id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
28,501
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
သာမန် ရိုးရိုးဆွမ်းကို လှူရသောအခါနှင့် အထူးတလည် ချက်ပြုတ် စီစဉ်၍ လှူရသောအခါ ၂-မျိုးတွင် ရိုးရိုးဆွမ်းကို အာရုံပြုရသော စေတနာသည် လွန်စွာ ထက်သန်ခြင်း မရှိ။
28,502
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အထူးတလည် စီစဉ် ချက်ပြုတ်အပ်သော ဆွမ်းကို အာရုံပြုသော စေတနာကား လွန်စွာ ထက်သန်၏။
28,503
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အလှူခံပုဂ္ဂိုလ်အတွက်လည်း တော်စွာလျော်စွာ အလှူခံကို လှူရသောအခါ စေတနာသည် သိပ်မထက်သန်လှ။
28,504
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အလွန် မွန်မြတ်သော ပုဂ္ဂိုလ်ကို လှူရသောအခါ၊ သံဃာအများကြီးကို လှူဒါန်းရသော အခါ၌ စေတနာသည် လွန်စွာ ထက်သန်၏။
28,505
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဤသို့လျှင် လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကလည်း စေတနာကို ထက်သန်အောင် မွန်မြတ်အောင် ကူညီနိုင်ကြသည် ဟုမှတ်ပါ။
28,506
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
နည်းနည်း အလှူနှင့် များများအလှူ
28,507
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ပစ္စည်းနည်းနည်းကိုလှူဖို့ရန်နှင့် ပစ္စည်းများများကို(ကြီးကြီး ကျယ်ကျယ်) လှူဖို့ရန် အားထုတ်ရာ၌လည်း အားထုတ်မှု လုံ့လချင်း မတူကြချေ။
28,508
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
နည်းနည်းလှူ ဖို့ရန် အားထုတ်ရာ၌ တခဏနှင့် ကိစ္စပြီး၏။
28,509
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
များများ လှူဖို့ အားထုတ်ရာ၌ကား အလှူဝတ္ထုက များပြား ကြီးကျယ်သလောက် အချိန်ကြာ၏။
28,510
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
လှူဖို့ရန် ပစ္စည်းကို ရှာဖွေ စုဆောင်းခိုက်မှာလည်း (မလှူမီ ရှေးအဖို့၌ ပုဗ္ဗစေတနာတွေ) အတော်များ ဖြစ်နေပြီ။
28,511
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထို့ကြောင့် နည်းနည်းအလှူနှင့် များများအလှူ ၂-မျိုး၌ ပုဗ္ဗစေတနာချင်း ယှဉ်ပြိုင်ကြည့်လျှင် များများအလှူက သာလွန်ကြောင်းသိသာ၏။
28,512
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ပေးလှူနေတုန်းအခါမှာလည်း အများကြီးလှူနေရသူမှာ အာရုံက ကြီးကျယ် ခမ်းနားသလောက် စေတနာလည်း ခမ်းနားကြီးကျယ်နိုင်သည်။
28,513
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထို့ကြောင့် လှူနေတုန်း မုဉ္စစေတနာ အခိုက်မှာလည်း အကြီးအကျယ် အများအပြား သားသားနားနား အလှူ၌သာ စေတနာ ထက်သန်ပုံ သာလွန်ဖွယ် ရှိပေသည်။
28,514
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
လှူဒါန်းပြီးနောက် ဝမ်းမြောက် ဝမ်းသာ အပရစေတနာ ဖြစ်ဖို့ရန်လည်း ကြီးကျယ် ခမ်းနားသော မိမိအလှူကြီးကို ပြန်၍ မှန်းလိုက်ရလျှင် အင်မတန် ဝမ်းမြောက်ကြပေသည်။
28,515
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထို့ကြောင့် အပရစေတနာအခိုက်မှာလည်း ကြီးကျယ်သော အလှူကို အာရုံပြုရသော စိတ်စေတနာက သာ၍ထက်သန်တတ်လေသည်။
28,516
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဤကား အများဖြစ်ရိုးတည်း။
28,517
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ကြီးကျယ်သလောက် ဝမ်းမမြောက်မှု စေတနာသာ ပဓာန
28,518
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
တချို့မှာကား လှူ ရတာ များလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း သိပ်ကြီး ဝမ်းမမြောက်လှ။
28,519
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
စေတနာသာ ပဓာန စေတနာလည်း သိပ်ကြီး မထက်လှ။
28,520
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အမှတ်တမဲ့ပင် လှူလိုက်ကြ၏။
28,521
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုသူတို့အတွက် လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာ ထက်သန် ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။
28,522
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဒုဋ္ဌဂါမဏိ အဘယ် မင်းသည် စုတေခါနီး၌ မဟာစေတီတော်ကြီးကို တည်ရသော ဒါနမှုထက် စစ်ရှုံးစဉ်က တောထဲ၌ ဆွမ်း တ ထပ် စာ လှူခဲ့ဖူးသော ကုသိုလ်ကို သာ၍ ဝမ်းမြောက်ရကား ထိုဆွမ်းကုသိုလ်ကြောင့်ပင် တုသိတာနတ်ပြည်သို့ ရောက်ရသည်။
28,523
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အချုပ်မှာ-အလှူဝတ္ထုထက် စေတနာထက်သန်မှုက သာ၍ အရေးကြီးကြောင်း သတိပြုကြပါကုန်။
28,524
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အလှူပေးရာ၌ မျိုးစေ့စိုက်ပုံနှင့် တူဟန်
28,525
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အလှူခံမှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား။
28,526
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အများလှူဖွယ် မျိုးစေ့နှယ်၊ နောင်ဝယ် အသီးစား။
28,527
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ပေတဝတ္ထု ပါဠိတော်ဝယ် “အလှူခံ ပုဂ္ဂိုလ်သည် လယ်ယာနှင့် တူ၏။
28,528
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အလှူဒကာ အလှူ အမမှာ လယ်ယာလုပ်သူနှင့် တူ၏။
28,529
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
လှူဖွယ်ဝတ္ထုများက မျိုးစေ့နှင့် တူ၏။
28,530
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
နောက်သံသရာ၌ ရနိုင်မည့်အကျိုးရှိမှာ ထိုမျိုးကြောင့် အပင်ပေါက်၍ အသီးသီးခြင်းနှင့် တူသည်”ဟု ဥပမာ ပြထား၏။
28,531
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဤ ဥပမာများကို လေးလေးနက်နက် စဉ်းစားသောအခါ လယ်ယာလုပ်ကိုင်မှု၌-
28,532
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
၁။ လယ်ယာက မြေကောင်း မကောင်းလိုက်၍ အပင်အသီးကွာခြားသကဲ့သို့ အလှူခံပုဂ္ဂိုလ်က ကောင်း မကောင်း လိုက်၍ အကျိုးပေး ကွာခြားဖွယ် ရှိ၏။
28,533
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
၂။ မျိုးစေ့ကအောင် မအောင် လိုက်၍ အပင် အသီး ကွာခြားသကဲ့သို့ လှူဖွယ်ပစ္စည်းက တရားသဖြင့် ဟုတ် မဟုတ်နှင့် အနည်းအများ လိုက်၍ အကျိုးပေးကွာခြားဖွယ် ရှိ၏။
28,534
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
၃။ လယ်ယာလုပ်သူက နားလည် မလည်၊ လုံ့လဝီရိယ ရှိ မရှိ လိုက်၍ အပင်အသီး ကွာခြားသကဲ့သို့ အလှူရှင်က ဉာဏ်ရှိ မရှိ၊ အားတက်သရောနှင့် ဝမ်းမြောက်ဝမ်းသာ ရှိမရှိ လိုက်၍ အကျိုးပေးကွာခြားဖွယ် ရှိ၏။
28,535
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
၄။ မစိုက်ပျိုးမီ မျိုးစေ့တို့ကို ပြုပြင် မပြုပြင် လိုက်၍ အပင် အသီးများ ကွာခြားသကဲ့သို့ မိမိ၏ ပုဗ္ဗစေတနာကို ထက်သန်အောင် ပြု မပြု လိုက်၍လည်း အကျိုးပေးကွာခြားဖွယ် ရှိ၏။
28,536
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
၅။ လယ်ယာတို့၌ မျိုးစေ့ကို စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း စသည်ကို ပြု မပြု လိုက်၍ အပင် အသီး ကွာခြားသကဲ့သို့ လှူဒါန်းပြီးနောက် ထိုကုသိုလ်ကံကို ထပ်မံ၍ သတိရမှု၊ သတိရတိုင်း ဝမ်းမြောက်မှု(အပရစေတနာ ထက်သန် မထက်သန်လိုက်၍)အကျိုးပေး ကွာခြားဖွယ် ရှိ၏။
28,537
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
၆။ မျိုးစေ့ စိုက်ပျိုးပြီးနောက် စိတ်ပေါက်ပေါက်ရှိ၍ဖျက်ဆီးပစ်လိုက်သကဲ့သို့ လှူဒါန်းပြီးနောက် “လှူမိတာ မှားပေါ့” စသည်ဖြင့် စိတ်ပျက်မှု ဖြစ်ရပြန်လျှင် (အပရစေတနာ ချိုတဲ့ပြန်လျှင်) ထိုဒါနသည်ပင် အကျိုးမရပဲ (အကျိုးရစေကာမူ ကောင်းမွန် မဟုတ်ပဲ) ပျက်စီးဖွယ် ရှိ၏။
28,538
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
၇။ မျိုးစေ့ လယ်ယာတို့က အားလုံး အဆင်သင့်သော်လည်း စိုက်ပျိုးသင့်သော အခါ၌ စိုက်ပျိုးမှ အပင်အသီး ဖွံ့ထွား သကဲ့သို့ အလှူခံနှင့် လှူဖွယ်ဝတ္ထု အဆင်သင့်သော်လည်း လှူသင့်သောအခါ (လိုနေသော နေရာဝယ်) လှူမှသာ ဖွံ့ထွားထွား အကျိုးများဖွယ် ရှိ၏။
28,539
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဤသို့လျှင် ပေတ ဝတ္ထု ပါဠိတော်ကို လေးလေးနက်နက် ဆင်ခြင် စဉ်းစား လိုက်သောအခါ ညွှန်ပြအပ်ခဲ့သောအချက်များ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ ပေါ်လာပေသည်။
28,540
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထို့ကြောင့် ဒါနပြုရာ၌ အလှူခံကိုလည်း ရွေးသင့်၏။
28,541
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
လိုနေသော ဌာန၌သာ လှူသင့်၏။
28,542
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
မိမိတို့စိတ်ကို ကြည်နူးစေသင့်၏။
28,543
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
လောကီ စည်းစိမ်ကို တောင့်တ တတ်သော တဏှာသဘော မရောနှောအောင်လည်း ဖြူစင်စေသင့်ပါသည်။
28,544
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးကွာခြားပုံ
28,545
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
“အလှူခံ ပုဂ္ဂိုလ်သည် လယ်ယာမြေနှင့် တူ၏”ဟု ဆိုခဲ့ပြီ။
28,546
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
သို့ဖြစ်၍ လယ်မြေသည် ပထမတန်း ဒုတိယတန်း တတိယတန်း ရှိသကဲ့သို့၊ အလှူခံ ပုဂ္ဂိုလ် ဟူသော လယ်များသည် အတန်းအစား အမျိုးမျိုး ရှိ၏။
28,547
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
လယ်တို့၌ မြက် စသော အနှောင့်အယှက်မရှိလေ အပင်သန်လေ ဖြစ်သကဲ့သို့၊ ထို့အတူ အလှူခံရာ၌လည်း ရာဂ ဒေါသ မောဟ နည်းလေ လှူရသူမှာ အကျိုးများလေ ဖြစ်၏။
28,548
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
လယ်ယာတို့၌ နွားချေး စသော မြေဩဇာများ၍ ရေအဆင်သင့်လေ ကောက်ပင်သန်လေ ဖြစ်သကဲ့သို့၊ အလှူခံ ပုဂ္ဂိုလ်များ၌လည်း သီလ သမာဓိ ပညာကြီးလေ လှူရသူ၌ အကျိုးများလေ ဖြစ်၏။
28,549
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ပါဠိလို “သံဃ”၊ မြန်မာလို အပေါင်းအဖွဲ့ကို “သံဃာ”ဟု ခေါ်၏။
28,550
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုသံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းအပ်သော ဒါနသည် သံဃိကဒါန မည်၏။
28,551
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အသင်းတသင်း၌ ငွေ ၁ိ-လောက်ထည့်ဝင်လျှင် ထိုငွေ ၁ိ-သည် အသင်းဝင် အားလုံး (သဌေး ဆင်းရဲသား မကျန်) သက်ဆိုင်သကဲ့သို့၊ ဆွမ်းတအုပ်ဖြစ်ဖြစ် သင်္ကန်းတထည်ဖြစ်ဖြစ် သာသနာတော်၌ ရှိသမျှ သံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းလျှင် တသာသနာလုံး (ရဟန္တာနှင့် အောက်တန်းစား ပုထုဇဉ် မကျန်) သက်ဆိုင်၏။
28,552
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုသံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းအပ်သော ပစ္စည်းကို တကမ္ဘာလုံးရှိ သံဃာတော်များအား လိုက်၍ ဝေငှနေဖွယ် မလို။
28,553
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုအသင်း၌ ထည့်ဝင်သော ငွေ ၁ိ-ကို အသင်းဝင်သူ မည်သူမဆို သုံးခွင့်ရသကဲ့သို့၊ သံဃိက ပစ္စည်းကိုလည်း တွေ့ကြုံနေသော သံဃာက ဝေငှ၍ သုံးစွဲ စားသောက်နိုင်ကြပါသည်။
28,554
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
"သံဃာ၌ စိတ်ရောက်မှ သံဃိကဒါန မြောက်ပုံ
28,555
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုကဲ့သို့ သံဃိကဒါန ဖြစ်အောင် လှူဒါန်းရာတွင် စိတ်ကလည်း သံဃာသို့ ညွတ်နိုင်မှသာ သံဃိက ဒါနအစစ် ဖြစ်နိုင်ပေသည်။
28,556
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
နှုတ်က “သံဃဿ ဒေမိ=သံဃာအား လှူပါ၏”ဟု ဆိုနေသော်လည်း စိတ်က ကိုယ်ကြည်ညို နေသော ကျောင်းတိုက် သံဃာ၊ ကိုယ်ကြည်ညိုနေသော ဘုန်းကြီးကိုသာ လှူလိုလျှင် သံဃာကအစစ် မဖြစ်နိုင်။
28,557
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
တကယ့်ကို (ပုဂ္ဂိုလ်မခွဲခြားပဲ) သံဃာ အားလုံးကို ရည်စူးနိုင်မူကား နေ့စဉ် ဆွမ်းလောင်းရာ၌လည်းကောင်း၊ သံဃာမှ ညွှန်ပြ၍ရသော ပုဂ္ဂိုလ်တပါးအား ဆွမ်းကျွေးရာ၌လည်းကောင်း သံဃိကဒါန အစစ် ဖြစ်နိုင်ပါသည်။
28,558
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဆွမ်းလောင်းရာ၌ သံဃာညွတ်ပုံ
28,559
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဘုရားရှင်ကို ကြည်ညိုလှသဖြင့် ဘုရားရှင် တည်ထောင်တော်မူအပ်သော သာသနာကိုလည်းကောင်း၊ သာသနာ့ဝန်ထမ်း ရဟန်းကောင်း အဆက်ဆက် ပေါ်ထွက်၍ သာသနာတော် ကြီးပွားရေးကို လည်းကောင်း မျှော်တွေးမိသော အမျိုးသား အမျိုးသမီးတို့သည် ဆွမ်းလောင်းဖို့ရာ ပြင်ဆင်ပြီးသောအခါ (ငါ့ ဘုန်းကြီး၊ ဦးပဉ္စင်း စသော အစွဲကို ပယ်ရှား၍) ဤဆွမ်းကို (ဤဆွမ်းနှင့်ဟင်းကို) ...
28,560
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဤသို့ လှူနိုင်လျှင် နေ့စဉ်ဆွမ်းလောင်းရာ၌လည်း သံယိက ဒါန ဖြစ်နိုင်ပါသည်။
28,561
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ပုဂ္ဂိုလ်စွဲ၊ ကျောင်းတိုက်စွဲ စွဲ၍ လောင်းလှူလျှင်ကား သံဃိကဒါန မဖြစ်နိုင်။
28,562
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ပုဂ္ဂလိက (ပုဂ္ဂိုလ်အများဆိုင်သော) ဒါနသာ ဖြစ်နိုင်သည်။
28,563
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဆွမ်းပင့်ကျွေးရာ၌ သံဃိကဒါန
28,564
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အနီး အပါး ကျောင်းတိုက်သို့ သွားပြီးလျှင် “နက်ဖြန် ဆွမ်းကပ်လိုပါ၍ သံဃာတော်ထဲမှ တပါး (အလိုရှိသလို ၂-ပါး ၃-ပါး စသည်) နံနက် ၆-နာရီအချိန် ချီးမြှင့် တော်မူပါ”ဟု လျှောက်ရမည်။
28,565
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
[“ဘုန်းကြီးနှင့်တကွ၊ ဆရာတော်နှင့်တကွ”ဟု မပါစေရ။
28,566
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
] ထိုသို့ကဲ့ လျှောက်ပြီးနောက် နက်ဖြန်၌ ဆွမ်းဟင်းများ ချက်ပြုတ်တုန်းကပင် သတိရတိုင်း “သံဃဿ ဒေမိ၊ သံဃဿ ဒေမိ”ဟု စိတ်ကလည်း ညွှတ်၊ နှုတ်ကလည်း ရွတ်ပါ။
28,567
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အချိန်ကျ၍ ကြွလာသော ပုဂ္ဂိုလ်သည် တော်စွာလျော်စွာ အညံ့စား ဖြစ်နေလျှင်လည်း စိတ်မပျက်ပါနှင့်။
28,568
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
“ငါသည် သူ့ကို လှူသည် မဟုတ်၊ သံဃာကို လှူသည်”ဟု သတိထား၍ သံဃာအား ရိုသေသလို ထိုကိုယ်တော်အား ရိုသေစွာ ဆွမ်းကပ်ပါ။
28,569
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဆရာတော် ကြွလာလျှင်လည်း ထူး၍ ဝမ်းမသာပါနှင့်။
28,570
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
“ဆရာတော်အား ဆွမ်းကပ်လှူခြင်းမဟုတ်၊ ဆရာတော် ပါဝင်သော သံဃာအားလုံးကို ကပ်လှူခြင်းဖြစ်သည်”ဟု သတိထားပါ။
28,571
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုသို့ သံဃာ၌ စိတ်ညွှတ်နိုင်လျှင် သံဃာက ညွှန်ပြ၍ရသော တပါးကို လှူရာ၌လည်း သံယိကဒါနအစပ် ဖြစ်နိုင်ပါသည်။
28,572
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဒကာတဦး စိတ်ထားတတ်ပုံ
28,573
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ရှေးတုန်းက ဒကာတဦးသည် ဆွမ်းကပ်လို၍ သံဃာ့ထံမှ-ရဟန်း တပါးကို လျှောက်တောင်း လေရာလူအများ-မကြည်ညိုနိုင်လောက်အောင် ထင်ရှားသော ဒုဿီလ ရဟန်းကို ရလေသည်။
28,574
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
သို့သော် သံဃာကို ရည်မှန်းထားသူဖြစ်၍ စိတ်မပျက်။
28,575
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
နေရာကို ကျနစွာ ခင်းပြီးလျှင် အပေါ်၌ မျက်နှာကြက် မိုး၍ ပန်းနံ့သာတို့ဖြင့် ကျနစွာ ပြင်ဆင်ထား၏။
28,576
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ကြွလာသောအခါ ခြေကို ကိုယ်တိုင်ဆေးပေး၍ ဘုရားရှင်ကို အရေးပါသလို အရေးပါလျက် လှူဖွယ်များကို လှူဒါန်းလေသည်။
28,577
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဤမျှလောက် အရေးပါနိုင်မှုကား သံဃာတော်ကိုသာ အာရုံပြုထားခြင်းကြောင့် ဖြစ်၏။
28,578
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထို့ကြောင့် ထိုဒကာ၏ ဒါနမှာ ဒုဿီလကို ရသော်လည်း သံဃိက ဒါန ဖြစ်လေပြီ။
28,579
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဆက်ဦးအံ့-ထိုကဲ့သို့ အရေးတယူ ပြုစုလိုက်သည့်အတွက် ဒုဿီလကြီးကား “သူ့ကို အတော်ကြည်ညိုတဲ့ ဒကာ”ဟု အထင်ကြီးသွားဟန်တူ၏။
28,580
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ညနေအချိန် ကျတော့ သူ၏ ကျောင်းကို ပြင်လို၍ ထိုဆွမ်းဒကာ အထံ ကိုယ်တိုင် လာပြီး ပေါက်တူးကို ငှားလေသော် ဒကာက ပေါက်တူးကို ခြေဖြင့်ညှပ်၍ “ရော့” ဟုပေးလိုက်သတဲ့။
28,581
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုအခြင်းအရာကို အိမ်နီးချင်းတို့က မြင်ကြ၍ မနက်က ရိုသေ ပုံနှင့် ယခု မရိုသေပုံမှာ ကွာခြားလှသဖြင့် ထိုဒကာ၏စိတ်ထားကို မေးကြလေရာ “မနက်က ဒီကိုယ်တော်ကို ရိုသေ လေးစားခြင်း မဟုတ်ပါ။
28,582
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
သံဃာကိုသာ ရိုသေခြင်း ဖြစ်ပါတယ်။
28,583
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ယခုတော့ ဒီကိုယ်တော်ကို မရိုသေခြင်းဖြစ်ပါတယ်”ဟု ရှင်းလင်းလေသည်။
28,584
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဤဝတ္ထုကို ထောက်၍ သံဃိကဒါန ဖြစ်အောင် လှူဒါန်း သောအခါ သံဃာ၌ စိတ်ညွတ်နိုင်အောင် စိတ်ကို ပြုပြင်ကြပါကုန်။
28,585
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဒါန ၂ မျိုး အကျိုးပေးကွာပုံ
28,586
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
၁-ပါး၊ ၂-ပါး၊ ၃-ပါး စသော ပုဂ္ဂိုလ်များကို သီးခြား ရွေးချယ်၍ လှူသော အလှူမှန်လျှင် အလှူခံက တထောင်မက များသော်လည်း ပုဂ္ဂိုလ်ကို ရည်စူးသောကြောင့် ပုဂ္ဂလိကဒါန ချည်းသာ ဖြစ်၏။
28,587
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုပုဂ္ဂလိကဒါန၌ ဘုရားပစ္စေကဗုဒ္ဓါမှ တပါး အခြားသော ပုဂ္ဂလိကဒါနထက် သံယိက ဒါနက အကျိုးပေးသာသည်ဟု ကျမ်းဂန်၌ ဆို၏။
28,588
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
သဘောယုတ္တိကို စဉ်းစားလျှင်လည်း သံဃိကဒါနလှူရာ၌ ရဟန္တာအရှင်တို့လည်း ထိုသံဃာအဖွဲ့တွင် ပါဝင်၏။
28,589
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ပုဂ္ဂလိကဒါနပြုရာ၌ကား ထိုကဲ့သို့ ရဟန္တာပါချင်မှ ပါမည်။
28,590
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ပါစေကာမူ သံဃိကဒါနလောက် မများနိုင်ပေ။
28,591
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
သံဃိကဒါနလှူရာ၌ အကျင့်အကောင်းဆုံး ပုဂ္ဂိုလ်များကိုလည်း လှူရာ ရောက်၏။
28,592
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ပုဂ္ဂလိက ဒါနကား အတော် ရွေးချယ်တတ်မှသာ သင့်တင့်သော ပုဂ္ဂိုလ်ကို ရနိုင်စရာရှိ၏။
28,593
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထို့ကြောင့် ဘယ်အခါမဆို ပုဂ္ဂလိကဒါနထက် သံယိက ဒါနက အကျိုးပေးသာလွန်သည် ဟူသော စကားသည် ကောင်းစွာ ယုတ္တိရှိပါ ပေသည်။
28,594
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပုံ
28,595
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
သက်တော်ထင်ရှား ရှိတော်မူစဉ်တုန်းက ဘုရားရှင်အား တိုက်ရိုက် လှူဒါန်း နိုင်ကြသော်လည်း ယခုအခါ ဘုရားရှင် မရှိတော့ရား ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပုံကို ကျန်းဂန်အတိုင်း သိထိုက်၏။
28,596
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဘုရားအစစ်ကို ရည်မှန်း၍ ဆွမ်းလှူလိုလျှင် ရဟန်းတပါး ဆွမ်းကပ်ရာ၌ ပြင်သလို တပါးစာလောက်အောင် ပြင်ဆင်၍ ရုပ်ပွားတော်၏ရှေ့မှာ ဖြစ်စေ၊ အနီး၌ ရုပ်ပွားတော်မရှိလျှင် ရုပ်ပွားတော်ကို ရည်မှန်း၍ ဖြစ်စေ ကပ်လှူရမည်။
28,597
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
နဂိုက ဘုရားရှင်၏ ဝေယျာဝစ္စ (တံမြက်လှည်းမှု၊ အမှိုက်သုတ်သင်မှု စသည်ကို)ပြုလုပ်နေသူရှိလျှင် ဘုရားရှင်အား ကပ်လှူသော ဆွမ်းကို ထိုဝေယျာဝစ္စပြုသူ စားထိုက်၏။
28,598
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ထိုကဲ့သို့ အမြဲပြုသူ မရှိလျှင် ယခု လောလောဆယ်ပြု၍ (ရဟန်းဖြစ်စေ၊ လူဖြစ်စေ) စားထိုက်၏။
28,599
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
ဥပုသ်သည်ဖြစ်သူကား မွန်းတည့်ခါနီးနေလျှင် စားပြီးမှလည်း ဝေယျာဝစ္စကို ပြုနိုင်၏။
28,600
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း
အလှူကြီးပေးရာ၌ ဘုရား အမှူးရှိသော သံဃာအား ဆွမ်းကပ်လှူလို လျှင်လည်း ဤနည်းအတိုင်း ဘုရားအတွက် ပြင်ဆင်ကပ်ရာ၏။