id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
30,001 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒုက္ခ ဒေါမနဿတို့ အကြောင်း | စိတ်အနေ မတုန်လှုပ်အောင် ထိန်းချုပ်ပါကွယ်။ |
30,002 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ဒေါသ အကြောင်း |
30,003 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | စိတ်၏ ခက်ထန် ကြမ်းတမ်းခြင်း သဘောသည် ဒေါသ မည်၏။ |
30,004 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ထို့ကြောင့် “ဒေါသတွက်ကြောင့်-စိတ်စက်ခက်ထန်”ဟု ဆိုခဲ့သည်။ |
30,005 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ခက်ထန်-ဆိုသော်လည်း ရှူးရှူးရှဲရှဲ ခက်ထန်ခြင်းတမျိုးသာ မဟုတ်၊ စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသောစိတ်ကဲ့သို့ ညက်ညက်ညောညာ မရှိ၊ စိတ်နေပုံမှာ ဇာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမှု၊ စိတ်အားငယ်မှု၊ ကြောက်လန့်မှုများလည်း ဒေါသ သဘောပင်။ |
30,006 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | အချုပ်မှာ-စိတ်ညစ်မှု၊ စိတ်မချမ်းသာမှု၊ ကြောက်ရွံ့မှု၊ စိတ်ပျက်မှု၊ စိတ်ကောက်မှု၊ စိတ်ဆိုးမှု၊ ရန်ငြိုးဖွဲ့မှု၊ ဆဲဆို ငေါက်ငမ်း ချောက်ချမ်းမှု၊ တိုက်ခိုက်မှု၊ သေကြေပျက်စီးအောင် ကြံဆောင်မှု အစုံစုံသည် ဒေါသချည်းတည်း၊ ကြောက်လန့်မှု ကြမ်းတမ်းမှု ၂-မျိုးလုံး၌ပင် ဒေါသ ပါဝင်ရကား ဒေါသကြီး၍ စိတ်ခက်ထန် ကြမ်းတမ်းသူသည် ကြောက်စရာ ရှ... |
30,007 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ထိုလူမျိုးကို သတိထား၍ အကဲခတ် ပါလေ။ |
30,008 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | [ခက်ထန်မှုကို အတက် ဒေါသ၊ ကြောက်ရွံ့မှုကို အသက် ဒေါသ ဟုလည်း ခဲ့ကြသေး၏။ |
30,009 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | အမျိုးသမီးတယောက် ဝတ္ထု |
30,010 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ပြခဲ့သော ဒေါသများကို အတော် စုံအောင် ခံစား၍ သွားရရှာသော အမျိုးသမီးကလေး တဦး၏ အိန္ဒိယနိုင်ငံ၌ ဖြစ်ပုံကို ဒေါသ သဘောသိရရုံမက၊ လူငယ်ချင်း မမျှပဲ အတင်းပေးစားလေ့ရှိသော မိဘတို့ကို သတိရစေသလိုလည်း ဖြစ်ပေသည်။ |
30,011 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ဤဝတ္ထုပါ ငယ်ရွယ်သူ ၂-ယောက်ကား တယောက်သဘောကို တယောက် မသိကြ။ |
30,012 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ၂-ဘက်မိဘတို့ စေ့စပ်ချက်ဖြင့် လက်ထပ်ပြီးကြလေပြီ။ |
30,013 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | သတို့သမီး ကလေးသည် အမျိုးကောင်းသမီးပီပီ တည်တည်ကြည်ကြည်နှင့် ဝတ်ကျေအောင် ပြုရှာပေ၏။ |
30,014 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | သို့သော် သတို့သားက ဘယ်ဟာပြုပြု အကောင်းဟု မထင်၊ ခင်မင် ယုယမှု မရှိချေ။ |
30,015 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | မိမိက ပြုစုပါလျက် ခင်ပွန်းက မိမိကို ဂရုမစိုက်သည့်အတွက် သတို့သမီး စိတ်ပျက်စပြုလာ၏၊ စိတ်ညစ်၏၊ စိတ်မချမ်းသာ၊ မကြာမကြာ မှိုင်နေသည်။ |
30,016 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | နဂိုကပင် မကျေနပ်သော ခင်ပွန်းသည်သည် ထိုသို့ မသာမယာ ဖြစ်နေပုံကို မြင်လျှင် သာ၍ပင်ရွံမုန်းကာ တခါ တခါ အကြမ်းဖက်လာ၏။ |
30,017 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | သတို့သမီးက စိတ်နာ၏။ |
30,018 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ခင်ပွန်းသည်၏ ပြုမူပုံကို မကျေနပ်နိုင်။ |
30,019 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | သို့သော် မည်သို့မျှ မတတ်နိုင်တော့ပဲ မိမိဝတ္တရားကျေအောင် ပြုမြဲပြုရှာ၏။ |
30,020 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | သို့ရာတွင် ကျောက်တုံး ကျောက်သား မဟုတ်ပဲ စိတ်ဝိညာဉ် ပါသော ကိုယ်ခန္ဓာဖြစ်ရကား မကြာခဏ မိမိ၏ ဘဝကို အဆုံးစီရင်ရန် ကြံလေသည်။ |
30,021 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ဤကဲ့သို့ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်မချမ်းသာခြင်း၊ ကြောက်ရွံ့ခြင်းတို့ ဆက်တွဲ၍ လောကငရဲ ခံကာ သားသမီး ၂-ယောက် ဖွားမြောက်ပြီးသည့်တိုင်အောင် အောင့်အည်းခဲ့ပါသော်လည်း နောက်ဆုံး၌ မစောင့်စည်းနိုင်တော့ရကား ကိစ္စတခုအတွက် အခြားမြို့သို့ သွားနေသော ခင်ပွန်းသည် အထံသို့ စာတစောင် ရောက်လာသည်မှာ.......။ |
30,022 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | “အရှင်မိဘများ ပေးစားသော ခင်ပွန်းပင် ဖြစ်သော်လည်း ရှင့်ကို အမှန်ချစ်၍ ရှင်၏အချစ်ကိုလည်း ရရှိနိုင်ရန် အမှန်ပင် ကြိုးစားခဲ့ပါသည်။ |
30,023 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | သို့သော် ကျွန်မ၏ ကြိုးစားမှုတွေမှာ အကျိုး မရသည့်ပြင် “ပလီတယ်၊ မာယာများတယ်” ဟုသာ အထင်ခံရ၍ စိတ်ပျက်လှသဖြင့် ဘဝကိုအဆုံးစီရင်ရန် မကြာခဏ ကြံသော်လည်း ကလေးများ မျက်နှာထောက်၍ အထမမြောက်ခဲ့ပါ။ |
30,024 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ယခုမှာမူ ဆက်လက်၍ နေသော်လည်း စိတ်ညစ်ရုံသာရှိမည် ဖြစ်သောကြောင့် ဤစာကိုရေးပြီးနောက် ကလေးများစားမည့် မုန့်ထည်း၌ အဆိပ် ခတ်ပြီးလျှင် ကျွန်မ၏ဘဝကို အဆုံးစီရင်လိုက်ပါပြီ။ |
30,025 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ” အထက်ပါစာကို ရပြီးနောက် ခင်ပွန်းသည် ယောက်ျားလည်း သူ့ ဇနီး၏ လိမ္မာပုံတွေကို အကုန်အစင် ထင်မြင် လာရကား ကပျာကသီ ပြန်သွားလေရာ အိမ်ပေါ်မှာ ပြင်ထားသော မိသား ၃-ဦး၏ အလောင်းကိုသာ တွေ့ရတော့သဖြင့် အဆင်သင့်ရှိသော သေနတ်ဖြင့် သူ၏ ဇာတ်ကိုပါ အဆုံး သတ်လိုက်လေသည်။ |
30,026 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ဤဝတ္ထု၌ ဒေါသ ဖြစ်ပုံများ ထင်ရှားပြီ။ |
30,027 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဒေါသ အကြောင်း | ] ဤဝတ္ထုကို ထောက်ထား၍ အကြောင်းအားလျော်စွာ ဆုံတွေ့ကြရသောအခါ သဘော ကြီးကြီးထား၍ ပြေပြေပြစ်ပြစ် ဖြစ်အောင် ကြိုးစားကြပါလေ။ |
30,028 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | နကုလပိတာနှင့် နကုလမာတာ |
30,029 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | ဘုရားလက်ထက်တော်အခါဝယ် “နကုလပိတာ”ဟု ထင်ရှားသော သူကြွယ်နှင့် “နကုလမာတာ” ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘဝ များစွာကပင် မကွဲမကွာ ဖြစ်လာကြ၍ ယခုဘဝ၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန် ဖြစ်ခဲ့ကြလေသည်။ |
30,030 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | ထိုဇနီးမောင်နှံ ၂-ဦးလုံးပင် ဘဝပေါင်းများစွာက ဘုရားအလောင်း၏ မိဘ အဖြစ်-ဦးကြီး မိကြီး အဖြစ်-ဦးလေး ဒေါ်လေး အဖြစ်ဖြင့် အတူနေခဲ့ကြရသောကြောင့် ဘုရားရှင်ကို သားအသွင် ချစ်ခင်ကာလွန်စွာအကျမ်းဝင်ကြရကား လျှောက်လိုရာကို ခြွင်းချက်မရှိ လျှောက်လေ့ ရှိကြသည်။ |
30,031 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | ထို့ကြောင့် အခါတပါး၌ သူကြွယ်က လျှောက်သည်မှာ.. |
30,032 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | “တပည့်တော်သည် နကုလမာတာကို ငယ်ရွယ်စဉ်ကပင် သိမ်းပိုက်ခဲ့ပါသည်။ |
30,033 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | သူ့ကို သိမ်းပိုက်ခဲ့သောအခါမှစ၍ အခြား တယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားဘိ စိတ်နှင့် မပြစ်မှားမိပါ။ |
30,034 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | နကုလမာတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲမြင်လိုပါသည်။ |
30,035 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | ” ထိုစကားကို နကုလမာတာ ကြားလျှင် အားကျမခံ သူ့စိတ်ရင်းအတိုင်း လျှောက်ပြန်သည်မှာ... |
30,036 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | “တပည့်တော်မသည် ငယ်ရွယ်စဉ်ကပင် နကုလပိတာ၏ အိမ်သို့လိုက်ခဲ့ရပါသည်။ |
30,037 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | ထိုအခါမှစ၍ အခြားသူကို စိတ်မျှ မကူးမိပါ။ |
30,038 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | နကုလပိတာကို ယခုဘဝမှာလည်း အမြဲကြည့်နေချင်၊ သံသရာမှာလည်း အမြဲ တွေ့မြင်လိုပါသည်။ |
30,039 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | ” ထိုသမီးခင်ပွန်း ၂-ဦးတို့၏ စကားကို ဘုရားရှင်က ပြန်၍ မိန့်တော်မူသည်မှာ-- |
30,040 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | “ယခုဘဝ၌ စိတ်တူ သဘောတူ ကြည်ဖြူကြသော သမီးခင်ပွန်းတို့သည် နောက်နောက် ဘဝ၌ မကွဲမကွာ ဖြစ်လို့ကြလျှင် တယောက်နှင့် တယောက် သဒ္ဓါ-သီလ-စာဂ-ပညာတို့ အရာရာ တူစေကြရမည်။ |
30,041 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | အိမ့်ရှင်က သဒ္ဓါတရား ကောင်းသကဲ့သို့ အိမ်သူကလည်း သဒ္ဓါတရားကောင်း ရမည်။ |
30,042 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | အိမ်ရှင်က သီလ စင်ကြယ်သကဲ့သို့ အိမ်သူကလည်း သီလစင်ကြယ်စေ ရမည်။ |
30,043 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | တယောက်ယောက်က စွန့်ကြဲ ပေးကမ်း လှူဒါန်းလိုလျှင် မတားမြစ် “မယ်က လှူမူ မောင်ကြည်ဖြူ-မောင်က လှူဒါန်း မယ်ရွှင်လန်း” ဖြစ်စေရမည်။ |
30,044 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | အသိ အလိမ္မာ ဉာဏ်ပညာ ချင်းလည်း အရာရာ တူစေရမည်-ဟု ဟောတော်မူလိုရင်း ဖြစ်၏။ |
30,045 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | ဤ အဓိပ္ပါယ်ကို ရည်ရွယ်၍ ပဉ္စဝုဓပျို့၌-- |
30,046 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | “လူ့ ရပ်ခွင်၊ အိမ့်ရှင် အိမ်သူ၊ မြတ်ရည်တူလျက်၊ ဆုယူ ညီမျှ၊ လှူဒါနနှင့်၊ သီလမယိုင်၊ သဒ္ဓါပြိုင်မှု၊ ဘုန်းလှိုင် ကျော်ကြား၊ မိုးနတ်သားနှင့်၊ ဆွေဝါးအနီး၊ နတ်သမီးသို့၊ ကောင်းချီးအံ့ရာ၊ စုမိရှာလျက်၊ သံသာနောင်လည်း၊ ချစ်စည်းမပြေ၊ ရှည်ကြာလေ၏” ဟူသတည်း။ |
30,047 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | ဤဝတ္ထု၌ သောတာပန် ဖြစ်ပြီးသော ဇနီးမောင်နှံတို့ အပြန်အလှန် ချစ်ခင်ကြပုံကို ပထမ စဉ်းစားသင့်၏။ |
30,048 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | ထိုကဲ့သို့ လုံလုံ လောက်လောက် ချစ်ခင် ကြသည့်အတွက် မိမိတို့အချင်းချင်းမှ လွဲ၍ အခြား သူနှင့် ဖေါက်ပြားဖို့ရန် စိတ်မျှမကြံမိကြ၊ ထိုမျှလောက် စိတ်ထား စင်ကြယ် ကြသဖြင့်လည်း ပိုမို၍ မြတ်နိုးကာ တသံသရာလုံး မခွဲမခွါလိုပဲ အမြဲ တွေ့မြင် လိုကြပေသည်။ |
30,049 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/နကုလပိတာနှင့် နကုလမာတာ | ဤကဲ့သို့ တွေ့မြင်လိုကြရာ၌ လောဘ အရင်းခံသော ဆန္ဒပင် ဖြစ်လင့်ကစား ထိုသူတော်စင်တို့၏ တဏှာပေမ လောဘသည် သူတို့ချင်း မကွဲမကွာအောင် ချည်နှောင်ပြီးလျှင် ပြုပြုသမျှ ကုသိုလ် အပေါင်းက ကောင်း မြတ်ရာသို့ ပို့ဆောင်ပေလိမ့်သတည်း။ |
30,050 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ပရိဒေဝ အကြောင်း |
30,051 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ငိုကြွေးမှုကို “ပရိဒေဝ”ဟု ခေါ်၏။ |
30,052 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ဤ ပရိဒေဝ ဟူသည် “ငိုသံ” ပင် ဖြစ်၏။ |
30,053 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | သို့သော် ထိုငိုသံဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာဖြစ်၍ ပရိဒေဝသဘောကိုလည်း ဤနေရာမှာပင် မှတ်သား သင့်ပေသည်။ |
30,054 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ရာထူး ဂုဏ်သိန် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တခုခု ပျက်စီးသောအခါ၊ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာ ဝမ်းနည်းကြ၏။ |
30,055 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | အားငယ်ကြ၏။ |
30,056 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ဤ ဝမ်းနည်းအားငယ်မှုကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿ သာတည်း။ |
30,057 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထိုဝမ်းနည်း အားငယ်မှုကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေဝ-ခေါ် ငိုကြွေးသော အသံတမျိုးပေါ်လာ၏။ |
30,058 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | “ပရိဒေဝမီး”ဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်း မဟုတ်။ |
30,059 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထိုသို့ဖြစ်လောက်အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။ |
30,060 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ငိုကြွေးလို့ အကျိုးရှိရဲ့လား |
30,061 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ဤငိုကြွေးမှုလည်း စိုးရိမ်မှုကဲ့သို့ ကောင်းကျိုးမရသော တရား တမျိုးပင်။ |
30,062 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ချစ်ခင်သူ၊ သို့မဟုတ် အားကိုးလောက်သူ တယောက် မျက်စိအောက်မှ ရုတ်တရက် ကွယ်ပျောက် သေဆုံး သွားသောအခါ ဝမ်းနည်း ပူပန်ကြသည်မှာ ထုံးစံ ဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ |
30,063 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူစက သောတာပန် အရှင်အာနန္ဒာ သည်ပင် ငိုရှာပါသေးသည်။ |
30,064 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | သို့သော် ယခုကာလလို ဟစ်အော်၍ ငိုခြင်းကား လိုရင်း စိတ်မချမ်းသာမှုထက် မိမိကို ဝိုင်း၍ သနားအောင် မာယာဆောင်မှုက များသလို ဖြစ်နေသည်။ |
30,065 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | (များသည်ဟု အတိအလင်း မဆိုလို) လူတယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှ လူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေ နိုင်၏။ |
30,066 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ချမ်းသာ သုခ ရှိနေသူ အများပင် ငိုသံကြားက ချမ်းသာ သုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခ ရောက်ရ၏။ |
30,067 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သောငိုသံကို တယောက်ကြား ၂-ယောက်ကြား၊ တအိမ်ကြား၊ ၂-အိမ်ကြားမက တရပ်လုံး၊ တရွာလုံး ချောက်ချားအောင် အဘယ့်ကြောင့် ဟစ်အော်ကြွေးကြော်လိုကြသနည်း။ |
30,068 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထိုမျှလောက် ဟစ်အော်ရာ၌ “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တခုတလေမျှ လက်ကိုင် မရှိပ”ဟု ဝန်ခံရာလည်း ရောက်လေတော့သည်။ |
30,069 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထို့ကြောင့် မလွဲသာ၍ ပရိဒေဝမီး တောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန် ငြိမ်းအောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံး ဖြစ်ပါသည်။ |
30,070 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထို့ ထက် ပိုမို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂ တရားဖြင့် ဖြေသိမ်းထိုက်ကြပါသည်။ |
30,071 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | အလောင်းတော်၏ ဖြေသိမ်းပုံ |
30,072 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ဘုရားရှင်နှင့် ယသော်ဓရာ လောင်းလျာ ၂-ပါးတို့ တခုသော ဘဝဝယ် ကုဋေများစွာ ကြွယ်ဝသော သဌေးအဖြစ်မှ စည်းစိမ် ဥစ္စာများကို သဘောတူ လှူဒါန်းလျက် ရသေ့ ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ |
30,073 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ရသေ့မ ကလေး၏ ရုပ်ရည်မှာ လွန်စွာ ထူးခြားသည့်ပြင် ပြုံးရွှင်သလိုနှင့် ခန့်ညားသော မျက်နှာအနေအထားကြောင့် အများပင် ချစ်ခင်လေးစားကြ၏။ |
30,074 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထိုကဲ့သို့ တောထွက်လာခဲ့ရာ၌ သဌေးမျိုး-သဌေးနွယ် နုနယ်သော ရသေ့မ ကလေးမှာ ရှေးကလိုမွန်မြတ်သောအစာကို မစားရပဲရသေ့ရဟန်းတို့၏ ဓမ္မတာ သစ်ဥ-သစ်သီးနှင့် သူပေး-လူပေး အာဟာရများဖြင့်သာ မျှတရရှာသောကြောင့် အတော်ကြာလျှင် ဝမ်းသွေး ရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာမြို့တံခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလ... |
30,075 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထိုကဲ့သို့ ဆွမ်းခံဝင်တော်မူနေတုန်းအချိန်မှာပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ ရောဂါဒဏ်ကို ကြာရှည် မခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကို မစောင့်နိုင်ရှာတော့ပဲ ဘဝဇာတ် အသစ်လဲရရှာလေသည်။ |
30,076 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထိုကဲ့သို့ ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်-မျိုးမစပ်ပဲ လှိုက်လှိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။ |
30,077 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံ ပြန်လာလေသော်၊ မမျှော်လင့်သော အဖြစ်အပျက်ကို ရုတ်တရက် တွေ့ရလေလျှင် အစွမ်းကုန် ငိုချင်ဖွယ် ကောင်းသော်လည်း ရင့်မာသော အလောင်းဘုရားပီပီ တည်ကြည်သော ကုဋေဖြင့် ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်မူပြီးလျှင် ၂-ယောက်စာ ခံယူလာသောဆွမ်းကို တပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွ... |
30,078 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | မလ္လိကာ စစ်သူကြီးကတော် |
30,079 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ |
30,080 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ကောသလမင်း၏ စစ်သူကြီး ဗန္ဓုလနှင့် မလ္လိကာတို့မှာ အမွှာမွေးညီနောင် ဖြစ်ကြသော သားရတနာ ၃-ကျိပ် ၂-ယောက် ထွန်းကားလေသည်။ |
30,081 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထူးခြားသော မိဘ ၂-ဦး၏ သားများ ဖြစ်ကြသည် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဘခင်နောက်က ဘုရင့်ထံ အခစားဝင်ကြသောအခါ သူတို့လူစုနှင့်ပင် ပရိသတ် ကြီးတခုဖြစ်လေသည်။ |
30,082 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင့်ထံ – တနေ့ကျလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကို ကြံပါလိမ့်မည်”ဟု ကုန်းချောကြလေရာ၊ နဂိုကပင် အဆင်ခြင်နည်းသောရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ အဘတစုကို ပရိယာယ်ဖြင့် လည်ဆယ်ကာ အိမ်တဆောင်မှာ နေခိုက် မီးတိုက်၍ သတ်စေလေသည်။ |
30,083 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | သားအဘတစုတို့ အသတ်ခံရသည့် ညဉ့်၏ နောက်တနေ့ နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တာ အမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံ ထား၏။ |
30,084 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | နံနက်၌ ဆွမ်းကပ်ချိန်နီးလတ်သော် “ညဉ့်တုန်းက သားအဘအားလုံး တပြိုင်နက်ဆုံးကြောင်း” စာကို မလ္လိကာ ရရှိလေလျှင် ဟစ်၍သာ ငိုချင်စရာကောင်းသော်လည်း မျက်ရည် တစက်မျှ မထွက်စေပဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။ |
30,085 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ပြခဲ့သော ဝတ္ထု ၂-ရပ်၌ ဘုရားအလောင်း၏ ပရိဒေဝ မဖြစ်ခြင်းမှာ ရင့်မာသော ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့။ |
30,086 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | မလ္လိကာ၏ ပရိဒေဝမီး ချုပ်တည်းနိုင်မှု အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါပေသည်။ |
30,087 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပရိဒေဝ အကြောင်း | ထို့ကြောင့် အသက်တရာ မနေရသော်လည်း အမှုတရာတွေ့ဖို့ လွယ်ကူသော လောကကြီး၌ ပရိဒေဝမီးကို အစွမ်းကုန်ငြိမ်းနိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေဝ ဖြစ်လောက်သော ဒုက္ခ၌ “ငါ့ ပါရမီ မည်မျှလောက် အခြေတည်မိပြီ”ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခ မှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။ |
30,088 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပဠာသ အကြောင်း | ပဠာသ အကြောင်း |
30,089 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပဠာသ အကြောင်း | ပဠာသ ဟူသည် ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သော ဒေါသတမျိုး ပင်တည်း။ |
30,090 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပဠာသ အကြောင်း | သီလ သမာဓိ ပညာရှိသူ၊ ဥစ္စာပေါသူ၊ ရုပ်ချောသူ၊ အမျိုးမြတ်သူ၊ လိမ္မာသူများကို အသာမပေးနိုင်ပဲ “သူနဲ့ ငါနဲ့ ဘာထူးသေးသလဲ”ဟု (မိမိထက် အမှန်သာနေသူ၊ သာမှန်းလည်းသိလောက်သူနှင့်) အင်းတူအားတူ ဂုဏ်တူလုပ်၍ ပြောဆို ပြိုင်ဆိုင်ခြင်းမျိုးတည်း။ |
30,091 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ပဠာသ အကြောင်း | မိမိမှာ ထိုကဲ့သို့ဂုဏ်မျိုးရှိသည်ထင်၍ နှိုင်းယှဉ် ပြောဆိုမှုမှာ ပဠာသ မဟုတ်ချေ။ |
30,092 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း | မက္ခ အကြောင်း |
30,093 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း | ဒေါသနှင့်စပ်၍ အများဖြစ်တတ်သော မက္ခ-ပဠာသ-သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသကို သဘောကိုလည်း မှတ်သင့်ပါသည်။ |
30,094 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း | ထိုတွင် “မက္ခ” ဟူသည် သူ့ကျေးဇူးကို ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်သော ဒေါသ တမျိုးတည်း။ |
30,095 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း | ငယ်ရွယ်စဉ်ကစ၍ မိဘကျေးဇူး၊ ဆရာသမားကျေးဇူး မိတ်ဆွေကောင်း ကျေးဇူး စသည်ဖြင့် သူတပါးတို့က ပြုထားသော ကျေးဇူးတွေ ရှိတတ်ပေသည်။ |
30,096 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း | ထိုကျေးဇူးများကို ကျေးဇူးဟု မထင်၊ ကျေးဇူးလည်း မတင်နိုင်ပဲ “ငါ့မှာ သူ့ကျေးဇူး ဘာရှိလို့ လဲ”ဟု ချေဖျက်တတ်၊ ကျေးဇူး ကန်းတတ်ကြလေသည်။ |
30,097 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း | အချို့ကား ကျေးဇူးကန်းရုံတင်မက၊ သားရေပေါ်အိပ်ပြီး သားရေနား စားကာ ကျေးဇူးရှင်ကိုပင် ကျေးစွပ်တတ်ကြသေးသည်။ |
30,098 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း | ထိုသူမျိုးကို “မိတ္တဒုဗ္ဘိ ဒု-မိတ်ဆွေပြစ်မှားသူ-လူယုတ်မာ”ဟု များစွာ အပြစ် ဆိုလေသည်။ |
30,099 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း | “သူတပါးကျေးဇူး” ဟူသည်မှာ ကြွေးတင်သလို တင်နေသော အရာတမျိုးတည်း။ |
30,100 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း | ထိုကျေးဇူးကို အတုံ့ပြန်၍ မဆပ်နိုင်သည့်အတွက် မဆပ်ရသေးသော်လည်း ကျေးဇူးရှင်မှန်းကို အသိအမှတ်ပြုကာ ကျေးဇူးတင်မိစေရမည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.