id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
32,501 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ကမ္ဘာ့အသွင် မြေပုံအတွင်း၌၊ ဉာဏထင်ထင် ဖြေပုံရှင်းလို့၊ |
32,502 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ရွှေယုန်လမင်း ရေးထင်ထင်၊ ညွှန်းလေး ပုံပြသွင်။ |
32,503 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | အတတ်ဝေစွ၊ ဓမ္မသတ်ကျေလှ၊ သမ္မတ် ပေပ၊ မွမွထင်တယ်၊ |
32,504 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | စစကိုပင် ကျင်ကွမ်းသည်မို့လေး။ |
32,505 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | သုံးပုံဗေဒင်၊ လုံးစုံဖွေဆ၊ ထုံးပုံပေပ၊ ကျေမွစုံတယ်၊ |
32,506 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ခြွေသမဂုဏ် အို များပါဘိလေး။ |
32,507 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ဤတေးထပ်ကြီးကို တချို့က ဆရာကြီး ဦးဝေ ကိုယ်တိုင်ရေးသားသည်ဟု ဆိုကြသည်။ |
32,508 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | အချို့ကလည်း ကိုယ်တိုင်ရေး မဟုတ်၊ ဆရာကြီးအား ကြည်ညိုသူတစ်ဦးက ဂုဏ်ကျေးဇူးကို ဖွဲ့ဆို မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ |
32,509 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ဆရာကြီးဦးဝေ ကိုယ်တိုင် ရေးသားသော အခြားတေးထပ်ကြီးများနှင့် နှိုင်းယှဉ်သော် စကားအသုံးအနှုန်း၊ ယူပုံ ဆပုံချင်း တူသဖြင့် ဆရာကြီးကိုယ်တိုင် ရေးသားသည်ဟု ယူဆရန် ရှိပေသည်။ |
32,510 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ဗိုလ်မှူးဘသောင်၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၂၀၀၃ ခု၊ နှာ-၂၄၇ |
32,511 | မြန်မာကဗျာများ, ကိုလိုနီခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်ရည်သွေးဘွဲ့ တေးထပ်ကြီး | ကျမ်းကိုး |
32,512 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ပုလဲဥ နှင်းပေါက်၊ |
32,513 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ကင်းထောက်တဲ့ လေပြန်၊ |
32,514 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | မင်းမြှောက်မယ့် ဟေမန်၊ |
32,515 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | မသေကျန် ကံကောင်း၊ |
32,516 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | လူမို့သာ လျှလျှခံတယ်၊ |
32,517 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | မြရေနံ ခဲရတဲ့ဆောင်း၊ |
32,518 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ဧလှလို့ ဝဇိရာ၊ |
32,519 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ဗီဇနာ ရင့်ညောင်း၊ |
32,520 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ကတ္တီပါ စောင်ပေါင်း၊ |
32,521 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ထောင်သောင်းလောက် ခြုံတယ်၊ |
32,522 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ခန်းဆောင်မှာ ချမ်းအောင်တွေ့၊ |
32,523 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | မန်းတောင်ငွေ့ နီးတာမို့ကွယ်။ |
32,524 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | နန်းဆောင်မြေ့ ထီးလယ်မှာ၊ |
32,525 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ပြီးစဘွယ် သာဖက်လို့၊ |
32,526 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ဟာစက်ဖျ ကြောင်မြီးတိုနော်၊ |
32,527 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | စားလိမ့် ကိုယ်တော်၊ |
32,528 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ငိုစိတ်နဲ့ အို အိပ်ပျော်အောင်၊ |
32,529 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | ကိုယ်သိပ်တော်မူစမ်းပါ့ | ကိုယ်သိပ်တော်မူစမ်းလှဲ့လေး။ |
32,530 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | သင်ခန်းစာ (၁၃) |
32,531 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ကိုရင်ငယ်လေးပါး |
32,532 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ကိုရင်သံကိစ္စ၊ ကိုရင်ပဏ္ဍိတ၊ ကိုရင်သောပါကနှင့် ကိုရင်ရေ၀တတို့သည် ခုနစ်နှစ်သားအရွယ် ရဟန္တာများ ဖြစ်ကြပါသည်။ |
32,533 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | တစ်နေ့တွင် ဆွမ်းအလှူခံရန် လာပင့်သော သူဌေးကြီး၏ အိမ်သို့ သူဌေးကြီးနှင့်အတူ ဆွမ်းခံကြွကြသည်။ |
32,534 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | အသက်ငယ်သော ကိုရင်လေးများကို ပင့်လာသောကြောင့် သူဌေးကတော်ကြီးက သဘောမကျခဲ့ပေ။ |
32,535 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ဆရာတော်ကြီးများကို သွားရောက်ပင့်ရန် သူဌေးကြီးကို ဇေတဝန်ကျောင်းတော်သို့ ထပ်မံစေလွှတ်လိုက်၏။ |
32,536 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | သူဌေးကြီးက အရှင်သာရိပုတ္တရာကို ပင့်လာ၏။ |
32,537 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | အရှင်သာရိပုတ္တရာက ကိုရင်လေးများအား ဆွမ်းရပြီလားဟု မေးသည်။ |
32,538 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ကိုရင်လေးများက မရသေးကြောင်း လျှောက်ထားကြသည်။ |
32,539 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | လေးပါးစာဆွမ်းသာရှိကြောင်းသိ၍ အရှင်သာရိပုတ္တရာ ပြန်ကြွသွား၏။ |
32,540 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | သိကြားမင်းသည် ပုဏ္ဏားအိုယောင်ဆောင်၍ ကိုရင်လေးများကို လာရောက်ကန်တော့သည်။ |
32,541 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | လာရောက်ကန်တော့သူမှာ သိကြားမင်းဖြစ်ကြောင်း သူဌေးကြီးလင်မယား သိသွားသော အခါ ကိုရင်လေးများကို လေးစားကြည်ညိုပြီး ဆွမ်းလောင်းလှူကြသည်။ |
32,542 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ကိုရင်လေးများ ကလည်း တန်ခိုးအမျိုးမျိုးပြ၍ ကျောင်းသို့ ပြန်ကြွခဲ့ကြသည်။ |
32,543 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ရဟန်းသာမဏေ တို့ရိုသေ |
32,544 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ဘုရားသားတော် ရဟန်းသံဃာ၊ |
32,545 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ရိုသေ လေးစားမှာ။ |
32,546 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | လက်အုပ်ချီကာ ဦးနှိမ်ချ၊ |
32,547 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | အမြဲ ရှိခိုးကြ။ |
32,548 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ငယ်စဉ်ကတည်းက ကျင့်ကြံပေ၊ |
32,549 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ထူးတဲ့ ရှင်သာမဏေ။ |
32,550 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | တို့တစ်တွေ ရှိခိုးလို့၊ |
32,551 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး | ကုသိုလ်ယူကြစို့။ |
32,552 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ။ ငယ်ရွယ်သော ကိုရင်လေးများကိုရိုသေလေးစားတတ်စေရန်။ |
32,553 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ။ ဇာတ်လမ်းတွင်ပါဝင်သော ကိုရင်လေးပါးနှင့် အရှင်နှစ်ပါးအမည် တစ်ခုချင်းစီကို ရေးထားသော စာရွက် (၆) ရွက်။ |
32,554 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | နာမည်တစ်ခုချင်းစီ ရေး ထားသော စာရွက်များကို အဆင်သင့် ပြင်ထားရမည်။ |
32,555 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍“ကိုရင်လေးရာဟုလာ သင်ခန်းစာကို မှတ်မိသေးလား”ဟု အစပျိုးပြီး စာသင်ချိန်ကို စတင်ပါ။ |
32,556 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍ကိုရင်ရာဟုလာ သင်ခန်းစာကို ပြန်လည်ပြောပြပြီး “ကိုရင်ဝတ်ရင် လူနာမည်ကိုမသုံး တော့ဘဲ နာမည်တစ်ခုထပ်ပေးတယ်။ |
32,557 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍အဲဒီနာမည်ကိုတော့ ဘွဲ့ ပေးတယ်လို့ ခေါ်တယ်” ဟု စသည်ဖြင့် ဆရာကရှင်းပြပါ။ |
32,558 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍ကလေးများအား အုပ်စု (၆) စုဖွဲ့ပြီး ခေါင်းဆောင် (၁) ယောက်စီ ထားပေးပါ။ |
32,559 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍နာမည်တစ်ခုချင်းစီ ရေးထားသော စာရွက်များကို အုပ်စုတစ်စုလျှင် (၁) ရွက်စီ ပေးပါ။ |
32,560 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍ဆရာက ကလေးများအား နာမည်နှင့်အုပ်စု တွဲပြီးမှတ်မိအောင် စာရွက်တွင် ရေးထား သော နာမည်များကို (၄/၅) ခေါက်ခန့် ရွတ်ဆိုပေးပါ။ |
32,561 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍ထို့နောက် အောက်ပါကစားနည်းကို ရှင်းပြပေးပါ။ |
32,562 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍နာမည်ခေါ်လိုက်သော အုပ်စုဝင်အားလုံး ထ၍ ကျန်အုပ်စုများအားလုံး ထိုင်နေကြပါစေ။ |
32,563 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ထိုနည်းအတိုင်း အုပ်စုအားလုံးကို နာမည်ခေါပြီး ထကြပါစေ။ |
32,564 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍အုပ်စုအားလုံး တစ်ပြိုင်တည်း ထပြီးချိန်တွင် အထက်ပါနည်းအတိုင်း နာမည်ခေါပြီး တစ်အုပ်စုချင်းစီကို ပြန်ထိုင်ခိုင်းရမည်။ |
32,565 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍တဖြည်းဖြည်းနှင့် ခေါ်နှုန်းမြန်သွားရမည်။ |
32,566 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | (၄/၅ ကြိမ်လောက် ပြုလုပ်ပေးပါ။ |
32,567 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ) ֍ထပ်မံ၍ နာမည်များကို တစ်လှည့်စီ ခေါ်ပေးရမည်။ |
32,568 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍ထိုင်တစ်လှည့်၊ ထတစ်လှည့် ဖြစ်စေရန် စီမံပေးရမည်။ |
32,569 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍ထို့နောက် ကိုရင်လေးပါးနှင့် အရှင်နှစ်ပါးတို့သည် ဇာတ်လမ်းထဲမှ ဇာတ်ကောင်များဖြစ်ကြောင်း၊ ဇာတ်လမ်းကို နောက်တစ်ချိန်တွင် ကြားသိရမည်ဖြစ်ကြောင်း ပြောပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။ |
32,570 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ။ ကိုရင်ငယ်လေးပါး ဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။ |
32,571 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍အောက်ပါအကြောင်းအရာဖြင့် နိဒါန်းပျိုးပါ။ |
32,572 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ကလေးများ၏ အဖြေတွင်“ကိုရင်လေး များကိုလည်း တွေ့ သည်ဟူသော အဖြေပါဝင်လာသည်အထိ မေးပေးပါ။ |
32,573 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ကလေးများ ပြောသမျှ လက်ခံပေးပါ။ |
32,574 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | မပြောသော ကလေးများကို ပြောအောင် အားပေးပါ။ |
32,575 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ကလေးများအားလုံး ပါဝင်ဖြေဆိုလာအောင် တိုက်တွန်းအားပေးပါ။ |
32,576 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | -သားတို့၊ သမီးတို့ ဘုန်းကြီးကျောင်းသွားရင် ဘယ်သူတွေကို တွေ့ သလဲ။ |
32,577 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | (ဘုန်းဘုန်း၊ ဦးဇင်း၊ ကိုရင် .. စသည်ဖြင့်)-ကိုရင်လေးတွေက ဘုန်းကြီးကျောင်းမှာ ဘာတွေ လုပ်နေတာ တွေ့ဖူးသလဲ။ |
32,578 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | -ကိုရင်လေးတွေက ဘုန်းဘုန်းတွေကို ဘာတွေ ကူညီပေးတာ တွေ့ ဖူးသလဲ။ |
32,579 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍“ငယ်ရွယ်တဲ့ ကိုရင်လေးတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ သားတော်တွေဖြစ်တယ်။ |
32,580 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ကိုရင်လေး တွေဟာ ဘုရားရှင်ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာကြရတယ်။ |
32,581 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ကိုရင်လေးတွေကို လေးစားတာနဲ့ပတ်သက်ပြီး ရှေးတုန်းက ကိုရင်ငယ်လေးပါးအကြောင်းကို ပြောပြမယ်” ဟု နိဒါန်းပျိုးပါ။ |
32,582 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ֍ဇာတ်လမ်းထဲတွင် ပါဝင်သည့် ရွတ်ဆိုရခက်သော ပါဠိနာမည်များကို ကောင်းစွာ ရွတ် ဖတ်တတ်သည်အထိ ပြောပြပေးပါ။ |
32,583 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်က သူဌေးမကြီး တစ်ယောက်ဟာ ရဟန်းလေးပါးကို ပင့်ဖိတ်လှူဒါန်းဖို့အတွက် ဆွမ်းချက်ပြုတ်နေပါတယ်။ |
32,584 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ဆွမ်းချက်ပြီးတဲ့အခါ “ဆရာတော်ကြီးလေးပါးကို သွားပင့်ပါ”လို့ ဆိုပြီး သူဌေးကြီးကို ဇေတဝန်ကျောင်းကို စေလွှတ်လိုက်ပါတယ်။ |
32,585 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | အဲဒီနေ့ ဆွမ်းအလှူအတွက် အလှည့်ကျသူ တွေက ကိုရင်သံကိစ္စ၊ ကိုရင်ပဏ္ဍိတ၊ ကိုရင်သောပါကနှင့် ကိုရင်ရေဝတတို့ ဖြစ်ကြပါတယ်။ |
32,586 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ၎င်းကိုရင်လေးပါးဟာ ခုနစ်နှစ်သားအရွယ် ရဟန္တာများ ဖြစ်ကြပါတယ်။ |
32,587 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | သူဌေးကြီးက ကိုရင်ငယ်လေးတွေကို ပင့်လာခဲ့တဲ့အတွက် သူဌေးမကြီး အလွန် ဒေါသထွက်သွားပါတယ်။ |
32,588 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | မိမိမြေးလောက်မှမရှိသေးတဲ့ ကိုရင်လေးတွေကို ခေါ်လာရသ လားဆိုပြီး သူဌေးကြီးကို ပြောဆိုပြစ်တင်တယ်။ |
32,589 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ကိုရင်ငယ်လေးတွေကိုလည်း ဆွမ်းမကပ်ဘဲ နိမ့်ကျတဲ့နေရာမှာ ထိုင်ခိုင်းလိုက်တယ်။ |
32,590 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | အဲဒီနောက် “ဆရာတော်ကြီးတွေကိုသာ ပင့်ခဲ့ပါ”ဆိုပြီး သူဌေးကြီးကို နောက် တစ်ကြိမ် သွားပင့်ခိုင်းပြန်ပါတယ်။ |
32,591 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ဤတစ်ကြိမ်မှာ သူဌေးကြီးဟာ အရှင်သာရိပုတ္တရာကို ပင့်ခဲ့ပါတယ်.. အရှင်သာရိပုတ္တရာက ကိုရင်လေးတွေရဲ့ တန်ခိုးကြီးမားပုံကို ချီးကျူးတဲ့ အနေနဲ့ “ဆရာတော်ကြီးတို့ ဆွမ်းရကြပြီလား”လို့ မေးလိုက်တယ်။ |
32,592 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | “မရသေးပါဘုရား”လို့ ကိုရင်လေးတွေက ပြန်လည်လျှောက်ထားကြတယ်။ |
32,593 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | အရှင်သာရိပုတ္တရာက ရဟန်းလေးပါး ဘုဉ်းပေးလောက်ရုံသာ ချက်ထားတာကို သိတဲ့အတွက် ဆွမ်းမစားဘဲ ပြန်ကြွသွားခဲ့တယ်။ |
32,594 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | နောက်ထပ်တစ်ဖန် ပင့်တဲ့အတွက် ကြွလာတဲ့ အရှင်မဟာမောဂ္ဂလာန်လည်း အရှင်သာရိ ပုတ္တရာလို ပြန်ကြွသွားခဲ့ပြန်တယ်။ |
32,595 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ကိုရင်လေးတွေဟာ နံနက်စာ ဘာတစ်ခုမှ ဘုဉ်းမပေးရသေးတဲ့အတွက် ဆာ လောင်မွတ်သိပ်ပြီး ထိုင်စောင့်နေကြရတယ်။ |
32,596 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | သိကြားမင်းက သိပြီးတော့ ပုဏ္ဏားအိုကြီး အသွင် ဖန်ဆင်းပြီး သူဌေးမကြီးအိမ်ကို ရောက်လာတယ်။ |
32,597 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | သူဌေးကြီးက ပုဏ္ဏားအိုကြီးကို ဆီးကြိုတယ်။ |
32,598 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ဆရာတော်တွေအတွက် ခင်းထားတဲ့နေရာမှာ ထိုင်ဖို့ ဖိတ်ကြားတယ်။ |
32,599 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | ပုဏ္ဏားအိုကြီးက အဲဒီနေရာမှာ မထိုင်ဘဲ ကိုရင်လေးတွေကို ရိုရိုသေသေရှိခိုးပြီး ကိုရင်လေးတွေ ထက် နိမ့်တဲ့နေရာမှာ သွားထိုင်တယ်။ |
32,600 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်ငယ်လေးပါး (ဆရာ) | သူဌေးမကြီးဟာ ပုဏ္ဏားအိုကြီးရဲ့ အပြုအမူတွေကို ကြည့်ပြီး “ဒီပုဏ္ဏားအိုကြီးနှယ် ရူးလိုက်တာ၊ ကိုယ့်မြေးလောက်တောင် မရှိသေးတဲ့ ကလေးတွေကို ရှိခိုးနေတယ်” လို့ ရေရွတ်ပြောဆိုပြီး ပုဏ္ဏားအိုကြီးကို အိမ်အပြင် ဆွဲထုတ်ပါတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.