id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
28,001 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု | ဒေသနာတော်၏အဆုံး၌ ကိသာဂေါတမီထေရီမသည် နေမြဲတိုင်းပင်လျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာမအဖြစ်၌ တည်လေ၏။ |
28,002 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု | ကိသာဂေါတမီထေရီမဝတ္ထုပြီး၏။ |
28,003 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ၁၁။ ကိသာဂေါတမီ ဝတ္ထု တံ ပုတ္တပသုသမ္မတ္တံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
28,004 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | (ဝတ္ထုကို သဟဿဝဂ်၌-ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။ |
28,005 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ဟူသော ဂါထာ၏အဖွင့်၌ အကျယ်ချဲ့၍ ဆိုအပ်လေပြီ။ |
28,006 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ) အလိုမပြည့်မီ သေရခြင်း |
28,007 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ထိုအခါ မြတ်စွာဘုရားသည် “ချစ်သမီး ကိသာဂေါတမီ- သင်သည် တစ်လက်ဖျစ်မျှသော မုန်ညင်းစေ့ကို ရအပ်ပြီလော”ဟု မိန့်တော်မူလေ၏။ |
28,008 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မရပါဘုရား”ဟု လျှောက်ပြီးလျှင် “အလုံးစုံသောရွာ၌ (တစ်ရွာလုံး တစ်ရပ်လုံး၌) အသက်ရှည်ကုန်သောသူတို့ထက် သေသောသူတို့သာလျှင် များလှပါကုန်သတတ်ဘုရား”ဟု လျှောက်ကြားလတ်သော် ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် “သင်သည်သာလျှင် သားသေ၏ဟု မှတ်ထင်ဘိ၏၊ ဤသေခြင်း သဘောတရားသည် ခပ်သိမ်းသော သတ္တဝါတို့အား မြ... |
28,009 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ဒေသနာတော် [၂၈၇] တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမာနသံ နရံ။ |
28,010 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ပုတ္တပသုသမ္မတ္တံ၊ သားနှင့်သမီး နွားထီး,နွားမ စသည်တို့ဖြင့် လွန်စွာ ယစ်မေ့လေ့ရှိသော။ |
28,011 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | (ရုပ်အဆင်း စသည်တို့နှင့် ပြည့်စုံသော သားသမီးတို့ကိုလည်းကောင်း၊ နွားစသော သားကောင်တို့ကိုလည်းကောင်း ရလတ်သည်ရှိသော် ငါ၏ သားသမီးတို့သည် အလွန်လှပကုန်၏၊ အားကောင်းကုန်၏၊ ပညာရှိကုန်၏၊ ကိစ္စအားလုံး ပြီးစေနိုင်ကြကုန်၏၊ ငါ၏ နွားတို့သည် အလွန်လှကုန်၏၊ အနာမရှိ၊ များစွာသော ဝန်တို့ကို ရွက်ဆောင်နိုင်ကြကုန်၏၊ ငါ၏ နွားမတို့သည် များစွာ နိ... |
28,012 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ) ဗျာသတ္တမာနသံ၊ ရသည်ထက်လွန်၍ တောင့်တသော စိတ်ရှိထသော။ |
28,013 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ဝါ၊ ရပြီးသည်၌ လွန်စွာ ကပ်ငြိသောစိတ် ရှိထသော။ |
28,014 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | (ရွှေ,ငွေ စသည်တို့တွင် တစ်ခုခုကိုလည်းကောင်း၊ သပိတ် သင်္ကန်း စသည်တို့တွင် တစ်ခုခုကိုလည်းကောင်း၊ ရလတ်သည်ရှိသော် ထိုရသည်ထက် အလွန့်အလွန်ကို တောင့်တသဖြင့် အလွန်ကပ်ငြိသော စိတ်ရှိသော သူကိုလည်းကောင်း၊ ထိုမှတစ်ပါး မျက်စိဖြင့်သိအပ်သော ရူပါရုံ စသော အာရုံခြောက်ပါးတို့တွင် တစ်ပါးပါးကိုလည်းကောင်း ဆိုအပ်ပြီးသော အပြားရှိသော ပရိက္ခရာတိ... |
28,015 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ) တံနရံ၊ ထိုလူကို။ |
28,016 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | သုတ္တံ၊ အိပ်ပျော်ခြင်းသို့ရောက်သော။ |
28,017 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | မဟောဃော၊ ကြီးစွာသော ရေအလျဉ်သည်။ |
28,018 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | အာဒါယ၊ ယူ၍။ |
28,019 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | (ဤသို့ သဘောရှိသော ရွာသားအပေါင်းကို အနက် စောက် အကျယ်အားဖြင့် ကြီးကျယ်လှကုန်သော မြစ်ကြီးတို့၏ ရေအလျဉ်သည် အယုတ်ဆုံး ခွေးပါမကျန် အကုန်လုံးယူ၍ သွားသကဲ့သို့ ဆိုအပ်ပြီးသော အပြားရှိသော လူကို သေမင်းငင်၍ သွားတတ်သည်ဟူလို။ |
28,020 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ) (သောတာပန်တည်ပြီးမှ ရဟန်းပြု၍ ဆီမီးလျှံ ဝိပဿနာပွားသဖြင့် ရဟန္တာမဖြစ်ကြောင်း ၈-သဟဿဝဂ်၊ ၁၃-ဝတ္ထု၌ ဆိုအပ်ပြီ။ |
28,021 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ဒေသနာတော်၏အဆုံး၌ ကိသာဂေါတမီသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ |
28,022 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော ဒေသနာ ဖြစ်တော်မူလေ၏။ |
28,023 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၂ | ကိသာဂေါတမီ ဝတ္ထုပြီး၏။ |
28,024 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ၁၂။ ကိသာဂေါတမီဝတ္ထု ပံသုကူလဓရံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ နေတော်မူစဉ် ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။ |
28,025 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | သိကြားမင်းကိုမြင်၍ ပြန်သွားခြင်း |
28,026 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ထိုအခါ သိကြားမင်းသည် ပထမယံအဆုံး၌ နတ်ပရိသတ်နှင့် အတူတကွ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ အသက်ထက်ဆုံး အောက်မေ့အပ်သောတရားစကားကို နာကြားလျက် နေလေသတတ်၊ ထိုခဏ၌ ကိသာဂေါတမီသည် “မြတ်စွာဘုရားကို ဖူးမြင်အံ့”ဟု ကောင်းကင်ခရီးဖြင့် ကြွလာပြီးလျှင် သိကြားမင်းကို မြင်သောကြောင့် ပြန်လည်ဆုတ်နစ်သွားလေ၏။ |
28,027 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | သိကြားမင်းသည် ပြန်လည်သွားသော ထိုကိသာဂေါတမီကိုမြင်ရလျှင် ဘုရားရှင်ကို “မြတ်စွာဘုရား- လာလျှင်လာချင်း ရှင်တော်ဘုရားတို့ကို ဖူးမြင်၍ ပြန်လည်သွားသော ဤဘိက္ခုနီမကား အဘယ်အမည် ရှိပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ |
28,028 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ဘုရားရှင်သည် “မြတ်သောသိကြားမင်း- ဤဘိက္ခုနီမကားကိသာဂေါတမီ အမည်ရှိသော ငါဘုရား၏သမီးတော် ဖြစ်ပေ၏။ |
28,029 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ပံသကူသင်္ကန်းကို ဆောင်ကြကုန်သော ရဟန်း မိန်းမတို့တွင် အမြတ်ဆုံးဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။ |
28,030 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ဒေသနာတော် [၃၉၅] ပံသုကူလဓရံ ဇန္တုံ၊ ကိသံ ဓမ္မနိသန္ထတံ။ |
28,031 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ဧကံ ဝနသ္မိံ ဈာယန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။ |
28,032 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ပံသကူလဓရံ၊ ပံ့သကူသင်္ကန်းကို ဝတ်ဆင်လေ့ရှိသော။ |
28,033 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ကိသံ၊ ကြုံလှီသော ကိုယ်ရှိထသော။ |
28,034 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ဓမ္မနိသန္ထတံ၊ အကြောဖြင့်ခင်းအပ်သော ကိုယ်ရှိထသော။ |
28,035 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | (ပံ့သကူသင်္ကန်းဝတ်ရုံကြသော ပုဂ္ဂိုလ်တို့သည် မိမိအား လျောက်ပတ်သော အကျင့်ကို ဖြည့်ကျင့်လေ့ရှိကြသောကြောင့် အသားအသွေးနည်းပါး၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိကြကုန်၏ဟူလို။ |
28,036 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ) ဧကံ၊ တစ်ယောက်အထီးတည်း။ |
28,037 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ဝနသ္မိံ၊ ဆိတ်ငြိမ်ရာ တောအုပ်တစ်ခု၌။ |
28,038 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ဈာယန္တံ၊ ဈာန်ဝင်စားလေ့ရှိထသော။ |
28,039 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | တံဇန္တုံ၊ ထိုပုဂ္ဂိုလ်ကို။ |
28,040 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ |
28,041 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ဗြူမိ၊ ဟောတော်မူ၏။ |
28,042 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထု -၃ | ကိသာဂေါတမီဝတ္ထုပြီး၏။ |
28,043 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ၈-သဟဿဝဂ် ၁၃-ကိသာဂေါတမီဝတ္ထု |
28,044 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ၁၁၄။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။ |
28,045 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားသေအတွက် ကုသရန် ဆေးရှာသော ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူသည်။ |
28,046 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ဒေသနာတော်အဆုံး၌ ကိသာဂေါတမီသည် ပဋိသမ္ဘိဒါပတ္တရဟန္တာမ ဖြစ်သည်။ |
28,047 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | အနက် ယော စ၊ အကြင်ပုဂ္ဂိုလ်သည်ကား။ |
28,048 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | အမတံ၊ သေခြင်းကင်းသော။ |
28,049 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ပဒံ၊ နိဗ္ဗာန်ကို။ |
28,050 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | အပဿံ (အပဿန္တော)၊ မမြင်ပဲ။ |
28,051 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ဝဿသတံ၊ အနှစ်တရာပတ်လုံး။ |
28,052 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | န သေယျော၊ မမြတ်။ |
28,053 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ဧကာဟံ၊ တရက်မျှ။ |
28,054 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | စကားပြေ သေခြင်းကင်းရာ နိဗ္ဗာန်ကိုမမြင်ပဲ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက် နိဗ္ဗာန်ကိုမြင်သောသူ၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ |
28,055 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | အမတံ—သေမှုမရှိသောကြောင့် နိဗ္ဗာန်ကို အမတံ ခေါ်သည်။ |
28,056 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ကိသာဂေါတမီဝတ္ထု ပြီး၏။ |
28,057 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ၈-သဟဿဝဂ် |
28,058 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ၁၃-ကိသာဂေါတမီဝတ္ထုအဋ္ဌကထာဂါထာ |
28,059 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ၂၇၄။ တံ ပုတ္တပသုသမ္မတ္တံ, ဗျာသတ္တမနသံ နရံ၊သုတ္တံ ဂါမံ မဟောဃောဝ, မစ္စု အာဒါယ ဂစ္ဆတိ။ |
28,060 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ပုတ္တပသုသမ္မတ္တံ၊ သားသမီးနွား, ဥစ္စာများဖြင့်, တအားယစ် မူးနေသော။ |
28,061 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ဗျာသတ္တမနသံ၊ ရလတံ့ရပြီး, သီးသီးအာရုံ, ကာမ ဂုဏ်၌, ဖုံဖုံမက်မော, ငြိကပ်သောစိတ်ရှိသော။ |
28,062 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | တံ နရံ၊ ပုထုဇဉ် ဟု, မြော်မြင်ညံ့စွာ, ထိုသတ္တဝါကို။ |
28,063 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | သုတ္တံ ဂါမံ၊ မေ့မေ့လျော့လျော့, ပေါ့ပေါ့ဆဆ, အိပ်မောကျသော တစ်ရွာလုံးကို။ |
28,064 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | မဟောဃော၊ ကြီးကျယ်နက်စွာ, လှိမ့်၍လာသော ရေအလျဉ်သည်။ |
28,065 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | (ဧဝံ၊ တူ။ ) မစ္စု၊ ၃၁ဘုံ, အလုံး စုံကို, အကုန်မွှေနင်း, ရှင်သေမင်းသည်။ |
28,066 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | အာဒါယ၊ ဇီဝိတိန္ဒြေကို ဖြတ်ယူ၍။ |
28,067 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | (ဋ္ဌ-၁၅၃) ကိသာဂေါတမီဝတ္ထုပါဠိဂါထာ |
28,068 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ၂၇၅။ ယော စ ဝဿသတံ ဇီဝေ, အပဿံ အမတံ ပဒံ၊ဧကာဟံ ဇီဝိတံ သေယျော, ပဿတော အမတံ ပဒံ။ |
28,069 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ယော စ၊ ကား။ |
28,070 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | အမတံ၊ သေခြင်းမရှိရာဖြစ်သော။ |
28,071 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ပဒံ၊ နိဗ္ဗာန်တရားစုကို။ |
28,072 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | အပဿံ (ဟုတွာ) ဝဿသတံ ဇီဝေ။ |
28,073 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | (တဿ၊ ထိုနိဗ္ဗာန်ကို မမြင်သူ၏။ |
28,074 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ဇီဝနတော၊ ထက်။ |
28,075 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ) အမတံ၊ သော။ |
28,076 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ပဒံ၊ ကို။ ပဿတော၊ မြင်သူ၏။ |
28,077 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | ဧကာဟံ ဇီဝိတံ သေယျော။ |
28,078 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ | (ပါ-၁၁၄) ကိသာဂေါတမီဝတ္ထုဂါထာနိဿယပြီးပြီ။ |
28,079 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ၂၀-မဂ္ဂဝဂ်။ |
28,080 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ၁၁-ကိသာဂေါတမီဝတ္ထု |
28,081 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ၂၈၇။ တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။ |
28,082 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မသေဖူးသောအိမ်မှ မုန်ညင်းစေ့ရအောင် ရှာသော်လည်း မသေဖူးသောအိမ်မရှိ၍ ပြန်လာသော ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူသည်။ |
28,083 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဒေသနာတော်အဆုံး၌ ကိသာဂေါတမီ သောတာပန်ဖြစ်သည်။ |
28,084 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | အနက် မဟောဃော၊ ကြီးစွာသောရေအလျဉ်သည်။ |
28,085 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | သုတ္တံ ဂါမံ၊ အိပ်ပျော်နေသော ရွာသူရွာသားများကို။ |
28,086 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | အာဒါယ၊ လွှမ်းမိုးတိုက်ယူ၍။ |
28,087 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ပုတ္တပသုသမ္မတ္တံ၊ သားသမီး ကျွဲနွား ဥစ္စာတို့ဖြင့် ယစ်မူး မေ့လျော့နေသော။ |
28,088 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဗျာသတ္တမနသံ၊ ရွှေငွေ သပိတ် သင်္ကန်းစသည်တို့၌ မရသေးသည်ကို တောင့်တ၍ ရပြီးသည်ကို တွယ်တာကပ်ငြိသောစိတ်ရှိသော။ |
28,089 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | နရံ၊ လူကို။ |
28,090 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | အာဒါယ၊ ခေါ်ဆောင်၍။ |
28,091 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဂစ္ဆတိ၊ သွားလေ၏။ |
28,092 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | စကားပြေ အဟုန်ပြင်းသော ရေအလျဉ်သည် အိပ်ပျော်နေသော ရွာသူရွာသားအပေါင်းကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့ သေမင်းသည်ကား သားသမီး ကျွဲနွား ဥစ္စာဟူသော သက်ရှိအာရုံတို့ဖြင့် မေ့လျော့လျက် သက်မဲ့ ရွှေငွေ သပိတ် သင်္ကန်းတို့၌ မရသေးသည်ကို တောင့်တ၍ ရပြီးသည်ကို တွယ်တာကပ်ငြိစွဲလမ်းနေသူကို ခေါ်ဆောင်၍ သွားလေ၏။ |
28,093 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ပုတ္တပသုသမ္မတ္တံ—၌ ပုတ္တ အရ အဆင်းလှပ၍ အားအင်နှင့် ပြည့်စုံပြီး ပညာရှိသဖြင့် ကိစ္စအားလုံးကို စွမ်းဆောင်နိုင်သော သားသမီး ရ၏။ |
28,094 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ပသု—အဆင်းလှပ၍ အနာရောဂါကင်းပြီး များစွာသောဝန်ကို ဆောင်နိုင်သော နွားလားနှင့် နို့ရည်များစွာထွက်သော နွားမရ၏။ |
28,095 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဗျာသတ္တမနသံ—ရွှေငွေစသော ပစ္စည်း သပိတ် သင်္ကန်းစသော ပစ္စည်းတို့တွင် တစုံတခုကို ရသော်လည်း မရောင့်ရဲပဲ ရသည်ထက် ပိုလွန်တောင့်တခြင်းဖြင့် ကပ်ငြိသောစိတ် ရှိသော ပုဂ္ဂိုလ် ရ၏။ |
28,096 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | တနည်း ရူပါရုံစသော အာရုံတို့တွင် (ဝါ) သင်္ကန်းစသော ပရိက္ခရာအသုံးအဆောင်တို့တွင် ရသော အာရုံ အသုံးအဆောင် ပစ္စည်းကို ကပ်ငြိသောစိတ်ရှိသော ပုဂ္ဂိုလ် ရ၏။ |
28,097 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ပုတ္တပသုသမ္မတ္တံ = ပုတ္တာ စ ပသူ စ ပုတ္တပသူ။ |
28,098 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ပုတ္တ + ပသု။ |
28,099 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ပုတ္တပသူဟိ သမ္မတ္တော ပုတ္တပသုသမ္မတ္တော။ |
28,100 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ပုတ္တပသု + သမ္မတ္တ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.