id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
32,301 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဤ ဗြဟ္မာလောင်းတို့ကမူ စျာန်ရိုးရိုး ရပြီးနောက် “ရုပ်ခန္ဓာကြီး ရှိနေ၍သာ အရာရာအပြစ်များ ဆင်းရဲဒုက္ခ များရလေသည်။ |
32,302 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | စိတ်ဝိညာဉ် နာမ်တရားချည်းသာရှိနေပါမူ လွန်စွာချမ်းမြပေလိမ့်မည်”ဟု ရုပ်ကို အပြစ်ရှုကာ ဘာဝနာပွားများသောအခါ “ရူပဝိရာဂ ဘာဝနာ” ခေါ်သော ရုပ်ခန္ဓာကိုရွံမုန်းသော ကမ္မဋ္ဌာန်းတမျိုး ပေါက်လေသည်၊ ထိုပုဂ္ဂိုလ် စုတေလျှင် အရူပဘုံဟု ခေါ်သော ကောင်းကင်ပြင်ဝယ် ကမ္ဘာပေါင်းများစွာ ရုပ်ခန္ဓာမပါဘဲ စိတ်ဝိညာဉ်ချည်းသာ တည်ရှိလေ၏၊ ဤ စိတ်ဝိညာဉ် အစဉ်... |
32,303 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | [ဘာသာခြားတို့ကမူ ဤ ဗြဟ္မာ ၂-မျိုးကို ယုံကြည်ဘို့ ခဲယဉ်းပေလိမ့်မည်။ |
32,304 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ]ဗြဟ္မာ့ပြည် တဝင်းဝင်း ဝက်စားကျင်း တရှုပ်ရှုပ် |
32,305 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဗြဟ္မာ့ပြည်၌ ဗြဟ္မာ ဖြစ်ရသူတို့သည် အရိယာအဖြစ်သို့ ရောက်လျှင် (မဂ်ဖိုလ်ရလျှင်) ထိုဗြဟ္မာ့ဘုံမှ အောက် ကာမဘုံသို့ ပြန်၍ ပဋိသန္ဓေ မနေရဘဲ အဆင့်ဆင့် ရင့်ကာ ရဟန္တာဖြစ်၍ နိဗ္ဗာန် စံကြလေတော့သည်၊ အရိယာ မဖြစ်သေးလျှင်ကား သူတို့၏ ဈာန်အဟုန် ကုန်သောအခါ လူ့ဘုံနတ်ဘုံဟူသော အောက်ကာမဘုံများ၌ တဖန်ပြန်၍ ပဋိသန္ဓေ နေကြရပြန်သည် သို့ရာတွင် ဈာန်... |
32,306 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဆိုလိုရင်းကား-ပုထုဇဉ်အဖြစ်မှ တန်းမတက်သေးသူတို့သည် ဗြဟ္မာပင် ဖြစ်နေသော်လည်း နောက်တဖန် တိရစ္ဆာန်စသော အပါယ်ဘုံသား ဖြစ်နိုင်ရကား “ဗြဟ္မာ့ပြည်မှာ တဝင်းဝင်း” နေသော်လည်း တနေ့ကျလျှင် ဝက် တိရစ္ဆာန်လည်း ဖြစ်နိုင်၍ “ဝက်ကျင်းမှာ တရှုပ်ရှုပ်” နေခွင့်ရှိသေးသည်။ |
32,307 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | “ပုထုဇဉ် အဖြစ်ကား လွန်စွာစက်ဆုပ် ကြောက်ရွံ့ဘွယ် ကောင်းလေစွ” ဘုံဘဝတို့၏ အထက်ဆုံးဖြစ်၍ “ဘဝဂ်”ဟု ခေါ်သော ဗြဟ္မာဘုံသို့ တက် ရောက်နေသော်လည်း တနေ့ကျလျှင် ဒုဂ္ဂတိဘဝသို့ ရောက်ရသေးသည်း ယခု ခေတ်၌ ဒုန်းခေါ်သော အရာဝတ္ထုကို အထက်ကောင်းကင်သို့ တင်ပို့လိုက်သောအခါ အရှိန်ရှိသမျှ တက်သွား၍ ကောင်းကင်၌ လှည့်ပတ်ပြီးလျှင် အရှိန် ကုန်သောအခါ အေ... |
32,308 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ] ဥက္ခိတ္တာ ပုညတေဇေန, ကာမရူပဂတိံ ဂတာ။ |
32,309 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဘဝဂ္ဂန္တံပိ သမ္ပတ္တာ, ပုန အာယန္တိ ဒုဂ္ဂတိံ။ |
32,310 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ပုညတဇေန၊ ကောင်းမှု ရှိန်စော် အာနုဘော်သည်။ |
32,311 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဥက္ခိတ္တာ၊ အခွင့် သင့်စဉ် မြှင့်တင်အပ်ကုန်သည်ဖြစ်၍။ |
32,312 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ကာမရူပဂတိံ၊ ဘုံဆောင် ကြငှန်း ဗိမာန်နန်းတို့ တင့်ဆန်း နတ်ဘုံ ဗြဟ္မာဘုံသို့။ |
32,313 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဂတာ၊ ထိန်တဝင်းဝင်း အရှိန်ပြင်းလျက် ချဉ်းနင်း ရောက်ကြ, ပုထုဇဉ် ဟူသမျှတို့သည်။ |
32,314 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဘဝဂ္ဂန္တ၊ ဘုံပေါင်း တမွတ် တုဘက်လွတ်သည့် အထွဋ်ထက်ခြုံ ဘဝဂ်ဘုံသို့။ |
32,315 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | သမ္ပတ္တာပိ၊ ကမ္ဘာမြောက်အများ, အောက်မသွားဘို့ ထောက်ထားပလေ, ရောက်သွားကြ စေကာမူ။ |
32,316 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဒုဂ္ဂတိံ၊ ဒုက္ခအဖုံဖုံ မျိုးပေါင်း စုံသည့် တလုံလဲလဲ အပါယ်ထဲသို့။ |
32,317 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ပုနအာယန္တိ၊ ကောင်းမှု နုံဖျင်း, အဟုန် ကင်းက, ဒုန်ရင်းတဖန် ရောက်ကြရ ပြန်လေသတည်း။ |
32,318 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/ဗြဟ္မာ့စည်းစိမ် | ဘုံနှင့်စပ်၍ အရပ်ရပ် မှတ်ဘွယ် ပြီးပြီ။ |
32,319 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | လူများ ဖြစ်ပေါ်လာပုံ |
32,320 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ထိုကဲ့သို့ လူ နတ်ဘုံ ဗြဟ္မာဘုံကို တည်မိသောအခါ အထက် ဗြဟ္မာ့ ပြည်၌ရှိသော ဗြဟ္မာတို့တွင် အသက်တမ်းစေ့၍ ဖြစ်စေ ကံ ကုန်၍ဖြစ်စေ အချို့ဗြဟ္မာတို့ စုတေကြလေ၏၊ ထိုစုတေသူတို့တွင် တချို့ အောက်ဗြဟ္မာ့ဘုံမှာ ဖြစ်ကြ၏။ |
32,321 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | အချို့ကား နတ်ဘုံ၌ဖြစ်ကြ၏၊ တချို့ကား ဤလူဘုံဝယ် လူဖြစ်လာ ကြလေသည်။ |
32,322 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ထိုကဲ့သို့ ဗြဟ္မာပြည်မှ စုတေ၍ လူ့ပြည်၌ ဖြစ်ကြသော ကမ္ဘာဦး လူတို့၌ မိဘ မရှိကြ၊ နတ်ပြည်၌ နတ်ဖြစ်ကြသလို လူ့ပြည်၌လည်း ကံ၏ အစွမ်းကြောင့် လူ့ကိုယ်ကြီး အထင်အရှား ဖြစ်လာကြသည်။ |
32,323 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ထိုကမ္ဘာဦးလူတို့၌ ယောကျ်ား မိန်းမဟု ခွဲခြားဘို့ရာ ယောက်ျားအင်္ဂါ မိန်းမအင်္ဂါများလည်း မပါကြသေးချေ၊ မည်သည့် အစားအစာကိုလည်းမျှလည်း မစားမသောက်ဘဲ နေနိုင် ကြ၏၊ နေ့ လ, နက္ခတ်တို့လည်း မရှိကြသေး၊ မိမိတို့၏ ကိုယ်ရောင် ကိုယ်ဝါ ဖြင့်သာ ထွန်းလင်းတောက်ပကုန်လျက် ဗြဟ္မာအဖြစ်တုန်းကကဲ့သို့ ကောင်းကင်၌ လှည့်လည်သွားလာနိုင်ကြလေသည်။ |
32,324 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ရှေးဦးစွာစားသောက်ကြ |
32,325 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ကိုယ်ရောင် ကိုယ်ဝါဖြင့် ကောင်းကင်၌ လှည့်၍ နေကြစဉ် မြေအပြင်၌ မလိုင်တက်သလို အလွန် ဝါဝင်းသော မြေဆီများ ဖြစ်ပေါ်လာ၏၊ ထိုမြေအဆီကို လက်မငြိမ်သူတယောက်က “အဆင်းဖြင့် လှပါပေသည် အရသာမှာ ဘယ်လိုနေပါလိမ့်”ဟု လက်ဖြင့်တို့၍ လျက်ကြည့်လေသော် အလွန် ချိုဆိမ့်သော အရသာရှိသောကြောင့် “ကောင်းမှန်းသိ-သာအိ တစိုစို” ဖြစ်နေသည်ကို အခြားလူတို့ မြင်လ... |
32,326 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ထိုအခါ အရသာကို တပ်မက်သော တဏှာ၏ ပူလောင်မှုကြောင့် ကိုယ်ရောင် ကိုယ်ဝါ ကွယ်ပျောက်၍ အမိုက်မှောင်ကြီး ကျရောက်လေတော့သည်။ |
32,327 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | နေလပေါ်ပုံ |
32,328 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ထိုအမှောင်ကြီး ကျရောက်သောအခါ ကမ္ဘာဦးလူတို့ အလွန် ကြောက်ရွံ့ကြလေသော် ထိုသူတို့ ကံအားလျော်စွာ ရဲရင့်ခြင်းကို ဖြစ်စေတတ်၍ “သူရိယ”ဟု ခေါ်ဝေါ်အပ်သော ယူဇနာ ၅၀-အဝန်းကျယ်သော နေဗိမာန်ကြီးသည် အရှေ့ လောကဓာတ်မှ ထွက်ပေါ်လာ၏၊ ထိုနေဝန်းကြီးက နေ့အဘို့ ထွန်းလင်း၍ တောင်စွယ်ကို ကွယ်သွား သောအခါ “အရောင်တခု ပေါ်လာလျှင် ကောင်းလေစွ”ဟု အလိုဆန္ဒ... |
32,329 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | [ဆန္ဒအတိုင်း ပေါ်ထွက် လာပြန်သောကြောင့် လကို “ဆန္ဒ ဆန္ဒ”ဟု ခေါ်ခဲ့ကြရာမှ ကာလကြာသဖြင့် “စန္ဒ စန္ဒ”ဟု အခေါ်တမျိုး ပြောင်းရွှေ့ လာသတဲ့။ |
32,330 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ] ထိုနေ လတို့ ပေါ်ထွက်လာသောအခါ နက္ခတ်များလည်း တပါတည်း ပါလာ၏၊ ထိုနေ လ နက္ခတ်ကို လှည့်လည် သွားလာရာ ပဌမဆုံးအခါသည် “မဇ္ဈိမဒေသ” အခေါ်အားဖြင့် တပေါင်းလကွယ်နေ့ ဖြစ်၏၊ ထို့ကြောင့် ကမ္ဘာ၏ လဆန်းစ အခါသည် တာကူးလ ဖြစ်ရကား “ကမ္ဘာတည်ဦး တာကူး ရက်မစုံ”ဟု ပြောစမှတ်ပြုကြသည်။ |
32,331 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ထမင်းပေါ်လာပုံ။ |
32,332 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ထိုကဲ့သို့ မြေဆီကို စားခဲ့ရာမှ ရသတဏှာ (အကုသိုလ်အတွက်) မြေဆီများ ယုတ်လျော့၍ အလှပ်လှပ် အလွှာလွှာ ဖြစ်နေသော မြေလွှာများကို စားသောက်ကြရ၏၊ ထိုမြေလွှာလည်း တဖြည်း ဖြည်း လျော့ပါး၍ အစိတ်စိတ် အမွှာမွှာ နွယ်ချောင်းကလေး များကဲ့သို့ ဖြစ် လာ၏၊ ထိုမြေနွယ်များကို နွယ်ချိုဟု ခေါ်၏၊ ထိုနွယ်ချို့များ ကွယ်ပသော အခါ၌ အခွံ မပါသော သလေးဆန် ပေါ... |
32,333 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ယောက်ျား မိန်းမ |
32,334 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | မြေဆီ မြေလွှာ နွယ်တို့ကို စားသုံးသော အခါဝယ် ခန္ဓာကိုယ်တွင် အဆီ အသားများ ဖြစ်ပြီးနောက် အဖက်အကာ အနည်းငယ်သာ ကြွင်းကျန်၏၊ ထို ကြွင်းကျန်သော အဖတ် အကာ ကလေးများမှာ ဝမ်းမီး လောင်ရုံမျှဖြင့် ကုန်ခန်း နိုင်ကြလေသည်။ |
32,335 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | သလေး ထမင်းကို စားသုံးသော အခါ၌ကား ဝမ်းမီးလောင်ရုံဖြင့် မကုန်ခန်းနိုင်ဘဲ အရည်အဖတ် (ကျင်ကြီးကျင်ငယ်) များစွာ ကြွင်းကျန်၏၊ ကမ္ဘာဦးလူတို့ ဖြစ်စက ကျယ်ငယ်လမ်း ကျင်ကြီးလမ်းများလည်း မပါခဲ့ကြချေ၊ ယခုအခါ ခန္ဓာကိုယ်တွင်းမှာရှိသော ဝါယောဓာတ်က ထိုအရည် အဖတ်များကို မှုတ်ထုတ်နေလေပြီး၊ သို့ဖြစ်၍၊ အရည်အဖတ်များ ထွက်ဘို့ ကျင်ငယ်လမ်းပေါက ကျင... |
32,336 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | အိမ်ရာထောင်ကြပုံ |
32,337 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ကိုယ်အင်္ဂါ ပေါ်ပေါက်ပုံ မတူကြသဖြင့် တယောက် ဥစ္စာကို တယောက်က တစိမ့်စိမ့် ကြည့်ရှုလျက် စိတ်ကို မချုပ်တည်းနိုင်ဘဲ ကာမကိစ္စ မှီဝဲမှုကြောင့် ပညာရှိ လူစုက တားမြစ်၍ မရသဖြင့် ကဲ့ရဲ့ရှုတ်ချ ဒုတ် စသည်ဖြင့် ပစ်ခတ်ကြလေရာ, ပုန်းအောင်း ခိုကပ်ကြဘို့ရာ အိမ်နေရာများကို တည်ဆောက်ကြရလေသည်။ |
32,338 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | [ကမ္ဘာဦးက ဤအလေ့အထကို စွဲ၍ ယခုကာလ မင်္ဂလာဆောင်၌ ခဲပေါက်ရိုးပြုကြသည်။ |
32,339 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/လူများ ဖြစ်ပေါ်လာပုံ | ဤနည်းအားဖြင့် လူများဖြစ်ကြပြီးနောက် ကံအားလျော်စွာ တိရစ္ဆာန် သတ္တဝါတို့လည်း ပေါ်လာကာ ကမ္ဘာအသစ် တည်မိလေသည်။ |
32,340 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | [၁၃၂၀-ခုနှစ်ရိုက် စာအုပ်ကျမှ ထည့်အပ်သော နောက်ဆက်တွဲ] သိကြားမင်း တရားမေ့ပုံ |
32,341 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | သောတာပန် ဖြစ်ပြီးသော သကြားမင်းသည် အခါတပါး၌ ကြီးကျယ် ခမ်းနားသော ဥယျာဉ်ပွဲကို ရှုစားဘို့ရန် အခြွေရံများစွာဖြင့် ဧရာဝဏ်ဆင်ကို စီး၍ ထွက်လာ၏၊ ဥယျာဉ် တံခါးပေါက်သို့ရောက်သောအခါ ဘုရားရှင်အား ပြဿနာမေးရန် အကြံပေါ်လာလေ၏။ |
32,342 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | ထိုပြဿနာကား တဏှာကုန်ခန်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် ကြွမြန်းနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ် ပြသာနာတည်း။ |
32,343 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | ထိုသို့ ပြဿနာ မေးလျှောက်လိုသော စိတ်အကြံသည် ဥယျာဉ်တွင်းဝယ် ပွဲသဘင်အလယ်သို့ ရောက်လျှင် မေ့ပျောက်သွားဘွယ်ရာရှိသောကြောင့် “ယခုပင် သွား၍ မေးလျှောက်မည်”ဟု ကြံစည်ကာ ဧရာဝဏ်ဆင်ပေါ်မှ ကွယ်ပျောက်၍ ဘုရားအထံ အရောက်လာခဲ့လေသည်၊ ဆင်ကြီးလည်း ဥယျာဉ် အပေါက်မှာပင် ရပ်နေရစ်၏၊ နောက်ပါ အခြွေအရံများလည်း ဥယျာဉ်ပေါက်မှာ ကျန်ရစ်ကြလေသည်။ |
32,344 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | ပုဗ္ဗာရုံကျောင်းတိုက်၌ သီတင်းသုံးတော် မူခိုက်ဖြစ်သော ဘုရားအထံတော်သို့ရောက်သောအခါ ဥယျာဉ်ပွဲက နောက်ဆံတင်းလျက်ရှိသောကြောင့် “တဏှာသင်္ခယ နိဗ္ဗာန်၌ လွတ်လွတ်ကျွဟ်ကျွတ် အာရုံပြုနိုင်သောရဟန္တာ၏ ကျင့်ခဲ့သောလမ်းစဉ်တရားကို ခပ်တိုတို အမိန့်ရှိတော်မူပါ”ဟု လျှောက်ထားလေသည်။ |
32,345 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | ဘုရားရှင်လည်း သူ၏ လျှောက်ထားချက်အရ တိုတိုပင် ဖြေတော် မူသည်မှာ... |
32,346 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | သကြားမင်း.. ရဟန္တာဖြစ်မည့် ရဟန်းသည် “အလုံးစုံသော တရားကို ငါ, ငါ့ဥစ္စာဟု နှလုံးသွင်းခြင်း စွဲလမ်းခြင်းငှါ မထိုက်” ဟူသော တရားစကားကို ကြားနာရ၏၊ ထိုရဟန်းသည် (ခန္ဓာငါးပါး) တရားအားလုံးကို သိအောင် ကြိုးစား၏။ |
32,347 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | သိသောအခါ အားလုံး ဒုက္ခချည်းဘဲဟု သိပြန်၏၊ ဒုက္ခချည်းဘဲဟု သိပြီးနောက် ဘာမဆို ခံစားရသမျှ ဝေဒနာကို အနိစ္စ စသည်ဖြင့် ရှု၍ ရှူ၍ နေ၏။ |
32,348 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | ထိုသို့ ရှုဖန်များသော် ဘာတခုကိုမျှ မစွဲလမ်းတော့ဘဲ နောက်ဆုံး၌ ရဟန္တာဖြစ် တဏှာ ကုန်ခန်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် မြန်းနိုင်လေသည်။ |
32,349 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | [အချုပ် မြန်မာပြန်သည်။ |
32,350 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | ] သိကြာမင်း၊ ဤသို့ အကျဉ်းမျှ-ပြအပ်သော ပြဿနာ အဖြေကို လွန်စွာသဘောကျ ဝမ်းမြောက်လှ၍“သာဓု သာဓု”ဟု အသံပြုလျက် နတ်ပြည်သို့ ပြန်လေသည်၊ ထိုသာဓုခေါ်သံကို ဘုရားကျောင်းတော်၏ ဝဲဘက် ခန်းဆောင်မှာ သီတင်းသုံးနေသော အရှင်မောဂ္ဂလ္လာန်ကြား၍ “ဒီသကြားဟာ တရားကိုသိလို့ သာဓုခေါ်တာလား မသိဘဲနှင့် သာဓုခေါ်တာလား”ဟု စဉ်းစား၍ သိကြားကို စုံစမ်းလိုသောက... |
32,351 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | ဘုရားထံမှ တရားနာ၍ ပြန်သွားသော သောတာပန် သကြားမင်းလည်း ဥယျာဉ်တွင်း၌ တီးကြ မှုတ်ကြ ကကြ ပြကြသည်ကို နှစ်သက်အားရ ရှုမဝ ဖြစ်နေစဉ် အရှင်မောဂ္ဂလ္လာန်ကို မြင်၍ (ပွဲကြည့်နေသော ကျောင်းဒကာက ဆရာတော်ကြီး လာသည်ကို မြင်ရသည့်ပမာ) ခပ်ရှက်ရှက်မျက်နှာဖြင့် အရှင်မောဂ္ဂလ္လာန်ကို ခရီးဦးကြိုလျက် နှုတ်ဆက်စကား လျှောက်ထားရလေတော့သည်။ |
32,352 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | ထိုသို့တွေ့လျှင် တွေ့ချင်း ရှင်မောဂ္ဂလ္လာန်က သကြားကို ပြောသည်မှာ “မြတ်စွာဘုရားက အသင်သကြားအား တဏှာသင်္ခယ ဝိမုတ္တိ အကြောင်းကို ဘယ်လို ဟောလိုက်ပါသလဲ၊ ငါတို့လဲ ထိုတရားကို တဆင့် နာပါရစေ” ဤသို့ ပြောလျှင် ထိုတရားကို သကြားမင်း စဉ်းစား၏၊ ပေါ်မလာချေ။ |
32,353 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | အထပ်ထပ် စဉ်းစားသော်လည်း လုံးလုံး သတိမရသဖြင့် နာတုန်းက မှတ်မှတ်သားသား နာယူခဲ့သော်လည်း နတ်ပြည် ကိစ္စတွေ များသည့်အတွက် မေ့ရကြောင်းကို အရှက်ပြေလျှောက်လေသည်။ |
32,354 | မြန်မာဘာသာ, အဘိဓမ္မာ | ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း/သိကြားမင်း တရားမေ့ပုံ | [မူလပဏ္ဏာသ စူဠတဏှာယသုတ်မှ ကောက်နုတ်ချက်] |
32,355 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က၊ |
32,356 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | ဟောင်ပုပ်ပုပ် နံညှီ၊ |
32,357 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | ကိုးဒွါရ ပြွန်နဒီမှာ၊ |
32,358 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | ရွံစလီပါပဲ၊ |
32,359 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | ဤကာယရုပ်အရှင်ကို၊ |
32,360 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | အဟုတ်ပင် မှတ်ကြမစဲ။ |
32,361 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | သုသာန်နှင့် တစပြင်မှာ၊ |
32,362 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | သူသေသွင်မလွဲ၊ |
32,363 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | ချွေး မျက်ရည် နှပ်ချွဲက၊ |
32,364 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | ပြတ်မစဲ စီးယို၊ |
32,365 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | အိုင်းအနာ နူအရွဲငယ်နှင့်၊ |
32,366 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | တူတူပဲ မှတ်ကြကိုယ့်ကိုယ်။ |
32,367 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | များတစ်စု လူဗိုလ်မှာ၊ |
32,368 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | အဟုတ်လို ထင်စွဲလို့၊ |
32,369 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | စက်ဝဲသံသရာ၊ |
32,370 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | မွန်းနစ်ကြရှာ၊ |
32,371 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | ကမ်းတဖက် ခေမာကို၊ |
32,372 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ခန္ဓာ ကောင်ရုပ်က-ချီ နိဗ္ဗိန္ဒတေးထပ် | ရောက်နိုင်ပါပြီဘူးကွဲ့လေး။ |
32,373 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | ) ကိုယ်ချင်းစာနာ ပြုမူပါ |
32,374 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | ရှေးအခါက ရွာတစ်ရွာတွင် လယ်သမားတစ်ဦး ရှိပါသည်။ |
32,375 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | သူသည် သူ၏ မိသားစုကို လယ် အလုပ်ဖြင့် လုပ်ကိုင်ကျွေးမွေးသည်။ |
32,376 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | တစ်နေ့တွင် သူ၏ဘဝကို ငြီးငွေ့ လာပြီး တောထဲသို့ ထွက်လာခဲ့သည်။ |
32,377 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | ထိုအချိန်မှစ၍ တိရစ္ဆာန်လေးများကို သတ်ဖြတ်စားသောက်နေခဲ့ပါသည်။ |
32,378 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | ထိုသို့နေထိုင်ရင်း “ငါ အသက်ကြီး တဲ့အခါ သားကောင်တွေ အလွယ်တကူ ဖမ်းနိုင်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့် အခုကတည်းက ခြံခတ်ပြီး သားကောင်တွေ စုထားရမယ်”ဟု တွေးမိသည်။ |
32,379 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | ထို့ကြောင့် လယ်သမားသည် သားကောင်များကို ခြံထဲတွင် စုဆောင်းထားပြီး ပုံမှန်သတ်၍ စားသောက်နေခဲ့သည်။ |
32,380 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | ထိုအကုသိုလ်များကြောင့် ကြာလာသောအခါ သူ၏ ခန္ဓာကိုယ်သည် အက်ကွဲလာသည်။ |
32,381 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | မျက်စိ များလည်း ကန်းသွားခဲ့သည်။ |
32,382 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | သူသည် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရလေသည်။ |
32,383 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | တစ်နေ့သောအခါ သိဝိမင်းကြီးသည် တောကစားထွက်ရင်း ထိုနေရာသို့ ရောက်လာခဲ့သည်။ |
32,384 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | ထိုလယ်သမားကို မြင်သောအခါ “ဘာ့ကြောင့် ခုလိုမျိုး ဝေဒနာတွေ ခံစားနေရသလဲ”ဟု မေးမြန်းသည်။ |
32,385 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | ထိုအခါ လယ်သမားက သူသည် ကိုယ်ချင်းစာတရား ကင်းမဲ့စွာဖြင့် တိရစ္ဆာန်လေးများကို သတ်ဖြတ်စားသောက် ခဲ့သောကြောင့် ဤကဲ့သို့ ပြင်းထန်သော ဝေဒနာများ ခံစားနေရခြင်းဖြစ်ကြောင်း ပြောပြလေသည်။ |
32,386 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | သိဝိမင်းကြီးသည် လယ်သမား၏ စကားကို ကြားရသောအခါ သူ့ကိုယ်သူ ဆင်ခြင်မိသွားသည်။ |
32,387 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုယ်ချင်းစာတရား | ထိုအချိန်မှ စ၍ မင်းကြီးသည် ကိုယ်ချင်းစာနာစိတ်ဖြင့် တိရစ္ဆာန်လေးများကို ဘေးမဲ့ပေးလိုက်လေတော့သည်။ |
32,388 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | သင်ခန်းစာ (၁၆) |
32,389 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ကိုယ်ချင်းစာတရား |
32,390 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | သင်ယူမှု ဦးတည်ချက် ။ |
32,391 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ။ တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာစိတ်ထားရှိပြီး ကူညီတတ်စေရန်။ |
32,392 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ။ စာသားမပါသော သရုပ်ဖော်ပုံများ။ |
32,393 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | (အကြောင်းအရာ (၃) ခုခန့်) |
32,394 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | - လမ်းလျှောက်လာ- ချော်လဲ- ဝိုင်းရယ်နေကြ- ငှက်ကို လေးခွနဲ့ပစ်- ပြုတ်ကျ- ဆေးထည့်ပေး- ကိုရင်လေးများ ချမ်းနေ- အလှူခံ- သင်္ကန်းလှူ |
32,395 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။ |
32,396 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍အုပ်စုတစ်စုစီကို ဇာတ်လမ်းတစ်ခု၏ ရှေ့ဆုံးပုံတစ်ပုံစီ ဝေပေးပါ။ |
32,397 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍မိမိတို့ရရှိထားသော ရုပ်ပုံကိုကြည့်ပြီး နားလည်သလို ပြောဆိုကြပါစေ။ |
32,398 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍ဒုတိယရုပ်ပုံကို မပေးမီ ရုပ်ပုံပါအကြောင်းအရာများကို ခန့်မှန်းပြောဆိုကြပါစေ။ |
32,399 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍ခန့်မှန်းပြောဆိုပြီးသောအခါ ဒုတိယပုံကို ဝေပေးပါ။ |
32,400 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍ရုပ်ပုံများတွင်ပါသော ချော်လဲခြင်း၊ လောက်စာလုံးမှန်ပြီး ပြုတ်ကျသွားခြင်း၊ သင်္ကန်း အလှူခံခြင်း ဖြစ်ရပ်များကို ကြည့်၍ “သင်သာဆိုရင် ဘယ်လိုဆက်လုပ်မလဲ”ဟု မေးမြန်း ဆွေးနွေးပေးပါ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.