id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
30,201 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း | ပရိသတ်အလယ် ကိုယ်တွင်းမှ မကောင်းနံ့ လည်သွားလျှင်လည်း ယုန်ထင် ကြောင်ထင် ဖြစ်အောင် သားရေသံနှင့် ရောစပ်တတ်ရုံ မက (လေလည်သံကို သားရေအခင်း၏ အသံ ထင်အောင် ပြုတတ်ရုံမက) သူတပါးအပေါ် အထင်ရောက်အောင်လည်း ကြံဆောင် လှည့်ပတ်တတ်၏။ |
30,202 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း | ဤသို့ စသည်ဖြင့် မာယာသဘောတွေ အလွန် ပေါများနေရကား ရှေးလူကြီးတို့က---“ပရိယာယ် တထောင်၊ မာယာကောင် တသိန်း၊ အပလိန်း အနန္တ၊ သဲကိုးဖြာ မလောက်လို့၊ ရှားကိုးပင်က ရှားရွက်တွေကိုပင် ရောနှောက်၍ ရေတွက်ရသည်”ဟု ပြောစမှတ်ပြုခဲ့ကြလေသည်။ |
30,203 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာယာ အကြောင်း | [ထိုစကား၌ “ပရိယာယ်၊ အပလိန်း၊ (အပလီ)” ဟူသည်လည်း ဤ မာယာပင်တည်း။ |
30,204 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | မောဟ ၂ မျိုး |
30,205 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | မသိတတ်ခြင်း သဘောသည် မောဟတည်း။ |
30,206 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထို့ကြောင့် “မသိတတ်ဘိ-မောဟသိလော”ဟု ဆိုခဲ့သည်။ |
30,207 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထိုမောဟသည် အနုသယမောဟ – ပရိယုဋ္ဌာနမောဟဟု ၂ မျိုး ရှိ၏။ |
30,208 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | အနုသယဟူသော ပါဠိသည် ငြိမ်ဝပ်ခြင်း ကိန်းအောင်းနေခြင်းဟု အဓိပ္ပါယ်ရှိ၏။ |
30,209 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ပရိယုဋ္ဌာနဟူသော ပါဠိကား ထကြွခြင်းခြင်းဟု အဓိပ္ပါယ်ရ၏။ |
30,210 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထို့ကြောင့် သတ္တဝါတို့၏ သန္တာန်တွင် အစဉ်တစိုက်လိုက်ပါနေသော မောဟသည် အနုသယမောဟမည်၏။ |
30,211 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | တရံတခါ စိတ်နှင့်တွဲ ဖက်၍ ဖြစ်ပေါ်လာသော မောဟသည် ပရိယုဋ္ဌာနမောဟမည်၏။ |
30,212 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | အဆိပ်ပင်၌ အဆိပ်သီးများကို သီးစေနိုင်သောဓာတ်သတ္တိ ပါရှိသကဲ့သို့၊ ထို့အတူ သတ္တဝါတို့ သန္တာန်၌ သိထိုက်သော တရားများကို မသိအောင်ဖုံးကွယ်တတ်သော ဓာတ်သတ္တိ တမျိုးပါရှိလေသည်။ |
30,213 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထိုဓာတ်သတ္တိကို အနုသယမောဟဟု ခေါ်၏။ |
30,214 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤ အနုသယ မောဟ၏ ဖုံးကွယ်ထားမှုကြောင့် ပုထုဇဉ်တို့သည် အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကိုလည်း နစ်နစ်နောနော မသိကြ၊ သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိကြ၊ ပဋိစ္စသမုပ္ပါဒ်ကိုလည်း တပ်အပ်ထင်ထင် မသိမြင်ကြချေ။ |
30,215 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤ အနုသယမောဟဓာတ်ကို ပုထုဇဉ်တို့ ဉာဏ်ဖြင့် မသိနိုင်။ |
30,216 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ယခု ကာလ စာပေသင်ဘူး၍ အနိစ္စ ဒုက္ခ အနတ္တ စသည်ကို သိသည်ဟု ဆိုသော်လည်း သင့်တော်ရုံ ခန့်မှန်းနိုင်သော အသိမျိုးသာ ဖြစ်၏။ |
30,217 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထိုးထိုးထွင်းထွင်း ရှင်းလင်းအောင် သိသော အသိမျိုး မဟုတ်ချေ။ |
30,218 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | သောတာပန် သကဒါဂါမ် အနာဂါမ်ဖြစ်သည့်တိုင်အောင် ထိုအနုသယ မောဟဓာတ်မှာ အဆင့်ဆင့် ပါးလှပ်ရုံသာ ရှိသေး၏။ |
30,219 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ရဟန္တာအဖြစ် ရောက်မှ အနုသယမောဟဓာတ် အကုန်အစင်ပြတ်သည်။ |
30,220 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထို့ကြောင့် “ရဟန္တာ မဖြစ်သေးသမျှ ကုသိုလ်ပြုနေတုန်း ခဏ၌လည်း အနုသယ မောဟဘတ်မှာ ငြိမ်သက်ကိန်းဝပ်လျက် ရှိနေသည်”ဟု မှတ်ပါ။ |
30,221 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ပရိယုဋ္ဌာနမောဟ |
30,222 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | စိတ်နှင့် တွဲဖက်၍ မောဟ ထကြွလာသောအခါ အကုသိုလ်စိတ် မကောင်းစိတ် ဖြစ်နေပြီဟု ဆိုရပေသည်။ |
30,223 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤ ပရိယုဋ္ဌာနမောဟ၏ ဖုံးကွယ်မှုကြောင့် ဒုစရိုက်အကုသိုလ်၏ နောင်ရေးနောင်တာ ခံစားရမည့် မကောင်းကျိုးကိုလည်း မသိကြရ။ |
30,224 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ယခုလောလောဆယ် ယုတ်မာညစ်ညမ်းဆိုးသွမ်းမှု အပြစ်ကိုလည်း မသိကြရ။ |
30,225 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ နဂိုက ပညာရှိ သူတော်စင်တို့သည်ပင် အပြစ်ကို မမြင်နိုင်ပဲ ဒုစရိုက်အမှုကို ပြုမိကြလေတော့သည်။ |
30,226 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤ မောဟသည် အကုသိုလ်စခန်း၌ အလွန်ဆိုးသွမ်း မိုက်မဲသော တရားမျိုးပင်တည်း။ |
30,227 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤလောက၌ မိုက်မဲမှုဟူသမျှဝယ် ဤမောဟ သာလျှင် အခြေတည်လျက် ရှိလေသည်။ |
30,228 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ပညာရှင်ကြီး မောဟစီးပုံ |
30,229 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဟရိတစမည်သော ငါတို့ ဘုရားအလောင်းသည် ကုဋေ ရှစ်ဆယ် ကြွယ်ဝသော စည်းစိမ်ကြီးကို စွန့်လွှတ်လျက် တောထွက်၍ ရသေ့ လုပ်ပြီးလျှင် ဈာန်အဘိညာဉ်ကို ရလေသည်။ |
30,230 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထို့နောက် မိုးကာလအခါဝယ် ဟိမဝန္တာ၌ မိုးများသောကြောင့် ဗာရာဏသီပြည်သို့ ကြွလာ၍ ဘုရင့် ဥယျာဉ်တော်မှာ သီတင်း သုံးတော်မူလေသည်။ |
30,231 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထိုဗာရာဏသီ ပြည့်ရှင်ကား ရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် မိတ်ဟောင်းပေတည်း။ |
30,232 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထို့ကြောင့် မြင်လျှင်မြင်ချင်း လွန်မင်းစွာကြည်ညိုရကား ဥယျာဉ်တော် အတွင်းမှာ သီတင်းသုံးရန် တောင်းပန် လျှောက်ထား၍ ပစ္စည်း လေးပါးဖြင့် ထောက်ပံ့လျက် နံနက်တိုင်း နန်းတော်မှာ မိမိကိုယ်တိုင် ဆွမ်းကပ်လေသည်။ |
30,233 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | အခါတပါး၌ကား တိုင်းပြည်ဝယ် သူပုန်ထသောကြောင့် ဘုရင့် ကိုယ်တိုင် နှိမ်နင်းရန် ထွက်ခါနီးမှာ ဆရာရသေ့ကို မမေ့ရစ်ဖို့ရန် မိဖုရားအား တန်တန်မှာပြီးမှ ထွက်သွားလေသည်။ |
30,234 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | မိဖုရားလည်း အချိန်မှန်မှန် ဆွမ်းပြုစု၍ တနေ့သောနံနက်မှာမူ ဆရာရသေ့မလာသေး သည့်အတွက် ကိုယ်လက် သန့်စင်အောင် နံ့သာရေမိုး ကောင်းစွာ ချိုး၍ ချောမွေ့နုနယ်သော အဝတ်ကို ဝတ်ဆင်ကာ ဆရာ ရသေ့အလာကို စောင့်မျှော်ယင်း သလွန် ပေါ်မှာ ခေတ္တ လျောင်းနေလေသည်။ |
30,235 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | အလောင်းတော် အရှင်ရသေ့လည်း အဘိညာဉ် သမာပတ် အစွမ်းဖြင့် ကောင်းကင်လမ်းက ကြွ၍လာခဲ့ရာ၊ လေသာနန်းတံခါး ပေါက်သို့ ရောက်သောအခါ “လျော်တေ” ခေါ်သော ရသေ့အဝတ်သံကို ကြား၍ ဗြူးကနဲ အထလိုက်တွင် အမြင်မတော်သော ကိုယ်တပိုင်းမှ ခါးဝတ် လျောကျသွားသည်ကို မြင်လေသော် သန့်ရှင်းသော စိတ်ဓာတ်ဝယ် ကိန်းဝပ် တည်နေသော အနုသယ မောဟသည် ရုတ်တရက် ထကြွ၍ ပရိယုဋ္ဌာ... |
30,236 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤ ဝတ္ထု၌ မောဟ၏ မိုက်မဲ ရမ်းကားမှုကို လေးလေး နက်နက် သတိပြုသင့်ကြပေသည်။ |
30,237 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤမောဟ မျိုးသာ မဝင်လာလျှင် အလောင်းတော် အရှင်ရသေ့သည် ထိုကဲ့သို့ မတရားအမှုကို ဘုရင့်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပေးသော်လည်း ပြုနိုင်မည် မဟုတ်ပါ။ |
30,238 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ယခုမောဟမှောင်ကြီး ဖိစီးကျရောက်ရကား ယခုဘဝအပြင် နောင် သံသရာအပြစ်တို့ကို မမြင်နိုင်တော့သဖြင့် မသင့်သောအမှုကို ပြုမိလေသည်။ |
30,239 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | တသက်လုံး အားထုတ်လာခဲ့သော ဈာန်အဘိညာဉ် ပညာများလည်း ယခုလိုအချက်ထဲ၌ မောဟအမှောင်ကို မဖျက်ခဲ့နိုင်ရုံမက၊ မောဟ၏ ဖိစီးမှုကြောင့် ဈာန်အဘိညာဉ်တို့သာ ကွယ်ပျောက်ရလေသည်။ |
30,240 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | သို့သော် အလောင်းတော် အရှင်ရသေ့ကား မူလက ပါရမီဓာတ်ခံ ရင့်သန်ပြီး ဖြစ်သောကြောင့် ဘုရင် ပြန်ရောက်လာသောအခါ လွန်စွာ သံဝေဂဖြစ်၍ လျှောကျသော ဈာန်ကို ပြန်ရအောင် အားထုတ်ကာလူ့ အနားနေလို့ ဤအမှုမျိုးဖြစ်ရသည်ဟု နောင်တရလျက် လူသူကင်းကွာသော ဟိမဝန္တာသို့ ပြန်ကြွလေသည်။ |
30,241 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | မသိတိုင်း မောဟဟု မမှတ်ရ |
30,242 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | မသိခြင်းသဘောကို မောဟဟု ဆိုသောကြောင့် မသင်ဘူးသော အတတ် – မရောက်ဘူးသော အရပ်နှင့် မမှတ်ဘူးသော နာမည် စသည်တို့ကို မသိခြင်းများလည်း မောဟအစစ် အကုသိုလ်ဖြစ်သည်ဟု မှတ်ထင်တတ်ကြ၏။ |
30,243 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထိုမသိမျိုးမှာ မသိရုံ သက်သက်သာဖြစ်၍ မောဟ အစစ် အကုသိုလ် မဖြစ်ပါ။ |
30,244 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | မိမိ၌ မှတ်သားဘူးသော သညာမရှိမှု သာတည်း။ |
30,245 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထိုမသိမျိုးမှာ သာမန်လူတွေကို မဆိုထားဘိ၊ ရဟန္တာများမှာပင် ရှိပါသေးသည်။ |
30,246 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဘုရားရှင်က လွဲလျှင် ပထမတန်းဉာဏ်တော်ရှင် ဖြစ်သော အရှင်သာရိ ပုတြာ သည်ပင် တပည့်ရဟန်းကလေးတပါး၌ ကမ္မဋ္ဌာန်း အပေးမှားတော် မူခဲ့သေး၏။ |
30,247 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ရဟန်းကလေးက ငယ်ရွယ်သူဖြစ်၍ ကာမရာဂ ထကြွချိန်ဟု သဘောပိုက်ကာ အသုဘကမ္မဋ္ဌာန်းကို ပေးတော်မူလေရာ၊ ရဟန်းကလေး၏ စရိုက်အလိုနှင့် မတဲ့သောကြောင့် ၄-လလုံးလုံး အားထုတ် ပါသော်လည်း အရိပ်နိမိတ်မျှမထင်ပဲ ရှိလေသတဲ့။ |
30,248 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထို့နောက် ဘုရားရှင်ထံခေါ်သွားမှ ဘုရားက စရိုက်နှင့်သင့်မြတ်အောင် ပဒုမ္မာကြာပန်းကို ဖန်ဆင်း၍ပေးတော်မူလေရာ လွန်စွာနှစ်သက် နေစဉ် မကြာခင် ညှိုးနွမ်းအောင် ဖန်ဆင်းပြ၍ သံဝေဂအရမှာ အနိစ္စ ဒုက္ခ အနတ္တ ထင်မြင်အောင် ဆင်ခြင်၍ ဟောပြသောအခါ ရဟန္တာ ဖြစ်သွားလေသည်။ |
30,249 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤနေရာတွင် ဘုရားရှင်၏ ညဏ်တော်ကြီးပုံနှင့် မောဟ ကင်းပြီး အရှင်သာရိပုတြာ၏ အချို့အရာ၌ မသိပုံကို သတိပြုခဲ့ပါ။ |
30,250 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤသို့လျှင် အရှင်သာရိပုတြာသော်မှ မိမိအရာမဟုတ်သော အချက်များကို မသိနိုင်သောကြောင့် ယခုကာလ မသင်ဘူးသောအတတ် စသည်နှင့် ဉာဏ်ကြီးရှင်တို့ အရာကို မသိခြင်းမှာ မောဟ၏ ကာကွယ်မှု မဟုတ်၊ မိမိဉာဏ်ပညာ၏အစွမ်းသတ္တိ နုံ့မှုသာဟုမှတ်ပါ။ |
30,251 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဥပမာ-နေ့လယ်ကြောင်တောင် နေရောင်ရှိတုန်း အခါ၌ အကွယ်အကာ မရှိသော အဝေးအရပ်ကို လှမ်း၍ မမြင်ရခြင်းမှာ တစုံတရာ ကွယ်ကာမှုကြောင့်မဟုတ်၊ မိမိမျက်စိ၍ အစွမ်းသတ္တိ မရှိခြင်းကြောင့်သာ ဖြစ်သကဲ့သို့တည်း။ |
30,252 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | မောဟ အကြမ်းအနု |
30,253 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ထိုပြခဲ့သော မောဟအစစ်တွင် အကုသိုလ်မှန်း၊ ကုသိုလ် အမှန်းကို ခွဲခြား၍ မသိအောင် ဖုံးလွှမ်းထားသော မောဟသည် အတော် ကြမ်းတမ်း ထူထဲ၏၊ ရုပ်နာမ် တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောကို မသိ၊ သစ္စာ လေးပါးကိုလည်း အတော်အတန် မသိ၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းကို မရိပ်မိသော မောဟ မျိုးကား (မောဟအကြမ်းကိုစာလျှင်) အတော် အတန် ပါးလှပ်သော မောဟပေတည်း။ |
30,254 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤမောဟနှင့် တွဲဖက်၍ဖြစ်သော စိတ်ကို “မောဟစိတ် အမိုက်စိတ်”ဟု ခေါ်၍ ထိုမောဟဓာတ် အားကြီးသူကိုလည်း “လူမိုက်၊ လူမဲ၊ လူမှောင်၊ လူပြိန်း၊ လူအ၊ လူန၊ လူထိုင်း၊ လူရိုင်း၊ လူဖျင်း”ဟု ယခုကာလ ခေါ် ခေါ်ရလေသည်။ |
30,255 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤလောကကြီးသည် အမှောင်အတိဖြစ်၍နေ၏။ |
30,256 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ဤလောကကြီးတွင် သတ္တဝါ အနည်းငယ်သာ ထူးထူးခြားခြားရှုမြင်နိုင်၏။ |
30,257 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | ပိုက်ကွန်ပြီးမှ လွတ်ထွက်နိုင်သော ငှက်သည် နည်းသကဲ့သို့ ထို့အတူ သေပြီးနောက် နတ်ပြည်ရောက်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။ |
30,258 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | (ဓမ္မပဒ-ပါဠိတော်) |
30,259 | Uncategorized | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မောဟအကြောင်း | မောဟအကြောင်း ပြီး၏။ |
30,260 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | လောဘ အကြောင်း |
30,261 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | လိုချင်မှု သဘောသည် လောဘတည်း။ |
30,262 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ထို့ကြောင့် “လောက သဘောလိုချင်ဟော၍”ဟု ဆိုခဲ့သည်။ |
30,263 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | “လိုချင်” ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘ ဖြစ်သည်။ |
30,264 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကို လိုချင်မှု၊ စာပေ တတ်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလို၍ ပစ္စည်း ဥစ္စာကို လိုချင့်မှု စသော ကောင်းသော အရာ၌ လိုချင်မှုမျိုးကား လောဘ မဟုတ်၊ နောက်၌ ပြမည့် ဆန္ဒသဘောသာ ဖြစ်ပေသည်။ |
30,265 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | လောဘ၏ အခြားနာမည်များ |
30,266 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဤလောဘကို “ပေမ”ဟု လည်းကောင်း၊ “တဏှာ”ဟု အခြား နာမည်များလည်းကောင်း၊ “ရာဂ” ဟုလည်းကောင်း၊ သမုဒယ ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံး နှုန်းကြ၏။ |
30,267 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ပေမ ဟူသော အမည်ကို သားသမီး မောင်နှမ ညီအစ်ကို သမီး ခင်ပွန်း စသော အိမ်သူ အိပ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မှုနှင့် ဆွေလို မျိုးလိုချစ်ခင်မှုတို့၌ သုံးနှုန်းကြရသည်။ |
30,268 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ပေမ-ဟူသော စကား၌ “ချစ်ခင်ခြင်း”ဟု အဓိပ္ပါယ်ရ၏။ |
30,269 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဤ ချစ်ခြင်းမျိုးကိုပင် “သံယောဇဉ်” ဟုလည်း တမျိုး ခေါ်ကြသေး၏။ |
30,270 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | သံယောဇဉ် ဟူသော စကား၌ “ကြိုး”ဟု အဓိပ္ပါယ်ရသည်။ |
30,271 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ တယောက်နှင့် တယောက်ကို မခွဲနိုင် မခွါရက်အောင် ချည်နှောင်ခြင်း-ဟု ဆိုလိုသည်။ |
30,272 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ ဤငါးပါးကို လူအများတို့ လိုလားအပ်သောကြောင့် “ကာမဂုဏ်ငါးပါး”ဟု ခေါ်၏။ |
30,273 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ကာမ-လိုလားအပ်သော+ဂုဏ-အနှောင်အဖွဲ့။ |
30,274 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ] ထမင်းဆာ-ရေငတ်သကဲ့သို့ ထိုကာမဂုဏ် အာရုံများကို သာမန် လိုချင်ရုံမကပဲ ကပ်ကပ်သတ်သတ်ငတ်ခြင်းကို “တဏှာ”ဟု သုံးစွဲရုံမက၊ မိန်းမ ယောက်ျား တဦးဦး၌ မရမက တွယ်ကပ်နေသူကို “တဏှာရူး” ဟုလည်း ခေါ်ကြလေသည်။ |
30,275 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | တဏှာ ဟူသော စကား၌ “တပ်မက်ခြင်း၊ ငတ်ခြင်း”ဟု အဓိပ္ပါယ်ရ၏။ |
30,276 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ထိုကာမဂုဏ်အာရုံ ငါးပါးတို့တွင် အတွေ့အာရုံ (မေထုန်မှု)ကို အလွန်လိုလားရာ၌ “ရာဂ”ဟု သုံးစွဲကြပြန်သည်။ |
30,277 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ရာဂ ဟူသော စကား၌ “ငြိကပ်ခြင်း-စွဲလမ်းခြင်း”ဟု အဓိပ္ပါယ် ရပြန်သည်။ |
30,278 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | (ရာဂ-အဝတ်ကို ဆိုးရည်ဖြင့် ဆိုးသောအခါ စွဲကပ်နေသကဲ့သို့ တယောက်အပေါ်၌ စွဲနေသော လောဘ)၊ ဤကား စာသုံးမဟုတ်၊ လောက အသုံးကို လိုက်၍ ခွဲခြင်းတည်း။ |
30,279 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | သစ္စာလေးပါး ခွဲခြားခန်း၌ကား ဤလောဘကို “သမုဒယ”ဟု သုံးနှုန်း ပြန်သည်။ |
30,280 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | သမုဒယ ဟူသော စကား၌ “ဒုက္ခဖြစ်ကြောင်းဒုက္ခလောင်း”ဟု အဓိပ္ပါယ် ရပြန်၏။ |
30,281 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ပြခဲ့သော ပေမ-တဏှာ-ရာဂဟု ခေါ်ဆိုရသည့် လောဘ မကင်းနိုင်သောကြောင့်သာ သံသရာ၌ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲ၍ တဝဲလည်လည် နေကြရသည်။ |
30,282 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ယခုအခါ သူသူ ငါငါ တွေ့နေကျဖြစ်သော ဒုက္ခကြီးငယ် အသွယ်သွယ်သည် ဤ တဏှာလောဘ သမုဒယကြောင့်သာ ဖြစ်ရကား “လောဘကြီးလျှင် ဒုက္ခကြီး၏၊ လောဘ ငယ်လျှင် ဒုက္ခငယ်၏၊ လောဘ မရှိလျှင် ဒုက္ခ မရှိတော့ပြီ”ဟု ဆိုလိုသည်။ |
30,283 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဤ လောဘနှင့် အတူ ဖြစ်ရသော စိတ်ကို “လောဘစိတ်၊ တဏှာစိတ်၊ ရာဂစိတ်၊ သံယောဇဉ်စိတ်”ဟု ခေါ်၍ လူကိုလည်း “လောဘကြီးသူ၊ တဏှာကြီးသူ၊ ရာဂကြီးသူ၊ သံယောဇဉ်အားကြီးသူ”ဟု ခေါ်ဝေါ်ရလေသည်။ |
30,284 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | တဏှာလောဘ နောက်မဆုတ်ပုံ |
30,285 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဤ တဏှာပေမ သမုဒယ သံယောဇဉ်ဟု ခေါ်ရသော လောဘသည် တရားဖြင့် မထိန်းနိုင်ပဲ သူ့ အလိုဆန္ဒ အတိုင်းသာ ဦးစားပေးလိုက်ပါမူ မည်သည့်အခါ နောက်ဆုတ်မည်မဟုတ်။ |
30,286 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | နွားကလေး၏ပေါက်ခါစ ဦးချို့သည် ကြီးလေ-ရှည်လေ ဖြစ်သကဲ့သို့ ပဋိသန္ဓေကပင် မျိုးစေ့ ပါလာခဲ့သော ဤ တဏှာလောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင် ဖြစ်၏။ |
30,287 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ထိုကဲ့သို့ လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက် “မောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်”ဟု ပြောစမှတ်ပြုကြသည်။ |
30,288 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဆားငန်ရေသောက် |
30,289 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဖွားမြင်သည်ကစ၍ မိဘချစ်ရ-ဆွေမျိုးဉာတိချစ်နှင့် ချစ်လက်စ တီထွင်တာ အတော်ကြာလျှင် ကစားဖော်ချင်း ချစ်ရ-မိတ်ဆွေချင်းချစ်ရ စသည်ဖြင့် ဝမ်းတွင်းပါ ဓမ္မတာ တရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ၊ သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက် ထပ်၍သောက်၊ သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ် အာရုံ တွေကို ငတ်ငတ်ရှိ... |
30,290 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | “အချစ် အချစ်၊ ချစ်တိုင်း ချစ်၍၊ ချစ်လေ ချစ်လေ၊ ချစ်မပြေတည်း။ |
30,291 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဆားငန်ရေနောက်၊ ငတ်တိုင်း သောက်က၊ သောက်လေ သောက်လေ။ |
30,292 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ငတ်မပြေဘို့၊ ပေမ အရာ၊ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း၊ အပြစ် မမြင်၊ မဆင်ခြင်ပဲ၊ ချစ်လျှင် ပျော်နိုး ချစ်စပျိုးသည်၊ ချစ်ရိုးချစ်စဉ်၊ ချစ်လမ်းတည်း။ |
30,293 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ” ရှေးပညာရှိ ပျို့။ |
30,294 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | လောဘသက်သက် အပါယ်ချပုံ |
30,295 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | လောဘသည် ကုသိုလ် အထောက် အပံ့ မရပဲ သူ့ချည်း သက်သက် စဉ်းစားလျှင် သေးငယ်သော လောဘပင် အပယ်ချနိုင်၏။ |
30,296 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဥပမာ-ကျောက်ခဲမှန်လျှင် အငယ်ဆုံး ကျောက်မှုန့်ကလေးပင် ရေထည်းမှာ နစ်ရသကဲ့သို့တည်း။ |
30,297 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ထို့ကြောင့် စုတေခါနီး၌ သမီးခင်ပွန်းအပေါ် စွဲလမ်းမှု၊ သမီးသားနှင့် စီးပွားဥစ္စာ တစုံတရာကို စွဲလမ်းမှုကြောင့် ပြိတ္တာဖြစ်ရသူတွေ များလေသည်။ |
30,298 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ငါတို့ဘုရားလက်ထက်၌ ရဟန်းတော်တပါးကား သင်္ကန်းသစ်ကလေးကို စွဲလမ်းသွားသည့်အတွက် သင်္ကန်းမှာ လာ၍ သန်း ဖြစ်ရလေသည်။ |
30,299 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ၇-ရက်လည်မှ သန်းဘဝက ကျွတ်လွတ်သတဲ့။ |
30,300 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ကုသိုလ်ကောင်းမှု အကူအညီ အပါယ်မချပုံ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.