id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
30,101
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
ဆပ်နိုင်သည့်နေ့၊ ဆပ်ခွင့်ကြသည့်နေ့၌ကား မြိန်မြိန်ရှက်ရှက်နှင့် နှစ်သက်ကျေနပ်စွာ ပြန်၍ ဆပ်ကြရမည်။
30,102
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
တရားတော်
30,103
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
အကြင် သစ်ပင်၏ အရိပ်၌ ထိုင်နေ-အိပ်နေအံ့၊ ထိုသစ်ပင်၏အခက် မချိုးပါနှင့်။
30,104
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
အရိပ်နေနေ-အခက်ချိုချို၊ မိတ်ဆွေ ပြစ်မှားသော ထိုလူမျိုးဟာ လူယုတ်မာ ဖြစ်သည်။
30,105
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
ကျေးဇူးသိတတ်သော သားအကြောင်း
30,106
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
တခုသောမြို့၌ မုဆိုးမ မိခင်ကို ကူလီထမ်း၍ ကြိုးကြိုး အတင်း ပမ်းပမ်း ပြုစုလုပ်ကျွေးနေသော လုလင်တယောက် ရှိသည်။
30,107
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
ထိုသူ၏မိခင်ဖြစ်သူကား မိခင်ပီပီ မတည်ကြည်၊ အခြားယောက်ျားနှင့် တိတ်တိတ်ပုန်း ဖေါက်ပြားနေ၏။
30,108
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
သားကို အားနာ၍ အထင်အရှားလည်း နေဝံ့ဟန်မတူ။
30,109
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
ထိုဖေါက်ပြားပုံကို သိကြသော မိတ်ဆွေ များက (ရိုးရိုးသားသားနှင့် ပြုစုနေသော လုလင်ကို သနား၍) လုလင်အား အကြောင်းစုံ တိုင်ကြားလေသော် “အမေ ပျော်သလို နေပါစေဗျာ၊ အမေ စိတ်ချမ်းသာလျှင် ပြီးရော၊ ကျွန်တော့်အတွက်မှာ အမေ ဘာလုပ်လုပ်ပြုစုဖို့ ပါပဲ”ဟု ပြောရှာလေသတဲ့။
30,110
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
သားကောင်း သမီးကောင်း ရှားသလောက် မိဘကောင်းလည်း ရှားသည်ပင်။
30,111
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
ဤ ဝတ္ထု၌ မိခင်၏ယုတ်မာမှုမှာ မိခင်၏တာဝန်သာ ဖြစ်သည်။
30,112
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
ပြုစုဖို့ကား သား၏တာဝန်သာ ဖြစ်သည်။
30,113
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
ထိုကဲ့သို့ ယုတ်မာသော မိခင်ကို ပြုစုရာ၌ မိခင်အဖြစ်နှင့် ပြုစုသည်ဟု သဘောမထားရ။
30,114
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
ကျေးဇူးရှင်ကို ကျေးဇူးကြွေး မကျန်အောင် ပြန်၍ ဆပ်နေသည်ဟု သဘောထားရမည်။
30,115
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
ဤသို့လျှင် ခုရောနောင်ပါ သံသရာအရေး မျှော်တွေးတတ်သူ လူကောင်း သူကောင်းမှန်လျှင် ကျေးဇူးရှင်ကို ကျေးဇူးဆပ်မိအောင် ကြိုးစားသင့်ပေသည်။
30,116
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
ဘုရားအလောင်းကား တိရစ္ဆာန်ဘဝ၌ ဖြစ်ရခိုက်မှာပင် ကျေးဇူးဆပ်လေ့ရှိခဲ့ပါသည်။
30,117
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မက္ခ အကြောင်း
[မျက်မမြင် မိခင်ဖြစ်သော ဆင်မကြီးကို ပြုစုနေသော ဆင်ဖြူကလေးကို ရှင်ဘုရင်က ဖမ်းသွားရာ၌ အစာမစားပဲ ဆန္ဒပြကာ မိခင်အကြောင်းကို ပြောပြသဖြင့် ပြန်၍ လွတ်ခဲ့ရလေသည်။
30,118
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
မစ္ဆရိယ အကြောင်း
30,119
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ဝန်တိုခြင်းသဘောသည် မစ္ဆရိယတည်း။
30,120
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ထို့ကြောင့် “ပြောထူမစ္ဆေ၊ ဝန်တို လေသတဲ့”ဟု ဆိုခဲ့သည်။
30,121
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ယခုကာလ၌ မလှူရက်၊ မပေးကမ်းရက်သူကို မစ္ဆရိယ ရှိသူဟု ခေါ်ကြသည်။
30,122
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
မစ္ဆရိယကား မလှူချင် မပေးချင်မှုမျိုးမဟုတ်။
30,123
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
သူတပါး တို့အား မရစေချင်သော သဘောသာတည်း။
30,124
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ထို့ကြောင့် မလှူချင် မပေးချင်မှုတို့မှာ မိမိပစ္စည်းကို တွယ်တာသော လောဘသဘောသာ ဖြစ်သည်။
30,125
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
မိမိပစ္စည်းကို ဖြစ်စေ၊ အခြား ပစ္စည်းကို ဖြစ်စေ၊ ဂုဏ်ကို ဖြစ်စေ၊ သူတပါး မရစေလိုသော သဘောကိုသာ ဝန်တိုမူ မစ္ဆရိယ သဘောဟု မှတ်ပါ။
30,126
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ဤ မစ္ဆရိယကို ကျမ်းဂန်တို့၌ ၅-မျိုး ပြ၏။
30,127
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
၁။ အာဝါသမစ္ဆရိယ=မိမိနေရာ၊ ကျောင်း၊ အိပ်ရာ၊ နေရာ၌ ဝန်တိုမှု... သံဃာ အများနှင့် သက်ဆိုင်သော သံဃိကကျောင်း၊ အိပ်ရာ၊ နေရာကို မိမိ ရသည့်အခါ ထိုကျောင်းသို့ အခြား သံဃာများကို မလာစေလိုခြင်း မျိုးတည်း။
30,128
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
သို့သော် မကောင်း ဆိုးရွားသော ရဟန်းများ မလာစေ လိုခြင်းကား မစ္ဆရိယ မဟုတ်ပါ။
30,129
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ဤ အာဝါသ မစ္ဆရိယ ရှိသူသည် သေသောအခါ ထိုကျောင်း၌ပင် ပြိတ္တာ ဖြစ်နေတတ်သည်။
30,130
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
သို့မဟုတ် သံအိမ်ငရဲ၌ ကျက်ရတတ်သည်။
30,131
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
၂။ ကုလ မစ္ဆရိယ=မိမိ အမျိုးနှင့် ဒကာ ဒကာမများကို ဝန်တိုမှု၊ မိမိ ဆွေမျိုးကို ဖြစ်စေ၊ ဒကာ ဒကာမမျိုးကို ဖြစ်စေ၊ အခြား သံဃာများ မလာစေလို၊ မဆက်ဆံစေလိုခြင်းတည်း။
30,132
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
သို့သော် သဒ္ဓါ တရားကို ဖျက်ဆီးမည့် ယုတ်မာ ဆိုးရွားသော ရဟန်းများနှင့် မဆက်ဆံ စေလိုခြင်းမှာ မစ္ဆရိယ မဟုတ်ပါ။
30,133
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ဤကုလမစ္ဆရိယရှိသူသည် မိမိ ဒကာ ဒကာမတို့၌ သူများဆက်ဆံနေသည်ကို မြင်တွေ့ရသောအခါ ဝမ်းထဲ၌ ပူပူလောင်လောင်ဖြစ်၍ သွေးအန်တတ်၏၊ ဝမ်းလျှောတတ်၏။
30,134
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
အူအပိုင်းပိုင်း ပြတ်တတ်၏။
30,135
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
သို့မဟုတ် နောက်ဘဝ၌ လာဘ်လာဘပါးရှားတတ်သည်။
30,136
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
၃။ လာဘ မစ္ဆရိယ=ပစ္စည်း လာဘ်လာဘကို ဝန်တိုမှု... သူတပါးတို့အား ပစ္စည်း လာဘ်လာဘ မရစေလိုခြင်းတည်း။
30,137
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
သို့သော် ရရှိသော လာဘ် လာဘကို မတရား သုံးစွဲမည့် ရဟန်းတို့ကို မရစေလိုပဲ၊ တရားသဖြင့် သုံးစွဲသော ရဟန်းတို့ကို ရစေလိုခြင်းမှာ လာဘမစ္ဆရိယ မဟုတ်ပါ။
30,138
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ဤ လာဘမစ္ဆရိယ ရှိသူသည် ဘင်ပုတ်ငရဲ၌ကျက်၍ ဘင်ပုတ်ကို စားနေရ တတ်၏။
30,139
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
[ဤ လာဘမစ္ဆရိယကြောင့် အပြစ်ရသော လောသကတိဿ ဝတ္ထုကို ကံအခန်း၌ ပြအံ့။
30,140
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
၄။ ဝဏ္ဏ မစ္ဆရိယ= ကိုယ်အဆင်း ဂုဏ်သတင်း ၂-မျိုးလုံး၌ ဝန်တိုမှု၊ မိမိထက် အဆင်းလှမည်ကို ဝန်တိုမှု၊ မိမိထက် ဂုဏ်ကြီးမည်ကို ဝန်တိုမှုသည် ဝဏ္ဏမစ္ဆရိယပင်တည်း။
30,141
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ဤ ဝဏ္ဏမစ္ဆရိယ ရှိသူသည် ဘဝသံသရာဝယ် ရုပ်အဆင်း ဆိုးရွားတတ်၏။
30,142
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ဂုဏ်သတင်းလည်း ညံ့ဖျင်းတတ်သည်။
30,143
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
၅။ ဓမ္မမစ္ဆရိယ=မိမိ တတ်သိသောတရား (အတတ်ပညာ)ကို ဝန်တိုမှု၊ ဓမ္မမစ္ဆရိယ ရှိသူသည် မိမိ တတ်သိသော အတတ်ပညာ၊ စာပေပညာ၊ လက်မှုပညာ၊ နှုတ်မှုပညာများကို သူတပါး တတ်သိမှာ စိုးသောကြောင့် အကြောင်း မေးလာလျှင် ကောင်းမွန်စွာ မပြောလိုခြင်း၊ ရေးကူးထားသော ပညာကို မပြလိုခြင်း၊ စာချသောအခါလည်း မိမိလို တတ်မည်စိုး၍ အကုန် မပြောလိုခြင်း ဖြစ်တတ်သည်။
30,144
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
သို့သော် စာပေတတ်ပြီးနောက် ထိုစာကို မတရားသုံးစွဲမည့်သူ၊ သာသနာကို ဖျက်ဆီးမည့်သူတို့အား ပြောမပြုခြင်းတို့မှာ မစ္ဆရိယ မဟုတ်ပါ။
30,145
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ဤဓမ္မမစ္ဆရိယရှိသူသည် ဖြစ်လေရာ ဘဝတို့၌ အဖျင်း အ အ ဖြစ်တတ်၏။
30,146
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
သို့မဟုတ် ပြာပူငရဲ၌ ကျက်ရတတ်သည်။
30,147
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ကျမ်းဂန်လာ မစ္ဆရိယ ၅-ပါးကို စဉ်းစားလျှင် သူတပါး လှူဒါန်းမှ နေထိုင်စားသောက်ရသော ရဟန်းများ၊ သီလရှင်များ၌ အဖြစ်များဖွယ် ရှိ၏။
30,148
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ယခု မျက်မြင်အားဖြင့်လည်း ထိုသူများ၌ ဤမစ္ဆရိယ သောင်းကျန်းလျက် ရှိသည်။
30,149
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
လူအများ၌လည်း ကိုယ်ထက် အိမ်ကောင်း ယာကောင်းရှိမှာ စိုးခြင်း၊ ကိုယ်ထက်ဥစ္စာပေါမှာ၊ ရောင်းဝယ်ကောင်းမှာ စိုးခြင်း၊ ကိုယ်ထက် ဆွေမျိုးဉာတိပေါမှာ စိုးခြင်း၊ ကိုယ်ထက် လှမှာ စိုးခြင်း၊ ကိုယ်ထက် ဂုဏ်ကြီးမှာ စိုးခြင်း၊ ကိုယ်ထက် တတ်သိမှာ စိုးခြင်း စသောအားဖြင့် အများပင် ဖြစ်တတ်ပါသည်။
30,150
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ထိုသဘောများကား မစ္ဆရိယပင်တည်း။
30,151
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ထိုသို့ မစ္ဆရိယဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ်ပဲ မိမိမှာ စိတ်ယုတ်မာ ရှိကြောင်း ထင်ရှားရကား ဤ မစ္ဆရိယကို ဝါသနာနှင့်တကွ အမြစ်ပါ ပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။
30,152
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မစ္ဆရိယ အကြောင်း
ဤကဲ့သို့ တရားသိသော ဘဝ၌ သော်မှ မစ္ဆရိယကို မတားလျှင် ပြိတ္တာဖြစ်ဖို့သာ ပြင်ကြပါတော့။
30,153
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာန အကြောင်း
မာန အကြောင်း
30,154
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာန အကြောင်း
ထောင်လွှား တက်ကြွခြင်း သဘောသည် မာန်မာန မည်၏။
30,155
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာန အကြောင်း
ထို့ကြောင့် “မာနကားမူ ထောင်လွှားကြွတက်”ဟု ဆိုခဲ့ပေသည်။
30,156
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာန အကြောင်း
မာနဓာတ်ခံ ရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော် လို၏။
30,157
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာန အကြောင်း
ကြွတတ ရှိ၏။
30,158
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာန အကြောင်း
ရာထူး ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါ ကင်းခြင်း စသော ဂုဏ်တို့ဖြင့် သူများထက် သာနေသောအခါ “ငါက သင်းတို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ် ကိုယ်ကို အထင်ကြီးကာ သူတပါးကို အထင်သေးတတ်၏။
30,159
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာန အကြောင်း
သူများထက်မသာပဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံရှိနေသူတို့မှာ “သင်းနဲ့ ငါနဲ့ ဘာထူးသေးသလဲ၊ သူ့ လောက်တော့ ငါလဲ ရတာပေါ့”ဟု တန်းတူ ထားလျက် မာန်တက်ပြန်၏။
30,160
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာန အကြောင်း
ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန် လျှင်လည်း မာနတ်ခံရှိနေသူမှာ “သူတို့က ငါထက်သာကော၊ ငါက ဘာအရေးစိုက်ရမှာလဲ၊ ကိုယ့်ရှိမှ ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုံး”ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။
30,161
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
မာယာ အကြောင်း
30,162
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
တဏှာလောဘကိုပင် တချို့ အရာ၌ “မာယာ”ဟု ခေါ်ရ၏။
30,163
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ထို့ကြောင့် ဤနေရာဝယ် မာယာ အကြောင်းကိုလည်း ထည့်သွင်း ဖွင့်ပြဦးမည်။
30,164
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
မာယာသည် မျက်လှည့်သည်နှင့် တူ၏။
30,165
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
မျက်လှည့် သမားသည် ကျောက်ခဲကို ကောက်၍ ရွှေတုံး ထင်အောင် လှည့်စားနိုင် သကဲ့သို့၊ ဤ မာယာလည်း လူတဘက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။
30,166
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
“မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်တတ်သည်”ဟု ဆိုလိုသည်။
30,167
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
မိန်းမာယာ
30,168
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ရှေးသရောအခါ တက္ကသိုလ် ဆရာကြီးမှာ တပည့် တယောက် ရှိလေသည်။
30,169
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ထိုတပည့်၏ မိန်းမသည် အခြားယောက်ျားနှင့် ဖေါက်ပြား ရှိ၏။
30,170
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ထိုဖေါက်ပြားသောနေ့၌ မိမိ၏ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏။
30,171
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
မဖေါက်ပြားသော နေ့၌ကား ကျွန်ကဲ့သို့ သဘောထား၍ စော်စော်ကားကား ပြုလုပ်လေ့ ရှိ၏။
30,172
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်၍ စိတ်ရှုပ်လာသော တပည့်က မိမိ ဆရာကြီးကို အကြောင်းစုံ ပြောပြလေရာ ဆရာကြီးက မိန်းမတို့ ပြုမူတတ်ပုံ သဘောကို အမှန်အတိုင်း ပြောပြလေသည်။
30,173
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ဤ ဝတ္ထုလာ မိန်းမသည် အခြား ယောက်ျားနှင့် ဖောက်ပြားသော နေ့ဝယ် မိမိအပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းအပေါ်မှာ များစွာ ကြင်နာဟန်ဆောင်လေသည်။
30,174
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ထိုကြင်နာဟန်ဆောင်မှုသည် ဤ မာယာ ပင်တည်း။
30,175
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ဤ မာယာကို တချို့ အရာ၌ “တင်္ခဏုပ္ပတ္တိဉာဏ်” (ရုတ်တရက် အကြံကောင်းသောဉာဏ်) ဟုလည်း ခေါ်ရပြန်သည်၊ တင်္ခဏ = ထိုတခဏ၌ +ဥပ္ပတ္တိ= ဖြစ်ပေါ်လာသော ဉာဏ်၊ “ဉာဏ်” ဆိုသော်လည်း ဉာဏ်အစစ် မဟုတ်၊ ဉာဏ်အတုသာ ဖြစ်သည်။
30,176
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ဉာဏ်အစစ်ကား ကောင်းသော အရာ၌သာ ဖြစ်သည်။
30,177
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
]ရုတ်တရက် ဉာဏ်ကောင်းသူ
30,178
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
အိမ်ရှင်မ တယောက်သည် အစေခံ ယောက်ျားကလေးနှင့် ဖေါက်ပြားလေ့ရှိ၏။
30,179
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
အခါတပါးသော် ထိုယောက်ျား ကလေးအား နမ်းနေသည်ကို အိမ့်ရှင် ယောက်ျားမြင်သွားလေသည်။
30,180
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ထိုသို့ မြင်သွားကြောင်းကိုလည်း အိမ်ရှင်မ ကိုယ်တိုင် သိလိုက် ရကား မိမိ၏ ခင်ပွန်းထံသို့ သွားပြီးလျှင်
30,181
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
“အရှင်...ဒီကောင်ကလေးဟာ မရိုးသားဘူး၊ ယနေ့ ရှင့်ဖို့ ထားသော မုန့်ကို စားပြီး၊ ကျွန်မက မေးတော့ မယူဘူးလို့ လိမ်တယ်။
30,182
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ယခု သူ့ပါးစပ် နမ်းကြည့်တော့ ပါးစပ်က မုန့်စော်နံတယ်။
30,183
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
မရိုးသား သူကို အိမ်မှာထားလို့ မတော်ဘူး ထင်တယ်”ဟု ပြောလေသည်။
30,184
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ဤ ဝတ္ထု၌ အစေခံကို သူက နမ်းမှုသည် လွန်စွာ ဆိုးရွားသော အပြစ်ကြီး ဖြစ်ပါလျက် ထိုအပြစ် မပေါ်အောင် လှည့်ပတ် တတ်သော ရုတ်တရက် အကြံမှာ မာယာပင် ဖြစ်သည်။
30,185
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ဤ မာယာသည် မိန်းမမှာသာ ရှိသည် မဟုတ်၊ ယောကျ်ားများ၌လည်း ရှိသည်ပင်။
30,186
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ရှေးသရောအခါ ရွာတရွာ၌ ဒါယကာ တယောက် ကိုးကွယ် ထားသော ရသေ့တဦး ရှိလေသည်။
30,187
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ခိုးသူဘေးကြောင့် ရွှေစင်နိုက္ခတရာကို ရသေ့ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြှုပ်ထားပြီးလျှင် “အရှင်ဘုရား....သတိပြုလိုက်ပါ”ဟု မှာထားသောအခါ “ဟဲ့-ဒါယကာ... ရသေ့ ရဟန်းကို ယခုလို ကြည့်ရှုရစ်ဖိုရန့် မမှာကောင်းဘူး”ဟု မိန့်လိုက်လေသတဲ့။
30,188
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ထို့နောက် ရသေ့ အကြံ ဖြစ်သည်မှာ “ရွှေစင်နိက္ခတရာ ဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင်လည်လည် ရှိပြီ” ဤသို့ ကြံပြီးလျှင် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွှေ့ပြောင်းမြှုပ်ထား၍ နက်ဖြန်ဆွမ်းစား အပြီးတွင် “ဒကာတို့ကို မှီ၍နေခဲ့သည်မှာ အတော်ကြာပြီ။
30,189
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ကြာလွန်းတော့ သံယောဇဉ် ဖြစ်တတ်သည်။
30,190
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
သို့ဖြစ်၍ တခြားအရပ်သို့ သွားဦးမည်”ဟု ပြောလေရာ ဒါယကာက အခါခါ တားသော်လည်း မရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ ပို့ရှာသေးသည်။
30,191
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ထို့နောက် တော်တော်သွားပြီးကာမှ တဖန် ပြန်လာပြီးလျှင် “ဒါယကာ သင်တို့ အိမ်အမိုးက သက်ငယ်မြက် တမျှင် ငါ၏ ဆံကျစ်၌ ငြိပါလာသည်။
30,192
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ရသေ့ ရဟန်း ဆိုတာ မပေး မလှူ အပ်သောအရာကို မြက်တပင် မယူကောင်း”ဟု ပြောပြလေသော် ရိုးရှာသော ဒါယကာက “သိပ်ပြီး သီလရှိ တာပဲ”ဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။
30,193
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
သို့ရာတွင် ထိုအခိုက်၌ ထိုဒါယကာ၏အိမ်မှာ အတော်ပါးနပ်သော ဧည့်သည် ရောက်ရှိနေသဖြင့် ထိုဧည့်သည်က “မိတ်ဆွေရဲ့ ဆရာ့အထံမှာ ဘာများ အပ်နှံထားပါသလဲ။
30,194
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
အပ်ထားလျှင် သွားကြည့်စမ်းပါ”ဟု သတိပေးမှ သွား၍ ကြည့်လေရာ ရွှေများ မရှိတော့၍ ဧည့်သည်နှင့်အတူ ရသေ့ နောက်သို့ အမြန်လိုက်ခါ ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိကြလေသည်။
30,195
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ဤဝတ္ထု၌ ရသေ့၏ မိမိရွှေခိုးမှုပေါ်မည်စိုး၍ သက်ငယ် မြက်တပင်ကို ပြန်၍ ပေးခြင်းသည် ဤမာယာပင် ဖြစ်၏။
30,196
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ဤသို့လျှင် ပရိယာယ် မာယာသည် ရသေ့ ရဟန်း အချို့ တိုင်အောင် ပျံ့နှံ့လျက် ရှိရကား ယခုလို “အပလီဉာဏ် အလိမ်ဉာဏ်” “မာယာ ပေါသော ကာလ၌ လုံးဝ ပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူနှင့် ပေါင်းသင်းဆက်ဆံမိဖို့အရေးမှာ ရှေးကံကောင်းမှသာ ဖြစ်နိုင်ပေလိမ့်မည်။
30,197
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
မာယာ ပေါများပုံ
30,198
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
မိမိအပြစ်ကို ဖုံးလွှမ်းရာ၌ ပြခဲ့သော ဝတ္ထုများအပြင် မိမိမှာ အပြစ်ကင်းဟန် ခက်ထန်ထန်ဖြင့် ဆောင့်ကြီးကြီး လုပ်၍ "ဖုံးကွယ်ခြင်း၊ အပြစ်တင်မည့်သူ ကြောက်လောက်အောင် ချောက်၍ ဖုံးကွယ်ခြင်း၊ မြှောက်၍ ဖုံးကွယ်ခြင်း စသည်ဖြင့် မာယာ၏အပြစ် ကွယ်ကာနည်းတွေ အမျိုးမျိုး ရှိလေသည်။
30,199
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
လူအများနေသော ကျောင်းတိုက်၊ အိမ် စသည်များ၌ ထိုကဲ့သို့ မာယာ သမားမျိုးကို အများအပြား တွေ့ရတတ်၏။
30,200
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း
ဉာဉ့်အခါ၌ မစွန့်ထိုက်သော နေရာဝယ် အညစ်အကြေး စွန့်ထားမိလျှင် စွန့်ထားသူက သူမဟုတ် သလိုဟန်ဆောင်တတ်၏။