id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
32,701 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ငါ့ကို ဆုံးမမယ့်သူများ ဒီသဲလုံး တွေလို များပါစေလို့ ဆုတောင်းလိုက်တယ် စသည်ဖြင့် ဖန်တီးပြုလုပ်ကာ ပြောပြနိုင် သည်။ |
32,702 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ֍ထို့နောက် ဆရာက ကလေးများအား အောက်ပါမေးခွန်းများကို မေးပါ။ |
32,703 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | -“ကိုရင်လေးတွေနဲ့ စကားပြောဖူးသလား။ |
32,704 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ကိုရင်လေးတွေကို ကလေးတို့က ဘယ် လို ခေါ်သလဲ”-“ကိုရင်က ခေါ်ရင်ရော ဘယ်လို ထူးသလဲ”ဟုမေးပြီး ကိုရင်လေးများသည် ဘုရား၏ သားတော်လေးများဖြစ်ကြောင်းနှင့် ယဉ်ယဉ်ကျေးကျေး၊ လေးလေးစားစား ကောင်းကောင်းမွန်မွန် ပြောဆိုရမည်ဖြစ်ကြောင်းပြောပြ၍ ကလေးများအား နှစ်ယောက်တစ်ဖွဲ့ လေ့ကျင့်ပါစေ။ |
32,705 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ဥပမာ။ ။ |
32,706 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ကိုရင်လေးက “ဒကာလေး မောင်မောင်/ဒကာမလေး နီနီ”လို့ ခေါ်ရင် လက်အုပ်ချီကာ “အရှင်ဘုရား” “ဘုရား”ဟု ထူးရကြောင်း ပြောပါ။ |
32,707 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ֍ကိုရင်လေးက တစ်ခုခုပေးလျှင်သော်လည်းကောင်း၊ ခိုင်းလျှင်သော်လည်းကောင်း “တင် ပါ့ဘုရား” “မှန်ပါ့ဘုရား” ဟု ပြန်ပြောရမည်ဖြစ်ကြောင်း၊ ကိုရင်လေးနှင့် စကားပြောလျှင် “ကိုရင်လေး” ဟု ရိုရိုသေသေ ခေါ်ရမည်ဖြစ်ကြောင်း ပြောပြပါ။ |
32,708 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ။ ကိုရင်ကလေး ရာဟုလာကဗျာ၊ ကိုရင်လေးရာဟုလာပုံ၊ ဆရာသမားများ ရှေ့တွင် ဦးညွတ်သွားနေပုံ၊ ဆုတောင်းနေပုံ၊ တံမြက်စည်းလှည်းပြီး အမှိုက်သိမ်းနေပုံ။ |
32,709 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ֍ပထမဦးစွာ ဆရာက အောက်ပါ “ကိုရင်ကလေး ရာဟုလာ”ကဗျာကို အသံနေ အသံထားဖြင့် အလွတ်ရသည်အထိ ရွတ်ဆိုကြပါစေ။ |
32,710 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ကိုရင်ကလေး ရာဟုလာ၊ဘုရားသားတော်ပါ။ |
32,711 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ဘုရားသားတော် ဖြစ်ပေမဲ့၊မမော်ကြွားဘူးကွဲ့။ |
32,712 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | သူ့လက်ကလေးနဲ့ သဲဆုပ်ကာ၊ဩဝါဒ မျှော်ရှာ။ |
32,713 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ဒီသဲပမာ ဩဝါဒ၊ရရင် ကောင်းလေစွ။ |
32,714 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ֍ကဗျာရွတ်ပြီးသောအခါ ရုပ်ပုံများကို အခန်းနံရံများတွင် ကပ်ထားပါ။ |
32,715 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ရုပ်ပုံများ၏ အဓိပ္ပာယ်ကို ရှင်းပြပါ။ |
32,716 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ֍ထို့နောက် ကလေးများကို အုပ်စု (၄) စု ဖွဲ့ပြီး အုပ်စုတစ်စုစီမှ တစ်ယောက်စီ ထွက်စေ ၍ ဆရာရှေ့တွင် ညီညီညာညာ ရပ်နေစေကာ ဆရာက ရုပ်ပုံတစ်ခုအမည်ကို ပြောပေး ပါ။ |
32,717 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ကလေးများက ထိုရုပ်ပုံရှိရာသို့ ခုန်ဆွခုန်ဆွဖြင့် သွားရပ်နေရမည်။ |
32,718 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ပထမဆုံး ရောက်သော အုပ်စုကို အနိုင်ပေးပါ။ |
32,719 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးရာဟုလာ -ဆရာ | ֍ဆရာက ကိုရင်လေးများသည် ဘုရား၏ သားတော်လေးများဖြစ်ပြီး ဘုရားစကားကို လိုက်နာနေထိုင်သူများဖြစ်၍ သူတို့ကို ရိုရိုသေသေ ဆက်ဆံပြောဆိုရမည်ဖြစ်ကြောင်း၊ ကိုရင်လေးရာဟုလာကဲ့သို့ မိဘ၊ ဆရာစကား နားထောင်ပြီး လိမ္မာယဉ်ကျေးစွာ ပြုမူ နေထိုင်ရမည်ဖြစ်ကြောင်း ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။ |
32,720 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | မြတ်စွာဘုရား လက်ထက်တော်အခါက ခုနစ်နှစ်အရွယ် ကိုရင်လေးတစ်ပါး ရှိခဲ့သည်။ |
32,721 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | သူ၏ဘွဲ့မှာ ရှင်သုမနဖြစ်သည်။ |
32,722 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | သူသည် ဆရာနှင့်အတူ ခရီးထွက်လာရာ တောကျောင်းတစ်ကျောင်းတွင် ညအိပ် ခဲ့ကြသည်။ |
32,723 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | ညအချိန်တွင် ဆရာသည် တရားအားထုတ်ရင်း လေနာရောဂါဖြစ်လာသည်။ |
32,724 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | ကိုရင်လေးသည် လေနာရောဂါ ပျောက်ကင်းနိုင်သော ဆေး ရှိ၊ မရှိ ဆရာအား မေးမြန်းလေသည်။ |
32,725 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | ဆရာက ဒေါသ အလွန်ကြီးသော နဂါးမင်းကြီးစောင့်သည့် ရေအိုင်မှ ရေကို ရပါက ပျောက်ကင်းနိုင်ကြောင်း ပြောလေသည်။ |
32,726 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | ထို့ကြောင့် ကိုရင်လေးသည် နဂါးမင်းကြီး၏ ရေအိုင်သို့ ကြွသွားပါသည်။ |
32,727 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | နဂါးမင်းကြီးက သူ၏ ပါးပျဉ်းကြီးဖြင့် ရေအိုင်တစ်ခုလုံးကို ဖုံးထားသည်။ |
32,728 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | ကိုရင်လေးက ဆရာကို ဆေးကုဖို့ ရေတစ်အိုးစာလောက် ယူခွင့်ပြုပါရန် နဂါးမင်းကြီးကို ခွင့်တောင်းသည်။ |
32,729 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | နဂါးမင်းကြီးက “ကိုရင်... သင့်မှာ အစွမ်းအစရှိရင် ရအောင် ယူပါ”ဟု ဆိုလေသည်။ |
32,730 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | ထိုအခါ ကိုရင်လေးသည် သူ၏ ခန္ဓာကိုယ်ကို တန်ခိုးဖြင့် ကြီးမားအောင် ဖန်ဆင်းပြီး နဂါးမင်းကြီး၏ ပါးပျဉ်းပေါ်ကို တက်နင်းလိုက်လေသည်။ |
32,731 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | နဂါးမင်းကြီးသည် ခေါင်းငိုက်စိုက်ကျသွားပြီး ပါးပျဉ်းအောက်မှ ရေများ ပန်းထွက်လာရာ ကိုရင်လေးက အိုးဖြင့် ခံယူလိုက်သည်။ |
32,732 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | ကိုရင်လေး သယ်ဆောင်လာခဲ့သော ရေကို သောက်သုံးပြီး ဆရာ၏ လေနာ ရောဂါ သက်သာပျောက်ကင်းသွားခဲ့သည်။ |
32,733 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | ကိုရင်လေးသုမန | ထိုအခါ ဆရာတပည့်နှစ်ပါးတို့သည် မြတ်စွာဘုရား ကျောင်းတော်သို့ ဆက်လက်ထွက်ခွာခဲ့ကြလေသည်။ |
32,734 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | သင်ခန်းစာ (၁၇) |
32,735 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင်လေး သုမန |
32,736 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ။ ကိုရင်လေး သုမနကို အားကျအတုယူတတ်စေရန်။ |
32,737 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ။ ပထမတန်းမှ ကိုရင်လေးရာဟုလာ သင်ခန်းစာ၊ ကိုရင်ကလေး ရာဟုလာကဗျာ။ |
32,738 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍“သားတို့၊ သမီးတို့ကို ပထမတန်းတုန်းက သင်ခဲ့ပြီးတဲ့ ကိုရင်လေးရာဟုလာအကြောင်း ကို မှတ်မိတဲ့သူရှိလား”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။ |
32,739 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ပထမတန်းမှ ကိုရင်လေး ရာဟုလာ သင်ခန်းစာကို ကြိုတင် ဖတ်ရှုထားရမည်။ |
32,740 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍ကလေးများမှတ်မိသလောက် ပြောပြကြပါစေ။ |
32,741 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကလေးများမေ့နေလျှင် ဆရာက ပြန်လည် ပြောပြပါ။ |
32,742 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍သင်ခန်းစာတွေကို ပြန်နွေးပြီးလျှင် အောက်ပါမေးခွန်းများကို မေးပါ။ |
32,743 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -သားတို့၊ သမီးတို့ ကိုရင်လေးတွေကို တွေ့ ဖူးကြလား။ |
32,744 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -ဘယ်နေရာမှာ တွေ့ ဖူးကြလဲ။ |
32,745 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -ကိုရင်လေးတွေ ဘယ်လိုနေထိုင် သွားလာကြသလဲ။ |
32,746 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍ကလေးများသိသမျှ ဖြေတတ်သလိုဖြေကြပါစေ။ |
32,747 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍နောက်ဆုံးတွင် အောက်ပါ ကိုရင်ကလေး ရာဟုလာ ကဗျာကို ပြန်လည်ရွတ်ဆိုကြပါစေ။ |
32,748 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင်လေး သုမန ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။ |
32,749 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍“ဆရာအပေါ်မှာ အလွန်သိတတ်ပြီး ဆရာကို ကူညီလုပ်ကိုင်ပေးတတ်တဲ့ ကိုရင်လေး လိုအပ်သောနေရာများတွင် တစ်ပါးအကြောင်းကို ပြောပြပေးမယ်နော်”ဟု အစချီကာ အောက်ပါ ကိုရင်လေး သုမန ရုပ်ပုံများကိုသုံး၍ ပြောပါ။ |
32,750 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | အကြောင်းကို ပြောပြပါ။ |
32,751 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | လိုအပ်သောနေရာများတွင် ရုပ်ပုံများကိုသုံး၍ ပြောပါ။ |
32,752 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ရှင်သုမနလို့ ခေါ်တဲ့ခုနစ်နှစ် အရွယ် ကိုရင်လေးတစ်ပါး ရှိတယ်။ |
32,753 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | တစ်နေ့မှာ ကိုရင်လေးဟာ သူ့ရဲ့ ဆရာတော်နဲ့အတူ မြတ်စွာဘုရားရှင်ကို ဖူးမြော်ဖို့ ခရီးထွက်လာကြတယ်။ |
32,754 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | တောကျောင်းလေးတစ်ကျောင်းကို တွေ့တဲ့အခါ ဆရာတပည့်နှစ်ယောက် အဲဒီကျောင်းမှာ ညအိပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ |
32,755 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ဆရာတော်က တစ်ညလုံးမအိပ်ဘဲ လမ်းလျှောက်ပြီး တရားရှုမှတ်နေခဲ့တယ်။ |
32,756 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | အဲဒီ အခါမှာပဲ ပြင်းထန်တဲ့ လေနာရောဂါဝေဒနာ ခံစားခဲ့ရတယ်။ |
32,757 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင်လေး သုမနက သူ့ရဲ့ ဆရာတော် ရောဂါခံစားနေရတာကို စိုးရိမ်စိတ်နဲ့ “ဆရာတော်ဘုရား၊ လေနာရောဂါ အတွက် အရင်က ဘယ်လိုဆေးတွေ ဘုဉ်းပေးခဲ့ပါသလဲဘုရား”လို့ လျှောက်တယ်။ |
32,758 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ဆရာ တော်က “နဂါးမင်းကြီးစောင့်တဲ့ ရေအိုင်ကရေနဲ့ ပျောက်ဖူးပါတယ်၊ ဒါပေမဲ့ ကိုရင်လေး ... အဲဒီနဂါးမင်းကြီးဟာ ဒေါသအလွန်ကြီးတယ်။ |
32,759 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | သူ့အိုင်ထဲကရေကို လွယ်လွယ်နဲ့ မပေး တတ်ဘူး။ |
32,760 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင်လေး စွမ်းနိုင်မယ်ဆိုရင် နဂါးမင်းဆီက ခွင့်တောင်းပြီး ရေကိုယူခဲ့ပါ”လို့ မှာလိုက်တယ်။ |
32,761 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင်လေးဟာ နဂါးမင်းကြီးနေတဲ့ ရေအိုင်ကို တန်ခိုးနဲ့ ကြွသွားတယ်။ |
32,762 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | နဂါးမင်း ကြီးက သူ့ခေါင်းပေါ်ကနေ ကိုရင်လေး ဖြတ်သွားတာ မြင်လိုက်ရတော့ စိတ်ဆိုးသွားတယ်။ |
32,763 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ဒါ့ကြောင့် ကိုရင်လေး ရေယူလို့မရအောင် သူ့ရဲ့ ပါးပျဉ်းကြီးနဲ့ ရေအိုင်တစ်ခုလုံးကို ဖုံးထား လိုက်တယ်။ |
32,764 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင်လေးသုမနက “နဂါးမင်းကြီး၊ ကိုရင့်ဆရာကို ဆေးကုဖို့အတွက် ရေလာ တောင်းတာပါ။ |
32,765 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ရေတစ်အိုးစာလောက်ပေးပါ”လို့ ပြောတယ်။ |
32,766 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | နဂါးကြီးက “ကိုရင် သင့်မှာ အစွမ်းအစရှိရင် ရေကိုယူပါ”လို့ ပြန်ပြောတယ်။ |
32,767 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ဒါကြောင့် ကိုရင်လေးက တန်ခိုးနဲ့ ခန္ဓာ ကိုယ်အကြီးကြီး ဖန်ဆင်းလိုက်ပြီး နဂါးကြီးရဲ့ ပါးပျဉ်းပေါ် တက်နင်းလိုက်တယ်။ |
32,768 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | နဂါးမင်း ကြီး ခေါင်းငိုက်စိုက်ကျသွားပြီး ပါးပျဉ်းအောက်ကနေ ရေတွေ ပန်းထွက်လာတယ်။ |
32,769 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင် လေးဟာ ကောင်းကင်ကနေ ရေအိုးပြည့်အောင် ရေကို ခံယူလိုက်တယ်။ |
32,770 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင်လေးဟာ သူ့ဆရာရဲ့ဝေဒနာကို ပျောက်စေချင်လွန်းတဲ့အတွက် အခက်အခဲကြားကနေ ရအောင် ကြိုးစားပြီး ယူခဲ့ပါတယ်။ |
32,771 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင်လေးသုမန ရေကိုယူပြီး ကျောင်းကို ပြန်သွားတဲ့အခါ နဂါးမင်းကြီးက နောက်မှလိုက်လာပြီး “ဆရာတော်ဘုရား ရေကို မသောက်ပါနဲ့၊ ကိုရင်က တပည့်တော် မပေးဘဲနဲ့ ရေကို လုယူသွားတာပါ”လို့ ပြောတယ်။ |
32,772 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင်လေးကလည်း “စွမ်းနိုင်ရင် ယူပါ လို့ နဂါးမင်းက ပြောလို့ယူခဲ့တာပါ”လို့ ပြန်ပြောပြတယ်။ |
32,773 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ကိုရင်လေး မဟုတ်မမှန် မပြော တတ်မှန်း သိတာကြောင့် ဆရာတော်က ရေကို သောက်လိုက်ပါတယ်။ |
32,774 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | သောက်ပြီးပြီးချင်း လေနာရောဂါ ပျောက်ကင်းသွားပါတော့တယ်။ |
32,775 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ဆရာတော်ကလည်း ဆရာအပေါ်မှာ သိတတ်လွန်းတဲ့ ကိုရင်လေးသုမနအတွက် ဂုဏ်ယူနေပါတယ်။ |
32,776 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ဒီလိုနဲ့ပဲ ဆရာတော်နဲ့ ကိုရင်လေးသုမနတို့ ဆရာတပည့်နှစ်ဦးဟာ မြတ်စွာဘုရားကျောင်းတော်ကို ခရီးဆက် ထွက်ခဲ့ကြပါတယ်။ |
32,777 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ။ သုမနသာမဏေ။ |
32,778 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ဓမ္မပဒဝတ္ထု မြန်မာပြန်၊ ပဉ္စမတွဲ။ |
32,779 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ၁၂၃၊ ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၃၈၂။ |
32,780 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများ မေးပါ။ |
32,781 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -ဒီဇာတ်လမ်းထဲမှာပါတဲ့ ကိုရင်လေးနာမည်က ဘယ်သူလဲ။ |
32,782 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -ကိုရင်လေးတို့ ဆရာတပည့်နှစ်ဦး ဘယ်ကိုသွားတာလဲ။ |
32,783 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -ကိုရင်လေးရဲ့ ဆရာက ဘာရောဂါဖြစ်တာလဲ။ |
32,784 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -ကိုရင်လေးက နဂါးမင်းကြီးဆီက ရေကို ဘယ်လိုယူခဲ့တာလဲ။ |
32,785 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -ကိုရင်လေး ရေရလာတာဟာ ဘာကြောင့်လို့ထင်လဲ။ |
32,786 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | (ကြိုးစားမှု)-သားတို့၊ သမီးတို့ဆိုရင်ရော ဆရာတွေကို ဘယ်လိုကူညီပေးချင်ကြလဲ။ |
32,787 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ။ ကိုရင်လေး သုမန ဇာတ်လမ်းပါ ဖြတ်ဆက်ပြုလုပ်ရန် ရုပ်ပုံများ။ |
32,788 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍ရုပ်ပုံအရေအတွက်ပေါ် မူတည်၍ အုပ်စုဖွဲ့ကာ ရုပ်ပုံဖြတ်ဆက် ပြုလုပ်ကြပါစေ။ |
32,789 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍ဖြတ်ဆက်ပြီးသောအခါ တစ်ဖွဲ့ချင်းစီမှ ရုပ်ပုံပါအကြောင်းအရာများကို အစဉ်အလိုက် ရှင်းပြကြပါစေ။ |
32,790 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍နောက်ဆုံးတွင် ဆရာက ဇာတ်လမ်းအစမှအဆုံးကို အနှစ်ချုပ် ပြောပြပေးပါ။ |
32,791 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို ပြန်လည်စတင်ပါ။ |
32,792 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -ကိုရင်လေးတွေကို ဘာဖြစ်လို့ ရိုသေရတာလဲ။ |
32,793 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -ကိုရင်နဲ့ လူ ဘာကွာခြားသလဲ။ |
32,794 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | -ကိုရင်တွေက ဘာတွေလုပ်ရလဲ။ |
32,795 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | (ဆွမ်းခံရတယ်၊ ဘုရားရှိခိုးရတယ်၊ တရားထိုင်ရတယ် ... စသည်ဖြင့်။ |
32,796 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ) ֍ကလေးများပါဝင်ဖြေဆိုပြီးပါက ဒုတိယတန်း၊ သင်ခန်းစာ (၁၃) တွင် သင်ခဲ့ပြီး သော အောက်ပါကဗျာကို အမူအရာနှင့် ရွတ်ဆိုကြပါစေ။ |
32,797 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ဘုရားသားတော် ရဟန်းသံဃာ၊ရိုသေလေးစားမှာ။ |
32,798 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | လက်အုပ်ချီကာ ဦးနှိမ်ချ၊အမြဲရှိခိုးကြ။ |
32,799 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | ကိုရင်လေးသုမန (ဆရာ) | ֍ကဗျာရွတ်ဆိုပြီးပါက ကဗျာ၏အဓိပ္ပာယ်ကို ရှင်းလင်း၍ အနှစ်ချုပ်ပေးပါ။ |
32,800 | ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ် | ကိုရံသူကြီးကျောင်း ကျောက်စာ | ၄ ...“ဤ ၅ ငအလှူကိုဝ် ဖျက်သသူကာ မ္လေပုံလုံ ကြုံမကသဖုရာတိုဝ် |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.