id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
32,201 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ။ တပ်မက်ခြင်းသဘောကို ပါဠိလို "ရာဂ" ဟုခေါ်၏။ |
32,202 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုရာဂသည် ရုပ်နာမ်ခန္ဓာအပေါ်၌လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌လည်းကောင်း ဖြစ်ရသော တရားတည်း။ |
32,203 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးဝမစပ်တော့ရကား "ဝိရာဂ" (ရာဂမရှိ) ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။ |
32,204 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | အမတဂုဏ်တော်။ |
32,205 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ။ "သေခြင်း" ဆိုသည်မှာ တစ်ဘဝအတွက် နောက်ဆုံးပျက်ခြင်းတည်း။ |
32,206 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုအပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏။ |
32,207 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ပျက်ဖို့ ရှေးရှုနေသော (ပျက်ဖို့ ပြင်နေသော) သဘောကို "အိုခြင်း၊ ဆွေးမြေ့ခြင်း" ဟု ခေါ်၏။ |
32,208 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ပါဠိလို ဇာတိ၊ ဇရာ၊ မရဏ။ |
32,209 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | မြန်မာလို ဖြစ်ခြင်း၊ ရင့်ခြင်း (အိုခြင်း)၊ သေခြင်း (ပျက်ခြင်း) ဟူသော သဘောသည် ရုပ်တရား၊ နာမ်တရားတို့၏ သဘောဖြစ်၏။ |
32,210 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထိုနိဗ္ဗာန်သည် သေခြင်း "မာရဏ" မရှိရကား အမတဂုဏ် နှင့်လည်း ပြည့်စုံသည်။ |
32,211 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ပဏီတဂုဏ်တော်။ |
32,212 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ။ နိဗ္ဗာနဓာတ်တရာတော်မြတ်သည်။ |
32,213 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ရဟန္တာပုဂ္ဂိုလ်များအတွက် (စား၍ မဝနိုင်အောင် အရသာရှိသော အစာကဲ့သို့) မကြာမကြာ အာရုံပြု၍ နေချင်စရာ ကောင်းလောက်အောင် အရသာရှိသော တရားဖြစ်၏။ |
32,214 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဗုဒ္ဓမြတ်စွာသည် (ဖလသမာပတ်ကို ဝင်စားကာ) ထိုနိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော်မူလေ့ရှိ၏။ |
32,215 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | တရားဟောတော်မူတုန်းမှာပင် ပရိသတ်က သာဓုသာဓုခေါ်ပြီးမှ တရားကို ဆက်၍ ဟောတော်မူ၏။ |
32,216 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | နိဗ္ဗာန်တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူး၊ တရားမွန်ဖြစ်သောကြောင့် ပဏီတဂုဏ် နှင့်လည်း ပြည့်စုံပါသည်။ |
32,217 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ယဒဇ္ဈဂါ (ယံ+အဇ္ဈဂါ)။ |
32,218 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ။ ထိုနိဗ္ဗာန်တရားတော်ကို ဤသာသနာတော်၌ ဗုဒ္ဓမြတ်စွာသည် အစဆုံး သိတော်မူ၊ တွေ့မြင်တော်မူရ၏။ |
32,219 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | တွေ့မြင်ရာဌာနနှင့် ကာလကား ဘုရားဖြစ်ရာ ဗောဓိရိပ်သာ၌ ကဆုန်လပြည့်ညဉ့် အရုဏ်တက်တော့မည့် ဆဲဆဲ အချိန်အခါတည်း။ |
32,220 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | နိရောဓသစ္စာ။ |
32,221 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ။ ထိုအချိန်ဝယ် ဗုဒ္ဓမြတ်စွာသည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟူသော သစ္စာ (၄) ပါး ကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၏။ |
32,222 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုသို့ သိမြင်တော်မူရာဝယ် "နိရောဓသစ္စာ" ဟူသည် ဤနိဗ္ဗာနဓာတ် တရားမြတ်ပင်ဖြစ်၏။ |
32,223 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုအချိန်၌ မျက်စိအောက်သို့ ရောက်နေသော အရာဝတ္ထုကို မြင်ရသကဲ့သို့ ဗုဒ္ဓမြတ်စွာသည် မဂ်ဉာဏ်ဖြင့် ခယ၊ ဝိရာဂ၊ အမတ ဂုဏ်အပေါင်းနှင့် ပြည့်စုံသော နိရောဓသစ္စာကို ထင်ထင်ရှားရှား မြင်တော်မူပါသည်။ |
32,224 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဥပမာဆောင် ထင်ရှားအောင်ပြပေအံ့ - |
32,225 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | အဏုမြူဓာတ်၏ စွမ်းအားကို ရှာဖွေကြသော လောကီ ပညာချွန်တို့သည် အလွန်ကြိုးစားသောအခါ ထိုအဏုမြူအားကို တွေ့ရ၏။ |
32,226 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုတွေ့မြင်အပ်သော ထိုဓာတ်အားသည် သူတို့ တွေ့မှ ဖြစ်သည်မဟုတ်။ |
32,227 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | နဂိုသဘာဝအတိုင်း ရှိနေသောအား ဖြစ်သကဲ့သို့လည်းကောင်း၊ လေးနက်သော ကျမ်းစာ၏ အဓိပ္ပာယ်ကို စဉ်းစားကြသော စာပေပညာချွန်တို့သည် ရက်ပေါင်းများစွာ အတော်ကြိုးစားသောအခါ ထိုအဓိပ္ပာယ်ကို သိရ၏။ |
32,228 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုသိအပ်သော အကြောင်းအရာ၊ အဓိပ္ပာယ်စာသည် ထိုအချိန်မှ ဖြစ်ရသည်မဟုတ်ဘဲ နဂိုသဘာဝအတိုင်းပင် ရှိသကဲ့သို့လည်းကောင်း၊ တရားထူးရအောင် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည်လည်း နိဗ္ဗာန်နှင့်တကွ သစ္စာ (၄) ပါးကို သိအောင် တရားအားထုတ်ရာ၌ အလွန်အလွန် ကြိုးစားမှ ထိုတရားကို သိရ၏။ |
32,229 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုသိအပ်သော နိဗ္ဗာန်တရားသည် ထိုအချိန်မှ ဖြစ်ပေါ်လာသော တရားမဟုတ်။ |
32,230 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | သဘာဝအတိုင်း ရှိနေသော သန္တိသုခတရားသာ ဖြစ်ပါသည်။ |
32,231 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | သမံနတ္ထိ။ ။ |
32,232 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဓမ္မက္ခန္ဓပေါင်း ရှစ်သောင်လေထောင်ဟူသော ပရိယတ်တရား၊ ကိလေသာတို့ကို သူ့နည်း သူ့ဟန်ဖြင့် ပယ်နိုင်သော ဈာန်တရား၊ မြေလျှိုး မိုးပျံ ပုံသဏ္ဌာန် အမျိုးမျိုးကို ဖန်ဆင်းနိုင်ခြင်းစသော တန်ခိုးရှိသော အဘိညာဉ်တရား၊ ဆိုင်ရာ ကိလေသာတို့ကို အကြွင်းအကျန်မရှိအောင် ပယ်နိုင်သော မဂ်တရား ဖိုလ်တရားတို့သည် ဆိုင်ရာ အကျိုးအမျိုးမျိုးကို ပေးနိုင်ကြ... |
32,233 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဒိဋ္ဌဓမ္မိက နိဗ္ဗာန်။ |
32,234 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ။ ပရိနိဗ္ဗာန် စံတော်မမူမီ ဖလသမာပတ် ဝင်စားသောအခါ ဗုဒ္ဓမြတ်စွာ၏ စိတ်တော်၌ မကြာမကြာ ထင်ပေါ်နေသော နိဗ္ဗာန်ကို မျက်မှောက်ဘဝ၌ အာရုံပြုရသောကြောင့် "ဒိဋ္ဌဓမ္မိက နိဗ္ဗာန်" ဟုခေါ်၏။ |
32,235 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဝိပါက်စိတ်များနှင့် ကမ္မဇရုပ်များကို "ဥပါဒိ" ဟု ခေါ်၏။ |
32,236 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုဥပါဒိ ရှိနေစဉ်အခါ၌ အာရုံပြုရသောကြောင့် "သဥပါဒိသေသနိဗ္ဗာန်" ဟုလည်း ခေါ်သည်။ |
32,237 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | သမ္ပရာယိက နိဗ္ဗာန်။ |
32,238 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးသောအခါ တည်ရှိရစ်သော ထိုနိဗ္ဗာန်ကိုပင် "သမ္ပရာယိက နိဗ္ဗာန်" ဟု ခေါ်၏။ |
32,239 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဝိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ဟူသော ကမ္မဇရုပ် အကြွင်းအကျန်မရှိသောကြောင့် "အနုပါဒိသေသနိဗ္ဗာန်" ဟုလည်း ခေါ်သည်။ |
32,240 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထို့ကြောင့် "ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးသော်လည်း ဗုဒ္ဓမြတ်စွာ သိတော်မူအပ်ပြီးသော အသင်္ခတ နိဗ္ဗာနဓာတ်သည်ကား ယနေ့တိုင်အောင် တည်ရှိနေသည်" ဟု မှတ်ပါ။ |
32,241 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | (ဣတိဝုတ္တက-အဋ္ဌကထာ၊ ဒုက၊ ဒုဝဂ်၊ နိဗ္ဗာနဓာတုသုတ် အဖွင့်) |
32,242 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | သုခ (၂) မျိုးသုခ သည် ဝေဒယိတသုခ၊ သန္တိသုခ ဟု (၂) မျိုး ရှိ၏။ |
32,243 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ယခုခေတ် လူအများတို့ မြင်ရ၊ ကြားရ၊ နမ်းရ၊ စားသောက်ရ၊ တွေ့ထိရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို "ဝေဒယိတသုခ" ဟု ခေါ်သည်။ |
32,244 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုသို့ ခံစားမှုမရှိဘဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသဘောကို "သန္တိသုခ" ဟု ခေါ်သည်။ |
32,245 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဝေဒယိတသုခ။ |
32,246 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ။ ခံစားမှုဟူသော ဝေဒယိတသုခ သည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ်ရအောင် ပစ္စည်းဥစ္စာရှာရခြင်း စသော ဒုက္ခဖြင့် ထူထောင်ရ၏။ |
32,247 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုအသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ။ |
32,248 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုဒုက္ခဖြင့် ထူထောင်ကြပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမှုအတွက် အပါယ်သွား၍ သုခအကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။ |
32,249 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | သန္တိသုခ။ ။ |
32,250 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုကဲ့သို့ ခံစားမှုနှင့် မရောသော သန္တိသုခ သဘောကား ရုပ်နာမ်သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်း သဘောတည်း။ |
32,251 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထင်ရှားစေအံ့- လောကီအာရုံ ကာမဂုဏ်တွေ ပြည့်စုံလှသော သူဌေးတစ်ယောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ခံစားဖို့ အာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ "အအိပ်ဖျက်ရမလား" ဟု ကြိမ်းဝါးမောင်းမဲမည်သာ။ |
32,252 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုသူ၏ အိပ်နေစဉ်အခါ၌ ခံစားမှု အထင်အရှားမရှိ။ |
32,253 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | သို့ပါလျက် နှစ်ခြိုက်စွာ အိပ်ရမှုကိုပင် ခံစားမှုသုခထက် နှစ်သက်၍ "အိပ်ရကောင်းလိုက်တာ" ဟု အမွှမ်းတင်ကြသေး၏။ |
32,254 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ရုပ်နာမ်အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား "မည်မျှလောက် ကောင်းလိမ့်မည်" ဟု မှန်းဆသင့်တော့သတည်း။ |
32,255 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | နိရောဓသမာပတ်ကို ဝင်စားခြင်း။ |
32,256 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ။ စိတ်၊ စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော ရုပ်များ၏ အသစ်မဖြစ်ဘဲ ချုပ်ငြိမ်းနေအောင် ပြုနိုင်သော သမာပတ်ကို "နိရောဓသမာပတ်" ဟုခေါ်၏။ |
32,257 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | အနာဂါမ်၊ ရဟန္တာဖြစ်ပြီး ဈာန်အကုန်ရပြီးသူတို့ ထိုသမာပတ်ကို ဝင်စားနိုင်၏။ |
32,258 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | အနာဂါမ်၊ ရဟန္တာတို့သည် အရှင်မြတ်တို့သည် ရုပ်နာမ် ခန္ဓာကြီးကို လေးလံလှစွာသော ဝန်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြကုန်၏။ |
32,259 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထို့ကြောင့် ရုပ်ခန္ဓာကင်းနိုင်ရန်၊ ကင်းဖို့ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူကြသည်။ |
32,260 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုသမာပတ်အတွင်း၌ ခံစားမှုလုံးဝမရှိ။ |
32,261 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ဘဲ ရပ်စဲနေခြင်းသာတည်း။ |
32,262 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုရပ်စဲခြင်းသည်ပင် ချမ်းသာသေးလျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းနေသော နိဗ္ဗာန်သည် အဘယ်မှာ မချမ်းသာဘဲရှိအံ့နည်း။ |
32,263 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထင်ရှားရှိသော နိဗ္ဗာန်။ |
32,264 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ။ ထို သန္တိသုခ နိဗ္ဗာနဓာတ် တရားမြတ် သည် ဘာမျှမရှိသော (အဘာဝ) ပညတ်မဟုတ်ပါ။ |
32,265 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | အများဆိုင် ဘုံပစ္စည်းကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ။ |
32,266 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိကြပါသည်။ |
32,267 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထို့ကြောင့်ပင် ရဟန္တာအရှင်တို့သည် ခန္ဓာကိုယ်ထင်ရှားရှိစဉ် မိမိသိအပ်သော နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စား၍ နေလေ့ရှိကြပါသည်။ |
32,268 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထိုသမာပတ်ဝင်စားခိုက်၌ နိဗ္ဗာန်ကို အာရုံပြု၍ နေရသည်မှာ အလွန်သုခ ရှိပါသည်တဲ့။ |
32,269 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ထို့ကြောင့်ပင် ထေရာထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ဝင်စံခါနီးဝယ် ဥဒါန်းကျူးကာ ရုပ်နာမ်ခန္ဓာဝန်ကြီးကို အပြီးသတ် ပစ်ချတော်မူကြပါသည်။ |
32,270 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ရတနသုတ်ပါဠိတော်ခယံ ဝိရာဂံ အမတံ ပဏီတံ၊ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။ |
32,271 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ |
32,272 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | သန္တံ၊ ဖြစ်ပျက်မစပ် အငြိမ်းဓာတ်ဖြင့် မပြတ်ပုံသေ အေးမြပေထသော။ |
32,273 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ခယံ၊ ရုပ်နာမ်အဆူဆူ အပူခပ်သိမ်း ကုန်ငြိမ်းကြောင်းလည်း ဖြစ်ပေထသော။ |
32,274 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဝိရာဂံ၊ ရုပ်နာမ်အဆက် အကုန်ပျက်သဖြင့် မတပ်မက်ကြောင်းလည်း ဖြစ်ပေထသော။ |
32,275 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | အမတံ၊ ဇရာမရဏ ရှာမရအောင် ကာလပုံသေ အမြုတေသည် ဖြစ်ပေထသော။ |
32,276 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ပဏီတံ၊ အရသာရှိ စားဖွယ်၏သို့ သိ၍မဝ မွန်မြတ်ပေသော။ |
32,277 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ယံ ဓမ္မံ၊ အသင်္ခတ နိဗ္ဗာနဓာတ် အကြင်တရားတော်မြတ်ကို။ |
32,278 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | သမာဟိတော၊ ဘာဝနာကမ္မဋ္ဌာန်း လွန်ကြိုးပမ်းသဖြင့် စိတ်စွမ်းတည်ဘိ သမာဓိရှိတော်မူသော။ |
32,279 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | သကျမုနီ၊ သာကီနွယ်ဖွား ငါတို့ဘုရားသည်။ |
32,280 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | အဇ္ဈဂါ၊ ဗောဓိအောင်မြေ ပလ္လင်ဗွေ၌ လေးထွေသစ္စာ သိသောအခါဝယ် ကောင်းစွာလှလှ ရတော်မူခဲ့လေပြီ။ |
32,281 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | တေန၊ အသင်္ခတ နိဗ္ဗာနဓာတ် ထိုတရားတော်မြတ်နှင့် သမံ၊ တန်းတူထား၍ ရှုစားလောက်သော။ |
32,282 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ကိဉ္စိ၊ တစ်မျိုးတခြား တရားဆိုင်ရာ တစ်စုံတစ်ခုသော ရတနာသည်။ |
32,283 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | န အတ္ထိ၊ လူ့ဘုံ နတ်ရွာ အကုန်ပေါက်အောင် မွှေနှောက်ရှာဖွေ မရှိပါချေ။ |
32,284 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဓမ္မေ၊ အသင်္ခတ နိဗ္ဗာနဓာတ် တရားမြတ်၌။ |
32,285 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ပဏီတံ၊ တရားများစွာ ရတနာထက် ကဲသာမြတ်မွန် တုဖက်လွန်သော။ |
32,286 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဣဒမ္ပိ ရတနံ၊ ရတနာဖြစ်ကြောင်း ကောင်းထက်ကောင်းသည့် ဂုဏ်ပေါင်းကိုခြုံ ဤခယ-ဝိရာဂ စသော ဂုဏ်တော်သည်။ |
32,287 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | အတ္ထိ၊ စင်စစ်ဧကန် အမှန်မသွေ ရှိပါပေ၏။ |
32,288 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဧတေန သစ္စေန၊ မှန်ကန်စွာ ဤသစ္စာကြောင့်။ |
32,289 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ပါဏိနံ၊ ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များဗိုလ်တို့အား။ |
32,290 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | သုဝတ္ထိ၊ တင့်တယ်ဖို့ရန် အတန်တန်ဖြင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်။ |
32,291 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/နိဗ္ဗာန် အကြောင်း | ဟောတု'''၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။ |
32,292 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဗြဟ္မာ့စည်းစိမ် |
32,293 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဗြဟ္မာပြည် ရောက်ရန် ဈာန်ကို အားထုတ်စဉ်ကပင် လောကီ အာရုံ ကာမဂုဏ်နှင့် လူသူထူထပ်သော မြို့ ရွာ အိမ် ကျောင်းတို့ကို ရှောင်ရှား၍ ဆိတ်ဆိတ်ငြိမ်ငြိမ် နေထိုင်အားထုတ် ရသောကြောင့် ထိုဈာန်ကုသိုလ်တရားတို့အတွက် ဗြဟ္မာပြည်၌ ဖြစ်ကြရသော ဗြဟ္မာတို့လည်း လွန်စွာ ငြိမ်သက်ကြ ပေသည်၊ သားသီးဇနီးမောင်နှံဟူ၍ မရှိကြ၊ အားလုံးဗြဟ္မာတို့မှာ ယောက်ျား... |
32,294 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ထို့ကြောင့် နတ်ဘုံနတ်နန်းတို့ထက် ခမ်းနားလှသော ဗိမာန်ဥယျာဉ်တွင် တကယ့် ယောဂီ သူတော်စင်များ နေသလို တချို့က မေတ္တာ စသော ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ, တချို့က ဈာန်ဝင်စားလျက် ငြိမ်သက် ဧချမ်းစွာ စံမြန်းနေကြလေသည်။ |
32,295 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | သို့သော် လူ့ပြည်၌ အတန်းအစားခြား သကဲ့သို့ ဗြဟ္မာချင်းလည်း အတန်းအစား ကွာခြားနေရ အချို့ ဗြဟ္မာက ဗြဟ္မာမင်း (ဗြဟ္မာဘုရင်) ဖြစ်ကြ၍ တချို့က ဗြဟ္မပုရောဟိတ် (ဗြဟ္မာမင်း၏ အမတ်)များ ဖြစ်ကြပြီးလျှင် တချို့ကမူ ဗြဟ္မာမင်း၏ အခြွေအရံ ပရိသတ်များ ဖြစ်ကြလေသည်။ |
32,296 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | [ဗြဟ္မာမင်းကို အောက်တန်း ဗြဟ္မာတို့က (တမင်မပြလျှင်) မမြင်နိုင်ကြ။ |
32,297 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ] အသညသတ်ဗြဟ္မာ |
32,298 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | လူ့ပြည်တုန်းက ထုံးစံအတိုင်း ဈာန်ရပြီးသောအခါ တချို့က “စိတ်ဝိညာဉ်နှင့် အမှတ်သညာ ရှိ၍သာ မြင်ချင် ကြားချင် နံချင် စားချင် တွေ့ထိချင် သိချင်သော သဘောများ ဖြစ်နေရသည်၊ စိတ်နှင့် သညာသာ မရှိပါလျှင် အင်မတန် အေးမြပေလိမ့်မည်”ဟု စိတ်နှင့် သညာတို့ အပေါ် အတော်များစွာ အပြစ်မြင်နေ၏၊ ထိုသို့ အပြစ် မြင်သည့် အတိုင်းပင် “စိတ်သည် စက်ဆုပ်ဘွယ်... |
32,299 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ထိုပုဂ္ဂိုလ် စုတေလျှင် အသညသတ် ဗြဟ္မာဘုံ၌ဖြစ်၍ ကမ္ဘာ ၅၀၀-ခန့် ဘာကိုမျှ မသိတော့, ရွှေရုပ်ကြီးကဲ့သို့ တချို့က မတ်မတ်ရပ် တချို့က ထိုင် တချို့က အိပ်လျက် နေလေ၏။ |
32,300 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | အရူပဗြဟ္မာ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.