.. အဘယ်သို့ ပြုရမည်နည်း”ဟု မေးလေလျှင် သူငယ်ချင်းဖြစ်သူသည် ဤဆိုလတ္တံ့သောအတိုင်း နည်းလမ်း ဥပါယ်ကောင်းကို ပြောပြလေသည်၊ ထိုဥပါယ်ကောင်းမှာ- |
27,808 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | “သူငယ်ချင်း.. မိမိ၏ အိမ်ဈေး (မိမိအိမ်အတွင်း ဆိုင်ခင်းလောက်၍ လူအများ မြင်နိုင်လောက်သည့် နေရာ)၌ ဖျာကိုခင်း၍ ထိုဖျာပေါ်၌ မီးသွေးများကို စုပုံထားကာ ဈေးရောင်းနေသော သူကဲ့သို့ သူငယ်ချင်း ထိုင်နေပါ။ |
27,809 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | မိမိအိမ်ရှေ့မှ သွားကြလာကြသော လူတို့အနက် “သူဌေး.. အခြားလူများသည် အဝတ်အထည်, ဆီ, ပျား, တင်လဲ- စသည်တို့ကို ရောင်းကြပါကုန်၏၊ အရှင်သူဌေးသည်ကား မီးသွေးတို့ကို ရောင်း၍နေသကိုး”ဟု ပြောလာသူတို့ကို (စကားအရှည် မပြောပဲ) “ကိုယ့်ဥစ္စာကို မရောင်းလျှင် ဘာလုပ်မည်နည်း”ဟုသာ တိုတိုတုတ်တုတ် ပြောလိုက်ပါလေ။ |
27,810 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | (ထိုသူများကား ဘုန်းကံရှင် မဟုတ်ကြဘူး-ဟု ဆိုလိုသည်)။ |
27,811 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုသို့မဟုတ်ပဲ “သူဌေး.. အခြားလူများသည် အဝတ်အထည် ဆီ, ပျား, တင်လဲ-စသည်တို့ကို ရောင်းကြပါကုန်၏၊ |
27,812 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ၁၃၃ အရှင်သူဌေးသည်ကား ရွှေတွေ ငွေတွေကို ရောင်းချနေသကိုး”ဟု ပြောဆိုလာသူကို “ဘယ်မှာလဲ ရွှေငွေတွေ”ဟု ပြန်၍ မေးလိုက်ပါ၊ ထိုသူက “ဤပစ္စည်းတွေ”ဟု ပြောဆိုလျှင် “ထိုပစ္စည်းတွေကို ယူခဲ့ပါဦး”ဟု သူငယ်ချင်းက ပြောဆိုကာ လက်နှစ်ဖက်တို့ဖြင့် ခံယူလိုက်ပါ။ |
27,813 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | (ထိုသူသည် ဘုန်းရှင်ကံရှင် ဖြစ်ပါသည်) ဤနည်းဖြင့် ထိုသူပေးအပ်သော ဥစ္စာသည် သူငယ်ချင်း၏ လက်ထဲ၌ မူလပကတိအတိုင်း ရွှေတွေ ငွေတွေပင် ဖြစ်ပါလိမ့်မည်။ |
27,814 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အထူး သတိပေးလိုသည်မှာ- ထိုသို့ ပြောဆိုလာသူသည် အကယ်၍ သတို့သမီးဖြစ်လျှင် ထိုသတို့သမီးကို သူငယ်ချင်း၏အိမ်၌ သားအတွက် (မယားအဖြစ်) ဆောင်ယူ၍ ကုဋေလေးဆယ်သော ထိုရွှေငွေဥစ္စာကို ထိုချွေးမအား အပ်နှင်းပါလေ၊ ထိုသို့အပ်နှင်းပြီး ထိုချွေးမက စီမံပေးအပ်သော ဥစ္စာကို သူငယ်ချင်း သုံးဆောင်ပါလေ။ |
27,815 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အကယ်၍ ထိုသို့ ပြောဆိုလာသူသည် သတို့သားဖြစ်ခဲ့လျှင် သူငယ်ချင်း၏အိမ်၌ အရွယ်သို့ရောက်သော သမီးကို ထိုသတို့သားအား ပေး၍ ကုဋေလေးဆယ်သော ရွှေငွေများကို ထိုသားမက်အား အပ်နှင်းပြီးလျှင် ထိုသားမက်က စီမံပေးအပ်သော ဥစ္စာကို သူငယ်ချင်း သုံးဆောင်ပါလေ”– |
27,816 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဤကဲ့သို့ နည်းလမ်းဥပါယ်ကောင်းကို ပေးလေသည်။ |
27,817 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဘုန်းရှင် ကံရှင် ကိသာဂေါတမီ |
27,818 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | စီးပွါးပျက်သူ သူဌေးသည် “အလွန်ကောင်းသော နည်းလမ်းဥပါယ်ဖြစ်သည်”ဟု ပြောဆိုကာ သူငယ်ချင်း ပြောသည့်အတိုင်း မိမိ၏အိမ်အတွင်း ဆိုင်ခင်းသင့်သည့် နေရာ = လမ်းသွားလမ်းလာ လူအများ မြင်လောက်သည့်နေရာ၌ မီးသွေးများကို အစုအပုံပြု၍ ရောင်းနေသကဲ့သို့ ထိုင်နေလေ၏။ |
27,819 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | “သူဌေး.. အခြားလူများသည် |
27,820 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ၁၃၄ အဝတ်အထည်, ဆီ, ပျား, တင်လဲ- စသည်တို့ကို ရောင်းကြပါကုန်၏၊ အရှင်သူဌေးကမူ (ဂုဏ်နှင့်မလိုက်အောင်) အဘယ့်ကြောင့် မီးသွေးတို့ကို ရောင်း၍နေသနည်း”ဟု မေးမြန်းပြောဆိုလာသော (ဘုန်းကံရှင် မဟုတ်သူ) လူတို့အား သူဌေးသည် “မိမိ၏ဥစ္စာကို မရောင်းချလျှင် ဘာလုပ်မည်နည်း”ဟုသာ တိုတိုတုတ်တုတ် စကားတုံ့ ပေးလိုက်လေ၏။ |
27,821 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထို့နောက် တနေ့သောအခါ ရှေးဖော်ပြရာပါ အထည်ကြီးပျက် စီးပွါးပျက် သူဌေးသမီး ကိသာဂေါတမီသည် မိမိ၏ကိစ္စတခုဖြင့် ထိုအိမ်ဈေးတံခါးဝသို့ ရောက်ရှိလာ၍ သူဌေးကို မြင်လေလျှင် “အို ဖခင်.. အသို့နည်း = ဘယ့်နှာလဲ၊ အခြားလူများသည် အဝတ်အထည်, ဆီ, ပျား, တင်လဲ- စသည်တို့ကို ရောင်းကြပါကုန်၏၊ ဖခင်သည်ကား ရွှေတွေ ငွေတွေကို ရောင်းချ၍နေသကိုး”ဟု ပြောဆို... |
27,822 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | သူဌေးက “သမီး.. ဘယ်မှာလဲ ရွှေငွေတွေ”ဟု မေး၍ ကိသာဂေါတမီက “ဖခင်သည် ထိုရွှေတွေ ငွေတွေကိုပင် ကိုင်၍ ထိုင်နေသည်မဟုတ်လော”ဟု ပြောလေလျှင် သူဌေးသည် “သမီး.. ထိုရွှေငွေတွေကို ယူခဲ့ပါဦး”ဟု ပြောဆိုလေ၏။ |
27,823 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီသည် လက်ခုပ်အပြည့်ယူ၍ သူဌေး၏ လက်နှစ်ဖက်တို့၌ လောင်းထည့်ပေးလိုက်လေ၏။ |
27,824 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုပစ္စည်းအားလုံးသည် မူလပကတိအတိုင်း ငွေနှင့် ရွှေများသာ ဖြစ်လေတော့၏။ |
27,825 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီ သူဌေးချွေးမ ဖြစ်လေပြီ |
27,826 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုအခါ ကိသာဂေါတမီကို သူဌေးသည် “သမီး.. သမီး၏အိမ်သည် အဘယ်အမည် ရှိသနည်း”ဟု မေး၍ ကိသာဂေါတမီက “ဤသို့သောအမည် ရှိပါ၏”ဟု ဖြေကြားအပ်လေသော် ထိုကိသာဂေါတမီ၏ အရှင်သခင် လင်ယောက်ျား မရှိသေးသူအဖြစ်ကို သိပြီးနောက် မီးသွေးဖြစ်နေသော ဥစ္စာစုကို သိုမှီးသိမ်းဆည်းလျက် ကိသာဂေါတမီကို မိမိ၏သားအတွက် (=ဇနီးအဖြစ်) ဆောင်ယူခဲ့ပြီးလျှင် ကုဋေလေးဆယ်သော... |
27,827 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုအခါ အလုံးစုံသည်ပင် မူလပကတိအတိုင်း |
27,828 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ၁၃၅ ငွေနှင့် ရွှေချည်း ဖြစ်လေတော့၏။ |
27,829 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ။ (ဤစကားစုကား ဓမ္မပဒအဋ္ဌကထာမှ လာသတည်း)။ |
27,830 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီသည် နောက်တချိန်၌ သားကို ဖွားမြင်လေ၏။ |
27,831 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုအခါ (ရှေးက ဆင်းရဲသူသမီးဟု လွှမ်းမိုးနိုင်ထက်ကလူ ပြုကြသော်လည်း) သားယောက်ျားကလေး ဖွားမြင်လာသည့်အတွက် တအိမ်သားလုံးတို့က မြတ်နိုးတနာမှု ပြု၍လာကြလေ၏။ |
27,832 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အထူးအားဖြင့် ကိသာဂေါတမီ၏ ထိုသားကလေးသည် ပြေးကာ လွှားကာ ကစားနိုင်သော အရွယ်မှာပင် သေဆုံး၍ သွားလေ၏။ |
27,833 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | သို့ရကား တကြိမ်မျှ သားသောက မတွေ့ဘူးသော ကိသာဂေါတမီ၏ သန္တာန်ဝယ် သောကကြီးစွာ ဖြစ်၍လာလေ၏။ |
27,834 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီသည် “ငါကား ဤအိမ်၌ လာဘ်ပူဇော်သက္ကာရ ခေါင်းပါးနွမ်းနယ်ရာမှ သားကလေးမွေးဖွားသော အချိန်ကစ၍ အပူဇော်ခံ အမြတ်နိုးခံဘဝသို့ ရောက်ခဲ့ရလေပြီ၊ ဤလူများသည် ငါ့သားကလေး (ဥတုဇရုပ်ကလာပ်)ကို မြို့ပြင်၌ စွန့်ပစ်ရန် အားထုတ်ကြကုန်လေရာ၏”ဟု အောက်မေ့၍ သားကလေးအလောင်းကို ရင်ခွင်ဖြင့်ပိုက်၍ “ကျွန်တော်မသားကလေးအတွက် အသက်ရှင်ဆေး ပေးကြပါကုန်... |
27,835 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | မြင်တိုင်းမြင်တိုင်းသော အရပ်၌ လူများက “အဘယ်အရပ်၌ သင်သည် သေပြီးသူအတွက် အသက်ပြန်၍ ရှင်သောဆေးကို တွေ့ဘူး မြင်ဘူးသနည်း”ဟု လက်ဖြောက်တီးကာ ပြက်ရယ်မှု ပြုကြလေ၏။ |
27,836 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီသည် ထိုလူများ၏ စကားဖြင့်လည်း အသိတရား သတိတရား မရနိုင်ရှာချေ။ |
27,837 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုအခါ ကိသာဂေါတမီကို ပညာရှိသူ လူတယောက်က တွေ့မြင်ရ၍ “ဩ.. ဤသူငယ်မသည် သားသောကကြောင့် စိတ်ပြန့်လွင့်ခြင်းသို့ ရောက်ရှာသည် ဖြစ်လိမ့်မည်၊ ဤသူငယ်မအတွက် ဆေးကို အခြားသူ တဦးတယောက်မျှ သိလိမ့်မည်မဟုတ်၊ မြတ်စွာဘုရားရှင်သည်သာလျှင် သိတော်မူလိမ့်မည်”ဟု ကြံစည်ဆင်ခြင်မိ၍ |
27,838 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ၁၃၆ “ချစ်သမီး.. သင်ချစ်သမီး၏ သားကလေးအတွက် အသက်ပြန်၍ ရှင်မည့်ဆေးကို မြတ်စွာဘုရားမှတပါး အခြား သိနိုင်သောသူမည်သည် မရှိချေ၊ စင်စစ်သော်ကား နတ်နှင့်တကွသော သတ္တလောက၌ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည်၏အဦး ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူဆဲ ရှိ၏၊ ချစ်သမီးသည် ထိုမြတ်စွာဘုရားရှင် အထံတော... |
27,839 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | မြတ်ဘုရားပေးသည့် သောကငြိမ်းကြောင်း ဥပါယ်ကောင်း |
27,840 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုအခါ ကိသာဂေါတမီသည် “ဤပညာရှိ ပုဂ္ဂိုလ်မြတ်သည် အမှန်ကိုပြောဆို၏”ဟု အောက်မေ့၍ သားကလေး၏ အလောင်းကို ပိုက်ယူကာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တရားဟောရန် ဗုဒ္ဓါသနဓမ္မပလ္လင်ဝယ် ထိုင်နေတော်မူသော အချိန်၌ ပရိသတ်အစွန်းက ရပ်တည်ကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မ၏ သားကလေးအတွက် အသက်ရှင်ဆေးကို ပေးတော်မူကြပါဘုရား”ဟု ဟစ်အော... |
27,841 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | မြတ်စွာဘုရားရှင်သည် ကိသာဂေါတမီ၏ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယကို မြင်တော်မူ၍ “ချစ်သမီးဂေါတမီ.. သားကလေးအသက်ရှင်ရန် ဆေးအလို့ငှါ ဤအရပ်သို့လာရောက်သော သင်ချစ်သမီးသည် ကောင်းသည်ကို ပြုအပ်ခဲ့လေပြီ = သားအသက်ရှင်ဆေး ရရန်အတွက် ဤအရပ်သို့ သင်ချစ်သမီး လာရောက်ခြင်းသည် အလွန်ကောင်းမြတ်လှပေ၏၊ ချစ်သမီး.. သွားပါချေ၊ သာဝတ္ထိပြည်တ... |
27,842 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | (ဤ၌။ ။ |
27,843 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | မြတ်စွာဘုရားရှင်၏ မိန့်ကြားတော်မူချက်ကို သတိပြုရာ၏၊ မြတ်စွာဘုရား၏ မိန့်ကြားတော်မူချက်မှာ “လူတဦးတယောက်မျှ |
27,844 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ၁၃၇ မသေဘူးသောအိမ်မှ မုံညင်းဆီ အနည်းငယ်ကို ရှာဆောင်ခဲ့လော့” ဟူ၍သာ ဖြစ်သည်၊ “ထိုမုံညင်းဆီရလျှင် သင်၏သားကလေး အသက်ပြန်ရှင်လာမည်”ဟု မိန့်ကြားတော်မူသည် မဟုတ်။ |
27,845 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | စင်စစ်သော်ကား “ငါတဦးတည်းသာ သားနှင့် ကွေကွင်းရခြင်း = ဆင်းရဲဒုက္ခကို တွေ့ရသည်မဟုတ်၊ လူတိုင်းလူတိုင်းပင် ထိုဆင်းရဲဒုက္ခကို တွေ့ကြုံရပါတကား”ဟု ကိသာဂေါတမီ၏ သန္တာန်၌ အသိမှန် အမြင်မှန်ရ၍ သောကငြိမ်းအေးရန်သာ ရှေးဆိုအပ်ပြီးသည့်အတိုင်း မုသားမပါ မိန့်ကြားတော်မူခြင်း ဖြစ်သည်ကို သတိပြုရာ၏)။ |
27,846 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီသည် (ထိုမုံညင်းဆီရလျှင် မိမိသားကလေး အသက်ပြန်ရှင်လာမည်ဟု အောက်မေ့ကာ) “ကောင်းပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထား ဝန်ခံ၍ အားရဝမ်းသာစွာ မြို့တွင်းသို့ဝင်ပြီးလျှင် ပဌမတွေ့ရသော အိမ်၌ပင် “မြတ်စွာဘုရားက ကျွန်တော်မ၏သားကလေး အသက်ပြန်ရှင်ဆေးအတွက် မုံညင်းဆီ အနည်းငယ်ကို အယူအဆောင် ခိုင်းတော်မူပါသည်။ |
27,847 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကျွန်တော်မအား မုံညင်းဆီ အနည်းငယ်ကို ပေးတော်မူကြပါ”ဟု အိမ်ရှင်တို့အား ပြောကြားလေ၏။ |
27,848 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အိမ်ရှင်များက “ယူလော့ = ရော့ ဂေါတမီ..”ဟု ပြောဆိုကြ၍ မုံညင်းဆီ အနည်းငယ်ကို ထုတ်၍ ပေးကြလေလျှင် ကိသာဂေါတမီသည် “ကျွန်တော်မကား ဤကဲ့သို့ မမေးမမြန်းပဲ မယူနိုင်ပါ၊ ဤအိမ်၌ ရှေးက တစုံတယောက် သေသောသူမည်သည် မရှိဘူးလော”ဟု မေးလေ၏။ |
27,849 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အိမ်ရှင်တို့က “ဘယ့်နှယ်ပြောပါလိမ့် သမီးဂေါတမီ.. ဤအိမ်၌ ရှေးက သေသောသူများကို အဘယ်သူသည် ရေတွက်နိုင်ချိမ့်မည်နည်း = မရေမတွက်နိုင်သည်သာ”ဟု ပြောဆိုကြလေလျှင် ကိသာဂေါတမီသည် “ထိုသို့ဖြစ်လျှင် တော်ပါပြီ၊ ကျွန်တော်မသည် ဤမုံညင်းဆီကို မယူတော့ပါဘူး၊ ကျွန်တော်မကို မြတ်စွာဘုရားရှင်က လူမသေဘူးသောအိမ်မှ မုံညင်းဆီကို ဆောင်ယူစေတော်မူပါသည်... |
27,850 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီသည် ဤနည်းဖြင့်ပင် နှစ်အိမ် သုံးအိမ် ဝင်ထွက်ခဲ့၍ တတိယအိမ်သို့ ဝင်ရောက်၍အပြီးတွင် “တမြို့လုံး၌ပင် ဤနည်းသာလျှင် ဖြစ်ချိမ့်မည်၊ ဤအချက်ကို သတ္တဝါတို့၏ |
27,851 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ၁၃၈ အစီးအပွါးကို လိုလားတော်မူသော မြတ်စွာဘုရားရှင်သည် မြင်တော်မူပြီး ဖြစ်လိမ့်မည်”ဟု သတိသံဝေဂကြီးစွာရလျက် ထိုတတိယအိမ်မှပင် မြို့ပြင်သို့ ထွက်ခဲ့၍ သုသာန်သင်းချိုင်း လုပ်တိုင်းသို့ သွားရောက်ကာ သားငယ်၏ ရုပ်အလောင်းကို လက်ဖြင့်ကိုင်၍ “ချစ်သား.. အမေကား ဤသေခြင်းသဘောသည် သင်ချစ်သားအားသာ ကွက်၍ဖြစ်၏-ဟု ကြံမှားခဲ့လေပြီ၊ ဤသေခြင်းသဘေ... |
27,852 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | န စာပိယံ ဧကကုလဿ ဓမ္မော။ |
27,853 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | သဗ္ဗဿ လောကဿ သဒေဝကဿ၊ |
27,854 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဧသေဝ ဓမ္မော ယဒိဒံ အနိစ္စတာ- |
27,855 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဟူသော ဤဂါထာကို ရွတ်ဆို၍ မြတ်စွာဘုရား အထံတော်သို့ သွားရောက်လေ၏။ |
27,856 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | (ဤဂါထာ၏ အနက်ကို နောက်မှ ရေးသားပေအံ့)။ |
27,857 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားရှင်က “ချစ်သမီးဂေါတမီ.. သင်သည် မုံညင်းဆီကို ရအပ်ခဲ့ပြီလော”ဟု မေးတော်မူ၍ ကိသာဂေါတမီက “မြတ်စွာဘုရား.. မုံညင်းဆီဖြင့် ပြုရန်ကိစ္စကား ပြီးပါပြီ၊ စင်စစ်သော်ကား ရှင်တော်ဘုရားတို့သည် တပည့်တော်မအား ထောက်ရာတည်ရာကိုသာ ပေးတော်မူကြပါလော့”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ကိသာဂေါတမီအား ဓမ္မပဒ... |
27,858 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမာနသံ နရံ။ |
27,859 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။ |
27,860 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဂေါတမိ = ချစ်သမီး ဂေါတမီ..။ |
27,861 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ပုတ္တပသုသမ္မတ္တံ = သမီးနှင့်သား ကျွဲနွားတို့ဖြင့် တအားတက်ကာ |
27,862 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ၁၃၉ ယစ်မူး မေ့လျော့၍နေသော။ |
27,863 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဗျာသတ္တမနသံ = ရအပ်ရအပ် ဝတ္ထုပစ္စည်း အရပ်ရပ်တို့၌ ငြိကပ်တွယ်တာသော စိတ်ရှိ၍နေသော။ |
27,864 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | တံ နရံ = ထိုလူကို။ |
27,865 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | (သုတ္တံ = အိပ်ပျော်၍နေသော။ |
27,866 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဂါမံ = ရွာ၌နေသူ လူအပေါင်းကို။ |
27,867 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | မဟောဃော = ချောင်းပြည့်လျှံစီး ရေအယဉ်ကြီးသည်။ |
27,868 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အာဒါယ ဂစ္ဆတိ ဣဝ = ခွေးကိုမျှမကြွင်းအောင် တိုက်ဆောင်ယူငင်၍ သွားသကဲ့သို့)။ |
27,869 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | မစ္စု = မစ္စုခေါ်ငြား သေခြင်းတရားသည်။ |
27,870 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အာဒါယ ဂစ္ဆတိ = ယူဆောင်၍ သွားလေ၏”– |
27,871 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဟူသော ဤဂါထာကို ဟောကြားတော်မူလေ၏။ |
27,872 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီသည် ဂါထာနိဂုံး ဆုံးသောအခါ သောတာပတ္တိဖိုလ်၌ တည်လေ၏။ |
27,873 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | (ဤကား အင်္ဂုတ္တရအဋ္ဌကထာ ဖွင့်ပြချက်ဖြစ်သည်)။ |
27,874 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | (ကိသာဂေါတမီ ထေရီအပဒါန် ပါဠိတော် အလိုအားဖြင့်- ကိသာဂေါတမီ မြတ်စွာဘုရားရှင် အထံတော်သို့ ပြန်လာသောအခါ မြတ်စွာဘုရားက- |
27,875 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ- |
27,876 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဟူသော ဂါထာ, (ဤဂါထာအနက်ကို အောက် ပဋာစာရာထေရီအကြောင်း စာမျက်နှာ ၈၀-၌ ဖော်ပြခဲ့ပြီ)။ |
27,877 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဧသေဝ ဓမ္မော ယဒိဒံ အနိစ္စတာ။ |
27,878 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ယဒိဒံ - ယာ အယံ အနိစ္စတာ = အကြင် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ တခဏနှင့်ဖြစ်စဲ မမြဲခြင်းသဘောသည်။ |
27,879 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အတ္ထိ = ရှိ၏။ |
27,880 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အယံ = ဤရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ တခဏနှင့်ဖြစ်စဲ မမြဲခြင်းသဘောသည်။ |
27,881 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | န ဂါမဓမ္မော = တံတိုင်းမရှိ ဈေးမရှိ၍ သမ္မုတိဝေါဟာ ရွာဟုပညတ် တခုသောအရပ်ဝယ် သတ်မှတ်ပိုင်းခြား တကန့်သား၍ ဖြစ်ပွါးလေ့လာ မဟုတ်ပါတည့်။ |
27,882 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | နော နိဂမဿ ဓမ္မော = တံတိုင်းမစုံ ဈေးသာစုံ၍ နိဂုံပညတ် တခုသောအရပ်ဝယ် သတ်မှတ်ပိုင်းခြား တကန့်သား၍ ဖြစ်ပွါးလေ့လာ မဟုတ်ပါတည့်။ |
27,883 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ၁၄၀ န စာပိယံ ဧကကုလဿ ဓမ္မော = ဌာနနယ်ချုံး တနိဂုံးနှင့် ခေါ်ထုံးဝေါဟာ တမြို့ရွာဝယ် မျက်နှာမဲ့လျှင်း တအိမ်တွင်း၌ သင်းသီးသန့်ခြား တကန့်သား၍ ဖြစ်ပွါးလေ့လာ မဟုတ်ပါတည့်။ |
27,884 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဧသေဝ ဓမ္မော = ဤရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ တခဏနှင့်ဖြစ်စဲ မမြဲခြင်းသဘောသည်။ |
27,885 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | သဒေဝကဿ = နတ်ပြည်ခြောက်ရွာ ဗြဟ္မာနှစ်ဆယ်နှင့် တကွသော။ |
27,886 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | သဗ္ဗဿ လောကဿ = အလုံးစုံလောက ရှိသမျှ သတ္တဝါအပေါင်း၏။ |
27,887 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဓမ္မော = ဆန်မငြင်းသာ မတင်းသာသည့် ဓမ္မတာမျိုး တရားလမ်းရိုးကြီးပါပေတည်း။ |
27,888 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ရုပ်နာမ်နှစ်ဖြာ၊ ငါးခန္ဓာတို့၊ ဖြစ်လာတိုင်းပင်၊ ကွယ်ချုပ်ဝင်သည့်၊ ဤသင်္ခါရ၊ သဘာဝကား၊ ဌာနနယ်ချုံး၊ တနိဂုံးနှင့်၊ ခေါ်ထုံးဝေါဟာ၊ တမြို့ရွာဝယ်၊ မျက်နှာမဲ့လျှင်း၊ တအိမ်တွင်း၌၊ သင်းသီးသန့်ခြား၊ တကန့်သား၍၊ ဖြစ်ပွါးလေ့လာ၊ မဟုတ်ပါဘူး။ |
27,889 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဗြဟ္မာ,လူ,နတ်၊ ထုတ်ချင်းခတ်အောင်၊ ဥပါဒ်စလျှင်၊ ဌီသို့ဝင်၍၊ ဘင်္ဂက္ခဏ၊ မရဏဖြင့်၊ ရွရွလှုပ်လှုပ်၊ တချုပ်ချုပ်လျှင်၊ နာမ်ရုပ်နှစ်မျိုး၊ ဖြစ်တိုင်းညှိုးသည်- |
27,890 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အရိုး အနိစ္စချည်းသာတည်း။ |
27,891 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အရိုး ဒုက္ခချည်းသာတည်း။ |
27,892 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | အရိုး အနတ္တချည်းသာတည်း- |
27,893 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ဟူသောဂါထာ = ဤတရားနှစ်ဂါထာကို ဟောကြားတော်မူသည်ကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်လေသည်-ဟု ထေရီမကြီးကိုယ်တိုင် မိမိ၏ဖြစ်စဉ် ကျင့်စဉ်ကို ပြန်လည် ဟောကြားအပ်သောကြောင့် ထိုအပဒါန်ပါဠိတော် အလာကိုလည်း အထူးသတိချပ် မှတ်ယူရာ၏)။ |
27,894 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီသည် သောတာပတ္တိဖိုလ်၌ တည်ပြီးနောက် = သောတာပန်အရိယာ ဖြစ်ပြီးနောက် မြတ်စွာဘုရားရှင်ကို ရဟန်းမ ပြုပေးပါရန် တောင်းပန် လျှောက်ထားလေသည်။ |
27,895 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | မြတ်စွာဘုရားရှင်သည် ရဟန်းမ-ပြုရန် ခွင့်ပြုတော်မူလေသည်။ |
27,896 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီသည် မြတ်စွာဘုရားရှင်ကို လက်ျာရစ်သုံးပတ် လှည့်လည်ကာ ရှိခိုး၍ ဘိက္ခုနီကျောင်းတိုက်သို့ သွားရောက်ပြီးလျှင် ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရယူလေ၏။ |
27,897 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ထိုအချိန်မှစ၍ ကိသာဂေါတမီထေရီဟူ၍ ထင်ရှားလေ၏။ |
27,898 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ၁၄၁ ကိသာဂေါတမီထေရီ ရဟန္တာဖြစ်ခြင်း |
27,899 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | ကိသာဂေါတမီ ထေရီသည် ရဟန်းမ-ပြုပြီးနောက် ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်လေရာ တနေ့သ၌ ဥပုသ်အိမ် သိမ်အပြင်ဝယ် မိမိအလှည့်အကြိမ် ရောက်သဖြင့် ဆီမီးညှိထွန်းပြီး ထိုဆီမီးတောက်ကို ကြည့်ရှုကာ ထိုင်နေသည်ရှိသော် ဆီမီးအလျှံတို့ တဖြစ်ပျက်ပျက်ရှိနေသည်ကို မြင်ရ၍ “ဤဆီမီးအလျှံများ ဖြစ်၍ ဖြစ်၍ ပျက်ကုန်သကဲ့သို့ ဤအတူပင် ဤသတ္တဝါတို့သည်လည... |
27,900 | မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ | ကိသာဂေါတမီထေရီအကြောင်း | မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီ ကျောင်းတော်ဝယ် ထိုင်နေတော်မူရင်းကပင် ရောင်ခြည်တော်ကို ဖြန့်လွှတ်၍ ထေရီမ၏ မျက်မှောက်၌ ထိုင်နေကာ ဟောတော်မူသကဲ့သို့ “ချစ်သမီးဂေါတမီ.. ဤချစ်သမီး စဉ်းစားမိသည့်အတိုင်း မှန်လှပေ၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.