id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
31,401
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤသို့ စသည်ဖြင့် ရှေးကံကလေးတွေသည် (ဆင်ခြင် စဉ်းစား သတိထားတတ်သူတို့၌ နှိပ်စက်ခွင့် သတ်ဖြတ်ခွင့် မရသော်လည်း) အစဉ်းစား အဆင်ခြင် မရှိသူကိုကား မကျန်းမာအောင် သေကြေအောင် နှိပ်စက်ဖို့ရန် နှောင့်နှေးမည် မဟုတ်ချေ။
31,402
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထို့ကြောင့် “အသက်ဉာဏ်စောင့်။
31,403
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အသွားမတော် တမုဟုတ်၊ အစားမတော် တလုတ်။
31,404
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ကျားရဲရာ ကြမ္မာမရိုးသာ (ကျားထနေသော တောသို့ သွားလျှင် ကျားကိုက်ခံရမှာပဲ။
31,405
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ကျားကိုက်ခံရတာကို ကံကြမ္မာဟု မရိုးမစွဲပါနှင့်။
31,406
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
) ကံယုံပြီး မီးပုံမဆင်းနဲ့၊ မီးပုံထဲဆင်းလျှင် ကံကောင်းနေသော်လဲ မီးလောင်မှာပဲ” စသည်ဖြင့် လူကြီးသူမတို့ ပြောဆိုခဲ့ကြပေသည်။
31,407
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုစကားတို့၌ လူကြီးများ၏ ဆိုလိုရင်းကား..လူတိုင်းမှာပင် မကောင်းကျိုး ပေးဖို့ရန် အကုသိုလ်ကံများ (ရှေးဘဝများစွာက တမျိုး ၂-မျိုး စသည် ပြုခဲ့မိ ကြသဖြင့်) ကိုယ်စီကိုယ်ငှ ရှိကြပေ၏။
31,408
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သို့သော် ထိုကံများသည် အလွန် သတ္တိ မထက်လျှင် သူတို့ဘာသာ အကျိုးပေးခွင့်သာအောင် မတတ်နိုင်ကြပါ။
31,409
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အဆင်ခြင် အစဉ်းစား မရှိသူများ၌သာ အသွားအလာ၊ အစားအသောက်၊ အနေအထိုင် မတက်သည့်အတွက် ထိုကံများကို အကျိုးပေးခွင့် ရကြပါသည်။
31,410
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သို့ဖြစ်၍ အသက်ရှည်ကြာ အနာကင်းမှုကို ဂရုစိုက်ခြင်း မရှိလျှင် ဥပစ္ဆေဒကကံ ကလေးတွေ အခွင့်သာ၍ (အသက်တမ်း မစေ့ခင်၊ ထိုဘဝကို စီမံလိုက်သော ကံကလည်း မကုန်သေးခင်) သေရမည့်အရေးကား မည်သူမျှ မဝေးကြောင်းကို နောက်နှောင်း လူများအတွက် လေးနက်စွာ သတိပေးထားခြင်း ဖြစ်သည်။
31,411
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အချုပ်ကား-သတ္တဝါတို့ သေဖို့ရာ “အသက်ကုန်ခြင်း၊ ကံကုန်ခြင်း၊ အသက် ကံ ၂-မျိုးလုံး ကုန်ခြင်း၊ ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း”ဟု အကြောင်း ၄-ပါး ရှိ၏။
31,412
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုတွင် ဥပစ္ဆေဒကကံများ အခွင့်သာ၍ (အခွင့်သာအောင် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ မတတ်ကြ၍) သေချိန် မကျပဲ သေရသူတွေ ယခုကာလ၌ ပေါများလှ၏။
31,413
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထို့ကြောင့် မိမိကိုယ်ကို အသက်တမ်းစေ့ နေနိုင်အောင် အသက်ကို အသိဉာဏ်ဖြင့် စောင့်ရှောက်ကြပါဟု ဆိုလိုသည်။
31,414
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတေခါနီး အရေးကြီးပုံ
31,415
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ပြခဲ့သောအကြောင်းများတွင် တပါးပါးကြောင့် လူတယောက် စုဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်မှစ၍ စိတ်ကောင်း ကောင်းရဖို့ အရေးကြီး၏။
31,416
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတေသည့် တိုင်အောင် ကုသိုလ်ဇောများ စောနေလျှင် ဧကန် မုချ သုဂတိဘဝသို့ ရောက်ရမည်။
31,417
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတေခါနီးဝယ် အကုသိုလ်ဇောများ စောနေလျှင် ဧကန် အပါယ်ဘုံသို့ ရောက်ရတော့မည်။
31,418
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သို့ဖြစ်၍ မြင်းအပြေးပြိုင်ရာတွင် ပန်းဝင်ခါနီး၌ အရေး အကြီးဆုံး ဖြစ်သကဲ့သို့၊ နောက်တဖန် ဘဝကောင်းရဖို့ စုတေခါနီး၌ အရေးကြီး လှပေသည်။
31,419
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုစုတေခါနီး၌ စိတ်ကောင်း မကောင်းမှာလည်း ထိုအခါ ထင်လာသော အာရုံနှင့် သက်ဆိုင်ကြလေသည်။
31,420
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထင်လာတတ်သော အာရုံ ၃-မျိုး
31,421
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတေခါနီး၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟု အာရုံ ၃-မျိုးတွင် တမျိုးမျိုး ထင်လာတတ်၏။
31,422
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
“ကံ”ဆိုသည်မှာလည်း ကုသိုလ် အကုသိုလ် စေတနာတည်း။
31,423
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
“ကမ္မ နိမိတ်” ဆိုသည်ကား ထိုကုသိုလ် အကုသိုလ်ပြုစဉ်က တွေ့ကြုံ သုံးစွဲခဲ့ရသော အရာဝတ္ထုများတည်း။
31,424
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
“ဂတိနိမိတ်”ဆိုသည်မှာ စုတေပြီးနောက် ရောက်ရမည့် ဂတိ၌ (ဘဝ၌) ကြုံရမည့် အရာဝတ္ထုတည်း။
31,425
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ကံ အာရုံ ထင်လာပုံ
31,426
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သေချိန်မရောက်ခင် စက္ကန့်အနည်းငယ်က ဖြစ်စေ၊ နာရီဝက် တနာရီ စသည် ကွာခြားသောအခါက ဖြစ်စေ၊ ရက်ပေါင်း-လပေါင်းများစွာ ကွာခြားသော အခါက ဖြစ်စေ၊ ဘဝပေါင်း ကမ္ဘာပေါင်း များစွာ ကွာခြားသောအခါက ဖြစ်စေ ပြုခဲ့သော ကံအမျိုးမျိုးသည် နောက်ဘဝ သစ်တွင် ပဋိသန္ဓေ အကျိုးပေးခွင့် ကြုံလာလျှင်သေခါနီး လောလောဆယ် ထင်လာတတ်၏။
31,427
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုသို့ ထင်လာရာဝယ် ရှေးက ဒါန သီလ စသော ကုသိုလ်ကံဖြစ်လျှင် ထိုကံကို ပြန်၍ အမှတ်ရသောအားဖြင့် ထင်လာခြင်း၊ ယခုလောလောဆယ် လှူနေရသလို ဥပုသ်စောင့်နေရသလို အိပ်မက် မက်သလို အနေအားဖြင့် ထင်လာခြင်းဟု ၂-မျိုး ရှိသည်။
31,428
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အကုသိုလ် ကံများတွင်လည်း ပါဏာတိပါတမှု ဖြစ်လျှင် ထိုကံကို ပြန်၍ အမှတ်ရခြင်း တမျိုး၊ ယခုပင် သတ်ဖြတ်၍ နေရသလို ထင်ခြင်း တမျိုးဟု ၂-မျိုး ရှိသည်။
31,429
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤနည်းအတိုင်းပင် အခြားသော ကုသိုလ် အကုသိုလ်ကံ ထင်လာပုံကိုလည်း ချဲ့ထွင်ကြည့်ပါလေ။
31,430
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ကမ္မနိမိတ် အာရုံ ထင်လာပုံ
31,431
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အကုသိုလ်ကံ ပြုခဲ့ကြသူတို့မှာ ပါဏာတိပါတ ဖြစ်လျှင် သတ်ဖြတ်စဉ်အခါက အသုံးပြုခဲ့သော ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံ စသော လက်နက်များ ထင်လာတတ်၏။
31,432
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
နွားသတ်သမား တယောက်၌ကား နွားများကို သတ်ပြီးနောက် အသားတွေ ခွါ၍ စုပုံထားသော အရိုးပုံကြီး ထင်လာသတဲ့။
31,433
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အဒိန္နာဒါနမှု ကာမမှု စသည်များကို ပြခဲ့ကြသူမှာလည်း မကောင်းနှင့်ဆိုင်ရာ ကံအာရုံများ ထင်လာပုံကို ချဲ့ထွင် ကြည့်ကြပါလေ။
31,434
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ကုသိုလ်ကံ ပြုခဲ့ကြသူတို့တွင်လည်း ဒါနပြုရာ၌ ကျောင်း ဘုရား တည်ဆောက် ကိုးကွယ်သူဖြစ်လျှင် ကျောင်းအာရုံ၊ ဘုရားအာရုံ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော သင်္ကန်း၊ ဆွမ်း၊ ဆေး အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပန်း၊ ဆီမီး၊ အမွှေးတိုင် စသော အာရုံများ ထင်လာတတ်၏။
31,435
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဥပုသ်စောင့်သုံးခဲ့သူ၊ ကမ္မဋ္ဌာန်းထိုင်ခဲ့သူ ဖြစ်လျှင် ဥပုသ်နှင့်စပ်ဆိုင်သော စိပ်ပုတီး၊ စင်ကြယ်သော အဝတ်အစား၊ ကမ္မဋ္ဌာန်းကျောင်း၊ စိပ်ပုတီး စိပ်ရာ သစ်ပင်ရိပ် စသော နေရာများ ထင်လာ တတ်၏။
31,436
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အပစာယန၊ ဝေယျာဝစ္စ စသော ကုသိုလ်များ၏ အာရုံလည်း ထိုက်သလို ထင်လာတတ်ကြသည်။
31,437
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဂတိနိမိတ် အာရုံ ထင်လာပုံ
31,438
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတေခါနီး၌ ဘဝသစ်ဝယ် တွေ့ကြုံရမည့် အာရုံများလည်း အာရုံ ထင်လာပုံ တင်ကြို၍ ထင်လာတတ်၏။
31,439
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
နတ်ပြည်ရောက်မည့်သူ ဖြစ်လျှင် နတ်သမီးတွေ၊ ဘုံဗိမာန်၊ ဥယျာဉ် စသည် ထင်လာတတ်၏။
31,440
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
လူ့ပြည်ရောက်မည့်သူ ဖြစ်လျှင် အမိဝမ်းရေ၏ နီနီရဲရဲအဆင်း ထင်လာတတ်၏။
31,441
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ငရဲသွားရမည့်သူ ဖြစ်လျှင် ငရဲမီး၊ ငရဲထိန်း၊ ခွေးကြီး စသည် ထင်လာတတ်၏။
31,442
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ပြိတ္တာဖြစ်မည့်သူ ဖြစ်လျှင် တောကြီး၊ တောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိ နေထိုင်ရမည့် အရပ် ဒေသ အလိုက် ထင်လာတတ်၏။
31,443
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
မျက်နှာအနေအထားနှင့် ဂတိမှန်းဆဖွယ်
31,444
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတေခါနီး၌ မျက်နှာ အနေ အထား ကြည့်ပါ။
31,445
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ကြည်ကြည်လင်လင် ရှိလျှင် အာရုံကောင်း ထင်နေပြီဖြစ်၍ သုဂတိ သွားရလိမ့်မည်ဟု မှန်းဆနိုင်သည်။
31,446
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
မျက်နှာ အနေ ညှိုးငယ်လျှင်၊ သို့မဟုတ် ကြမ်းတမ်းသော အမူအရာ ဖြစ်နေလျှင် မကောင်းသောအာရုံ ထင်နေပြီဖြစ်၍ ဧကန်မုချ ဒုဂ္ဂတိသို့ သွားရတော့မည်ဟု မှန်းဆနိုင်ပေသည်။
31,447
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
[တချို့ကား ရှေးက ခံစားခဲ့သော ကာမဂုဏ်ကြောင့် ပြုံးနေပေလိမ့်မည်။
31,448
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုအပြုံးကား ကောင်းသော ပြုခြင်း မဟုတ်ပါ။
31,449
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
]ယောင်ယမ်းပုံဖြင့် မှန်းဆဖွယ်
31,450
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
တချို့ စုတေခါနီး၌ ညင်ညင်သာသာ မရှိပဲ ပြောလား ဆိုလား၊ ယောင်လား ယမ်းလား လုပ်၏။
31,451
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ရှေးတုန်းက ရဟန္တာ ရှင်သောဏ၏ ခမည်းတော်သည် ငယ်ရွယ်စဉ်က မုဆိုးကြီးဖြစ်၍ ကြီးမှ ရဟန်းပြု၏၊ စုတေခါနီးသော် (မိနစ် အတော်ဝေးဝေး ကပင်) ခွေးကြီးတွေက သူ့ကို ကိုက်တော့မည့်ဟန် ထင်နေသဖြင့် “သားရဲ့ ချောက်ပါတဲ့၊ ချောက်ပါတဲ့”ဟု အော်သတဲ့။
31,452
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အရှင်သောဏ က “ဦးပဉ္စင်းကြီးမှာ ငရဲနိမိတ် ထင်နေပါပကော”ဟု တွေးတော၍ ချက်ချင်း ပန်းတွေကို ရှာပြီးလျှင် ဘုရား ရင်ပြင်တော်မှာ ပန်းမွေ့ရာခင်း၍ ဦးပဉ္စင်းကြီးကို ခုတင်နှင့်တကွ ယူသွားပြီး “ဦးပဉ္စင်းကြီး.. ကြည်ညိုလိုက်၊ ကြည်ညိုလိုက်။
31,453
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဦးပဉ္စင်းကြီးအတွက် ပန်းတွေလှူထားတယ်” ဟု ပြောသောအခါ သတိရလာ၍ ဘုရား အာရုံပြုလျက် ပန်းများကို လှူဒါန်းနေစဉ် မျောမေ့သွားပြန်ရာ၊ နတ်သမီးတွေ ထင်လာသဖြင့် “ဟဲ ..သားရဲ့--နေရာ ဖယ်ပေးလိုက်ပါ၊ နေရာဖယ်ပေးလိုက်ပါ။
31,454
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သားရဲ့ မိထွေးတွေ လာနေတယ်”ဟု ယောင်ပြန်လေရာ “အင်း..နတ်ပြည် ဂတိ နိမိတ် ထင်လာပေါ့ကိုး”ဟု အောက်မေ့တုန်းမှာပင် ဦးပဉ္စင်းကြီး ဘဝဆုံး၍ နတ်ပြည်ရောက် သွားလေသည်။
31,455
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဂတိနိမိတ် ထင်ပုံ တမျိုး
31,456
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
တချို့ စုတေခါနီး လားရာဂတိ၌ တွေ့ကြုံရမည့် အရာဝတ္ထုတို့ကို တိုက်ရိုက်ပင် မျက်စိဖြင့် တွေ့ရ၏။
31,457
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
“ရေဝတီ” မည်သော မိန်းမသည် ဘုရား ကျောင်းဒါယကာ နန္ဒိယ သူကြွယ်၏ ဇနီးတည်း။
31,458
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
နန္ဒိယ သူကြွယ်က သဒ္ဓါတရား ရှိသလောက် ရေဝတီမှာ သဒ္ဓါတရား ကင်းမဲ့၏။
31,459
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဗုဒ္ဓဘာသာဟူ၍ပင် မဆိုထိုက်။
31,460
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ရဟန်းတော်များကို ဆဲရေးတတ်၏။
31,461
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
နန္ဒိယ သူကြွယ်က ရှေးဦးစွာ စုတေ၍ နတ်ပြည်၌ဖြစ်ပြီးနောက်၊ ရေဝတီ သေချိန်ရောက်သော် ငရဲမှ ငရဲထိန်း ၂-ဦး လာရောက်၍ အတင်းဆွဲယူကာ နတ်ပြည်သို့ ခေါ်သွား၍ နန္ဒိယ၏ စည်းစိမ်ကို ပြပြီးမှ ငရဲသို့ အတင်းဆွဲချသွားသတဲ့။
31,462
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဘုရား လက်ထက်တော်တုန်းက “ဓမ္မိက” ဥပသကာသည် ဥပါသကာ ပေါင်းများကို ခေါင်းဆောင်၍ သူတော်ကောင်း အဖြစ်ဖြင့် နေထိုင်၏။
31,463
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတေခါနီးလေသော် ရဟန်းတော်များ၏ တရားကို နာစဉ် နတ်ပြည် ၆-ထပ်မှ နတ်ရထား ၆-စင်းတို့ ကောင်းကင်၌ တည်လျက် “သူ့ရထား တင်မည်။
31,464
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ငါ့ရထား တင်မည်”ဟု ပြောဆိုနေသံကို တရားနာ နေရသော ဓမ္မိက ဥပါသကာသည် မြင်လည်းမြင်ရ၊ ကြားလည်းကြားရ၏။
31,465
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထို့နောက် မကြာမီပင် စုတေ၍ တုသိတာနတ်ရထား၌ နတ်သားအဖြစ်ဖြင့် ပါသွားလေသည်။
31,466
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
မြေမျိုသူကား အဝီစိက မီးအရှိန်သည် လူ့ပြည် တိုင်အောင် ဟပ်သဖြင့် မီးပူအကို မသေခင်က တွေ့ရလေသည်။
31,467
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤသို့လျှင် စုတေခါနီး ဂတိနိမိတ် ထင်လာပုံ အမျိုးမျိုး ရှိ၏။
31,468
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ယခုကာလ တချို့ စုတေခါနီး၌ကား တီးသံ မှုတ်သံနှင့် အမွှေးအကြိုင်များကို အနီးအပါး လူအများပင် ကြားရ မွှေးရ၏။
31,469
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤ ဂတိနိမိတ်နှင့်အကွ ပြခဲ့သော ကံ ကံနိမိတ်တို့သည် များသောအားဖြင့် အကျိုးပေးခွင့်ရသော ကံအစွမ်းကြောင့် ထင်လာသည်ဟု မှတ်ပါ။
31,470
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သေခါနီး ပြုပြင်ပေးရပုံ
31,471
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
မကျန်းမာခြင်း စသည်ဖြင့် ဖြည်းဖြည်းသက်သာ သေရသော အချို့လူတို့ စုတေခါနီး ကာလ၌ ဆရာသမားကောင်း၊ ဆွေကောင်း မျိုးကောင်း များက အာရုံကောင်း ထင်လာဖို့ရာ ပြုပြင်ပေးကြရမည်။
31,472
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
လူမမာသည် ယခု ရောဂါမှ လွတ်နိုင်တော့မည် မထင်လျှင် လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ရမည်။
31,473
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဘုရားကို ရည်စူး၍ ပန်းများကို ရေမွှေးကောင်းကောင်း ဆွတ်ဖျန်းလျက် လှူဒါန်း ပူဇော်ထားရမည်။
31,474
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ညဉ့်အခါ ဖြစ်လျှင် ဆီမီးတွေ ထိန်လင်းအောင် ညှိထွန်းထားရမည်။
31,475
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဂိလာနကိုလည်း “ပန်းတွေ၊ ဆီမီးတွေ (အမေ့အတွက်၊ အဖေ့အတွက်) ပူဇော်ထားပါသည်။
31,476
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ကြည်ညိုဝမ်းမြောက်ပါ”ဟု ပြောရမည်။
31,477
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အရွတ် အဖတ် ကောင်းကောင်းနှင့် ဓမ္မစကြာ စသော တရားစာကို ရွတ်ဖတ်ရမည်။
31,478
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုသို့ ပူဇော် ရွတ်ဖတ်မှုကို စုတေခါနီး မိနစ် အနည်းငယ် အချိန်ကျမှ မဟုတ်ပဲ ရက်အတော်ကြာကပင် ကြိုတင်၍ ပြုရမည်။
31,479
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဂိလာနကလည်း အားမငယ်ရ၊ ပြုစုသူ ဆွေမျိုးများကလည်း ဝမ်းမနည်းရ။
31,480
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုကဲ့သို့ ပြုပြင်ခံနေရသူမှာ ထိုပန်း ဆီမီး အမွှေးနံ့ တရားသံကို လည်းကောင်း၊ ဘုရားသံကို လည်းကောင်း အာရုံပြုကာ ရက်အတော်ကြာ အချိန်အတော်ကြာအောင် ကုသိုလ်တွေ အထုံရနေပါလိမ့်မည်။
31,481
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထို့နောက် စုတေချိန် နီးကပ်လာသောအခါ ပန်း ဆီမီး အမွှေး တရားသံတို့ကလည်း ရှိတုန်း၊ မျက်စိ နားတို့ကိုလည်း မြင်တုန်း ကြားတုန်း ဖြစ်လျှင် ထိုအာရုံ တခုခု မပျောက်ခင်မှာပင် စုတေစိတ် ကျရောက်တတ်၏။
31,482
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုအခါ ထိုပန်း ဆီ မီး စသည်တို့ကို ပူဇော်သော ကုသိုလ်ကံက ဧကန် အကျိုးပေးမည်။
31,483
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သုဂတိ ဘဝသို့ ဧကန် မုချ ရောက်ရတော့မည်။
31,484
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤသို့ အာရုံ တိုက်ရိုက်ရှိတုန်း စုတေနိုင်အောင် ဆိုင်ရာ ဆွေမျိုးများမှာ ပြုပြင်ဖို့ တာဝန် ရှိသည်ကို လူတိုင်း သတိပြုသင့်သည်။
31,485
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အရှင်သောဏ၏ ဖခင် ရဟန်းကြီးမှာ အရှင်သောဏ တည်းဟူသော သားကောင်းက ပြုပြင်ပေးမှုကြောင့် ငရဲနိမိတ်များ ကွယ်ပျောက်၍ နတ်ပြည်နိမိတ်များ ထင်လာရသည်။
31,486
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ပဋိသန္ဓေစိတ် ဖြစ်ပုံ
31,487
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတိစိတ် ဖြစ်ပြီးနောက် ဘဝသစ်၌ ပဋိသန္ဓေစိတ် ဖြစ်၏။
31,488
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတိစိတ်နှင့် ပဋိသန္ဓေစိတ်တို့သည် ချက်ချင်း ဆက်၏။
31,489
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတိစိတ်နှင့် ပဋိသန္ဓေစိတ်တို့ အလယ်မှာ အချိန်ကာလ အကြား ကလေးမျှ မခြားတော့ချေ။
31,490
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဘဝအသစ် ရောက်ဖို့ရာ ထိုမျှလောက်ပင် မြန်လှ၏။
31,491
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
လူ့ပြည်မှ စုတေ၍ နတ်ပြည် ရောက်သူ ဖြစ်ဖြစ်၊ ငရဲ ရောက်သူ ဖြစ်ဖြစ် စုတေ ပြီးသည်နှင့် တပြိုင်နက် ပဋိသန္ဓေစိတ် ဆက်ကာ ဆိုင်ရာ ဘဝသစ်၌ ခန္ဓာအသစ် ထူထောင်မိလေသည်။
31,492
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
မိစ္ဆာအယူ ၂-မျိုး
31,493
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
တဘဝ မှ တဘဝသို့ ပြောင်းရွှေ့ရာ၌ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ ၂-မျိုး လုံးမှ လွတ်ကင်း၍ သမ္မာဒိဋ္ဌိ အယူ ဖြစ်အောင် သတိထားရမည်။
31,494
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုဒိဋ္ဌိ ၂-မျိုးတွင် “ဘဝဟောင်း ရုပ်နာမ် ခန္ဓာအိမ်၌ အသက်ကောင်ကလေး ရှိ၏။
31,495
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုအသက်ကောင်ကလေး သည်ပင် ခန္ဓာအိမ် အသစ်လဲကာ ဘဝသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏” ဟူသော အယူသည် သဿတဒိဋ္ဌိတည်း။
31,496
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
[သဿတ=မပြတ်မစဲ အသက်ကောင်ကလေး မြဲ၏ ဟူ၍+ ဒိဋ္ဌိ=ယူမှားခြင်း။
31,497
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
] “ဘဝဟောင်းက ရုပ် နာမ်ခန္ဓာ အားလုံးသည် (သူတို့ ထင်သော အသက်ကောင်နှင့်တကွ) ဘဝသစ်၌ လုံးဝ အဆက်အစပ် မရှိတော့။
31,498
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သတ္တဝါတယောက်သေလျှင် ဘဝဟောင်းက အရာဝတ္ထုတွေ အားလုံး ပြတ်စဲ၏။
31,499
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဘဝသစ်၌ ထာဝရဘုရား၏ ဖန်ဆင်းမှုကြောင့် အခြား သတ္တဝါတယောက်သာ အသစ်ဖြစ်တန်လျှင် ဖြစ်ရသည်”ဟု ယူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိ မည်၏။
31,500
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
[ဥစ္ဆေဒ=တဘဝတုံးလျှင် တဘဝ၏ ရုပ် နာမ်တွေ အားလုံး ပြတ်၏၊ နောက်ထပ် ဆက်သွယ်ခြင်း မရှိဟု+ဒိဋ္ဌိ= ယူမှားခြင်း။