id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
28,201
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း
ထို့ကြောင့် အကျိုးဆောင်မှာ အခြားသော အသင်းသားတို့ထက် ၂-ဆ လောက် တာဝန်ကြီး၏။
28,202
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း
ထို့အတူ စေတနာလည်း အခြား စိတ်စေတသိက်များကို ဆိုင်ရာကိစ္စ၌ မလစ်လပ်စေပဲ အာရုံနှင့်စေ့စပ် ကပ်နေသကဲ့သို့ ဖြစ်အောင်လည်း ဗျာပါရ များရ၏။
28,203
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း
မိမိကိုယ်တိုင်လည်း မိမိကိစ္စကို ဆောင်ရွက်ရသည်။
28,204
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း
စစ်တိုက်ရာတွင် စစ်ဗိုလ်လုပ်သူတို့ ဗျာပါရ များပုံကိုလည်း ဥပမာ ပြုပါ။
28,205
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း
ထို့ကြောင့် ကိစ္စတခုပြုလုပ်ရာ၌ စေတနာက ညံ့နေလျှင် စိတ်လည်း မပါ့တပါ ဖြစ်၏။
28,206
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း
အခြား စေတသိက်များလည်း ညံ့ကြသည်။
28,207
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း
စေတနာ ထက်သန်နေလျှင် စိတ်စေတသိက်များလည်း ထက်သန်လာကြ၏။
28,208
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း
စိတ်ရော စေတသိက်ပါ ထက်သန်ကြသဖြင့် ခန္ဓာကိုယ်လည်း ထိုကိစ္စအတွက် သွက်လက်လာလေသည်။
28,209
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာ အကြောင်း
ဤသို့လျှင် မည်သည့်အာရုံမဆို အာရုံကိုယူရာတိုင်း၌ စေတနာသာ အချုပ်အခြာ အခယာ ဖြစ်ပေသည်။
28,210
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာကို ကံဟုခေါ်ရပုံ
စေတနာကို ကံဟုခေါ်ရပုံ
28,211
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာကို ကံဟုခေါ်ရပုံ
လူတယောက်ကို အများက ဝိုင်း၍ သတ်ကြရာ၌ အခြားသူတို့က အတော်အတန် ရိုက်ကြ နှက်ကြသော်လည်း အရာမျှ မထင်၊ လူတယောက် သူများထက် ၂-ဆ လောက် နာအောင် ရိုက်နှက်လိုက်ရာ သေရှာလေ၏။
28,212
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာကို ကံဟုခေါ်ရပုံ
ထိုလူသတ်မှု၌ သေအောင် ရိုက်နှက်သာ တရားခံအစစ် အမှုသည် ဖြစ်ရသကဲ့သို့၊ ထို့အတူ ဒါန သီလ စသော ကုသိုလ်ကံ၊ ပါဏာတိပါတ စသော အကုသိုလ်ကံကို စိတ် စေတသိက် အများ ပူးပေါင်း၍ ပြုကြရာ၌ စေတနာသည် သတ္တိ အထက်ဆုံး ဗျာပါရ လွန်ကဲဆုံး ဖြစ်ရကား စေတနာ၏ သတ္တိသာလျှင် ကံပြုသူ သန္တာန်၌ အဖတ်တင်ရစ်လေ၏။
28,213
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာကို ကံဟုခေါ်ရပုံ
ထို့ကြောင့် ထိုကံပြုသူဖြစ်သော အမှုသည် (လက်သည်)ကို ရှာလျှင် စေတနာ အပေါ်မှာသာ သတ္တု ကျ၏။
28,214
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာကို ကံဟုခေါ်ရပုံ
သို့ဖြစ်၍ စေတနာကို “ကံတရား = အမှုသည်=လက်သည်”ဟု အမည်တပ်ကာ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”ဟု ဘုရားရှင် ဟောတော်မူသည်။
28,215
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာကို ကံဟုခေါ်ရပုံ
[ဘိက္ခုတို့ စေတနာကို ကံဟု ငါဘုရား ဟောတော်မူ၏။
28,216
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/စေတနာကို ကံဟုခေါ်ရပုံ
] ဤစကားအရ “စေတနာထက်လျှင် ကံကြီး၏၊ စေတနာညံ့လျှင် ကံညံ့၏” ဟု မှတ်ပါ။
28,217
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဆန္ဒ အကြောင်း
28,218
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
အာရုံတခုခုကို ပြုလိုခြင်း (ရယူလိုခြင်း) သဘောသည် ဆန္ဒတည်း။
28,219
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
“ပြုလိုခြင်း ရယူလိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းခြင်း ကပ်ငြိခြင်း မဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်သည်။
28,220
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ထို့ကြောင့် “သက်သက်အာရုံ၊ ပြုလိုရုံမျှ။
28,221
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဆန္ဒသဘော”ဟု ဆိုခဲ့သည်။
28,222
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဤဆန္ဒသဘောလည်း သတ္တဝါတို့၌ အလွန် ထင်ရှား၏။
28,223
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက် လှမ်း၏။
28,224
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဤ လိုက်ချင်မှုသည် ဆန္ဒတည်း။
28,225
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဟိုသွားချင်၊ သည်လာချင်၊ တစုံ တယောက်ကို တွေ့ချင်၊ မြင်ချင်၊ ကြားချင်း၊ နာချင်၊ နမ်းချင်၊ စားချင်၊ ကိုင်ချင်၊ ထိချင်၊ တတ်သိနားလည်ချင်မှု အစုစုသည် ဆန္ဒချည်းတည်း။
28,226
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝက ဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင် ဖြစ်ချင်၊ သဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ ရဟန်း ပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍ နေချင်၊ ကုသိုလ်ရချင် စသည်တို့လည်း ဆန္ဒပင်တည်း။
28,227
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
တော်ရုံတန်ရုံ လိုချင်မှု၌ ဆန္ဒအားသေး၏။
28,228
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
မရမက လိုချင်၊ မဖြစ်မနေ ဖြစ်ချင်မှုများ၌ကား ဆန္ဒအားကြီး၏။
28,229
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဤဆန္ဒကို အရင်းခံ၍ ဝီရိယသန်သန်ဖြင့် ပါရမီဖြည့်တော်မူခဲ့သောကြောင့် နောက်ဆုံး၌ဆန္ဒတော်အတိုင်းဘုရားဖြစ်တော် မူရသည်။
28,230
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ထိပ်တန်းရောက်ရန် အခြေခံ ဆန္ဒမျှ မရှိသေးလျှင် ထက်သန်သော ဝီရိယကို မည်သူမျှ ပြုကြမည် မဟုတ်။
28,231
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
သို့ဖြစ်၍ အကျိုးကျေးဇူး တခုခု ရလိုသော ဆန္ဒကို ပထမ ဖြစ်စေရမည်။
28,232
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဤ ဆန္ဒမျိုးကို “အာသာ” ဟုလည်း ခေါ်သည်။
28,233
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
[အာသာ = လိုလား တောင့်တခြင်း။
28,234
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ထို့နောက် အာသာဆန္ဒ ရှိရုံနှင့် (ဆုတောင်းနေရုံမျှနှင့်) မရနိုင်ကြောင်းကို နားလည်ကာ စိတ်ပါလက်ပါ ဝီရိယ စိုက်ရမည်။
28,235
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ထင်ရှားစေအံ့-မန္တလေးမှ ရန်ကုန်သို့ သွားလိုခြင်းသည် ဆန္ဒတည်း။
28,236
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ထိုဆန္ဒရှိရုံမျှဖြင့်ကား ရန်ကုန်မရောက်နိုင်။
28,237
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ရန်ကုန်သွားနိုင်အောင် ငွေရှာရမည်။
28,238
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
မီးရထားဖြင့် သွားလိုလျှင် မီးရထားစရိတ် လုံလောက်အောင် ရှာရမည်။
28,239
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
လေယာဉ်ပျံဖြင့် သွားလိုလျှင် လေယာဉ်ပျံစရိတ်ကို လုံလောက်အောင်ရှာရမည်။
28,240
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ထိုသို့ ရှာရခြင်းကား ဝီရိယသဘောတည်း။
28,241
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ထို့အတူပင် နိဗ္ဗာန်ရလိုလျှင် ဘုရား အဖြစ် သာဝကအဖြစ် အမျိုးမျိုးနှင့်တန်အောင် ပါရမီ ရှာရမည်။
28,242
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ယခုကာလ လူ့ဘက် ရှင်ဘက်၌ အထက်တန်းရောက်နေကြသူတို့သည် ဘုန်းနှင့် သမ္ဘာ ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာပြီးစီးနိုင်သော မိုးပေါ်ကျ ရွှေကိုယ်တော်များ မဟုတ်ကြချေ။
28,243
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
အာသာဆန္ဒအလိုက် ဝီရိယ စိုက်ထားသူတွေသာ များပေသည်။
28,244
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ထို့ကြောင့် အလွန်ရခဲလှသော မနုဿတ္တ ဒုလ္လဘကို ရှေးကံကောင်း ထောက်မ၍ ရကြပြီး ဖြစ်ပါလျက် တိုးတက်လိုသော အာသာဆန္ဒကင်း၍ အဖျင်း အအ အပျင်းအနတွေ ဖြစ်နေပါလျှင် တိရစ္ဆာန် ဘဝနှင့် မခြားတော့ရကား မိမိကိုယ်ကို ယခုဘဝလည်း အထက်တန်းရောက် နောင်သံသရာလည်း မဂ်လမ်းပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီ ကိုယ်ငှ ဖြစ်စေကြပါကုန်။
28,245
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
“ဆန္ဒဝတော ကိံနာမ န သိဇ္ဈတိ= ဆန္ဒရှိသူမှာ မပြီးနိုင်သော အရာ မရှိ”
28,246
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
“အာသာ ဖလဝတီ သုခါ= တောင့်တမှုသည် ကြိုးစား၍ အကျိုးရလျှင် ချမ်းသာကို ဖြစ်စေနိုင်၏”
28,247
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဤမျှလောက်သော စကားအစဉ်ဖြင့် ဆားကဲ့သို့ ကောင်း ဆိုး နှစ်တန် ခတ်တိုင်းငန်သော စေတသိက်များ ပြီးဆုံးပေပြီ။
28,248
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဤစေတသိက်များကို ထင်ရှားအောင် ရေးသားရကြောင်း ကောင်းမှု ပဋိပတ် အကျင့်မြတ်သင့် ဤ ကျမ်းကို ကြည့်ရှုသူတို့ ကုသိုလ်ကိစ္စဝယ် ထက်သန်သော ဆန္ဒ ဝီရိယနှင့် ထက်သန်သော စေတနာ ထားနိုင်ကြပါစေ။
28,249
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ဖြစ်လေသမျှ ဘဝတိုင်းမှာ ငါတွက် တာမူ သမ္မာဆန္ဒ ဝီရိယဖြင့် ပုညကောင်းမှု အစုစုတို့ကို ပြုကာပြုကာ အချိန်ကို ကုန်စေလိုပါသည်။
28,250
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ငါ၏ အဆက်အသွယ် ကြီးကြီးငယ်တို့လည်း ပါရမီကိစ္စ အဝဝ၌ ထက်မြက်သော စေတနာနှင့် သမ္မာဆန္ဒ ဝီရိယရှင်တိုချည်းသာ ဖြစ်ကြ ပါစေ။
28,251
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
ပင်ကိုယ်သဘော၊ ကောင်းဆိုးရောလျက်၊ စိတ်ဇောခြယ်လှယ်၊ ဆယ့်သုံးသွယ်ကို၊ အကျယ်ရေးဖွင့်၊ ဤအကျင့်ကြောင့်၊ အသင့်စိတ်ထား၊ ဗိုလ်လူများတို့၊ တက်ကြွားဝေဆာ၊ စေတနာနှင့်၊ သမ္မာဆန္ဒ၊ ဝီရိယမျိုး၊ ကိုယ်စီနှိုး၍၊ အကျိုး ရစေ၊ ငါ့အနေမှု၊ ဘဝေဘဝ၊ ဖြစ်သမျှ၌၊ ဆန္ဒလည်းတင့်၊ လုံလရင့်လျက်၊ ဆင့်ဆင့်ဝေဆာ၊ စေတနာဖြင့်၊ ကောင်းရာထိုထို၊ ပြုစွမ်းလို၏၊ နဂ...
28,252
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဆန္ဒ အကြောင်း
စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံး၌ ပါသော စေတသိက် များပြီးပြီ။
28,253
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
ဇိဝိတိန္ဒြေ အကြောင်း
28,254
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
စိတ် စေတသိက် ၂-ပါးကို နာမ်တရားဟု ခေါ်၏။
28,255
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
ထိုနာမ်တရားတို့၏ အသက်သည် ဇီဝိတိန္ဒြေတည်း။
28,256
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
ဖြစ်သမျှ စိတ် စေတသိက်တို့၌ အသက်ပါ၏။
28,257
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
ထို့ကြောင့် ဖြစ်နေသော စိတ် စေတသိက်များသည် အသေမဟုတ်၊ အရှင်များတည်း။
28,258
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
ထိုသို့ အရှင်ဖြစ်သောကြောင့်ပင် အာရုံကိုသိနိုင်၏။
28,259
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
အကယ်၍ အသက် မပါပဲ စိတ် စေတသိက်တွေ အသေချည်း ဖြစ်နေပါမူ မည်သည့် ကိစ္စကို ရွက်ဆောင်နိုင်ကြလိမ့်မည် မဟုတ်။
28,260
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
အချုပ်မှာ-ဤ ဇီဝိတိန္ဒြေဟု ခေါ်သော အသက်ပါနေသောကြောင့်သာ စိတ် စေတသိက်တို့ တခုပြီးတခု ဆက်၍ မပျက်စီးပဲ (ကံအရှိန်ရှိသမျှ) တည်နေကြရလေသည်။
28,261
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
ထို့ကြောင့် “မကွာ နာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက်မပြုန်း”ဟု ဆိုခဲ့ပေသည်။
28,262
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
နာမ်တရားတို့၌ နာမ်သက်သကဲ့သို့ ရုပ်တရားတို့၌လည်းရုပ်သက်ပါ၏။
28,263
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
ဤနာမ်သက်နှင့်ရုပ်သက် ဖြစ်သော ဇီဝိတ ၂-ပါးကိုပင် သတ္တဝါတို့၏ အသက်ဟု ခေါ်ရပေသည်။
28,264
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဇိဝိတိန္ဒြေ အကြောင်း
ထိုရုပ်ဇီဝိတ နာမ်ဇီဝိတ ၂-မျိုးအပြင် သတ္တဝါတို့ ကိုယ်အတွင်း၌ အသက်ကောင်၊ ဝိညာဉ်ကောင်၊ လိပ်ပြာကောင်၊ အတ္တကောင် ဟူ၍ မရှိတော့ပြီ။
28,265
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ပီတိ အကြောင်း
28,266
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
အာရုံတခုခုကို နှစ်သက် အားရ သဘောကျ နေခြင်းသည် ပီတိတည်း။
28,267
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ထို့ကြောင့် “အားရနှစ်သက်၊ ပီတိဆက်၍”ဟု ဆိုခဲ့သည်။
28,268
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ဤပီတိသည် သုခဝေဒနာကဲ့သို့ ခံစားခြင်း မဟုတ်။
28,269
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
နှစ်သက်အားရခြင်း၊ သဘောကျခြင်းသာ ဖြစ်သည်။
28,270
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ရေငတ်သူသည် ရေရှိကြောင်းကို ကြားရ၊ ရေကို မြင်ရသောအခါ နှစ်သက်၏၊ ပီတိဖြစ်၏။
28,271
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ရေကိုသောက်ရသောအခါ သုခဝေဒနာ ဖြစ်သည်။
28,272
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
မိမိချစ်သူကို မြင်ရသည်ဖြစ်စေ၊ စကားအတူပြောနေရသည်ဖြစ်စေ၊ သီချင်း သံကို ကြားရသည်ဖြစ်စေ၊ တရားသံကို ကြားရသည်ဖြစ်စေ ကြက်သီးထလာအောင် နှစ်သက်ခြင်း ဖြစ်၏။
28,273
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ထိုနှစ်သက်မှုသည် ပီတိပင်တည်း။
28,274
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ရှေးတုန်းက အမျိုးသမီးတယောက်သည် တောင်ပေါ်က ဘုရားပွဲတော်အချိန်မှာ ကိုယ်လေး လက်ဝန် ရှိနေသောကြောင့် ဘုရားပွဲမလိုက်ရသဖြင့် မိမိအိမ်မှနေ၍ တောင်ပေါ် ဘုရားကို ဖူးမြော်ယင်း ဖူးမြော်ယင်း အလွန်အမင်း နှစ်သက်ရကား ထိုပီတိအဟုန်ကြောင့် တကိုယ်လုံး မြောက်ပြီးလျှင် ဘုရားယင်ပြင်တော်သို့ ရောက်မှန်းမသိ ရောက်သွားဖူးသတဲ့။
28,275
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ကုသိုလ်ကောင်းမှု တခုခုကို ပြုနေစဉ် (အလှူပေးနေစဉ်) မိမိလှူဖွယ်များကို ကြည့်၍ လည်းကောင်း၊ စားကြ သောက်ကြသည်ကို ကြည့်၍ လည်းကောင်း ဤပီတိများ ဖြစ်တတ်၏။
28,276
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
တခါတရံ ထိုကဲ့သို့ ပီတိအရင်းခံ၍ အပြင်းအထန် နှစ်သက်လေရာ တဏှာမကင်းသော သောမနဿလည်း ဖြစ်တတ်၏။
28,277
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ထိုအခါ မျက်နှာလည်း တပြုံးပြုံး တကိုယ်လုံးလည်း တရွရွ တကြွကြွနှင့် ဖြစ်နေတတ်လေသည်။
28,278
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ကျန်းမာရေး ပညာရေး စီးပွားရေးများ၌ ဝီရိယ သန်သန်ဖြင့် မှန်မှန်ကြီး လိုက်စားသူတို့သည် တနေ့နေ့၌မိမိ ရည်ရွယ်သလောက် အကျိုးရ၏။
28,279
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ထိုအခါ မိမိ အလုပ်များကို ကြည့်၍ ပီတိဖြစ်နေတတ်လေသည်။
28,280
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ဘုရားရှင် ကိုယ်တော်မြတ်သည်ပင် မဟာဗောဓိ ပလ္လင်တော်မှ ထတော်မူ ပြီးနောက် ကိလေသာ အားလုံးကို သတ်ဖြတ်၍ ဘုရားဖြစ်တော်မူရာ မဟာဗောဓိမဏ္ဍိုင် အရပ်ကို ကျေနပ်သော လက္ခဏာ လွန်စွာ နှစ်သက်သော ပီတိဖြင့် ၇-ရက်လုံး မမှိတ်ပဲ ကြည့်တော်မူပါသည်။
28,281
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
တရားအားထုတ်ကြသော ယောဂီ ပုဂ္ဂိုလ်များလည်း တရားကို သဘောကျ၍ ထိုင်ရာမှ မထချင်အောင် ပီတိက ဆွဲဆောင်ထားတတ်ပေသည်။
28,282
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ပီတိ အကြောင်း
ဤသို့လျှင် ဝီရိယရှင်တို့၌ မြင့်မြတ်သော ပီတိများလည်း များစွာဖြစ်ခွင့်ရှိသည်။
28,283
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ဖဿ အကြောင်း
28,284
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
အာရုံကို တွေ့ထိခြင်း သဘောသည် ဖဿတည်း။
28,285
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ထို့ကြောင့် “တွေ့ထိ တရား၊ ဖဿ ထားလော”ဟု ဆိုခဲ့ပေသည်။
28,286
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
“တွေ့ထိ” ဟူရာ၌ ကိုယ်ထိ လက်ထိမျိုး၊ ပစ္စည်း တခုနှင့်တခု တိုက်မိသော အထိမျိုး မဟုတ်။
28,287
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
စိတ်နှင့်အာရုံ တွေ့ကြုံသောအခါ ဓာတ်သဘောအလိုက် ထိခိုက်သလို ဖြစ်လောက်အောင် ဓာတ်ခိုက်ခြင်းသာတည်း။
28,288
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ထိုဓာတ်ခိုက် ဓာတ်ထိ ဓာတ်တွေမျိုးသည် တချို့ အရာ၌ ကိုယ်ထိလက်ရောက် တွေ့ရ ထိရသလောက်ပင် ထင်ရှား၏။
28,289
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ချဲ့ဦးအံ့-နာလန်ထစ လူတယောက်သည် သူတပါးတို့ သံပရာသီးစားသည်ကို မြင်ရလျှင် သွားရည်ကျတတ်၏။
28,290
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ကြောက်တတ်သူသည် သူတပါးတို့ သတ်ပုတ် နေကြသည်ကိုမြင်လျှင် ကြောက်ဒူးတုန်နေတတ်၏။
28,291
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
အရွယ်ရောက် မိန်းကလေးများသည် မိမိနှင့်ရွယ်တူ ဂုဏ်တူ ယောက်ျားကလေး၏ အဆင်း အသံကို ကြား ရသောအခါ ရင်တွင်း၌ တမျိုးတမည် ဖြစ်တတ်၏။
28,292
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ယောက်ျားကလေးများလည်း ဤနည်းဖြစ်တတ်ကြ၏။
28,293
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ဤသို့ဖြစ်ရာ၌ စိတ်သည် သံပရာသီး စသည်တို့နှင့် ဓာတ်တွေ့ ဓာတ်ထိ ဓာတ်ခိုက်မိသောကြောင့် ခန္ဓာကိုယ်တိုင်အောင် သွားရည်ကျခြင်း၊ တုန်လှုပ်ခြင်း စသည်တို့ ဖြစ်ကြရပေသည်။
28,294
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ဤ ဓာတ်တွေ့ ဓာတ်ထိ ဓာတ်ခိုက်မိခြင်း သဘောသည် ဖဿသဘောတည်း။
28,295
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ဤဖဿသည် ကုသိုလ်ဆိုင်ရာ အာရုံကိုလည်း ထိရ၊ အကုသိုလ်ဆိုင်ရာ အာရုံကိုလည်း ထိရသဖြင့် စိတ်ကောင်း စိတ်ဆိုး ၂-မျိုးတွင် အမြဲ ပါဝင်ရသော တရားတည်း။
28,296
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
ဥပမာ-ဆားသည် ကောင်းသောဟင်း၌ခတ်လည်းငန်၊ မကောင်းသော ဟင်း၌ ခတ်လည်းငန်သကဲ့သို့တည်း။
28,297
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
နောက်၌ပြမည့် ဝေဒနာ စသော စေတသိက်များလည်း ဤကဲ့သို့ စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံးတွင် ပါဝင်ရကြောင်းကို သတိပြုပါ။
28,298
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဖဿ အကြောင်း
[ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်သော ဝိပါက်ကြိယာစိတ် ဖြစ်ဖို့လည်း အာရုံ၌ ဖဿက ထိရသည်သာ။
28,299
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း
မနသိကာရ အကြောင်း
28,300
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း
နှလုံးသွင်းခြင်း သဘောသည် မနသိကာရ မည်၏။