id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
27,901
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ဤသတ္တဝါတို့သည် ဆီမီးအလျှံတို့ကဲ့သို့ ဖြစ်လည်းဖြစ်ကြ, ပျက်လည်းပျက်ကြကုန်၏၊ နိဗ္ဗာန်သို့ ရောက်ကြသူများသာ မထင်ပဲ ရှိကုန်၏။
27,902
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ဤသို့ နိဗ္ဗာန်တရားကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မမြင်ရသောသူတို့၏ အနှစ်တရာ အသက်ရှင်ရခြင်းထက် နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မြင်ရသောသူ၏ တခဏမျှ အသက်ရှင်ရခြင်းက ချီးမွမ်းအပ် မြတ်လှပေ၏”ဟု မိန့်တော်မူ၍ စကားအနုသန္ဓေ ဆက်စပ်ပြီးလျှင် တရားဟောတော်မူလိုရကား ဤဆိုလတ္တံ့သော ဂါထာကို ဟောတော်မူ၏-
27,903
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
27,904
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။
27,905
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
အမတံ ပဒံ = သေခြင်းကင်းရာ မဟာအသင်္ခတဓာတ် အမြိုက်နိဗ္ဗာန် ပရမတ်ကို။
27,906
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
အပဿံ-အပဿန္တော = မဂ်ဉာဏ်, ဖိုလ်ဉာဏ်
27,907
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
၁၄၂ နှစ်တန်သော ဓမ္မမျက်စိဖြင့် မသိမမြင်ပဲ။
27,908
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ဇီဝတော = အနှစ်တရာ ရှည်မြင့်ကြာအောင် ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်းထက်။
27,909
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ပဿတော = မဂ်ဉာဏ်, ဖိုလ်ဉာဏ် နှစ်တန်သော ဓမ္မမျက်စိဖြင့် သိမြင်သောသူ၏။
27,910
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ဇီဝိတံ = ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်းသည်။
27,911
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
သေယျော = အထူးသဖြင့် ချီးမွမ်းအပ် မြတ်လှပေ၏။
27,912
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ကိသာဂေါတမီထေရီသည် ဤဂါထာအဆုံးဝယ် အရဟတ္တဖိုလ်သို့ ရောက်လေ၏ = အာသဝေါကုန်ခန်း ရဟန္တာထေရီမ ဖြစ်လေ၏။
27,913
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ဤကိသာဂေါတမီ ရဟန္တာထေရီမသည် ရဟန္တာဖြစ်ပြီးနောက် ပရိက္ခရာကို သုံးစွဲရာ၌ ခေါင်းပါးခြင်းဥက္ကဌ် အထွတ်အထိပ်ရောက် ကျင့်ဆောက်ကြိုးကုတ် (ရှေးဆုတောင်းအတိုင်း) အားထုတ်သူဖြစ်ရကား (၁) ဝတ္ထလူခ = အဝတ်အထည် အမျိုးအစားအားဖြင့် ကြမ်းတမ်းညံ့ဖျင်း၍ (၂) သုတ္တလူခ = သင်္ကန်းချုပ်သောချည် အနေအားဖြင့်လည်း ကြမ်းတမ်းခေါင်းပါး ညံ့ဖျင်းလျက် (၃) ရဇနလ...
27,914
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ထို့ကြောင့် မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ဇေတဝန် ကျောင်းတော်၌ နေတော်မူလျက် ဘိက္ခုမနီတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူသည်ရှိသော် ဤကိသာဂေါတမီ ရဟန္တာထေရီမကို-
27,915
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
၁၄၃ “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ လူခစီဝရဓရာနံ ယဒိဒံ ကိသာဂေါတမီ = ရဟန်းတို့.. သုံးမျိုးသော အခြင်းအရာဖြင့် ခေါင်းပါးညံ့ဖျင်းသော သင်္ကန်းကို ဆင်မြန်းဝတ်ရုံ သုံးဆောင်လေ့ရှိကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီမများစွာတို့တွင် ကိသာဂေါတမီ ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-
27,916
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ဟု ချီးကျူး မိန့်မြွက်တော်မူကာ “လူခစီဝရဓရ = ခေါင်းပါးညံ့ဖျင်းသော သင်္ကန်းကို ဆင်မြန်းဝတ်ရုံ သုံးဆောင်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။
27,917
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကိသာဂေါတမီထေရီအကြောင်း
ဤကား ကိသာဂေါတမီထေရီ အကြောင်းတည်း။
27,918
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သဟဿဝဂ် ၁၃။
27,919
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ကိသာဂေါတမီထေရီမဝတ္ထု
27,920
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ယော စ ဝဿသတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကိသာဂေါတမီ ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။
27,921
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
မီးသွေးမှ ရွှေငွေဖြစ်သော သတို့သမီးဘုန်းကံ
27,922
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သာဝတ္ထိပြည်၌ တစ်ယောက်သောသူဌေး၏အိမ်တွင် ကုဋေလေးဆယ်သောဥစ္စာသည် မီးသွေးချည်းသာဖြစ်၍ တည်လေသတတ်။
27,923
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သူဌေးကြီးသည် ထိုမီးသွေးကိုမြင်ရလျှင် စိုးရိမ်ခြင်းဖြစ်လှသောကြောင့် အာဟာရကိုပယ်၍ ညောင်စောင်း၌ လျောင်းစက်လေ၏။
27,924
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုသူဌေး၏ အဆွေခင်ပွန်းတစ်ယောက်သည် အိမ်သို့လာ၍ “အချင်း- အဘယ့်ကြောင့် စိုးရိမ်ရသနည်း”ဟု မေးလတ်သဖြင့် ထိုအကြောင်းကို ကြားရသည်ရှိသော် “အချင်း- မစိုးရိမ်လင့်၊ ငါကား တစ်ခုသောအကြောင်းကို သိ၏။
27,925
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုအကြောင်းကို ပြုလော့”ဟု ဆိုလေ၏။
27,926
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
“အချင်း- အဘယ်ကို ပြုရမည်နည်း”ဟု မေးလျှင် “မိမိ၏အိမ်ဈေး၌ (ဈေးဆိုင်၌) ဖျာကို ဖြန့်ခင်း၍ ထိုဖျာပေါ်၌ မီးသွေးတို့ကို အစုအပုံပြုလုပ်ပြီးလျှင် ရောင်းသကဲ့သို့ ထိုင်နေချေလော့၊ လာကုန်,လာကုန်သော လူတို့တွင် အကြင်သူတို့သည် “သင်မှ ကြွင်းသော အခြားသော ဈေးသည်တို့ကား အဝတ်, ဆီ, ပျား, တင်လဲ စသည်တို့ကို ရောင်းကြကုန်၏။
27,927
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သင်သည်ကား မီးသွေးကို ရောင်းလျက် ထိုင်နေဘိ၏”ဟု ဆိုကြကုန်၏၊ ထိုလူတို့ကို “မိမိဥစ္စာကို မိမိမရောင်းသည်ရှိသော် အဘယ်အမှု ပြုရအံ့နည်း”ဟု ဆိုရာ၏။
27,928
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
အကြင်လူသည်ကား သင့်ကို “ကြွင်းသော ဈေးသည်တို့သည်ကား အဝတ်,ဆီ,ပျား,တင်လဲ စသည်တို့ကို ရောင်းကြကုန်၏၊ သင်သည်ကား ရွှေငွေကိုရောင်းလျက် ထိုင်နေဘိ၏”ဟု ဆို၏၊ ထိုလူကို “ရွှေငွေအဘယ်မှာနည်း”ဟု ဆိုရာ၏၊ “ဤဥစ္စာတည်း”ဟု ဆိုလတ်သော် “ထိုရွှေငွေကို ဆောင်ခဲ့ကြပါလော့ (ယူပေးကြပါလော့)”ဟု ဆို၍ လက်တို့ဖြင့် ခံယူရာ၏၊ ဤသို့ပေးအပ်သည်ရှိသော် သင်၏လက်...
27,929
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
” “ထိုသူကား အကယ်၍ သတို့သမီးဖြစ်အံ့၊ သင်၏အိမ်၌ သားအလို့ငှာ ထိုသတို့သမီးကိုဆောင်ယူ၍ ကုဋေလေးဆယ်သော ဥစ္စာတို့ကို သတို့သမီးအား အပ်နှင်းပြီးလျှင် သတို့သမီးက ပေးသည်ကိုသာ သုံးဆောင်ရာ၏၊ အကယ်၍ သတို့သားဖြစ်အံ့၊ သင့်အိမ်၌ အရွယ်ရောက်သောသမီးကို နှင်းပြီးလျှင် ထိုသတို့သားအားပေး၍ ကုဋေလေးဆယ်သောဥစ္စာကို အပ်နှင်းပြီးလျှင် ထိုသတို့သားက ပေ...
27,930
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
“ထိုအကြောင်းကား ကောင်း၏”ဟု နှစ်သက်သဖြင့် မိမိ၏အိမ်ဈေး၌ မီးသွေးအစုအပုံကိုပြု၍ ရောင်းသကဲ့သို့ ထိုင်နေလေ၏။
27,931
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
အကြင်လူတို့သည် ထိုသူဌေးကြီးကို “ကြွင်းသော ဈေးသည်တို့ကား အဝတ်, ဆီ, ပျား, တင်လဲ စသည်တို့ကို ရောင်းကြကုန်၏၊ သင်ကား အသို့နည်း၊ မီးသွေးတို့ကို ရောင်းလျက် ထိုင်နေဘိသလော”ဟု ဆိုကြကုန်၏။
27,932
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုသူတို့အား “မိမိဥစ္စာကို မရောင်းသော် အဘယ်အမှုကို ပြုအံ့နည်း”ဟု စကားတုံ့ပေး၏။
27,933
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုအခါ ကြုံလှီသော ကိုယ်ရှိသည်အဖြစ်ကြောင့် ကိသာဂေါတမီဟူသော အမည်ဖြင့် ထင်ရှားသော ပျက်စီးလေသော သူဌေးမျိုး၏သမီးဖြစ်သော သတို့သမီးတစ်ယောက်သည် မိမိ၏ တစ်ခုသောကိစ္စကြောင့် အိမ်ဈေးတံခါးသို့ ရောက်သွားပြီးလျှင် ထိုသူဌေးကြီးကိုမြင်လျှင် “ဖခင်သူဌေးမင်း- အသို့ပါနည်း၊ ကြွင်းသောဈေးသည်တို့သည်ကား အဝတ်, ဆီ, ပျား, တင်လဲ စသည်တို့ကို ရောင်းက...
27,934
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
“ချစ်သမီး- ရွှေငွေသည် အဘယ်မှာနည်း”ဟု မေးလတ်သော် “အရှင်သူဌေးကြီးသည် ထိုရွှေငွေကိုပင် ကိုင်၍နေသည် မဟုတ်ပါလော”ဟု ဆိုပြန်လေ၏။
27,935
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
“ချစ်သမီး- ထိုရွှေငွေကို ဆောင်ခဲ့ပါလော့၊ ယူပေးပါလော့” ဆိုလတ်သော် ကိသာဂေါတမီသည် လက်အပြည့်ယူ၍ သူဌေးကြီး၏လက်တို့၌ ထား၏။
27,936
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုဥစ္စာသည် ရွှေငွေသာ ဖြစ်လေသတည်း။
27,937
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သားသေသဖြင့် ရူးသွပ်ခြင်း
27,938
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုအခါ ကိသာဂေါတမီကို သူဌေးကြီးသည် “ချစ်သမီး- သင်၏အိမ်သည် အဘယ်အိမ်နည်း”ဟု မေးသဖြင့် “ဤမည်သောအိမ်ပါတည်း”ဟု ဆိုလျှင် ထိုကိသာဂေါတမီ၏ လင်ယောက်ျား မရှိသေးသည့်အဖြစ်ကို သိရ၍ ဥစ္စာကို သိုမှီးပြီးလျှင် ကိသာဂေါတမီကို မိမိသားအလို့ငှာ ဆောင်ယူသဖြင့် ကုဋေလေးဆယ်သောဥစ္စာကို လက်ခံသိမ်းပိုက်စေ၏။
27,939
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုအလုံးစုံသည်လည်း ရွှေငွေသာလျှင် ဖြစ်လေ၏။
27,940
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုကိသာဂေါတမီအား တစ်ပါးသော အခါ၌ ကိုယ်ဝန်သန္ဓေ တည်နေလေ၏။
27,941
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ကိသာဂေါတမီသည် ဆယ်လလွန်သောအခါ သားယောက်ျားကို ဖွားမြင်လေ၏။
27,942
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုသားငယ်သည် ခြေဖြင့်သွားနိုင်သောအခါ သေလွန်ရှာလေ၏။
27,943
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ကိသာဂေါတမီသည် သေခြင်းကို ရှေး၌မမြင်ဖူးသည့်အဖြစ်ကြောင့် သေသောသားကို မီးသင်္ဂြိုဟ်ခြင်းငှာ ထုတ်ဆောင်သောသူတို့ကို တားမြစ်၍ “ငါ့သားအလို့ငှာ ဆေးကို မေးမြန်းဦးအံ့”ဟု သေလေပြီးသောသားကို ရင်ခွင်ဖြင့် ပိုက်ချီလျက် “ငါ့သားအလို့ငှာ ဆေးကို သိကြပါသလော”ဟု မေးမြန်းကာ အိမ်စဉ်အတိုင်း သွားလာလှည့်လည်လေ၏။
27,944
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုအခါ ကိသာဂေါတမီကို လူတို့သည် “အမိ- သင်သည် အရူးဖြစ်ပြီ၊ သေလေပြီးသော သားငယ်၏အလို့ငှာ ဆေးကို မေးမြန်းလျက် လှည့်လည်ဘိ၏”ဟု ပြောဆိုကြကုန်၏။
27,945
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သားသေကိုကုမည့် သမားရှာပုံ
27,946
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ကိသာဂေါတမီသည်ကား “မချွတ်ဧကန် ငါ့သားအလို့ငှာ ဆေးသိသော ဆေးသမားကို ရပေလိမ့်မည်”ဟု မှတ်ထင်လျက် သွားလာလှည့်လည်၏။
27,947
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုအခါ ကိသာဂေါတမီကို ပညာရှိယောက်ျားတစ်ယောက်သည် မြင်ရလျှင် “ဤငါ၏သမီးသည် ရှေးဦးစွာ သားဦးရတနာကို ဖွားမြင်သည်ဖြစ်လတ္တံ့၊ ရှေး၌လည်း သေခြင်းကို မမြင်ဖူးသေးသည်ဖြစ်လတ္တံ့၊ ထို့ကြောင့် ငါသည် ဤကိသာဂေါတမီ၏ မှီခိုအားထားရာဖြစ်ခြင်းငှာ သင့်လျော်၏”ဟု ကြံ၍ “ချစ်သမီး- ငါကား ဆေးကိုမသိ၊ ဆေးသိသော သမားကောင်းကိုကား ငါသိ၏”ဟု ဆိုလေ၏။
27,948
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
“ဖခင်- အဘယ်သူ သိပါသနည်း”ဟု မေးလတ်သော် “ငါ့သမီး- သဗ္ဗညုဘုရားရှင်သည် သိတော်မူ၏။
27,949
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သွားချေ၊ ထိုဘုရားရှင်ကို မေးလျှောက်လေလော့”ဟု ပြောဆိုလေ၏။
27,950
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ကိသာဂေါတမီသည်လည်း “သွားပါမည်ဖခင်၊ မေးပါမည်ဖခင်”ဟု ဆို၍ မြတ်စွာဘုရားသို့ချဉ်းကပ်ကာ ရှိခိုးပြီးလျှင် တင့်အပ်လျှောက်ပတ်သောအရပ်၌ နေလျက် “ဘုန်းတော်သခင် ရှင်ပင်ဘုရား- ရှင်တော်မြတ်ဘုရားတို့သည် တပည့်တော်မ၏ သားအလို့ငှာ ဆေးကို သိနားလည်တော်မူကြသောဟူသည် မှန်ပါကုန်သလောဘုရား”ဟု မေးလေ၏။
27,951
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
“သိသည် မှန်၏”ဟု မိန့်တော်မူလျှင် “အဘယ်ဝတ္ထုကိုရခြင်းငှာ သင့်လျော်ပါသနည်းဘုရား”ဟု မေးမြန်းလေ၏။
27,952
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
“လက်ချောင်းဖြင့် ညှပ်၍ယူကာ မုန်ညင်းစေ့ကို ရခြင်းငှာ သင့်လျော်၏”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ရပါလိမ့်မည်၊ အဘယ်သူ၏အိမ်၌ ရခြင်းငှာ သင့်လျော်ပါသနည်းဘုရား”ဟု မေးလျှောက်ပြန်လေ၏။
27,953
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
“သားသော်လည်းကောင်း၊ သမီးသော်လည်းကောင်း တစ်စုံတစ်ယောက်မျှ မသေဖူးသောသူ၏အိမ်၌ ရခြင်းငှာ သင့်လျော်၏”ဟု မိန့်တော်မူလတ်သော် ကိသာဂေါတမီသည် “မြတ်စွာဘုရား- ကောင်းလှပါပြီဘုရား”ဟု လျှောက်ထားသဖြင့် ဘုရားရှင်ကိုရှိခိုး၍ သားသေကို ရင်ခွင်ဖြင့် ပိုက်ချီလျက် ရွာသို့ဝင်ပြီးလျှင် ရှေးဦးစွာသော အိမ်၏တံခါး၌ ရပ်လျက် “ဤအိမ်၌ မုန်ညင်းစေ့ ရှိပါ...
27,954
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုသူတို့သည် ဆောင်ယူခဲ့၍ မုန်ညင်းစေ့တို့ကို ပေးအပ်ကုန်သည်ရှိသော် “အမိ- ဤအိမ်၌ သေဖူးသောသားသော်လည်းကောင်း၊ သမီးသော်လည်းကောင်း စိုးစဉ်းမျှ မရှိလေသလော”ဟု မေးပြန်သဖြင့် “ချစ်သမီး- အသို့ဆိုသနည်း၊ အသက်ရှင်ကုန်သော သားသမီးတို့သည် နှစ်ယောက်, သုံးယောက်သာ ဖြစ်ကုန်၏၊ သေသော သားသမီးတို့သည်သာ များကုန်၏”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ ထို...
27,955
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
မုန်ညင်းစေ့ရှာရင်း တရားတွေ့
27,956
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဤသို့သောနည်းအားဖြင့် ကိသာဂေါတမီသည် အစမှစ၍ မေးမြန်းကာ လှည့်လည်သွားလေ၏။
27,957
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ကိသာဂေါတမီသည် တစ်ခုသော အိမ်မှသော်လည်း မုန်ညင်းစေ့တို့ကို မယူမူ၍ ညချမ်းအခါ “ဤအမှုသည် အလွန်ဝန်လေးလှ၏။
27,958
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ငါသည်သာလျှင် ငါ၏သားသေသည်ဟု အမှတ်သညာကိုပြုမိပေသည်။
27,959
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
အလုံးစုံသောရွာ၌ အသက်ရှင်သောသူတို့ထက် သေသောသူတို့သာ အလွန်များကုန်၏”ဟု ကြံစည်မိလေ၏။
27,960
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဤသို့ကြံစည်စဉ် ကိသာဂေါတမီ၏သား၌ ချစ်ခင်သော နူးညံ့သောစိတ်နှလုံးသည် ခက်ထန်သည့်အဖြစ်သို့ ရောက်လေ၏။
27,961
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ကိသာဂေါတမီသည် တော၌ သားသေကို စွန့်ပစ်ခဲ့၍ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။
27,962
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် “သင်ကား တစ်လက်ဖျစ်မျှကုန်သော မုန်ညင်းစေ့တို့ကို ရအပ်ကုန်၏လော”ဟု မေးတော်မူလေ၏။
27,963
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
“မြတ်စွာဘုရား- မရအပ်ကုန်ပါ၊ ရွာအလုံး၌ အသက်ရှင်သောသူတို့ထက် သေသူတို့သာလျှင် လွန်စွာများကြပါသည်ဘုရား”ဟု လျှောက်လေ၏။
27,964
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် “သင်သည်သာလျှင် ငါ၏သား သေသည်ဟု မှတ်ထင်ဘိ၏၊ ဤသေခြင်းကား သတ္တဝါတို့၏ မြဲသောသဘောတည်း။
27,965
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သေမင်းကြီးသည် အလုံးစုံသော သတ္တဝါတို့ကို အလိုဆန္ဒ မပြည့်စုံကြမီသာလျှင် ပြင်းစွာလာသော ရေအလျဉ်ကဲ့သို့ ဆွဲငင်၍သာ အပါယ်ဟူသောသမုဒ္ဒရာ၌ ထည့်သွင်းပစ်ချတတ်၏”ဟု မိန့်တော်မူ၍ တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
27,966
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။
27,967
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
မဟောဃော၊ ပြင်းစွာလာသော ရေအလျဉ်သည်။
27,968
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သုတ္တံ၊ အိပ်ပျော်သော။
27,969
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဂါမံ၊ ရွာသူရွာသားအပေါင်းကို။
27,970
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
အာဒါယ၊ တိုက်ယူ၍။
27,971
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။
27,972
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
မစ္စု၊ သေမင်းသည်။
27,973
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ပုတ္တပသုသမ္မတ္တံ၊ သားသမီး ဆင်မြင်းစသော သတ္တဝါတို့ဖြင့် လွန်စွာမေ့ရစ် ချစ်မြတ်နိုးခြင်းရှိသော။
27,974
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဗျာသတ္တမနသံ၊ အထူးထူး အပြားပြားသော အခြင်းအရာဖြင့် လွန်စွာကပ်ငြိသော စိတ်ရှိသော။
27,975
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
တံ နံရံ၊ ထိုသတ္တဝါကို။
27,976
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
အာဒါယ၊ ဆွဲငင်၍။
27,977
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဂစ္ဆတိ၊ သွား၏။
27,978
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သောတာပန်ဖြစ်ခြင်း
27,979
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဂါထာ၏အဆုံး၌ ကိသာဂေါတမီသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
27,980
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုမှတစ်ပါး များစွာသောလူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်လေကုန်၏။
27,981
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဘိက္ခုနီမပြု၍ မီးအာရုံယူခြင်း
27,982
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုကိသာဂေါတမီသည် တစ်ဖန် ဘုရားရှင်အား ဘိက္ခုနီအဖြစ်ကို တောင်းပန်လေ၏။
27,983
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဘုရားရှင်လည်း ရဟန်းမိန်းမတို့၏အထံသို့ စေလွှတ်၍ ရဟန်းပြုစေတော်မူ၏။
27,984
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ကိသာဂေါတမီသည် ဘိက္ခုနီအဖြစ် ရပြီးသည်ရှိသော် ကိသာဂေါတမီ ထေရီမဟူသောအမည်ဖြင့် ထင်ရှားလေ၏။
27,985
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ထိုကိသာဂေါတမီ ထေရီမသည် တစ်နေ့သ၌ ဥပုသ်အိမ်တွင် ဝတ်ပြုရန် အလှည့်ရောက်သဖြင့် ဆီမီးညှိထွန်းလျက်နေစဉ် ဆီမီးလျှံတို့ ပြတ်ပျက်,ပျောက်ကြသည်တို့ကိုလည်းကောင်း၊ ဖြစ်ပေါတိုးပွားကြသည်တို့ကိုလည်းကောင်း မြင်ရလျှင် “ဤဆီမီးလျှံ အတူသာလျှင် သတ္တဝါတို့သည် ဖြစ်လည်း ဖြစ်ကုန်၏၊ ချုပ်လည်း ချုပ်ကုန်၏၊ နိဗ္ဗာန်သို့ရောက်သော သူတို့သာလျှင် မထင်နို...
27,986
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
မြတ်စွာဘုရားသည် ဂန္ဓကုဋီ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် ထိုကိသာဂေါတမီ ဘိက္ခုနီမ၏ မျက်မှောက်၌တည်နေ၍ ဟောတော်မူဘိသကဲ့သို့ “ချစ်သမီး ဂေါတမီ- ဤသို့ သင်နှလုံးသွင်းသည့်အတိုင်းသာလျှင် ဤသတ္တဝါတို့သည် ဖြစ်လည်း ဖြစ်ကုန်၏၊ ချုပ်လည်း ချုပ်ကုန်၏၊ နိဗ္ဗာန်သို့ရောက်သော သူတို့မှသာလျှင် မထင်နိုင်ကြကုန်။
27,987
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဤသို့ နိဗ္ဗာန်ကို မမြင်သောသူတို့၏ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ခြင်းထက် နိဗ္ဗာန်ကိုမြင်သောသူ၏ တစ်ခဏမျှလည်း အသက်ရှည်ခြင်းသည် မြတ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
27,988
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဒေသနာတော် [၁၁၄] ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
27,989
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ယော စ၊ အကြင်သူသည်ကား။
27,990
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
အမတံ ပဒံ၊ သေခြင်းကင်းသော နိဗ္ဗာန်ကို။
27,991
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
အပဿံ-အပဿန္တော၊ မမြင်ဘဲ။
27,992
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဝဿသတံ၊ အနှစ်တစ်ရာကာလပတ်လုံး။
27,993
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဇီဝေ၊ အသက်ရှည်ငြားအံ့။
27,994
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
တတော၊ ထိုနိဗ္ဗာန်မမြင်သောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။
27,995
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
အမတံ ပဒံ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို။
27,996
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ပဿတော၊ မြင်သောသူ၏။
27,997
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဧကာဟံ၊ တစ်ရက်မျှ။
27,998
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဝါ၊ တစ်ခဏမျှပင်။
27,999
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။
28,000
ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ
ကိသာဂေါတမီဝတ္ထု
သေယျော၊ မြတ်၏။