id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
32,401 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍အလှည့်ကျ ပြောပြီးပါက “အဘယ်ကြောင့် ထိုသို့ ပြုလုပ်ပေးချင်သနည်းဟု ဆက်လက် မေးမြန်းပါ။ |
32,402 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍မေးမြန်းဆွေးနွေးပြီးပါက နောက်ဆုံးရုပ်ပုံများကို သက်ဆိုင်ရာအုပ်စုများအား ပေးပြီး အောက်ပါအတိုင်း မေးပါ။ |
32,403 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -ဘာလုပ်နေတဲ့ပုံလဲ။ |
32,404 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -ရုပ်ပုံသုံးခုဆက်လိုက်ရင် ဘယ်လိုဇာတ်လမ်း ဖြစ်သွားမလဲ။ |
32,405 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -နောက်ဆုံးရုပ်ပုံကို ကြိုက်သလား/မကြိုက်ဘူးလား။ |
32,406 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ဘာဖြစ်လို့လဲ။ |
32,407 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍ဆရာက ကိုယ်ချင်းစာခြင်းဆိုသည်မှာ အရာရာတွင် မိမိသာ ထိုသို့ဖြစ်ခဲ့ပါက မည်သို့ ခံစားရမည်ကို တွေး၍ တစ်ဖက်လူအပေါ် ကိုယ်ချင်းစာကူညီခြင်းဖြစ်ကြောင်း ကလေး များ နားလည်အောင် ရုပ်ပုံများအား ပြန်လည်အသုံးပြု၍ ရှင်းပြပေးပါ။ |
32,408 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ။ ကိုယ်ချင်းစာနာ ပြုမူပါ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။ |
32,409 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍“ရှေ့စာသင်ချိန်မှာ သူတစ်ပါးကို ကိုယ်ချင်းစာနာသင့်တဲ့အကြောင်းကို ပြောပြခဲ့ပြီးပြီ၊ အခုတော့ တိရစ္ဆာန်လေးတွေကို စာနာထောက်ထားမှုမရှိဘဲ ရက်ရက်စက်စက် သတ် ဖြတ်လို့ ဆိုးကျိုးဒုက္ခတွေ ရရှိသွားတဲ့သူတစ်ယောက်အကြောင်းကို ဇာတ်လမ်းလေးနဲ့ ပြောပြမယ်” စသည်ဖြင့် ဆိုကာ အောက်ပါဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောပြပေးပါ။ |
32,410 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ကလေးများ သိလိုသည်များနှင့် နားမလည်သည်များကို လိုအပ်သလို အမေးအဖြေ ပြုလုပ်၍ သင်ကြားပေးပါ။ |
32,411 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ကိုယ်ချင်းစာနာ ပြုမူပါ |
32,412 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ဟိုးရှေးရှေးတုန်းက သိဝိမင်းကြီး အုပ်ချုပ်နေထိုင်တဲ့ တိုင်းပြည်က ရွာတစ်ရွာမှာ လယ်သမားတစ်ဦး ရှိတယ်။ |
32,413 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | သူဟာ လယ်ယာလုပ်ကိုင်ပြီး သူ့မိဘ၊ သားနဲ့ မိန်းမတို့ကို လုပ် ကျွေးပြုစုတယ်။ |
32,414 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | တစ်နေ့မှာ လယ်သမားဟာ လယ်ထဲမှာ တစ်ယောက်တည်း ထိုင်နေရင်း “ငါဟာ လယ်ယာလုပ်ကိုင်ပြီး မိဘ၊ သားနဲ့ မိန်းမတို့ကို လုပ်ကျွေးတယ်။ |
32,415 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ဒါပေမဲ့ ငါ့အတွက် ဘာမှ အကျိုးထူးမလာဘူး။ |
32,416 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ငါ ရှာဖွေရရှိထားတဲ့ ဝင်ငွေတွေနဲ့ အလှူဒါနပြုပေမဲ့လည်း ဘာမှ အကျိုးမထူးပါဘူး။ |
32,417 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ငါ တစ်ယောက်တည်း တောထဲမှာ တိရစ္ဆာန်တွေကို သတ်ဖြတ် စား သောက်ပြီး လွတ်လွတ်လပ်လပ်နေတာမှ ကောင်းဦးမယ်”လို့ တွေးမိတယ်။ |
32,418 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | အဲဒီလို တွေးမိပြီး လယ်သမားဟာ တောထဲကို တစ်ယောက်တည်းသွားပြီး တိရစ္ဆာန် လေးတွေကို သတ်ဖြတ်စားသောက်ကာ နေထိုင်တယ်။ |
32,419 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | အဲဒီလိုနေထိုင်ရင်းနဲ့ တစ်ရက်မှာ လယ်သမားဟာ “ငါ အသက်ကြီးလာတဲ့အခါ သားကောင်တွေကို အလွယ်တကူ ဖမ်းနိုင် တော့မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် အခုကတည်းက ခြံခတ်ပြီး သားကောင်တွေ စုထားရမယ်”လို့ တွေးမိတယ်။ |
32,420 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ဒါကြောင့် လယ်သမားဟာ သားကောင်တွေကို သတ်ဖြတ်ရုံသာမကပဲ ခြံစည်း ရိုးခတ်ပြီး သိုလှောင်ထားတယ်။ |
32,421 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | သားကောင်တွေဟာ ခြံစည်းရိုးထဲမှာ အစာရေစာ ပြတ်လပ် ပြီး နေကြရရှာတယ်။ |
32,422 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | လယ်သမားကတော့ သူ ဗိုက်ဆာတဲ့အချိန်တိုင်း အဲဒီခြံစည်းရိုးထဲက သားကောင်တစ်ကောင်ကောင်ကို ပုံမှန် သတ်ဖြတ်စားသောက်တယ်။ |
32,423 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | လယ်သမားဟာ ကိုယ်ချင်းစာတရားကင်းမဲ့စွာ စာနာမှုမရှိ တိရစ္ဆာန်လေးတွေကို သတ်ဖြတ်စားသောက်နေထိုင်ရင်း တစ်နေ့မှာ သူ့ရဲ့ လက်တွေ၊ ခြေတွေဟာ လှုပ်လို့ မရတော့ ဘူး။ |
32,424 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | မျက်စိတွေလည်း မမြင်ရတော့ တိရစ္ဆာန်လေးတွေကို သတ်ဖြတ်စားသောက်လို့လည်း မရတော့ဘူး။ |
32,425 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | အသားအရေတွေကလည်း ညှိုးနွမ်းလာတယ်။ |
32,426 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ပြီးတော့ သူ့ရဲ့ ကိုယ်ခန္ဓာကြီး ကလည်း တဖြည်းဖြည်းနဲ့ အက်ကွဲလာတယ်။ |
32,427 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | သူဟာ ဝေဒနာတွေကို အပြင်းအထန် လူးလိမ့် ခံစားနေရရှာတယ်။ |
32,428 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | တစ်နေ့မှာ သိဝိမင်းကြီးဟာ တောကစားထွက်လာရင်း ပြင်းထန်စွာ ဝေဒနာခံစားနေ ရတဲ့ လယ်သမားကို တွေ့ သွားတယ်။ |
32,429 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ပြီးတော့ မင်းကြီးက “ဘာကြောင့် ခုလိုမျိုး ဝေဒနာ တွေ ခံစားနေရတာလဲလို့ လယ်သမားကို မေးလိုက်တယ်။ |
32,430 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ဒီအခါမှာ လယ်သမားက “ကျွန်ုပ် ဟာ တိရစ္ဆာန်လေးတွေကို စာနာထောက်ထားမှုမရှိဘဲ ကိုယ်ချင်းစာတရားကင်းမဲ့စွာ သတ် ဖြတ် စားသောက်ရုံသာမက ခြံစည်းရိုးတစ်ခုထဲမှာလည်း ရက်စက်စွာ သိုလှောင်ထားမိခဲ့ပါ တယ်။ |
32,431 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | အဲဒီအပြစ်တွေကြောင့် ခုလိုမျိုး ဝေဒနာတွေကို ခံစားနေရတာပါ၊ မြတ်သောမင်းကြီး... သူတစ်ပါးအသက် သတ်ဖြတ်ခြင်းတွေ မပြုလုပ်ပါနဲ့၊ တိရစ္ဆာန်လေးတွေကို စာနာပါ၊ ကိုယ် ချင်းစာတရားထားပါ”လို့ ပြန်လျှောက်တယ်။ |
32,432 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | မင်းကြီးလည်း လယ်သမားရဲ့စကားတွေကို ကြားပြီး သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်မိသွားတယ်။ |
32,433 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ပြီးတော့ အဲဒီနေ့ကစပြီး ဘယ်တိရစ္ဆာန် ကိုမှ မသတ်ဖြတ်တော့ဘဲ သတ္တဝါအားလုံးအပေါ် ကိုယ်ချင်းစာနာစိတ်ထားကာ ဘေးမဲ့ပေး လိုက်ပါတော့တယ်။ |
32,434 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ။ ဣန္ဒြိယဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ။ |
32,435 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ၄၅၂။ ဇာ၊ ဋ္ဌ၊ ၃။ |
32,436 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ၄၃၈။ |
32,437 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍အောက်ပါမေးခွန်းများကို မေးပါ။ |
32,438 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -လယ်သမားဟာ ဘယ်တိုင်းပြည်မှာ နေထိုင်သလဲ။ |
32,439 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -တစ်နေ့မှာ လယ်သမားဟာ ဘယ်လိုတွေးမိသလဲ။ |
32,440 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -အဲဒီလို တွေးမိပြီးနောက်ပိုင်းမှာ သူ ဘာတွေ ဆက်လုပ်သလဲ။ |
32,441 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -လယ်သမားဟာ တိရစ္ဆာန်လေးတွေကို ကိုယ်ချင်းစာတရားမရှိဘဲ သတ်ဖြတ်တဲ့ အပြစ်အတွက် ဘယ်လိုပြန်ခံစားရသလဲ။ |
32,442 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -သိဝိမင်းကြီးဟာ တောကစားထွက်ရင်း ဘယ်သူနဲ့တွေ့ သလဲ။ |
32,443 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -သိဝိမင်းကြီးဟာ လယ်သမားကို ဘယ်လိုမေးသလဲ။ |
32,444 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -လယ်သမားက မင်းကြီးကို ဘယ်လိုပြန်လျှောက်တင်သလဲ။ |
32,445 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | -မင်းကြီးက သူ့ကိုယ်သူ ဘယ်လိုပြုပြင်လိုက်သလဲ။ |
32,446 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍လယ်သမားက တိရစ္ဆာန်လေးများအား ခြံစည်ရိုးအတွင်း၌ သိုလှောင်ထားသော ရုပ်ပုံနှင့် ရောင်စုံခဲတံများ။ |
32,447 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍လယ်သမားက တိရစ္ဆာန်လေးများအား ခြံစည်းရိုးအတွင်း၌ သိုလှောင်ထားသော ရုပ်ပုံကို ကလေးများစိတ်ကြိုက် ဆေးရောင်ခြယ်ကြပါစေ။ |
32,448 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ထို့နောက် ဆေးခြယ်ထားသော ရုပ်ပုံများကို သင်ပုန်း (သို့မဟုတ်) နံရံပေါ်တွင် ကပ်ထား ကြပါစေ။ |
32,449 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ဆေးခြယ်ထားပြီးသောရုပ်ပုံများ၊ တိရစ္ဆာန်လေးများကို ကြင်နာပါ သီချင်းကဗျာ။ |
32,450 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍ထို့နောက် သင်ပုန်း (သို့မဟုတ်) နံရံပေါ်တွင်ရှိသော ကလေးများဆေးခြယ်ထားသည့် ရုပ်ပုံများကို ပြ၍ “ဒီခြံစည်းရိုးထဲမှာ ရှိနေတဲ့ တိရစ္ဆာန်လေးတွေ ဘယ်လိုခံစားနေရမလဲ၊ အဲဒီအချိန်မှာ တိရစ္ဆာန်လေးတွေအနေနဲ့ အလိုအပ်ဆုံး/အလိုချင်ဆုံးအရာက ဘာဖြစ်နိုင် သလဲ”စသည်ဖြင့် မေးကာ အုပ်စုလိုက် ဆွေးနွေးကြပါစေ။ |
32,451 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ֍အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ဆွေးနွေးထားသည်များကို ပြောပြကြပါစေ။ |
32,452 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | နောက်ဆုံးတွင် ပထမတန်း၊ “တိရစ္ဆာန်လေးများကို ကြင်နာပါ” သင်ခန်းစာ၌ သင်ခဲ့ပြီးသော အောက်ပါ တိရစ္ဆာန်လေးများကို ကြင်နာပါ သီချင်းကဗျာကို အမူအရာများနှင့် တကွ ရွတ်ဆိုကြစေခြင်းဖြင့် စာသင်ချိန်ကို အဆုံးသတ်ပါ။ |
32,453 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | တိရစ္ဆာန်လေးများကို ကြင်နာပါ |
32,454 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | တို့တစ်တွေမှာ နာကျင်သလို၊ သူတို့လည်း နာကျင်တတ်တယ် ... |
32,455 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | တို့တစ်တွေမှာ ပျော်ရွှင်သလို၊ သူတို့လည်း ပျော်ရွှင်ရမယ် ... ။ |
32,456 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | တို့တစ်တွေမှာ နာကျင်သလို၊ ငှက်ကလေး နာကျင်တတ်တယ် ... |
32,457 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | တို့တစ်တွေမှာ ပျော်ရွှင်သလို၊ ငှက်ကလေး ပျော်ရွှင်ရမယ် .။ |
32,458 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | မှတ်ချက် ။ |
32,459 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုယ်ချင်းစာတရား (ဆရာ) | ။ မြွေကလေး၊ ဆင်ကလေး၊ ငှက်ကလေး၊ ကြောင်ကလေး၊ ယုန်ကလေး၊ ပါပီလေး စသည်ဖြင့် အစားထိုးပြီး ရွတ်ဆိုနိုင်ပါသည်။ |
32,460 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | ၂၊၁၊၄၉၊၁။ |
32,461 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | ၆ ...“ဤ၎္တက္လောင်အရ |
32,462 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | ၇ ပ်နှိုက် ကိန်သော မ္လတ်စွာသ္ခိင်မ္လတ်ငယ်ကိုဝ် အလွန် ရိုဝ်သိယ်စွာရုယ် ကုလါ ၇၀၀ တိုဝ် ချင်တိုဝ်စာမ္လေဖ္လစ်သော ကန်ဆိမ္လေ ၁၅ဝကိုဝ်လှု၏ လှုလတ်သောခာ ပန်ပေလို |
32,463 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | ၈ ဝ်ရကာ ကုလါ ရဝဝတိုဝ် ပဝရဓမ္မရာဇာသိရိဒိတ္တိဖ္လစ်သော တရုက်ပ္လေမင်ကြိထံ၎္တနှိုက် ကုလါ ရဝဝတိုဝ် ဝပ်လေ၏ မင်ကြိသံတဝ် မ္လတ်စွာသ္ခိင်ကိုဝ် ခŸ၎္တ |
32,464 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | ၉ မူလတ်ရုယ် ဣမ်၎္တဥိနှိုက် ဆွံ၎္တက္လိုယ်ရုယ် ဆွံတဝ် ဆွမ်ပြိ မဟာထည် ငကျွန်ကုလါတိုဝ် စာသမ္လေ ၁၅ဝကိုဝ် ငာလှု၏ဟု ရှုယ်ဖ္လာနှင်ရေစင်၎္တသွန်၏” |
32,465 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | [ဤတောကျောင်းအရပ်၌ကိန်းသော မြတ်စွာသခင် မြတ်ငယ်ကို အလွန်ရိုသေစွာ၍ ကုလား ၇ဝဝတို့ ချင်းတို့ စားမြေဖြစ်သော ကန်ဆီမြေ ၁၅ဝကိုလှူ၏။ |
32,466 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | လှူလတ်သောခါ ပန်ပေလိုရကား ကုလား ၇ဝဝ တို့ ပဝရဓမ္မရာဇာသိရိဒိတ္တိဖြစ်သော တရုတ်ပြေးမင်းကြီး ထံတော်၌ ကုလား ၇ဝဝ တို့ဝပ်လေ၏။ |
32,467 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | မင်းကြီးသံတော် မြတ်စွာသခင်ကို ခေါ်တော်မူလတ်၍ အိမ်တော်ဦး၌ ဆွမ်းတော်ကျွေး၍ ဆွမ်းတော်ဆွမ်းပြီး “မဟာထေရ်၊ ငါ့ကျွန် ကုလားတို့စားသောမြေ ၁၅ဝကို ငါလှူ၏”ဟု ရွှေဖလားနှင့် ရေစင်တော်သွန်း၏။ |
32,468 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | ] ၂၊၁၊၄၉၊၂။ |
32,469 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | ၃၈ ...“ငကောင်မှုကိုဝ် ပျ |
32,470 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | ၃၉ က်ကြောင်ကြံရုယ် ဖျက်သသုကာ အဝိဇိစသော ငရယ်ကြိ ၈ထပ် ငရယ်ငယ် ၁၂၈ထပ် ထိုဝ်ငရယ်အရပ်နှိုက် အနှစ်ထောင် သောင် သိန် သန် ကျက်လေစေသတေ ထိုဝ်ငရယ် |
32,471 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | ၄၀ လက်မှ လွတ်ငြာတုံရုယ် လူလျှင်ဖ္လစ်တုံသောလေ မစာရတတ် မဝတ်ရတတ်သ လူပြိတ္တာလျှင် ဖ္လစ်စေသတေ တိရိစ္ဆန်ဖ္လစ်သောလေ တိရိစ္ဆန်ပြိတ္တာဖ္လစ်စေသတေ။ |
32,472 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | [ငါ့ကောင်းမှုကို ပျက်ကြောင်းကြံ၍ ဖျက်သသူကား အဝီစိစသော ငရဲကြီး ၈ထပ်၊ ငရဲငယ် ၁၂၈ထပ်၊ ထိုငရဲအရပ်၌ အနှစ်ထောင် သောင်း သိန်း သန်း ကျက်လေစေသတည်း။ |
32,473 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | ထိုငရဲလက်မှ လွတ်ငြားတုံ၍ လူလျှင်ဖြစ်တုံသောလည်း မစားရတတ်၊ မဝတ်ရတတ် သော လူပြိတ္တာလျှင် ဖြစ်စေသတည်း။ |
32,474 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုယ်တော်ပျောက်ဘုရား ကျောက်စာ | တိရစ္ဆာန်ဖြစ်သော လည်း တိရစ္ဆာန်ပြိတ္တာ ဖြစ်စေသတည်း။ |
32,475 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | ကိုယ်တွင်းသုတ်သင်ရန် | ၁။ ခိုးသားထားပြ၊ ဟူတုံက၊ မုချကြောက်အပ်စွာ။ |
32,476 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | ကိုယ်တွင်းသုတ်သင်ရန် | ၂။ ကိုယ်တွင်းသူခိုး၊ မြင်သူခိုး၊ နှစ်မျိုးမှတ်ကြရာ။ |
32,477 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | ကိုယ်တွင်းသုတ်သင်ရန် | ၃။ ကိုယ်တွင်းထားပြ၊ ပြင်ထားပြ၊ နှစ်ဝရှိသည်သာ။ |
32,478 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | ကိုယ်တွင်းသုတ်သင်ရန် | ၄။ ကိုယ်တွင်းရန်သူ၊ ပြင်ရန်သူ၊ နှစ်မူခွဲရှုရာ။ |
32,479 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | ကိုယ်တွင်းသုတ်သင်ရန် | ၅။ ပြင်ပလူထက်၊ ကိုယ်တွင်းခက်၊ ဆက်ဆက်သိအပ်စွာ။ |
32,480 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | ကိုယ်တွင်းသုတ်သင်ရန် | ၆။ ကိုယ်တွင်းခိုးသား၊ လက်ခံထား၊ ပြင်ခိုးသားတွေ မွှေလိမ့်မည်။ |
32,481 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | ကိုယ်တွင်းသုတ်သင်ရန် | ၇။ ကိုယ်တွင်းထားပြ၊ လက်ခံကြ၊ ပြင်ကထားပြ-ချေလိမ့်မည်။ |
32,482 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | ကိုယ်တွင်းသုတ်သင်ရန် | ၈။ ကိုယ်တွင်းရန်သူ၊ လက်ခံမူ၊ ပြင်ရန်သူကြောင့်- သေလိမ့်မည်။ |
32,483 | စာချုပ်စာတမ်းများ, မြန်မာဘာသာ | ကိုယ်နေစာချုပ် ၁ | သက္ကရာဇ် ၁၂၁၁ ခု၊ တောင်သလင်းလဆန်း ၇ ရက်နေ့တွင် ချောင်းဦး ၁၀ ရွာ သွောံကြီး သမန္တကျော်သူ ငမည် မောင်ရန်ကုန်၊ မယား ရှင်မင်းစ၊ သား ငမြတ်သာတို့က လယ်မှုတွက်ပြောဆိုရာ |
32,484 | စာချုပ်စာတမ်းများ, မြန်မာဘာသာ | ကိုယ်နေစာချုပ် ၁ | ငွေအသုံးလိုပါသည် ငမြတ်သာ ညီ ကျွန်တော်ကျွန်မတို့သား ငမြတ်ရာကို ကိုယ်နေငွေ ၄၅ိ ပေး၍ အစေကျွန်ခံ သေမဆုံးရှင်မပွါး ဝယ်ယူစေခိုင်းပါ |
32,485 | စာချုပ်စာတမ်းများ, မြန်မာဘာသာ | ကိုယ်နေစာချုပ် ၁ | သံတော်ဆင့် မဟာမင်းထင်မင်းကျော် သမီးခင်ပွန်းကို အစီရင်ခံသည်။ |
32,486 | စာချုပ်စာတမ်းများ, မြန်မာဘာသာ | ကိုယ်နေစာချုပ် ၁ | ၎င်းတို့အစီရင်ခံသည်အတိုင်း ဖြောင့်မတ်အောင် အစေမခံ တိမ်းရှောင်သော်၊ အရှင်သူကြီးဟောင်း မင်းနှုတ်စိုးယူရှိသော် ရှင်ပုံက ကျွန်တော်မတာဝန် ရှိပါစေတော့၊ ကိုယ်နေငွေ ၄၅ိ လုပ်ခွန်တွက်ပြောဆိုရာ ကုန်စာရိတ်ပေးပါမည် ဝယ်ယူစေခိုင်းပါ အစီရင်ခံ၍ ၎င်းတို့အစီရင်ခံချက်အတိုင်း သံတော်ဆင့်မင်း သမီးခင်ပွန်းက ၁ိ ၃ဲံ ၊ ငွေချိန် ၄၅ိ ကို လက်ရောံပေ... |
32,487 | စာချုပ်စာတမ်းများ, မြန်မာဘာသာ | ကိုယ်နေစာချုပ် ၁ | + မောင်ရွှေရန် ၁ ငွေခန့်သူ မောင်ပေါ် ၁ စာစီစာရေး မောင်ဘယ် ၁ သိရှိသူ မောင်ရွှေငြိမ်း ၁ သိရှိသူ |
32,488 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | သမ္ဘာခံ ဉာဏံ ကြွေ့သူမို့၊ ကဗျာဉာဏ် ဖြာလျှံဝေ့ပါလို့၊ |
32,489 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | စာအဖန် ကာရန်စေ့ပါဘိ၊ စံ ပရမေ့ဂုဏ်ဝါ။ |
32,490 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ရှည်ဂရု သည်လဟု၊ ညီသမှု ချင့်ဝေကာငယ်၊ |
32,491 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | သင့်ပေစွာ ချွေညွှန်း။ |
32,492 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ခွန်းအဆင့် ညွှန်းသဖြင့်၊ လွမ်းစချင့် ချဲ့ထွင်ယူတယ်၊ |
32,493 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | နွဲ့ယဉ်မူရွှန်းတင့် တောက်ထွန်း။ |
32,494 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ထက်စွန်ပ ခက်လွန်စွ၊ ဝဂ်ဝဏ္ဏ မတြာယူမှာ၊ |
32,495 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ပါရဂူ ဖက်ကျွမ်း။ |
32,496 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ဗွေပထဗျာ မြေချာဝန်းတွင်မှ၊ ဝေဆရာ ကြေညာရွှန်းပါဘိ၊ |
32,497 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | နေဝါဝန်း ပုံသွင်။ |
32,498 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ရှေထက်ကြာ ရွှေစာတမ်းငယ်နှင့်၊ သေလက္ခရာ ကျေကာကျွမ်းပါလို့၊ |
32,499 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | စွမ်းနိုင်တဲ့ မင်းဆက်ရာဇဝင်။ |
32,500 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | လွန်ရှေးကာလ၊ မှန်ရေးဘာသ၊ လျှာစရွှင်တယ်၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.