id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
32,601
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
လင်မယားနှစ်ယောက်လုံး ဆွဲထုတ်ကြပေမဲ့ ပုဏ္ဏားအိုကြီးကို နေရာကနေရွေ့အောင် မလုပ်နိုင်ကြဘူး။
32,602
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
အဲဒီတော့မှ ပုဏ္ဏားအိုကြီးက သူဟာ သိကြားမင်းဖြစ်ကြောင်း ပြောပြလိုက်တယ်။
32,603
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
သိကြားမင်းကိုယ်တိုင် ရောက်လာပြီး ကိုရင်လေးတွေကို ရှိခိုးတဲ့အတွက် သူဌေး ကြီးနှင့် သူဌေးမကြီးတို့ဟာ ကိုရင်လေးတွေကို ရိုရိုသေသေ ရှိခိုးဦးချပြီး ဆွမ်းလောင်းလှူ ပါတော့တယ်။
32,604
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
ဆွမ်းအလှူခံပြီးတဲ့အခါ ကိုရင်သုံးပါးဟာ အိမ်ခေါင်မိုးကို ဖောက်ထွက်ပြီး တန်ခိုးနဲ့ ပြန်ကြွသွားကြတယ်။
32,605
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
နောက်တစ်ပါးကတော့ မြေကြီးထဲကို ဖောက်ထွက်ပြီး တန်ခိုး နဲ့ ကျောင်းကိုပြန်ကြွသွားတယ်။
32,606
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
သိကြားမင်းကလည်း တန်ခိုးနဲ့ ပြန်သွားခဲ့တယ်။
32,607
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
အဲဒီနေ့က စပြီး သူဌေးကြီးတို့ ဇနီးမောင်နှံဟာ ကိုရင်လေးတွေကို အထင်မသေးတော့ဘဲ ရိုရိုသေသေ လေးလေးစားစားနဲ့ ဆက်ဆံကြပါတော့တယ်။
32,608
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
။ သာမဏေရာနံဝတ္ထု၊ ဓမ္မပဒဝတ္ထုမြန်မာပြန်၊ပဉ္စမတွဲ၊ ၂၃၅။
32,609
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
ဓမ္မပဒ၊ ဋ္ဌ၊ ၂။
32,610
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
၄၁၆။
32,611
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။
32,612
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
ဇာတ်လမ်းထဲမှာပါတဲ့ ကိုရင်လေးပါးရဲ့ နာမည်တွေကို ပြောပြပါဦး။
32,613
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
သူဌေးမကြီးက ကိုရင်လေးတွေကို ဘယ်လိုဆက်ဆံသလဲ။
32,614
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
သူဌေးမကြီးက ကိုရင်လေးတွေကို ဘာလို့ ဆွမ်းမကပ်ချင်တာလဲ။
32,615
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
ကိုရင်လေးပါးက ဘယ်လို အစွမ်းပြကြသလဲ။
32,616
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
သားတို့၊ သမီးတို့ရော ကိုရင်လေးတွေကို တွေ့ ရင် ဘယ်လိုဆက်ဆံမလဲ။
32,617
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
။ ကိုရင်ငယ်လေးပါး ဇာတ်လမ်းသရုပ်ဖော်ပုံများ။
32,618
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
֍ဇာတ်လမ်းပါ ရုပ်ပုံများပေါ် မူတည်ပြီး ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။
32,619
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
အစီအစဉ်ကျအောင် ဆရာက ဦးဆောင် ပြောပြပေးရမည်။
32,620
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
֍အုပ်စုအားလုံးကို ရုပ်ပုံတစ်ခုစီဝေပေးပြီး ၎င်းတို့ရရှိထားသော ရုပ်ပုံများ၏ အကြောင်း အရာကို အုပ်စုလိုက် စဉ်းစားတိုင်ပင်ကြပါစေ။
32,621
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
စဉ်းစားရ ခက်နေပါက ကူညီပေးရမည်။
32,622
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
֍အုပ်စုတစ်စုချင်းစီ၏ ကိုယ်စားလှယ်များက ရုပ်ပုံများကို ကိုင်ထားစေရမည်။
32,623
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
֍“ဘယ်သူကိုင်ထားတဲ့ပုံက အစ ဖြစ်မလဲ”ဟု မေးမြန်းပြီး မိမိတို့ရရှိသော ရုပ်ပုံများ အလိုက် ဇာတ်လမ်းကို အစဉ်အတိုင်း ပြည့်စုံအောင် ပြောပြကြပါစေ။
32,624
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
(အုပ်စုတစ်စု ချင်းစီက မိမိတို့ရရှိထားသော ရုပ်ပုံပါ အကြောင်းအရာများကိုသာ ပြောပြရမည်။
32,625
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
) အားလုံးပြီးသွားချိန်တွင် ဇာတ်လမ်းကို အစအဆုံး ပြောပြနိုင်သူများကို ဖိတ်ခေါ်ပါ။
32,626
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
နောက်ဆုံးတွင် ဆရာက ဇာတ်လမ်းကို ပြန်လည်ပြောပြပေးပါ။
32,627
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
။ ရဟန်းသာမဏေ တို့ရိုသေ ကဗျာ။
32,628
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
֍အောက်ပါမေးခွန်းများဖြင့် အစပျိုးပါ။
32,629
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
-ဇာတ်လမ်းမှာ ဘယ်သူတွေ ပါသလဲ။
32,630
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
-ကိုရင်တွေ၊ ဘုန်းကြီးတွေက လေးစားထိုက်သလား။
32,631
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
-ကိုရင်တွေ၊ ဘုန်းကြီးတွေကို တွေ့ ရင် ဘယ်လိုပြုမူရမလဲ။
32,632
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
ဘာတွေလုပ်ရမလဲ။
32,633
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
֍အောက်ပါကဗျာကို အမူအရာနှင့် ရွတ်ဆိုတတ်ရန် သင်ပြပေးပါ။
32,634
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
ရဟန်းသာမဏေတို့ရိုသေ
32,635
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
ဘုရားသားတော် ရဟန်းသံဃာ၊ရိုသေ လေးစားမှာ။
32,636
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
လက်အုပ်ချီကာ ဦးနှိမ်ချ၊အမြဲ ရှိခိုးကြ။
32,637
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
ငယ်စဉ်ကတည်းက ကျင့်ကြံပေ၊ထူးတဲ့ ရှင်သာမဏေ။
32,638
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
တို့တစ်တွေ ရှိခိုးလို့၊ကုသိုလ်ယူကြစို့။
32,639
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
֍နောက်ဆုံးတွင် အောက်ပါ ဆုံးမစကားများကို ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။
32,640
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
“သားတို့၊ သမီးတို့ဟာ ကြီးလာတဲ့အခါမှာ ဆရာကြီး၊ ဆရာမကြီး၊ အင်ဂျင်နီယာ၊ ဆရာဝန်တွေ ဖြစ်လာသလိုပဲ ကိုရင်လေးတွေဟာလည်း ကြီးလာရင် ဘုန်းဘုန်းတွေလို ဗုဒ္ဓသာသနာမှာ တရားတော်တွေကို ပြန့်ပွားအောင် ဆက်လက်လုပ်ဆောင်ပေးကြမယ့် သူတွေ ဖြစ်လာလိမ့်မယ်။
32,641
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
သူတို့တွေသာမရှိရင် ဗုဒ္ဓသာသနာတော်ဟာ အဆက်ပြတ် ကွယ်ပျောက်သွားနိုင်တယ်။
32,642
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်ငယ်လေးပါး (ဆရာ)
ဒါ့ကြောင့် သားတို့၊ သမီးတို့ဟာ ဘုန်းဘုန်းတွေကို ရိုသေ လေးစားသလို ကိုရင်လေးတွေကိုလည်း ရိုသေလေးစားရမယ်နော်”။
32,643
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
သင်ခန်းစာ (၁၁)
32,644
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ကိုရင်လေးရာဟုလာ
32,645
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ဘုရားရှင်သည် သားတော်ရာဟုလာကို ခုနစ်နှစ်အရွယ်မှာပင် ကိုရင်ဝတ်ပေးတော်မူခဲ့သည်။
32,646
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ကိုရင်လေးရာဟုလာသည် ဆရာများ၏ ဆုံးမစကားကို ရိုရိုသေသေ အမြဲနားထောင်တတ်သည်။
32,647
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
နေ့စဉ် အိပ်ရာထတိုင်း လက်ကလေးဖြင့် သဲကို ဆုပ်ကာ “မြတ်စွာဘုရားနှင့် ဆရာသမားတို့ထံမှ ဤသဲတစ်ဆုပ်စာ လောက်အထိ များပြားသော ဆုံးမစကားကို နာယူချင်ပါ၏” ဟု မျှော်လင့်ရှာလေသည်။
32,648
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ကိုရင်လေးရာဟုလာသည် ဘုရားသားတော်ဖြစ်သော်လည်း မာန်မာနမကြီးပေ။
32,649
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ကျောင်းဝင်း အတွင်း၌ နေ့စဉ်နေ့တိုင်း သန့်ရှင်းရေး လုပ်လေ့ရှိပါသည်။
32,650
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ကိုရင်ကလေး ရာဟုလာ
32,651
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ကိုရင်ကလေး ရာဟုလာ၊
32,652
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ဘုရားသားတော်ပါ။
32,653
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ဘုရားသားတော် ဖြစ်ပေမယ့်၊
32,654
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
မမော်ကြွားဘူးကွဲ။
32,655
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
သူ့လက်ကလေးနဲ့ သဲဆုပ်ကာ၊
32,656
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
သြဝါဒ မျှော်ရှာ။
32,657
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ဒီသဲပမာ ဩဝါဒ၊
32,658
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
ရရင် ကောင်းလေစွ။
32,659
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ
။ ။
32,660
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကိုရင်လေး ရာဟုလာ
32,661
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
။ (က) ဘုရားသားတော်များဖြစ်သော ကိုရင်လေးများ၏ တစ်နေ့တာလုပ်ငန်းများကိုသိရှိစေရန်။
32,662
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
(ခ) ကိုရင်လေးရာဟုလာ၏စိတ်နေသဘောထားနှင့်ဆုံးမစကားနာခံတတ် သော အကျင့်တို့ကို သိရှိပြီး အားကျအတုယူတတ်စေရန်။
32,663
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
။ ကိုရင်လေးရာဟုလာဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။
32,664
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
֍ကိုရင်လေးများနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းပါ။
32,665
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
-ကိုရင်လေးတွေကို တွေ့ ဖူးလား၊ ဘယ်မှာတွေ့ ဖူးလဲ။
32,666
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
-ကိုရင်လေးတွေ ဝတ်တဲ့အဝတ်နဲ့ ကလေးတို့ဝတ်တဲ့ အဝတ်တွေ တူသလား။
32,667
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကလေးများအားလုံး ပြောဆိုခွင့်ရအောင် လှုံ့ဆော်ပေးပါ။
32,668
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
֍ကလေးတို့အရွယ် ကိုရင်လေးတစ်ပါးဖြစ်သည့် “ကိုရင်လေးရာဟုလာ” ဇာတ်လမ်းကို ရုပ်ပုံများပြ၍ ပြောပြပါ။
32,669
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ရှေးအခါတုန်းက ရာဟုလာလို့ အမည်ရတဲ့ ကိုရင်လေးတစ်ပါး ရှိခဲ့ဖူးတယ်။
32,670
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
အဲဒီ ကိုရင်လေး .. ရာဟုလာဟာ မြတ်စွာဘုရားရဲ့ သားတော်ဖြစ်ပေမဲ့ မာန်မာနမကြီးဘဲ ကျောင်းဝင်းအတွင်း၌ နေ့စဉ်နေ့တိုင်း သန့်ရှင်းရေးလုပ်လေ့ရှိတယ်။
32,671
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ခုနစ်နှစ်အရွယ် ကတည်းက မြတ်စွာဘုရားရှင်က သင်္ကန်းစီးပေးပြီး ကိုရင်ဝတ်ပေးခဲ့တယ်။
32,672
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကိုရင်လေးဟာ သူများတွေထက်ပိုပြီး ဆုံးမစကားတွေကို နားထောင်လေ့ရှိတယ်။
32,673
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကျောင်းမှာလည်း ကိုယ့် ထက်ကြီးတဲ့ ဦးဇင်းတွေ၊ ကိုရင်တွေဆုံးမရင် လေးလေးစားစားနဲ့ နားထောင်လေ့ရှိတဲ့အပြင် ဆရာသမားတွေရဲ့ စကားကိုလည်း အလွန်နားထောင်တဲ့ ကိုရင်လေးတစ်ပါး ဖြစ်တယ်။
32,674
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကိုရင်လေး ရာဟုလာဟာ မနက်အိပ်ရာထတိုင်း လက်နဲ့ သဲတစ်ဆုပ်ကိုယူကာ “မြတ်စွာ ဘုရားနှင့်ဆရာသမားတို့ထံမှ ဤသဲတစ်ဆုပ်စာလောက်အထိ များပြားသော ဩဝါဒကို နာယူချင်ပါ၏”လို့ အမြဲဆုတောင်းတယ်။
32,675
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
တစ်နေ့တော့ ဆုံးမစကားဆိုရင် အမြဲနားထောင်တဲ့ ကိုရင်လေးရာဟုလာကို ဦးဇင်း တွေက စမ်းသပ်ကြတယ်။
32,676
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကိုရင်လေးရာဟုလာ လာတဲ့လမ်းမှာ အမှိုက်ခြင်းတွေ၊ တံမြက် စည်းတွေ ပစ်ချထားကြပြီးတော့ “ကိုရင်ရာဟုလာ ... ဒါတွေ ကိုရင်ပစ်ထားတာ မဟုတ် လား”လို့ မေးကြတယ်။
32,677
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ဒီတော့ ကိုရင်လေးရာဟုလာက “တပည့်တော် ပစ်ချတာမဟုတ်လို့ မသိမ်းနိုင်ပါဘူး”လို့ မပြောဘဲ သူကိုယ်တိုင် တံမြက်စည်းယူပြီး သန့်ရှင်းရေး လုပ်လိုက် တယ်။
32,678
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ဒီလောက်ထိ သည်းခံပြီး ဆုံးမစကား နားထောင်တတ်တဲ့ ကိုရင်လေးဆိုတော့ သွားလေရာမှာ သူ့ကို ချစ်ခင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေခဲ့တယ်။
32,679
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကိုရင်လေးသွားတဲ့ နေရာ တိုင်းမှာ ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုကြတယ်။
32,680
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
။ တိပလ္လတ္ထမိဂဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။
32,681
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
၈၈၊ ဇာ၊ ဋ္ဌ၊ ၁၊ ၁၇၇။
32,682
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
֍ကိုရင်လေးရာဟုလာအကြောင်း ပြောပြီးသောအခါ -
32,683
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
-အမှိုက်တွေ တွေ့ တော့ ကိုရင်လေး ဘာလုပ်သလဲ၊ သားတို့၊ သမီးတို့ရော အမှိုက်တွေ တွေ့ ရင် ကိုရင်လေးလို ကောက်ကြသလား။
32,684
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
-ဆုံးမစကားပြောတဲ့သူတွေကို ကိုရင်လေးက ချစ်သလား၊ မုန်းသလား၊ သားတို့၊ သမီးတို့ရော ကိုယ့်ကိုဆုံးမတဲ့ ဖေဖေ၊ မေမေ၊ ကိုကို၊ မမတွေကို ချစ်သလား၊ မုန်းသလား။
32,685
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
-အမှိုက်တွေ့ရင် ကောက်တတ်တဲ့ ကိုရင်လေးကို ဦးဇင်းတွေက ဘာလုပ်ကြသလဲ ဟု ကလေးများ ကိုရင်လေးရာဟုလာကို အားကျအတုယူစေနိုင်အောင် မေးခွန်းများ မေးပါ။
32,686
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
֍“အမှိုက်တွေ့ ရင် ကောက်ပြီး သန့်သန့်ရှင်းရှင်းနေတဲ့သူကို ဆရာတွေက ချစ်တယ်၊ မေမေတို့ကလည်း ချစ်တယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။
32,687
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
။ ကိုရင်လေးရာဟုလာပုံနှင့် ရောင်စုံခဲတံများ။
32,688
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကိုရင်လေးရာဟုလာ အကြောင်းကို ကလေးများ မျက်လုံးထဲ မြင်ယောင်နေအောင် ပြန်လည် ဆက်စပ်ပြောပြပါ။
32,689
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ထို့နောက် ကိုရင်လေးရာဟုလာပုံကို ဆေးရောင်ခြယ်ကြပါစေ။
32,690
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
֍ကိုရင်လေးရာဟုလာနှင့် ဆက်စပ်သော အကြောင်းအရာများကို ကျောရိုးယူ၍ ဆရာက ကိုရင်လေးရာဟုလာအကြောင်းကို ပြောပြပြီး ဆရာပြောသည့် အကြောင်းအရာကို ကလေးများက သရုပ်ဆောင်နေကြရမည်။
32,691
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကလေးများ၏ တုံ့ပြန်အဖြေများအပေါ် မူတည်၍ ဆရာက ဆက်၍ မေးပါ။
32,692
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ဥပမာ - ကိုရင်လေးရာဟုလာ ဇေတဝန်ကျောင်းတော်ကြီးထဲမှာ လမ်းလျှောက်နေတယ် (ကလေးများအားလုံး လမ်းလျှောက်နေကြရန်)။
32,693
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
လမ်းလျှောက်နေရင်း ရှေ့မှာ အမှိုက် တွေ တွေ့လို့ ကောက်လိုက်တယ် (ကလေးများ အမှိုက်ကောက်သည့်ဟန် ပြုလုပ်ကြ ရန်)။
32,694
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကိုရင်လေးဟာ အမှိုက်တွေ အများကြီး ထပ်တွေ့ တာနဲ့ တံမြက်စည်းလိုက်ရှာ တယ် (ကလေးများ တံမြက်စည်းရှာသည့်ဟန် ပြုလုပ်ကြရန်)။
32,695
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
တံမြက်စည်းတွေ့ တာနဲ့ ကိုရင်လေးဟာ ကျောင်းဝင်းထဲမှာ တံမြက်စည်းလှည်းနေတယ် (ကလေးများအားလုံး တံမြက်စည်းလှည်းသည့်ဟန် ပြုလုပ်ကြရန်)။
32,696
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကိုရင်လေးတံမြက်စည်းလှည်းနေတုန်း အသက်ကြီးတဲ့ ဘုန်းကြီးတစ်ပါးက သူ့ရှေ့ကနေ ဖြတ်လျှောက်သွားတယ်။
32,697
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
အဲဒီအခါ ကိုရင်လေးက ခေါင်းကိုညွတ်ပြီး အရိုအသေ ပြုလိုက်တယ်။
32,698
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ကိုရင်လေးရာဟုလာဟာ သူ့ကို လာရောက်ဆုံးမရင် အလွန်သဘောကျတယ်။
32,699
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ဆုံးမစကားပြောသူတွေကို မမုန်း တဲ့အပြင် ဆုတောင် တောင်းလိုက်သေးတယ်။
32,700
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
ကိုရင်လေးရာဟုလာ -ဆရာ
ဆုတောင်းဖို့အတွက် ကိုရင်လေးဟာ မြေကြီးပေါ်က သဲတွေကို လက်နဲ့ ဆုပ်လိုက်တယ်။