id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
31,801 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ | ထိုမြင့်မိုရ်တောင်၏ ပတ်ဝန်းကျင်၌ “သီဒါ”ခေါ် မြစ်တစင်းက တံတိုင်းခတ်သလို ရံပတ်လျက် နေလေသည်။ |
31,802 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ | ထိုသီဒါ၏ ပြင်ဘက်၌ ယုဂန္ဓုရ်တောင် တည်ရှိ၏။ |
31,803 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ | အမြင့်မှာ မြင့်မိုရ်တောင်၏ တဝက်သာ မြင့်၍ သမုဒြာရေအတွင်းသို့လည်း တဝက်မျှ ဝင်လေသည်။ |
31,804 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ | ထိုယုဂန္ဓိုရ်တောင်၏ ပြင်ဘက်၌ သီဒါမြစ်ခြား၍ ဤသန္ဓိုရ်တောင် တည်ပြန်၏၊ ဤနည်းအတိုင်း မြင့်မိုရ်တောင်ကို သီဒါ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြလေသည်။ |
31,805 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ | ကျွန်းကြီး ကျွန်းငယ် |
31,806 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ | ထိုတောင်များ၏ ပြင်ဘက်၌ သမုဒြာ ရေပြင်ကြီးသည် စကြဝဠာတံတိုင်းအထိ တည်ရှိလေ၏၊ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီး ကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင့်မိုရ်တောင် အရှေ့ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို အရွှေကျွန်း, ထို့အတူတောင်, အနောက်, မြောက်ဘက်၌ ပေါ်ထွက်သောကျွန်းများကို တောင်ကျွန်း အနောက်ကျွန်း မြောက်ကျွန်းဟု ခေါ်ဝေါ်ရလေသည်... |
31,807 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ | နတ်ပြည် ဗြဟ္မာ့ပြည် |
31,808 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ | မြင့်မိုရ်တောင်၏ တဝက် ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏၊ ယခုမြင်ရသော လ နေ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်ဝယ် ပါဝင်သော ဘုံဗိမာန်များဟု ဗုဒ္ဓဘာသာ ကျမ်းစာများ၌ ဆို၏၊ မြင့်မိုရ်တောင်ထိပ်နှင့် ညီမျှသော အရပ်ဝယ် “တာဝတိံသာ” နတ်ပြည် တည်ရှိ၏။ |
31,809 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာတည်ပုံ | သိကြားမင်းစံရာ သုဒဿနခေါ် နတ်မြို့တော်သည် မြင့်မိုရ်တောင်ထိပ်မှာ တည်ရှိသတဲ့၊ ယာမာ တုသိတာ နိမ္မာနရတိ ပရနိမ္မိတဝသဝတ္တီ နတ်ပြည် ၄-ထပ်ကား မြေကြီးနှင့် လုံးဝ မစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့် မြင့်ကာ တည်ရှိလေသည်၊ ဗြဟ္မာဘုံများလည်း ထိုအတူပင်၊ [အကျယ်ကို သိလိုလျှင် သင်္ဂြိုဟ် ဘာသာဋီကာ ဝီထိမုတ်ပိုင်းမှ ကြည့်ပါ။ |
31,810 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | ကမ္ဘာပျက်ပုံ |
31,811 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တနေ့ကျလျှင် ဧကန် ပျက်ရမည့် အနိစ္စတရားသာ ဖြစ်၏။ |
31,812 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | ထို့ကြောင့် သတ္တဝါတို့ တည်နေရာ ဤကမ္ဘာလောက ကြီးလည်း ထိုအနိစ္စနယ်တွင် ပါဝင်ရကား ခိုင်မြဲတည်တံ့နိုင်မည် မဟုတ် တနေ့ကျလျှင် ဧကန်မုချ ပျက်ရချမည်၊ ကမ္ဘာလောက ပျက်ဘို့ အကြောင်းမှာ မီး ရေ, လေ အားဖြင့် ၃-မျိုးရှိ၏၊ မီးကြောင့် ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေ ၂-စင်း ပေါ်လာ၏၊ ရိုးရိုးနေက နေ့အခါ ထွက်၍ နေသစ်က ညဉ... |
31,813 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | ၄-စင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမဝန္တာအတွင်း၌ရှိသော အိုင်ကြီး ၇-အိုင်လည်း ခြောက်ခန်းရတော့သည်။ |
31,814 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | ထို့နောက် ၅ စင်းမြောက်နေ ပေါ်လာပြန်လျှင် သမုဒြာရေ ခြောက်ခန်း၏၊ ၆-စင်းမြောက် နေထွက်သောအချိန်မှာ ကမ္ဘာလောက၌ အစိုအစေး ဟူသမျှ လုံးဝ မရှိတော့၊ ၇-စင်းမြောက်နေ ပေါ်သောအခါ ဤကမ္ဘာလောကမျိုး တသိန်းမျှ မီးဟုန်းဟုန်း ထလျက် ကာလ အတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပဌမဈာန် ဗြဟ္မာဘုံတိုင်အောင် မီးတောက်မီးလျှံ စွဲရကား ဟိမဝန္တာတောင် မြင့်မိုရ်တ... |
31,815 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | [ရေဖျက် လေဖျက်ဘို့ အလှည့်ကြုံသည့် အခါ၌လည်း ဆားငံရေထိ၍ မြည့်မြည့်ကြေရပုံ, လေမုန်တိုင်းကျ၍ မွမွကြေရပုံများကို သိပါလေ။ |
31,816 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | ] ပျက်နေရာ အချိန်အခါ |
31,817 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | ဤသို့ ကမ္ဘာလောဓာတ်ကြီး၏ ပျက်စီးနေရာ အချိန်အခါသည် “နှစ်ပေါင်း မည်မျှကြာသည်”ဟု မခန့်မှန်းနိုင်လောက်အောင်ပင် ကြာ၏၊ ၁၀-နှစ်တမ်းမှ တဖြည်းဖြည်းတက်၍ အသက် အသင်္ချေတမ်းသို့ရောက် ထိုအသင်္ချေတမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက် ဤ တက်ကပ် ဆုတ်ကပ်တစုံကို အန္တရကပ် (အကြား ကပ်)ဟု ခေါ်၏။ |
31,818 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးနေရာ အချိန်အခါသည် ထိုအန္တရကပ်ပေါင်း ၆၄-ကပ်မျှ ကြာသတဲ့၊ ထိုကဲ့သို့ ပျက်စီးပြီးနောက် (အိမ်တဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ် မဆောက်ခင်ပျက်မြဲအတိုင်း တည်နေသကဲ့သို့)ကမ္ဘာအသစ် မတည်ခင် ပျက်မြဲအတိုင်း တည်နေသောအချိန်လည်း အန္တရကပ် ၆၄-ကပ်မျှပင် ကြာသတဲ့။ |
31,819 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | သတ္တဝါတိုင်း ဗြဟ္မာ့ပြည်မှာ |
31,820 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | ထိုသို့ ကမ္ဘာပျက်နေတုန်းအခါ ပျက်မြဲအတိုင်း တည်နေတုန်းအခါဝယ် သတ္တဝါတိုလည်း မီးမလောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏၊ “ကမ္ဘာပျက်လိမ့်မည်”ဟု အနှစ်တသိန်း လောက်ကပင် နတ်များ ကြွေးကြော် ထားသောကြောင့် ကြားကြားသမျှ သတ္တဝါတွေ ရှေးကလို မမေ့မလျော့နိုင်ကြဘဲ ကုသိုလ်တထူးပွားများ၍ နေကြ လေရာ, ကမ္ဘာပျက်ခါနီးအခါဝယ် အားလုံးပင် ဗြဟ္မာပြည... |
31,821 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကမ္ဘာပျက်ပုံ | [နိယဘ မိစ္ဆာအယူရှိသူတို့ကား ငရဲသက် မစေ့သေးလျှင် မပျက်သောကမ္ဘာသို့ပြောင်း ရွှေ့၍ ငရဲခံရသတဲ့။ |
31,822 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကျားငစဉ်းလဲ အကြောင်း | ကျားငစဉ်းလဲအကြောင်း |
31,823 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကျားငစဉ်းလဲ အကြောင်း | ဟိတောပဒေသ၌ ကျားအိုကြီး စဉ်းလဲပုံကို ပုံဝတ္ထုလုပ်၍ ပြထားသည်မှာ အသိနှင့် ကိုယ်ကျင့် တခြားစီဖြစ်၍ နေကြောင်း ထင်ရှားစေတော့၏၊ ကျားကြီးကား အတော်အိုပြီ၊ ရှေးကလို သားကောင်များကို လျင်လျင်မြန်မြန် မဖမ်းနိုင်တော့ချေ၊ သို့ဖြစ်၍ တနေ့သ၌ တောသွား တောလာတို့ ကြားလောက်အောင် ဟစ်အော်သည်မှာ- |
31,824 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကျားငစဉ်းလဲ အကြောင်း | “အို...အို ခရီးသွားတို့ ဤ ရွှေလက်ကောက်ကို ယူလှည့်ပါကုန်” |
31,825 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကျားငစဉ်းလဲ အကြောင်း | ထိုစကားကို ခရီးသွားတယောက် ကြား၍ အနား လာပြီးလျှင်“ဘယ်မှာလဲ ရွှေလက်ကောက်”ဟု မေးသဖြင့် ကျားအိုကြီးကလက်ကို ဖြန့်၍ ရွှေလက်ကောက်ကို ပြသောအခါ ထိုခရီးသည်က “သူများအသက်ကို သတ်ဖြတ် စားသောက် လေ့ရှိသော အသင်၏ အနား၌ ဘယ့်နှယ်လုပ်ပြီး အကျွမ်းတဝင် ယူငင်ဝံ့ ပါမည်လဲ”ဟု ပြောလေသော်... |
31,826 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကျားငစဉ်းလဲ အကြောင်း | ကျားကြီးက ပြောသည်မှာ ကျွန်ုပ် ငယ်ရွယ်စဉ်က တရားကိုနားမလည်၍ သူများကို သတ်ဖြတ်ခဲ့၏၊ ထိုသို့ သူများကို သတ်ခဲ့မိ၍ “ကာလဝိပါက် နောက် ပိုးတက်”သဖြင့် ကျွန်ုပ် သားသ္မီးနှင့် မယားလဲဆုံးလို့ သံဝေဂ ဖြစ်နေတုန်းမှာ သူတော်စင်နှင့် တွေ့၍ “ယနေ့ကစပြီး အလှူဒါနပြုလျက် တရားကျင့်လာ”ဟု ဩဝါဒ ပေးခဲ့သောကြောင့် ထိုဩဝါဒအတိုင်း လိုက်နာနေထိုင်သူ ဖြစ... |
31,827 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကျားငစဉ်းလဲ အကြောင်း | ကျွန်ုပ်မှာ လောဘဆိုလို အလွန် နည်းပါးနေပါပြီ၊ ကျွန်ုပ်၏ လက်မှာ ရှိနေသော ဤ ရွှေလက်ကောက်ကို တစုံယောက်အား ပေးချင်နေတာကို ကြည့်ပါတော့၊ သည်တော့ကား... ကျွန်ုပ်က ဘယ်မှာ သင့်ကို သတ်ဖြတ်တော့ မည်လဲ၊ ကျွန်ုပ် ကြားဘူးသော တရားစုမှာလဲ... |
31,828 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကျားငစဉ်းလဲ အကြောင်း | “သူများ မယားကို ကိုယ်၏ မိခင်လို သဘောထား၍ သူများ ဥစ္စာကို ကျောက်ခဲသလဲများလို သဘောထားပြီးလျှင် သတ္တဝါ ဟူသမျှတို့ကို ကိုယ်နှင့်မခြားအောင် စိတ်ထားနိုင်မှ ပညာရှိ သူတော်ကောင်း”...ဟု |
31,829 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကျားငစဉ်းလဲ အကြောင်း | မိန့်ဆိုချက် ရှိလေတော့ ကျွန်ုပ်လို တရားသိ သူတော်ကောင်းတယောက်က အဘယ်မှာ သူ့အသက်ကို သတ်ရက်တော့မှာလဲ၊ သို့ဖြစ်၍ “ဤရေအိုင်မှာ ရေဆင်းချိုးပြီး စင်စင် ကြယ်ကြယ်နှင့် ကျွန်ုပ် လက်အောက်ကို အလှူခံပါ”ဟု ပြောလေသော်.. ထိုစကားကို ယုံကြည်မိသော ခရီးသွားသည် ရေချိုးရန် ဆင်းလျှင် ဆင်းခြင်း ညွှန်၌ နစ်လေ၏၊ ထိုအခါ သူတော်စင် ကျားကြီးက “ဟား ဟာ... |
31,830 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ကျားငစဉ်းလဲ အကြောင်း | ဤပုံဝတ္ထုကိုထောက်၍ အသိသည် အသိမျှသာ ဖြစ်ကြောင်း သိသလောက် ကိုယ်ကျင့်တရားမရှိလျှင် ကျကျနန ယုတ္တိယုတ္တာနှင့် စဉ်းလဲတတ်သဖြင့် မသိ၍ ဆိုးဝါးနေသူထက်ပင် ကြောက်ဘွယ် ကောင်းကြောင်းကို နားလည်ကာ ဤကျမ်းစာရှုသူတို့မှာ သိရုံနှင့် မပြီးကြဘဲ သိသည့်အတိုင်း ကိုယ်ကျင့်ကောင်း သူများချည်း ဖြစ်ကြပါစေကြောင်း ဆုမွန်တောင်းလျက် ထပ်လောင်း၍ သတိပေးရပ... |
31,831 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ငရဲခဏ်း ယခု လူ့ပြည်၌ ပြစ်မှုကျူးလွန်သူတို့၏ ကျရောက်ခံစားဘို့ရာ အကျဉ်း ထောင်များ တည်ရှိသကဲ့သို့ သတ္တဝါတို့၏ တည်နေရာ ဤကမ္ဘာမြေအတွင်း၌လည်း မကောင်းမှုဒုစရိုက် ကျူးလွန်သူတို့၏ ကျရောက် ခံနေဘို့ရာ ငရဲထောင်များ တည်ရှိ၏၊ ထိုငရဲထောင်ကား သတ္တဝါတို့ကံလျှင် အရင်းခံ၍ ဥတုကြောင့်ဖြစ်နေသော ကမ္မပစ္စယ ဥတုဇရုပ် တရားတည်း၊ ထိုငရဲသည် သတ္တဝါတ... |
31,832 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဤကျမ်း၌ အများပြောရိုးဖြစ်သော ငရဲကြီးရှစ်ထပ်ကိုသာ အကျယ်ထုတ် ပြမည်၊ ထိုငရဲရှစ်ထပ်သည်ကား... ၁-သဉ္ဇိုင်းငရဲ, ၂-ကာဠသုတ်ငရဲ, ၃-သံဃာတငရဲ, ၄-ရောရုဝငရဲ, ၅-မဟာရောရုဝငရဲ, ၆-တာပနငရဲ, ၇-မဟာတာပန ငရဲ, ဂ-အဝီစိငရဲတည်း၊ ငရဲတထပ်တထပ်၌ ၁-ဘင်ပုတ်ငရဲ, ၂-ပြာပူငရဲ, ၃-လက်ပန်တေငရဲ, ၄-သန်လျက်ရွက်တောငရဲ, ၅-ဝေတ္တရဏီခေါ် “သံရည် မြစ်ငရဲ”ဟု ငရဲငယ် ၅-ထ... |
31,833 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ယမမင်း |
31,834 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | စာတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိက ပြိတ္တာ မင်းကိုပင် “ယမမင်း”ဟုခေါ်၏၊ တခါတရံ နတ်စည်းစိမ်ကို ခံစား၍ တခါတရံမှာမူ မကောင်းမှုကံအကျိုးကို (ရိုးရိုး ပြိတ္တာများကဲ့သို့ ခံစား ရရှာသေး၏၊ ထိုယမမင်းကား တယောက်သာမက အများပင် ရှိလေသည်။ |
31,835 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | လူ့ဘုံ၌ အစိုးရများရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါးလေးဘက်၌ ရုံးစိုက်ကြပြီးလျှင် ငရဲ ရောက်လာသူများကို စစ်ဆေး မေးမြန်းကြသည်။ |
31,836 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သို့သော် ငရဲသို့ ရောက်လာသူတိုင်း အစစ်အဆေးခံရသည် မဟုတ် အကုသိုလ်ကြီး၍ ပြစ်မှုထင်ရှားသူတို့မှာ တခါတည်း ငရဲသို့ ကျရလေသည်၊ ကုသိုလ် နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်အဆေးခံခွင့် ရလေသည်၊ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ် ရှာလို၍မဟုတ်, လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့် ဖြစ်သည်။ |
31,837 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ယခုအခါ အယူခံရုံးမင်းများနှင့် အလားတူပင်တည်း၊ သို့အတွက် “ယမမင်း ဟူသည်မှာ တရားစောင့်သော မင်းကောင်းမင်းမြတ်ပင်တည်း”ဟု မှတ်ပါ။ |
31,838 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | [ဥပရိပဏ္ဏာသ ဒေဝဒူတသုတ်။ |
31,839 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ] ငရဲထိန်း |
31,840 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဤငရဲထိန်းများလည်း စာတုမဟာရာဇ်နတ်မျိုး အပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ် များတည်း၊ ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသူများကို ယမမင်းထံ ပိုခြင်း, ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပုတ် ရိုက်နှက်ခြင်းပင်တည်း။ |
31,841 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | [“ငရဲမီး”စသော အန္တရာယ်တို့လည်း ကံကြောင့် ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်ရကား ငရဲခံရမည့် သူ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့မှာ မပူလောင်ချေ။ |
31,842 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ] ယမမင်းစစ်တမ်း |
31,843 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အများ ကြားဖူးနားဝ ရှိအောင် ဒေဝဒူတ သုတ္တန်ပါဠိတော်လာ ယမမင်း၏စစ်တမ်းကို အကျဉ်းချုပ် ပြဦးအံ့- လူ့ပြည်မှာရှိသော ကလေး သူအို, သူနာ, သူသေ, အကျဉ်းသမား ၅-ဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော်မဟုတ်သော်လည်း အလားတူဖြစ်သောကြောင့် “ဒေဝဒူတ”ခေါ်သည်။ |
31,844 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | [ဒေဝ=ယမမင်း၏ + ဒူတ= တမန်တော်၊ ဒေဝဒူတပုဒ်ကို အမျိုးမျိုး ဖွင့်ကြသေး၏။ |
31,845 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ] ယမမင်းသည် မိမိ ထံမှောက်သို့ ရောက်လာသော ငရဲသားများအား ဒေဝဒူတ ၅-မျိုးကို ဖေါ်ပြလျက် စစ်ဆေးလေ့ ရှိသည်။ |
31,846 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | မောင်မင်း ... လူ့ပြည်မှာတုန်းက မိမိ၏ ကျင်ကြီးကျင်ငယ်ကိုပင် မသုတ်သင်နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲ၌ လူးလှိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ခဲ့ဘူးလား |
31,847 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ငရဲသား |
31,848 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | တွေ့ခဲ့ပါသည်။ |
31,849 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | မိမိကိုယ်တိုင်လည်း အရွယ်သို့ ရောက်သောအခါ ထိုကလေးများကို ကြည့်ရှု၍ “ငါသည် ဘာမျှ နားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဘို့ရာ နောင်ခါ ပဋိသန္ဓေ နေရဦးမည်, ပဋိသန္ဓေ နေခြင်း သဘောကို မလွန်နိုင်ပါတကား, ယခုနှယ်က ကိုယ် နှုတ် စိတ်ကို စောင့်စည်းလျက် ကောင်းကောင်း နေမှသာ တော်တော့မည်”ဟု အကြံ အစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း၊ (အလွန်ကြင်န... |
31,850 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ကျွန်တော် မေ့လျော့နေသည့်အတွက် ကုသိုလ်ကောင်းမှုဘက်၌ စိတ်စက် မဝင်စားမိခဲ့ပါ။ |
31,851 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | မောင်မင်း.. မကောင်းမှုကို ဆွေမျိုးဉာတကာ ဆရာ မိဘစသူတို့က ပြုပေးသည် မဟုတ်, မောင်မင်း ကိုယ်တိုင်ပြုခဲ့သည်ဖြစ်၍ မိမိ၏အပြစ် ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်းမောင်မင်း ခံရချတော့မည်။ |
31,852 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယအကြိမ် မေး၏။ |
31,853 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သူနာကို ညွှန်ပြ၍ တတိယအကြိမ် မေး၏။ |
31,854 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သူသေကို ညွှန်ပြ၍ စတုတ္ထအကြိမ်မေး၏၊ အကျဉ်း သမားကို ညွှန်ပြ၍ ပဉ္စမအကြိမ် မေး၏၊ ၅-ကြိမ် တိုင်အောင် မေး၍ ကုသိုလ်ကောင်းမှုကို သတိမရသေးလျှင် ယမမင်းကိုယ်တိုင် “လူ့ဘဝဝယ် ထိုသူ ကုသိုလ်ပြုတဲ့ အခါတုန်းက မိမိအား အမျှဝေဘူးသလား”ဟု စဉ်းစား၏။ |
31,855 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | (ဤအချက်ကို ထောက်၍ ကုသိုလ်ပြုသောအခါ ယမမင်းအား အမျှ ပေးဝေကြသည်။ |
31,856 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ) စဉ်းစား၍ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏၊ ယမမင်းက ပြောခြင်းကြောင့် ဖြစ်စေ မိမိဘာသာ သတိရ၍ ဖြစ်စေ၊ ကုသိုလ်ကို သတိရ သည်နှင့် တပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည် ရောက်သူလည်း အများအပြားပင် ရှိ၏၊ ထိုနေရာမျိုးကျမှ မိမိ၏ ကုသိုလ်များ အားထားရကြောင်း ထင်ရှား ပေသည်၊ ယမမင်းကိုယ်တိုင် စဉ်းစား၍မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ |
31,857 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ထိုအခါ ငရဲကောင်သတ္တဝါကို ငရဲထိန်းတို့ ယူဆောင်လျက်အမျိုးမျိုး နှိပ်စက် ကြလေတော့သည်။ |
31,858 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သဉ္ဇိုဝ်းငရဲ |
31,859 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | “သဉ္ဇီဝ” ဟူသော ပါဠိကို မြန်မာလို “သဉ္ဇိုဝ်း”ဟု ပြန်ထား ရသည်၊ “သံ=အဖန်ဖန်+ဇီဝ-အသက်ရှင်ရာငရဲ”ဟု ဆိုလိုသည်။ |
31,860 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ထိုငရဲသို့ ကျရောက်လာသော သတ္တဝါကို ငရဲထိန်းတို့က အပိုင်းပိုင်းပြတ်အောင် ခုတ်ဖြတ်ကြ၏။ |
31,861 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ထိုကဲ့သို့ ခုတ်ဖြတ်သည့်အတွက် တခါတည်း သေစရာပင်။ |
31,862 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ တခါတည်း သေကျေပျောက်ပျက်၍ မသွားဘဲ ထပ်ကာထပ်ကာ အသက်ရှင်လျက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှု သတ်ပုဒ်မှုကိုသာ ပြင်းစွာခံကြရရှာလေတော့သည်။ |
31,863 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အကုသိုလ်ကံ၏ ကြောက်ဘွယ် ကောင်းပုံသည် ငရဲ၌ သာ၍ ထင်ရှားပေသည်။ |
31,864 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဇလိတာဝုဓဟတ္ထေ ခဏ္ဍိတာပိ နေရယိကာ၊ဇီဝန္တာ ယမှိ ပုနောပိ, သဉ္ဇီဝေါတိ ပဝုစ္စတေ။ |
31,865 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ယမှီ နိရယေ၊ ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်း ဆောင်လျက်, သွင်းလှောင် ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ |
31,866 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | နေရယိကာ၊ အမြဲ အစွဲ အနဲနဲဖြင့် တသဲသဲဆူ ငရဲသူတို့သည်။ |
31,867 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဇလိတာဝုဓဟတ္တေဟိ၊ ပြောင်တလက်လက် အရောင်ထွက်သည့် လက်နက်ကိုင်စွဲ ငရဲထိန်း ကြီးတို့က။ |
31,868 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ခဏ္ဍိတာပိ၊ သေလောက် ကြေလောက် အနေရောက်အောင် တောက်တောက်ဖြတ်စင်း, သတ်ညှဉ်းအပ်ကုန်သော်လည်း။ |
31,869 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပုနောပိ ဇီဝန္တာ၊ အကုသိုလ်ကံ မကုန်ပြန်လျှင်, တဖန်ဆက်တည် အသက်ရှည်ကြရလေကုန်၏။ |
31,870 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သော နိရယော၊ ဘို့ကလိုကံ မကုန်ပြန်လျှင် တဖန်ဆက်တည် အသက်ရှည်ရိုး ငရဲအိုးကို။ |
31,871 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သိဉ္ဇီဝေါတိ၊ သဉ္ဇိုဝ်းငရဲဟူ၍။ |
31,872 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပဝုစ္စတေ၊ ဗျူပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင် သမိုက်အပ်လေတော့သတည်း။ |
31,873 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ကာဠသုတ်ငရဲ |
31,874 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သစ်တုံးကို ရွေသော လက်သမားတို့ အသုံးပြုသော မျဉ်းကြိုးကို ပါဠိလို “ကာဠသုတ္တ” မြန်မာလို “ကာဠသုတ်”ဟု ခေါ်သည်။ |
31,875 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ထိုငရဲသို့ ကျရောက်လာသော သတ္တဝါများကို ငရဲထိန်းတို့က (သားကောင်ကို ခွေးတွေက လိုက်သလို) အတင်းလိုက်ကြ၏။ |
31,876 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ထိုသို့ အတင်းလိုက်၍ မောဟိုက် လဲသွားသည့်အခါ (သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့) ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တမျိုး, မှောက်လျက် တမျိုး, ဝဲယာတမျိုး, ရှေ့နောက်တမျိုးအားဖြင့် အမျိုးမျိုး ခုတ်ရွေကြလေတော့သည်။ |
31,877 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သို့သော် အကုသိုလ်ကံ မကုန်သေးသမျှ လွတ်ခွင့်မရ သေလည်း မသေနိုင်ကြချေ။ |
31,878 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ကာဠသုတ္တေန တစ္ဆန္တိ, ယမှိ နိရယ ပါလကာ၊အနုဗန္ဓာ ပ ပတန္တေ, ကာဠသုတ္တော ပဝုစ္စတေ။ |
31,879 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ယမှီ နိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ |
31,880 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | နိရယပါလကာ၊ ပြောင် တလက်လက် အရောင်ထွက်သည့်, လက်နက်ကိုင်စွဲ, ငရဲထိန်းကြီးတို့က။ |
31,881 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အနုဗန္ဓာ၊ သားကောင်တသိုက်, ခွေးတွေလိုက်သို့ ရိုက်နှက် သတ်ညှဉ်း အကင်း လိုက်အပ်ကုန်သည်ဖြစ်၍။ |
31,882 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပပတန္တေ၊ ဟော တဟိုက်ဟိုက်, အမောဆိုက်လျက်, မူးမိုက် လဲငြားငရဲသားတို့ကို။ |
31,883 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ကာဠသုတ္တေန၊ သစ်ရွေသမား, လက်ကိုင်ထားလျက် သစ်များတိုင်းရိုး တမျဉ်းကြိုးဖြင့်။ |
31,884 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | တစ္ဆန္တိ၊ တိုင်းကာ ထက်အောက် ပက်လက်မှောက်၍ ရှေ့နောက်ရှုပ်ပွေ, ခုတ်ရွေကြလေကုန်၏။ |
31,885 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သော နိရယော၊ သို့ကလို ကံ, မကုန်ပြန်လျှင် ဖန်ဖန် ရှုပ်ပွေ, ခုတ်ရွေကြရိုး, ငရဲအိုးကို။ |
31,886 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ကာဠသုတ္တောတိ၊ ကာဠသုတ် ငရဲဟူ၍။ |
31,887 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သံဃာတ ငရဲ |
31,888 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အပြင်းအထန် ကြိတ်ချေ သတ်ဖြတ်ရာ ဖြစ်သော ငရဲကို “သံဃာတငရဲ”ဟု ခေါ်သည်၊ ထိုငရဲ၏ အောက်မြေအပြင်မှာ မီးအလျှံတွေထလျက် အထု ၉-ယူဇနာရှိသော သံမြေပြင်ကြီးတည်း၊ ထိုငရဲသို့ ကျရောက်လာသူများကို ထိုသံမြေအပြင်၌ (ထန်းပင်ငုတ်ကလေးတွေ စိုက်ထားသလို) ခါးထိအောင် စိုက်ထားကြ၏၊ ထိုအခါ အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည် ဝါးမည်ဟု ဆိုနေသလို ကဒိန်းဒ... |
31,889 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အယောမယ ပထဗျံ ယမှိ, ကဋိမတ္တံ ပဝေသိတေ၊အယောသေလာ သံဃာတေန္တိ, သံဃာတောတိ ပဝုစ္စတေ။ |
31,890 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ယမှိနိရယေ၊ ကံကြမ္မာရင်း, ဖန်လာ ညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက်, သွင်းလှောင် ပိတ်ဆီး, အပြင်သို့သော ငရဲကြီး၌။ |
31,891 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အယောမယ ပထဗျံ၊ ၉-ယူဇနာ, အလျှံဖြာသည့်, သံမာအတိပြီး မြေပြင်ကြီးဝယ်။ |
31,892 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ကဋိမတ္တံ၊ ဖဝါးလျှောက်တက်, ခါးလောက် နက်အောင်။ |
31,893 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပဝသိတေ၊ ယိမ်းယိုင် ဆုတ်ခံ မလှုပ်ရန်တို့, မြှုပ်နှံသွင်းထား ငရဲသားတို့ကို။ |
31,894 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အယေသေလာ၊ ဂျိုးတဂျိမ်းဂျိမ်း တဟိုးဟိန်းနှင့် ဒိန်းဒိန်း ညံအောင် အလျှံပြောင်ညီ, သံတောင်ကြီးတို့သည်။ |
31,895 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သံဃာတေန္တီ၊ ရှေ့နောက် နှစ်ဖက် လှဲ့စီထွက်၍ ဆက်ဆက်နှိပ်မွှေ, ကြိတ်ချေ ကြလေကုန်၏။ |
31,896 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သောနိရယော၊ ဘို့ကလိုကံ မကုန်ပြန်လျင်, ဖန်ဖန် နှိပ်မွှေ, ကြိတ်ချေကြရိုး ထိုငရဲအိုးကို။ |
31,897 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သံဃာတောတိ၊ သံဃာတငရဲဟူ၍။ |
31,898 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပဝုစ္စတေ၊ ဗျုပ္ပတ် အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။ |
31,899 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ရောရုဝ ငရဲ |
31,900 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | “ရောရုဝ”ဟူသော ပါဠိသည်“ပြင်းစွာ ငိုကြွေးခြင်း”ဟူသော အနက်ကို ပြ၏၊ ထိုငရဲ၌ မီးတောက်တို့သည် တဟုန်းဟုန်း ထလျက် ရှိ၏၊ ငရဲသို့ ကျရောက်လာသူတို့ ထိုမီးတောက် မီးလျှံများက ဒွါရ ၉-ပေါက်မှ အတင်း ဝင်ရောက် လောင်ကျွမ်းသဖြင့် အလွန် အားငယ်စွာ တစာစာ အော်ကြရရှာလေတော့သည်၊ ဤသို့ မီးတောက် မီးလျှံ အလောင် ခံနေရသောကြောင့် “ဇာလရောရုဝငရဲ”ဟုလည်း ခ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.