id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
32,801
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကိုရံသူကြီးကျောင်း ကျောက်စာ
၆ နှိုက်လေ မက္လွတ်စေသတေ၊ အဝိစိလျှင် က္လလေစေသေး
32,802
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကိုရံသူကြီးကျောင်း ကျောက်စာ
၇ တ၊ လူဖ္လစ်သောလေ စာရခဲ ဝတ်ရခဲသော လူပြိတ္တာလျှင်
32,803
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကိုရံသူကြီးကျောင်း ကျောက်စာ
၈ ဖ္လစ်စေသတေ၊ ခီပင်သသူကိုဝ်ရံသူကြီ ကိုဝ်ရံအသည် စသော ကို
32,804
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကိုရံသူကြီးကျောင်း ကျောက်စာ
၉ ဝ်ရံစခီ လေသောင်စခီတိုဝ်ကာ ငာနှင်ထပ်တူ ရစပါစေကုန်
32,805
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကိုရံသူကြီးကျောင်း ကျောက်စာ
၁၀ သတေ၊ ၊”
32,806
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကိုရံသူကြီးကျောင်း ကျောက်စာ
[ဤငါ့အလှူကို ဖျက်သသူကား မြေပုံလုံး ကျုံးမကသော ဘုရားတို့၌လည်း မကျွတ်စေသတည်း။
32,807
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကိုရံသူကြီးကျောင်း ကျောက်စာ
အဝီစိလျှင် ကျလေစေသတည်း။
32,808
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကိုရံသူကြီးကျောင်း ကျောက်စာ
လူဖြစ်သောလည်း စားရခဲ ဝတ်ရခဲ သောလူပြိတ္တာလျှင် ဖြစ်စေသတည်း။
32,809
ကျောက်စာများ, မြန်မာဘာသာ, ပင်းယခေတ်
ကိုရံသူကြီးကျောင်း ကျောက်စာ
ချီးပင့်သသူ ကိုရံသူကြီး၊ ကိုရံအသည် စသော ကိုရံစာချီ၊လေးသောင်းစာချီတို့ကား ငါနှင့်ထပ်တူ ရစပါစေကုန် သတည်း။
32,810
Uncategorized
ကိုးကွယ်ရာဟူသည်
ကိုးကွယ်ရာဟူသည်
32,811
Uncategorized
ကိုးကွယ်ရာဟူသည်
အခန်း (၁) အနာထမရဏပိုင်း
32,812
Uncategorized
ကိုးကွယ်ရာဟူသည်
ဘုရားရှင်သည် အင်္ဂုတ္တရနိကာယ် ဒသကနိပါတ်တော်၌ ---
32,813
Uncategorized
ကိုးကွယ်ရာဟူသည်
၁။ ပထမနာထသုတ္တန် (အံ၊၃၊၂၇၅-၂၇၆။
32,814
Uncategorized
ကိုးကွယ်ရာဟူသည်
ဒုတိယနာထသုတ္တန် (အံ၊၃၊၂၇၆-၂၇၉။
32,815
Uncategorized
ကိုးကွယ်ရာဟူသည်
) -- ဟု နာထသုတ္တန် နှစ်ခုတို့ကို ဟောကြားထားတော်မူခဲ့၏။
32,816
Uncategorized
ကိုးကွယ်ရာဟူသည်
သုတ္တန်ကို ဘုရားရှင်က ဤသို့ နိဒါန်းပျိုးထားတော်မူ၏။
32,817
Uncategorized
ကိုးကွယ်ရာဟူသည်
သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာ အနာထာ၊ ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ။
32,818
Uncategorized
ကိုးကွယ်ရာဟူသည်
(အံ၊၃၊၂၇၅။
32,819
Uncategorized
ကိုးကွယ်ရာဟူသည်
) ရဟန်းတို့ ...မှီခိုအားထားရာ နာထတရား ထင်ရှား ရှိကုန်လျက် နေထိုင်ကြပါ၊ မှီခိုအားထားရာ နာထတရား ထင်ရှား မရှိကုန်ဘဲ မနေထိုင်ကြ ပါကုန်လင့်။
32,820
Uncategorized
ကိုးကွယ်ရာဟူသည်
ရဟန်းတို့ ...မှီခိုအားထားရာ နာထတရား ထင်ရှား မရှိသော ပုဂ္ဂိုလ်သည် ဆင်းဆင်းရဲရဲ နေထိုင်ရ၏။
32,821
Uncategorized
ကိုးကွယ်ရာဟူသည်
-- ဤသို့ စသည်ဖြင့် တရားတော်ကို နိဒါန်းပျိုးထားတော်မူ၏။
32,822
Uncategorized
ကိုးကွယ်ရာဟူသည်
မှီခိုအားထားရာ နာထတရား ထင်ရှား မရှိဘဲ နေထိုင်သူ (အနာထ ပုဂ္ဂိုလ်) သည် ဆင်းဆင်းရဲရဲ နေထိုင်ရရုံတွင်သာမက ဆင်းဆင်းရဲရဲလည်း သေကျေပျက်စီးရတတ်၏။
32,823
Uncategorized
ကိုးကွယ်ရာဟူသည်
ဤနေရာတွင် အနာထမရဏ (= မှီခိုအားထား ရာမဲ့ သေကျေပျက်စီးရပုံ)အကြောင်းကို ရှေးဦးစွာ တင်ပြလိုပေသည်။
32,824
Uncategorized
ကိုးကွယ်ရာဟူသည်
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များကို လေ့လာကြည့်ရှုလိုက်သည့်အခါ အနာထမရဏ (= မှီခိုအားထားရာမဲ့ သေကျေပျက်စီးရပုံ)အကြောင်း နှင့် ဆက်စပ်၍ ဟောကြားထားတော်မူသည့် ဇာတ်တော်အချို့ကို တွေ့ရ၏။
32,825
Uncategorized
ကိုးကွယ်ရာဟူသည်
ထိုဇာတ်တော်များထဲမှ ရှေးဦးစွာ ဓမ္မဓဇဇာတ်တော်အကြောင်းကို ဆွေးနွေး တင်ပြလိုပေသည်။
32,826
Uncategorized
ကိုးကွယ်ရာဟူသည်
ဓမ္မဓဇဇာတ်တော်၌ လာရှိသော အနာထမရဏ
32,827
Uncategorized
ကိုးကွယ်ရာဟူသည်
ဧဝံ သန္တေ ပရေသံ ဟတ္ထေ မရဏတော အရညေ အနာထမရဏမေဝ ဝရတရံ။
32,828
Uncategorized
ကိုးကွယ်ရာဟူသည်
(ဇာ၊ဋ္ဌ၊၂၊၁၇၄။
32,829
Uncategorized
ကိုးကွယ်ရာဟူသည်
) = ဤသို့ ဖြစ်လတ်သော် သူတစ်ပါးတို့၏ လက်တွင်း၌ သေကျေပျက်စီး ရခြင်းထက် တောထဲ၌ မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း (အနာထမရဏ)ကသာလျှင် သာလွန်၍ မြင့်မြတ်သေး၏။
32,830
Uncategorized
ကိုးကွယ်ရာဟူသည်
) ဤစကားရပ်ကား ဘုရားအလောင်းတော် ဓမ္မဓဇပုရောဟိတ်ပုဏ္ဏားကြီး၏ စဉ်းစားတွေးတောခန်း တစ်ခု ဖြစ်၏။
32,831
Uncategorized
ကိုးကွယ်ရာဟူသည်
လွန်လေပြီးသော အတိတ်ဘဝတစ်ခုဝယ် ဗာရာဏသီပြည်၌ ယသပါဏိအမည်ရှိသော ရှင်ဘုရင်တစ်ဦးက တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်ခဲ့၏။
32,832
Uncategorized
ကိုးကွယ်ရာဟူသည်
ထိုရှင်ဘုရင်၏ စစ်သူကြီးကား ကာဠက အမည် ရှိ၏။
32,833
Uncategorized
ကိုးကွယ်ရာဟူသည်
အရှင်ဒေဝဒတ် အလောင်းလျာပင်တည်း။
32,834
Uncategorized
ကိုးကွယ်ရာဟူသည်
ဘုရားအလောင်းတော်ကား ဓမ္မဓဇအမည်ရသည့် မင်းဆရာ ပုရောဟိတ်ပုဏ္ဏားကြီး ဖြစ်ခဲ့၏။
32,835
Uncategorized
ကိုးကွယ်ရာဟူသည်
ရှင်ဘုရင်ကြီး၏ ဆံမုတ်ဆိတ်ကို သန့်ရှင်းပေးရသူ ဆတ္တပါဏိ အမည်ရှိသော လုလင်သည်ကား ဘုရားအလောင်းတော်၏ ပါရမီဖြည့်ဖက် မိတ်ဟောင်းကြီး အရှင်သာရိပုတ္တရာ အလောင်းလျာပင်တည်း။
32,836
Uncategorized
ကိုးကွယ်ရာဟူသည်
ရှင်ဘုရင်ကြီးကား တရားသော နည်းလမ်းဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေ သူ တရားမင်းကြီး တစ်ဦးပင် ဖြစ်၏။
32,837
Uncategorized
ကိုးကွယ်ရာဟူသည်
သို့သော် ကာဠကစစ်သူကြီးက တံစိုး လက်ဆောင် စားကာ တရားစီရင်တတ်သူဖြစ်သဖြင့် တိုင်းသူပြည်သားတို့က မကျေနပ်ကြပေ။
32,838
Uncategorized
ကိုးကွယ်ရာဟူသည်
တရားရှုံးသူ တစ်ဦးက ငိုယိုကာ တိုင်တန်းသဖြင့် ဘုရား အလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးက အမှုတွဲကို ပြန်လည်စစ်ဆေးကာ တရားမှန်အတိုင်း အဆုံးအဖြတ် ပြန်၍ ပေးလိုက်၏။
32,839
Uncategorized
ကိုးကွယ်ရာဟူသည်
တိုင်းသူပြည်သားတို့က ကောင်းချီးပေးကြ၏။
32,840
Uncategorized
ကိုးကွယ်ရာဟူသည်
ဤကောင်းချီးပေးသံကား အလွန်ကျယ်လောင်သည့် အသံ ဖြစ်သဖြင့် ရှင်ဘုရင်ကြီး သိသွား၏။
32,841
Uncategorized
ကိုးကွယ်ရာဟူသည်
အကျိုးအကြောင်း အစုံအလင်ကို လည်း ကုန်စင်အောင် သိသွားတော်မူခဲ့သည့်အတွက် --- ဤနေ့မှ စ၍ သင်သည်သာလျှင် တရားစီရင်ပါ၊ ငါရှင်ဘုရင်၏ နားလည်း ချမ်းသာပေလိမ့် မည်၊ လူအပေါင်း၏ ကြီးပွားတိုးတက်မှုလည်း ဖြစ်ပေါ်လာပါလိမ့်မည်ဟု ပြောဆိုကာ ရှင်ဘုရင်က တာဝန်ပေးအပ်လိုက်၏။
32,842
Uncategorized
ကိုးကွယ်ရာဟူသည်
ဤအချက်ကား ဘုရားအလောင်းတော် ပုရောဟိတ်ပုဏ္ဏားကြီးအပေါ်၌ ကာဠကစစ်သူကြီးက ရန်ငြိုးဖွဲ့ရန် အလွန်ကောင်းသည့် အကြောင်းခြင်းရာတစ်ခု ဖြစ်သွား၏။
32,843
Uncategorized
ကိုးကွယ်ရာဟူသည်
ဤရန်ငြိုးဖွဲ့မှုကို အခြေခံကာ ယသပါဏိမင်းအား ကာဠကစစ်သူကြီးက ဓမ္မဓဇပညာရှိသည် မင်းစည်းစိမ်ကို လိုလားတောင့်တလျက်ရှိကြောင်းကို နည်းအမျိုးမျိုးဖြင့် ကုန်းတိုက်စကား ပြောကြားလာ၏။
32,844
Uncategorized
ကိုးကွယ်ရာဟူသည်
တရားစီရင်ရာအရပ်၌ တည်ရှိစုရုံးနေသော ပရိသတ်ကို ဓမ္မဓဇ၏ ပရိသတ်အဖြစ် တင်ပြလာ၏။
32,845
Uncategorized
ကိုးကွယ်ရာဟူသည်
ရှင်ဘုရင်ကလည်း ကုန်းတိုက်ပါ များလာသောအခါ ကာဠကစစ်သူကြီး၏ စကားကို ယုံကြည်လာ၏။
32,846
Uncategorized
ကိုးကွယ်ရာဟူသည်
မစွမ်းဆောင်နိုင်သော လုပ်ငန်းရပ် တစ်ခုကို ပြုလုပ်ခိုင်းကာ မပြုလုပ်နိုင်ပါက သေဒဏ်ချမှတ်ရန် ရှင်ဘုရင်ကြီးအား ကာဠကက တင်ပြလာ၏။
32,847
Uncategorized
ကိုးကွယ်ရာဟူသည်
ရှင်ဘုရင်ကလည်း သဘောတူညီလိုက်၏။
32,848
Uncategorized
ကိုးကွယ်ရာဟူသည်
နံပါတ်တစ်အဖြစ်၊ ကာဠက၏ အကြံပေးချက်အတိုင်း ရှင်ဘုရင်ကြီးက နက်ဖြန်ခါတွင် ဥယျာဉ်ကစားလိုသဖြင့် ဥယျာဉ်တစ်ခုကို ဖန်ဆင်းပေးရန် ဓမ္မဓဇပညာရှိအား ခိုင်းစေလိုက်၏။
32,849
Uncategorized
ကိုးကွယ်ရာဟူသည်
အကယ်၍ ဖန်ဆင်း မပေးနိုင်ပါက သေဒဏ်အမိန့်ပေးမည့် အကြောင်းကိုလည်း ပြောကြားလိုက်၏။
32,850
Uncategorized
ကိုးကွယ်ရာဟူသည်
စွမ်းနိုင်ပါက ဥယျာဉ်ကြီးတစ်ခု ဖြစ်ပေါ်လာတာကို သိရှိရပါလိမ့်မည် ဟု ပြောဆိုကာ ဓမ္မဓဇပညာရှိလည်း အိမ်သို့ ပြန်သွားခဲ့၏။
32,851
Uncategorized
ကိုးကွယ်ရာဟူသည်
ကောင်းမွန်သော ဘောဇဉ်များကို စားသုံးပြီးနောက် ဥယျာဉ်အကြောင်းကို ကြံစည်စဉ်းစားလျက် အိပ်ရာထက်၌ အိပ်စက်ခဲ့၏။
32,852
Uncategorized
ကိုးကွယ်ရာဟူသည်
ထည်ဝါခန့်ငြားသည့် မင်းဥယျာဉ်တော် တစ်ခု ဟူသည် မြေဆီ မြေနှစ် ပြည့်နှက်လျက်ရှိသော မြေပြင်၌ စိုက်ပျိုးပြီးကာ ပြုစုလုပ်ကျွေးနိုင်ပါမှ သုံးလေးနှစ်ကြာမှ အသီးအပွင့်ကို ပေးနိုင်သည့်သဘော ရှိ၏။
32,853
Uncategorized
ကိုးကွယ်ရာဟူသည်
နက်ဖြန်တွင် အပြီး ဖန်ဆင်းတည်ထောင်ရန်မှာကား မဖြစ်နိုင်သည့် သဘောသာ ရှိခဲ့၏။
32,854
Uncategorized
ကိုးကွယ်ရာဟူသည်
မစွမ်းဆောင်နိုင်သည့် လုပ်ငန်းရပ်ကိုသာ တမင် ရွေးချယ်၍လည်း ခိုင်းစေခြင်း ဖြစ်၏။
32,855
Uncategorized
ကိုးကွယ်ရာဟူသည်
သို့သော် ကံတရားကား လက်ပိုက်၍ ကြည့်မနေတတ်ပေ။
32,856
Uncategorized
ကိုးကွယ်ရာဟူသည်
ဘုရားအလောင်းတော်၏ ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော်တို့၏ စွမ်းအား, ဆောက်တည်ကျင့်သုံးနေဆဲဖြစ်သော သီလတော်၏ စွမ်းအားကား ကြီးမားလှပေ၏။
32,857
Uncategorized
ကိုးကွယ်ရာဟူသည်
အကြောင်းကား ဤသို့ ဖြစ်လာပြန်၏။
32,858
Uncategorized
ကိုးကွယ်ရာဟူသည်
ဘုရားအလောင်းတော်၏ သီလတန်ခိုးအာနုဘော်ကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာမြကျောက်ဖျာသည် ပူလောင်တင်းမာသော အခြင်းအရာကို ထင်ရှား ဖော်ပြလာ၏။
32,859
Uncategorized
ကိုးကွယ်ရာဟူသည်
ပါရမီဖြည့်ဖက်ဟောင်း မိတ်ဟောင်းကြီး အစစ် ဖြစ်သည့် အရှင်အနုရုဒ္ဓါအလောင်းလျာဖြစ်သူ သိကြားမင်းကြီးက လူ့ပြည်သို့ ဆင်းသက်လာကာ ဓမ္မဓဇပညာရှိ ဘုရားအလောင်းတော်အား စိုးရိမ်သောက မဖြစ်ရန် ပြောကြားပြီး အလိုရှိရာအရပ်၌ ဥယျာဉ်တော်ကြီးတစ်ခုကို ဖန်ဆင်းပေးလိုက်၏။
32,860
Uncategorized
ကိုးကွယ်ရာဟူသည်
နောက်တစ်နေ့တွင် ဘုရားအလောင်းတော်သည် ဥယျာဉ်ကြီးကို ပစ္စက္ခအားဖြင့် ကိုယ်တိုင်တွေ့မြင်ရသည့်အတွက် ရှင်ဘုရင်ထံသို့ သွားရောက်ကာ ရှင်ဘုရင်ကြီးအား ဥယျာဉ်တော်ကြီး ပြီးစီးပြီဖြစ်၍ ဥယျာဉ်ကစားတော်မူရန် သံတော်ဦးတင်လိုက်၏။
32,861
Uncategorized
ကိုးကွယ်ရာဟူသည်
ရှင်ဘုရင်ကြီးက ဥယျာဉ်တော်သို့ သွားရောက်ကာ ရှုစားတော်မူလတ်သော် (၁၈)တောင် အမြင့်ရှိသော ဆေးဒါန်းမြင်းသီလာရောင် အရောင်အဆင်းရှိသည့် တံတိုင်းဖြင့် ခြံရံလျက်ရှိသော, တံခါး ပစ်စင် ပြအိုးတို့နှင့် ပြည့်စုံသော, အပွင့်အသီးတို့ဖြင့် ပြည့်နှက်နေသည့် သစ်ပင် အမျိုးမျိုးတို့ဖြင့် တန်ဆာဆင်ထားသည့် ဥယျာဉ်တော်ကြီးကို တွေ့မြင်ရသော အခါ ကာဠကစ...
32,862
Uncategorized
ကိုးကွယ်ရာဟူသည်
ကာဠကစစ်သူကြီးက --- အရှင်မင်းမြတ် ... တစ်ညတည်းဖြင့် ဥယျာဉ်တော်ကို အပြီးဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ မင်းအဖြစ်ကို သိမ်းပိုက်ဖို့ရန် အဘယ်ကြောင့် မစွမ်းဆောင်နိုင်ရမှာလဲဟု သံတော်ဦးတင်လိုက်သောအခါ ကာဠက၏ စကားကို ရှင်ဘုရင်ကြီးက လက်ခံအတည်ပြုသွားခဲ့၏။
32,863
Uncategorized
ကိုးကွယ်ရာဟူသည်
သို့အတွက် နောက်ထပ် မစွမ်းနိုင်သည့် လုပ်ငန်းတစ်ခုကို ခိုင်းစေရန် သဘော တူလိုက်၏။
32,864
Uncategorized
ကိုးကွယ်ရာဟူသည်
ဥယျာဉ်တော်အတွင်း၌ ရတနာ (၇)ပါးဖြင့် ပြီးစီးနေသည့် ရေကန်ကြီးတစ်ခုကို ဖန်ဆင်းခိုင်းပြန်၏။
32,865
Uncategorized
ကိုးကွယ်ရာဟူသည်
ဤအကြိမ်တွင်လည်း သိကြားမင်းကြီးက ရတနာ (၇)ပါးဖြင့် ပြီးသည့် ရေကန်ကြီးတစ်ခုကို ဖန်ဆင်းပေးလိုက်ပြန်၏။
32,866
Uncategorized
ကိုးကွယ်ရာဟူသည်
ထိုရေကန်ကြီးတွင် ဆိပ်ကမ်းပေါင်း တစ်ရာ ရှိ၏။
32,867
Uncategorized
ကိုးကွယ်ရာဟူသည်
အကွေ့အကောက်ပေါင်း တစ်ထောင် ရှိ၏။
32,868
Uncategorized
ကိုးကွယ်ရာဟူသည်
အရောင်အဆင်း ငါးမျိုးရှိသည့် ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးအုပ်ထား၏။
32,869
Uncategorized
ကိုးကွယ်ရာဟူသည်
တာဝတိံသာနတ်ပြည်ရှိ နန္ဒဝန်ရေကန်နှင့် တူညီနေ၏။
32,870
Uncategorized
ကိုးကွယ်ရာဟူသည်
အလွန် တင့်တယ်သည့် ရေကန်တစ်ခု ဖြစ်၏။
32,871
Uncategorized
ကိုးကွယ်ရာဟူသည်
ရေကန်ကြီးကို မျက်မြင်တွေ့ရှိသည့်အခါ တတိယအကြိမ် ရှင်ဘုရင်ကြီးက ဥယျာဉ်တော်အတွင်း၌ ဘုရင်မင်းမြတ်တို့နှင့် သင့်လျော်သည့် ဆင်စွယ်ဖြင့် ပြီးသည့် နန်းတော်အိမ်ကြီး တစ်ခုကို ဖန်ဆင်းပေးရန် ခိုင်းစေပြန်၏။
32,872
Uncategorized
ကိုးကွယ်ရာဟူသည်
ဤအကြိမ်တွင်လည်း သိကြားမင်းကြီးကပင် ကူညီ၍ ဖန်ဆင်းပေးလိုက်ပြန် ၏။
32,873
Uncategorized
ကိုးကွယ်ရာဟူသည်
နန်းတော်အိမ်ကြီးကို တွေ့မြင်ရသောအခါ စတုတ္ထအကြိမ်အနေဖြင့် ရှင်ဘုရင်ကြီးက နန်းတော်အိမ်နှင့် လျော်သည့် ထွန်းလင်းတောက်ပသည့် ပတ္တမြားရတနာကြီး တစ်ခု ဖန်ဆင်းပေးရန် အမိန့် ချလိုက်ပြန်၏။
32,874
Uncategorized
ကိုးကွယ်ရာဟူသည်
ထို နန်းတော်အိမ်အတွင်း၌ ပတ္တမြားရောင်ဖြင့် လှည့်လည်သွားလာရန် ဖြစ်၏။
32,875
Uncategorized
ကိုးကွယ်ရာဟူသည်
ဤအကြိမ်တွင်လည်း သိကြားမင်းကြီးက ကူညီကာ ပတ္တမြားရတနာကြီးကို ဖန်ဆင်းပေးလိုက်ပြန်၏။
32,876
Uncategorized
ကိုးကွယ်ရာဟူသည်
နောက်တစ်နေ့တွင် ရှင်ဘုရင်ကြီးလည်း ပတ္တမြား ရတနာကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ရပြန်၏။
32,877
Uncategorized
ကိုးကွယ်ရာဟူသည်
အကြံအိုက်သွားကြပြီ ဖြစ်၏။
32,878
Uncategorized
ကိုးကွယ်ရာဟူသည်
ကာဠကစစ်သူကြီးက --- အရှင်မင်းမြတ်...ဓမ္မဓဇ ပုရောဟိတ် ပုဏ္ဏားကြီး အလိုရှိရာကို ဖန်ဆင်းပေးနေတဲ့ နတ်တစ်ဦးဦးတော့ ရှိနေပုံ ရတယ်။
32,879
Uncategorized
ကိုးကွယ်ရာဟူသည်
ဒီတော့ နတ်တို့သော်လည်း ဖန်ဆင်းပေးခြင်းငှာ မစွမ်းနိုင်တဲ့ အရာတစ်ခုကို ဖန်ဆင်းခိုင်းတော်မူပါ။
32,880
Uncategorized
ကိုးကွယ်ရာဟူသည်
ထိုဥယျာဉ်တော်ကို စောင့်ရှောက်ရန် အင်္ဂါလေးပါးနှင့် ပြည့်စုံနေတဲ့ ဥယျာဉ်စောင့်ကို ဖန်ဆင်းခိုင်းတော်မူပါဟု အကြံပေးပြန်၏။
32,881
Uncategorized
ကိုးကွယ်ရာဟူသည်
ကာဠက၏ အကြံပေးချက်အတိုင်း ရှင်ဘုရင်ကြီးက ပုရောဟိတ်ပုဏ္ဏားကြီးအား ဆရာ... သင်သည် ငါတို့အတွက် ဥယျာဉ်တော်, ရေကန်, ဆင်စွယ်ဖြင့် ပြီးသော နန်းပြသာဒ်, ထိုနန်းပြသာဒ်အား အလင်းရောင်ကို ပြုလုပ်ပေးခြင်းငှာ စွမ်းနိုင်သည့် ပတ္တမြားရတနာ --- ဤလေးမျိုးတို့ကို ဖန်ဆင်း ၍ကား ပေးပြီးလေပြီ။
32,882
Uncategorized
ကိုးကွယ်ရာဟူသည်
ယခုအခါမှာတော့ ငါ့အား ဥယျာဉ်တော်ကို ထိန်းသိမ်း စောင့်ရှောက်မည့် အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် ဥယျာဉ်စောင့်ကို ဖန်ဆင်း ပေးပါ။
32,883
Uncategorized
ကိုးကွယ်ရာဟူသည်
အကယ်၍ မဖန်ဆင်းပေးနိုင်ပါက သင်၏ အသက်သည် ရှိတော့မည် မဟုတ်ဟု အမိန့်တော်မြတ် သတ်မှတ်လိုက်ပြန်၏။
32,884
Uncategorized
ကိုးကွယ်ရာဟူသည်
ထိုအခါတွင် ဘုရားအလောင်းတော်သည် မိမိနေအိမ်သို့ ပြန်သွားကာ အစားကောင်းကောင်းကို စားပြီးလျှင် အိပ်စက်လိုက်၏။
32,885
Uncategorized
ကိုးကွယ်ရာဟူသည်
မိုးသောက်ထအခါ အိပ်ရာမှ နိုးလာလတ်သော် အိပ်ရာထက်၌ ထိုင်လျက် စဉ်းစားခဲ့၏။
32,886
Uncategorized
ကိုးကွယ်ရာဟူသည်
သက္ကော ဒေဝရာဇာ ယံ အတ္တနာ သက္ကာ မာပေတုံ၊ တံ မာပေသိ၊ စတုရင်္ဂသမန္နာဂတံ ပန ဥယျာနပါလံ န သက္ကာ မာပေတုံ၊ ဧဝံ သန္တေ ပရေသံ ဟတ္ထေ မရဏတော အရညေ အနာထမရဏမေဝ ဝရတရံ။
32,887
Uncategorized
ကိုးကွယ်ရာဟူသည်
(ဇာ၊ဋ္ဌ၊၂၊၁၇၃-၁၇၄။
32,888
Uncategorized
ကိုးကွယ်ရာဟူသည်
) = သိကြားနတ်မင်းသည်ကား မိမိစွမ်းနိုင်သည့် အရာဝတ္ထုကို ဖန်ဆင်း ပေးခဲ့၏။
32,889
Uncategorized
ကိုးကွယ်ရာဟူသည်
အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် ဥယျာဉ်စောင့်ကို ဖန်ဆင်းပေးဖို့ရန်ကား စွမ်းနိုင်မည် မဟုတ်၊ ဤသို့ဖြစ်လတ်သော် သူတစ်ပါးတို့၏ လက်တွင်း၌ သေကျေပျက်စီးရခြင်းထက် တောထဲ၌ မှီခိုအားထားရာမဲ့ သေကျေပျက်စီး ရခြင်း (= အနာထမရဏ)ကသာလျှင် သာလွန်၍ မြင့်မြတ်လှ၏ ---
32,890
Uncategorized
ကိုးကွယ်ရာဟူသည်
ဤသို့ စဉ်းစားခဲ့၏။
32,891
Uncategorized
ကိုးကွယ်ရာဟူသည်
ဤနေရာ၌ အနာထမရဏ (= မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း) ဟူသည် မှီခိုအားထားရမည့် နာထတရား ထင်ရှား မရှိဘဲ သေကျေပျက်စီး ရခြင်းတည်း။
32,892
Uncategorized
ကိုးကွယ်ရာဟူသည်
အထူးသဖြင့် မှီခိုအားထားရာ နာထတရား (၁၀)ပါးတို့တွင် တတိယမြောက် နာထတရားဖြစ်သည့် မှီခိုအားထားရမည့် ဆရာကောင်း သမားကောင်း, မိတ်ကောင်းဆွေကောင်း အပေါင်းအဖော်ကောင်းဟူသော ကလျာဏမိတ္တ မရှိဘဲ သေကျေပျက်စီးရခြင်းမျိုးကို ရည်ညွှန်းထားဟန် တူပေသည်။
32,893
Uncategorized
ကိုးကွယ်ရာဟူသည်
ဤသို့ စဉ်းစား ဆင်ခြင်ပြီးနောက် ထိုဘုရားအလောင်းတော်သည် မည်သူ့ကိုမျှ မပြောကြားတော့ဘဲ ပြသာဒ်ထက်မှ သက်ဆင်းကာ မြတ်သော မင်္ဂလာတံခါးဖြင့်ပင် မြို့မှ ထွက်ခဲ့၍ တောတွင်းသို့ ဝင်ရောက်ကာ သစ်ပင်ရင်း တစ်ခု၌ ထိုင်လျက် လာဘ်ရခြင်း လာဘ်မရခြင်း, အခြံအရံများခြင်း အခြံအရံ နည်းပါးခြင်း, အကဲ့ရဲ့ခံရခြင်း အချီးမွမ်းခံရခြင်း, ချမ်းသာခြင်း ဆင်းရ...
32,894
Uncategorized
ကိုးကွယ်ရာဟူသည်
ဤကား ဓမ္မဓဇဇာတ်တော်၌ လာရှိသော အနာထမရဏ (=မှီခိုအားထားရာမဲ့ သေကျေပျက်စီးရခြင်း) အကြောင်းအရာပင် ဖြစ်၏။
32,895
Uncategorized
ကိုးကွယ်ရာဟူသည်
သို့သော် ဤဇာတ်တော်၌ပင် ဆက်လက်၍ လာရှိသော ဆတ္တပါဏိ လုလင်အကြောင်းကား စာဖတ်ပရိသတ်အတွက် ပြုကျင့် လိုက်နာဖွယ်အချက်တို့နှင့် ပြည့်စုံနေသဖြင့် ဆတ္တပါဏိလုလင်အကြောင်းကို ဆက်လက်၍ တင်ပြအပ်ပါသည်။
32,896
Uncategorized
ကိုးကွယ်ရာဟူသည်
ဆတ္တပါဏိလုလင်
32,897
Uncategorized
ကိုးကွယ်ရာဟူသည်
ထိုအခါ သိကြားမင်းကြီးက တောမုဆိုးအသွင်ဖြင့် လာရောက်ကာ မေးမြန်းပြောဆို၏။
32,898
Uncategorized
ကိုးကွယ်ရာဟူသည်
အကျိုးအကြောင်း အစုံအလင်ကို အကုန်အစင် သိရှိသဖြင့် သင်တို့၏ ရှင်ဘုရင်ကြီး၏ ဦးခေါင်းတော်ကို သ,၍ပေးနေသော ဆတ္တပါဏိ အမည်ရှိသော ဆတ္တာသည်လုလင်သည်ကား အင်္ဂါလေးပါးနှင့် ပြည့်စုံ၏။
32,899
Uncategorized
ကိုးကွယ်ရာဟူသည်
အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဥယျာဉ်စောင့်ကို အလိုရှိခဲ့သော် ထိုဆတ္တာသည်ကို ဥယျာဉ်စောင့်ပြုလုပ်ရန် လျှောက်ထားပါလေဟု ပြောဆိုကာ ဘုရားအလောင်းတော်ကို သက်သာရာကို ရစေခဲ့၏။
32,900
Uncategorized
ကိုးကွယ်ရာဟူသည်
ဘုရားအလောင်းတော်သည် အိမ်သို့ ပြန်ကာ နံနက်စာ စားသုံးပြီး နောက် မင်းနန်းတော်တံခါးသို့ သွားရောက်လတ်သော် ဆတ္တပါဏိလုလင်ကို ထိုတံခါးအရပ်၌ပင် တွေ့မြင်သဖြင့် လက်ကို ဆွဲကာ ---