id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
32,001
ကိုယ်ကျင့်အဘိဓမ္မာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/စဉ်းစားဘွယ်ရာ အဖြာဖြာ
နောက်ဆက်တွဲပြီး၏။
32,002
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
နတ်ဘုံခန်း
32,003
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
ထိုကဲ့သို့ တည်ထောင်ပြီးသော ကမ္ဘာသစ်၌ ငရဲသူ ငရဲသားတို့ ဆင်းရဲရပုံကို ပြခဲ့ပြီ၊ တိရစ္ဆာန် ပြိတ္တာတို့ ဆင်းရဲရပုံကိုလည်း မျက်မြင်အားဖြင့် ကြားဘူး နားဝ အားဖြင့်၎င်း, အတော်အတန် သိလောက်ပြီ၊ လူများ၏ ဆင်းရဲ ချမ်းသာမှာ ကိုယ်တွေ့ဖြစ်၍ အထူး ရေးဘွယ်မလို၊ နတ်စည်းစိမ်ကိုကား အများပင် သိလိုကြပေလိမ့်မည်။
32,004
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
ထို့ကြောင့် ကျမ်းဂန်လာ အချက်များကို အကျဉ်းချုပ် စုပေါင်း၍ နတ်တို့ နေထိုင်ကြပုံအကြောင်းများကို ပြပေအံ့။
32,005
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
နတ်ဘုံနတ်နန်း
32,006
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
နတ်စည်းစိမ်ကား လူ့စည်းစိမ်ထက် နေရာတိုင်းပင် သာလွန်၏၊ မြက်ဖျားပေါ်က ဆီးနှင်းပေါက်ဖြင့် သမုဒြာရေများ ကွာခြားသလောက် လူ့စည်းစိမ်နှင့် နတ်စည်းစိမ်များ ကွာခြား၏။
32,007
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
တာဝတိံသာနတ်တို့၏ “သုဒဿန” မည်သော နေပြည်တော်သည် မြင့်မိုရ် တောင်ထိပ်ဝယ် ယူဇနာ တသောင်း ကျယ်သော အရပ်၌ တည်ရှိ၏၊ ထို နေပြည်တော်၏ အရှေ့ဘက်၌ နန္ဒနယျာဉ်ခေါ် နန္ဒနဥယျာဉ်သည်ကား စုတေခါနီး၌ အလွန်ပူဆွေးနေသော နတ်များကိုပင် စုတေရမည့် အရေးကို မတွေးမိလောက်အောင် ပျော်မွေ့ဘွယ်ကို ဆောင်သတဲ့။
32,008
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
မခြောက်မသွေ့ ပကတေ့စိုစိမ်း၍ မြရည်လိမ်းထားသလို ပန်းပင်ပျိုတို့၏ အကြားအကြားဝယ် မောင်မယ်စုံ နတ်များတို့ လှည့်လည်သွားလာနေကြသည့်အတွက် ဥယျာဉ်တော်မှာ တမျိုး ကျက်သရေ တက်လေတော့၏၊ ထိုဥယျာဉ် တော်နှင့် မြို့တော်၏ အလယ်မှာ မဟာ နန္ဒာ စူဠနန္ဒာ အမည်ရှိသော ကန်တော်ကြီး ၂-သွယ်ကလည်း နဂိုရ်က တင့်တယ်သည့်အပြင် ကြည်လင်သော ရေများကို ရှုစားဘို့ရ...
32,009
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
နတ်သား နတ်သ္မီး
32,010
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
မိမိတို့ ရှေးကုသိုလ်ကံကြောင့် ကိုယ်ပိုင် ရရှိပြီးသော ဗိမာန်များကလည်း ဆန်းပြားလှပေ၏၊ အားလုံးသော နတ်လုလင်တို့က အသက် ၂၀-အရွယ် နတ်မိမယ်တို့က ၁၆-နှစ် အရွယ် သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲခြင်း မရှိ ပကတိ အလှမပျက်အောင် တသက်လုံး တည်နေ၏၊ နတ်ဩဇာ အဆီအနှစ်ကိုသာ စားသောက် ကြရသဖြင့် ခန္ဓာကိုယ်အတွင်း၌ အလေး အပေါ့မှစ၍ မကောင်းသ...
32,011
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
ယံ မေ အတ္ထိ ကတံ ပုညံ, အရဟန္တေသု တာဒိသု၊
32,012
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
တံ မေ သဗ္ဗင်္ဂကလျာဏိ, တယာ သဒ္ဓိံ ဝိပစ္စတံ၊
32,013
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
တာဒိသု၊ ကောင်းဆိုး ၂-တန့် လောကဓမ်ကြောင့် ဖောက်ပြန်မတုန် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကြပေသော။
32,014
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
အရဟန္တေသု၊ ပူဇော်သမျှ အကျိုးရဘို့ နိစ္စဖြူစင် ရဟန္တာအရှင်မြတ်တို့၌။
32,015
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
မေ ကတံ၊၊ မောင်တော် ချည့်သာ မယ်မပါဘဲ ကောင်းစွာ သီးသီး ပြုအပ်ပြီးသော။
32,016
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
ယံ ပုညံ၊ ဒါန သီလ စသည်ပေါင်းစု အကြင်သို့သော မြတ်ကောင်းမှုသည်။
32,017
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
အတ္ထိ၊ အကျိုးပေးမှု့ အလေး ပြုလျက် ယခုအနေ ရှိပါပေ၏။
32,018
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
သဗ္ဗင်္ဂကလျာဏိ၊ ကောင်းခြင်းအင်္ဂါ မင်္ဂလာနှင့် ထင်စွာပြည့်ကြွယ် အို... နတ်မိမယ်။
32,019
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
မေ၊၊ ပဉ္စသီခ မည်ရဘွဲ့နှောင် မယ်မယ့်မောင်၏။
32,020
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
တံ ပုညီ၊ ရှေးက ဆည်းပူး, ထိုကုသိုလ်ထူးသည်။
32,021
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
တယာ၊ မောင်တော့် သက်လယ်, သင် နတ်မယ်နှင့်။
32,022
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
သဒ္ဓိံ ဝိပစ္စတံ၊ အတူ တွဲနှောင်, မကွဲအောင်လျှင် မြဲခေါင်ဖြိုးဝေ, အကျိုးပေးပါစေသတည်း။
32,023
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
မာန်လည်ဆရာတော် မေး
32,024
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
မင်းကွန်း အလယ်တောရ ဆရာတော် ဖြေ
32,025
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
၁...(မေး) ဆကာမာဘူမိ, ကုမာရိ နတ်အပျို, လူလိုတဲ့ ပေလား၊ ပွင့်မြဲငယ်မှီ, တလလျှင်ကြိမ်အညီပ, ချိန်ရာသီ ပေါ်တဲ့ပန်းငယ် လန်းပါစလား။
32,026
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
(ဖြေ) ဆကာမာဘူမိ, ကုမာရိ နတ်အပျို, လူလိုပ ဟုတ်ဘဲ၊ ပွင့်မြဲငယ်မှီ, တလလျှင် ကြိမ်အညီပ ချိန်ရာသီပေါ်တဲ့ပန်းငယ် လန်းကြ မမြဲ။
32,027
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
၂...(မေး) အပွေပို-မဖြေလို စိတ်တော်ရှိပါနှင့်, ခင်သိသားမို့၊ နတ်ခြောက်ဆူ ချစ်သွေး နှစ်ကိုယ်မြှူတော့, ဟို အမူ လူလိုချင်းပေထင့်, သင်းက ဘယ်သို့။
32,028
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
(ဖြေ) အပွေပို-မဖြေလို စိတ်တော် ရှိပါဘု, ကိုယ်သိသားမို့၊ နတ်ခြောက်ဆူ ချစ်သွေးနှစ်ကိုယ်မြှူတော့ ဟို အမူ လူလို ကျင့်ကြတယ်, သင်းက ဤသို့။
32,029
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
၃...(မေး) နတ်ခြောက်ဘုံ၊ မောင်နှံစုံ, လူလိုရှိတယ်လို့ ခင်သိမူကား၊ မိန့်ပါရှင့်, နတ်ကလျာ လုံမယ်ခင်တို့ လူ့နယ်ပင် နှုတ်ငုံပိုက်တယ်, သားနို့ တိုက်လား။
32,030
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
(ဖြေ) နတ်ခြောက်ဘုံ မောင်နှံစုံ လူလိုရှိသည်ဟု မှန်ဘိမယွင်း၊ မိန့်လိုက်ပြီ, နတ်ကလျာမယ်ဒေဝီတို့ နှုတ်ငုံချီလွယ် မပိုက်တယ် သားနို့တိုက်ကင်း။
32,031
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
ဤမျှလောက်ပင် ပဉ္စသီခနတ်သားက စွဲလမ်းနေသော်လည်း သူရိယဝစ္ဆသာ နတ်သီးကမူ မာတလိနတ်မင်း၏ သားဖြစ်သော သိခန္တီနတ်သားကို မှန်းထားလျက် ရှိ၏၊ သို့ရာတွင် သိကြားမင်းက ပဉ္စသီခ နတ်သားကို (သူ့အားကျေးဇူး များသည့်အတွက်) သူရိယဝစ္ဆသာ နတ်သ္မီးနှင့် လက်ထပ်ပေးလေသည်၊ တချို့ နတ်သ္မီးတွေမှာ ဗိမာန် အဆင့်သင့် ရရှိသော်လည်း ဗိမာန်နှင့်တကွ မိမိတို့ကို...
32,032
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
အပေါင်းရွေညီ, ဘုံကိုယ်စီဝယ်, ကျူးသီမပြီး, ပျော်မငြီးဖို့, နတ်ထီးနတ်ငြိမ့်, တခြိမ့်ခြိမ့်နှင့်, သိမ့် သိမ့်သဲသဲ, ရှုမရဲအောင်, နတ်ပွဲသဘင်, အမြဲရွှင်၏၊ မပင်မပူ, နတ်နန်းသူတို့, ပျူပျူငှာငှာ ရွှေမျက်နှာဖြင့်, ကြည်သာစိမ်းစိမ်း , မြမြရှိန်းတည်း၊ ငြိမ်းငြိမ်းအေးလျက် , ကုသိုလ်စက်ကြောင့်, မပျက်တရံ, စည်းစိမ်ခံ၍, မောင်နှံချစ်ပုံ, ...
32,033
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
မဃဒေဝလင်္ကာ။
32,034
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
ဤသို့ ကာမဂုဏ်စခန်း၌ အစွမ်းကုန် ပျော်ဖွယ်ကောင်းလှသည့်အပြင် ထိုပျော်မွေ့ကောင်း သလောက်လည်း ပျော်စံလေ့ ရှိကြသောကြောင့် ကာမဂုဏ်ကို စက်ဆုပ်သော အနာဂါမ်နှင့် ရဟန္တာအဖြစ်သို့ ရောက်သောအခါ နတ်ပြည်မှာ ကြာရှည်စွာ မနေနိုင်ကြန်တော့ဘဲ, အနာဂါမ်ဖြစ်သူတို့ ဗြဟ္မာ့ပြည်သို့ စုတေ ရွှေ့ပြောင်း၍ ရဟန္တာအပေါင်းတို့မှာ ပရိနိဗ္ဗာန်စံကြလေတော့သည်၊ ...
32,035
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
နတ်ပြည်၌ ကမ္မဋ္ဌာန်းကို မဆိုထားနှင့် ဥပုသ် မကျိုးအောင်ပင် စောင့်စည်း ဘို့ရာ အပုံကြီး ခဲယဉ်း၏၊ နတ်သ္မီးတွေ ပွတ်သီး ပွတ်သပ်ပြုချက်ကြောင့် သီလ ပျက်သည်သာ များလေ၏၊ စမ္ပေယျ နဂါးမင်းတို့ နဂါးပြည်မှာ မကြာမကြာ ဥပုသ်ကျိုးရပုံနှင့် ဝိဓူရဇာတ်တော်လာ သိကြားမင်းတို့ လူ့ပြည်ဆင်း၍ ဥပုသ်စောင့်ရပုံကို ထောက်ပါလေ၊ ဘုရားအလောင်းတော်တို့သည် ပ...
32,036
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
နတ်ပြည်၌ သူတော်ကောင်းစိတ်ဓာတ် မြဲကြသူတို့ မျှော်လင့်ဘို့ အချက် အနည်းငယ်မျှ ရှိသေး၏၊ ထိုအချက်ကား စူဠာမဏိ စေတီတော်နှင့် သုဓမ္မာ ဓမ္မာရုံကြီးတို့တည်း၊ စူဠာမဏိ စေတီတော်မှာ တယူဇနာမြင့်သော မြသားစေတီတော်ကြီး ဖြစ်သည့်ပြင် ထိုမြသား စေတီတော်ကြီးအတွင်း၌ ဘုရားအလောင်း ဘဝက ဆံတော်ဓာတ်နှင့် လက်ျာစွယ်တော်ဓာတ်များ ကိန်းဝပ်တော်မူလျက်ရှိ၏...
32,037
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
သုဓမ္မာ ဓမ္မာရုံကြီး၏ ကျက်သရေမှာ ရေးသား၍ ကုန်ဆုံးနိုင်ဘွယ်ရာမရှိ၊ ဓမ္မာရုံ အဆောက်အဦးအားလုံး၌ ရတနာမျိုးစုံကို သူ့နေရာနှင့်သူ သုံးစွဲထား၏၊ ထိုဓမ္မာရုံ၏ အနီး၌ တည်ရှိသော ပယ်လယ်ကသစ်ပင်မှ ပန်းများလည်း ဓမ္မာရုံအတွင်းသို့ လေညှင်းညှိသဖြင့် နှစ်မျို့စဘွယ် တင့်တယ်စွာ ပြန့်နှံ့လျက်ရှိ၏။
32,038
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
အလယ်ဗဟို တရားပလ္လင်ဝယ် ထီးဖြူကြီးကို စိုက်ထူထားပြီးလျှင် တရားပလ္လင်၏ ဘေးမှစ၍ သိကြားမင်း, ပဇာပတိ နတ်မင်း, ဝရုဏ နတ်မင်း, ဤသာန နတ်မင်း စသော (မဃလုလင် ဘဝတုန်းက ကောင်းမှုပြုဘက်)၃-ကျိပ် ၃-ပါး နတ်မင်း ကြီးများ၏ နေရာကို စီစဉ်ထား၏၊ ထို့နောက် ထင်ရှားနတ်များနှင့် မထင်ရှားသော နတ်များတို့လည်း နေရာများ စီစဉ်ထားသည်။
32,039
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
[ဤ သုဓမ္မာနတ်သဘင်မှာ တာဝတိံသာမှ အထက်နတ်ပြည်-ထပ်၌လည်း ရှိ၏။
32,040
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
စည်းဝေးချိန်ရောက်လျှင် သိကြားမင်းကိုယ်တိုင် အချက်ပေးလိုက်သော “ဝိဇယုတ္တရ”ခေါ် ခရုသင်းကြီး၏ အသံမှာ ယူဇနာ တသောင်းကျယ်သော သုဒဿနနတ်မြို့တော်ကြီးကို ရိုက်ဟီးလျက် လူ့အရေအတွက်ဖြင့် ၄-လကြာအောင် အဆက်ဆက် မြည်ဟီးနေသော ဟူ၏၊ ဆိုင်ရာနတ်များ ဓမ္မာရုံအတွင်းသို့ ဝင်မိကြလျှင် ရတနာရောင် ပန်းရောင်တွေ လွှမ်းနေသဖြင့် ဓမ္မာရုံတဆောင်လုံး နီမြန...
32,041
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
တရံတခါ ဗြဟ္မာပြည်မှဆင်းလျက် သနင်္ကုမာရ ဗြဟ္မာမင်းက တရားဟော၏၊ တရံတခါ သကြားမင်း ကိုယ်တိုင် တရားဟော၏၊ တရံတခါ တရား အဟောကောင်းသော နတ်သား တဦးဦး ဟော၏။
32,042
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
ထို့ကြောင့် စူဠာမဏိစေတီတော်ကို ဖူးမျှော်ရခြင်း သုဓမ္မာနတ်သဘင်ဝယ် တရားနာခြင်းတို့အတွက် မျှော်လင့်ချက်ကလေး ရှိပေသေး၏၊ “မျှော်လင့်ချက်” ဆိုသော်လည်း မဂ်ဖိုလ် ရလောက်အောင် မျှော်လင့်ချက်ကို ဆိုလိုသည် မဟုတ် သူတော်ကောင်းစိတ်ဓာတ် မပျောက်ပျက်ဘဲ ခိုင်မြဲ၍ ကာမဂုဏ်ထဲမှ အထိုက်အလိုက် ရှောင်လွှဲနိုင်စရာရှိသည်ဟု ဆိုလိုသည်။
32,043
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
နောင်လာမည့် လူ့ပြည်ဆုတ်ကပ် အခါကြီး၌ကား “ရဟန်း ရှင် လူတို့ တရားပြည့်ဝကြလိမ့်မည်”ဟု မျှော်လင့်ဘွယ် မရှိတော့၊ ယခုပင် အမြင် မတော်လှပြီ၊ သံသရာဒုက္ခတွေကို တကယ် ရွံ့လျှင် ယခုဘဝ၌ပင် စွန့်စွန့် စားစား မဂ်ဖိုလ်ပေါက် တရားကို ကြိုးစားသင့်ကြ၏၊ နတ်ပြည်ကပင် အရိမေတ္တယျ ဘုရားရှင်ကို စောင့်စားဖူးမြော်လျက် တရားတော်ကိုနာပြီးမှ မဂ်ဖိုလ်ရဘိ...
32,044
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နတ်ဘုံခန်း
“ဘေးပွဲကြုံ, အေးသဲတုန် ကိုယ်စီ ကုတ်ပါလို့ အားထုတ် သင့်သား၊ သို့ပါကို, ဘယ်တော့ ဘာလိုလိုနှင့် နောင်ရေးကို မျှော်ခေါ်လင့်လို့, ဘာဝနာ သီခေါင် လွင့်တယ်, ဖျင်းဖင့် အများ...ဆရာတော်ကြီး။
32,045
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန်အကြောင်း
32,046
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန်အကြောင်းကို ရေးသားလျှင် ကြောင်းကျိုးစုံလင်အောင် ကျယ်ဝန်းစွာရေးမှ တာဝန်ကြေပေလိမ့်မည်။
32,047
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဤစာအုပ်၌ကား ထိုမျှလောက် ကျယ်ဝန်းရေးခွင့်မရ၊ “အနည်းငယ်မျှ မထိတထိ ရေးခြင်းထက် လုံးလုံး မရေးခြင်းက သင့်တော်သေး၏”ဟု သဘောရ၍ နိဗ္ဗာန်အကြောင်းကို (ရှေးရိုက် စာအုပ်များ၌) လျစ်လျူရှုခဲ့ပါသည်။
32,048
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သို့သော် အထိုက်အလျောက်သိနှင့် ကြဘို့ရန် ၁၃၂၀-ခုရိုက် စာအုပ်၌ကား သဂြိုဟ်ဘာသာဋီ၌ ပါသော ဥပသမာနုဿတိ ခဏ်းကို ထည့်သွင်းပြလိုက်ပါသည်။
32,049
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဥပသမာနုဿတိ
32,050
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန်၏ ချမ်းသာအေးမြ သန္တိသုခရှိပုံကို အဖန်ဖန် အောက်မေ့ခြင်းသည် ဥပသမာနုဿတိမည်၏၊ နိဗ္ဗာန်တရားကို ရုပ်ဝိသေသ နာမ်ဝိသေသဟုလည်းကောင်း, ခန္ဓာကိုယ်တွင်း၌ အနှစ်အမြုတေအလား မြဲခိုင်သော နိစ္စတရားရှိ၏၊ ရုပ်နာမ်တရားများ ချုပ်ပျောက်သောအခါ ထိုအနှစ်အမြုတေသာ အဖတ်တင်ရစ်၏၊ ထိုအနှစ် အမြုတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင် နိဗ္ဗာန်တည်းဟုလည်းကေ...
32,051
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန်ဟူသည် စိတ် စေတသိက် ရုပ်ပရမတ်တို့မှ သီးခြားဖြစ်သော ပရမတ်တရားတည်း၊ ထို့ကြောင့် ရုပ် နာမ် သင်္ခါရနှင့် လုံးဝဆက်သွယ်ခြင်း မရှိရကား ရုပ်ဝိသေသ နာမ်ဝိသေသ မဟုတ်နိုင်ပါ၊ အဇ္စျတ္တ ဗဟိဒ္ဓနှစ်မျိုးတွင် "ဗဟိဒ္ဓါ ဓမ္မာ" ဟူသော မာတိကာပုဒ်အရတွင် ပါဝင်သော ဗဟိဒ္ဓတရားဖြစ်သောကြောင့် ခန္ဓာကိုယ်အတွင်း၌ အနှစ်အမြုတေအဖြစ်ဖြင့် တည်ရှိသော...
32,052
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ချဲ့ဦးအံ့ –ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစား စံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ် အသစ်ရအောင် ထူထောင်ရ၏၊ ထိုအသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြ သောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမှုအတွက် အပါယ်သွား၍ သုခအကြွေးကို...
32,053
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဆက်ဦးအံ့ –အနာဂါမ် ရဟန္တာအရှင်မြတ်တို့သည် ရုပ် နာမ်ခန္ဓာကြီးကို လေးလံလှစွာသော ဝန်ထုပ်ကြီး ကဲ့သို့ မှတ်ထင်တော်မူကြသဖြင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှ ကင်းဖို့ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူ ကြ၏၊ ထိုသမာပတ်အတွင်း၌ ခံစားမှု လုံးဝမရှိ, စိတ် စေတသိက်တည်းဟူသော နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ကြဘဲ ရပ်စဲနေခြင်းသာတည်း၊ ထိုက...
32,054
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အရူပဗြဟ္မာတို့၌ ရုပ်တရားတို့မှ အေးမြငြိမ်းချမ်းလျက်ရှိ၏၊ အထက်ဆုံး အရူပဗြဟ္မာ့သန္တာန်ဝယ် ဖြစ်ခွင့်ရှိ နေသော နာမ်တရားသည်ပင် အလွန်နည်းပါးလှချေပြီ၊ ရဟန္တာဖြစ်လျှင် မနောဒွါရာဝဇ္ဇန်း, မဟာကြိယာ(၈), နေဝသညာနာသညာယတနဝိပါက်(၁), ကြိယာ(၁), အရဟတ္တဖိုလ်စိတ်(၁)အားဖြင့် ယှဉ်ဖက်စေတသိက် များနှင့်တကွ စိတ်ပေါင်း(၁၂)ပါးသာ ဖြစ်ခွင့်ရှိတော့၏၊ ...
32,055
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုအခါ "သန္တိသုခ" ခေါ်သော နိဗ္ဗာနဓာတ် တရားမြတ်သည် မုချဆတ်ဆတ် ထင်ရှားတော့လတ္တံ့၊
32,056
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုသန္တိသုခ နိဗ္ဗာနဓာတ်သည် ဘာမျှမရှိသော အဘာဝပညတ် မဟုတ်ပါ၊ အများဆိုင် ဘုံတရားကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ၊ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိကြ၏၊ ထို့ကြောင့် အရိယာအရှင်မြတ်တို့သည် ခန္ဓာကိုယ်ဒြဗ် ထင်ရှားရှိစဉ် မိမိတို့နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စားတော်မူကြပေသည်၊ ထိုဖလသမာပတ် ဝင်စားခိုက်ဝယ် နိဗ္ဗာန်ကို အာရုံမ...
32,057
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထေရာ ထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ဝင်စံခါ နီးဝယ် ဥဒါန်းဂါထာများကို ကျူးကာ ကျူးကာဖြင့် ရုပ်နာမ်ခန္ဓာကို အားရပါးရ စွန့်ပစ်ခဲ့ကြပေသည်၊ ရဟန္တာ အရှင်မြတ်တို့၏ ရုပ်နာမ်စွန့်ကြပုံကို စဉ်းစားလျှင် ရုပ်နာမ်ကို ခင်မင်နေသော ငါတို့လို ပုထုဇဉ်များအတွက် ရှက်ဖွယ်ကြီးပါတကား။
32,058
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သဒေဝကဿ လောကသာ, ဧတေ ဝေါ သုခသမ္မတာ၊ယတ္တစေ တေ နိရုဇ္ဈန္တိ၊ တံ တေသံ ဒုက္ခသမ္မတံ။
32,059
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သဒေဝကဿ၊ ဗြဟ္မာ သကြား, နတ် အများနှင့်တကွ ဖြစ်သော။
32,060
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
လောကဿ၊ ပုထုဇဉ်ဉာဏ်မြင်ပေတုံး တလောကလုံးသည်။
32,061
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဧတေ၊ ရူပ သဒ္ဒ စသည်အာရုံ ဤ ကာမဂုဏ်တို့ကို။
32,062
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သုခသမ္မတာ၊ ချမ်းသာဘွယ်တောင်း အကောင်းဟု သမုတ်အပ်ကုန်ပြီ။
32,063
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ယတ္ထ၊ အရိယာအများ, အလွန် လေးစား သည့် တရားမျက်ရှင် အကြင်သို့သော နိဗ္ဗာန်၌။
32,064
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
တေ၊ ရူပ သ စသည့် အာရုံ ဤ ကာမဂုဏ်တို့သည်။
32,065
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိရုဇ္ဈန္တိ၊ ကွယ်ပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရလေ ကုန်၏။
32,066
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
တံစ၊ ကာမဂုဏ် အားလုံး ပြုတ်ပြုတ်ပြုန်းလျက် ဆုံးရာအမှန် ထိုနိဗ္ဗာန် ကိုကား။
32,067
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
တေသံ၊ ထို ဉာဏ်မြင်ပေတုံး ပုထုဇဉ် အားလုံးတို့သည်။
32,068
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဒုက္ခသမ္မတံ၊ ခံစားဘွယ်အချက် ကင်းသည့် တွက်ကြောင့်, သက်သက်ရှုတ်ချ၍ ဒုက္ခဟု သမုတ်အပ်လေသတည်း။
32,069
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
[ဧတေဝေါ၌ ဝေါအတွက် အနက်မရှိ၊]
32,070
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သုခံ ဒိဋ္ဌမရိယေဘိ သက္ကာယဿ နိရောဓနံ၊ပစ္စနီကမိဒံ ဟောတိ သဗ္ဗလောကေန ပဿတံ။
32,071
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သက္ကာယဿ၊ ပရမတ္ထအားဖြင့် ထင်ရှားဘိတောင်း, ခန္ဓာငါးပါး အပေါင်း၏။
32,072
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိရောဓနံ၊ ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းရာဖြစ်သော။
32,073
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သုခံ၊ နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို။
32,074
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အရိယေဘိ၊ အရိယာအရှင် သူတော်စင် တို့သည်။
32,075
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဒိဋ္ဌံ၊ ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင် သိမြင်အပ်ပေပြီ။
32,076
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဣဒံ၊ များပုထုဇဉ် ဉာဏ်အမြင်ဖြင့် မမြင်နိုင်တန် ဤနိဗ္ဗာန်ကို။
32,077
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပဿတံ၊ တပ်အပ် ထင်ထင် ကိုယ်တိုင်မြင်သည့် အရှင်အပေါင်း သူတော်ကောင်းတို့မှာ။
32,078
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သဗ္ဗ လောကေန၊ အဝိဇ္ဇာဖုံး, တဏှာတုံး အားလုံး လောက, ဟူသမျှနှင့်။
32,079
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပစ္စနီကံ ဟောတိ၊ ကျောချင်း ကပ်ယှဉ် ပြေးကြအင်သို့ အစဉ်ဆက်ဆက် ဆန့်ကျင်ဘက်အနေ, ဖြစ်ရလေတော့သတည်း။
32,080
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သဠာယတနသံယုတ် ဒေဝဒဟဝဂ်။
32,081
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သောတာပန်ဖြစ်ဖို့ ခက်သလား
32,082
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပါဠိ‌တော်။
32,083
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ ကာလံ ဥပသီတဝါနန္ဒ ဓမ္မာဒါသံနာမ ဓမ္မပရိယာယံ ဒေသေဿာမိ၊ ယေန သမန္နာဂတော အရိယသာဝကော အာကင်္ခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏတိရစ္ဆာနယောနိ ခီဏပေတ္တိဝိသယော ခီဏာပါယဒုဂ္ဂတိဝိနိပါတော၊ သောတာပန္နော ဟမသ္မိ အဝိနိပါတဓမ္မော နိယတော သမ္ဗောဓိပရာယဏောတိ။
32,084
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
(မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ နှာ-၃၁၁)
32,085
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
မြန်မာပြန်။
32,086
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာ့ဂုဏ်တော် (၉) ပါး ဤဂုဏ်တော်များ၌ အဝေစ္စပသာဒ (ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း) (၃) မျိုး၊ ငါးပါးသီလနှင့် ပြည့်စုံခြင်း ဤဂုဏ်အင်္ဂါ (၄) ပါးနှင့် ပြည့်စုံသူသည် မိမိကိုယ်ကို 'သောတာပန်ဖြစ်ပြီ' ဟု ဆုံးဖြတ်နိုင်သည်။
32,087
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သောတာပန်ဖြစ်ဖို့ မခဲယဉ်း
32,088
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဤတရားမှန်ကြီးကို ကြည့်ရှုသောအခါ သောတာပန်ဖြစ်ဖို့ အကြောင်းမှာ ရတနာသုံးပါး၏ ဂုဏ်တော်ကို လေးလေးနက်နက် ကြည်ညိုခြင်း နှင့် လူဝတ်ကြောင်များ၌ ငါးပါးသီလ စင်ကြယ်ဖို့သာ ဖြစ်၏။
32,089
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထို့ကြောင့်လည်း ဝိသာခါကျောင်းအမ သည် ဗုဒ္ဓမြတ်စွာကို ပထမဖူးရစဉ် (၇) နှစ်အရွယ်ကပင် သောတာပန်တည်ခဲ့၏။
32,090
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဓမ္မာသောကမင်း၏ အသန္ဓိမိတ္တာဒေဝီ သည် ဘုရားရှင်၏ အသံတော်နှင့် အထိုက်အလျောက်တူသော ကရဝိက်ငှက်၏ အသံကို ကြားရ၍ ဘုရားကို မဖူးလိုက်ရဘဲ ကြည်ညိုသော အဝေစ္စပသာဒ (သဒ္ဓါ) ကြောင့် မောင်းမ (၇) ရာနှင့်အတူ သောတာပန်ဖြစ်ကြ၏။
32,091
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပင်ကိုယ်ငါးပါးသီလ စင်ကြယ်သူများအတွက် ယခုလို သာသနာတွင်း၌ကား သောတာပန်ဖြစ်ဖို့ မခဲယဉ်းဟု မှတ်သင့်ပါသည်။
32,092
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဆောင်။ ။
32,093
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊ နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊ နေ့ညခပင်း၊
32,094
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမှု၊ အလေးပြုလျက်၊ သုံးလူ့ထွတ်ထား၊ မြတ်ဘုရားနှင့်၊ တရား၊ သံဃာ၊ အရိယာ၏ ဆိုင်ရာ ဂုဏ်တော်၊ ဉာဏ်၌ပေါ်အောင်၊ ရွှင်ပျော်ရှုစား၊ သဒ္ဓါပွားမှု၊ မလားအပါယ်၊ တရားကယ်မည်၊ ရှုဖွယ်ထောက်မှန် အစစ်တည်း။
32,095
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ကမ္မဋ္ဌာန်းမှန်သမျှ အဝိဇ္ဇာနှင့် တဏှာကုန်ဖို့သာ
32,096
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အဝိဇ္ဇာနှင့် တဏှာကြောင့် ဒုက္ခအမျိုးမျိုးဖြင့် ကျင်လည်နေရပုံကို သိသောအခါ ထိုအဝိဇ္ဇာနှင့် တဏှာကုန်အောင် ကြိုးစားနေရသောနည်းကို ရှာကြရ၏။
32,097
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုနည်းကို ဘုရားတစ်ဆူ ပွင့်တော်မူမှသာ ဘုရားဟောတော်မူ၍ သိကြရ၏။
32,098
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သမုဒ္ဒရာသို့ ဝင်ဖို့ရန် ဆိပ်ကမ်းများစွာ ရှိသကဲ့သို့ သံသရာ၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ဝင်ဖို့ရန် ကမ္မဋ္ဌာန်းတည်းဟူသော ဆိပ်ကမ်း အများအပြားပင် ရှိ၏။
32,099
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုကမ္မဋ္ဌာန်းကို အားထုတ်ရင်း အဝိဇ္ဇာ နှင့် တဏှာ တို့ နည်း၍ နည်း၍ လာမှသာ ထိုကမ္မဋ္ဌာန်းလမ်းစဉ်သည် မှန်သောလမ်းစဉ်ဖြစ်၏။
32,100
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ကမ္မဋ္ဌာန်းအားထုတ်သော်လည်း အဝိဇ္ဇာနှင့် တဏှာ မနည်းလျှင် ကမ္မဋ္ဌာန်းသော်လည်း မှားနေပေလိမ့်မည်။