id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
28,101 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | သံ + မဒ် + တ။ |
28,102 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဗျာသတ္တမနသံ = ဗျာသတ္တော မနော ယဿာတိ ဗျာသတ္တမနသော။ |
28,103 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဗျာသတ္တ + မန + ယ။ |
28,104 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဗျာသတ္တ = ဝိ + အာ + သန္န + တ။ |
28,105 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ၂၀-မဂ္ဂဝဂ် |
28,106 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ၁၁-ကိသာဂေါတမီဝတ္ထုအဋ္ဌကထာဂါထာ |
28,107 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ၅၂၂။ ယော စ ဝဿသတံ ဇီဝေ, အပဿံ အမတံ ပဒံ၊ဧကာဟံ ဇီဝိတံ သေယျော, ပဿတော အမတံ ပဒံ။ |
28,108 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ပဒံ၊ နိဗ္ဗာန် တရားစုကို။ |
28,109 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | အပဿံ၊ မမြင်သည်။ |
28,110 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | (ဟုတွာ၊ ၍။ |
28,111 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ) ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ |
28,112 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဇီဝနတော၊ အသက်ရှင်ခြင်း ထက်။ |
28,113 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဧကာဟံ၊ တစ်ရက်ပတ်လုံး။ |
28,114 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | (တစ်ရက်မျှ)။ |
28,115 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။ |
28,116 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | (ဋ္ဌ-၂၂၇) ကိသာဂေါတမီဝတ္ထုပါဠိဂါထာ |
28,117 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ၅၂၃။ တံ ပုတ္တပသုသမ္မတ္တံ, ဗျာသတ္တမနသံ နရံ၊သုတ္တံ ဂါမံ မဟောဃောဝ, မစ္စု အာဒါယ ဂစ္ဆတိ။ |
28,118 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ပုတ္တပသုသမ္မတ္တံ၊ သားသမီးနွား, ဥစ္စာများဖြင့်, တအားယစ်မူးနေသော။ |
28,119 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | ဗျာသတ္တမနသံ၊ ရလတ္တံ့ရပြီး, သီးသီးအာရုံ, ကာမဂုဏ်၌, ဖုံဖုံမက်မော, ငြိကပ်သောစိတ် ရှိထသော။ |
28,120 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | တံ နရံ၊ ပုထုဇဉ်ဟု, မြော်မြင်ညံ့စွာ, ထိုသတ္တဝါကို။ |
28,121 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | သုတ္တံ ဂါမံ၊ မေ့မေ့ လျော့လျော့, ပေါ့ပေါ့ဆဆ, အိပ်မောကျသော တစ်ရွာလုံးကို။ |
28,122 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | မဟောဃော၊ ကြီးကျယ် နက်စွာ, လိမ့်၍လာသော ရေအလျဉ်သည်။ |
28,123 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | (ဧဝံ၊ တူ။ ) မစ္စု၊ သုံးဆယ့်တစ်ဘုံ, အလုံးစုံကို, အကုန်မွှေနင်း, ရှင်သေမင်းသည်။ |
28,124 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၂ | (ပါ-၂၈၇) ကိသာဂေါတမီဝတ္ထုဂါထာနိဿယပြီးပြီ။ |
28,125 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ၂၆-ဗြာဟ္မဏဝဂ်။ |
28,126 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ၁၂-ကိသာဂေါတမီဝတ္ထု |
28,127 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ၃၉၅။ ပံသုကူလဓရံ ဇန္တုံ၊ ကိသံ ဓမနိသန္ထတံ။ |
28,128 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူစဉ် ကောင်းကင်ခရီးဖြင့် ဘုရားထံ ဖူးမြော်ကန်တော့လာသော ပံ့သကူဓူတင်ဆောင် ထေရီမတို့တွင် အမြတ်ဆုံးဖြစ်သော ကိသာဂေါတမီကို အကြောင်းပြု၍ ဟောတော်မူသည်။ |
28,129 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။ |
28,130 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | အနက် ပံသုကူလဓရံ၊ ပံ့သကူသင်္ကန်းကို ဆောင်သော။ |
28,131 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ကိသံ၊ ပိန်သော။ |
28,132 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဓမနိသန္ထတံ၊ အကြောပြိုင်းပြိုင်း ထသော။ |
28,133 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဧကံ၊ တယောက်တည်း။ |
28,134 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဈာယန္တံ၊ ဈာန်ဝင်စားလေ့ရှိသော။ |
28,135 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | တံ ဇန္တုံ၊ ထိုပုဂ္ဂိုလ်ကို။ |
28,136 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ |
28,137 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဗြူမိ၊ ဟော၏။ |
28,138 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | စကားပြေ ပံ့သကူသင်္ကန်းကို ဆောင်၍ ပိန်သဖြင့် အကြောပြိုင်းပြိုင်း ထလျက် တယောက်တည်း တော၌ ဈာန်ဝင်စားလေ့ရှိသူကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ |
28,139 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ပါဠိစကားလုံး ဖွဲ့စည်းပုံ |
28,140 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ပံသုကူလဓရံ = ပံသုကူလံ ဓာရေတီတိ ပံသုကူလဓရော။ |
28,141 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ပံသုကူလ+ဓရ်+အ+အာ။ |
28,142 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ကိသံ = ကိဿတီတိ ကိသော။ |
28,143 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ကိသ်+အ။ |
28,144 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဓမနိသန္ထတံ = ဓမ္မနီဟိ သန္ထတာ ဧတိဿာတိ ဓမနိသန္ထတာ။ |
28,145 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဓမနိ+သန္ထတ+ဧတာ။ |
28,146 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | သန္ထတာ=သံ+ထရ+တ+အာ။ |
28,147 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ၂၆-ဗြာဟ္မဏဝဂ် |
28,148 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ၁၂-ကိသာဂေါတမီဝတ္ထုပါဠိဂါထာ |
28,149 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ၆၉၆။ ပံသုကူလဓရံ ဇန္တုံ, ကိသံ ဓမနိသန္တတံ၊ဧကံ ဝနသ္မိံ ဈာယန္တံ, တမဟံ ဗြူမိ ဗြာဟ္မဏံ။ |
28,150 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ပံသုကူလဓရံ၊ ပံသုကူသင်္ကန်းကို ဆောင်သော။ |
28,151 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ကိသံ၊ ကြုံလှီပိန်ချုံးသော။ |
28,152 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဓမနိသန္ထတံ၊ အကြောတည်းဟူသော ကွန်ရက်သည် ဖြန့်ခင်းအပ်သော ကိုယ်ရှိသော။ |
28,153 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဝါ၊ ဖြန့်အပ်သော အကြောရှိသော။ |
28,154 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | (အကြောပြိုင်းရရိုင်းထနေသော)။ |
28,155 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဧကံ၊ တစ်ပါး တည်း။ |
28,156 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဈာယန္တံ၊ ဈာန်နှစ်ပါးဖြင့် ရှုပွားနေသော။ |
28,157 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဝါ၊ ဈာန်ဝင်စားနေ သော။ |
28,158 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဗြာဟ္မဏံ၊ ဟူ၍။ |
28,159 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ဗြူမိ၊ ၏။ (ပါ-၃၉၅။ |
28,160 | ဓမ္မပဒဝတ္ထုတော်, မြန်မာဘာသာ | ကိသာဂေါတမီဝတ္ထုဂါထာ -၃ | ) ကိသာဂေါတမီဝတ္ထုဂါထာနိဿပြီးပြီ။ |
28,161 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းစာရှုနည်း နိဿယ | ကျမ်းစာရှုနည်း နိဿယ |
28,162 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းစာရှုနည်း နိဿယ | ၁။ မိမိနှင့် သင့်တော်သော ကျမ်းစာအုပ်ကို ရလျှင် နေ့စဉ်မှန်မှန် ကြည့်ရှုကာ နိဒါန်းမှစ၍ နိဂုံးတိုင်အောင် ကြည့်ရှုသင့်ပါသည်၊ နိဒါန်း၌ ကျမ်းစာ၏ ရည်ရွယ်ချက်များ ပါရှိတတ်၍ နိဂုံး၌ ကျမ်းဆရာ၏ အကြောင်း အတ္ထုပ္ပတ္တိဖြစ်စေ, အရေးကြီးသော အကြောင်းအရာဖြစ်စေ ပါရှိတတ်သည်။ |
28,163 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းစာရှုနည်း နိဿယ | ထိုကျမ်းစာ၌ ကြည့်ရှုရင်းပင် မိမိနှစ်သက်ဘွယ် အချက်များကို သို့မဟုတ် မိမိသဘောအားဖြင့် မသင့်ဟု မှတ်ထင်ရသော အချက်များကို သို့မဟုတ် မိမိချည်း မဆုံးဖြတ်နိုင်၍ ပညာရှိအထံ မေးဘွယ် အချက်များကို အောက်ခြေက မင်တား၍သော်လည်းထားပါ၊ သို့မဟုတ် မျက်နှာနံပါတ်ကိုသော်လည်း မှတ်သားပါ။ |
28,164 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းစာရှုနည်း နိဿယ | ၃။ အားလပ်ခွင့်ရသောအခါ ထိုမှတ်သားထားသော အချက်များကို သဘောတူဖြစ်လျှင် ထပ်ကာထပ်ကာ ကြည့် သို့မဟုတ် ကျက်ထားပါ၊ သဘောမကျလျှင် ပညာရှိနှင့်တွေက မေးမြန်းပါ။ |
28,165 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းစာရှုနည်း နိဿယ | ဤကဲ့သို့ လေ့လာကြမှသာ မိမိမှာ အကြားအမြင် ဗဟုသုတ တိုးပွားသူဖြစ်၍ အရာရာ စဉ်းစား နှိုင်းချိန်းလေ့ရှိကာ ကျမ်းစာ ကြည့်ရှုရကျိုး နပ်ပါလိမ့်မည်။ |
28,166 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းစာရှုနည်း နိဿယ | ဟိတောပဒေသ |
28,167 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းစာရှုနည်း နိဿယ | အကြင်သူမှာ မိမိကိုယ်ပိုင် ဉာဏ်မရှိ၊ ထိုသူ့မှာ ကျမ်းစာသည် အသုံးမဝင်၊ မျက်စိ မမြင်သူမှာ အဖိုးထိုက် အဖိုးတန် ကိုယ်လုံးပေါ် မှန်ကြီးကို ဘယ်လို အသုံးချမည်နည်း။ |
28,168 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းပြီး နိဂုံး | ကျမ်းပြီး နိဂုံး |
28,169 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းပြီး နိဂုံး | ကိုယ့်တာဝန် |
28,170 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းပြီး နိဂုံး | ဤမျှလောက်သော စကား အစဉ်ဖြင့် ကိုယ်ကျင့်တရား သိဘွယ်များကို နားလည်လောက်ကြပေပြီ၊ တတ်သိ နားလည်မှုမှာ ကျမ်းစာ၏တာဝန်ဖြစ်၏၊ တတ်သိနားလည်သည့်အတိုင်း သတိထားမှု စောင့်စည်းမှု, ကြိုးစားမှုတို့ကား ကျမ်းစာရှု သူတို့၏တာဝန် ဖြစ်၏၊ “ယခုအခါ ကျမ်းစာ၏ တာဝန် ကျေပွန်လောက်ပြီဖြစ်၍ ကျမ်းစာရှုသူတို့၏ တာဝန်သာ လိုတော့သည်”ဟု ဆိုလိုပါသည်။ |
28,171 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းပြီး နိဂုံး | အသိနှင့် ကိုယ်ကျင့် |
28,172 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းပြီး နိဂုံး | အသိသည် အသိသာ, ကိုယ်ကျင့် မဟုတ်၊ သိတိုင်း မကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ၊ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏၊ ကျင့်၍ မပေးနိုင်ကြ။ |
28,173 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းပြီး နိဂုံး | ယခုကာလ စာပေလိုက်စားသူ အဆုံးအမများများ ခံရသူတို့သည် အသိမနဲကြချေ၊ သို့သော် ထိုသိသူ များတွင် အထိုက်အလျောက် စောင့်စည်းသူ သတိထားသူကား အလွန် နည်းပါး လှ၏၊ ထိုကဲ့သို့ လူစားတွေ ပေါများနေသော ဤလောကကြီးဝယ်လူကောင်း သူကောင်းများပင် စိတ်ကောင်းစားဘို့ ခဲယဉ်းလေတော့သည်။ |
28,174 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းပြီး နိဂုံး | မှန်၏-ဒါနပြုရာမှာပင် ပကာသန ဒါနတွေ ပေါများရကား ဒါနစစ်စစ် ပြုလိုပါလျက် ပတ်ဝန်းကျင် အခြေအနေကြောင့် မိမိလည်း ပကာသန ဒါနကိုသာ ပြုရတော့သဖြင့် သူတော်ကောင်း စစ်စစ်တို့၏ သွားရာလမ်းကြောင်း ဖြစ်သော ဒါနပါရမီ လမ်းကို ဖြောင့်တန်းအောင် မလိုက်နိုင်တော့ ထိုပကာသန ဒါနပြုသူများလည်း ပကာသနဒါန၏ အကျိုးမရကြောင်း (ရသော်လည်း အကျိုးနည်းကြောင်း)ကို... |
28,175 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း | စတုတ္ထ အခန်း |
28,176 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း | စိတ်ကောင်း စိတ်ဆိုး ၂ မျိုးလုံး၌ ပါဝင်သော စေတသိက်များ |
28,177 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း | ၁။ ဖဿ၂။ |
28,178 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း | ဝေဒနာ၃။ သညာ၄။ |
28,179 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း | စေတနာ၅။ ဧကဂ္ဂတာ၆။ |
28,180 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း | ဇီဝိတိန္ဒြေ၇။ |
28,181 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း | မနသိကာရဂ။ ဝိတက်၉။ |
28,182 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း | ဝိစာရ၁၀။ အဓိမောက္ခ၁၁။ |
28,183 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း | ဝီရိယ၁၂။ ပီတိ၁၃။ |
28,184 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း | ဆန္ဒ [ဆောင်] တွေ့ထိ-တရား၊ ဖဿ ထားလော့၊ ခံစား-ဝေဒနာ၊ မှတ်သညာတည်း၊ စေတနာတွက်၊ စေ့ဆော်ချက်နှင့်၊ ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား၊ မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက် မပြုန်း၊ နှလုံးသွင်းကို၊ မနသိ ဆို၏၊ ထိုထိုကြံစည်၊ ဝိတက်မည်ရှင့်၊ အလီလီ သုံးသပ်၊ ဝိစာရ မှတ်၊ ဆုံးဖြတ် ဓိမောက်၊ ရဲစွမ်းရောက်က၊ ဝီရိယဟု၊ အားရနှစ်သက်၊ ပီတိဆက်၍၊ သက်သက်အာရုံ၊ ပ... |
28,185 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | စေတနာ အကြောင်း |
28,186 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | မိမိနှင့် အတူဖြစ်ကြသော စိတ်စေတသိက်များကို စေ့ဆော်ခြင်းသည် စေတနာတည်း။ |
28,187 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | ထို့ကြောင့် “စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။ |
28,188 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | ထင်ရှားစေဦးအံ့-အာရုံတခုကို စိတ်က ယူရာ၌ ဖဿ က ထိုအာရုံကို ထိ၏။ |
28,189 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | ဝေဒနာက ခံစား၏။ |
28,190 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | သညာက မှတ်၏။ |
28,191 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | ဤသို့ စသည်ဖြင့် နောက်၌ပြမည့် ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရတို့လည်း ဆိုင်ရာ တာဝန်ကို ရွက်ဆောင်လျက် စိတ်နှင့် တပြိုင်နက် ဖြစ်ကြသည်။ |
28,192 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | လောဘ ဒေါသ စသော မကောင်း တရား၊ သဒ္ဓါ သတိ စသော ကောင်းသော တရားများလည်း စိတ်က အာရုံကို ယူရာတွင် ပါဝင်ကြသည်။ |
28,193 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | ထိုသို့ ဆိုင်ရာ ယှဉ်ဘက် စေတသိက်များနှင့်အတူ စိတ်က အာရုံကို ယူရာ၌ မည်သည့်စေတသိက်မျှ နောက်ချန်၍ မနေရစ်ရ။ |
28,194 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | မည်သည့်စေတသိက်လည်း မိမိတာဝန်ကို မလစ်လပ်စေရ။ |
28,195 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | အားလုံး စေတသိက်များသည် စိတ်နှင့်အတူ အာရုံကို စေစေ့စပ်စပ် ကပ်နေသလိုဖြစ်အောင် ယူကြရ၏။ |
28,196 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | ထိုသို့ အာရုံနှင့်စိတ် စေတသိက်တို့ စေ့စပ်မိအောင် နှိုးဆော်သော တရားကား အခြား မဟုတ်၊ ဤ စေတနာပင်တည်း။ |
28,197 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | ထပ်မံ၍ ပြဦးမည်ဆိုင်ရာစေတသိက်များနှင့်အတူ စိတ်က အာရုံကိုယူရာ၌ မည်သည့်တရားမျှ နောက်ချန်၍ မဖြစ်ရကား အတူဖြစ်ကြရသော စေတသိက် များနှင့် စိတ်ကို အပေါင်းအဖော်တစု (အသင်းတခု)ဟု သဘောထားပါ။ |
28,198 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | ထိုအသင်း၌ စိတ်သည် ခေါင်းဆောင် ဥက္ကဋ္ဌ၊ စေတနာကား အကျိုးဆောင်တည်း။ |
28,199 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | ရိုးရိုးအသင်းများ၌ အကျိုးဆောင်သည် အလွန် ဗျာပါရ များ၏။ |
28,200 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း | အသင်းသားများကိုလည်း ဆိုင်ရာကိစ္စ၌ မလစ်လပ်ရအောင် ဆော်ဩရ၊ မိမိ ကိုယ်တိုင်လည်း အသင်းကိစ္စကို ကြိုးစား၍ လုပ်ရလေသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.