id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
28,601 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | ဘုရားရှင်အား ရည်မှန်း၍ သင်္ကန်းလှူဒါန်းရာ၌လည်း ထိုသိုကဲ့ ဝေယျာဝစ္စ ပြုသော ရဟန်းသံဃာများ ဝတ်ကောင်း၏။ |
28,602 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | ထိုသင်္ကန်းကို ကပ္ပိယဒါယကာက အခြားပစ္စည်းနှင့် လဲ၍လည်း ဘုရားအတွက် လိုနေသောနေရာ၌ သုံးစွဲထိုက်၏။ |
28,603 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | ပန်း၊ ဆီမီး၊ အမွှေးတိုင် စသည်မှာ ယခုကာလ ပူဇော်နည်းအတိုင်းပင် သင့်တော်ပါ၏။ |
28,604 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | သို့သော် ရုပ်ပွားတော် စေတီတော် ရင်ပြင်၌ စိုရွှဲနေအောင် ရေ ပူဇော်ခြင်း၊ ပန်း အမှိုက်တွေ ရှုပ်ပွေနေအောင် ပူဇော်ခြင်း၊ ဆီမီး ဖယောင်းအစက် ပေတေနေအောင် ပူဇော်ခြင်းတို့မှာ (မိမိ၏ အိမ်၊ ဘုန်းကြီးကျောင်းများ၌ ထိုကဲ့သို့ လာ၍ ပူဇော်လျှင် အိမ်ရှင်နှင့် ကျောင်းပိုင်တို့က ကျေနပ်မည် မဟုတ်သလို) ကျေနပ်ဖွယ် မဟုတ်သော ပူဇော်ခြင်း ဖြစ်သည်။ |
28,605 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | ထို့ကြောင့် မိမိ၏ ရေချမ်း၊ ပန်း၊ ဆီမီးများအတွက် ဘုရား ရှေ့တော်မှာ မသန့်မရှင်း မဖြစ်အောင် ပူဇော်နိုင်မှသာ လောကရော သံသရာရော ချောမောသန့်ရှင်း၍ အပြစ်ကင်းသော ပူဇော်ခြင်းဟု ဆိုလိုပါသည်။ |
28,606 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | အဝေးကနေ၍ ပူဇော်နည်း |
28,607 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | ယခုကာလ၌ ရုပ်ပွား စေတီတော် ရှိရာ အရပ်သို့ ရောက်အောင် သွားခွင့် မရကြသောကြောင့် အိမ်မှာပင် ဘုရားကို ရည်မှန်း၍ ပန်း စသည်ကို ပူဇော်ကြ၏။ |
28,608 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ မရ ရှေးကပင် စဉ်းစားဖူးကြလေပြီ။ |
28,609 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | အကျိုးရမှု မရမှုမှာ ပူဇော်သူများ၏ စေတနာသာ ပဓာန ဖြစ်၏။ |
28,610 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | မိမိ၏ စိတ်စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာဖြစ်သောကြောင့် အဘယ်မှာ အကျိုး မရပဲ ရှိအံ့နည်း။ |
28,611 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | ဧကန် အကျိုးရနိုင်ပါသည်။ |
28,612 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် တရာ့တဆယ့်ရှစ်ကမ္ဘာ ထက်၌ အတ္ထဒဿီ ဘုရား ပွင့်တော်မူ၏။ |
28,613 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | တနေ့သ၌ အမျိုးသားတယောက်သည် ကောင်းကင်၌ သံဃာတော် အခြံအရံနှင့် ကြွတော်မူလာသော ဘုရားရှင်ကို ဖူးမြင် လိုက်ရ၏။ |
28,614 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | ထို့နောက် အရပ်တပါးသို့ ရောက်တော်မူနေသော ဘုရားရှင်ကို ရည်မှန်း၍ ပန်း နံ့သာ စသည်ကို အဝေးမှ လှူဒါန်းပူဇော်လေသည်။ |
28,615 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒါန အကြောင်း | ထိုကောင်းမှုကြောင့် ဒုဂ္ဂတိ ဘဝသို့ မလားရပဲ ငါတို့ ဘုရားလက်ထက်၌ “ဒေသပူဇာကမထေရ်”ဟု ထင်ရှားသော ရဟန္တာတပါး ဖြစ်လာလေသည်။ |
28,616 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ဒိဋ္ဌိဇုကမ္မ အကြောင်း |
28,617 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | အယူဖြောင့်မှန်ခြင်းကို “ဒိဋ္ဌိဇုကမ္မ”ဟု ခေါ်၏။ |
28,618 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | [ဒိဋ္ဌိ-အယူ+ ဥဇုကမ္မ=ဖြောင့်မှန်မှု။ |
28,619 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ) အယူ ဟူသည် အသိဉာဏ်တည်း။ |
28,620 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ထိုအသိဉာဏ်က လမ်းမှန်ကျနေလျှင် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ) ဖြစ်၏။ |
28,621 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ထိုအသိဉာဏ်က မှားယွင်းနေလျှင် မိစ္ဆာဒိဋ္ဌိ (မှားသောအယူ) ဖြစ်၏။ |
28,622 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | အောက်ပါအချက်များ၌ မိမိအသိဉာဏ် ဘယ်လိုဖြစ်သလဲဟု စဉ်းစားပါ။ |
28,623 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ၁။ ကုသိုလ်ကံ၊ အကုသိုလ်ကံ။ |
28,624 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ၂။ ထိုကံများ၏ ကောင်းကျိုး၊ မကောင်းကျိုး။ |
28,625 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ၃။ ထိုကံများကြောင့် ရောက်ရသည့် ဤဘဝ၊ နောက်ဘဝ။ |
28,626 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ၄။ နတ်များ၊ ဗြဟ္မာများ။ |
28,627 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ၅။ ကောင်းမွန်စွာ ကျင့်ကြံ၍ ဈာန်အဘိညာဉ်ရသူ၊ သို့မဟုတ် ရဟန္တာ ဖြစ်သူများ။ |
28,628 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | အထက်ပါ အချက် ၅-ချက်ကို လေးလေးနက်နက် စဉ်းစားသောအခါ “ရှိနိုင်သည်၊ ရှိထိုက်သည်၊ ရှိရမည်”ဟု အသိဉာဏ်ဖြစ်လျှင် သမ္မာဒိဋ္ဌိတည်း။ |
28,629 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ဤ သမ္မာဒိဋ္ဌိကိုပင် “ဒိဋ္ဌိဇုကမ္မ”ဟု လည်းကောင်း၊ “ကမ္မသကတာဉာဏ်”ဟု လည်းကောင်း ခေါ်၏။ |
28,630 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ကမ္မ=ကံ+သက=ကိုယ့်ဥစ္စာ+တာ= ဖြစ်ပုံကို+ဉာဏ်= သိခြင်း။ |
28,631 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | မိမိပြုသော ကုသိုလ်ကံ အကုသိုလ်ကံသာလျှင် မိမိနောက်သို့ လိုက်ပါသော ကိုယ်ပိုင်ဥစ္စာ ဖြစ်ပေသည်ဟု သိတတ်သော ဉာဏ်ကို “ကမ္မသကတာ ဉာဏ်”ဟု ခေါ်သည်။ |
28,632 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ] ထို ပြခဲ့သော အချက် ၅-ချက်ကို လေးနက်စွာ စဉ်းစားသောအခါ “မရှိနိုင်၊ မရှိထိုက်”ဟု ယူနေလျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်တော့၏။ |
28,633 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ထိုသို့ “ကံ ကံ၏ အကျိုးမရှိ”ဟု ယူသော မိစ္ဆာဒိဋ္ဌိကြောင့်ပင် တိရစ္ဆာန် သတ္တဝါတွေကို ကံကြောင့် ဖြစ်ရသော သတ္တဝါတမျိုးဟု အယူမရှိပဲ ရဲရဲဝံ့ဝံ့ သတ်ဖြတ်နိုင်ကြ၏။ |
28,634 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ကံကြောင့် ရောက်ရသော ဤဘဝ၊ နောက်ဘဝ မရှိဟု ယူသောကြောင့်ပင် ကမ္ဘာလောကနှင့် သတ္တဝါတွေကို တစုံတဦးသော တန်ခိုးရှင်က ဖန်ဆင်းထား သည်ဟု အယူရှိကြသည်။ |
28,635 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | “ငါတို့၏ ဗုဒ္ဓရှင်တော်ကို ရာဇဝင်နှင့် တကွ ထင်ရှား သိရသကဲ့သို့၊ ထိုတန်ခိုးရှင် ဆိုသော ပုဂ္ဂိုလ်ကို ယခု လူတို့ သိနိုင်ကြ ပါ၏လော။ |
28,636 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ” ဗုဒ္ဓဘာသာဝင် ဖြစ်မှု |
28,637 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ဒိဋ္ဌိဇုကမ္မကို သမ္မာဒိဋ္ဌိဟု ဆိုခဲ့ပြီ။ |
28,638 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ထိုသမ္မာဒိဋ္ဌိ အယူရှိကြသူတိုင်းလည်း ဗုဒ္ဓဘာသာဝင် မဟုတ်နိုင်သေး။ |
28,639 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ဟိန္ဒူလူမျိုးတို့သည် ကံ ကံ၏ အကျိုးကို ယုံကြည်ကြပေ၏။ |
28,640 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | သို့သော် ဗုဒ္ဓ ဘာသာဝင်များ မဟုတ်ကြ။ |
28,641 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ဘုရား တရား သံဃာကို ယုံကြည်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃ သရဏံ ဂစ္ဆာမိ”ဟု ပါဠိလို ဖြစ်စေ၊ “ဘုရား ကိုးကွယ်ပါ၏ တရား ကိုးကွယ်ပါ၏၊ သံဃာ ကိုးကွယ်ပါ၏”ဟု မြန်မာလို ဖြစ်စေ ရွတ်ဆိုမှသာ “ဗုဒ္ဓဘာသာဝင်ဖြစ်သူ-သရဏဂုံတည်သူ”ဟု ခေါ်နိုင်သည်။ |
28,642 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ဤသို့ ရတနာ ၃-ပါးကို ကိုးကွယ်ရာတွင် ဂုဏ်ကို မသိပဲ (ကလေးများကဲ့သို့ မိရိုးဖလာ ယုံကြည်ရုံသာ ယုံကြည်၍ ကိုးကွယ်လျှင်လည်း ဗုဒ္ဓဘာသာဝင် ဖြစ်နိုင်ပေသည်သာ။ |
28,643 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | [ရတနာ ၃-ပါး၏ ဂုဏ်တော်နှင့် သရဏဂုံ အဓိပ္ပါယ်များကို ရတနာ့ဂုဏ်ရည်၌ ရေးသားထားပြီ။ |
28,644 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ] ဒိဋ္ဌိဇုကမ္မဖြစ်ဖို့ အချက်များ |
28,645 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | သမ္မာဒိဋ္ဌိဟုလည်းကောင်း၊ ကမ္မဿကတာဉာဏ်ဟုလည်းကောင်း ခေါ်အပ်သော ဤ ဒိဋ္ဌိဇုကမ္မ ကုသိုလ်သည် ကံ ကံ၏အကျိုး၊ “ဤဘဝ နောက်ဘဝ စသည်များကို မိမိဘာသာ စဉ်းစား ကြံစည်နေသော အခါလည်း ဖြစ်၏။ |
28,646 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ဒါန ပြုခါနီး၊ သီလ ဆောက်တည်ခါနီးဝယ် “ဤဒါန...ဤ သီလသည် ကုသိုလ်ကံတည်း၊ ဤကုသိုလ်ကံသည် နောက်နောင် ဘဝတို့၌ ကောင်းကျိုး ချမ်းသာကို ပေးနိုင်သည်”ဟု သတိရသော အခါ၌လည်း ဤ ဒိဋ္ဌိဇုကမ္မ ကုသိုလ် ဖြစ်၏။ |
28,647 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ကံ ကံ၏ အကျိုးကို ယုံယုံကြည်ကြည်နှင့် ဒါန သီလ စသော ကုသိုလ်များကို ပြုခိုက်မှာလည်း ဤ ဒိဋ္ဌိဇုကမ္မ ကုသိုလ် ဖြစ်၏။ |
28,648 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | မည်သည့်ကုသိုလ်မဆို ဤဒိဋ္ဌိဇုကမ္မ ကုသိုလ်ပါမှ သာ၍ အကျိုးကြီးသည်။ |
28,649 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ဤပြခဲ့သော ဒါန စသည်ကို ကိုယ်တိုင် ပြုမှသာ ကုသိုလ် ဖြစ်သည် မဟုတ်၊ သူတပါးကို ပြုဖို့ရန် တိုက်ရိုက်ခိုင်းခြင်း၊ ပြုချင်လာအောင် ဂုဏ်ကျေးဇူးကို ပြောပြခြင်း၊ သူတပါးပြုနေသည်ကို မြင်ရကြားရ၍ ဝမ်းမြောက်ခြင်းများလည်း ကုသိုလ်ဖြစ်သည်။ |
28,650 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ထို့ကြောင့် ပုညကြိယ ဝတ္ထု ၁၀-ပါးကို တည် ... ၁-ကိုယ်တိုင်ပြုခြင်း၊ ၂-ပြုဖို့ရန် စေခိုင်းခြင်း၊ ၃-ဂုဏ်ကို ပြောပြခြင်း၊ ၄-ဝမ်းမြောက်ခြင်း ဤလေးပါးဖြင့် မြှောက်လျှင် ပုညကြိယဝတ္ထု ၄၀-ဖြစ်၏ |
28,651 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | [ဆောင်] ကောင်းမှုဆယ်ခိုင်၊ အရင်း ကိုင်၍၊ ကိုယ်တိုင်ပြုငြား၊ သူများခိုင်းတုံ၊ ဂုဏ်ကို ပြောပြ၊ ဝမ်းမြောက်ကလျှင်၊ လေးဆယ်တွင်၊ မြှောက်တင် ပုည ဝတ္ထုတည်း။ |
28,652 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | နိဂုံး ဤမျှသော စကားအစဉ်ဖြင့် စိတ်ကောင်း စေတနာကောင်း ထား၍ ပြုရသော ပုညကြိယ ဝတ္ထုများ ပြီးပြီ။ |
28,653 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ဤပုညကြိယ ဝတ္ထုများကို ထင်ထင်ရှားရှား ရေးသားရကြောင်း ကောင်းမှု ပဋိပတ် အကျင့်မြတ်ကြောင့် ဤကျမ်းကို ကြည့်ရှုသူတိုင်း ပုညကြိယ ဝတ္ထုများကို ပြုလိုသော စိတ်ဆန္ဒ ရှေးကထက် တိုးတက်ပါစေ။ |
28,654 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ငါနှင့် စပ်ဆိုင်သူ ဟူသမျှလည်း ဤ ကောင်းမှု ၁၀-ပါးကို နိဗ္ဗာန်အထိ ခေါ်၍ ပျော်ပျော်ကြီး ကြိုးစားကြပါစေ။ |
28,655 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ငါ၏အတွက်ကား ဒါန သီလ ဘာဝနာကို အခြေတည်လျက် ရွှေပြည်နိဗ္ဗာန် ရောက်ရန်ကောင်းမှု အစုစုကို ပြုတိုင်းပြုတိုင်း ယုတ်ဆိုင်း တွန့်တိုသော စိတ်များကို ဖယ်ရှား၍ ထက်မြက်သော သဒ္ဓါ ဝီရိယ သမာဓိနှင့် သတိ ပညာ ဗိုလ်ငါးဖြာတို့ ကောင်းစွာ အုပ်စည်းလျက် အပြီးတိုင် ကျင့်နိုင်ပါစေ။ |
28,656 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ကောင်းမှုဆယ်လီ၊ နှစ်အဆီကို၊ ပြီပြီသသ၊ ရေးစီရသည့်၊ ပုညမြင့်ဖူး၊ အကျင့်ထူးကြောင့်၊ ကြည်နူးရွှမ်းအိ၊ ဂွမ်းဆီထိသို့၊ ပီတိဝေဖြာ၊ စေတနာဖြင့်၊ တေဇော ဆင့်ဆင့်၊ ကောင်းရာချင့်၍၊ ကောင်းကျင့်တရား၊ ကောင်းအောင်ပွားလျက်။ |
28,657 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ကောင်းစားကြစေ၊ ငါ့အနေမူ၊ ဘဝေ ဘဝ၊ ဖြစ်သမျှ၌၊ ပုညဆယ်ဆင့်၊ ကုန်အောင်ကျင့်သား၊ ငါနှင့်ရင်းသူ၊ အတွင်းလူလည်း၊ ဝင်းဖြူဆယ်တန်၊ ကုန်ကျင့်ကြံသည်၊ နိဗ္ဗာန်ထုတ်ချောက် ရောက်ရန်သောဝ်။ |
28,658 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒိဋ္ဌိဇုကမ္မ အကြောင်း | ပုညကြိယ ဝတ္ထု ၁၀-ပါး ပြီးပြီ။ |
28,659 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ |
28,660 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | စေတသိက်ခန်း၌ ပြခဲ့သော အလောဘ အဒေါသ အမောဟ ၃-ပါးကို ပါဠိလို “ဟေတု” မြန်မာလို “ဟိတ်”ဟု ခေါ်သည်။ |
28,661 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ဤနေရာ၌ ဟေတုသဒ္ဒါသည် “အခြေအမြစ်” ဟူသော အနက်ကို ဟော၏။ |
28,662 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | သစ်ပင်၌ ရေသောက် မြစ်သည် သစ်ပင် တပင်လုံး ခိုင်မြဲ စည်ကား ကြီးထွားအောင် ပြုသကဲ့သို့ ထိုဟိတ်တရားများလည်း မိမိတို့နှင့် ယှဉ်ဘက် စိတ်ကို ခိုင်မြဲ စည်ကား အကျိုးများအောင် ပြုနိုင်ကြပေသည်။ |
28,663 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ထို့ကြောင့် ကုသိုလ်စိတ်ကို ဟိတ် ၂-ပါးနှင့် ယှဉ်သော ဒွိဟိတ်ကုသိုလ်စိတ်၊ ဟိတ် ၃-ပါးနှင့် ယှဉ်သော တိဟိတ်ကုသိုလ်စိတ်ဟု ခွဲခြား မှတ်သားရမည်။ |
28,664 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ဒွိဟိတ်ကုသိုလ်စိတ် |
28,665 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | အလောဘ အဒေါသ ဟိတ် ၂-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်-သည် ဒွိဟိတ် ကုသိုလ်စိတ် မည်၏။ |
28,666 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | သုစရိုက် ဆယ်ပါးတို့တွင် “သမ္မာဒိဋ္ဌိသည် “ကံ ကံ၏အကျိုး ဧကန်ရှိ၏”ဟု ယုံကြည်သော ဉာဏ်ပညာတည်း။ |
28,667 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ထိုဉာဏ်ကိုပင် “ကမ္မသကတာဉာဏ်”ဟု ခေါ်၏။ |
28,668 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ကလေး ဖြစ်စေ၊ ကံ-ကံ၏အကျိုးကို နားမလည်သော အရိုင်းအစိုင်း ဖြစ်စေ ပစ္စည်းဝတ္ထု တစုံတခုကို ပေးကမ်းရာ၌ ဝမ်းမြောက်ဝမ်းသာ ကုသိုလ်စိတ်ကား ဖြစ်တတ် ပါ၏။ |
28,669 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | သို့သော် “ယခုပြုသော ကုသိုလ်ကံသည် မိမိသန္တာန်မှာ အဖတ်တင်ရစ်၏။ |
28,670 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ထိုကံကြောင့် နောက်နောင်အခါ အကျိုးခံစားရမည်”ဟု သိသော သမ္မာဒိဋ္ဌိ (ကမ္မသကတာဉာဏ်) အမောဟ မပါ၊ အလောဘ အဒေါသ ဟိတ် ၂-ပါး ပါ၏။ |
28,671 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ထို့ကြောင့် ထိုကုသိုလ်စိတ်မျိုးကို “ဒွိဟိတ် ကုသိုလ်စိတ်”ဟု ခေါ်ကြရသည်။ |
28,672 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ယခုကာလ ဗုဒ္ဓဘာသာဝင်အချို့လည်း ကံ-ကံ၏အကျိုးကို နားမလည်ကြပဲ သူများယောင်လို့ ရောယောင်ကာ သူများလို့ လှူကြရသူတွေ များစွာ ရှိသည်။ |
28,673 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ထိုသူများ၏ ကုသိုလ်စိတ်လည်း ဒွိဟိတ်ကုသိုလ်ပင်တည်း။ |
28,674 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ပင်ကိုယ်ဉာဏ် ရှိသူ (တတ်သိ နားလည်သူ) ဖြစ်သော်လည်း အမှတ်တမဲ့ ပေးကမ်းရာ၌ ဒွိဟိတ် ကုသိုလ်စိတ်ပင် ဖြစ်ပေလိမ့်ပည်။ |
28,675 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | အချုပ်မှာ–ကုသိုလ်ပြုတုန်း၌ ဉာဏ်ပညာ မပါလျှင် ဒွိဟိတ်ကုသိုလ်ချည်း မှတ်ပါ။ |
28,676 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | တိဟိတ် ကုသိုလ်စိတ် |
28,677 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | အလောဘ အဒေါသ အမောဟ ဟိတ် ၃-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်သည် “ဟိဟိတ် ကုသိုလ်စိတ်” မည်၏။ |
28,678 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ကုသိုလ်ပြုနေတုန်းအခါ ကံကို လည်းကောင်း၊ ကံ၏ အကျိုးကိုလည်းကောင်း နားလည်သော ကမ္မသကတာဉာဏ် ပါလျှင် တိဟိတ် ကုသိုလ်စိတ် ဖြစ်သည်။ |
28,679 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ယခုကာလဝယ် အတော်အတန် ဉာဏ်ရှိသော အမျိုးသား အမျိုးသမီးတို့သည် ဘုရားကိစ္စ၊ တရားကိစ္စ၊ သံဃာ့ကိစ္စ၊ မိဘကိစ္စ၊ လူကြီးသူမတို့ ကိစ္စကို စိတ်စေတနာဖြူစင်စွာဖြင့် ပြုကြသည်။ |
28,680 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ထိုကုသိုလ်စိတ်များ၌ သံသရာအကျိုးကို နားလည်သောဉာဏ် ပါရှိရကား တိဟိတ် ကုသိုလ်မျိုးဖြစ်ကြသည်။ |
28,681 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | တစုံတခု ပစ္စည်းကို ပေးလှူသောအခါ “ထို ပစ္စည်းသည် ရုပ်ကလာပ် အစုသာ ဖြစ်၏။ |
28,682 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ထိုရုပ်ကလာပ်ကား အနိစ္စ ဒုက္ခ အနတ္တ ပါတကား”ဟု ဝိပဿနာ တင်၍ လှူတတ်သူအတွက် ဉာဏ်ဓာတ်ပါရှိခြင်း တိဟိတ်ကုသိုလ်စိတ်ဖြစ်ကြောင်းမှာ အထူးပြောဖွယ် မလိုတော့ပါ။ |
28,683 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | အလွန်ကောင်းသော တိဟိတ်ကုသိုလ်တည်း။ |
28,684 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ထို့ကြောင့် ယခုအခါ ဆရာမိဘတို့က အလှူပေးခါနီး၊ ရေစက်ချခါနီး၌ ကံနှင့် ကံအကျိုးကို လည်းကောင်း၊ အနိစ္စ ဒုက္ခ အနတ္တ အကြောင်းကို လည်းကောင်း နားလည်အောင် ပြောသင့်ကြပါသည်။ |
28,685 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ဥက္ကဋ္ဌ ဩမကအခွဲ |
28,686 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | [ဥက္ကဋ္ဌ= အမြတ်။ |
28,687 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ဩမက=အညံ့။ ] ပြုခဲ့ပြီးသော ဒွိဟိတ်-တိဟိတ် ကုသိုလ်စိတ်တို့၌ ရှေ့ပုဗ္ဗစေတနာ အခိုက်တုန်းက ဖြစ်စေ၊ လှူပြီး-နောက် အပရစေတနာ အခိုက်မှာ ဖြစ်စေ ကုသိုလ်စေတနာ ခြံရံ ဇနလျှင် (အကုသိုလ် မဖြစ်ပဲ ကုသိုလ် စိတ်တွေ ရှေ့နောက် ပါနေလျင်) မြင့်မြတ်သော ဥက္ကဋ္ဌကုသိုလ် ဖြစ်၏။ |
28,688 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | မလှူမီ ရှေ့အဖိုနှင့် လှူပြီးနောက်အဖို့၌ အကုသိုလ်များ ခြံရံနေလျှင် ညံ့ဖျင်းသော ဩမကကုသိုလ် ဖြစ်၏။ |
28,689 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | “ရှေ့ နောက် ကုသိုလ် အကုသိုလ် ခြံရံ” ဟူရာ၌ ထိုကုသိုလ်နှင့်စပ်၍ ပုဗ္ဗ စေတနာ အပရစေတနာတို့ အခိုက်မှာ ကုသိုလ်စိတ်ဖြစ်မှု၊ အကုသိုလ်စိတ်ဖြစ်မှုကို “ခြံရံသည်”ဟု ဆိုလိုသည်။ |
28,690 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ထိုကုသိုလ်နှင့်မစပ်ပဲ အလွတ်သက်သက် ဖြစ်သော ကုသိုလ် အကုသိုလ်တို့ကို “ခြံရ”ဟု မဆိုရ။ |
28,691 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ဥပမာ–အလှူပေးခါနီး ရှေ့အဖို့၌ ကြွေးတောင်းမရ၍ မြီစားကို တရားစွဲကာ ဒေါသ အကုသိုလ် ဖြစ်၏။ |
28,692 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | သို့သော် အလှူပေးဖို့ ကိစ္စ၌ကား စိတ်မပျက်။ |
28,693 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | အလှူပေးပြီးနောက်၌ အလှူကိုဝမ်းမြောက်၏။ |
28,694 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | အပရစေတနာ ထက်သန်၏။ |
28,695 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | သို့သော် ထိုအလှူနှင့် မဆိုင်သော ကိစ္စ၌ကား လောဘ ဒေါသ ဖြစ်ရ၏။ |
28,696 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ဤသို့ အလှူနှင့် မဆိုင်သော အရာဝယ် ဖြစ်သမျှ အကုသိုလ်ကား အလှူကုသိုလ် ယုတ်ညံ့အောင် မနှောင့်ယှက်ပါ။ |
28,697 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ဤစကားအရ အချုပ်ကား-ပုဗ္ဗစေတနာ အပရ စေတနာ ထက်သန်သော တိဟိတ်ကုသိုလ်သည် “တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်” ဖြစ်၏။ |
28,698 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ပုဗ္ဗ စေတနာ ဖြစ်စေ အပရ စေတနာ ဖြစ်စေ တခုခုချို့တဲ့လျှင် “တိဟိတ် ဩမက ကုသိုလ်” ဖြစ်၏။ |
28,699 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ၂-ခုလုံး ချို့တဲ့လျှင် သာ၍ “တိဟိတ် ဩမက” ဖြစ်၏။ |
28,700 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဒွိဟိတ်-တိဟိတ် ကုသိုလ် အခွဲ | ဒွိဟိတ် ဥက္ကဋ္ဌ၊ ဒွိဟိတ်ဩမက ဖြစ်ပုံကိုလည်း ဤနည်းအတိုင်း မှတ်ပါ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.