id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
31,901 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဇာလာဟိ ပဝိသိတွာ, ဍယုမာနာ ဒယာဝဟံ၊မဟာရဝံ ရဝန္တေတ္ထေ, ဝုစ္စတေ ဇာလရောရုဝေ။ |
31,902 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဧတ္ထနိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌။ |
31,903 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဇာလာဟိ၊ တငရဲလုံး ပြုတ်ပြုတ်ပြုန်းမျှ တဟုန်းဟုန်းထန်, မီးတောက် မီးလျှံတို့သည်။ |
31,904 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပဝိသိတွာန၊ ဒွါရ ၉-သွယ် အပေါက်ငယ်မှ ဘယ်ဝယ်မကြွင်း, ချဉ်းနင်း ဝင်ရောက်ကြကုန်လျက်။ |
31,905 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဍယှမာနာ၊ အတင်းအကြပ် လောင်ကျွမ်းအပ်သည့် များလတ်ဘိတောင်း, ငရဲသား အပေါင်းတို့သည်။ |
31,906 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဒယာ ဝဟံ၊ အားငယ် ပါးငယ် အများကယ်အောင် သနားဘွယ်ကို ဆောင်သော။ |
31,907 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | မဟာရဝံ၊ ကယ်ပါ ယူပါ တစာစာနှင့် ကြမ္မာထန်သီး, အသံကြီးကို။ |
31,908 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ရဝန္တိ၊ သံကုန်လှစ်၍, ဟစ်အော်ကြရှာလေကုန်၏။ |
31,909 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သော နိရယော၊ သို့ကလို ကံ မကုန်ပြန်လျှင် ဖန်ဖန် အော်ရိုး, ထိုငရဲအိုးကို။ |
31,910 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဇာလရောရုဝေါ၊ ဇာလရောရုဝ ငရဲဟူ၍။ |
31,911 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။ |
31,912 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | မဟာရောရုဝ |
31,913 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဤငရဲကား မီးတောက် မီးလျှံ မဟုတ်ဘဲ မီးခိုးတွေ တငရဲလုံး လွှမ်းဖုံးနေ၏၊ ငရဲသို့ ကျရောက်သူတို့ကို မီးခိုးက အတွင်း အပြင် အတင်းဝင်၍ နှူးနှပ်ကြလေတော့၏၊ ငရဲသူ ငရဲသားတို့မှာ ဘာမျှ မတတ်နိုင်ကြန်တော့ဘဲ သနားစဘွယ် အားငယ်စွာ အော်နေကြရရှာလေတော့သည်၊ ဤငရဲကို “ဓူမရောရုဝငရဲ”ဟုလည်း ခေါ်၏။ |
31,914 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဓုမေဟိ ပဝိသိတွာန သေဒမာနာ ဒယာဝဟံ၊မဟာရဝံ ရဝဗန္တတ္ထ, ဝုစ္စတေ ဓူမရောရုဝေါ။ |
31,915 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဧတ္ထနိရယေ၊ ကံကြမ္မာရင်း, ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌။ |
31,916 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဓူမေဟိ၊ တငရဲ လုံး လွှမ်းအုပ်ဖုံးလျက် တရုံးရုံးတိုး မီးအခိုးတို့သည်။ |
31,917 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပဝိသိတွာန၊ ဒွါရ ၉-သွယ် အပေါက်ငယ်မှ ဘယ်ဝယ်မကြွင်း ချဉ်းနင်းဝင်ရောက် ကြကုန်လျက်။ |
31,918 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သေဒမာနာ၊ အတင်းအကြပ် နှူးနှပ်အပ်သည့် များလတ်ဘိတောင်း ငရဲသားအပေါင်းတို့သည်။ |
31,919 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဒယာဝဟံ၊ အားငယ် ပါးငယ် အများကယ်အောင် သနားဘွယ်ကို ဆောင်သော။ |
31,920 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | မဟာရဝံ၊ ကယ်ပါ ယူပါ တစာစာနှင့် ကြမ္မာ ထန်သီး, အသံကြီးကို။ |
31,921 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ရဝန္တိ၊ သံကုန်လှစ်၍, ဟစ်အော်ကြရှာ လေကုန်၏။ |
31,922 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သောနိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင်, ဖန်ဖန်အော်ရိုး ထိုငရဲအိုးကို။ |
31,923 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဓူမရောရုဝေါ၊ ဓူမရောရုဝငရဲဟူ၍။ |
31,924 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင်, သမိုက်အပ်လေတော့သတည်း။ |
31,925 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | တာပနငရဲ |
31,926 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | “တာပန”ဟူသော ပါဠိသည် “ပူလောင်စေတတ်” ဟူသော အနက်ကိုပြ၏၊ ထိုငရဲသို့ ကျရောက်လာသော သတ္တဝါများကို ထန်းလုံးလောက် ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုထန်းလုံးလောက်ရှိသော တံကျင်မှထွက်သော မီးအလျှံတို့က အမြဲပူလောင်စေသည်။ |
31,927 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဇလိတေ အယသူလမှိ, နိစ္စလံ နိသီဒါပိတေ၊တာပေဟိ ပါပကေ ပါဏေ, တာပနောတိ ပဝုစ္စတေ။ |
31,928 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ယောနိရယော၊ ကံကြမ္မာရင်း ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက် သွင်းလှောင်ပိတ်ဆီး, အကြင်သို့သော ငရဲကြီးသည်။ |
31,929 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဇလိတေ၊ ရဲရဲငြိလောင် ပြောင်တလက်လက် အရောင်ထွက်၍နေသော။ |
31,930 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အယ သူလမှိ၊ ထန်းလုံးပင်စည် ပမာထင်သည့် သံလျှင်အတိပြီး တံကျင်ကြီး၌။ |
31,931 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | နိစ္စလံ နိသီဒါပိတေ၊ မယိမ်းမယိုင် ထိုင်စေအပ်ကုန်လျက်။ |
31,932 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပါပကေ ပါဏေ၊ အယုတ် တမာ, သတ္တဝါအများ ငရဲသားတို့ကို။ |
31,933 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | တာပေတိ၊ ကိုယ်လုံးရဲရဲ, မီးလျှံစွဲ၍ အမြဲပုံသေ ပူလောင်စေ၏။ |
31,934 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သော နိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်လောင်ရိုး ထိုငရဲအိုးကို။ |
31,935 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | တာပနာတိ၊ တာပနငရဲဟူ၍။ |
31,936 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | မဟာတာပနငရဲ |
31,937 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | တာပနငရဲထက်ပင် သာလွန်၍ ပူလောင်စေသော ငရဲကို “မဟာတာပန”ဟု၎င်း “ပတာပန”ဟု၎င်း ခေါ်၏၊ ထိုငရဲ၌ မီးလျှံထနေသော သံတောင်ကြီးရှိ၏၊ ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင်တွေ စိုက်ထူထား၏၊ ထိုငရဲသို့ ကျရောက်လာသော သတ္တဝါများကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်-တက်အောင်ရိုက်နှက်၍ တင်ကြကုန်၏၊ “သံတောင်ပေါ်သို့ ရောက်လာသောအခါ ကံကြမ္မာအလျောက် လေမု... |
31,938 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အယောသေလံ အာရောပေတွာ, ဟေဋ္ဌာသူလံ ပတာပိယ၊ပါပကေ ယော ပတာပေတိ, ပတာပနာတိ ဝုစ္စတေ။ |
31,939 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ယော နိရယော၊ ကံကြမ္မာရင်း ဖန်လာ ညှဉ်းက, မကင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင် ပိတ်ဆီး အကြင်သို့သော ငရဲကြီးသည်။ |
31,940 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အယောသေလံ၊ ရဲရဲ ငြိလောင် အလျှံပြောင်လက်, သံတောင်ထက်သို့။ |
31,941 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အာရောပေတွာ၊ ရိုက်နှက်သောအား, တင်ထားပြီး၍။ |
31,942 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဟေဋ္ဌာသူလံ၊ တောင်ခြေ စိုက်ထား တံကျင်ဖျားသို့။ |
31,943 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပတာပိယ၊ ကံကြမ္မာမွှေ, မုန်တိုင်း လေကြောင့် အနေ မမှန် ဂျွမ်းပြန် ခေါက်ချိုး, ဇောက်ထိုး ကျစေလျက်။ |
31,944 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပါပကေ၊ အယုတ်တမာ သတ္တဝါအများ ငရဲသားတို့ကို။ |
31,945 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပတာပေတိ၊ တာပနထက် နှစ်ဆ တက်အောင် နှိပ်စက် ဆန်းပွေ, လောင်ကျွမ်းစေ၏။ |
31,946 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သော နိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန် လောင်ရိုး ထိုငရဲအိုးကို။ |
31,947 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပတာပနောတိ၊ ပတာပန ငရဲဟူ၍။ |
31,948 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက် အပ်လေတော့သတည်း။ |
31,949 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အဝီစိငရဲ |
31,950 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | [အ=မရှိ+ဝီစိ = အကြား၊] ထိုအဝီစိငရဲ၌ မီးတောက် မီးလျှံများ လည်းအကြားမရှိ တငရဲလုံး၌ မီးလျှံချင်း ဆက်၍နေ၏။ |
31,951 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ငရဲ သတ္တဝါချင်းလည်း အခြားမရှိ ဝါးကျည်တောက်အတွင်း၌ မုန်ညင်းစေ့ ကလေးတွေ ပြည့်ကြပ်ညပ်နေသကဲ့သို့ သတ္တဝါတွေ ပြည့်ကြပ် ညပ်နေတော့၏။ |
31,952 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဆင်းရဲဒုက္ခလည်း အကြားမရှိ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်၊ ဤသို့ မီးလျှံ သတ္တဝါ ဆင်းရဲဒုက္ခ ဤ ၃-မျိုးတို့ အကြားမရှိအောင် ဆက်စပ် နေသောကြောင့် “အဝီစိ ငရဲ”ဟုခေါ်၏။ |
31,953 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဇာလာနံ သတ္တာနံ ယတ္ထ, နတ္ထိ ဒုက္ခဿ အန္တရံ၊ဗာလာနံ နိဝါသော သောဟိ အဝီစိတိ ပဝုစ္စတေ။ |
31,954 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ယတ္ထ နိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်း ဆောင်လျက်, သွင်းလှောင် ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ |
31,955 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဇလာနံ၊ ဝဲယာ ရှေ့နောက် အထက်အောက်မှ ထွင်းဖောက်ထွက်သွား, မီးလျှံ အများတို့၏၎င်း။ |
31,956 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သတ္တာနံ၊ ကျည်တောက်အတွင်း နှမ်းမုန်ညင်းသို့ ပြည့်တင်း ကြပ်လှောင်း သတ္တဝါအပေါင်းတို့၏၎င်း။ |
31,957 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဒုက္ခဿ၊ ကိုယ်ရော စိတ်မှာ မသက်သာအောင် ဆက်ကာ နှိပ်နင်း ဆင်းရဲခြင်း၏၎င်း။ |
31,958 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အန္တရံ နတ္ထိ၊ တမိနစ်မျှ, မလစ်ရ၍ ခေတ္တ နားရန် အကြား မကျန်တော့ချေ။ |
31,959 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဗာလာနံ၊ ကမ္ဘာ့ တိုက်ဖွား ငမိုက်သားတို့၏။ |
31,960 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | နိုဝါသော၊ အမြဲ မပြတ် နေထိုင်ရာ အရပ်ဖြစ်သော။ |
31,961 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | သောဟိ နိရယော၊ အကုသိုလ်ကံ, အရင်းခံလျက် သယံ ဇာတ ထာဝရဖြင့် ကာလ ကြာပြီး ထိုငရဲကြီးကို။ |
31,962 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | အဝီစိတိ၊ အဝီစိငရဲ ဟူ၍။ |
31,963 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ပဝုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ် ကိုက်အောင် သမိုက်အပ်လေ တော့သတည်း။ |
31,964 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ငရဲဒုက္ခ အကုန်မပြနိုင် |
31,965 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဤငရဲကြီး ရှစ်ထပ်မှ နောက်၌ ဘင်ပုပ်ငရဲစသော ဥသာဒ ငရဲများဝယ် ဆင်းရဲပုံတွေများစွာ ရှိသေး၏၊ ထို့ပြင် ဒု-သ-န-သောဟု ဟစ်အော်ကြသော သေဌေးသား ၄-ယောက်တို့၏ ကျက်ရာ “လောဟကုမ္ဘီ” သံရည်အိုးငရဲကား ရာဇဂြိုဟ်ပြည်၏ အနီး အောက်မှာပင်ရှိ၏၊ ရာဇဂြိုဟ်ပြည် အနီးက တပေါဒ မြစ်ခေါ်သော ရေပူမြစ်သည် လောဟကုမ္ဘီငရဲ ၂-ခုစပ်ကြားမှ စီးတက်လာသော မြစ်ပင်တည်း၊ ထ... |
31,966 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ငရဲ၌ ခံရသော ဒုက္ခ အမျိုးမျိုးကား “ယာဝဉ္စိဒံ ဘိက္ခဝေ န သုကရာ အက္ခာနေန ပါပုဏိတုံ ယာဝဒုက္ခာ နိရယာ”နှင့် အညီ နှစ် လ ရှည်စွာ ဘုရားရှင်ဟောပြတော် မူအပ်သော်လည်း ကုန်နိုင်ဘွယ် မရှိဘူးတဲ့၊ ဘိက္ခဝေ-ဘိက္ခုတို့၊ ယာဝဉ္စိဒံ-ငရဲ၌ ဆင်းရဲသလောက်၊ အက္ခာနေန-ဟောပြတော် မူသဖြင့်၊ ပါပုဏိတုံ-အပြီး ရောက်ခြင်းငှါ၊ န သကရာ-မလွယ်ကုန်၊ နိရယာ- ငရဲတို့... |
31,967 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ]တိုက်တွန်းချက် |
31,968 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဤ ငရဲဒုက္ခကို ဖန်ဖန် စဉ်းစားမိသူသည် မိမိပြုမိသော အကုသိုလ်အတွက် နောင်တ ဖန် မပူပန်တော့ဘဲ အသစ် အကုသိုလ် မဖြစ်အောင်သာ သတိထား၍ ကုသိုလ်တရားကို ပွားများ အားထုတ်သင့်ပြီ၊ ရှေးတုန်းက ဤဒေဝဒူတသုတ္တန်ကို ဆရာ့ထံ သင်ယူသော ရဟန်းတော်ကလေး တပါးသည် “အရှင်ဘုရား တပည့်တော်ကို စာမချသေးဘဲ ကမ္မဋ္ဌာန်းသာပေးတော်မူပါဘုရား”ဟု ဆရာ့ထံ ကမ္မဋ္ဌာန်းတောင... |
31,969 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ငရဲခဏ်း | ဘုရားရှင် အဆူဆူလှယ်း ဤ ဒေဝဒူတသုတ္တန်ကို ဟောတော်မူမြဲပင် ဖြစ်ပါသတဲ့၊ [တိရစ္ဆာန် ပြိတ္တာ အသုရကာယ်တို့၏ အကြောင်းကို အကျဉ်းချုပ် ရတနာ့ဂုဏ်ရည်၌ ပြခဲ့ပြီးဖြစ်၍ ရှုကြပါလေတော့။ |
31,970 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | စဉ်းစားဘွယ်ရာ အဖြာဖြာ |
31,971 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ဤတရားတော်အရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည် တရားမေ့အောင် မှိုင်းတိုက်နိုင်ကြောင်းကို နားလည်နိုင်ပေပြီ၊ မှန်၏-သကြားမင်းသည် ပင်ကိုယ်အားဖြင့် သတိကောင်း ဉာဏ်ထက်၍ အလွန် သွက်လက်သူပေတည်း၊ ထိုအချိန်မှာ သောတာပန်လည်း ဖြစ်ပြီးလေပြီ၊ နာခဲ့သော တရားလည်း သူ့ကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏ အဖြေ တရား အကျဉ်းမျှသာ ဖြစ်၏၊ ရှင်မော... |
31,972 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၁။ ဤဝတ္ထုကို ထောက်ထား၍ မိမိတို့အတွက် လေးလေးနက်နက် စဉ်းစားသင့်၏၊ မိမိကိုယ်ကို “သူတော်ကောင်း ဟုတ်ပါသည်”ဟု ဝန်ခံနိုင်သော သူတော်ကောင်းမှန်လျှင် နောက်ဘဝတွက် ဂတိကောင်း ရောက်ဘို့ များပါ၏၊ သို့သော် ထိုရောက်ရမည့် ဂတိကား လူနှင့် နတ် ဘဝသာဖြစ်ပါသည်၊ ဈာန်မရ၍ ဗြဟ္မာ မဖြစ်နိုင်၊ ရဟန္တာ မဟုတ် သေး၍ နိဗ္ဗာန်မရနိုင်ပါ။ |
31,973 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | အထက် နတ်ဖြစ်ခဲ့သော် သကြားမင်းလို အရိယာပုဂ္ဂိုလ်သော်မှ မေ့ရပုံကို ထောက်၍ မိမိတို့အတွက် သိပြီး တခြားကလေးများ ပျောက်သွားမည်ကို မစိုးရိမ်ရပါလော။ |
31,974 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၂။ တရားမေ့၍ နတ်တိုဓလေ့ဖြင့် အပျော်ကြီး ပျော်မွေ့နေစဉ် (ပုထုဇဉ် ဘဝဖြင့်) စုတေချိန်ရောက်သောအခါ မိမိ စည်းစိမ်ကို တမ်းတ၍ နွမ်းလျ အားငယ်စွာ စုတေရပါမူ အပါယ် ၄-ပါးသို့ တဆင့် သွားဘို့ အရေး မဝေးလှတော့ပါ၊ တခါတုန်းက နတ်သ္မီး ငါးရာ တို့သည် ဥယျာဉ်တွင်းဝယ် ပန်းပင်တက်၍ ပန်းခူးရင်း သီချင်း ကြူနေကြစဉ် ရုတ်တရက်စုတေကာ အဝီစိသို့ ရောက်သွား... |
31,975 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၃။ တဖန်-နောက်တချိန်ရောက်မည့် လူ့ဘဝကို တွေးလျှင်လည်း စိတ်ဧဘွယ် မရှိလှပါ၊ ရှင်းပြပါဦးမည်... သူတော်ကောင်း အနေဖြင့် လူ့ဘဝ၏ တန်ဘိုးကို စဉ်းစားလျှင် ..(၁) ဘုရားသာသနာနှင့် ကြုံတွေ ရခြင်း... (၂) အားလုံး မဟုတ်စေကာမူ လူအများစုက လူကောင်း သူကောင်း ဖြစ်ကြခြင်း (၃) ဆရာ မိဘတို့က သူတော်ကောင်းများ ဖြစ်ကြခြင်း ... (၄) အလွန် မဆင်းရဲဘဲ အထ... |
31,976 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၄။ ဘုရား သာသနာ့အရေးကို စဉ်းစားလျှင် ယခုအချိန်မှာပင် ပုဂ္ဂိုလ် ကောင်းကို အတော်ရှာမှ ရနိုင်သောအချိန် ဖြစ်နေပြီ၊ လောကီ အာရုံတွေကလည်း သောင်းကျန်း ဂုဏ်ပကာသနနှင့် လာဘ်လာဘ လိုက်စားသူလည်းများ လူဒကာ ဒကာမတို့ကလည်း သီလ သမာဓိ ပညာရှိသူထက် ဂုဏ်ရှိသူကို ကိုးကွယ်လိုကြ, မိမိတို့ဆရာ ဂုဏ်ရှိအောင်လည်း ဟိုကပ်သည်ကပ်နှင့် ကပ်ကြ, လူအချင်းချင်... |
31,977 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၅။ သာသနာကို ယခု ကိုးကွယ်နေကြသော (သာသနာ့ဒါယကာ ဆိုသူတို့၏) သား သ္မီးများကို သာသနာ့ဝန်ထမ်း ရဟန်းတော်များက သင်ပြ ပေးမှုသည် တစစ လက်လွတ်၍လာခဲ့ရာ ယခုခါမှာ တချို့ ဘုန်းကြီးကျောင်း၌ ကျောင်းသားဟူ၍ မရှိတော့ပါ၊ ကျောင်းသားမရှိလျှင် ရှင်သာမဏေ (အမြဲနေ) မရှိနိုင်၊ ရှင်သာမဏေ မရှိလျှင် ရှင်သာမဏေ ဘဝ၌ စာသင်၍ စာတတ်သော ရဟန်းလည်း မရှိနိုင်။ |
31,978 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | သိပ်မကြာသော နောင်အခါဝယ် များစွာသော ကျေးရွာတို့၌ တောထွက်ရဟန်း ကြီးတွေသာ ကျောင်းကြီး ကံကြီးပေါ်ဝယ် စက်တော်ခေါ်၍ နေရစ်ကြပေလိမ့်မည်။ |
31,979 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၆။ တဖန်-သာသနာကို ပစ္စည်း ၄-ပါးဖြင့် ထောက်ပံ့ရသော ဒကာ ဒကာမများဘက်ကို ဆက်လက်စဉ်းစားပြန်လျှင် ... ယခုအခါ ကလေးတွေ သင်ယူနေကြသော ပညာသည် လောကီအတွက် တဘဝမျှ အကျိုးပေးနိုင်သော ခေတ်မှီ ပညာကား ဟုတ်လောက်စရာ ရှိပါ၏။ |
31,980 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | သို့သော် ထိုပညာ၌ မဂ်ဖိုလ်နိဗ္ဗာန် ယုံကြည်ဘို့ ဉာဏ်ကို မဆိုထားဘိ၊ ကံနှင့် ကံ၏အကျိုးကို နားလည်စေနိုင်သော ပညာပင် ပါရှိ၏လော၊ ထိုသို့ မပါလျှင် နတ်ပြည် ဗြဟ္မာပြည် ဆိုတာ ယုံကြည်ဦးမှာလော၊ နတ်ပြည် ဗြဟ္မာပြည်ကို မယုံလျှင် ငရဲ ပြိတ္တာကို ယုံဦးမည်လော၊ ထိုသို့ မယုံသူသည် ရဟန်း သံဃာတို့အား ပစ္စည်း ၄-ပါး မဆိုထားဘိ ဝမ်းဝရုံမျှ ဆွမ်းပေး... |
31,981 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၇။ ထို့ပြင်-ယခု ပညာသင်နေသော ကလေးများ ကြီးရင့်သောအခါ ရှေးတုန်းကလို မိဘ အမွေအနှစ်ကို များများစားစား ရကြန်တော့မည် မဟုတ်၊ သူတို့၏ ကျောင်းစရိတ်ကိုပင် များစွာသော မိဘတို့ မနိုင့်တနိုင် ကြိုးစားနေကြရလေပြီ၊ လူတို့၏ အသုံးအဆောင် အလှအပ ပကာသန တွေကလည်း တစထက် တစ တိုး၍တိုး၍လာတော့သည်၊ ယခု ကလေးများ ကျောင်းမှထွက်၍ အသက်မွေးသောအခါ သူတို့၏ ... |
31,982 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ထိုမျှလောက် အသက်မွေးခဲယဉ်းချိန်ဝယ် အဘယ်မှာလျှင် သာသနာကို ထောက်ပံ့နိုင်တော့မည်နည်း။ |
31,983 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၈။ တနည်း စဉ်းစားပြန်လျှင်-သာသနာ့ ဝန်ထမ်း ရဟန်းတော်တို့မှာ ကလေးများကို ဘာသာရေး အဝါးဝ၍ လောကီ အသက်မွေးဝမ်းကျောင်း အခြေခံရအောင် သင်ပြဘို့တာဝန် ရှိနေ၏၊ အရာရာ ပြုပြင်လျှင် သင်ပြနိုင်မည့် အခြေအနေလည်း လုံလုံလောက်လောက်ရှိ၏။ |
31,984 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | သို့သော် ယနေ့တိုင်အောင် (အချို့ ကျောင်းများမှ တပါး အများပြားက) မစဉ်းစားကြသေးချေ။ |
31,985 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ထိုသို့ မစဉ်းစားရုံမက အသွား အလာ အနေ အထိုင်မှစ၍ ခေတ်လူတို့၏စိတ်ကို ဆွဲငင်နိုင်လောက်အောင် မကြိုးစားကြသဖြင့် ခေတ်ပညာတတ်သူတို့၏ အထင်သေး အမြင်သေးကိုသာ အများစုက ခံနေရလေသည်။ |
31,986 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | သို့ဖြစ်လျှင် ထိုခေတ်ပညာတတ် လူအများသည် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို အားပေးလိုကြလိမ့်မည်လော၊ ဤအချက်များကို တွေးပြန်သော် သာသနာဆုတ်ယုတ်ဘို့ အရေးသာလျှင် နီးသည်ထက် နီးလာသည်ကို တွေ့ရပါသည်။ |
31,987 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၉။ နောက်လာမည့် ဘဝ၌ လူများစုက လူကောင်း သူကောင်း ဖြစ်ဘို့လည်း မလွယ်ကူတော့ချေ၊ ထင်ရှားစေအံ့-လူကောင်း သူကောင်း ခေတ်သည် မေတ္တာ, ကရုဏာ၊ မုဒိတာ ဤ တရား ၃-ပါး ထွန်းကားသော ခေတ်တည်း၊ ယခု မျက်မြင်မှာကား တယောက်အပေါ် တယောက်က ကောင်းကျိုးလိုလားသော မေတ္တာစစ် နည်းပါးလှလေပြီ။ |
31,988 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | မေတ္တာ မရှိလျှင် ဆင်းရဲသူကိုမြင်၍ သနားသော ကရုဏာနှင့် ချမ်းသာသူကို မြင်၍ ဝမ်းမြောက်သော မုဒိတာလည်း မဖြစ်နိုင်တော့ပါ၊ ယခု ဖြစ်နေ သည်မှာ တယောက် ကောင်းစားသည်ကို အခြားတယောက်က မနာလိုသော ဣဿာ မိမိကဲ့သို့ ကြီးပွားမည်ကို စိုးသော မစ္ဆရိယ, အထက်တန်း ရောက်နေသူက စိတ်ကြီးဝင်သော အထက်တန်းမာန, အောက်ကျ သူကလည်း “ဘာ အရေးစိုက်ရမှာတုန်း” ဟူသော... |
31,989 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၁၀။ ထို့ပြင် လိုချင်ဘွယ် အာရုံ ခံစားဘွယ် ကာမဂုဏ်တွေလည်း တနေ့တခြား တိုးပွား၍ လာရကား (မီးသည် လောင်စာရှိသလောက် လိုက်၍ လောင်သလို) ယခု လူတို့ သန္တာန်၌ လောဘကလည်း အာရုံများ သလောက် ကြီးမား၍ လာလေသည်၊ လောဘ အလိုကို မဖြည့်နိုင်သောအခါ သတ်မှု ဖြတ်မှု တိုက်ခိုက်မှု စစ်ဖြစ်မှုတိုင်အောင် ဒေါသတွေလည်း တရှူးရှူး တရှဲရှဲနှင့် တကဲကဲဖြစ်၍ နေ... |
31,990 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၁၁။ ထိုသို့ လူကောင်း သူကောင်း အလွန်နည်းပါးမည့် နောက်ကာလ၌ မိဘကောင်း ဆရာကောင်းလည်း ရနိုင်တော့မည် မဟုတ်ပါ။ |
31,991 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ထိုသို့ အားကိုးစရာ မိဘကောင်း ဆရာကောင်း မရှိဘဲ မတရားလူများ၏ အလယ်မှာ မိမိတယောက်တည်း လူကောင်းကလေး ဖြစ်ဘို့လည်း မလွယ်ကူပါ၊ ထို့ကြောင့် နတ်ပြည်မှာ မှိုင်းတိုက်မည့် အာရုံများ၌ သွားဘို့ ခက်သလို လူ့ပြည်မှာလည်း အကုသိုလ် ထွန်းကားတော့မည့်အတွက် လူပြန်ဖြစ်ဘို့ ခက်လှပါတော့သည်။ |
31,992 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၁၂။ ဤနေရာဝယ် မိမိစဉ်းစားမိသော အကြောင်းတခုကို ညွှန်ပြပါမည်။ |
31,993 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | လွန်ခဲ့သော (၁၃၁၉-ခု) ပြာသိုလက ရန်ကုန်သို့ သိမ်သမုတ် ကိစ္စဖြင့်သွား၍ ပြန်မည့်နေ့ဝယ် ဘူတာကြီး၌ အကြောင်းအားလျော်စွာ စောစောရောက်နေ၏၊ မီးရထား တွဲထိုးမည့် နေရာဘက်ကို ကျောပေးလျက် လိုက်ပို့သော ဘုန်းတော်ကြီးတပါးနှင့်အတူ စကား ပြောနေစဉ် ရထားတဲ့ထိုးသဖြင့် လူအများလှုပ်ရှားသံကြား၍ စကား ဖြတ်ပြီး လှည့်၍ ကြည့်လိုက်ရာ နေ့စဉ် ထုံးစံအတိုင... |
31,994 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၁၃။ ထိုအခါ စဉ်းစားမိသည်မှာ ဤလူများ၏ အကြာဆုံး ရထားစီးရမည့် အချိန်မှာ ၂-ရက်နီးနီးနှင့် တညဖြစ်၏၊ ထိုအချိန် အတွင်း၌ နေရာကောင်း မရလျှင် ဆင်းရဲမည်စိုး၍ အလုအယက် နေရာယူကြသည်၊ တချို့လည်း ငွေပိုပေး၍သီးခြားနေရာရအောင် ကြိုးစားရသည်။ |
31,995 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ထိုမျှမက, ရထားပေါ်မှာ စိတ်ချရသော အဖော်ကိုလည်း ရှာကြသေးသည်၊ မတော်များ နေရာကောင်း မရပြန်လျှင် အလွန်ပင် စိတ်မကောင်းဖြစ်၏။ |
31,996 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | မိမိနေရာ အနီးက လူကို ကြည့်၍ ရိုးသားပုံမရလျှင်လည်း တလမ်းလုံး စိဘ်မချကြ။ |
31,997 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၁၄။ ဤ ၂-ရက် တည အချိန်အတွင်း ဆင်းရဲမည့် အရေးကို တွေးကာ ဤမျှလောက် နေရာကောင်း ကြိုးစား သူတို့သည် နေနောက်ဘဝ-ဟို နောက်နောက် ဘဝတို့အတွက် နိဗ္ဗာန်အထိ နေရာကောင်း အဖော်ကောင်း ရအောင် အဘယ့်ကြောင့် မကြိုးစားဘဲ အေးစက်စက် နေကြပါလိမ့်မည်နည်း၊ မတော်တဆ ခြေချော် လက်ချော် ဆိုသလို အပါယ် ၄-ပါးရောက်သွားရလျှင် တဘဝလုံးဆင်းရဲရုံမက အဆက်ဆက် အကုသ... |
31,998 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | လူ့ဘဝ ရောက်သော်လည်း လူနုံ လူမွဲ လူဆင်းရဲဖြစ်၍ တဘဝလုံး အောက်ကျနောက်ကျ ဒုက္ခရောက်နိုင်သည်။ |
31,999 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | သို့ပါလျက် ရထားစီးဘို့ ခရီးတိုကလေးအတွက် ကြိုးစားသလောက် နောက်ဘဝ၌ နေရာကောင်းရအောင်ကြိုးစားဘဲ နေကြခြင်းကား ထိုင်းမှိုင်းတွေဝေ အရှည်ကို မျှော်တတ်သော အသိဉာဏ်ကင်း၍ ဖျင်းလွန်းညံ့လွန်း လေစွကား၊ ဤသို့စဉ်းစားကာ ဤအကြောင်းကိုပင် လိုက်ပို့သော ဘုန်းတော်ကြီးအား ပြောပြမိခဲ့ပါသည်။ |
32,000 | ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ | ၁၅။ ပြခဲ့သော စဉ်းစားဘွယ်တို့ကို ဤကျမ်းစာရှုသူများလည်း လေးလေးနက်နက် စဉ်းစား၍ လက်လှမ်းမှီတရားထူးကို ရအောင်သော်လည်း ကြိုးစားသင့်ကြ၏၊ ရှေးဘဝက အထုံဝါသနာ ပါခဲ့သည့်အတိုင်း အထက်တန်း ပါရမီကို ဖြည့်ကျင့်နေသူ ဖြစ်လျှင်လည်း အကုသိုလ် နည်းအောင် သတိထား၍ ဒါနသီလ စသော ပါရမီများကို အနှစ် အမတေဖော်တည်လျက် မပျက်နိုင်အောင် အလွန်ကြိုးစားသင့်၏... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.