id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
31,601 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၇။ အဘယ်သဘောသည် ဧကဂ္ဂတာ မည်သနည်း ထိုဧကဂ္ဂတာ၏ အခြားမည် တမျိုးကား အဘယ်ပါနည်း။ |
31,602 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၈။ သတ္တဝါတို့၌ “အသက်”ဟု ခေါ်ရသော တရားကား အဘယ်တရားပါနည်း ထိုတရားများအပြင် ခန္ဓာကိုယ်၌ “အသက်ကောင်”ဟု သီးခြားရှိသေးသလော။ |
31,603 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၉။ မနသိကာရဟူသည်အဘယ်သဘောနည်း ထိုမနသိကာရကြောင့် စိတ်တို့၌ ဘာကို အမြဲရနိုင်ကြပါသနည်း။ |
31,604 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၀။ ကြံစည်စိတ်ကူးခြင်းကို “ဝိတက်”ဟုခေါ်ရာ၌မကောင်း ဝိတက် ၃-ပါးမှ ကောင်းဝိတက် ၃-ပါးကို ခွဲခြားပြပါ။ |
31,605 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၁။ ဝိစာရနှင့် အဓိမောက္ခသဘောကို သိသာရုံမျှပြပါ။ |
31,606 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၂။ တွေ့ကြုံလာသောကိစ္စ၌ မကြောက်မရွံ့ နောက်မတွန့်ဘဲ စွန့်စားခြင်းသဘောကို“ဝီရိယ”ဟု ဤကျမ်းက ဆိုပြီ၊ ထိုဝီရိယကြောင့် “ကျန်းမာပုံ စီးပွားရေး တန်းမြင့်ပုံ ပညာရေး တိုးတက်ပုံများကို တခုစီ ရှင်းလင်းပြ၍, ဝီရိယ ကောင်းကောင်းရှိသူသည် မည်သည့်အဖြစ်ကိုပင် ရနိုင်ပါသေးသနည်း။ |
31,607 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၃။ ပီတိသဘောနှင့်သုခသဘောကို ကွဲပြားအောင်ပြပါ။ |
31,608 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၄။ ဘုရားဖြစ်ချင် ရဟန္တာဖြစ်ချင် ကုသိုလ်လိုချင် လှူချင် လှူနိုင်အောင် ပစ္စည်းလိုချင်မှု စသည်၌ ဘယ်သဘောနည်း စည်းစိမ်ခံစားချင်-ခံစားဖို့ပစ္စည်းလိုချင်မှုစသည်၌ ဘယ်သဘောနှင့်ဘယ်သဘောတို့တွဲဖက်၍ သတ်ချင် ဖြတ်ချင်မှု စသည်၌ ဘယ်သဘောနှင့် ဘယ်သဘောတို့ တွဲနေသနည်း။ |
31,609 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၅။ ထိုဖြစ်ချင်မှု လိုချင်မှုများ၌ ဖြစ်ချင်ရုံ(ဆုတောင်းနေရုံမျှဖြင့်) အကျိုးရမည်သော အကျိုးရအောင် ဘယ် တရား ပါစေရမည်နည်း။ |
31,610 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၆။ ယခုအခါဆိုင်ရာဌာန၌ အထက်တန်းရောက် နေသူတို့သည် ဘုန်းနှင့်သမ္ဘာနှင့် ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာပြီးနိုင်သူများမဟုတ်ကြလျှင် ဘယ်တရားများကြောင့် အထက်တန်း ရောက်နေကြသနည်း။ |
31,611 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ပဉ္စမခန်း လေ့ကျင့်ဖွယ်များ |
31,612 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁။ အဘယ်သဘောကို “စရိုက်”ဟု သနည်း, ထိုစရိုက် ၆-ပါးကို ရေတွက်ပြပါ။ |
31,613 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂။ ရာဂနှင့် သဒ္ဓါစရိုက်ရှိသူတို့၏ အစားအသောက် အသွားအလာ အနေအထိုင် အပြောအဆိုများကို ဖော်ပြ၍, ထိုသူ ၂-ဦးတို့ ထူးခြားချက်ကိုလည်း ပြပါ။ |
31,614 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၃။ ဒေါသစရိုက်ရှိသူနှင့် ဗုဒ္ဓိစရိုက်ရှိသူတို့၏ ဖြစ်ပုံတူသော အရာ ထူးခြားသော အရာများကိုပြပါ။ |
31,615 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၄။ မောဟနှင့် ဝိတက်စရိုက်ရှိသူတို့၏ဖြစ်ပုံတူသော အရာထူးခြားသော အရာများကိုပြပါ။ |
31,616 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၅။ ရှေးဘဝက မည်သည့် အကြောင်းကြောင့် ယခုဘဝ၌ မည်သည့်စရိုက်ရှိသူ ဖြစ်တတ်သနည်း။ |
31,617 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၆။ မကောင်းဝါသနာဆိုလျှင် ဘာကိုခေါ်၍ ကောင်းဝါသနာဆိုလျှင် ဘာကိုခေါ်သနည်း။ |
31,618 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၇။ ထို့ဝါသနာ၏ ဘဝအဆက်ဆက် လိုက်ပါပုံကိုပြပါ။ |
31,619 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ဆဋ္ဌခန်း လေ့ကျင့်ဖွယ်များ |
31,620 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁။ အဘယ်အမှုကို “ပုညကြိယဝတ္ထု”ဟု ခေါ်သနည်း။ |
31,621 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ထို၁၀-ပါးကို ရေတွက်ပြပါ။ |
31,622 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂။ စေတနာဒါန ဝတ္ထုဒါန ၂-မျိုးခွဲပြု၍ နောင် အကျိုးပေးရာ၌ မည်သည့်ဒါနက အကျိုးပေးသည်ဟု ပြပါ။ |
31,623 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၃။ အလှူပစ္စည်းနှင့် အလှူခံတို့ စေတနာထက်သန်အောင် ကူညီပုံကို ပြပါ။ |
31,624 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၄။ နဲနဲအလှူနှင့် များပြားကြီးကျယ်သော အလှူတို့ အကျိုးပေး ကွာခြားပုံကိုပြပါ။ |
31,625 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၅။ အလှူပေးရာ၌ မျိုးစေ့စိုက်ပုံနှင့် တူဟန်ကို ဉာဏ်မှီသမျှ ပြပါ။ |
31,626 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၉။ အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးပုံကို ပြပါ။ |
31,627 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၇။ သံဃိကဒါနဖြစ်အောင် ဘယ်လိုလှူရမည်နည်း။ |
31,628 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၈။ သံဃိကနှင့်ပုဂ္ဂလိကဒါန ၂-မျိုးတို့၏ အကျိုးပေး ကွာရာ၌ ဘာ့ကြောင့်ရသည်ဟု ထင်ရှားအောင်ပြပါ။ |
31,629 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၉။ ဘုရားရှင်အား ရည်မှန်း၍ ဆွမ်းကပ်လှူပုံကို ပြပြီးလျှင်ထိုဆွမ်းကို မည်သူစားထိုက်ကြောင်းပြပါ။ |
31,630 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၀။ ရုပ်ပွားတော်စသည် မရှိရာ၌ ဘုရားရှင်ကိုရည်စူး၍ ပန်းစသည် ပူဇော်လျှင် အကျိုးရနိုင်ကြောင်း ဝတ္ထုကို ပြပါ။ |
31,631 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၁။ ဒါနပြုရာ၌ ပုဗ္ဗစေတနာ, မုဉ္စစေတန, အပရစေတနာ ၃-မျိုးကို ဖြစ်ပုံကို ခွဲခြားပြပါ။ |
31,632 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၂။ အဘယ်ကုသိုလ်သည် ဒွိဟိတ်ကုသိုလ်ဖြစ်၍ အဘယ်ကုသိုလ်က တိဟိတ်ကုသိုလ်ဖြစ်သနည်း။ |
31,633 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၃။ ထို ကုသိုလ်များသည် ဘယ်လိုဖြစ်လျှင် ဥက္ကဋ္ဌကုသိုလ် ဘယ်လိုဖြစ်လျှင် ဩမကကုသိုလ် ဖြစ်သနည်း။ |
31,634 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၄။ ဒါန၏ အယုတ် အလတ် အမြတ် ၃-မျိုးကို နည်း အမျိုးမျိုးအရ ခွဲခြားပြပါ။ |
31,635 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၅။ ဒါန၏အကျိုးကို ဉာဏ်မှီသမျှ ပြောပြပါ။ |
31,636 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၆။ “ဒါနက သံသရာရှည်စေသည်”ဟု ပြောကြရာ၌ ဘယ်လိုဒါနသည် သံသရာရှည်စေ၍ ဘယ်လိုဒါနသည် သံသရာကို တိုစေပါသနည်း။ |
31,637 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၇။ ဝဋ္ဋနိဿိတကုသိုလ်-ဝိဝဋ္ဋနိဿိတကုသိုလ် ၂-မျိုးကိုခွဲပြပါ၁၈။ |
31,638 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ဒါနကြောင့် အခြားပါရမီများပြည့်လွယ်ပုံကို ပြပါ။ |
31,639 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၉။ ဒါနကိုပစ်ပယ်လျှင် ဖြစ်ဘွယ်အပြစ်များကိုပြပါ။ |
31,640 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂၀။ “ဒါနထက် သီလကမြတ်သည်”ဟုဆိုကြရာ၌ မြတ်ထိုက်သောအကြောင်းကို ပါဏာတိပါတ ဝိရတိ သီလ တခုဖြင့် နှိုင်းယှဉ်၍ပြပါ။ |
31,641 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂၁။ ပါဏာတိပါတ ဝိရတိသီလမှစ၍ ၅ ပါးသီလကြောင့် သတ္တဝါတွေ ချမ်းသာခွင့်ရပုံကို သိက္ခာပုဒ် တပါးစီ ခွဲပြပါ။ |
31,642 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂၂။ ဘာဝနာဟူသည် အဘယ်အလုပ်မျိုးနည်း။ |
31,643 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂၃။ သာမန်လူတို့၏ ဒါနနှင့် အလောင်းတော်၏ ဒါနဝယ် စိတ်ထားချင်းကွာခြားပုံကို ဝေဿန္တရာမင်း၏ ဒါနဖြင့် ထင်ရှားအောင်ပြပါ။ |
31,644 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂၄။ အပစာယနဟူသည် အဘယ်ကုသိုလ်မျိုးနည်း။ |
31,645 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂၅။ ပေယျာဝစ္စဟူသည် အဘယ်ကုသိုလ်မျိုးနည်း။ |
31,646 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂၆။ ပတ္တိဒါနဟူသည် အဘယ်ကုသိုလ်မျိုးနည်း။ |
31,647 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂၇။ ပတ္တာနုမောဒန ဟူသည်အဘယ် ကုသိုလ်မျိုးနည်း၊၂၈။ |
31,648 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ပတ္တာနုမောဒနာ ကုသိုလ်ကြောင့် အဘယ် သူတို့မှာ ဒိဋ္ဌဓမ္မအကျိုးရနိုင်ကြသနည်း။ |
31,649 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂၉။ တရားနာရာ၌ ရနိုင်သောအကျိုး ၅-ပါးကိုပြပါ၊၃၀။ |
31,650 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | လာဘ်ကိုမြော်၍တရားဟောရာ၌ ဘာနှင့်တူသနည်း။ |
31,651 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၃၁။ အသံလုပ်၍ တရားဟောရာ၌ အပြစ် ၅-ပါးကိုပြပါ။ |
31,652 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၃၂။ တရားနည်းလမ်းကျသောစာကို ဖတ်ပြခြင်း, ဆုံးမ စကားပြောခြင်းများလည်း ဓမ္မဒေသနာ ကုသိုလ် မဖြစ်ပါလား။ |
31,653 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၃၃။ အဘယ်ကုသိုလ်ကို ဒိဋ္ဌိဇုကမ္မဟု ခေါ်သနည်း ဤဒိဋ္ဌိဇုကမ္မနှင့် သမ္မာဒိဋ္ဌိ-ကမ္မသကတာဉာဏ်တို့ ခြားနားကြ သေးသလော။ |
31,654 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၃၄။ သမ္မာဒိဋ္ဌိ အယူရှိတိုင်း ဗုဒ္ဓဘာသာပင်ဖြစ်မည်လား ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ဘာကိုဆိုရသေးသနည်း၃၅။ |
31,655 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ပုညကြိယဝတ္ထု ၁၀-ပါးကို ၄၀-ဖြစ်အောင်မြှောက်ပြပါ။ |
31,656 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | သတ္တမခန်း လေ့ကျင့်ဖွယ်များ |
31,657 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁။ ပါဠိလို က မြန်မာလို ကံ, တနည်းဆင့်၍ အဓိပ္ပါယ် ပြန်လျှင် ကိုယ်မှု နှုတ်မှု စိတ်မှုဟု ဆိုလိုကြောင်း နားလည်လျှင် ထိုကံဖြစ်အောင် လှုံ့ဆော်တတ်သော တရားကား အဘယ်တရားနည်း။ |
31,658 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂။ ကုသိုလ် အကုသိုလ်များဖြစ်ပြီးနောက် “သဗ္ဗေ သင်္ခါရာ အနိစ္စာ”အရ မမြဲ၍ ပျက်သွားသောအခါ) တစုံတရာ မကျန်ရစ် သလော။ |
31,659 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၃။ ထိုကျန်ရစ်သောအရာသည် ခန္ဓာအစဉ်ဝယ် မည်ကဲ့သို့ လိုက်ပါ တည်ရှိသနည်း။ |
31,660 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၄။ ကံပြုသူ၌ နောက်နောက် ဘဝဝယ် ကံ အကျိုးတိုက်ရိုက် ရပုံကိုပြပါ။ |
31,661 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၅။ ကုသိုလ်ကံတူ အကျိုးပေးပုံကို ဇာတ်ဝတ္ထုများနှင့် တကွ ထင်ရှားပြပါ။ |
31,662 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၆။ အကုသိုလ်ကံတူ အကျိုးပေးပုံကိုလည်း ဝတ္ထုနှင့်တကွ ထင်ရှားပြပါ။ |
31,663 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၇။ တယောက်ကုသိုလ်၏ အကျိုးအာနိသင်ကို စပ်ဆိုင်သူများ ရတတ်ပုံကို ဝတ္ထုနှင့်တကွ ပြပါ။ |
31,664 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၈။ အကုသိုလ်၏ အကျိုးများလည်း နီးစပ်သူတို့အား အဖျားခတ်တတ်ပုံကို ဝတ္ထုနှင့်တကွပြပါ။ |
31,665 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၉။ အကုသိုလ်ကံသည် ကံပြုသူကို တိုက်ရိုက်နှိပ်စက်ခွင့် မရလျှင် နီးစပ်သူတို့ ဒဏ်ခံရတတ်ပုံကိုပြပါ။ |
31,666 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၀။ ကံချင်းတူလျက် ကံပြုသူ၏ မျက်နှာလိုက်၍ အကျိုးပေး မတူတတ်ပုံကို ပြပါ။ |
31,667 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၁။ သမ္ပတ္တိ ၄-ပါး ဝိပတ္တိ ၄-ပါးကို ပါဠိမြန်မာ ၂-မျိုးလုံး ပြပါ။ |
31,668 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၂။ ကုသိုလ်ကံ အကုသိုလ်ကံ ၂-မျိုးတွင် သမ္ပတ္တိဆိုက်နေသောအခါ အဘယ်ကံ အကျိုးပေးခွင့်သာ၍ ဝိပတ္တိဆိုက်သောအခါ အဘယ်ကံ အကျိုးပေးခွင့် သာပါသနည်း။ |
31,669 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၃။ ပယောဂသမ္ပတ္တိဖြင့် အကုသိုလ်ကံ အကျိုးမပေးအောင် တားနိုင်ပုံကိုပြပါ။ |
31,670 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၄။ ပယောဂ သမ္ပတ္တိကြောင့် စီးပွါးရေး တန်းမြင့်ပုံကိုပြပါ။ |
31,671 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၅။ ပယောဂသမ္ပတ္တိကြောင့် ကျန်းမာပုံကိုပြပါ။ |
31,672 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၆။ ပယောဂသမ္ပတ္တိ အမျိုးမျိုးကိုပြပါ။ |
31,673 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၇။ ဝိပတ္တိဆိုက်နေလျှင် ပြင်၍ မရပြီလော, ရနိုင်သမျှ ပြုပြင်နည်းကိုပြပါ။ |
31,674 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၈။ “သမ္ပတ္တိဝိပတ္တိဆိုက်နေပုံအလိုက် ကုသိုလ် အကုသိုလ်ကံကို အကျိုးပေးခွင့် သာကြသည်”ဟု မယူဆ၍, (မည်သည့် ကောင်းကျိုး ဆိုးကျိုးကိုမဆို) ကံစီမံသလို ဖြစ်ကြရသည် မည်သည့်အချိန်မှာ မည်သည့်အကျိုးကို ရလိမ့်မည်ဟု ရှေးမဆွကပင် ကံက စီမံပြီးဖြစ်သည်ဟု အယူသည်းသူတို့မှာ အဘယ်မိစ္ဆာ အယူသို့ သက်ဝင်နေသနည်း။ |
31,675 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၉။ ကုသိုလ် အကုသိုလ်ကံတူ ကံတူ အကျိုးပေးပုံကိုပြပါ။ |
31,676 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂၀။ ဒါနပြုစဉ်က အပရစေတနာ ချို့တဲ့၍ စည်းစိမ် မခံစားချင်ဘဲ ဖြစ်ရပုံ ဝတ္ထုကို ပြပါ။ |
31,677 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | အဋ္ဌမခန်း လေ့ကျင့်ဖွယ်များ |
31,678 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁။ သေခြင်းအကြောင်း ၄-ပါးကို ပြပါ။ |
31,679 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂။ အသက်တမ်းကုန်၍ သေရပုံကိုပြပါ။ |
31,680 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၃။ ကံစွမ်းကုန်၍ သေရပုံကို ပြပါ။ |
31,681 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၄။ အသက်တမ်း ကံစွမ်း ၂-မျိုးလုံး ကုန်ခြင်းကြောင့် သေရပုံကို ပြပါ။ |
31,682 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၅။ ဥပစ္ဆေဒကကံ ဟူသည် အဘယ်နည်း ထိုကံကြောင့် သေရပုံကို ပြပါ။ |
31,683 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၆။ သေချိန်မကျဘဲ သေရသူတွေ ပေါများပုံကို ပြပါ။ |
31,684 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၇။ စုတေခါနီး အရေးကြီးပုံကို ပြပါ။ |
31,685 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၈။ စုတေခါနီးထင်လာတတ်သော အာရုံ ၃-မျိုးကိုပြပါ။ |
31,686 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၉။ ကံအာရုံ ထင်လာပုံကို ပြပါ။ |
31,687 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၀။ ကမ္မနိမိတ်အာရုံ ထင်လာပုံကိုပြပါ။ |
31,688 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၁။ ဂတိနိမိတ်အာရုံ ထင်လာပုံကို ပြပါ။ |
31,689 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၂။ ဂတိကောင်းမည်-မကောင်းမည်ကို ဘယ်လို အခြေအနေ ကြည့်၍ မှန်းနိုင်သနည်း။ |
31,690 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၃။ စုတေခါနီး၌ ပြုပြင်ပေးသင့်ပုံကို ပြပါ။ |
31,691 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၄။ စုတေစိတ်ကျပြီးနောက် ဘယ်လောက်ကြာမှ ဘဝသစ်၌ ပဋိသန္ဓေစိတ် ဖြစ်သနည်း။ |
31,692 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁၅။ စုတိသန္ဓေနှင့်စပ်၍ မိစ္ဆာအယူ ၂-မျိုး ဖြစ်တတ်ပုံ သမ္မာအယူဖြစ်ပုံကို ပြပါ။ |
31,693 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | နဝမခန်း လေ့ကျင့်ဖွယ်များ |
31,694 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၁။ အဘယ်ကို “ပဋိသန္ဓေ”ဟု ခေါ်သနည်း ထိုပဋိသန္ဓေ ဟူသော စကား၌ အဓိပ္ပါယ် ဘယ်လိုရသနည်း။ |
31,695 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၂။ ဘယ်လို ပဋိသန္ဓေကို “ဥပပတ်ပဋိသန္ဓေ”ဟု ခေါ်သနည်း၊ ထိုဥပပတ်ပဋိသန္ဓေ နေသူများကား အဘယ် သူများနည်း။ |
31,696 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၃။ ဘယ်လို ပဋိသန္ဓေကို “သံသဒဇ”ဟု ခေါ်သနည်း၊ ထိုပဋိသန္ဓေနေသူများကား ဘယ်သူများပါနည်း။ |
31,697 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၄။ ဘယ်လို ပဋိသန္ဓေကို “အဏ္ဍဇ” ပဋိသန္ဓေဟု ခေါ်သနည်း၊ ထိုပဋိသန္ဓေနေသူများကို ပြပါ။ |
31,698 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၅။ ဘယ်လို ပဋိသန္ဓေကို “ဇလာဗုဇ” ပဋိသန္ဓေဟုခေါ် သနည်း၊ ထိုပဋိသန္ဓေနေသူများကို ပြပါ။ |
31,699 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၆။ ဇလာဗုဇပဋိသန္ဓေ နေခြင်း၏ အကြောင်း ၃-ပါးကို ပြပါ။ |
31,700 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ | ၇။ အဘယ်ကို “ကလလရေကြည်”ဟု ခေါ်သနည်း ထို“ကလလရေကြည်၏ ပမာဏကိုပြပါ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.