id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
30,401
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
ထို့ကြောင့် မည်သူ့အတွက်ဖြစ်ဖြစ် အကျိုးမဲ့ အချည်းနှီး အစိုးရိမ်ကြီးနေမည့်အစား ထိုသို့ စိုးရိမ်ဖွယ်မရှိအောင် သတိ ကြီးစွာဖြင့် ကြိုတင်၍ စီစဉ်သင့်ကြပါသည်။
30,402
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
ဥပမာ-ငယ်ရွယ်သူတို့အတွက် ဖျားနာမှုကို စိုးရိမ်ရမည့်အစား အဖျားအနာကို ကာကွယ်ဖို့ရာ အသွားအလာ အစားအသောက်ကိုသာ သင့်တင့်အောင် စီစဉ်သင့်၏။
30,403
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
ထိုသို့ စီစဉ်ပါလျက် ဖျားနာလာလျှင် ဆရာခေါ်သာ တာဝန်ရှိ၏။
30,404
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
အရပ်တပါးသို့ သွားလာရာ၌ စိုးရိမ်ဖွယ်ရှိလျှင် မသွားအောင် တားမြစ်ဖို့ တာဝန်ရှိ၏။
30,405
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
မလွဲသာ၍ သွားစေရလျှင် စိတ်ချရသော နည်းကို စီစဉ်ပေးဖို့ တာဝန်ရှိ၏။
30,406
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
ငါမရှိလျှင် ဖြစ်ပုံမရ သူတို့အတွက် ငါမရှိလျှင် မည်သူ စောင့်ရှောက်လိမ့်မည်ဟု စိတ်ချရလောက်သူ အထံ အပ်နှံထားဖို့ တာဝန်ရှိ၏။
30,407
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
ထိုကဲ့သို့ စိုးရိမ်တတ်သူ လူကြီး၊ သို့မဟုတ် ခေါင်းဆောင်၏ တာဝန်ကျေပွန် ပါလျက် စီစဉ်တိုင်း မလိုက်နာမှုနှင့် တစုံတခု အန္တရာယ်ဖြစ်ခဲ့သော် (သေတန်လျှင်-သေခဲ့ပါစေ) မပူပန်လေနှင့်။
30,408
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
အစီအစဉ်တိုင်း မလိုက်နာသူတွေအတွက် ပူပန်နေဦးမည်ဆိုလျှင် ထိုသူ့ ကိုမိုက်မဲဖျင်းအ အသုံးမကျသော အဆင့်အတန်းမှာပင် ရှိသေးသူဟု မှတ်ပါ။
30,409
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
မှန်၏။ -ယခုခေတ်၌ ဆရာသမားနှင့် မိဘစကားကို မလိုက်နာသူတွေ များလှ၏။
30,410
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
ထိုမလိုက်နာမှုကြောင့် ဒုက္ခဖြစ်ရသူတွေလည်း မနည်းလှချေ။
30,411
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/သောက အကြောင်း
ထိုသူတ္တိအတွက် ဆရာ မိဘတို့ ဝမ်းနည်းထိုက်ပါ သလော။
30,412
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
အနောတ္တပ္ပ အကြောင်း
30,413
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
မကြောက်မလန့်ခြင်း သဘောသည် အနောတ္တပ္ပတည်း။
30,414
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ထို့ကြောင့် “အနောတ္တပ္ပ-မလန့်ဟူ၏”ဟု ဆိုခဲ့ရပေသည်။
30,415
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
အကုသိုလ် ဒုစရိုက်တွေသည် မီးတောက်မီးလျှံ တွေနှင့်တူ၏။
30,416
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
အနောတ္တပ္ပကား ပိုးပရန်နှင့်တူလေသည်။
30,417
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ချဲ့ဦးအံ့--မီးတောက် မီးလျှံသည် ကြောက်မက်ဖွယ် အလွန်ကောင်း၏။
30,418
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
သို့သော် “ပိုးပရန်”ဟု ခေါ်သော ပိုးကောင်ကလေးကား ထိုမီးလျှံကို ကြောက်၍ ဖွယ်ဟု မထင်ပဲ ရဲရဲကြီးတိုးကြလေသည်။
30,419
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ထို့အတူ အကုသိုလ် ဒုစရိုက်များသည်လည်း ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့်အတွက် ကြောက်မက်ဖွယ် ကောင်းလှ၏။
30,420
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
သို့သော် ထိုဒုက္ခဘေးတွေကို မောဟက ဖုံးကွယ် ထားမှုအတွက် အနောတ္တပ္ပက ကြောက်လန့်ဖွယ်ကို မမြင်တော့ပဲ ရဲရဲကြီး ပြုဝံ့လေသည်။
30,421
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
အကုသိုလ် ဒုစရိုက်များနှင့် စပ်၍ တွေ့ရတတ်သော ဘေးတို့ကား
30,422
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
၁။ အတ္တာနုဝါဒဘေး-သူတပါးက “ငါ့ကို လူကြီး လူကောင်း၊ သူတော်ကောင်း”ဟု အထင်ကြီးကြသော်လည်း ငါ့အကြောင်းကို ငါသာ သိ၏။
30,423
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ငါသည် သူတို့ ထင်သလို ကောင်းသော သူတော်ကောင်း မဟုတ်ချေ။
30,424
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
“မကောင်းမှု ဒုစရိုက်များကို ခိုးကြောင် ခိုးဝှက် ပြုလုပ်လေ့ရှိသော လူယုတ်မာ တယောက် ဖြစ်သည်”ဟု မိမိကိုယ်ကို မိမိ ပြန်၍ စွပ်စွဲ ကဲ့ရဲ့ခြင်း၊ မိမိကိုယ်တိုင် မကြည်ညိုနိုင်ခြင်း ဘေးတည်း။
30,425
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
[အတ္တ=မိမိကိုယ်ကို+အနုဝါဒ=စွပ်စွဲခြင်း။
30,426
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ပရာနုဝါဒဘေး -“အကုသိုလ် ဒုစရိုက်များကို ပြုနေသော လူယုတ်မာပဲ”ဟု သူတပါးတို့က စွပ်စွဲကဲ့ရဲ့ခြင်း၊ အထင်သေး အမြင်သေး ခံရခြင်းဘေးတည်း။
30,427
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
[ပရ= သူတပါးတိုက+အနုဝါဒ= စွပ်စွဲခြင်း]။
30,428
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
၃။ ဒဏ္ဍဘေး-အကုသိုလ်ကို ပြုလျှင် ယခုဘဝမှာပင် “သူ့ကို သတ်မိ၍ ကိုယ်ကိုလည်း အသတ်ခံရခြင်း၊ သူ့ဥစ္စာခိုးမိ၍ ဥစ္စာရှင်၏ ရိုက်နှက် သတ်ပုတ်ခံရခြင်း၊ သူ့ အိမ်ရာကို ပြစ်မှားမိ၍ အသတ်ခံရခြင်း၊ မှုပြစ် ထင်ရှားသဖြင့် ထောင်ကျရခြင်း” စသော ဒုက္ခဘေးရန် အပြစ်ဒဏ်အမျိုးမျိုး ခံကြရခြင်း ဘေးတည်း။
30,429
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
၄။ ဒုဂ္ဂတိဘေး-အကုသိုလ် ဒုစရိုက်ကို ပြုထားမိသည့်အတွက် သေခါနီးမှ အကြီးအကျယ် နောင်တရ၍ နောက်ဘဝ၌ အပါယ်လေးပါးတည်း ဟူသော မကောင်းသောဂတိသို့ ရောက်ရမည့်ဘေးတည်း။
30,430
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
အကုသိုလ်ကို ပြုထားမိလျှင် လူပါး လူနပ် လူလည်ဖြစ်၍ ရှေ့ဘေးကြီး ၃-ပါးမှ လွတ်အောင် တိမ်းရှောင် နိုင်စေကာမူ နောင် သံသရာအရေး ဒုဂ္ဂတိ ဘေးမှ လွတ်အောင်ကား ရှောင်နိုင်ရန် ခဲယဉ်းလှသောကြောင့် အကုသိုလ် ဒုစရိုက်မှန်က အလွန်ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းလှ၏။
30,431
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
သို့သော် အနောတ္တပ္ပ ဝင်လာသောအခါ နဂိုက ဒုစရိုက်ကို ကြောက်ရွံ့တတ်သော သူတော်ကောင်း များပင် ဤမျှလောက် ကြောက်ဖွယ် ကောင်းသော ဒုစရိုက်မှုကို မကြောက်မရွံ့ ရဲဝံ့စွာ ပြုမိကြလေတော့သည်။
30,432
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ဟိရိတစဝတ္ထု မှတ်ချက်
30,433
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ဤနေရာ၌လည်း အလောင်းတော်ကြီး ဟရိတစရှင်ရသေ့၏ အမှုသွားကိုပင် ထပ်မံ၍ စဉ်းစားသင့်ပေသည်။
30,434
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ရှင်ရသေ့၏ အမှုဝယ် ကြောက်ရွံ့ဖွယ်များလှ၏။
30,435
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
မိမိကိုယ်ကို မိမိမကြည်ညိုနိုင်သော အတ္တာနုဝါဒဘေးမှာ ပြောဖွယ်ရာ မရှိပြီ၊ “ဘုရင်၏ ဆရာတော် အရှင်ရသေ့က မိဖုရားကို ပြစ်မှားသတဲ့” ဟူသော သတင်းဆိုးကြီးကား ဘုရင် မရှိတုန်းဝယ် တမြို့လုံးနှံနှင့်လေသောကြောင့် သူတပါးတို့၏ အစွပ်စွဲ အကဲ့ရဲ့ ခံရခြင်း ဟူသော ပရာနုဝါဒဘေးလည်း လက်ငင်းဒိဋ္ဌိတွေ့ကြုံလျက် ရှိလေပြီ။
30,436
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ထို ရှင်ဘုရင်သာ အရှင်အာနန္ဒာအလောင်း ပါရမီဖြည့်ဖက် သူတော်ကောင်း မဟုတ်ပါမူ မိမိကြင်ရာတော်ကို စော်ကားသည့်အတွက် ရသေ့၏ အသက်ကို မြက်တပင်လောက်မျှ ပမာဏပြုမည်မဟုတ်။
30,437
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ရှင်ဘုရင်က သူတော်ကောင်းဖြစ်၍သာ ဒဏ္ဍဘေးမှ သီသီကလေး လွတ်ခဲ့ရသည်။
30,438
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ထိုမျှလောက် အသက် ဘေးနှင့် အရေးတကြီး နီးကပ်နေသော ကာမမှုကိုပင် အနောတ္တပ္ပ ဝင်လာ သည့်အတွက် မည်သူ့ကိုမျှ ထီမထင်တော့ပဲ ပြုရဲလေတော့၏။
30,439
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ဤအနောတ္တပ္ပနှင့် အတူဖြစ်သော စိတ်ကို “အနောတ္တပ္ပစိတ်”ဟု ခေါ်သည်။
30,440
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ရွာဝက်သည် မစင်ကို မရွံ့သကဲ့သို့၊ အရှက်မရှိသူသည် မကောင်းမှုကို မရွံ့....။
30,441
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့၊ ဩတ္တပ္ပ မရှိသူလည်း မကောင်းမှုမှ မကြောက်။
30,442
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အနောတ္တပ္ပ အကြောင်း
(ဋီကာကျော်)
30,443
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
30,444
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ဇာတိမာန်
30,445
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အမျိုးကောင်းသည့်အတွက် မာန်မာနတက်ခြင်းကို “ဇာတိမာန်” ဟုခေါ်သည်။
30,446
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်။
30,447
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
သို့သော်မာန်တက်လောက် ဟန်ကြီးပန်ကြီး လုပ်လောက်အောင် တဘက်သားကို ခြေဖဝါးအောက်ကဟု ထင်လောက်အောင် အမျိုးမကောင်းပါ။
30,448
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ရှေးက မဟာသွေး မဟာမျိုးဖြစ်၍ တကယ် အမျိုးကောင်းသည်ပင် ဆိုဦးတော့၊ အမျိုးမြတ်သူက မာနမဖက်ပဲ ညက်ညက်ညောညောအပြောချိုကာ အရာရာမှာလိုက်လျောပါမူ အောက်တန်းကျသူတို့ကပိုမို၍ ချစ်ခင်ကြည့်ညို ရိုသေကြမည် မဟုတ်ပါလော။
30,449
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
“အရောဝင်တော့-အရိုသေတန်”ဆိုသကဲ့သို့ အချို့ ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုသေတန်ကောင်း တန်ပေလိမ့်မည်။
30,450
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
သို့သော် ထိုအရိုသေတန်မှုအတွက် ထိုသူ့အပြစ်သာဖြစ်၍ ထိုသူပင် နစ်နာပေလိမ့်မည်။
30,451
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ဤသို့ အရာရာ ရှေ့နောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိ ဆောင်ကြပါကုန်။
30,452
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ဓနမာန်
30,453
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အထိုက်အလိုက် ဥစ္စာရှိသူတို့၏ မာန်ကို “ဓနမာန်”ဟု ခေါ်၏။
30,454
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ယခုအခါ အတော်အတန် ဥစ္စာပေါသူတွေ့ရှိပါပေ၏။
30,455
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
သို့သော် ဥစ္စာနည်းပါးသူများနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူ စကားမပြောနိုင်လောက်အောင် မကုန်မခန်း ပေါများကြသည် မဟုတ်ပါ။
30,456
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
“မမြင်ဘူး မူးမြစ်ထင်” ဆိုသလို မိမိကိုယ်ကို သဌေး သူကြွယ်ဟုပင် ထင်စေဦးတော့၊ ဆင်းရဲသူဆင်းရဲသားတို့၏ အပေါ်မှာ သဘောကြီးကြီးထား၍ သနားကြင်နာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်မရှိပါလော။
30,457
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
မိမိ ပစ္စည်း၌ ဘေးအန္တရာယ် မထူအောင် အကူအညီပင် ရနိုင်သေးသည်မဟုတ် ပါလော။
30,458
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ၊ ချိုသာသော စကား အသုံးသည် ဆင်းရဲသားတို့အတွက် အမြန်ရှက်ဆုံး အမြိုက်ဆေးတမျိုးပင် ဖြစ်နိုင်ပါသည်။
30,459
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ထို့ကြောင့် ရှေးက ဒါနကုသိုလ် အကျိုးပေး၍ တသက်လျာအတွက် ရရှိသော စည်းစိမ်ကလေးကို နောင်သံသရာ အဝယ် အမျိုးအနွယ်အောက်ကျသွားဖို့အကြောင်း မကောင်းသောမာန၏ အောက်ခံ ပုံသဖွယ် မဖြစ်စေပဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားစရာ ဖြစ်အောင် ကြိုးစား၍ သတိဆောင်ကြပါကုန်။
30,460
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ယခုတဘဝ ကြီးကျယ်သော စည်းစိမ်သည် ဘေးအန္တရာယ်အလွန်များလှ၏။
30,461
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ဘေးအန္တရာယ်ကင်းစေကာမူ တသက်လျာမျှသာ သုံးစွဲနိုင်ပါသည်။
30,462
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
“ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊ သမုဒြာ၊ ရေမျက်နှာထက်၊ ခဏ တက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း”၊-[အနန္တသူရိယအမတ်။
30,463
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
] ပညာမာန်
30,464
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
စာပေတတ်ကျွမ်းသူတို့၏ မာန်ကို “ပညာမာန်”ဟု ခေါ်၏။
30,465
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
စာပေပညာသည် မသင့်သည်ကို မသင့်မှန်းသိ၍၊ သင့်သည်ကို သင့်မှန်း သိဖို့ရာ အလိမ္မာပေးသော ပညာ၊ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးဖို့ရန် အလိမ္မာပေး ပညာတည်း။
30,466
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
သို့ပါလျက် ထိုပညာကို အကြောင်းပြု၍ မတော်မတရားကြီးမားသော မာန်မာနဖြစ်ရခြင်းမှာ လွန်စွာ ရှက်ဖွယ်ကောင်းလှ၏။
30,467
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ယခုကာလ၌ လူများထံမှ တဆင့် သင်ယူ၍ တတ်သိရသော စာပေ ပညာလည်း ထူးခြားသော အတတ် မဟုတ်သေးပါ။
30,468
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အကြောင်း ညီညွတ်၍ ဆရာကောင်းထံသင်ကြရလျှင် အများပင် တတ်နိုင်ပါ၏။
30,469
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
သို့ဖြစ်၍ အကြောင်း မညီညွတ်သဖြင့် မသင်ကြရသူ၊ အထူးဉာဏ်ထိုင်း သူများကို တွေ့ရသောအခါ မောက်မော် ဝါကြွားမည့် အစား သနားကြင်နာ ကရုဏာသက်ဖို့သာ၊ သို့မဟုတ် တဆင့် သင်ပြပေးဖို့ သင့်ပါသည်။
30,470
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ရှေးတုန်းက အတော်ထင်ရှားသော ဆရာတော်တပါးသည် လွန်ခဲ့သောဘဝက စိတ်ရှည်လက်ရှည် စာချဘူးသဖြင့် ယခုဘဝမှာ လောက-ဓမ္မ ၂ ဌာန၌ ထင်ရှားကျော်ကြားသော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးတပါး ဖြစ်လာရပါသတဲ့။
30,471
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ထို့ကြောင့် တတ်သိသော ပညာကို သံသရာအတွက် အသုံးပြုကြပါလေ။
30,472
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
စာပေ ပညာ၏လမ်း ၂-သွယ်
30,473
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ယခုခေတ် အသက်မွေး ဝမ်းကျောင်းနှင့် သက်ဆိုင်သော လမ်း ၂-သွယ် လောကီပညာတို့သည် နဂိုကပင် အသက်မွေးဖို့ လမ်းကိုမှန်းပြီးဖြစ်၍ စိစစ်ဖွယ် မလိုပါ။
30,474
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
သာသနာဝန်ထမ်း ရဟန်းတော်များ၏ ပိဋကစာပေ ပညာမှ လမ်း ၂ သွယ် ဖြာနေပုံကို ထင်ရှား ဦးမည်။
30,475
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အောက်လမ်း စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်၊ လှူဒါန်းချင်သူ ပေါလာလိမ့်မည်။
30,476
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ဆွမ်း သင်္ကန်းကျောင်းတို့ အကောင်း အမွန်ရလိမ့်မည်၊ သူတပါးအပေါ် မောက်မော်နိုင်မည်၊ စာပေတတ်လျှင် မည်သူ့ကိုမျှ လူမထင်ပဲ လုပ်ချင်ရာလုပ်နိုင်မည်။
30,477
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ဤသို့ စသည်ဖြင့် လောဘ ဒေါသ မာန်မာနကို အခြေခံ၍ စာပေသင်ကြ၏။
30,478
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
တတ်မြောက်သော အခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း လာဘ်ပေါအောင်ကြိုးစား၍ သူတပါးအပေT မောက်မော် စော်ကားတက်၏။
30,479
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ထိုသူ၏ ပညာသင်ကြားမှု ပညာတတ်သိမှုသည် အောက်လမ်းသွားဖို့ အကြောင်း မကောင်းမှုချည်းသာ ဖြစ်သည်။
30,480
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ထိုကဲ့သို့ စိတ်ထားဖြင့် စာပေသင်ကြားမည့်အစား အိပ်နေခြင်းကပင် တော်သေး၏ဟု ကျမ်းဂန်၌ ဆိုသည်။
30,481
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အထက်လမ်း
30,482
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
စာပေတတ်လျှင် ဘုရားရှင်၏ တရားတော်ကို သိရလိမ့်မည်။
30,483
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
သူတပါးအား တဆင့်ပို့ချမည်။
30,484
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
စာပေပိဋကတ် တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ်ကြည့်ရှု၍ မိမိစိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်မည်။
30,485
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ဤသို့ စသောရည်ရွယ်ချက်ဖြင့် သင်၍ တတ်မြောက်သောအခါလည်း ပစ္စည်းလာဘ်လာဘ ဒကာ ဒကာမ ပေါများမှုကို ဂရုမစိုက်ပဲ မူလရည်ရွယ်ယင်း အတိုင်းပင် ကြိုးစား၏။
30,486
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ထိုပုဂ္ဂိုလ်၏ စာပေသင်ကြားတတ်မြောက်မှုမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပါပေသည်။
30,487
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အချို့မှာကား စာပေမတတ်ခင်က စိတ်ထားမတတ်၍ စာမေးပွဲအောင်လိုခြင်း၊ နာမည်ကြီးလိုခြင်း စသောရည်ရွယ်ချက်များရှိသော်လည်း စာပေတတ်မြောက် သောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်း နှလုံးကောင်း ရှိ၏။
30,488
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ထိုပုဂ္ဂိုလ်ကား ရေမပြည့်ခင် ဘောင်ဘင်ခတ်နေသော ရေအိုးသည် ရေပြည့်သောအခါ ငြိမ်သက်လာသလို ဖြစ်သည့်အတွက် အထက်တန်းသို့ တက်လှမ်းဖို့အကြောင်း လမ်းကောင်း ရသူပင်ဖြစ်သည်။
30,489
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ငယ်ရွယ်သူဟူသမျှကို စာတတ်သောအခါ ဤကဲ့သို့ လမ်းကောင်း ရကြပါစေ။
30,490
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အဆင်းမာန်
30,491
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အလှဂုဏ်အတွက် မာန်တက်ခြင်းကို “အဆင်းမာန်”ဟု ခေါ်၏။
30,492
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ရှေးဘဝက ဒေါသနည်းပါးခြင်း၊ ပန်း စသည်ကို လှူဒါန်းခြင်း၊ ဘုရားကျောင်းဝင်း စသည်တို့၌ အမှိုက်သုတ်သင်ရှင်း လင်းခြင်းစသော ကုသိုလ်ကောင်းမှုကြောင့် ယခုဘဝ၌ “ပရိသတ်အလယ် တင့်တယ်ဝင်းစက် အဆင်းထွက်ခြင်းမှာ မာန်တက်မည်ဆိုလျှင် တက်လောက် ပါပေသည်။
30,493
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
သို့ရာတွင် မိမိအဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသောအခါ ဒေါသ ကင်းစင် စိတ်ကြည်လင်၍ ရေလှူ-ပန်းလှူခြင်း စသောကုသိုလ်ကောင်းမှုရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘဝရောက်မှ အလှဂုဏ်မာန်တက်၍ သူတပါး အဖက်မထင်နိုင်အောင် ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။
30,494
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
လှပသော ကိုယ်တွင်း၌ သန့်ရှင်းသောစိတ်အစဉ်ကို မွေးမြူကာ အရာရာသိမ်မွေ့လျက် ဣန္ဒြေရှင် သူတော်စင်ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပါသည်။
30,495
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အချုပ် သတိပေးချက်
30,496
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အချုပ်မှာ နိဗ္ဗာန် စံဝင်ပြီးသော သူတော်စင်ကြီးတို့သည် ယခု ပြခဲ့သော ဇာတိမာန် စသည်တို့ တက်မည် ဆိုလျှင် မိုးထိအောင် လှေကား မထောင်ပဲ တက်နိုင်ကြပေ၏။
30,497
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
မာန်တက်လောက်အောင်ပင် ဘုရင် မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားရသော မင်းညီ မင်းသားများ ဖြစ်ကြသည်။
30,498
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ပညာဘက်ကလည်း မဟောသဓာ သုခမိန် စသည်ဖြင့် ကမ္ဘာ့စံချိန် ချိုးတော်မူခဲ့သည်။
30,499
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
အမျိုးသမီးများဘက်ကလည်း ဥပ္ပလဝဏ်၊ ခေမာ၊ ယသော်ဓရာ စသော သူတော်ကောင်း အမျိုးသမီးတို့မှာ အမျိုး ဥစ္စာ ပညာဘက်၌သာမက၊ အလှဘက်ကလည်း တကမ္ဘာလုံး၏ မျက်နှာဖုံးများ ဖြစ်ကြပေသည်။
30,500
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
ထိုမျှလောက် အထက်တန်းကျသော အမျိုးသား အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာန မတက် ကြပါပဲလျက် “သည်လိုယုန်တော့-ချုံတိုင်းတွေ့နိုင်”တဲ့ အစား၊ “တံငါစာ၍-ငါသာသာ” ရှိသူများက ရှိစု မဲ့စု-စု၍ရသော ဇာတိ ပညာ ဥစ္စာ အဆင်းဖြင့် “ကြက်ဆူပင်မင်းမူ” နေခြင်းမှာ နက်နက်နဲနဲ တွေးလျှင် လေးလေးပင်ပင် ရှက်ဖွယ်ပါတကား။