id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
30,301 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | တယောက်နှင့် တယောက် ချစ်ခင်မှု ခေါ် တဏှာပေမ ဖြစ်နေကြသော်လည်း ကုသိုလ်ကောင်းမှု အကူအညီရလျှင် အပါယ်သို့ မချနိုင်ချေ။ |
30,302 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဥပမာ-ကျောက်ခဲသည် သူ့ချည်းသက်သက် ဆိုလျှင် ရေ၌နစ်သော်လည်း လှေ အကူအညီရလျှင် ရေမနစ်ပဲ လှေ၏အလိုကျ လှေပေါ်မှာ ပါရသကဲ့သို့တည်း။ |
30,303 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ထို့ကြောင့် ဇာတ်ဝတ္ထုတို့၌ တဏှာပေမ မကင်းသူချင်း ရင်းနှီးစွာ အကျိုးပေးလျက် ပါရမီဖြည့်ဖက်များ ဖြစ်ကြလေသည်။ |
30,304 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | သမီးခင်ပွန်းတို့ စိတ်တူ သဘောတူ ဖြစ်ကြသောအခါ တယောက်ကို တယောက် မခွဲခွါလိုကြ။ |
30,305 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | သံသရာဝယ် ပါရမီ အတူဖြည့်ကာ နိဗ္ဗာန်ကို ရလိုကြ၏။ |
30,306 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | အလောင်းတော် သုမေဓာဘဝ၌ ယသော်ဓရာအလောင်း “သုမိတ္တာ” မည်သော အမျိုးကောင်းသမီးကလေးသည် ဘုရားအလောင်းနှင့် မကွဲမကွာ ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့၏။ |
30,307 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | အရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါ အလောင်းလည်း ကမ္ဘာပေါင်းများစွာဝယ် ပါရမီကို အတူ ဖြည့်ခဲ့ကြသည်။ |
30,308 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဤသို့ ဖြစ်ခဲ့ရာဝယ် “နောက်၌ ပြမည့် ဆန္ဒ သဘောလား၊ တဏှာပေမ လောဘ သဘောလား”ဟု စဉ်းစားထိုက် ပေသည်။ |
30,309 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ပြခဲ့သော ဇာတ်လမ်းတွင် ပါဝင်သောအရှင်တိုကား စင်စစ်သူတော်ကောင်းများ ဖြစ်ကြသည်။ |
30,310 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | သူတော်ကောင်းနှင့် အဆင့်ဆင့် ပေါင်းလိုခြင်းမှာ တမင်္ဂလာ ဆုတောင်းရသော ကုသိုလ်ဆန္ဒ ကောင်းပေတည်း။ |
30,311 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ထိုအရှင်တို့သည် ပါရမီကို ကြိုးစားနေသော သီလရှိသူများလည်း ဖြစ်ကြသည်။ |
30,312 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ကျန်းဂန်တို့၌ “သီလရှိသူမှာ တောင့်တတိုင်း ပြည့်စုံနိုင်သည်။ |
30,313 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဆန္ဒရှိလျှင် ဘယ်အရာမဆို ပြီးစီးနိုင်သည်”ဟု အဆိုရှိ၏။ |
30,314 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ထို့ကြောင့် ထိုအရှင်တို့၌ တယောက်နှင့်တယောက် မကွဲအောင် တွယ်တာသော တဏှာ ပေမ ရှိကြမည် ဖြစ်သော်လည်း ကြီးမားသော ကုသိုလ်ဆန္ဒကြောင့် အလောင်း အလျာကို အလိုကျအောင် ပြုသမျှ ကုသိုလ်ကံတွေက တွဲဖက်၍ စီမံသဖြင့် ဥမကွဲသိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရပေသည်။ |
30,315 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/လောဘအကြောင်း | ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ=ရဟန်း များတို...သီလရှိသူမှာ (သူ၏တောင့်တမှုက စင်ကြယ်သည့်အတွက်) စိတ်တောင့်တတိုင်း ပြည့်စုံနိုင်သည်။ |
30,316 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဝိစိကိစ္ဆာ အကြောင်း |
30,317 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဘုရား စသည်၌ ယုံမှားခြင်း သဘောသည် ဝိစိကိစ္ဆာတည်း။ |
30,318 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ထို့ကြောင့် “ဘုရား စသည့်၊ ယုံမှားဘိမူ၊ ဝိစိကိစ္ဆာ”ဟု ဆိုခဲ့သည်။ |
30,319 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | “ယုံမှား” ဟူသည် လုံးလုံး မယုံခြင်းမျိုးလည်း မဟုတ်၊ စိတ်ချလက်ချလည်း မယုံကြည်ပဲ “မယုံ တဝက် ယုံတဝက်” ဆိုသလို ဖြစ်နေခြင်းမျိုးတည်း။ |
30,320 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဤ ဝိစိကိစ္ဆာ၏ မယုံမှု များကား-- |
30,321 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ၁။ အလုံးစုံကို အကုန်သိသော ဘုရားဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား။ |
30,322 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ၂။ ထိုတရားအတိုင်း ကျင့်လျှင် နတ်နိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား၃။ |
30,323 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | (ကောင်းမွန်စွာ ကျင့်သော သံဃာကို ကြည့်၍) ကောင်းမွန်စွာ ကျင့်သော သံဃာ ဟုတ်မှ ဟုတ်ရဲ့လား။ |
30,324 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ၄။ ငါတို့ ကျင့်ကြံ စောင့်ရှောက်အပ်သော သီလသိက္ခာပုဒ်များ အကျိုးရှိမှ ရှိပါ့ မလား။ |
30,325 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ၅။ ငါတို့ ရှေးရှေး ဘဝက ဖြစ်ခဲ့မှ ဖြစ်ခဲ့ဖူးရဲ့ လား။ |
30,326 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | (ယခုဘဝမှ ထာဝရဘုရား-ဖန်ဆင်းလို့ ဖြစ်ရတာလေလား)၆။ |
30,327 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | နောက်၌ ရောက်ဖို့ရာဘဝ ရှိသေးတယ်ဆိုတာ ဟုတ်ပါ့မလား။ |
30,328 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | (ယခုဘဝသေလျှင် ပြီးချင် ပြီးနေမလား)၇။ |
30,329 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ပြုသမျှကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ သတ္တိ ကျန်ရစ်တယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ |
30,330 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | (ကံကို မယုံကြည်ပုံ)၈။ |
30,331 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ထိုကံ၏ အကျိုးများကို ရလိမ့်မည်ဆိုတာ ဟုတ်ပါ့မလား။ |
30,332 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | (ကံ၏ အကျိုးကို မယုံကြည်ပုံ)၉။ |
30,333 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း အစရှိသော အကြောင်း အကျိုးစပ်ပုံသည်ဟုတ်မှ ဟုတ်ပါ့မလား။ |
30,334 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | (ပဋိစ္စသမုပ္ပါဒ်ကို မယုံကြည်ပုံ)။ |
30,335 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဤသို့ ဘုရား စသည်၌ မယုံကြည်ခြင်းကိုသာ ဝိစိကိစ္ဆာဟု မှတ်ပါ။ |
30,336 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဤဝိစိကိစ္ဆာကို “သံသယ ဖြစ်ခြင်း” ဟုလည်း ဆိုကြသည်။ |
30,337 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဝိစိကိစ္ဆာ |
30,338 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | စာအဓိပ္ပါယ်ကိုဖြစ်စေ၊ တစုံတခု အမှုကိစ္စကို ဖြစ်စေ၊ ခရီးသွားရာ၌ လမ်းကိုဖြစ်စေ၊ “ဟုတ်မှ ဟုတ်ပမလား၊ ပြုလို့ တော်ပါ့မလား” စသော ယုံမှား သံသယများ ဖြစ်တတ်၏။ |
30,339 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ရဟန္တာ များပင် ဝိနည်းတော်ဆိုင်ရာ၌ “ဤ အမှုဟာ အပ်မှအပ်မလား”ဟု ယုံမှားတော်မူကြသေး၏။ |
30,340 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဤ ယုံမှားသံသယ ဝိစိကိစ္ဆာ မဟုတ်။ |
30,341 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | တချို့ အရာ၌ စဉ်းစား ကြံစည်တတ်သော ဉာဏ်၊ တချို့ အရာ၌ အကြံသက်သက် ဝိတက် သဘောသာ ဖြစ်၏။ |
30,342 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဧကန်ယုံထိုက်သော ဘုရား စသည်ကို မယုံသင်္ကာ ဖြစ်နေရာ၌သာ ဝိစိကိစ္ဆာအစစ်ဖြစ်သည်။ |
30,343 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဤသို့ ဝိစိကိစ္ဆာဖြစ်သောအခါ ပညာရှိများ အထံ မေးမြန်းရမည်။ |
30,344 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | သို့မှသာ ဝိစိကိစ္ဆာ ကင်းကွာလျက် ဘုရား စသည်တို့၌ ယုံကြည်မှု သဒ္ဓါတရား ဖြစ်ပေါ်လာ နိုင်ပေမည်။ |
30,345 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဤပြခဲ့သော စကားအစဉ်ဖြင့် စိတ်ကို မကောင်းအောင် ခြယ်လှယ်စာတ်သော အကုသိုလ်စေတသိက်များကို နိဂုံးအုပ်ပါတော့မည်။ |
30,346 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ပြခဲ့သော အကုသိုလ်တို့သည် သူသူကိုယ်ကိုယ် သန္တာန်၌ တွေ့မြင်နိုင်သော စေတသိက်များ ဖြစ်၏။ |
30,347 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | တကမ္ဘာလုံး ထိုတရားဆိုးများ သောင်းကျန်းလျက်ရှိသောကြောင့်သာ ဒုက္ခအဖုံဖုံကို နေ့စဉ်နှင့်အမျှ တွေ့ကြုံ ကြားသိ နေကြရလေသည်။ |
30,348 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဤသို့ စိတ်ဆိုး စိတ်ယုတ်မာဖြစ်အောင် ခြယ်လှယ်တတ်သော အသိုလ် တရားစုကို သိသာ ထင်ရှား အများ နားလည်အောင် ကြိုးကြိုးစား ရေးသားပြုစု၏ ကောင်းမှုကြောင့် ငါ့သန္တာန်၌ အကုသိုလ်တရား နည်းပါး သည်ထက် နည်းပါးပါစေ။ |
30,349 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ငါ၏ အဆက်အသွယ် ကြီးကြီးငယ်ငယ်တို့လည်း စိတ်ကောင်းရှိသူတွေသာ ဖြစ်ကြပါစေ။ |
30,350 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | ဤကျမ်းကိုကြည့်ရှုကြသူ အများလူလည်း စိတ်ကောင်းရှိသူတွေ ဖြစ်ကြပါစေ။ |
30,351 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | အကုသိုလ်မျိုး၊ စိတ်ယုတ်ဆိုးကို ကြိုးကြိုးစားစား၊ ရေးသည့်အားကြောင့်၊ အများ လူပေါင်း၊ စိတ်ယုတ်ပြောင်း၍၊ စိတ်ကောင်းရစေ၊ ငါ့အနေမှု၊ ဘဝေ ဘဝ၊ ဖြစ်သမျှ၌၊ ပါပ ညစ်ညမ်း၊ အပြစ် သွမ်းတို့၊ ကုန်ခန်းပျောက်လွင့်၊ စိတ်ကောင်း တင့်၍၊ ငါနှင့် ဆက်သွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ် နည်းတူ၊ စိတ်ကောင်း ယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။ |
30,352 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/ဝိစိကိစ္ဆာ အကြောင်း | စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ် စေတသိက်များ ပြီးပြီ။ |
30,353 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | သာဌေယျ အကြောင်း |
30,354 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | မာယာနှင့်စပ်၍ သာဌေယျ အကြောင်းကိုလည်း မှတ်သားထိုက်၏။ |
30,355 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | အခြား သူတို့ အထင်ကြီးအောင် မိမိမှာမရှိသော ဂုဏ်ကို ရှိဟန်ဆောင်တတ်သော လောဘတမျိုးကိုပင်။ |
30,356 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | “သာဌေယျ”ဟု ခေါ်သည်။ |
30,357 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | မာယာသည်ရှိသော အပြစ်ကို ဖုံးကွယ်၍ မိမိမှာ အပြစ်ကင်းဟန်ဆောင်၏။ |
30,358 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | သာဌေယျကား မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်သည်။ |
30,359 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ထို၂-မျိုးလုံးပင် အလိမ်ဉာဏ်၊ အပလီဉာဏ်၊ အကောက်ဉာဏ် မျိုးချည်းတည်း။ |
30,360 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ဘုန်းကြီးများ သာဌေယျ |
30,361 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | သီလမရှိပဲ သီလရှိဟန်၊ အကျင့် မကောင်းပဲ အကျကောင်းဟန်၊ စာပေ မတတ်ပဲ စာပေ တတ်ဟန်ဆောင်ခြင်းသည် “သားဌေယျ ပင်တည်း။ |
30,362 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ပါးနပ်သော ဒကာများနှင့် မတွေ့သမျှ ထိုဟန်ဆောင်မှု သာဌေယျသည် ထိုပုဂ္ဂိုလ်မှာ အကျိုးရလျက် ရှိ၏။ |
30,363 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ပါးနပ် သူတို့နှင့် တွေ့စေကာမူ ထိုသူတို့က “ငါတို့ အနေသာချည်းပဲ၊ သူ့ဘာသာသူ ညာချင် ညာပေစေ”ဟု သဘောထားသောကြောင့် လည်းကောင်း၊ ရင်းနှီး၍ ပါးနပ်သူတို့ကမူ မိမိဆရာ၏ အရည်အချင်း မရှိကြောင်းကို အခြားသူတို့ သိမည် စိုးသောကြောင့် လည်းကောင်း၊ ထိုသူ၏ ဟန်ဆောင်မှု သာယျသည် ယခုဘဝအတွက် အကျိုးရလျက်ပင်။ |
30,364 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | လူများ သာဌေယျ |
30,365 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | သီလ မရှိပဲ သီလ ရှိဟန်၊ သမာဓိ မရှိပဲ သမာဓိ ရှိဟန်၊ စွမ်းရည် သတ္တိ မရှိပဲ စွမ်းရည်သတ္တိ ရှိဟန်၊ ပညာ မရှိပဲ ဘီအေ၊ အမ်အေ အောင်ဟန်၊ ဥစ္စာ မရှိပဲ ဥစ္စာ ရှိဟန် စသည်ဖြင့် လူတို့၏ ဟိတ်ဟန်ထုတ်မှု သာဌေယျလည်း များလှပေသည်။ |
30,366 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | မာယာသာဌေယျတို့ ဆိုးရွားပုံ |
30,367 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ဤ မာယာ သာယျတို့သည် ဖြစ်ရိုး ဖြစ်စဉ်လိုချင်မှု လောဘထက်ပင် လောက၌ ဆိုးရွာ၏။ |
30,368 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ထင်ရှားစေအံ့- ဘုန်းကြီးများမှာ သီလ သမာဓိ ပညာမရှိပဲ ရှိဟန်ဆောင် နေသည့်အတွက် သီလ သမာဓိ ပညာ အမှန်ရှိသော ပုဂ္ဂိုလ်များကို မိမိနှင့် တန်းတူထား၍ ဝါကြွား ပြောဆိုရတော့မည်။ |
30,369 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ထိုသို့ ပြောဆိုမိသည့်အတွက် ဘဝသံသရာ၌ ကိုယ်ကျိုးနစ်နာခဲ့လေပြီ။ |
30,370 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ထိုဘုန်းကြီး မျိုးကို ကိုးကွယ် ထားသော ဒကာ ဒကာမတို့မှာလည်း အသိ အလိမ္မာ တိုးပွားဖို့ မရှိသည့်အပြင် လှူဒါန်းရာ၌လည်း ပစ္စည်း ကုန်သလောက် အကျိုးမများ တော့ချေ။ |
30,371 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | လူတို့တွင်လည်း သီလ သမာဓိ မရှိပဲ ရှိဟန်ဆောင်နေကြသော ကြောင်သူတော်များကြောင့် အမျိုးသမီးကလေးတွေ ပျက်စီးရ၏။ |
30,372 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ထိုလူကြီးလူကောင်း အခေါ်ခံနေသူတို့၏ ဆိုးရွားသော မတရားအသက် မွေးမှုကြောင့် မြို့ ရွာ နယ်ပယ်ရှိ လူအများလည်း အကျင့်စာရိတ္တ ပျက်ပြား ရ၏။ |
30,373 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | စွမ်းရည်သတ္တိ မရှိပါပဲလျက် စွမ်းရည် သတ္တိ ရှိဟန်ဆောင်၍ ခေါင်းဆောင် အခေါ်ခံနေသူတို့အတွက် နောက်လိုက် ငယ်သားတို့အသက်စည်းစိမ့် ကိုပါ ဆုံးရှုံးကြ ရုံမက၊ ထီးကျိုးစည်ပေါက်၍ တိုင်းပြည်ပါ မှောက်တတ်လေသည်။ |
30,374 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ပစ္စည်း ဥစ္စာ အရည်အချင်း မရှိပါပဲ ရှိဟန်ဆောင်ကြသော မာယာသာဌေယျသမား လူလိမ်ကြီးများကို ယုံမှားမိကြ၍ ယခုကာလ လက်ထပ် ထိမ်းမြားသော အချို့ မင်္ဂလာတွေမှာ ပေါင်းမိကြသောအခါ မင်္ဂလာ မစစ်နိုင်တော့ပဲ အမင်္ဂလာ အဖြစ်သို့ ပြောင်းလဲရှာရလေသည်။ |
30,375 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ဆက်ဦးအံ့---လက်ထပ် မင်္ဂလာပြုကြရာ၌ ၂-ဘက်လုံးမှာ ဖြစ်စေ၊ တဘက် ဘက်မှာ ဖြစ်စေ ရှိနေသော အပြစ် အနာများကို ဖုံးကွယ်ထားသော မာယာနှင့် မရှိသော ဂုဏ်သိန် စည်းစိမ်ကို ရှိဟန်ဆောင်မှု သာဌေယျေတို့ ပါနေကြပါမူ လက်ထပ်ပြီးနောက် မကြာမီ ပေါ်ပေါက်ပါလိမ့်မည်။ |
30,376 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ထိုအခါ မိမိအား လှည့်စား သူကို (ဆွေမျိုးတစုကို) မြတ်နိုးနိုင် ပါဦးမည်လော။ |
30,377 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | မမြတ်နိုးပဲ ပေါင်းသင်းနေရလျှင်ကော စိတ်ချမ်းသာ နိုင်ပါဦးမည်လော။ |
30,378 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | အိမ်ထောင်ဘက်” ဟူသည် တဏှာဖြင့် ချစ်ရုံတွင်မက၊ မေတ္တာစစ်ဖြင့် မြတ်နိုးမှုလည်း ပါရှိရပါသေးသည်။ |
30,379 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ဗုဒ္ဓဘာသာဝင်တို့၏ လက်ထပ် မင်္ဂလာမှုသည် ယခု တဘဝနှင့် ကိစ္စပြီးနိုင်ကြသည် မဟုတ်ပေ။ |
30,380 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | စိတ်တူ သဘောတူ ကြည်ကြည်ဖြူဖြူ ရှိကြပါမူ ဘုရားသွား ကျောင်းတက် အလှူရေစက်တို့က နောက်နောင် သံသရာအတွက် ဆက်လက် ပေးတတ်ကြလေသည်။ |
30,381 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | (အားလုံး ပေးလိမ့်မည်ဟု မဆိုလို၊ ပေးတတ်သည်ဟု ဆိုလိုပါသည်။ |
30,382 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ) ထိုကဲ့သို့ မဖြူစင်ကြပဲ၊ မာယာ သာဌေယျတို့ကို အရင်းခံခဲ့ပါလော။ |
30,383 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | တဘဝတွင် မက၊ အတူပြုရသမျှ ကုသိုလ်တို့၌လည်း စိတ် မထက်သန်ရကား နောက်နောင်သံသရာတိုင်အောင် အကျိုးနည်းဖွယ်ရှိ၏။ |
30,384 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ထို့ကြောင့် လက်ထပ် မင်္ဂလာပြုမည်ဟု ကြံစည်စကပင် မာယာသာဌေယျမနှော စင်းလုံးချော မင်္ဂလာ ဖြစ်စေသင့်ကြပါသည်။ |
30,385 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ဤသို့လျှင် မာယာသာယျသည် တဦးတယောက်ကို ဖြစ်စေ၊ လူအများ ကိုဖြစ်စေ၊ တတိုင်းပြည်လုံးကိုဖြစ်စေ၊ (ဘုရား မဟုတ်ပဲ ဘုရားလုပ်နေသူ တိတ္ထိ များကဲ့သို) တကမ္ဘာလုံးကိုဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန် ယုတ်မာဆိုးရွားသော တရားဟု ဆိုထိုက်ပေသည်။ |
30,386 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သာဌေယျ အကြောင်း | ထိုမျှလောက် ဆိုးရွားသော်လည်း ယခုကာလ၌ အများအပြား ဖြစ်လျက်ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထိုမာယာဌေယျသမား လူအများတွင် မပါဝင်ကြစေပဲ မရိုးမသား ဆိုးရွားသော တရားတို့ကို မိမိသန္တာန်မှာလည်း မဖြစ်အောင် မိမိနှင့် ဆက်သွယ်သူများ၌လည်း မဖြစ်စေရအောင် အထူး သတိထားကြပြီးလျှင် ဖြူစင် ထက်မြက် သွက်လက် ... |
30,387 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | သောက အကြောင်း |
30,388 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | ဝမ်းနည်းမှုကို “သောက”ဟု ခေါ်သည်။ |
30,389 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | နောက်၌ ပြမည့် ဒေါမနဿ ဝေဒနာ စေတသိက်ကိုပင် ဝမ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာ ဖြစ်ရာ၌ “သောက”ဟု ခေါ်ရလေသည်။ |
30,390 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | ဤ သောကဖြစ်တိုင်း ဒေါသလည်းပါနေသောကြောင့် ဒေါသနှင့်စပ်၍ သောကအကြောင်းကိုလည်း သိသင့်သည်။ |
30,391 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | သောက၏ ဝမ်းနည်းမှုသည် ယခု လူတို့၌ များပြားလှချေ၏။ |
30,392 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | မိမိနှင့် ချစ်ခင် နေသော ဆွေမျိုး စသည်တို့ ပျက်စီး၍ ဝမ်းနည်းရခြင်း၊ စည်းစိမ် ဥစ္စာ ပျက်ဆီး ဆုံးရှုံး၍ ဝမ်းနည်းရခြင်း၊ မိမိ၏အကျိုးကို လိုလားသော မိတ်ဆွေများ၌ ဥစ္စာစည်းစိမ်ပျက်၍ ဝမ်းနည်းခြင်းများသည် သောကချည်းတည်း။ |
30,393 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | ဒေါမနဿ တမျိုး |
30,394 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | “သောက”ဟု ထင်မှားနေသော ဒေါမနဿ တမျိုးလည်း ရှိသေး၏။ |
30,395 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း၊ အရပ်တပါး သွားသောအခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း၊ ကလေးသူငယ် လူမမယ်အတွက် အရာရာမှာ စိုးရိမ်ခြင်း၊ ဤသို့ စသည်ဖြင့် စိုးရိမ်ကြောင့်ကြမှု များရုံတွင်မက၊ “ငါမရှိလျှင် သူတို့တော့ခက်ရစ်တော့ မှာပဲ”ဟု နောက်ဆက်တွဲ စိုးရိမ်မှုတို့မှာ သောကမဟုတ်၊ ရိုးရိုးဒေါမနဿသာတည်း။ |
30,396 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | စိုးရိမ်လို့ အကျိုးရှိရဲ့လား |
30,397 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | ပြခဲ့သော စိုးရိမ်မှုများသည် သက်သက်သာသာ ဖြစ်ကြသည် မဟုတ်။ |
30,398 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | စိတ်နှလုံးကို ထိခိုက်စေ၍ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းခြင်း၊ ပူပန်ခြင်းဖြင့် ဖြစ်ကြရသည်။ |
30,399 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | ထိုမျှလောက် စိတ်ပန်း-ကိုယ်ပန်း မချမ်းမမြ စိုးရိမ်ကြောင့်ကြမှုကြောင့် တစုံတခုကောင်းကျိုး ရလျှင် တော်ပါသေး၏။ |
30,400 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း | စင်စစ်မှာ စိတ်နှလုံး၏ ပူလောင်ခြင်းမှတပါး ကောင်းကျိုးဘက်က တချက်မျှ မရှိချေ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.