id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
28,401
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
[ဣဋ္ဌ=လိုလား နှစ်သက် အပ်သော+ အာရုံ။
28,402
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
လှသောအဆင်း၊ ကောင်းသော အသံ၊ အနံ့၊ အရသာ၊ အတွေ့များ နှင့် ကောင်းသောနာမည်၊ ကောင်းသော အဆောက်အအုံ စသည်များတည်း။
28,403
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
လူအများကို မလိုလားအပ် မတောင့်တအပ် မရှာဖွေအပ်သော အာရုံသည် အနိဋ္ဌာရုံ မည်၏။
28,404
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
[အနိဋ္ဌ=အလိုမရှိအပ်သော+အာရုံ။
28,405
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
] မလှသောအဆင်း၊ မကောင်းသော အသံ၊ အနံ့၊ အရသာ၊ အတွေ၊ နာမည်၊ အိမ်အိုအိမ်ပျက်စသော အဆောက်အအုံများတည်း။
28,406
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
အကောင်းဘက်လည်း မပါ၊ မကောင်း ဘက်လည်း မပါဘဲ အလယ် အလတ် အာရုံမျိုးသည် ဣဋ္ဌမဇ္ဈတ္တာရုံ မည်၏။
28,407
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ရုပ်လည်းမဆိုး-လှလည်းမလှသော အဆင်း စသည်များတည်း။
28,408
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ဝေဒနာလည်း သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဟု ၅-မျိုး ရှိ၏။
28,409
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ထိုတွင် ဣဋ္ဌာရုံများ၌ ကောင်းသော အရသာ ပါရှိ၏၊ ထိုကောင်းသော အရသာကို ခံစားသော ဝေဒနာကို သုခဝေဒနာဟု ခေါ်၏။
28,410
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
သုခ = ချမ်းသာသော+ဝေဒနာ=ခံစားမှု။
28,411
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ထိုကောင်းသော အရသာကို ခံစားသောအခါ ဝမ်းပန်းတသာ ခံစားကြရသောကြောင့် သောမနဿဝေဒနာဟုလည်း ခေါ်ရသည်။
28,412
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
သောမနဿ = ဝမ်းမြောက်ဝမ်းသာဖြစ်သော + ဝေဒနာ = ခံစားမှု။
28,413
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
] ထိုသုခသောမနဿဟု ခေါ်ရသော ဝေဒနာများ၏ ဖြစ်ပုံသည် ရူပါရုံ သဒ္ဒါရုံ စသော ကာမဂုဏ် အာရုံကို တွေ့ကြုံ ခံစားနေသောအခါ ဘုရားအာရုံ တရားအာရုံ စသည်တို့နှင့် တွေ့ကြုံ ရ၍ ချမ်းသာရွှင်ပျသောအခါတို့၌ ထင်ရှား ပေသည်။
28,414
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
အနိဋ္ဌာရုံများ၌လည်း မကောင်းသောအရသာ ပါရှိ၏။
28,415
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ထိုမကောင်းသော အရသာကို ခံစားသော ဝေဒနာကို ဒုက္ခဝေဒနာ (ဆင်းရဲသော ခံစားမှု)ဟု လည်းကောင်း၊ ဒေါမနဿဝေဒနာ (စိတ်မချမ်းသာသောခံစားမှု)ဟု လည်းကောင်း ခေါ်၏။
28,416
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ထိုဒုက္ခဒေါမနဿဝေဒနာတို့ ဖြစ်ပုံများကို ဒေါသစေတသိက်နှင့် စပ်၍ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဟူသော နာမည် များဖြင့် ပြခဲ့ပြီ။
28,417
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
[ခန္ဓာ ကိုယ်အတွေးနှင့် ဆိုင်သော စိတ်၏ ချမ်းသာ ဆင်းရဲကို သုခ-ဒုက္ခဟု ခေါ်၍ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ စိတ်တို့နှင့်သာ ဆိုင်သော ချမ်းသာ ဆင်းရဲကို သောမနဿ ဒေါမနဿဟု ခေါ်သည်။
28,418
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ဣဋ္ဌမဇ္ဈတ္တာရုံ၌ အကောင်းလည်းမထင်ရှား၊ မကောင်းလည်းမထင်ရှားသော အရသာများ ပါရှိ၏။
28,419
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ထိုအရသာကို ခံစားသော ဝေဒနာကို ဥပေက္ခာဝေဒနာဟု ခေါ်၏။
28,420
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ဤ ဥပေက္ခာဝေဒနာ၏ အာရုံအရသာ ခံစားပုံမှာ မထင်ရှားသောကြောင့် မိမိကိုယ်တိုင် အာရုံ၏အရသာကို ခံစားနေရမှန်း မသိနိုင်ချေ။
28,421
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
သို့သော် နေယင်း၊ ထိုင်ယင်း၊ သွားယင်း၊ လာယင်း များစွာသော အာရုံတွေကို တွေ့ရာ၌ ထိုအာရုံအရသာကို ခံစားရမှန်း မသိလာသော ဥပေက္ခာဝေဒနာ တွေကား များစွာ ဖြစ်လျက် ရှိပေသည်။
28,422
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ဤဝေဒနာလည်း ကုသိုလ်ဆိုင်ရာ အာရုံ၏ အရသာကိုလည်း ခံစား၏။
28,423
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
အကုသိုလ်ဆိုင်ရာ အာရုံ၏အရသာကိုလည်း ခံစား၏။
28,424
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဝေဒနာ အကြောင်း
ဤသို့ အကောင်း အဆိုး အာရုံ ၂-မျိုးလုံး၏ အရသာကို ခံစားနိုင်သောကြောင့်“ကာမဂုဏ် စည်းစိမ်ကို ခံစားသည်၊ တရားအရသာကို ခံစားသည်”ဟု ဆိုရာ၌ ဤ ဝေဒနာသော ဟုချည်း မှတ်ပါ။
28,425
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
သညာ အကြောင်း
28,426
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
မှတ်သားခြင်း သဘောသည် သညာတည်း။
28,427
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ထို့ကြောင့် “မှတ်-သညာ တည်း”ဟု ဆိုခဲ့သည်။
28,428
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ဤမှတ်သားပုံသည် အသိဉာဏ်နည်းပါးသူ၊ ဗဟုသုတ နည်းပါးသူများ၌ ထင်ရှား၏။
28,429
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ငယ်ရွယ်သော ကလေးကို ဆွေမျိုးများက “ဟောဒီ လူက အဖေ၊ ဟောဒီ လူက အမေ”ဟု ပြကြ၏။
28,430
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ကလေးက ထိုသူများကို “အဖေ....အမေ”ဟု မှတ်လိုက်၏။
28,431
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
လေယာဉ်ပျံကို ပထမ စ၍ မြင်ရာ၌ “အတောင်က ဘယ်နည်း၊ အမြီးက ဘယ်လို၊ အထည်ကိုယ်က ဘယ်ပုံ”ဟု မှတ်လိုက်၏။
28,432
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
မရောက်ဖူးသောအရပ်ကို ရောက်သွားသော အခါ၌လည်း အထူးအဆန်းဟူသမျှကို မှတ်၏။
28,433
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ဤသို့ သညာ၏ မှတ်သားမှုတွေ များစွာ ရှိပေသည်။
28,434
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
မှတ်ခြင်း၌ အကျိုး ၂-မျိုး
28,435
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
သညာ၏ မှတ်သားမှု၌ အကျိုး ၂-မျိုး ရ၏။
28,436
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ဆွေမျိုးများက ကလေးအား “ဤသူဟာ အဖေ”ဟု ပြသောအခါ ကလေး၏ သညာက မှတ်သားသည့်အတွက် ထိုခဏ၌ အဖေမှန်းသိရခြင်း အကျိုး၊ နောင်အခါ “ဤသူဟာ အဖေပဲ”ဟု မှတ်မိခြင်းအကျိုး ၂-မျိုးရသည်။
28,437
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
မှန်မှန်မှားမှား မှတ်ပုံ
28,438
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
သညာသည် ပညာကဲ့သို့ အမှန်ကိုချည်းသိသည် မဟုတ်၊ အမှား များကိုလည်း မှတ်၏။
28,439
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
အမှန်ကိုလည်းမှတ်၏။
28,440
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
တစ္ဆေခြောက်သူသည် ညဉ့်မှောင်မိုက်တွင် ထန်းပင်ငုတ်ကို တစ္ဆေဟု မှတ်ထင်ရာ၌ အမှားကိုမှတ်ခြင်းဖြစ်၏။
28,441
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
မှားယွင်းသော တရားတွေကို တရားမှန်ဟု ထင်မှတ်ကြ ရာ၌လည်း ဒိဋ္ဌိသာမက ဤမှားသောသညာလည်း ပါဝင်၏။
28,442
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
မှားသောအရာ၌ သညာအမှတ် ကြပ်ကြပ်စွဲနေပြီးဖြစ်သူကို အမှန်သိအောင်ပြုပြင်ဖို့ ခဲယဉ်းလှ၏။
28,443
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
သညာနယ်ကျယ်ပုံ
28,444
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
အမှားကို အမှန်ဟု မှတ်ထင်နေသော သညာသည် လွန်စွာပင် နယ်ကျယ်၏။
28,445
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
သံသရာဝယ် ကြာရှည်စွာ ကျင်လည်နေရာ၌ အဝိဇ္ဇာတဏှာအတွက်သာမက ဤသညာ၏ အမှတ်လွဲမှုလည်း ပါဝင်လေသည်။
28,446
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ထင်ရှားစေအံ့မစင်ကို လူတို့က စက်ဆုပ်ဖွယ်ဟု အမှန် အတိုင်း မှတ်ထား၏။
28,447
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ပိုးလောက်တို့ကား အလွန်ကောင်းသော အာဟာရဟု မှတ်ထင်လေသည်။
28,448
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ခွေးသေပုပ်ကို လင်းတတို့ ထင်မှတ်ရာ၌လည်း ဤနည်း ပင်တည်း။
28,449
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ဘုရား ရဟန္တာတို့က ကာမဂုဏ် အာရုံတွေကို စက်ဆုပ်ဖွယ်ဟု အမှန်အတိုင်း မှတ်ထင်တော်မူကြ၏။
28,450
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
“ဟီနော-အယုတ်တမာတည်း။
28,451
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ဂမ္မော-ရွာသူရွာသားတို့ ဥစ္စာတည်း။
28,452
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ပေါထုဇ္ဇနိကော-မဖြုစင် မသန့်ရှင်းသော ပုထုဇဉ်တို့ဟာတည်း။
28,453
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
အနရိယော-ဖြူစင်သူတို့၏ ဥစ္စာ မဟုတ်။
28,454
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
အနတ္ထသံဟိတော-ကောင်းကျိုးနှင့် မစပ်”ဟု ပြတ်ပြတ်သားသား ရှုတ်ချကဲ့ရဲတော်မူ၏။
28,455
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
သို့သော် လူအများကား ထိုတရားတို့ကို နားမဝင်ပဲ ကာမဂုဏ် အာရုံတွေကို မရမနေ ရှာဖွေကြ တုန်းပင် ဖြစ်၏။
28,456
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ဤသို့လျှင် သညာ၏ အမှတ်မှားမှုကြောင့် သံသရာတွင် ကြာရှည်စွာ ကျင်လည်ကြရလေသည်။
28,457
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
သညာက သတိဟန်ဆောင်ပုံ
28,458
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ကုသိုလ်ဆိုင်ရာကိုပြန်၍ အမှတ်ရနေရာ၌ သတိသဘောလည်း ပါ၏။
28,459
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ကောင်းသော သညာသဘောလည်း ပါ၏။
28,460
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
သတိအစစ် မှန်လျှင် ကုသိုလ်ကောင်းမှု ဆိုင်ရာ၌သာ ဖြစ်၏။
28,461
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
“ငယ်ကချစ် အနှစ်တရာမမေ့သာ၊ ငယ်ကပေါင်း အနှစ်တသောင်းမမေ့ကောင်း”ဟု ဆိုကြသော မမေ့နိုင်မှာ အကုသိုလ်ဆိုင်ရာဖြစ်၍ သတိအစစ် မဟုတ်၊ သတိကဲ့သို့ အမှတ်အသားကောင်းသော ဤသညာပင် ဖြစ်၏။
28,462
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/သညာ အကြောင်း
ဤသို့ စသည်ဖြင့် သတိအခန်း၌ ပြခဲ့သော သတိအတုကို ပြန်ကြည့်ပါ။
28,463
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/အဓိမောက္ခ အကြောင်း
အဓိမောက္ခ အကြောင်း
28,464
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/အဓိမောက္ခ အကြောင်း
ဆုံးဖြတ်ခြင်း သဘောသည် အဓိမောက္ခတည်း၊ ကိစ္စတခုခုကို ပြုလိုသောအခါ ဖြစ်စေ၊ အာရုံတခုခုကို အမှားအမှန် ဝေဖန်သောအခါဖြစ်စေ ဤ ဆုံဖြတ်ချက် ချတတ်သော အဓိမောက္ခသဘော ပါရပေသည်။
28,465
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/အဓိမောက္ခ အကြောင်း
ပါဏာတိပါတ စသော ဒုစရိုက်မှုနှင့် ဒါန သီလ စသော ကောင်းမှုကိုလည်း ဤအဓိမောက္ခက ဆုံးဖြတ် လိုက်မှ အထမြောက်ကြသည်။
28,466
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/အဓိမောက္ခ အကြောင်း
ထို့ကြောင့် ဆုံးဖြတ်-ဓိမောက်”ဟု ဆိုခဲ့ ပေသည်။
28,467
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/အဓိမောက္ခ အကြောင်း
သူတပါးက လိမ်သည်ကိုယုံရာ၌လည်း သဒ္ဓါမဟုတ်၊ ဤအဓိမောက္ခဖြင့် အမှားကို ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။
28,468
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
ဧကဂ္ဂတာ အကြောင်း၊
28,469
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
တည်ကြည်ခြင်း ငြိမ်သက်ခြင်း သဘောသည် ဧကဂ္ဂတာတည်း။
28,470
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
ထို့ကြောင့် “ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား”ဟု ဆိုခဲ့သည်။
28,471
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
ဤ ဧကဂ္ဂတာကို “သမာဓိ” ဟုလည်း ခေါ်ကြ၏။
28,472
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
ဤ ဧကဂ္ဂတာ ခေါ်သော သမာဓိ၏ အစွမ်းကြောင့် စိတ်သည် အာရုံယူသောအခါ အာရုံတစု၌ အတော်ကြာအောင် ထပ်ကာ ထပ်ကာ ယူနိုင်၏။
28,473
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
ထို့ကြောင့် ဤ သမာဓိကို လေငြိမ်ရာ၌ ထွန်းထားသော မီးတောက်၏ ငြိမ်သက်နေပုံကဲ့သို့ အာရုံတခု၌ တည်တံ့သော(တည်ကြည်သော) ငြိမ်သက်သော တရားဟု ဆိုရပေသည်။
28,474
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
ကမ္မဋ္ဌာန်းအာရုံ တခုခုကို ယူနေရာ၌ ထိုအာရုံတခုအပေါ်မှာ ကြာရှည် ထပ်၍ထပ်၍ အာရုံပြုနိုင်လျှင် “သမာဓိရပြီ။
28,475
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
သမာဓိအားကောင်းလာပြီ” ဟု ပြောစမှတ်ပြုကြ၏။
28,476
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
ထိုသမာဓိဓာတ်ခံကောင်းသူသည် အနေအထိုင် တည်ကြည်၏။
28,477
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
အပြောအဆိုလည်း တည်ကြည်၏။
28,478
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
သွားလာသောအခါ၌လည်း ဣန္ဒြေရ၏။
28,479
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
ပေါင်းသင်းဆက်ဆံရာ၌လည်း တည့်မတ်၏။
28,480
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/ဧကဂ္ဂတာ အကြောင်း
သို့ရာတွင် စွဲမိစွဲရာ အာရုံကိုကား စွဲလမ်းတတ်လေသည်။
28,481
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း
ဆဋ္ဌ အခန်း
28,482
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း
[ဤအခန်း၌ ဒုစရိုက် ၁၀-ပါး၊ သုစရိုက် ၁၀-ပါး၊ ပုညကြိယ ဝတ္ထု ၁၀-ပါးကို အကျယ်နားလည်သင့်သည်။
28,483
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း
ထိုတွင် ဒုစရိုက် သုစရိုက်များကို ထိုထို ကျမ်းစာများ၌ ရေးကြသည့်ပြင် ရတနာ့ဂုဏ်ရည်၌လည်း ရေးခဲ့ပြီး ဖြစ်သောကြောင့် ဒုစရိုက် သုစရိုက်များကို မပြတော့ပဲ ပုညကြိယ ဝတ္ထုများကိုသာ အကျယ်ပြပါမည်။
28,484
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဒါန အကြောင်း
28,485
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
စွန့်ကြဲပေးကမ်း လှူဒါန်းမှုကို “ဒါန”ဟု ခေါ်၏။
28,486
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဤဒါနသည် စေတနာ ဒါန၊ ဝတ္ထုဒါနဟု ၂-မျိုး ရှိ၏။
28,487
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဆွမ်း သင်္ကန်း ကျောင်း စသော လှူဖွယ်ဝတ္ထုများသည် “ဝတ္ထုဒါန” မည်၏။
28,488
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုဝတ္ထုများကို စွန့်ကြဲ ပေးကမ်း လှူဒါန်းနေသောအခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့ကို ဖြစ်စေ၏။
28,489
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုစေတနာကို “စေတနာဒါန”ဟု ခေါ်၏။
28,490
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
နောက်ဘဝ သံသရာဝယ် အကျိုးပေးရာ၌ ဆွမ်း သင်္ကန်း ကျောင်း စသော ဝတ္ထုဒါနများက အကျိုးပေးကြသည်မဟုတ်၊ အတွင်းသန္တာန်၌ ဖြစ်သော စေတနာဒါနများကသာ အကျိုးပေးကြသည်။
28,491
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
လှူဖွယ်ဝတ္ထု ဒါနစုမှာ စေတနာဖြစ်ဖို့ရာ အာရုံတွေသာတည်း။
28,492
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထို့ကြောင့် လှူဖွယ်ဝတ္ထုက မွန်မြတ်လျှင် စေတနာလည်း မွန်မွန်မြတ်မြတ် ဖြစ်တတ်သည်။
28,493
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဆက်ပါဦးမည် – ဆွမ်းလှူရာ၌ ထိုဆွမ်းကို အာရုံပြု၍လည်းကောင်း၊ ဆွမ်းဘုဉ်းပေးကြသော သံဃာများကို အာရုံပြု၍ လည်းကောင်း အတွင်းသန္တာန်၌ စိတ်စေတနာတွေ များစွာဆက်၍ ဖြစ်နေ၏။
28,494
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုစိတ်စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တခါတည်း မျိုးပြုတ်အောင် ချုပ်ပျောက်ကြသည် မဟုတ်။
28,495
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
နောင်အခါ အကျိုးပေးရန် မိမိတို့သတ္တိကို မြှုပ်နှံ၍ ချုပ်သွားကြသည်။
28,496
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
[ကံ၏သတ္တိများ ခန္ဓာအစဉ်၌ ကျန်ရစ်ပုံကို ကံအခန်း၌ ပြမည်။
28,497
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုဆွမ်းကျွေးမှု ကုသိုလ်ပြုရာ အချိန်သည် ၃-နာရီကြာလျှင် ထိုအတွင်း၌ စေတနာပေါင်းမည်မျှ များပြားမည်ကို မှန်းဆပါ။
28,498
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
[လက်ဖြောက် တချက်တီး အချိန်တွင် စိတ်ပေါင်း ကုဋေတသိန်းမက ဖြစ်ပျက်နိုင်ပါသည်။
28,499
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
] ပစ္စည်းနှင့် အလှူခံက စေတနာထက်သန်အောင် ကူညီပုံ
28,500
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဆွမ်းစသော လှူဖွယ်ဝတ္ထု၊ ရဟန်းသံဃာတော်စသော အလှူခံပုဂ္ဂိုလ်များသည် နောက်နောက်ဘဝ၌ လိုက်၍ အကျိုးမပေးနိုင်ကြပါသော်လည်း စေတနာထက်သန်အောင်ကား ကူညီနိုင်ကြသည်။