id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
28,301 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | ထို့ကြောင့် “နှလုံးသွင်းကို မနသိ ဆို၏”ဟု ဆိုခဲ့သည်။ |
28,302 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | “နှလုံး+သွင်း” ဟူရာ၌ စိတ်ကို “နှလုံး”ဟု ခေါ်၏။ |
28,303 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | ဤ စိတ်နှလုံး အတွင်းသို့ အာရုံတခုခု ပေါ်ထင်အောင် (သွင်းပေးသကဲ့သို့) ပြုပေးခြင်းကို နှလုံး+သွင်း”ဟု ခေါ်သည်။ |
28,304 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | အမှန်အားဖြင့် ဤ မနသိကာရသည် စိတ်ထဲတွင် အာရုံဝင်လာအောင် ဆွဲဆောင် သွင်းနိုင်သည် မဟုတ်။ |
28,305 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | သို့ရာတွင် မနသိကာရ၏ အစွမ်းကြောင့် အာရုံတခုခု အမြဲရလျက်ရှိရကား ဤ မနသိကာရသည်ပင် အာရုံကို ရအောင် ဆောင်ယူ သွင်းပေးသကဲ့သို့ တင်စား၍ ပြောဆိုရပေသည်။ |
28,306 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | စေတသိက် ၇-ပါး စိတ်ဖြစ်တိုင်းပါပုံ |
28,307 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | စိတ်တခုခုဖြစ်ရာ၌ အာရုံကိုထိမှု “ဖဿ”နှင့်“မနသိကာရ” တိုင်အောင် စေတသိက် ၇-ပါးကို အမြဲပါကြရသည်။ |
28,308 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | လောဘ ဒေါသ သဒ္ဓါ သတိ စသည်တို့ကား သူတို့ဆိုင်ရာ အာရုံကို ယူသောအခါ၌သာ အပို ပါဝင်လာကြသည်။ |
28,309 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | ထိုရ-ပါးတွင် တစုံ တခုကို ခံစားနေသောအခါ ဝေဒနာသည် သတ္တိထင်ရှား၍ တစုံတခုကို မှတ်နေသောအခါ သညာသည် သတ္တိထင်ရှား၏။ |
28,310 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | ကံတခုကို ပြုနေသောအခါ စေတနာသည် သတ္တိထင်ရှား၍ အာရုံတခုခုကို စူးစိုက်သောအခါ ဧကဂ္ဂတာ ခေါ်သော သမာဓိက သတ္တိထင်ရှား၏။ |
28,311 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/မနသိကာရ အကြောင်း | ကြွင်းသော ဖဿ ဇီဝိတိန္ဒြေ မနသိကာရ ၃-ပါးတို့ကား ဘယ်အခါမျှ သတ္တိ မထင်ရှားလှချေ။ |
28,312 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိစာရ အကြောင်း | ဝိစာရ အကြောင်း |
28,313 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိစာရ အကြောင်း | အာရုံတခုခုကို အထပ်ထပ် အလီလီ သုံးသပ်ခြင်းသဘောသည် ဝိစာရတည်း။ |
28,314 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိစာရ အကြောင်း | ဝိတက်သည် အာရုံတခုသို့ စိတ်ရောက်၍ ရောက်၍ နေအောင် ကြံစည်ပါသော်လည်း ထိုအာရုံအပေါ်၌ ကြာရှည်စွာ မတည်၊ အခြား အာရုံကိုလည်း ဆက်လက် ကြံစည်၏။ |
28,315 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိစာရ အကြောင်း | ဝိစာရကား ဝိတက် အစွမ်းကြောင့် ရောက်ရှိနေသော အာရုံကို တော်တော်နှင့် မလွတ်စေပဲ အထပ်ထပ် ပွတ်တိုက်သကဲ့သို့ ထိုအာရုံကို ထပ်ကာထပ်ကာ အာရုံပြုသည်။ |
28,316 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိစာရ အကြောင်း | ဤသို့ အထပ်ထပ်အာရုံပြုခြင်းကိုပင် ထိုအာရုံကို သုံးသပ် ပွတ်တိုက်သလို ဖြစ်နေသောကြောင့် “အလီလီ သုံးသပ်၊ ဝိစာရ မှတ်လော”ဟု ဆိုခဲ့ပေသည်။ |
28,317 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ဝိတက် အကြောင်း |
28,318 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ကြံစည်ခြင်း သဘောသည် ဝိတက်တည်း။ |
28,319 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ထို့ကြောင့် “ထိုထိုကြံစည်။ |
28,320 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ဝိတက်မည်ရှင့်”ဟု ဆိုခဲ့သည်။ |
28,321 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ဤကြံစည်ခြင်းကို “စိတ်ကူးခြင်း-စဉ်းစားခြင်း” ဟုလည်း ခေါ်ကြသည်။ |
28,322 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ဤဝိတက်သည် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာ ဝိတက်ဟု မကောင်းဝိတက် ၃-မျိုး၊ နေက္ခမ္မဝိတက် အဗျာပါဒဝိတက် အဝိဟိံသာဝိတက်ဟု အကောင်းဝိတက် ၃-မျိုးအားဖြင့် ၆-မျိုး ပြား၏။ |
28,323 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ကာမဝိတက်နှင့် နေက္ခမ္မဝိတက် |
28,324 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ရူပါရုံ သဒ္ဒါရုံ စသော ကာမဂုဏ် အကြောင်းအရာ ကာမဂုဏ် အမှု ကိစ္စစုတို့ကို ကြံစည် စိတ်ကူးခြင်း၊ ပစ္စည်း ဥစ္စာ ရှာဖွေမှုကို ကြံစည်စိတ်ကူးခြင်း စသော လောဘနှင့် မကင်းသော ကြံစည် စိတ်ကူးခြင်း ဟူသမျှကို “ကာမဝိတက်”ဟု ခေါ်သည်။ |
28,325 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | တောထွက်ဖို့၊ ရသေ့ရဟန်းပြုဖို့၊ လှူဒါန်းဖို့၊ ဥပုသ်သီလ ဆောက်တည်နေဖို့၊ တရားအားထုတ်ဖို့ စသော လောဘတဏှာမှ လွတ်ကင်းသော ကြံစည် စိတ်ကူးခြင်းကို “နေက္ခမ္မဝိတက်”ဟု ခေါ်သည်။ |
28,326 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ဗျာပါဒနှင့် အဗျာပါဒဝိတက် |
28,327 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ဗျာပါဒဟူသည် သူတပါးကို ပျက်စီးစေလို သေစေလိုသော ဒေါသတည်း။ |
28,328 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ထိုဒေါသနှင့်ယှဉ်သော အကြံကို “ဗျာပါဒ ဝိတက်”ဟု ခေါ်၏။ |
28,329 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | အဗျာပါဒ ဟူသည် ဒေါသနှင့် ဆန့်ကျင်ဘက် ဖြစ်သော မေတ္တာတည်း။ |
28,330 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ထိုမေတ္တာနှင့် စပ်ယှဉ်သော အကြံ (သတ္တဝါများကို ချမ်းသာစေလို ချမ်းသာအောင် ပြုလုပ်လိုသော အကြံ)များကို “အဗျာပါဒဝိတက်”ဟု ခေါ်သည်။ |
28,331 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ဝိဟိံသာနှင့် အဝိဟိံသာဝိတက် |
28,332 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ဝိဟိံသာ ဟူသည် သူတပါးကို ညှဉ်းဆဲလို နှိပ်စက်လိုသောဒေါသတည်း။ |
28,333 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ထိုဒေါသနှင့် ယှဉ်၍ ရိုက်ပုတ် သတ်ဖြတ်ဖို့ရန် ကြံစည်ခြင်း၊ တနည်းနည်းဖြင့် ဆင်းရဲ ဒုက္ခ ရောက်သွားအောင် ကြံစည်ခြင်းများကို “ဝိဟိံသာဝိတက်”ဟု ခေါ်၏။ |
28,334 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | အဝိဟိံသာ ဟူသည် ထိုဝိဟိံသာ (ဒေါသ၏) ဆန့်ကျင်ဘက်ဖြစ်သော ကရုဏာတည်း။ |
28,335 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | ထိုကရုဏာနှင့်ယှဉ်၍ ဒုက္ခိတ သတ္တဝါများကို ဒုက္ခမှ ကယ်ဆယ်ဖို့ရန် ကြံစည် စိတ်ကူးခြင်း၊ တနည်းနည်းအားဖြင့် ဒုက္ခမှ လွတ်ကင်းအောင်ပြုရန် ကြံစည်ခြင်းကို “အဝိဟိံသာဝိတက်”ဟု ခေါ်၏။ |
28,336 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝိတက် အကြောင်း | မကောင်းသော ဝိတက်များကို ရှောင်ရှား၍ ကောင်းသော ဝိတက် ၃-ပါးကိုသာ ဖြစ်စေကြပါကုန်။ |
28,337 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဝီရိယ အကြောင်း |
28,338 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | အားထုတ်ခြင်း သဘောကို “ဝီရိယ”ဟု အများ နားလည်ကြပြီ။ |
28,339 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထိုအားထုတ်ခြင်း သဘောကို စဉ်းစားလျှင် ဆိုင်ရာကိစ္စကို ပြုလုပ်ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ ရဲဝံ့ခြင်းသာတည်း။ |
28,340 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထို့ကြောင့် “ရဲစွမ်းရောက်က၊ ဝီရိယ”ဟု ဆိုခဲ့ပေသည်။ |
28,341 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထိုစကားမှန်၏။ |
28,342 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဝီရိယလုံ့လ ကင်းမဲ့သူကို “အပျင်းထူသူ”ဟု ခေါ်ကြသည်။ |
28,343 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထိုငပျင်းကား အလုပ်တခုရှိလျှင်“ဝေးပါသေးတယ်၊မိုးချုပ်လှပြီ။ |
28,344 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ချမ်းလှသေးတယ်၊ နေပူလှန်းပါသေးတယ်၊ ယနေ့ ထမင်းစားလိုမကောင်းဘူး၊ (မနေ့ ထမင်းအများကြီး စားမိလို့ နဲနဲနေမကောင်းဘူး၊ နေကောင်းပြီးစမို့၊ ခရီးသွားစရာရှိသေးလို့၊ ခုမှ ခရီးပြန်ရောက်စမို့ စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ် လုပ်ရမည့်အရေးကို တွေး၍ ကြောက်နေတတ်၏။ |
28,345 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထိုသို့ ပျင်းနေသော စိတ်သည် ကုသိုလ်စိတ် မဟုတ်၊ ထိန မိဒ္ဓ လွန်ကဲသော အကုသိုလ်စိတ်ပင် ဖြစ်သည်။ |
28,346 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဝီရိယ လုံ့လရှိသူကား အအေး အပူ စသည်လောက်ကို မဆိုထားဘိ၊ တကယ် ကိစ္စ ကြုံလာလျှင် အသက်ကိုပင် ထီမထင်ပဲ ရင်ဆိုင် တွေ့နေသော ကိစ္စကိုပင် အားပါးတရ ပြုလုပ်ခဲ့လေသည်။ |
28,347 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | မဟာဇနကဇာတ်၌ ရွက်သင်္ဘောကြီး ပျက်ခါနီးမှာ ကုန်သည် ၇၀၀-တို့သည် ဝီရိယကို လျှော့၍ မိရိုးဖလာ နတ်များကို တိုင်ကြ ပသကြသော်လည်း ကယ်ဆယ်သူ ပေါ်မလာ၊ ငါးလိပ်တို့၏ အစာသာ ဖြစ်ကြရသည်။ |
28,348 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | အလောင်းတော်ကား မည်သည့်နတ်ကို အားကိုးမနေပဲ ရဲစိတ် ရဲသွေး ဝီရိယဓာတ်ကို အထပ်ထပ်မွေးပြီးလျှင် ပင်လယ်ရေပြင်ကို လက်ပစ် ကူးကာ ဥပုသ်ကိုပင် စောင့်သုံးတော်မူခဲ့ပေသေးသည်။ |
28,349 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဤသို့လျှင် ဝီရိယဟူသည် တွေ့ကြုံလာသော ကိစ္စ၌ မကြောက်မရွံ့ ရဲဝံ့သော သဘောတည်း။ |
28,350 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ကျန်းမာရေး ဝီရိယ အကျိုးသည် လောကတွင် များထင်ရှား၏။ |
28,351 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ကျန်းမာရေး လိုက်စားရာ၌ လမ်းမှန်မှန်လျှောက်ခြင်း (အဝေး မလျှောက်သာလျှင် မိမိနေအိမ် အနီးအပါးမှာပင် လျှောက်ခြင်း)၊ အစာကို အချိန်မှန်မှန် စားသောက်ခြင်း၊ အလေးအပေါ့ကို ပျင်းသည့်အတွက် (ဆောင်းအခါ အိပ်ရာမှာ ဖြစ်စေ) ချုပ်တည်း မထားခြင်း၊ သင့်တော်သော အချိန်ဝယ် ရေချိုးခြင်း၊ သင့်တော်သော ဆေး-ဓာတ်စာများကို အချိန်မှန်မှန် စားခြင်း စသည်... |
28,352 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထိုအားလုံးကို ဝီရိယကင်း၍ အပျင်းထူနေက မဖြစ်နိုင်။ |
28,353 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထို့ကြောင့် ဝီရိယရှိသူမှ ကျန်းမာရေး လိုက်စားနိုင်သည်။ |
28,354 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | စီးပွားရေး |
28,355 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | စီးပွားရှာရေးတွင်လည်း အပူ အအေး စသည်တို့ကို ကြောက်၍ နေလျှင် ဝီရိယရှိသူများက ထိုသူ့ အရင် ရောင်းဝယ်နှင့်ကြသဖြင့် ဝီရိယကင်းသူမှာ အရာရာပင် နောက်ကျ၍ နောက်ချေးနှင့် သလဲသာ ရတော့ လတ္တံ့။ |
28,356 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | မြန်မာအမျိုးသားတို့ ဝီရိယနည်းပါးပုံမှာ စံနမူနာတင်လောက်ပါပေ၏။ |
28,357 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | လူမျိုးခြားတို့က နံနက် စောစော ထပြီးလျှင် ကျက်သရေရှိအောင် ရောင်းရေး၊ ဝယ်မှုတို့ကို ပြင်ဆင်သူကပြင်၊ နေရာထိုင်ခင်း လှဲကျင်းသူကလှဲနှင့် ရေမိုးချိုးကာ အဝတ်အစားလဲ၍ လက်ဖက်ရည်ကလေးများ သောက်ပြီးမှ အလုပ်ခွင်၌ ဝင်နေ ချိန်ဝယ်၊ များစွာသော မြန်မာလူမျိုးတို့က အိပ်ရာမှ မထကြသေး။ |
28,358 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | အိပ်ရာမှ ထခါနီးလည်း လွန့်ကာလိမ်ကာ သန်းကာ ဝေကာနှင့် မိမိ၏ အပျင်းတွေကို အတော်ကြာကြာ မှုတ်ထုတ်ပြီးမှ အနိုင်နိုင် ထပြီးနောက် အတော်ကြာကြာပင် ကျက်သရေ မရှိသော ပုပ်သိုးသိုး မျက်နှာဖြင့် မှိုင်နေလိုက်ကြသေး၏။ |
28,359 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထိုမျှလောက် အပျင်းထူနေသူတွေ အဘယ်မှာ စီးပွားရေးဘက်က တန်းတက်နိုင် တော့အံ့နည်း။ |
28,360 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | အမျိုးသမီးများများ ကျေးဇူး |
28,361 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | မြန်မာအမျိုးသမီးတို့ကား ကူးသန်းရောင်းဝယ်ရေး၌ ကိုယ်တိုင် ပါဝင်နေကြရှာ၏။ |
28,362 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | များစွာသော ဈေးသည်တို့မှာ အမျိုးသမီး များသာ ဖြစ်ကြ၏။ |
28,363 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထိုဈေးသည် အမျိုးသမီးများ အရွယ်လောက် ရောက်ရှိနေသော အမျိုးသားတို့ကား ကျောင်းနေသူနေ၊ အလုပ်လက်မဲ့ ဖြစ်သူဖြစ်နှင့် မိမိတို့ မိဘနှင့် အစ်မ၊ နှမများကို မှီခို အားကိုး၍ နေကြရ၏။ |
28,364 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | မြန်မာအမျိုးသမီးတွေသာ အိမ်တွင်းပုန်း လုပ်နေကြပါမူ ဤ မြန်မာနိုင်ငံသည် ယခုထက်ပင် အောက်ကျနောက်ကျ ဖြစ်ဖွယ် ရှိ၏။ |
28,365 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | အမျိုးသမီးများ၏ ကျေးဇူးကြောင့် ယခုလောက် အခြေအနေမှာ တည်နေနိုင်ကြသည်။ |
28,366 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ၂-ဘက်လုံး ကြိုးစားလျှင် |
28,367 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | စီးပွားရေး၌ အမျိုးသမီးများ ကြိုးစားကြသလို အမျိုးသားအားလုံး ကြိုးစားကြမည် ဆိုပါလျှင် (မြို့များ၌ အမျိုးသားတို့က တဘက်တလမ်း စီးပွားရှာနိုင်ကြလျင်) ဤမြန်မာနိုင်ငံသည် ထွန်းသစ်စ လဝန်းကဲ့သို့ လန်းဆန်းရွှန်းဝေ ကျက်သရေ အမျိုးမျိုး ထွက်၍ တိုးတက်သော နိုင်ငံကလေး ဖြစ်လောက်ပေသည်။ |
28,368 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | အမျိုးသားတို့သည် စီးပွားရေးဘက်တွင်သာ အချက်မကျသည် မဟုတ်သေး၊ ပညာရေးဘက်မှာလည်း ဂေဇက်ကို ကြည့်လျှင် ဂုဏ်ထူးဆောင်နှင့် အောင်မြင်သူ နည်းပါးလှသည့်ပြင် အထက်တန်း ပညာရပ်များ၌လည်း အခြား လူမျိုးများထက် ရာခိုင်နှုန်း နည်းပါးသည်ဟု ကြားရ၏။ |
28,369 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမေက အမွေးညံ့၍ချည်း မဟုတ်တန်ရာ။ |
28,370 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ကျောင်းတော်ကြီးများဝယ် ငွေကုန်ကြေးကျ များစွာခံပြီး နေကြပါလျက် ငွေထောက်ပံ့ ကြရသော မိဘ အစ်ကို အစ်မတို့ကို မငဲ့ညှာပဲ လုံ့လ ဝီရိယကင်း၍ အပျင်းပေါပြီး ကမြင်းကြောထနေမှုတို့ကြောင့်သာ အများအပြား ဖြစ်တန်ရာ၏။ |
28,371 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ကျောင်းတော်သို့ ရောက်ကြသည့် အချိန်မှာ အသက် ၂၀-နီးပါး ရှိကြပေလိမ့်မည်။ |
28,372 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထိုမျှလောက် အသက် မကြီးကြသော တပင်ရွှေထီး၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာ စသော လူမျိုး၏ ကျက်သရေဆောင် လူငယ်တွေ ထွန်းကား ခဲ့သော အမျိုးသား ဖြစ်ပါလျက် ငါတို့လက်ထက်ကျမှ အဘယ့်ကြောင့် အပျင်း ဘဝ၌ အဖျင်း အ အ လုပ်နေကြသနည်း။ |
28,373 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ရဲမာန် ရဲသွေး ရဲစိတ်မွေးကာ ရဲဇာ နည် စိတ်ထားဖြင့် ရဲရဲတောက်ကလေးများ ဖြစ်သကြသည် မဟုတ်ပါလော။ |
28,374 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | လူတို့ဘက်၌သာ ပညာစံချိန် ညံ့သည် မဟုတ်သေး။ |
28,375 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | သာသနာ ပညာလည်း အခါအလျှောက် အောက်ကျလျက်ပင်။ |
28,376 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | မှန်၏။ ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူနယ်သား လူအများ၏ ဆရာ ဖြစ်ရုံမက မြို့ပြတို့၌လည်း မင်းညီ မင်းသား မှူးမတ်သားတို့၏ ဆရာတော်များ ဖြစ်ကြသည်။ |
28,377 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | မိမိတို့သည် အခါနှင့် လိုက်အောင် ပညာရေးကို ပြုပြင်နိုင်ခဲ့ကြလျှင် ယခု အချိန်မှာလည်း တိုင်းသူ ပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ် ရှိ၏။ |
28,378 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ယခုသော်ကား ထိုကဲ့သို့ မပြု မပြင် နိုင်ကြမှုကြောင့် ဆရာ အဖြစ်မှပင် လျှောကျရုံမက၊ တချို့ ကျေးရွာကျောင်းများ၌ ဆွမ်းခံပေးမည့် ကလေးပင် မရှိတော့ချေ။ |
28,379 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဤအချက်ကား မြန်မာနိုင်ငံအတွက် သာသနာရေးအသက်ငင်နေခြင်းပင် ဖြစ်တော့သည်။ |
28,380 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဤသို့ ဖြစ်ခြင်း၏ အကြောင်းရင်းကိုရှင်းရလျှင် ကိုယ့်အထုပ် ကိုယ်ဖြည်ပြရာ ရောက်မည်ဖြစ်၍ မရှင်းလိုတော့ပါ။ |
28,381 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဤသို့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ဖြင့် အဘက်ဘက်က အောက်ကျနောက်ကျ ဖြစ်ကြရခြင်းမှာ လုံ့လ ဝီရိယ ကင်း၍ အပျင်းများမှုကြောင့် ဖြစ်သည်။ |
28,382 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဝီရိယကြောင့် |
28,383 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဝီရိယကြောင့် ဘုရားဖြစ် |
28,384 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ငါတို့ ကိုးကွယ်ရာ ဗုဒ္ဓ မြတ်စွာသည် ကိုယ်တော်တိုင် ဝီရိယပါရမီကို ကြိုးစား၍ ဘုရားဖြစ်တော်မူသည်။ |
28,385 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဘုရားဖြစ်တော်မူပြီးနောက်၌လည်း မနားမနေ တရားဟောတော်မူခဲ့ပေ၏။ |
28,386 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထိုဟောတော်မူသမျှ၊ တရားတိုင်းမှာ သိဖို့က ပထမ၊ သိသည့်အတိုင်း ကြိုးစားဖို့က ဒုတိယ ထား၍- |
28,387 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | “ဝါယမေဝေဝ ပုရိသာ၊ န နိဗ္ဗိန္ဒေယျပဏ္ဍိတော”“ယောက်ျားမှန်က ကြိုးစားသင့်စွာ၊ ပညာရှိ မပျင်းမရိရာ”ဟု ဟောတော်မူသည်။ |
28,388 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ပြင်ကြဦးစို့ |
28,389 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဗုဒ္ဓကိုအားကိုးသူ၊ ဗုဒ္ဓတရားကိုလိုက်နာသူ ဗုဒ္ဓဘာသာဝင် ဟူ၍ အခေါ်ခံနေကြသော မွန် မြန်မာတို့မှာ ဗုဒ္ဓ၏ တရားတော်ကို သင့်တော်ရာ ချိတ်ထားလိုက်ကြသဖြင့် ဘာသာခြားတို့က ဗုဒ္ဓ၏ တရားတော်နှင့် အညီ လောကီရေးရာဝယ် လိုက်စားလျက် ဧရာမ ဓနရှင် ပညာရှင်ကြီးများ ဖြစ်နေကြလေပြီ။ |
28,390 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ဗုဒ္ဓဘာသာဝင်တို့အား ရှင်ပြုတုန်းက ရွှေထီးဆောင်းရသည်ကို ဂုဏ်ယူကာ ဝတိံသာမြင့်အောင် စိတ်ထားသော်လည်း လူအနေမှာမူ ချုံကြား က မထွက်နိုင်သေးချေ။ |
28,391 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | ထို့ကြောင့် “တို့သားအဖတစု ပြင်ထိုင်ကြဦးစို့” ဟူသကဲ့သို့ ငါတို့တစုလည်း အပျင်းကို ပယ်ရှား၍ ဝီရိယသမား ဖြစ်အောင် ပြင်ကြဦးစို့။ |
28,392 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | “ဝီရိယဝတော ကိံနာမ န သိဇ္ဈတိ”“လုံ့လ ဝီရိယ ရှိသူမှာ မပြီးနိုင်သော အရာ မရှိ” |
28,393 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | [ဝီရိယ ကောင်းဖို့ရန် တိုက်တွန်းသော်လည်း ဆင်ကန်း တောတိုး သဘော မျိုးဖြင့် အကျိုးမများသော ဝီရိယကို မဆိုလို။ |
28,394 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝီရိယ အကြောင်း | စဉ်းစားဉာဏ်ပါသော ဝီရိယ ကိုသာ ဖြစ်စေလိုသည်။ |
28,395 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း | ဝေဒနာ အကြောင်း |
28,396 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း | အာရုံ အရသာကို ခံစားခြင်း သဘောသည် ဝေဒနာတည်း။ |
28,397 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း | ထို့ကြောင့် “ခံစား-ဝေဒနာ”ဟု ဆိုခဲ့သည်။ |
28,398 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း | ရူပါရုံ စသော အာရုံ ၆-မျိုးကို စိတ် အကြောင်း၌ ပြခဲ့ပြီ။ |
28,399 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း | ထိုအာရုံ ၆-ပါးကိုပင် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံ၊ ဣဋ္ဌမဇ္ဈတ္တာရုံဟု ၃-မျိုးစီ ခွဲရာ၏။ |
28,400 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း | ထိုတွင် လူအများကို လိုလားတောင့်တအပ် ရှာမှီးအပ်သော အာရုံမျိုးသည် ဣဋ္ဌာရုံ မည်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.