id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
29,901 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | သို့သော် သတ္တဝါတို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့် စိတ်ဆင်းရဲမှု ဒေါမနဿကား မဖြစ်ခဲ့ပါ။ |
29,902 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ညစ်မှု၊ စိတ်ပျက်မှု စသည်ဖြင့် စိတ်မှာ ဖြစ်နေသော ဒုက္ခစုကိုပင် “ဒေါမနဿ”ဟု ခေါ်ရလေသည်။ |
29,903 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဤ ဒေါမနဿ ဝေဒနာသည် စိတ်မှာ စွဲကပ်လာသော ရောဂါတမျိုးပင် ဖြစ်၏။ |
29,904 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထို့ကြောင့် “သူ့ အကြောင်းကြားရတာ စိတ်ထဲမှာ နာလွန်းလို့ ငါ့အား သူ့ အကြောင်းကို မပြောလာပါနဲ့” စသည်ဖြင့် စိတ်မချမ်းသာမှုကိုပင် “စိတ်နာ”ဟု ပြောဆို ကြလေသည်။ |
29,905 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဤကဲ့သို့ စိတ်မချမ်းသာတိုင်း၊ စိတ်နာတိုင်းလည်း ကိုယ်ဆင်းရဲ ချင်မှ ဆင်းရဲမည်။ |
29,906 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ခြွေရံပေါကြွယ် စည်းစိမ်လယ်မှာ ကိုယ်ခန္ဓာ ချမ်းမြပါလျက် ဓမ္မစကြာ တရားတော်လာ “ယံပိစ္ဆံ န လဘတိ၊ တံပိ ဒုက္ခံ = ရတာမလို၊ လိုတာ မရ” ဖြစ်နေကြသူတို့၏ ဒုက္ခလည်း ဤဒေါမနဿပင်တည်း။ |
29,907 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဤဒေါမနဿ၏ ဆင်းရဲပုံသည် ခန္ဓာကိုယ် ဆင်းရဲပုံထက် လွန်ကဲ ပြင်းပြ၏။ |
29,908 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ရွှေပုံပေါ်မှာ စံနေရသော်လည်း ဒေါမနဿဒဏ်ကို မခံနိုင်ကြ၍ ရွှေပုံပေါ်မှ ဆင်းကာ တူပျော်ပျော် ယှဉ်တွဲလျက် တဲအိုထဲ၌ ကိုယ်ဆင်းရဲဒဏ်ကို ခံနိုင်ကြလေသည်။ |
29,909 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | စိတ်ချမ်းသာအောင် ပြုပြင်နည်းမှာ အကြောင်းအားလျော်စွာ အတော် များစွာပါရှိ၏။ |
29,910 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | သို့သော် သူ့အကြောင်းနှင့်သူ ထိုက်တန်အောင် ပြုပြင်တတ်ဖို့ကား တော်တော်တန်တန် အသိဉာဏ်ရှိရုံမျှဖြင့် မလွယ်ကူချေ။ |
29,911 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | အချုပ်မှာအရှည်ကိုမြော်မြင်၍ ဆိုင်ရာကိစ္စအဝဝကို ကြိုတင်ပြီး စီစဉ်ထားရမည်။ |
29,912 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | မိမိ အစီ အစဉ်နှင့် တည့်အောင်လည်း မပျင်းမရိ လုံ့လရှိရမည်။ |
29,913 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထိုကဲ့သို့ ဉာဏ်ရော ဝီရိယပါ အရာရာ ပြည့်စုံပါလျက် ကံမကောင်း အကြောင်းမသင့် ဖြစ်ခဲ့ပြန်သည် (ရည်ရွယ်ချက် မမြောက်ခဲ့သော်) စိတ်အား မငယ်စေနှင့်။ |
29,914 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | နောက်တမျိုးတိုး၍ ကြိုးစားလေဦး။ |
29,915 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ကြိုးစားလျှင် ဘုရားပင် ဖြစ်နိုင်သေးသည်။ |
29,916 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထို့ပြင် လောကဓံကြောင့် မတုန်လှုပ်ဖို့လည်း အရေးကြီးသေး၏။ |
29,917 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | လောကဓံဆိုသည်ကား လောက၌ တွေ့ကြုံရန် ထုံးစံတမျိုးတည်း။ |
29,918 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | လောက= လောက+ဓမ္မ= ဓမ္မတာ (ထုံးစံ)။ |
29,919 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ] ထိုလောကဓံသည် |
29,920 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ၁။ လာဘ ... ပစ္စည်းဥစ္စာ ရခြင်း။ |
29,921 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ၂။ အလာဘ .... ပစ္စည်းဥစ္စာ မရခြင်း။ |
29,922 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ၃။ ယသ ... အခြွေအရံ များခြင်း။ |
29,923 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ၄။ အယသ ... အခြွေအရံ မရှိခြင်း။ |
29,924 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ၅။ နိန္ဒာ .. အကဲ့ရဲ့ ခံရခြင်း။ |
29,925 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ၆။ ပသံသာ ... ချီးမွမ်း ခံရခြင်း။ |
29,926 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ၇။ သုခ ... ကိုယ်-စိတ်ချမ်းသာခြင်း။ |
29,927 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ၈။ ဒုက္ခ ... ကိုယ်-စိတ် ဆင်းရဲခြင်း။ |
29,928 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဤသို့အားဖြင့် ရှစ်ပါး ရှိသည်။ |
29,929 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဤလောကဓံများ၌ မကောင်း ၄-ပါး၊ ကောင်း ၄-ပါး ပါ၏။ |
29,930 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ကောင်းသော လောကဓံနှင့်တွေ့ကြုံသောအခါ ဝမ်းသာရွှင်ပျ တကြွကြွဖြစ်နေခြင်း၊ မကောင်း လောကဓံနှင့် တွေ့ကြုံသောအခါ စိတ်အားခွဲ၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကြောင့် တုန်လှုပ်ခြင်းတည်း။ |
29,931 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဝမ်းသာလွယ်သူသည် ဝမ်းနည်းလွယ်၏၊ ဝမ်းသာအားကြီးသူသည် ဝမ်းနည်းအားကြီး၏။ |
29,932 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဝမ်းနည်း မှုမှာ ပြခဲ့သော ဒေါမနဿ သဘောတည်း။ |
29,933 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထို့ကြောင့် အမြဲ စိတ်ချမ်းသာခြင်းကို အလိုရှိလျှင် လောကဓံရှစ်ပါး ဖြစ်ရိုးဖြစ်စဉ် တရားကြောင့် (ဆိုးဆိုးကောင်းကောင်း) သိသိ သာသာ စိတ်မပြောင်းဖို့ အထူးသတိထား သင့်ကြ ပေသည်။ |
29,934 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | လာဘ အလာဘ |
29,935 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | မိမိနှင့်ထိုက်တန်သော လာဘ်ကို တရားသဖြင့်ရအောင် ကြိုးစားရမည်။ |
29,936 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ရသည့်အခါလည်း သူတပါး မြင်ပြင်း ကတ်အောင် ဝမ်းသာရွှင်ပျ တကြွကြွမရှိစေသင့်။ |
29,937 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | တချို့ ရှာဖွေမှုကား ရှာဖွေ၍မရ သည့်ပြင် “ဗူးထဲက ရေပါ၍” အရင်းပင်ရှုံးတတ်သေးသည်။ |
29,938 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထိုကဲ့သို့ ဆုံးရှုံး မှုကြောင့်လည်း ဝမ်းနည်း ပူဆွေး၍မနေနှင့်။ |
29,939 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထိုသို့ ဆုံးရှုံးသူတွေ မရေမတွက် နိုင်အောင် ရှိကြသည့်ပြင် ထီးနန်းကိုပင် စွန့်လွှတ်၍ တမျိုးလုံး သခင်ဘဝမှ ကျွန်ဘဝသို့ ဆင်းကာ မောင်မောင်လို့ ခေါ်တုန်းက “ဗျာ” လိုမျှ ထူးဖော်မရပဲ အောင်ကျော်လို့ ခေါ်ကာမှ “ဘုရား”ဟု ထူးရသူတွေ အများပင် ရှိရှာကြပေသည်။ |
29,940 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | သို့ဖြစ်၍ ရမှု မရမှု လောကဓံ ၂-ကြောင့် မတုန်လှုပ်ဖို့ရာ ခိုင်မာသော စိတ်ကိုသာ အမြဲထားသင့်ကြပေသည်။ |
29,941 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဆရာသမားကြီး လူကြီး လူကောင်းတို့၌ အထိုက် အလိုက် အခြွေအရံရှိမှ တင့်တယ်သည်။ |
29,942 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | အခြံအရံဟူသည် အိမ်ဝင်း အိမ်ခြံတို့ကဲ့သို့ ဘေးဆီး ရန်ကာ အရာရာမှာပင် စောင့်ရှောက်လုပ်ကျွေး အကူ အညီ ပေးသူများပေတည်း။ |
29,943 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထိုကဲ့သို့ အခြံအရံများအောင် မိမိ၏ ပစ္စည်းများကို ခြွေတာဝေငှ မ-စ ချီးမြှောက်ရမည်။ |
29,944 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထို့ကြောင့် “ခြွေရံသည်”ဟု ပြောလေ့ ရှိသည်။ |
29,945 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထိုအခြွေအရံများကိုလည်း အစေခံလို သဘောထား၍ အားမနာ ပါးမနာများစွာ မစေခိုင်းသင့်။ |
29,946 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | မိမိကိုမှီခို၍ ကြီးပွားစေလိုသော စိတ်သာ ရှိသင့်ပေသည်။ |
29,947 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | အခိုင်းအစေကိုခံရာ ငှားရမ်းထားသော အစေခံများကိုပင် အခြွေအရံလို သဘောထားလျက် မိမိကိုအမှီပြု၍ တနေ့နေ့ ကြီးပွားအောင် စောင့်ရှောက်သင့်ပေသည်။ |
29,948 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထိုကဲ့သို့ သဘောထားကောင်းပါလျက် အခြွေ အရံ မရှိပြန်လျှင် စိတ်နှလုံး မပူပန်လေနှင့်။ |
29,949 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | အခြွေအရံ ပေါများသည့်အတွက်လည်း မာန်မာန မတက်စေသင့်။ |
29,950 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ကျော်စောမှု၊ ဂုဏ်သတင်း ပြန့်နှံမှုများလည်း ယခု တဘဝသာမက ဘဝ တိုင်း အရေးကြီး၏။ |
29,951 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | မြင့်မြတ်သောအလုပ်ကို လုပ်မည်ကြံလျှင် ဂုဏ်ရှိမှ နာမည် ကြီးမှ အထမြောက်နိုင်သည်ကို ရှေးဦး သတိပြုသင့်ပေသည်။ |
29,952 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | “ဂုဏဝန္တေ ပဿန္တိ ဇနာ =ဂုဏ်ရှိသူမှ လူထင်ကြသောအခါ” ဖြစ်သည်။ |
29,953 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | သို့ဖြစ်၍ ရသင့်သော ကျော်ကြားမှု ဂုဏ်ကိုရအောင် ဉာဏ် ဝီရိယဖြင့် ထူထောင်ရမည်။ |
29,954 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ရခဲ့ပြန်သည် ထိုဂုဏ်အတွက် မကြွား မမော်လေနှင့်။ |
29,955 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ရသင့်ပါလျက် မရပြန်လျှင်လည်း စိတ်အား မငယ်လေနှင့်။ |
29,956 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | နိန္ဒာ-ပသံသာ |
29,957 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | မလိုမုန်းထား ဣဿာများသူ၊ သို့မဟုတ် အလုပ်မရှိ အလုပ်ရှာ၍ ကဲ့ရဲ့စရာ ကြံစည်နေကြသူတွေ ပေါများသော ယခု ကာလဝယ် အချီးမွမ်းခံရဖို့ခဲယဉ်းသော်လည်း အကဲ့ရဲ့ခံရဖို့မှာ သေချာပြီးဖြစ်၏။ |
29,958 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထို့ကြောင့် ကဲ့ရဲ့စရာမရှိအောင် ရှေးဦးစွာ သတိထားရမည်။ |
29,959 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | သို့ရာတွင် သကြားမင်း ဖန်ဆင်းအပ်သော နွားသော်မှ မစင်ပျော့သည်ဟု နော့တော့တော့ အဆို ခံရသေးသောကြောင့် “မုန်းအပြစ်၊ ချစ်အကျိုး၊ မြတ်နိုးမှ သဒ္ဓါ” နိုင်သော ယခုကာလဝယ် မုန်းသူလည်း မရှားသဖြင့် အပြစ်မြင်ချင်သူလည်း အများပင် ရှိပေမည်။ |
29,960 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | သို့သော် သူတပါး၏ အပြစ်ကို လွယ်ကူစွာ မြင်နိုင်သော ထိုသူများသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗူလာတို့အလား၊ သို့မဟုတ် မဟောသဓာ၊ ဝေဿန္တရာတို့ တမျှ၊ သို့မဟုတ် အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာတို့လို “ခြောက်ပြစ်ကင်း၊ စင်းလုံးချော”ဟု ဆိုနိုင်ပါမည်လော။ |
29,961 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ရွာတရွာ၌ တောင်ဘက်အိမ်က မိန်းမကြီး စကားထစ်ကြောင်း ပြောလာသောသားငယ်က “အ.. အ..အဖေ၊ ဟို..ဟို..ဟို ဘက် အိမ် က မိန်းမိန်းမိန်း-မကြီးဟာ စ..စ.. စကား ထစ်၊ ထစ်ထစ်၊ ထစ်လိုက်တာ”ဟု ပြောသလို ထိုသူ့ ကိုယ်တိုင်မှာ အကဲ့ရဲ့ခံရပြီးဖြစ်၍ “သူခိုးသေဖော်ညှိများ” ဖြစ်တတ်ကြသည်။ |
29,962 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | သို့မဟုတ် မိမိကဲ့ရဲ့ဖွယ်ကို အစွမ်းကုန် ဖုံးကွယ်ထားသော “ကြောင်သူတော် များ” ဖြစ်တတ်ကြသည်။ |
29,963 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဘာ့ကြောင့်နည်း။ |
29,964 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | “ခိုးတတ်လျှင် ရိုးတတ်”သောကြောင့်တည်း။ |
29,965 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | တချို့ အချက်များ၌ကား “ကိုယ့်ထက်သာ၍ မနာလို” လို ကဲ့၍သော်လည်း ထိုအကဲ့ရဲမျိုးကို သူကိုယ်တိုင်ပင် ခံချင်ကောင်း ခံချင်ပါလိမ့်မည်။ |
29,966 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | မိန်းကလေးတယောက်အိမ်သို့ ဂုဏ်ရှိသိန်ရှိ ယောက်ျား ကလေး ထွက်ဝင်နေရာဝယ် တနယ်လုံး ကဲ့ရဲကြရာ၌ အမှန်စင်စစ်မှာ မိမိတို့ဆီ မလာသောကြောင့်သာ ဖြစ်သကဲ့သို့တည်း။ |
29,967 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဤသို့လျှင် အကဲ့ရဲ့ခံရမှုသည် မကင်း နိုင်သော လောကဓံဖြစ်သည့်ပြင် အမှန်အားဖြင့် ကဲ့ရဲသလောက် အပြစ်ရှိချင်မှ ရှိမည်။ |
29,968 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | အပြစ်ရှိသည်ပင်ထားဦးတော့၊ ကြောက်သင့် ရှက်သင့်သလောက်ထက် မိမိစိတ်ကို မိမိချောက်နေခြင်းက ပိုကောင်းပိုပါလိမ့်မည်။ |
29,969 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | တစ္ဆေ ကြောက်တတ်သူသည် ညဉ့် မှောင်မိုက်ထဲတွင် ထန်းပင်ငုတ်တို့ကို မြင်ရာ၌ ထန်းပင်ငုတ်တို့က လုံးဝ မပျောက်သော်လဲ သူ့ စိတ်ထဲက “တစ္ဆေပဲ.... တစ္ဆေ”ဟု အသေအလုံး စွဲလမ်း၍ တစ္ဆေ ကမ္မဋ္ဌာန်း စီးဖြန်းသောကြောင့် ကမ္မဋ္ဌာန်း ပေါက်ပြီးလျှင် သူ့နောက်သို့ လိုက်နေသည်ဟု ထင်ကာ မစင်ပါအောင် ပြေးရှာသကဲ့သို့တည်း။ |
29,970 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထို့အတူ တချို့ကိစ္စ၌ မိမိစိတ်ကို မိမိချောက်ကာ အလွန့်အလွန်ကြောက်စရာဟု ထင်လာတတ်ပေသည်။ |
29,971 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထို့ကြောင့် သံယုတ် ပါဠိတော်၌ “တောထဲမှာ ချွတ်ချွတ်သံကြားတိုင်း မောကြီးပန်းကြီး ပြေးရ ရှာသော သမင်ပျံကဲ့သို့ အကဲ့ရဲ့ ခံရမည်ကို ကြောက်နေသူကိုလည်း စိတ်မတည်သူ၊ စိတ်မခိုင်သူ၊ ပေါ့ဆဆစိတ်ရှိသူ”ဟု မိန့်တော်မူသည်။ |
29,972 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ချွတ်ချွတ်သံ ကြားတိုင်း ပြေးရသဖြင့် သမင်ပျံမှာ အစာ-ရေစာ မဝသကဲ့သို့၊ ထိုကြောက်တတ် သူမှာလည်း မည်သည့် အကျိုးကိုမျှ မရချေ။ |
29,973 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | နဂိုကပင် အရှက်ရစေတော့ဟု သဘောထား၍ ကဲ့၍ ရကား ထိုကဲ့သို့ ရှက်မှန်း ကြောက်မှန်းသိလျှင် ကဲ့ရဲ့ သူတို့အတွက် “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဖြစ်ပေလတ္တံ့။ |
29,974 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | တနည်းတဖုံ စဉ်းစားပြန်လျှင် အကဲ့ရဲ့ ခံနေရသည်မှာ တမျိုးအားတက် စရာဖြစ်၏။ |
29,975 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ခွေးလေးဂျပိုး အုတ်ကြားမြက်ပေါက် အစား မျိုးကို အရေးလုပ်၍ မလိုကြ၊ အတော်ထင်ရှားသူကိုမှ ကဲ့ရဲ့ ကြသော ကြောင့်တည်း။ |
29,976 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထို့ကြောင့် သစ်ပင်အများရှိရာတွင် အမြင့်ဆုံး သစ်ပင်သည် လေတိုက် အခံရဆုံး ဖြစ်သကဲ့သို့၊ ထို့အတူ အထက်တန်းကျလေ လောကဓံ လေမုန်တိုင်း အတိုက်ခံရလေဖြစ်ရကား၊ အကဲ့ရဲ့ခံရမှုကို ဂရုစိုက်၍ ဝမ်းမနည်း ထိုက်သည့်ပြင် တချို့ ကဲ့ရဲ့ခြင်းမျိုးမှာ မိမိအထက်တန်း ရောက်နေခြင်း၏ အမှတ်လက္ခဏာဖြစ်၍ ဝမ်းသာဖွယ်ကောင်းပေသည်။ |
29,977 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထို့ကြောင့် မည်သူမဆို ကဲ့ရဲ့မှုများကို အရေးစိုက်ကာ အရာရာ မတုန်လှုပ်အောင် “ခွေးဟောင်တိုင်း ထ၍ မကြည့်မိရန်” မြဲမြံသော စိတ်ထား၊ ခိုင်မာသော သမာဓိတရား ရှိအောင် ကြိုးစား၍ လေ့လာကြရမည်။ |
29,978 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | အကဲ့ရဲ့ ခံရသည့် အခါတိုင်း “ငါ၏ စိတ်များ ဘယ်အခြေရောက်အောင် ခိုင်မာနေ ပါလိမ့်မည်နည်း”ဟု စဉ်းစဉ်းစားစား သတိထားကာ အကဲ့ရဲ့ ဒဏ်ကို အရသာ ခံကြည့်ပါလေ။ |
29,979 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | သို့ရာတွင် ကဲ့ရဲ့ဖွယ် မရှိအောင်ကား သတိဆောင်ရပေလိမ့်မည်။ |
29,980 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ကဲ့ရဲ့ ရာ၌ မတုန်လှုပ်သကဲ့သို့ တခုခုဂုဏ်ရ၍ ချီးမွမ်းကြသည့် အခါ၌လည်း သိသိသာသာကြီး မပြုမိစေပဲ “အလုပ်ကောင်း၍ အကျိုးရသည်မှာ ဓမ္မာပဲ”ဟု နှလုံးသွင်းလျက် သန့်ရှင်းသော စိတ်ထားဖြင့် အခြားသူများလည်း ငါကဲ့သို့ ဂုဏ်ရကာ အချီးမွမ်းခံကြရပါစေ”ဟု အမျှဝေ သဘောဖြင့် စိတ်မနော ကောင်းသင့်ကြပေသည်။ |
29,981 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | သုခ ဒုက္ခကို သဘောကား ထင်ရှားပြီ။ |
29,982 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ] အချုပ်ကား-လောကဓံ ၈-ပါးတွင် အကောင်း ၄-ပါးကို “ဣဋ္ဌာရုံ (အလိုရှိအပ်သော အာရုံ)”ဟု ခေါ်သည်။ |
29,983 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | မကောင်း ၄-ပါးကို “အနိဋ္ဌာရုံ (အလိုမရှိအပ်သော အာရုံ)”ဟု ခေါ်သည်။ |
29,984 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ရှေးရှေးသော ဘဝများစွာ သံသရာက ကံကောင်း ကံဆိုး (ကုသိုလ် အကုသိုလ်) ၂-မျိုးကို ပြုလာခဲ့သော ငါတို့မှာ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ အမျိုးစုံနှင့် အမှန် တွေ့ကြုံကြရတော့မည်။ |
29,985 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထိုကဲ့သို့ တွေ့ကြုံရာ၌ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ လောကဓံ လေမုန်တိုင်းကို မိမိ၏ လုံ့လစွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် နည်းလမ်းရှိသမျှ ခုခံကာကွယ်ကြပြီးလျှင် အကြင် သို့သော နိဗ္ဗာန်ဆိပ်ကမ်းသို့ မျှော်မှန်းကူးခပ်ရမည်။ |
29,986 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဥပမာ-ပင်လယ်ကို ကျော်ဖြတ်နေသော မာလိန်မှူးတို့၌ အခါခပ်သိမ်း ငြိမ်သက်ချမ်းသာစွာ ကျော်လွန်ရလိမ့်မည်ဟု မမျှော်လင့်နိုင်။ |
29,987 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | မကြာ မကြာပင် သာမန် လှိုင်းလေ၊ ပြင်းထန်သော လှိုင်းလေ၊ သဘောကိုပင် အန္တရာယ် ဖြစ်စေနိုင်သော လှိုင်းလေးများကို တွေ့ကြုံရပေသည်။ |
29,988 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ထိုသို့ တွေ့ကြုံရာဝယ် ကျွမ်းကျင်သော မာလိန်မှူးတို့မှာ မိမိတို့ လုံ့လစွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် ထိုလှိုင်းလေများကို ခုခံ၍ မိမိ၏ လိုရာ ဆိပ်ကမ်းသို့ ရောက်နိုင်ကြသကဲ့သို့တည်း။ |
29,989 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ကတတ္တာ နာနာကမ္မာနံ၊ ဣဋ္ဌာနိဋ္ဌေပိ အာဂတေ၊ |
29,990 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ယောနိသော တိတ္ထံ သန္ဓာယ၊ တရေယျ နာဝိကော ယထာ။ |
29,991 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | နာနာကမ္မာနံ၊ ကံကောင်း, ကံဆိုး, အမျိုးမျိုးတို့ကို, ကတတ္တာဘဝများစွာ, သံသရာက, မကွာထက်ကြပ်, ပြုအပ်ခဲ့လေသောကြောင့်။ |
29,992 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဣဋ္ဌာနိဋ္ဌေ၊ အကောင်း အဆိုး, အာရုံ ၂၊ မျိုးသည်။ |
29,993 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | အာဂတေပိ၊ အကြောင်း အားလျော်စွာ ပေါ်လာခဲ့ပါသော်လည်း။ |
29,994 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | နာဝိကော ယထာ၊ ပင်လယ်ကိုကူး, မာလိန်မှူးကဲ့သို့။ |
29,995 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ယောနိသော၊ သင့်တင့် လျှော်ကန်, တော်မှန်ထုံးအရ, အသုံးကျမည်, လုံ့လပညာ, အလိမ္မာဖြင့်။ |
29,996 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | တိတ္ထံ၊ ဒုက္ခမီးစက်, ဆူဆူပွက်သည့်, ဤဘက်ကမ်းမှ, စခန်းထဖို့, နန်းမခေမံ, နေရဗဏ်နန်း, ဟိုဘက်ကမ်းကို။ |
29,997 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | သန္ဓာယ၊ စိတ်စဉ် ဖြောင့်တန်း, ကောင်းစွာမှန်း၍။ |
29,998 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | တရေယျ၊ လောကဓံလှိုင်း, လေမုန်တိုင်းကြောင့်, မဆိုင်းမလှုပ်, ဉာဏ်အားထုတ်လျက်, သုတ်သုတ်လျင်စွာ, ကူးခပ်ရာသတည်း။ |
29,999 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | ဤသို့လျှင် လောကဓံ ဂ-ပါးကြောင့် စိတ်လှုပ်ရှားခြင်း မရှိ၊ အရှည်ကို မျှော်မြင်၍ ကြိုတင်စီမံလေ့ လည်းရှိ၊ မိမိစီမံသည့်အတိုင်း အကျိုးရှိအောင် ဝီရိယလည်းရှိသူတို့မှာ ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿတို့မှ ကင်း၍ ချမ်းချမ်းသာသာနှင့် ပါရမီကုသိုလ်များကို ကြိုးစားဖြည့်ကျင့်ကာလူဖြစ်ရကျိုးနပ်သူ ဖြစ်ပါလိမ့်သတည်း။ |
30,000 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | “လောကဓံရိုးမို့၊ အမျိုးမျိုး တွေ့ရမယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.