id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
31,701
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၈။ ထိုကလလရေကြည်သည် ကံကြောင့် ဖြစ်ရိုးမှန်လျှင် ဘာ့ကြောင့် သားသ္မီးများ မိဘနှင့်တူတတ်သနည်း။
31,702
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၉။ ဒုဂ္ဂတိအဟိတ်စသော ပုဂ္ဂိုလ်၄-မျိုးပြ၍ သုဂတိ အဟိတ် လူနှင့် နတ်များကို ဖော်ပြပါ။
31,703
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၀။ အဘယ်ကုသိုလ်ကံကြောင့် ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်ရသနည်း ထိုသုဂတိအဟိတ်နှင့် ဒွိဟိတ်ပုဂ္ဂိုလ်တို့ ဘာ့ကြောင့် ဈာန်မဂ်ဖိုလ်ကို မရထိုက်သနည်း။
31,704
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၁။ အဘယ်ကုသိုလ်ကြောင့် တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရနည်း။
31,705
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ယခုကာလ တိဟိတ်ပုဂ္ဂိုလ် နည်းပါးသလား မနည်းလျှင် ဘာ့ကြောင့် ဈာန်မရကြသနည်း။
31,706
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၂။ အရိယာပုဂ္ဂိုလ် ၈-ယောက်ကို ရေတွက်ပြပါ။
31,707
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၃။ သတ္တဝါတို့သည် အမိဝမ်း၌ အောင်းစဉ်ကစ၍ တယောက်နှင့် တယောက် ဆင်းရဲချမ်းသာ ကွဲခြင်း၊ အဆင်းလှ-မလှခြင်း၏ အကြောင်းရင်းကား အဘယ်ပါနည်း။
31,708
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ဒသမခန်း လေ့ကျင့်ဖွယ်များ
31,709
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁။ ဖောက်ပြန်တတ်သော တရားစုကို “ရုပ်”ဟု ခေါ်ရာ၌ ထိုရုပ်တရားတို့၏ ဖောက်ပြန်ပုံကိုပြပါ။
31,710
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂။ အရေးတကြီး သိသင့်သော ရုပ် ၁၉-ပါးကို ရေတွက် ပြပါ။
31,711
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၃။ ပထဝီ အပေါ် တေဇော, ဝါယာတို့၏ သဘောကို ပြပါ။
31,712
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၄။ တေဇောကို ဘာဟု ခေါ်သနည်း ထိုတေဇော ၂-မျိုးကို ပြပါ။
31,713
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၅။ ပါစကဝမ်းမီးဟူသည် ဘယ်ဓာတ်ပါနည်း။
31,714
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၆။ ဝါယောဓာတ် ၆-မျိုးကို ပြပါ။
31,715
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၇။ ခန္ဓာကိုယ်ဝယ် အဘယ်လေဓာတ် မလျှောက်မည်စိုး၍၊ “ကြာရှည်စွာ ကွေး၍မထိုင်ရ လမ်းများများ လျှောက်ပေးရမည်”ဟု တိုက်တွန်းကြသနည်း။
31,716
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၈။ ခန္ဓာကိုယ်၌ အမာခံနှင့် အမွှန်းတင်ရုပ်များကို ခွဲခြား ပြပါ။
31,717
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၉။ ပသာဒရုပ် ၅-ပါးကို ရေတွက်၍ ထိုပသာဒတို့၏ တည်ရာအရပ်ကိုလည်း ပြပါ။
31,718
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၀။ အာရုံ ၅-ပါးကို ရေတွက်ပြ၍ ထိုအာရုံများကို ဖမ်းနိုင်သော ပသာဒ ၅-ရပ်နှင့် တွဲစပ်၍ပြပါ။
31,719
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၁။ အဘယ်တရားကို ကာမဂုဏ် ၅-ပါးဟု ခေါ်သနည်း။
31,720
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၂။ မိန်းမ ယောက်ျား ကွဲပြားခြင်း၏ အကြောင်းရင်း ဖြစ်သော ရုပ်များအား ဘယ်ရုပ်များနည်း၊ ထိုရုပ်များသည် ခန္ဓာကိုယ်ဝယ် အဘယ်အရပ်၌ တည်ရှိကြသနည်း။
31,721
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၃။ များစွာသော စိတ်တို့၏ တည်ရာရုပ် ဘယ်ရုပ်နည်း ထိုရုပ်သည် အဘယ်အရပ်၌ တည်ရှိသနည်း။
31,722
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၄။ ရုပ်တို့မှာ အသက်ရှိသလားရှိလျှင် ဘယ်တရားနည်း။
31,723
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၅။ ဩဇာဟူသည် အဘယ်ရုပ်နည်း။
31,724
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၆။ အကာသဓာတ်ဟူသည် အဘယ်နည်း။
31,725
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၇။ အဘယ်ကို “ကလာပ်”ဟု ခေါ်သနည်း ရုပ်တို့သည် တခုစီခွဲ၍ ဖြစ်ရိုးရှိကြသလား။
31,726
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၈။ အမြဲတွဲ၍ ဖြစ်ရာ ရုပ် ဂ-ပါးကို ပြ၍ မြေ ရေလေနေရောင် စသည်၌ မည်သည့်ရုပ်များ စုဝေးနေသည်ဟု ပြပါ။
31,727
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၉။ ဤရုပ်ခန္ဓာကြီးကို ကံက စီမံပုံ-စိတ်က စီမံပုံ-ဥတုက စီမံပုံ-အာဟာရက စီမံပုံကိုလည်း အသီးသီး ခွဲခြား ပြပါ။
31,728
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ဧကာဒသမခန်း လေ့ကျင့်ဖွယ်များ
31,729
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁။ ငရဲဘုံ ဘယ်မှာရှိသလဲ ဘာ့ကြောင့် ဖြစ်သလဲ၂။
31,730
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ငရဲကြီးရှစ်ထပ်ကို ရေတွက်ပြပါ။
31,731
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၃။ ဘယ်သူ့ကို “ယမမင်း”ဟု ခေါ်သနည်း ထိုယမမင်းသည် ဘယ်လိုသဘောဖြင့် ငရဲရောက်လာသူများကို စစ်ဆေးသနည်း ငရဲရောက်လာသူတိုင်း အစစ်ဆေး ခံရသလား။
31,732
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၄။ ဘယ်သူများကို ငရဲထိန်းဟု ခေါ်သနည်း ထိုငရဲထိန်းတို့က ဘယ်ကိစ္စများကို ရွက်ဆောင်ကြရသနည်း။
31,733
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၅။ ငရဲကြီးရှစ်ထပ်၌ ဒုက္ခခံရပုံကို အသီးသီး ခဲ့ပြပါ။
31,734
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၆။ ငရဲကြီးရှစ်ထပ်အပြင် အခြား ငရဲများ ရှိသေးသလား ငရဲဒုက္ခကို ကုန်အောင် ပြနိုင်မည်လား၊၇။
31,735
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ကမ္ဘာကြီးပျက်ပုံကို ပြပါ။
31,736
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၈။ ကမ္ဘာတည်ပုံကို ပြပါ။
31,737
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၉၊ လောကန္တရိက်ငရဲသည် ဘယ်မှာ တည်နေသနည်း။
31,738
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၀။ မြင့်မိုရ်တောင်ကျွန်းကြီး ၄-ကျွန်း-နတ်ပြည် ဗြဟ္မာပြည်များ၏ တည်ရာအရပ်ကို ပြပါ။
31,739
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၁။ ကမ္ဘာဦးက ဗြဟ္မာကြီးများ ကိုယ်တိုင် လူ့ပြည်ဆင်းကာလူဖြစ်ကြသလား ဘယ်လိုနည်းဖြင့် လူဖြစ်လာကြသနည်း။
31,740
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၂။ ကမ္ဘာဦးက လူများ အစားအစာကို ပဌမ စားပုံ လ နေ နက္ခတ်တို့ ပေါ်လာပုံကို ပြပါ။
31,741
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၃။ ယောက်ျား မိန်းမ ကွဲပြားလာပုံကို ပြပါ။
31,742
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၄။ ကမ္ဘာဦးလူတို့ ဘာ့ကြောင့် အိမ်ဆောက်၍ နေကြသနည်း, မင်္ဂလာဆောင် ခဲပေါက်ကိစ္စ ဘယ်ကစ၍ ဖြစ်ခဲ့သနည်း။
31,743
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၅။ နတ်ဘုံ နတ်နန်းကို ခမ်းနားပုံကိုပြပါ။
31,744
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၆။ နတ်သ္မီးများ၏ လူ့သ္မီးထက် ထူးခြားပုံကိုပြပါ။
31,745
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၇။ တချို့နတ်မှာ တဘက် ၅၀၀-အခြွေအရံရှိဘို့ကို မဆိုထားဘိ ဗိမာန်ကိုမျှ ကိုယ်ပိုင်ရှိကြမည်လား။
31,746
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၈။ နတ်သ္မီး နတ်သားအချို့တို့ လူပျို အပျို လှည့်ရသေး သလား။
31,747
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၁၉။ နတ်ပြည်၌ အနာဂါမ်နှင့်ရဟန္တာတို့ ဘာ့ကြောင့်မနေနိုင်သနည်း မနေနိုင်လျှင် ဘယ်သွားကြသနည်း။
31,748
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၀။ နတ်ပြည်၌ ကမ္မဋ္ဌာန်း အားထုတ်ဘို့ကို မဆိုထားဘိ၊ ဥပုသ်မကျိုးရအောင် စောင့်ဘို့ လွယ်ကူရဲ့လား။
31,749
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၁။ ပါရမီဖြည့်လိုသော အလောင်းတော်တို့သည် နတ်ပြည်မှာ ဘာ့ကြောင့် ကြာရှည်စွာ မနေလိုကြသနည်း၊၂၂။
31,750
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
နတ်ပြည်၌ သူတော်ကောင်းစိတ်ဓာတ် ခိုင်မြဲအောင် မျှော်လင့်ဘွယ် အချက်ကလေးများရှိလျှင်ပြပါ။
31,751
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၃။ ဗြဟ္မာများ၏ နေထိုင်ပုံကိုပြပါ။
31,752
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၄။ အသညသတ် အရူပဆိုတာ ဘယ်လို ဗြဟ္မာများ ပါနည်း။
31,753
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၅။ ဗြဟ္မပြည် တဝင်းဝင်း ဝက်စားကျင်း တရှုပ်ရှုပ် ဖြစ်ပုံကိုပြပါ။
31,754
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
၂၆။ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျမ်းစာများ ရိုက်နှိပ်ခြင်းနှင့် ကုသိုလ်ရှင်များ၂၇။
31,755
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အမေးမာတိကာ
ပြုစုတော်မူခဲ့သော ကျမ်းစာများစာရင်း
31,756
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
အ မ ရ ပူရ မ ဟာ ဂန္ဓာ ရုံ ဆ ရာ တော်
31,757
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
အ ရှင် ဇ န က က ဘိ ဝံ သ၏
31,758
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
(ဆဋ္ဌမကျမ်းစာ)
31,759
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
ကိုယ်ကျင့်အဘိဓမ္မာ
31,760
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
မိမိစိတ်ကို ထက်မျက်ဖြူစင်အောင် လေ့လာလိုသူတိုင်း
31,761
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
ကြည့်ရှုလေ့လာရာ၌ မပျင်းကြဘို့ရာ
31,762
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
အဘိဓမ္မာသဘောကို သုတ္တန်နှင့်ရော၍ စီစဉ်ထားသည်။
31,763
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
အ ရှင် ဇ န ကာ ဘိ ဝံ သ၏ ဘ ဝ သံ သ ရာ ဖြ စ် စ ဉ် အ ကျဉ်း
31,764
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်း သူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သရိုင်ရွာ, ဦးဇောတိ-ဒေါ်အုန်းလှိုင်ဦးဇောတိ-ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ်, တပို့တွဲလပြည့်ကျော် (၁၄) ရက် (၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီလ ၂၇-ရက်) အဂါနေ့တွင် ဖွားမြင်သည်။
31,765
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၂။ ၁၂၆၆-ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
31,766
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၃။ ၁၂၇၅-ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
31,767
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၄။ ၁၂၇၉-ခုနှစ် သက်တော် ၁၈-နှစ် အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင်တော်မူသည်။
31,768
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၅။ ၁၂၈၀-ပြည့်နှစ် တပေါင်းလပြည့်နေ့၌ ပထမအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။
31,769
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၆။ ၁၂၈၁-ခုနှစ် နယုန်လပြည့်နေ့၌ ဒုတိယအကြိမ်, ၁၂၈၁-ခုနှစ် တပေါင်း လပြည်နေ့၌ တတိယအကြိမ် ရဟန်းအဖြစ်ကို ခံယူတော်မူသည်။
31,770
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၇။ ၁၂၈၉-ခုနှစ်၌ {ပဌမကျော်} အောင်မြင်တော်မူသည်။
31,771
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၈။ ၁၂၈၉-ခုနှစ်၌ {သကျသီဟစာမေးပွဲ} ခေါ် {ပရိယတ္တိသာသနဟိတဓမ္မာစရိယ}ဘွဲ့ ရရှိ အောင်မြင်တော်မူသည်။
31,772
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၉။ ၁၃၀၃-ခုနှစ် ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရာက် သိမ်းပိုက်မည့်နေ့တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့ သီ တင်းသုံးတော်မူသည်၊ ပြောင်းရွှေ့ လာခဲ့စဉ်က သံဃာတော် ငါးပါးမျှသာ ရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်းသုံးလျက်ရှိသည်။
31,773
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၁၀။ (လွတ်လပ်ရေးရပြီးနောက်) ၁၃၁၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏(ရှေးဦးစွာ) {အဂ္ဂမမဟာပဏ္ဍိတိတိတ}ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူရသည်။
31,774
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၁၁။ ၄င်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။
31,775
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၁၂။ ၁၃၁၅-ခုနှစ်၌
31,776
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
(က) ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယက,
31,777
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက,
31,778
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက,
31,779
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
(ဃ) ဆဋ္ဌသံဂီတိ ဩသာနသောဓယျပတ္တပါဌကအဖြစ် တင်မြှောက်ခြင်းကို ခံယူရသည်။
31,780
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၁၃။ ၁၃၃၇-ခုနှစ် ပဲခူးမြို့၌ ကျင်းပအပ်သော ဂိုဏ်းလုံးကျွတ် အစည်း အဝေးကြီးက ရွှေကျင်ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယ သာသနာပိုင်) အဖြစ် တင်မြောက်ခြင်းကို ခံယူတော်မူသည်။
31,781
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၁၄။ ၁၂၉၁-ခနု စှ်သက်တော်(၃၀မှ စ၍ကျမ်းစာများကို စတင်ပြုစုတော်မူခဲ့ရာ ၁၂၉၃-ခုနှစ်တွင် ပထမဦးဆုံး ကျမ်းစာကို ရေးသားပြီးစီးတော်မူ၍ ၁၃၃၈-ခု၊ တန်ဆောင်မုန်းလတွင် နောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓနောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓကျမ်းစာကို ရေးသားပြီးလျှင် {တစ်ဘဝ သံသရာ}အမည်ဖြင့် ထေရုပ္ပတ္တိကို ကိုယ်တော်တိုင် ရေးသားတော်မူခဲ့သည်၊ ပဉ္စပကရဏဘာသာဋီကာနှင...
31,782
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော် (၇၈)နှစ် အရောက် နတ်တော်လပြည့်ကျော် ၂-ရက် (၁၉၇၇-ခုနှစ် ဒီဇင်ဘာလ ၂၇-ရက်) အင်္ဂါနေ့ ညနေ ၄-နာရီ မိနစ် ၃၀-တွင် တစ်ဘဝအတွက် ငြိမ်းတော်မူပါသည်။
31,783
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း
၁၃၉၂ ခု၊ ကမ္ဘာအေးလမ်း၊ မဟာဂန္ဓာရုံကျောင်းတိုက်သို့ မူလတန်း၊ ဗုဒ္ဓဘာသာလက်စွဲရေးသားပြီးနောက် ကြွလာစဉ် ရိုက်ထားသော ပုံတော်
31,784
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း
ဧကာဒသမ အခန်း
31,785
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း
[ဤအခဏ်း၌ ဘုံနှင့် စပ်၍ မှတ်ဘွယ်ပါသည်။
31,786
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း
] ဘုံ
31,787
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း
သတ္တဝါတို့၏ တည်နေရာအရပ်ကို ပါဠိလို “ဘူမိ” မြန်မာလို “ဘုံ”ဟု ခေါ်သည်။
31,788
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း
ထိုဘုံသည် အပါယ် ၄-ဘုံ ကာမ သုဂတိ ၇-ဘုံ ဗြဟ္မာဘုံ ၂၀-အားဖြင့် ၃၁-ဘုံရှိ၏၊ ထိုတွင် အပယ် ၄-ဘုံ ဟူသည် ငရဲဘုံ တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ, အသုရကာယ်ဘုံတည်း၊ ကာမသုဂတိ ၇-ဘုံဟူသည် လူဘုံနှင့် နတ်ပြည် ၆-ထပ်တည်း၊ နတ်ပြည် ၆-ထပ်ကား စတုမဟာရာဇ် တာဝတိံသာ, ယာမာ, တုသိတာ, နိမ္မာန-ရတိ ပရနိမ္မိတ ဝသဝတ္တိတည်း၊ ဗြဟ္မာ ၂၀ တွင် ရူပဗြဟ္မာဘုံ ၁၆, အရူပဗ...
31,789
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
ကမ္ဘာတည်ပုံ
31,790
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
ထိုကဲ့သို့ ကမ္ဘာပျက်ပြီးနောက် တည်ချိန်ရောက်သောအခါ၌ ကမ္ဘာပြု မိုဃ်းကြီး ရွာသွန်းလာလေသည်။
31,791
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
ရှေးဦးစွာ မိုဃ်းဖွဲ့ကလေးကစပြီး တဖြည်းဖြည်း ကြီးမား၍ အိမ်လုံး တောင်လုံးခန့် မိုဃ်းပေါက်တွေ ကျသဖြင့် ပျက်စီး သောနေရာတွင် ဗြဟ္မာ့ပြည်ထိအောင် ရေအလျင်ပြည့်လာ၏၊ နှစ်ပေါင်းအတော်ကြာ၍ ထိုရေများ တဖြည်းဖြည်း ခန်းခြောက်လေသော် မီးလောင်သော ဗြဟ္မာဘုံ နတ်ဘုံတို့ တည်ရာ အရပ်သို့ ရောက်လျှင် ဗြဟ္မာဘုံ နတ်ဘုံများလည်း တည်ပြီးဖြစ်တော့၏၊ ထို့...
31,792
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
ထိုကဲ့သို့ ဖြစ်နေသော မြေသားသည် အထု ယူဇနာ ၂-သိန်း ၄-သောင်း ရှိ၏။
31,793
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
ထိုမြေသားကို ခံနေသော ရေကား အလွန် အေးမြ၍ လေပူ နေပူ မတွေ့ရသော ရေခဲပြင်ကြီး ဖြစ်နေဘွယ်ရှိ၏၊ ရေပြင်ကြီးသည် ယူဇနာပေါင်း ၄-သိန်း ဂ-သောင်း ထူရကား ယူဇနာ ၂-သိန်း ၄-သောင်းမျှသာ ထူသော မြေပြင်ကြီးကို ဆောင်ရွက်ဘို့ရန် တာဝန်ကြီးဘွယ် မရှိတော့ပြီ၊ ထိုယူဇနာ ၄-သိန်း ဂ-သောင်း ထူသော မြေပြင်ကြီးကိုကား ယူဇနာ ၉-သိန်း ၆-သောင်း ထူသော လေပြင်ကြီ...
31,794
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
ဤကဲ့သို့ လေထု ရေထုမြေထုနှင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မဘုံ အစုံအလင်ရှိကြသော ကမ္ဘာလောကလည်း ငါတို့နေရာ ဤကမ္ဘာ တခုသာမက, ရေတွက်၍ မကုန်နိုင် မဆုံးနိုင်အောင် များပြားလှလေ၏၊ ထို့ကြောင့် အနန္တစကြဝဠာ (အဆုံးမရှိသော စကြဝဠာ)ဟု ခေါ်စမှတ်ပြုကြသည်။
31,795
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
ထိုစကြဝဠာအများတွင် ကုဋေတသိန်းလောက် စကြဝဠာတို့မှာ ပျက်လည်းအတူ ဖြစ်လည်း အတူပင်တည်း၊ စကြဝဠာ တခုနှင့်တခုကို ကွဲပြားအောင် စကြဝဠာ ကျောက်တောင်ကြီးက မဟာရာမ် တံတိုင်းခတ်သလို ရံပတ်၍ နေလေသည်။
31,796
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
လောကန္တရိက်ငရဲ
31,797
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
စကြဝဠာ ၃-ခုအကြား၌(လင်ပန်း ၃-ချပ် စပ်နေသလို) အကြားတခုရှိ၏၊ ထိုအကြား၌ နေရောင် လရောင် မထွန်းနိုင်ဘဲ အမြဲမှောင်၍နေ၏၊ ထိုအကြားအရပ်ကို “လောကန္တရိက်ငရဲ”ဟု ခေါ်၏၊ မိဘ သူတော်ကောင်းများကို စော်ကားသူတို့ ပြိတ္တာ အသုရာ ဖြစ်လျက် မစားရ မသောက်ရဘဲ ထိုလောကန္တရိက်ငရဲ၌ဖြစ်ကာ သစ်ပင်ကို လင်းနို့များ တွယ်နေသလို စကြဝဠာ နံရံကို တွယ်ကပ်နေရာမှ ...
31,798
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
မြင့်မိုရ်တောင်
31,799
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
ထိုပြခဲ့သော စကြဝဠာ ကမ္ဘာလောကကြီး၏ အလယ်ဗဟို၌ ယူဇနာ တသိန်း ခြောက်သောင်း ရှစ်ထောင် မြင့်သော မြင့်မိုရ်တောင် တည်ရှိ၏။
31,800
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ
ထို ၁၆၈၀၀၀-တွင် ရှစ်သောင်း လေးထောင်မှာ သမုဒြာတွင်း နစ်မြုပ်နေသောကြောင့် သမုဒြာရေပြင်မှ အထက်၌ မြင့်တက်နေသော အထက်ပိုင်းကိုသာ ရေတွက်၍ “ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင့်မိုရ်တောင်”ဟု ဆိုကြ၏။