id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
31,501
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သတ္တဝါတို့၌ အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဤတရား ၃-ပါးသည် ဘဝသစ်၌ ဖြစ်ဖို့ရာ အချုပ်အခြာတည်း၊ သေခါနီး၌ အဝိဇ္ဇာသည် ဘဝသစ်၌ ရုပ် နာမ် ခန္ဓာတို့၏ အပြစ်ကို မမြင်အောင် ဖုံးထား၏။
31,502
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
တဏှာက ထိုဘဝသစ်ကို တပ်မက် ခင်မင်လျက် ရှိ၏။
31,503
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
မကောင်းဆိုးရွား ကြောက်မက်ဖွယ် ဂတိနိမိတ် ထင်လာစေကာမူ ထိုနိမိတ်တို့မှ လွတ်လပ်သော ဘဝကို ရလိမ့်မည်ဟု ထင်၏။
31,504
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုသို့ အဝိဇ္ဇာ ဖုံးထားသဖြင့် အပြစ် မမြင်နိုင်ပဲ တဏှာက ညွတ်ကိုင်း စွဲလမ်းရာ ဘဝအသစ်၌ ကံအစွမ်းကြောင့် သန္ဓေဟု ခေါ်သော ရုပ် နာမ် တရားများ ရှေးဦးစွာ စတည်မိကြလေသည်။
31,505
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဤသို့ ဘဝသစ်၌ ပဋိသန္ဓေ ရုပ်နာမ်တို့သည် ဘဝဟောင်းက အဝိဇ္ဇာ၊ တဏှာ၊ ကံ ဟူသော အကြောင်းကြောင့် ဖြစ်ရကား “ဘဝဟောင်းနှင့် မဆက်စပ်ပဲ ဘဝသစ်၌ (ထာဝရဘုရား စသူတို့၏ ဖန်ဆင်းမှုကြောင့်) အသစ်ဖြစ်ရ၏” ဟူသော ဥစ္ဆေဒဒိဋ္ဌိလည်း မမှန်။
31,506
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
“ဘဝဟောင်းက အသက်ကောင် ကလေးသည် ဘဝသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏”ဟု ယူသော သဿတဒိဋ္ဌိလည်း အမှားပင်။
31,507
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဘဝအဟောင်းက ရုပ် နာမ်တို့ ပြောင်းရွှေ့ သွားဖို့ကို မဆိုထားဘိ၊ တဘဝတည်းမှာပင် တနေရာ၌ ဖြစ်သော ရုပ်နာမ်တို့သည် တခြား နေရာရောက်အောင် မပါနိုင်ကြ။
31,508
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဖြစ်ပြီးလျှင် ချက်ချင်း ပျက်ရ၏။
31,509
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
အသက်ကောင် ဆိုသော အရာမှာ နဂိုကပင် မရှိချေ။
31,510
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထို့ကြောင့် ထိုဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိ ၂-မျိုးလုံး မဖြစ်စေပဲ ဘဝသစ်ဝယ် ပဋိသန္ဓေ ရုပ် နာမ်တို့ ပထမ ဖြစ်ပေါ်ရာ၌ ရှေးရှေးဘဝဟောင်းက အဝိဇ္ဇာ တဏှာ ကံ ဟူသော အကြောင်းကြောင့် တမျိုးတဖုံ ရုပ်သစ် နာမ်သစ် ဖြစ်ရသည် ဟူသော အယူသာလျှင် သမ္မာအယူ (အယူမှန်)ဟု မှတ်ပါ။
31,511
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ဥပမာ-တောင်၏ အနီးအပါး၌ ဟစ်အော်သော အသံသည် တောင်နံရံကို ထိခိုက်သောအခါ ပဲ့တင်သံဟု ခေါ်သော အသံတမျိုး ဖြစ်ပေါ်လာ၏။
31,512
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထိုပဲ့တင်သံ ဟူသည် မူလ အော်သော လူ၏ အသံလည်း မဟုတ်၊ လူ့အသံနှင့် ကင်း၍ သူ့ဘာသာ ဖြစ်ပေါ်လာသော အသံလည်း မဟုတ်သကဲ့သို့တည်း။
31,513
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
[မီးတိုင်တခုမှ မီးကူးယူရာ၌ ဒုတိယ မီးတိုင်၏ မီးသည် ပထမ မီးတိုင်က မီးလည်း မဟုတ်၊ ပထမ မီးတိုင်က မီးနှင့် အဆက်အသွယ် မကင်းပုံကိုလည်း ဥပမာ ပြုကြပါကုန်။
31,514
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
] ဤ စကားစဉ် အရ၊ ရှေးကံ ကောင်းလျှင် ယခုဘဝ ရုပ်နာမ် ကောင်း၏။
31,515
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ရှေးကံ ညံ့လျှင် ယခုဘဝ ရုပ် နာမ် ညံ့၏။
31,516
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
“ဤဘဝ၌ အကောင်း အဆိုး အမျိုးမျိုးကိုတွေ့ရသည်မှာ ရှေးဘဝက ပြုအပ်သောကံ၊ ဤဘဝ ဉာဏ် ဝီရိယတို့ကြောင့် ဖြစ်၏”ဟု မှတ်ပါ။
31,517
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
နိဂုံး ဤမျှသော စကားအစဉ်ဖြင့် စုတေခါနီး၌ အဖြစ်အပျက်ကို ပြဆိုချက်များ ပြီးဆုံးပြီ။
31,518
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
“စုတေ” ဆိုသော်လည်း စုတေရုံဖြင့် ပြီးရသေးသည်မဟုတ်၊ ဘဝအသစ်၌ တမျိုးဖြစ်ဖို့ရာ စုတေပေးရခြင်း ဖြစ်သောကြောင့် အသစ်ဘဝ၌ အဖြစ် လှဖို့ အရေးသည် ယခု သေရေးထက်ပင် အရေးကြီး၏။
31,519
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတေခါနီး၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့မှာလည်း မိမိကိုယ်တိုင်က သက်သာသော ရောဂါကို ရ၍ အနီးအပါး မိတ်ကောင်း ဆွေကောင်း (ပြုပြင်ပေးတတ်သူ)လည်း ရှိမှ ပြုပြင်ခွင့် ရနိုင်မည်။
31,520
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
ထို့ကြောင့် သေခါနီးကျမှ ပြုပြင်လိုက်မည်ဟု အားခဲသော်လည်း အကြောင်းညီညွှတ်ဖို့ မလွယ်ကူသောကြောင့် မသေမီ ရှေးမဆွကပင် ယခုဘဝ နေရေး သေရေးနှင့် နောက်ဘဝ အဆက်ဆက်ဝယ် နိဗ္ဗာန်အထိ အရေးကို အရှည်ကြီး မြော်မြင်၍ သူတော်စင် ဖြစ်နေမှသာ အရာရာ စိတ်ချ ဖွယ်ရှိပေသတည်း။
31,521
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
သေရေး နေရေး၊ အရှည်အေးဖို့၊ လေးလေးနက်နက်၊ ဤအချက်ကို ကွက်ကွက်ကွင်းကွင်း၊ ရေးရခြင်းကြောင့်၊ ခပင်း လူပေါင်း၊ အနေကောင်း၍၊ အဟောင်းအဖြစ်၊ စွန့်တုံလစ်က၊ အသစ်ဘဝ အဖြစ်လှစေ၊ ငါ့အနေမူ၊ မသေမီရှေး၊ အတော်ဝေးက၊ နောင်ရေးဆင့်ဆင့်၊ မျှော်ခေါ်ချင့်လျက်၊ အသင့်စုဆောင်း၊ နိဗ္ဗူအောင်းဖို့၊ အကောင်း ပါရမီ၊ စုံပြည့်ညီသား၊ အလီလီပွား၊ ရင်းသူများလည...
31,522
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
နိဗ္ဗူထုတ်ချောက်၊ ရောက်ရန်သောဝ်။
31,523
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း
စုတေခါနီး ဖြစ်ပျက်ပုံ ပြီးပြီ။
31,524
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
မာ တိ ကာ တဘဝဖြစ်စဉ်အကျဉ်း
31,525
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
သာသနာ၌ အဆုံးအမများ
31,526
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
စဉ်ဆက်သာသနာ တည်စေသော်
31,527
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
မာတိကာစဉ်--မေခွန်းများ
31,528
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
(ဤကျမ်းစာ၌ ပါရှိ အကြောင်းကို အထူးလေ့လာသူတို့အတွက် မေးခွန်းဖြစ်အောင် မာတိကာခေါင်းစဉ်ကို မေးခွန်းလုပ်၍ ပြထားသည်။
31,529
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ထိုမေးခွန်းအဆုံး၌ စာမျက်နှာနံပါတ်ကို ကြည့်၍ အဖြေကို သိပါ။
31,530
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
အမေးမာတိကာ
31,531
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ပထမခန်း လေ့ကျင့်ဖွယ်များ
31,532
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁။ အဘယ်သဘောကို ပရမတ္ထဟုခေါ်သနည်း ထိုပရမတ္ထတရား ဘယ်နှစ်ပါးရှိသနည်း။
31,533
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂။ ထိုပရမတ္ထတို့၏ သဘောအတိုင်း မဖောက်ပြန်ပုံ ထင်ရှားအောင် လောဘ မဖောက်ပြန်ပုံကို ပြပါ။
31,534
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
[“ပြပါ”ဟု တွေ့သမျှ၌ နှုတ်ဖြင့်ဖြစ် လက်ဖြင့် ဖြစ်စေ ဖြေပါ-ဟု ဆိုလိုသည်။
31,535
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
)၃။ အာရုံသိတတ်သော သဘောကို “စိတ်”ဟု ခေါ်ရာ၌ “သိ”ဆိုသည်မှာ ဉာဏ်အသိမျိုးပါလော, အဘယ်ကို “စိတ်”ဟု ခေါ်သနည်း။
31,536
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၄။ စိတ်သည် အဝေးအာရုံကိုလှမ်း၍ ယူရာ၌ ထိုအာရုံရှိရာ အရပ်သို့ စိတ်က ရောက်သွားသလား။
31,537
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၅။ လက်ဖြောက် တချက်တီးအချိန်မှာ စိတ်ပေါင်း မည်မျှ ဖြစ်နိုင်သနည်း။
31,538
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၆။ စိတ် ၂-ခု ၃-ခုစသည် ပြိုင်၍ဖြစ်ရိုး ရှိသလား။
31,539
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၇။ အာရုံ ၂-ခု ၃-ခုကို တပြိုင်တည်း သိနိုင်သလား။
31,540
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၈။ ရုပ်များ စုပေါင်းနေသောအခါ အထည်ကိုယ်ပုံသဏ္ဌာန် ပေါ်သလို စိတ်မှာလည်း အထည်ကိုယ် ပုံသဏ္ဌာန် ရှိသလား။
31,541
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၉။ စိတ်သည် ခန္ဓာကိုယ်ဝယ် အဘယ်အရပ်၌ အဖြစ်များသနည်း။
31,542
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၀။ တယောက်နှင့်တယောက် ရုပ်များ ကွဲပြားသလို့ စိတ်ချင်း မကွဲပြားဘူးလား။
31,543
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၁။ ရုပ်အဆင်းကို ပြုပြင်၍ရသလို့ စိတ်ကိုလည်း ပြုပြင်၍ မရနိုင်ဘူးလား။
31,544
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၂။ စိတ်ကို ပြုပြင်သင့်သော အကြောင်းများကို မှတ်မိသလောက်ပြပါ။
31,545
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၃။ မိလိန္ဒမင်းကြီး၏ စိတ်ပြုပြင်နည်းကိုပြပါ။
31,546
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ဒုတိယခန်း လေ့ကျင့်ဖွယ်များ၊
31,547
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁။ စိတ်သည် ပင်ကိုယ်သဘောအားဖြင့် အကောင်းအဆိုးကွဲသလား ဘယ်တရားများကခြယ်လှယ်၍ စိတ်ကောင်း စိတ်ဆိုး ကွဲရသနည်း။
31,548
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂။ စိတ်ကိုမကောင်းအောင် ခြယ်လှယ်သော စေတသိက်များကို ရေတွက်ပြပါ၊၃။
31,549
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
အဘယ်သဘောသည် မောဟမည်သနည်း, ပရိယုဋ္ဌာနမောဟနှင့် အနုသယမာဟကို ခွဲခြားပြပါ။
31,550
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၄။ ကုသိုလ်စိတ်ဖြစ်နေသောအခါ ပုထုဇဉ်တို့ သန္တာန်မှာ ဘယ်လို မောဟ ကိန်းနေသနည်း။
31,551
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၅။ ဟရီတစဝတ္ထု ကိုပြောပြ၍ ထိုဝတ္ထု၌ မောဟဖြစ်ပုံကို ကောက်ချက်ချပြပါ။
31,552
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၆။ မသင်ဖူးသောအတတ် မရောက်ဖူးသောအရပ် စသည်ကို မသိခြင်းမှာ မောဟသဘောဟုတ်ရဲ့လား။
31,553
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၇။ မရှက်ခြင်းကို အဟိရိက မလန့်ခြင်းကို အနောတ္တပ္ပဟု ဆိုရာ၌ အဘယ်အမှုမှ မရှက်မလန့်ခြင်းကို ဆိုသနည်း၊ ဥပုသ်စောင့် တရားနာ သွားရမှာ မရှက်ခြင်း ပြောရ ဟောရမှာ မလန့်ခြင်းကို အဟိရိက အနောတ္တပ္ပဟု ဆိုလိုပါသလား၈။
31,554
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
အကုသိုလ် ဒုစရိုက်နှင့်စပ်၍ တွေ့ရတတ်သော ဘေးကြီး ၄-ပါးကို ပြပါ။
31,555
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၉။ ဥဒ္ဓစ္စ၏ ပျံလွင့်ခြင်းသဘောကို ဥပမာနှင့်တကွ ပြောပြပါ။
31,556
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၀။ ဆွေမျိုးပျက်ခြင်း စည်းစိမ်ဥစ္စာပျက်ခြင်း စသည်ကြောင့် စိတ်လွင့်ပါး၍ ဟိုသွားချင် သည်သွားချင် ဖြစ်နေရာဝယ် အဘယ်သဘောဟု သတ်မှတ်ရမည်နည်း။
31,557
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၁။ လိုချင်မှုကို လောဘဟု ဆိုပါလျှင် နိဗ္ဗာန် လိုချင်မှု ကုသိုလ်လိုချင်မှု လှူဒါန်းဖို့ ပစ္စည်းလိုချင်မှု စသော ကုသိုလ်ဆိုင်ရာ လိုချင်မှုများကိုလည်း လောဘ ဟုပင် မှတ်ရမည်, လောဘ မဟုတ်လျှင် ဘာသဘော ပါနည်း။
31,558
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၂။ လောဘကို ဘယ်လိုနာမည် ခေါ်နိုင်သနည်း။
31,559
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၃။ သ္မီးခင်ပွန်းတို့ တယောက်နှင့်တယောက် နောက်နောက် ဘဝဝယ် နိဗ္ဗာန်အထိ မခွဲလိုရာ၌ (သူတော်ကောင်းချင်း ဖြစ်ပါမူ) လောဘသဘောချည်းမှတ်ရမည်၊ အခြား ဘယ်သသော ပါဝင်ပါသေးသနည်း။
31,560
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၄။ အလိမ်ဉာဏ် အကောက်ဉာဏ်များသည် ဉာဏ်ပညာအစစ်မဟုတ်လျှင် အဘယ်သဘောပါနည်း။
31,561
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၅။ ဘယ်သဘောကို သာဌေယျဟုခေါ်သနည်း။
31,562
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၆။ ဒိဋ္ဌိသဘောကို နားလည်သမျှပြောပြပါ။
31,563
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၇။ ဇာတိ ဓန ပညာ အဆင်းမာန်တို့ကို တခုစီ-ပြောပြပါ၁၈။
31,564
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ကြမ်းတမ်းခြင်း စိတ်ဆိုးခြင်းများကို ဒေါသဟုနားလည်ကြပြီး စိတ်မချမ်းသာခြင်း စိတ်ညစ်ခြင်း စိတ်အားငယ်ခြင်းများကို ဘာသဘောဟု ဆိုမည်နည်း။
31,565
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၉။ အဘယ်သဘောကို မက္ခဟုခေါ်သနည်း ထိုမက္ခသည် အကုသိုလ်စေတသိက်များတွင် အဘယ်စေတသိက် ဖြစ်သနည်း။
31,566
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၀။ အဘယ်သဘောကို ပဠာသဟု ခေါ်သနည်း။
31,567
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၁။ ဝမ်းနည်းမှုကို “သောက”ဟု ခေါ်ရာ၌ ဝမ်းနည်းပုံများကို မိမိ သိသမျှပြပါ။
31,568
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၂။ ငိုကြွေးမှုကို “ပရိဒေဝ”ဟု ခေါ်ရာ၌ အော်ဟစ်၍ ငိုကြွေးခြင်း၏ အပြစ်များကို ပြပါ။
31,569
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၃။ ဒုက္ခနှင့် ဒေါမနဿကို ခွဲခြားပြီးလျှင် စိတ်ချမ်းသာအောင် ပြုပြင်နည်းကိုလည်း ပြပါ။
31,570
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၄။ လောကဓံ ရှစ်ပါးကို ဖော်ပြ၍ (၄၉), နိန္ဒာအရ အကဲ့ရဲ့ခံနိုင်ရည်ရှိဖို့ အကြောင်းများကို ပြပါ။
31,571
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၅။ မျောမေ့ (အပူလုံးဆို့)လောက်အောင်ပူလောင်ခြင်းကို အဘယ်သဘောဟု မှတ်ရမည်နည်း၊၂၆။
31,572
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
အဘယ် သဘောထားမျိုးကို အဘယ် စကားမျိုးကို “ဣဿာ”ဟု ခေါ်သနည်း။
31,573
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၇။ ဘယ်လိုအပြောမျိုးကို “အတ္တုက္ကံသန”ဟု ခေါ်၍ ဘယ်လို အပြောမျိုးကို “ပရဝမ္ဘန”ဟု ခေါ်သနည်း။
31,574
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၈။ ဝန်တိုခြင်း၊ သူများ မရစေလိုခြင်းကို “မစ္ဆရိယ”ဟု နားလည်လျှင် မစ္ဆရိယ ၅-ပါးကို ခွဲခြားပြပါ၂၉။
31,575
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
နောင်တ တဖန် ပူပန်မှုကို “ကုက္ကစ္စ”ဟု ခေါ်ရာ၌ နောင်တဖန်ပူပန်ပုံကိုပြပေး၊၃၀။
31,576
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
နောင်တ မရသင့်ပုံ မိမိ ပြုမိသော အကုသိုလ်များ ပယ်ရှားနိုင်ပုံကို ပြပါ။
31,577
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၃၁။ ဘယ်သဘောကို ထိန, ဘယ်သဘောကို မိဒ္ဓဟု ခေါ်သနည်း၃၂။
31,578
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ဝိစိကိစ္ဆာ၏ ယုံမှား သံသယဖြစ်ပုံကို အတော်စုံလင်အောင်ပြ၍ အဓိပ္ပါယ်စသည်တို့ကို ယုံမှားသံသယ ဖြစ်ရာ၌ ကုသိုလ် ဝိစိကိစ္စာ ဖြစ်-မဖြစ် ဆုံးဖြတ်ပါ။
31,579
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
တတိယခန်း လေကျင့်ဖွယ်များ
31,580
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁။ စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များကို ပြပါ။
31,581
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂။ ယုံကြည်ခြင်းကို သဒ္ဓါဟု ခေါ်ရာ၌ ယုံပုံ ကြည်ပုံကို ခွဲခြားပြပါ။
31,582
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၃။ မိစ္ဆာအယူ ရှိသူတို့၏ စွန့်ကြဲ ပေးကမ်းမှု စသည်၌ ကုသိုလ်ရ-မရကို ပြပါ။
31,583
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၄။ အဘယ်ကိစ္စ၌ အောက်မေ့မှု အမှတ်ရမှုကို သတိအစစ်ဟု ဆိုသနည်း မကောင်းမှု ဆိုင်ရာကို အမှတ်ရနေရာ၌ သတိအစစ် မဟုတ်လျှင် ဘယ်ကနည်း။
31,584
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၅။ ဘယ်အမှုကို ရှက်မှ ဟိရီ ဩတ္တပ္ပ အစစ် ကုသိုလ် ဖြစ်သနည်း။
31,585
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၆။ မပြောဝံ့ မဆိုဝံ့, မသွားဝံ့ ရှက်ရွံ့ခြင်းများသည် ဟိရီဩတ္တပ္ပ အစစ် အစစ် မဟုတ်လျှင် ဘာသဘောများ ပါနည်း။
31,586
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၇။ အလောဘ အဒေါသ-အမောတို့ကို အကျဉ်းပါ။
31,587
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၈။ သဒ္ဓါနှင့် ပညာ ကွာခြားပုံကိုပြ၍, ၂-ပါးလုံး မစုံလျှင် အစွမ်းကုန် အကျိုးရနိုင်ပါမည်လော။
31,588
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၉။ အဘယ်သဘောမျိုးကို“မေတ္တာ”ဟု ခေါ်သနည်း မေတ္တာ အတုကိုလည်း ပြပါ။
31,589
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၀။ ဆွေချစ် မျိုးချစ်ဇနီးမောင်နှံချစ် စသည်ဖြင့် ချစ်ခင် နေသူ အပေါ်၌ မေတ္တာအစစ် လုံးလုံးမဖြစ်နိုင် ဟုမှတ်ရမည်လော ဖြစ်နိုင်လျှင် ဝတ္ထု သက်သေပြပါ။
31,590
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၁။ ကရုဏာ-မုဒိတာ-ဥပေက္ခာတို့ သဘောကို သိသာရုံပြပါ။
31,591
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၂။ “သဗ္ဗေသတ္တာ အဝေရာ ဟောန္တု”မှစ၍ “ကမ္မသကာ” တိုင်အောင် စကားစုတွင် မေတ္တာပို့~ ကရုဏာပို့ မုဒိတာပို့--ဥပေက္ခာပို့ စကားကို ခွဲခြားပြပါ။
31,592
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၃။ ဘယ်အမှုမှ ရှောင်ခြင်းကို သမ္မာဝါစာ ဘယ်အမှုမှ ရှောင်ခြင်းကို သမ္မာကမ္မန္တ ဘယ်အမှုမှ ရှောင်ခြင်းကို သမ္မာအာဇီဝဟု ခေါ်သနည်း။
31,593
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၄။ သမာဒါန-သမ္ပတ္တ-သမုစ္ဆေဒ ဝိရတိ ၃-မျိုးကိုခွဲပြပါ။
31,594
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
စတုတ္ထခန်း လေ့ကျင့်ဖွယ်များ
31,595
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁။ စိတ်ကောင်းစိတ်ဆိုး ၂-လုံးတွင် ပါဝင်နိုင်သော စေတသိက်များကို ပြပါ။
31,596
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂။ တွေ့ထိခြင်း သဘောကို ဖဿဟု ဆိုရာ၌ ကိုယ်ထိလက်ရောက် အထိုမျိုးကို ဆိုလိုပါသလား ဘယ်လို အထိမျိုးပါနည်း။
31,597
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၃။ ဣဋ္ဌာရုံ စသော အာရုံ ၃-မျိုး သုခစသော ဝေဒနာ ၅-မျိုးကို ရေတွက်၍ မည်သည့်အာရုံကို မည်သည့် ဝေဒနာက ခံစားသည်ဟု ခွဲပြပါ။
31,598
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၄။ သညာ၏ မှတ်ပုံကို သိသာအောင် ပြ၍ မှတ်ခြင်း၌ရသော အကျိုး၂-မျိုးကိုလည်း ပြပါ။
31,599
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၅။ စေ့ဆော်ခြင်းသဘောကို စေတနာဟု ခေါ်ရာ၌ စေ့ဆော်ပုံကို ထင်ရှားအောင်ပြပါ။
31,600
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၆။ ထိုစေတနာကို “ကံ=အမှုသည်” တရားဟု ခေါ်ထိုက်ကြောင်း ဥပမာနှင့်တကွ ပြပါ။