id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
32,101
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သို့မဟုတ် မိမိကသော်လည်း အဝိဇ္ဇာနှင့် တဏှာ နည်းလိုသော ဆန္ဒမရှိသောကြောင့် ဖြစ်လိမ့်မည်။
32,102
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ကမ္မဋ္ဌာန်းနည်းမှန်၍ မိမိဆန္ဒက အဝိဇ္ဇာနှင့် တဏှာ ကုန်စေလိုလျှင်ကား ကမ္မဋ္ဌာန်းဟူသမျှသည် အဝိဇ္ဇာ၊ တဏှာနည်းပါးရာမှ တစ်စတစ်စ ကုန်ဖို့သာဖြစ်သည်။
32,103
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထို့ကြောင့် ဤအချက်သည် ကမ္မဋ္ဌာန်းအားထုတ်ရင်း တဏှာနည်းမနည်း ကြည့်ရှုရန် တရားကြေးမုံ ထောက်မှန်ကြီး ဖြစ်သည်ဟု မှတ်ပါ။
32,104
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန် - ပရိနိဗ္ဗာန်
32,105
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပရိနိဗ္ဗာန် ၃-မျိုး ။
32,106
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်သည် သဘောတူ၏။
32,107
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုပရိနိဗ္ဗာန်သည် ကိလေသာတို့၏ ငြိမ်းအေးခြင်းဟူသော ကိလေသပရိနိဗ္ဗာန်၊ ရုပ်ခန္ဓာတော်၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်၊ ဓာတ်တော်တို့၏ ငြိမ်းအေးခြင်းဟူသော ဓာတုပရိနိဗ္ဗာန် အားဖြင့် (၃) ပါး အပြားရှိ၏။
32,108
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ကိလေသပရိနိဗ္ဗာန်။
32,109
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ သတ္တဝါတိုင်း၌ရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့သည် စိတ်ကို ပူလောင်စေကြကုန်၏။
32,110
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
တဏှာ၊ လောဘမီး၏ ပူလောင်မှုကြောင့် ဆရာ၊ မိဘ စသူတို့၏ စကားကိုမျှ နားမထောင်နိုင်ဘဲ လုပ်ချင်ရာ လုပ်ကြသူတွေ၊ အလိုမကျသော ဒေါသမီးကြောင့် ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံကြသူတွေကို ကြည့်လျှင် လောဘ၊ ဒေါသမီးတို့ ပူလောင်ပုံမှာ အလွန်ထင်ရှား၏။
32,111
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုသို့ လောဘမီး၊ ဒေါသမီး အလောင်ခံရခြင်းမှာလည်း မောဟမီးက အကြောင်းအကျိုးမသိ၊ မမြင်နိုင်အောင် ဖုံးကွယ်ထားသောကြောင့် ဖြစ်၏။
32,112
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဥပမာ ကလေးငယ်သည် ပူမှန်းမသိသောကြောင့် မီးကို ကိုင်ချင်သကဲ့သို့ (တချို့မှာ ကိုင်မိသကဲ့သို့) တည်း။
32,113
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဗုဒ္ဓမြတ်စွာသည် အရဟတ္တဖိုလ်ကို ရသောအခါ ထိုကိလေသာ အပူမီးတို့ အလုံးစုံကုန်၍ ငြိမ်းအေးကြလေတော့၏။
32,114
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထို့ကြောင့် "ကိလေသပရိနိဗ္ဗာန်၊ ဗုဒ္ဓမြတ်စွာ၏ ကိလေသပရိနိဗ္ဗာန်သည်။
32,115
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဗောဓိပလ္လင်္ကေ အဟောသိ၊ ဘုရားဖြစ်ရာ မဟာဗောဓိပလ္လင်၌ ဖြစ်ခဲ့ပြီ" ဟု ဉာဏဝိဘင်္ဂ အဋ္ဌကထာ (နှာ ၄၁၃) ၌ မိန့်သည်။
32,116
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ခန္ဓပရိနိဗ္ဗာန်။
32,117
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ ရုပ်နာမ် (၂) ရပ် ပေါင်းစပ်၍ တည်နေသော ဤခန္ဓာကိုယ်သည် အေးချမ်းငြိမ်သက်ခြင်းမရှိသော အပူတုံးသာဖြစ်၏။
32,118
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဇာတိမီး၊ ဇရာမီး၊ မရဏမီးစသော (ရှေ့၌ ပြအပ်ခဲ့သော) မီးတစ်ဆယ့်တစ်ပါးသည် ဤခန္ဓာကိုယ်၌ တစ်မျိုးပြီးတစ်မျိုး တောက်လောင်လျက်ရှိ၏။
32,119
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဓမ္မစကြာပါဠိတော် ၌လာသော ချစ်သူနှင့် ကွေကွင်းရခြင်း၊ မုန်းသူနှင့် တွဲရခြင်း၊ အလိုရှိတာမရခြင်းတို့ကြောင့် ဖြစ်ခဲ့သော ဒုက္ခများလည်း အပူများပင်ဖြစ်၏။
32,120
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထို့ကြောင့် သတ္တဝါတိုင်း၏ ခန္ဓာကိုယ်သည် ဒုက္ခအပူ၊ မီးအပူတို့ဖြင့် အမြဲပူ၍နေ၏။
32,121
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အခြားသူတို့၏ ခန္ဓာကိုယ်ကို မဆိုထားဘိ၊ ဗုဒ္ဓမြတ်စွာ၏ ခန္ဓာကိုယ်တော်သော်မှလည်း ဝမ်းတော်လားချိန်မှစ၍ အားတော်နည်းပါးကာ (၃) ဂါဝုတ်ခရီး၌ မကြာမကြာ နားတော်မူရခြင်း၊ ရေသောက်တော်မူလိုသောကြောင့် ရေခပ်စေတော်မူရခြင်းအားဖြင့် ခန္ဓာကိုယ်၏ အပူဒဏ်ကို ပင်ပန်းကြီးစွာ ခံတော်မူရပါသေးသည်။
32,122
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုကြောင့် ညောင်စောင်းကလေးအပေါ်မှာပင် ဈာန်‌ပေါင်းများစွာ အကြိမ်ကြိမ်အခါခါ ဝင်စား‌တော်မူပြီး၍ စတုတ္ထဈာန်မှ ထတော်မူ‌သောအခါ ပဋိသန္ဓေနေတော်မူတုန်းကဖြစ်သော မဟာဝိပါက် ပထမစိတ် နှင့်တူသော ဘဝင်စိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူခြင်းသည် ရုပ်နာမ်ခန္ဓာဟူသော အပူတုံးကြီး၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန် ပင် ဖြစ်ပါသည်။
32,123
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထို့ကြောင့် "ခန္ဓပရိနိဗ္ဗာန် ကုသိနာရာယံ - ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံမြို့၌ ဖြစ်ခဲ့ပြီ" ဟု ဉာဏဝိဘင်္ဂ အဋ္ဌကထာ (နှာ ၄၁၃) ၌ မိန့်သည်။
32,124
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
မီးငြိမ်းခြင်းဥပမာ။
32,125
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ ဤခန္ဓပရိနိဗ္ဗာန် ဖြစ်တော်မူပုံကိုပင် ရည်ရွယ်တော်မူ၍ "နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ - ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ ဖြစ်သော ပညာရှိတို့သည် နောက်ဆုံးဝိညာဉ်ဖြစ်သော စုတိစိတ်တော်၏ ချုပ်ခြင်းအားဖြင့် ငြိမ်းအေးတော်မူကြပြီ။
32,126
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဥပမာ- တောက်နေသော ဆီမီးသည် ဆီကုန်သောအခါ ငြိမ်းသကဲ့သို့ ဖြစ်သည်" ဟု ရတနသုတ် ၌ ဗုဒ္ဓမြတ်စွာ မိန့်တော်မူ၏။
32,127
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
မဟာပရိနိဗ္ဗာနသုတ် ပါဠိတော် (နှာ ၁၂၉) ၌လည်း "ပဇ္ဇောတဿေဝ နိဗ္ဗာနံ ဝိမောက္ခော စေသော အဟု - ပရိနိဗ္ဗာန် စုတိစိတ်တော်၏ လွတ်မြောက်တော်မူခြင်းသည် မီးငြိမ်းပုံနှင့်တူသည်" ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူသည်။
32,128
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဓာတုပရိနိဗ္ဗာန်။
32,129
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်အားလုံးစုပေါင်း၍ ဓာတ်ပေါင်းကိုယ်တော်ကို ဓာတ်မီးလောင်ပြီးမှ ငြိမ်းခြင်းကို "ဓာတုပရိနိဗ္ဗာန်" ဟုခေါ်၏။
32,130
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ချဲ့ပါဦးမည်။
32,131
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သာသနာတော်ကိုးကွယ်မည့် လူတစ်ယောက်တလေမျှ မရှိလောက်အောင် သာသနာဆုတ်ယုတ်သောအခါ နေရာဌာနအသီးသီး၌ တည်တော်မူသော ဓာတ်တော်များသည် ဘုရားဖြစ်ရာ ဗောဓိပင်၌ စုပေါင်းကာ ရွှေတုံးကြီးကဲ့သို့ ဖြစ်၍ ရောင်ခြည်တော် လွှတ်လိမ့်မည်။
32,132
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုဓာတ်တော်ကို ဖူးမြင်ရသောအခါ နတ်ဗြဟ္မာတို့သည် ကဗျာကယာ လာကြပြီးလျှင် အရိုးတော် ရွှေတုံးကြီး၌ မီးလောင်နေသည်ကို မြင်ရသောအခါ "ယခု ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူတာပြီ၊ ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူတာပဲ" ဟု ပြောကာပြောကာ အလွန်ဝမ်းနည်းစွာ ငိုကြွေးကြလေ၏။
32,133
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အနာဂါမ်၊ ရဟန္တာ၊ နတ်၊ ဗြဟ္မာတို့ကား "ဖြစ်သမျှ ပျက်ရသည်သာ" ဟု တရားသဘောကိုတွေးကာ သံဝေဂဉာဏ်ဖြင့် သည်းခံနိုင်ကြပေသည်။
32,134
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
လင်္ကာ။ ။
32,135
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဓာတ်တော်၊ မွေတော်၊ ကြွင်းပါသော်လည်း၊ ချွတ်‌ချော်သာသနာ၊ နောင်သောခါဝယ်၊ ရှိန်ဝါပျောက်ကြွေ၊ ကွယ်ပ‌ချေသော်၊ ထွေထွေရပ်နယ်၊ ဓာတ်သွယ်သွယ်လည်း၊ ကိုးကွယ်ကြမည့်၊ လူမရှိ၍၊ ဗောဓိပင်မှာ၊ စုပေါင်းကာဖြင့်၊ ရောင်ဝါလွှတ်ပြီး၊ ရွှေတုံးကြီးသို့၊ ဓာတ်မီးလောင်တောက်၊ ကုန်ဆုံးပျောက်က၊ လာရောက်ကြရှာ၊ နတ်ဗြဟ္မာတို့၊ သာသနာဗုဒ္ဓ၊ ယခုမှပင်၊ မုချအတ...
32,136
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန် (၂) မျိုးမှ တစ်မျိုး နိဗ္ဗာန်
32,137
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် (၂) မျိုးသည် "သိဝံ ပတ္ထထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံ ဒါတဗ္ဗံ - ဘိက္ခုတို့၊ ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တကြလော့၊ နိဗ္ဗာန်ကို တောင့်တ၍ ဒါနကို ပြုကြလော့၊ သီလကို ဆောက်တည်ကြလော့၊ ဘာဝနာကို ပွားစေကြလော့" ဤသို့ ဗုဒ္ဓမြတ်စွာ ဟောတော်မူအပ်သော နိဗ္ဗာန် မ...
32,138
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပြအပ်ခဲ့သော နိဗ္ဗာန် (၂) မျိုးသည် "ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏" ဟု လူအများ တောင့်တအပ်၊ ဆုတောင်းအပ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ် မဟုတ်သေးပါ။
32,139
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပြအပ်ခဲ့သော နိဗ္ဗာန် (၂) မျိုးသည် "ငါဘုရားသည် ယနေ့ညဉ့်၏ နောက်ဆုံးအချိန်၌ ရှေးရှေးဘုရားတို့ ဝင်အပ်သော အမြိုက်နိဗ္ဗာန်သို့ ဝင်ရတော့မည်" ဟု ဆင်ခြင်တော်မူသောအခါ "စိတ်တော်သည် အလွန်ကြည်၏" ဟု မိန့်တော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
32,140
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပြအပ်ခဲ့သော နိဗ္ဗာန် (၂) မျိုးသည် "အနိဇော သန္တိမာရဗ္ဘ၊ ယံ ကာလမကရီမုနိ = ငါးဖြာအာရုံ ကာမဂုဏ်၌ တုန်လှုပ်တတ်စွာ တဏှာကင်းပြီးသော အကြင်မုနိထွတ်တင် ဘုရားရှင်သည် ဒုက္ခခပ်သိမ်း အေးငြိမ်းရာနိဗ္ဗာန်ကို ရည်ရွယ်တော်မူ၍ ကွယ်လွန်ချိန်ကို ပြုတော်မူပြီ" ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူအပ်သော စကားတော်အရ ဘုရားရှင် ရည်ရွယ်တော်မူအပ်သော သန္တိ...
32,141
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပြအပ်ခဲ့သော နိဗ္ဗာန် (၂) မျိုးသည် "နိဗ္ဗာနံ ပန လောကုတ္တရ သင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ၊ မဂ္ဂဖလာနမာရမ္မဏဘူတံ ဝါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္ထာ နိဗ္ဗာနန္တိ ပဝုစ္စတိ" အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ "မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်" ဟုလည်းကောင်း၊ "နိဗ္ဗာနံ ပရမံ သုခံ" ဟု ဓမ္မပဒအဋ္ဌကထာ၊ သုခဝဂ်၊ ဧကဥပါသကဝတ္ထု ၌ "နိဗ္ဗာန်သည် အမြ...
32,142
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပြအပ်ခဲ့သော နိဗ္ဗာန် (၂) မျိုးသည် သစ္စာ (၄) ပါးတွင် နိရောဓသစ္စာ အဖြစ်ဖြင့်ပါဝင်သော၊ သောတာပတ္တိမဂ်ကို ရလျှင်ပင် ဝိသာခါကဲ့သို့ (၇) နှစ်သမီးအရွယ်သူငယ်မကို ထိုက်တန်သမျှ မြင်အပ်သော၊ တစ်ခါမြင်ပြီးလျှင် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာတို့ ကင်းကွာရကြောင်းဖြစ်သော၊ တစ်ခါမြင်ဖို့ရန်လည်း ငါးပါးသီလ လုံခြုံမှုအခြေခံရသော နိဗ္ဗာန် မဟုတ်သေးပါ။
32,143
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထို့ကြောင့် ယခုအခါ အကြောင်းတရားတို့ကို မပြုအပ်သောကြောင့် "အသင်္ခတဓာတ်" အမည်တော်ရသော၊ ဘုရားရှင်သာမက ရဟန္တာဟူသမျှတို့သည် ပရိနိဗ္ဗာန်ဝင်ကာလ၌ မကြာမကြာ အာရုံပြု၍ နေအပ်သော၊ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်လည်း မပျောက်မပျက် ဆက်လက်တည်ရှိရစ်သော၊ လူအများတို့ ဆုတောင်းအပ်သော၊ ဘုရားရှင်လည်း ဆုတောင်းဆိုရန် တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန...
32,144
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
လူအများတို့ ဆုတောင်းနေသော နိဗ္ဗာန်၏ လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်
32,145
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ရှေးပညာရှိများ ဖွင့်ပြပုံ။
32,146
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ ရုပ်၊ နာမ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရားတို့သည် ရူပါရုံမှတစ်ပါး မျက်စိဖြင့် မြင်ကောင်းသော တရားများ မဟုတ်ကြပါ။
32,147
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုသို့မမြင်ကောင်းသော်လည်း ရှေးပညာရှိ၊ အဋ္ဌကထာဆရာတို့သည် မျက်စိဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထဲ၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်လည်းကောင်း၊ ကိစ္စရသ၊ သမ္ပတ္တိရသ တစ်မျိုးမျိုးအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်ရှုစားသော ယောဂီပုဂ္ဂိုလ်၊ ပညာရှိပုဂ္ဂိုလ်တို့၏ ဉာဏ်အားထင်လာသော အခြင်းအရာအားဖြင့်လည်းကောင်း၊ အနီးဆုံးအကြောင်းဟူသော ပဒဋ္ဌာန်အားဖ...
32,148
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန်ကိုလည်း ဉာဏ်၌ ထင်မြင်လာအောင် လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်အားဖြင့် ဖွင့်ပြရမည်ဖြစ်၍ ထိုသို့ မဖွင့်ပြမီ သန္တိလက္ခဏာရှိသော နိဗ္ဗာန်နှင့် တစ်ဖက်တစ်လမ်း (ဟိုဘက်ကမ်း ဤဘက်ကမ်းကဲ့သို့) ကွာလှမ်းသော ရုပ်နာမ်၏ မငြိမ်မသက်ဖြစ်ရပုံကို ရှေးဦးစွာ ပြသပါမည်။
32,149
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သင်္ခတဓာတ်။
32,150
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ ရုပ်နာမ်တို့ကို ရှေ့ (နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ) ၌ ပြခဲ့ပြီ။
32,151
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ရုပ်နာမ်တို့သည် အဝိဇ္ဇာ၊ တဏှာ၊ ကံစသော အကြောင်းတို့က ပြုအပ်သော သင်္ခတဓာတ် (ပြုပြင်အပ်သော ဓာတ်) ဖြစ်၏။
32,152
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပြု၍ဖြစ်သောအခါ ချက်ချင်းပျက်၏။
32,153
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပျက်ပြီးလျှင်လည်း ထပ်၍ဖြစ်၏။
32,154
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဖြစ်ပြီးလည်း ပျက်ပြန်၏။
32,155
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဤသို့ ဖြစ်ပျက်ဖြစ်ပျက် ဆက်၍နေသော အစဉ်သည် လက်ဖျောက်တစ်ချက်တီးခန့် ကာလ၌ ကုဋေသိန်းပေါင်း များစွာပင်တည်း။
32,156
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
(စိတ်စေတသိက်တို့ တစ်ဆယ့်ခုနစ်ကြိမ် ပျက်ပြီးမှ ရုပ်ကတစ်ကြိမ်သာ ပျက်၏။
32,157
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
) ဤအချိန်ကလေး၌ ဤမျှလောက် များအောင် ဖြစ်ပျက်နေရသော ရုပ်နာမ်သည် အဘယ်မှာ ငြိမ်သက်အေးမြ၍ သုခ ဖြစ်နိုင်တော့အံ့နည်း။
32,158
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် အမြဲပင် ဒုက္ခဖြစ်၏။
32,159
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဥဒယဗ္ဗယပဋိပီဠနဋ္ဌေန ဒုက္ခာ။
32,160
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် ရုပ်နာမ်ဟူသမျှ ဒုက္ခချည်းသာ။
32,161
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သန္တိလက္ခဏာ။
32,162
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ "လက္ခဏာ" ဟူသည် မှတ်သားကြောင်း အမှတ်အသား၊ မှတ်သားအပ်သော သဘောတည်း။
32,163
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
လူတစ်ယောက်၌ အများနှင့်မတူသော ထူးခြားသော အမှတ်အသား ရှိသကဲ့သို့ ပရမတ္ထတရား (၄) ပါး၌လည်း တစ်ပါးနှင့်တစ်ပါး မတူအောင် ထူးခြားသော အမှတ်အသား၊ ထူးခြားသော သဘောရှိ၏။
32,164
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန်အတွက် ထူးခြားသော လက္ခဏာ (အမှတ်အသား) ကား သန္တိလက္ခဏာ တည်း။
32,165
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သန္တဖြစ်ပုံ။
32,166
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ ရုပ်၊ စိတ်၊ စေတသိက်၊ နာမ်တို့သည် ပြအပ်ခဲ့သည်အတိုင်း အမြဲဖြစ်ပျက်နေရကား ငြိမ်ငြိမ်သက်သက်မရှိကြ။
32,167
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အမြဲပူ‌လောင်နေသကဲ့သို့ ငြိမ်းငြိမ်းအေးအေးလည်း မရှိကြ။
32,168
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကား အဖြစ်မရှိသောကြောင့် အပျက်လည်းမရှိ။
32,169
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အဖြစ်အပျက် လှုပ်လှုပ်ရွရွမရှိသောကြောင့် အလွန်ငြိမ်သက်၏။
32,170
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အဖြစ်အပျက် အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်း၏။
32,171
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုအေးငြိမ်းခြင်းသည် နိဗ္ဗာန်၏ "သန္တိ" ဟု ခေါ်ရသော ထူးခြားသော လက္ခဏာဖြစ်သည်။
32,172
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အစ္စုတရသ။ ။
32,173
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ရုပ်၊ နာမ်၊ ခန္ဓာတို့သည် ရှေးဦးစွာ ဖြစ်ရ၏။
32,174
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဖြစ်ပြီးသောအခါ ပျက်ရခြင်းအားဖြင့် ပင်ကိုယ်သဘောမှ ရွေ့လျောကြ၏။
32,175
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန်၏ သန္တိသဘောကား ဘယ်အခါမှ မပျောက်မပျက်သောကြောင့် ပင်ကိုယ်သဘောမှ မရွေ့လျောခြင်း ဟူသော ထူးသော အရသာရှိ၏။
32,176
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အနိမိတ္တပစ္စုပဋ္ဌာန်။
32,177
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ ကမ္မဋ္ဌာန်အားထုတ်‌သော ‌ယောီပုဂ္ဂိုလ်ဖြစ်စေ၊ တရားသ‌ဘောကို စဉ်းစသော ပညာရှိဖြစ်စေ ဉာဏ်ဖြင့် ရှုမြင်‌သောအခါ အမှန်အတိုင်း ထင်လာ၏။
32,178
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထိုသို့ ထင်လာသည်ကို "ပစ္စုပဋ္ဌာန်" ဟုခေါ်၏။
32,179
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန်၏ သဘောကို ဉာဏ်ဖြင့် ရှုမြင်သောအခါ (စိတ်၊ စေတသိက်၊ ရုပ်တို့မှာ သဘောအထည်ကိုယ်ရှိသကဲ့သို့) "အထည်ကိုယ်မရှိသော တရား" ဟု ဉာဏ်အားဖြင့် ထင်လာသည်။
32,180
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိမိတ္တဓမ္မာ သင်္ခါရာ၊ တေဟိ သနိမိတ္တာ သဝိဂ္ဂဟာ ဝိယ ဥပဋ္ဌန္တိ၊ အဋ္ဌသာလိနီ၊ လောကုတ္တရာ ကုသိုလ် အဖွင့် - အနုဋီကာ (နှာ ၁၂၁)။
32,181
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပဒဋ္ဌာန်။ ။
32,182
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နီးကပ်သောအကြောင်းကို ပဒဋ္ဌာန (ပဒဋ္ဌာန်) ဟု ခေါ်၏။
32,183
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
(စိတ်သည် ယှဉ်ဖက်စေတသိက်၊ မှီရာရုပ်ဟူသော နီးကပ်သောအကြောင်းရှိသကဲ့သို့) နိဗ္ဗာန်မှာ နီးကပ်သောအကြောင်းမရှိ။
32,184
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အရိယာတို့ သန္တာန်၌ နိဗ္ဗာန်တရား ပေါ်လာဖို့ရန် ဒါန၊ သီလ၊ ဘာဝနာစသော ဝေးသော အကြောင်းကား များစွာရှိရပါသည်။
32,185
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သန္တိလက္ခဏံ အစ္ဆုတ-ရသံ နိဗ္ဗာနအမတံ။
32,186
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အနိမိတ္တဥပဋ္ဌာနံ၊ ပဒဋ္ဌာနံ န လဗ္ဘတိ။
32,187
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဝိသုဒ္ဓိ၊ဋ္ဌ၊ဒု-တွဲ၊နှာ-၁၂၆။
32,188
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အဘိ၊ဋ္ဌ၊၇၉။
32,189
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာနအမတံ၊ အမြိုက်နိဗ္ဗာန်သည်။
32,190
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
သန္တိလက္ခဏံ၊ ငြိမ်သက်အေးငြိမ်းခြင်း လက္ခဏာရှိ၏။
32,191
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အစ္စုတရသံ၊ ပင်ကိုယ်သဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသ ရှိ၏။
32,192
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အနိမိတ္တဥပဋ္ဌာနံ၊ အထည်ကိုယ်ဟန် ပုံသဏ္ဌာန်မရှိသော တရားဟု ဉာဏ်အားထင်လာ၏။
32,193
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းကို။
32,194
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
န လဗ္ဘတိ၊ မရအပ်။
32,195
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
နိဗ္ဗာန်၏ ဂုဏ်တော်အချို့
32,196
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ခယဂုဏ်တော်။
32,197
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
။ ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရာဂစသော ကိလေသာအချို့သည် လည်းကောင်း၊ ထိုကိလေသာရှိသူတိုင်း (၇) ဘဝနောက် ရရှိမည့် ရုပ်နာမ်တို့သည်လည်းကောင်း ကုန်ခန်းကြရတော့၏။
32,198
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
အထက်မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။
32,199
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာတို့၏လည်းကောင်း၊ ရုပ်နာမ်တို့၏လည်းကောင်း ကုန်ခန်းကြောင်း ခယဂုဏ် နှင့် ပြည့်စုံပါသည်။
32,200
မြန်မာဘာသာ, အဘိဓမ္မာ
ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း
ဝိရာဂဂုဏ်တော်''။