id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
6,201
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ မျက်မှောက်ပြုထိုက်သော တရားကို မျက်မှောက်ပြုအပ်သလော၊ လေးဖို့ပြု၍ မျက်မှောက်ပြုထိုက်သောတရားကို မျက်မှောက်ပြုအပ်သလော။
6,202
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၄၄။ သကဝါဒီ။
6,203
Uncategorized
ကထာဝတ္ထုပါဠိတော်
။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကိုရှုလတ်သော် ကျင့်ဆဲပုဂ္ဂိုလ်ဟု ဆိုသင့်ပါသလော။
6,204
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ဆိုသင့်ပါ၏။
6,205
Uncategorized
ကထာဝတ္ထုပါဠိတော်
ဒုက္ခသစ္စာကို မြင်လတ်သော် ဖိုလ်၌တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်ပါသလော။
6,206
Uncategorized
ကထာဝတ္ထုပါဠိတော်
သမုဒယသစ္စာကို ရှုလတ်သော်။
6,207
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ နိရောဓသစ္စာကို ရှုလတ်သော် ကျင့်ဆဲပုဂ္ဂိုလ်ဟုဆိုထိုက်ပါသလော။
6,208
Uncategorized
ကထာဝတ္ထုပါဠိတော်
နိရောဓသစ္စာကို မြင်လတ်သော် ဖိုလ်၌ တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်ပါသလော။
6,209
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မဂ်ကို ရှုလတ်သော်ကျင့်ဆဲပုဂ္ဂိုလ်ဟု ဆိုသင့်သည် ဖြစ်၍ မဂ်ကို မြင်လတ်သော် ဖိုလ်၌ တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်ပါသလော။
6,210
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဒုက္ခသစ္စာကို ရှုလတ်သော် ကျင့်ဆဲပုဂ္ဂိုလ်ဟု ဆိုသင့်သည် ဖြစ်၍ ဒုက္ခသစ္စာကိုမြင်လတ်သော် ဖိုလ်၌ တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်ပါသလော။
6,211
Uncategorized
ကထာဝတ္ထုပါဠိတော်
မဂ္ဂသစ္စာကို ရှုလတ်သော် ကျင့်ဆဲပုဂ္ဂိုလ်ဟု ဆိုသင့်သည် ဖြစ်၍ မဂ်ကို မြင်လတ်သော်ဖိုလ်၌ တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်ပါသလော။
6,212
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ နိရောဓသစ္စာကို ရှုလတ်သော် ကျင့်ဆဲပုဂ္ဂိုလ်ဟုဆိုသင့်သည် ဖြစ်၍ နိရောဓသစ္စာကို မြင်လတ်သော် ဖိုလ်၌ တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်ပါသလော။
6,213
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကိုရှုလတ်သော် ကျင့်ဆဲပုဂ္ဂိုလ်ဟု ဆိုသင့်သည် ဖြစ်၍ ဒုက္ခသစ္စာကို မြင်လတ်သော် ဖိုလ်၌ တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်၏ဟူ၍ မဆိုသင့်ပါသလော။
6,214
Uncategorized
ကထာဝတ္ထုပါဠိတော်
မဂ်ကို ရှုလတ်သော် ကျင့်ဆဲပုဂ္ဂိုလ်ဟု ဆိုသင့်သည် ဖြစ်၍ မဂ်ကို မြင်လတ်သော် ဖိုလ်၌တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်၏ဟူ၍ မဆိုသင့်ပါသလော။
6,215
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ နိဗ္ဗာန်ကို ရှုလတ်သော် ကျင့်ဆဲပုဂ္ဂိုလ်ဟု ဆိုသင့်သည်ဖြစ်၍ နိရောဓသစ္စာကို မြင်လတ်သော် ဖိုလ်၌ တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်၏ဟူ၍ မဆိုသင့် ပါသလော။
6,216
Uncategorized
ကထာဝတ္ထုပါဠိတော်
။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကို ရှုလတ်သော် ကျင့်ဆဲပုဂ္ဂိုလ်ဟု ဆိုသင့်သည် ဖြစ်၍ ဒုက္ခသစ္စာကို မြင်လတ်သော် ဖိုလ်၌ တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်၏ဟူ၍ မဆိုသင့်ပါသလော။
6,217
Uncategorized
ကထာဝတ္ထုပါဠိတော်
ဒုက္ခသစ္စာကို မြင်ခြင်းသည် အကျိုး မရှိသလော။
6,218
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ နိရောဓသစ္စာကို ရှုလတ်သော် ကျင့်ဆဲပုဂ္ဂိုလ်ဟုဆိုသင့်သည် ဖြစ်၍ နိရောဓသစ္စာကို မြင်လတ်သော် ဖိုလ်၌ တည်သောပုဂ္ဂိုလ်ဟု ဆိုသင့်၏ဟူ၍မဆိုသင့်ပါသလော။
6,219
Uncategorized
ကထာဝတ္ထုပါဠိတော်
နိရောဓသစ္စာကို မြင်ခြင်းသည် အကျိုး မရှိပါသလော။
6,220
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၄၅။ ပရဝါဒီ။
6,221
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဒုက္ခသစ္စာကို မြင်အပ်သော် သစ္စာလေးပါးတို့ကို မြင်အပ်ကုန်သလော။
6,222
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မြင်အပ်ပါကုန်၏။
6,223
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဒုက္ခသစ္စာသည် သစ္စာလေးပါးတို့လော။
6,224
Uncategorized
ကထာဝတ္ထုပါဠိတော်
ရူပက္ခန္ဓာကို အနိစ္စဟု မြင်အပ်သော် ခန္ဓာငါးပါးတို့ကို အနိစ္စဟု မြင်အပ်ကုန်သလော။
6,225
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရူပက္ခန္ဓာသည် ခန္ဓာငါးပါးတို့လော။
6,226
Uncategorized
ကထာဝတ္ထုပါဠိတော်
စက္ခာယတနကို အနိစ္စဟု မြင်အပ်သော် အာယတနတစ်ဆယ့်နှစ်ပါးတို့ကို အနိစ္စဟုမြင်အပ်ကုန်သလော။
6,227
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မြင်အပ်ကုန်၏။
6,228
Uncategorized
ကထာဝတ္ထုပါဠိတော်
စက္ခာယတနသည် အာယတနတစ်ဆယ့်နှစ်ပါးတို့လော။
6,229
Uncategorized
ကထာဝတ္ထုပါဠိတော်
။ စက္ခုဓာတ်ကို အနိစ္စဟု မြင်အပ်သော် ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ကို အနိစ္စဟု မြင်အပ်ကုန်သလော။
6,230
Uncategorized
ကထာဝတ္ထုပါဠိတော်
စက္ခုဓာတ်သည် ဓာတ်တစ်ဆယ့်ရှစ်ပါးတို့လော။
6,231
Uncategorized
ကထာဝတ္ထုပါဠိတော်
စက္ခုန္ဒြေကို အနိစ္စဟု မြင်အပ်သော် ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့ကို အနိစ္စဟု မြင်အပ်ကုန်သလော။
6,232
Uncategorized
ကထာဝတ္ထုပါဠိတော်
စက္ခုန္ဒြေသည် ဣန္ဒြေနှစ်ဆယ့်နှစ်ပါးတို့လော။
6,233
Uncategorized
ကထာဝတ္ထုပါဠိတော်
အသိဉာဏ်လေးပါးတို့ဖြင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုပါသလော။
6,234
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဩော် ပြုအပ်ပါ၏။
6,235
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပတ္တိဖိုလ်တို့သည် လေးပါးတို့လော။
6,236
Uncategorized
ကထာဝတ္ထုပါဠိတော်
အသိဉာဏ်ရှစ်ပါးတို့ဖြင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုပါသလော။
6,237
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဩော် ပြုပါ၏။
6,238
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပတ္တိဖိုလ်တို့သည် ရှစ်ပါးတို့လော။
6,239
Uncategorized
ကထာဝတ္ထုပါဠိတော်
အသိဉာဏ် တစ်ဆယ့်နှစ်ပါးတို့ဖြင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုပါသလော။
6,240
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပတ္တိဖိုလ်တို့သည် တစ်ဆယ့်နှစ်ပါးတို့လော။
6,241
Uncategorized
ကထာဝတ္ထုပါဠိတော်
အသိဉာဏ် လေးဆယ့်လေးပါးတို့ဖြင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုပါသလော။
6,242
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပတ္တိဖိုလ်တို့သည် လေးဆယ့်လေးပါးတို့လော။
6,243
Uncategorized
ကထာဝတ္ထုပါဠိတော်
အသိဉာဏ် ခုနစ်ဆယ့်ခုနစ်ပါးဖြင့် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုပါသလော။
6,244
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၃ ပရဝါဒီ။
6,245
Uncategorized
ကထာဝတ္ထုပါဠိတော်
သောတာပတ္တိဖိုလ်တို့သည် ခုနစ်ဆယ့်ခုနစ်ပါးတို့လော။
6,246
Uncategorized
ကထာဝတ္ထုပါဠိတော်
(သစ္စာလေးပါးတို့ကို) အစဉ်အတိုင်း ထိုးထွင်း၍ သိ၏ဟူ၍ မဆိုသင့်ပါသလော။
6,247
Uncategorized
ကထာဝတ္ထုပါဠိတော်
“ရဟန်းတို့ ဥပမာအားဖြင့် မဟာသမုဒ္ဒရာသည် အစဉ်အတိုင်း ညွတ်သည် အစဉ် အတိုင်းကိုင်းသည် အစဉ်အတိုင်း ရှိုင်းသည် (ဖြစ်၍) အစကတည်းကပင် ကမ်းစောက် ဖြစ်သည် မဟုတ်၊ ရဟန်းတို့ ဤအတူ ဤဓမ္မဝိနယသာသနာတော်၌ အစဉ်အတိုင်း ကျင့်သုံးအပ်သည် အစဉ်အတိုင်း ပြုလုပ်အပ်သည် အစဉ်အတိုင်း အကျင့်ရှိသည် ဖြစ်၍ အစကတည်းကပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိသည်မဟုတ်”ဟူ...
6,248
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့်ပင် (သစ္စာလေးပါးတို့ကို) အစဉ်အတိုင်း ထိုးထွင်း၍ သိ၏။
6,249
Uncategorized
ကထာဝတ္ထုပါဠိတော်
(သစ္စာလေးပါးတို့ကို) အစဉ်အတိုင်း ထိုးထွင်းသိ၏ဟူ၍ မဆိုသင့်ပါသလော။
6,250
Uncategorized
ကထာဝတ္ထုပါဠိတော်
“ပန်းထိမ်သည်သည် ငွေ၏ အညစ်အကြေးကို တဖြည်းဖြည်း ထုတ်ပစ် သကဲ့သို့ ထို့အတူပညာရှိသည် အစဉ်သဖြင့် မိမိ၏ အညစ်အကြေးကို အနည်းငယ် အနည်းငယ် အခွင့်ရတိုင်း အခွင့်ရတိုင်း (ရာဂစသော အညစ် အကြေးကို) ထုတ်ပစ် ရာ၏”ဟူသော မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ် ပါလော။
6,251
Uncategorized
ကထာဝတ္ထုပါဠိတော်
(သစ္စာလေးပါးတို့ကို) အစဉ်အတိုင်း ထိုးထွင်း၍ သိပါသလော။
6,252
Uncategorized
ကထာဝတ္ထုပါဠိတော်
“အရှင်ဂဝမ္ပတိထေရ်သည် ရဟန်းတို့အား ဤစကားကို ဆို၏- ငါ့ရှင်တို့ ဤတရားစကားကို မြတ်စွာဘုရားမျက်မှောက်တော်မှ ကြားနာသင်ယူခဲ့ရ၏- ‘ရဟန်းတို့ ဆင်းရဲကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကိုလည်း မြင်၏။
6,253
Uncategorized
ကထာဝတ္ထုပါဠိတော်
ဆင်းရဲဖြစ်ပေါ်ကြောင်းကို မြင်သော သူသည်ဆင်းရဲကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကိုလည်း မြင်၏။
6,254
Uncategorized
ကထာဝတ္ထုပါဠိတော်
ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကို မြင်သော သူသည် ဆင်းရဲကိုလည်း မြင်၏၊ ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကိုလည်း မြင်၏။
6,255
Uncategorized
ကထာဝတ္ထုပါဠိတော်
ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို မြင်သော သူသည် ဆင်းရဲကိုလည်း မြင်၏၊ ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏ဟု ဤတရားစကားကို မြတ်စွာဘုရားမျက်မှောက်တော်မှ ကြားနာသင်ယူခဲ့ရ၏”ဟူ၍ ဤသို့ ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
6,256
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့်ပင် (သစ္စာလေးပါးတို့ကို) အစဉ်အတိုင်း ထိုးထွင်း၍ သိ၏ဟူ၍ မဆိုသင့်။
6,257
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဩော် သိပါ၏။
6,258
Uncategorized
ကထာဝတ္ထုပါဠိတော်
“ထိုပုဂ္ဂိုလ်သည် (သောတာပတ္တိမဂ်) ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက် သာလျှင်သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသဟူသော ဤတရား သုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏။
6,259
Uncategorized
ကထာဝတ္ထုပါဠိတော်
ကိလေသာစိုးစဉ်းမျှ ရှိစေကာမူ အပါယ်လေးပါး တို့မှ လွတ်၏၊ (အာနန္တရိက ကံငါးပါးနှင့်နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသော တရားတို့ကို မပြုတော့ပြီ”ဟူ၍ မြတ်စွာဘုရား ဟောအပ်သောသုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
6,260
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့်ပင် (သစ္စာလေးပါးတို့ကို) အစဉ်အတိုင်း ထိုးထွင်း၍ သိ၏ဟူ၍ မဆိုသင့်ပါ။
6,261
Uncategorized
ကထာဝတ္ထုပါဠိတော်
“ရဟန်းတို့ အကြင်အခါ၌ အရိယာသာဝကအား အလုံးစုံသော တရားသည် ဖြစ်ခြင်းသဘော ရှိ၏၊ ထိုအလုံးစုံ ဖြစ်ခြင်းသဘောရှိသော တရားသည် ချုပ်ခြင်းသဘောရှိ၏ဟု (ကိလေသာ) မြူအညစ်အကြေးကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည် ထင်ရှားဖြစ်၏။
6,262
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန်းတို့ (ထိုအခါ သောတာပတ္တိမဂ်) ဉာဏ်အမြင် ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက် အရိယာသာဝကသည် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသဟူသော သုံးပါးသော သံယောဇဉ်တို့ကို ပယ်ရှားအပ်ကုန်၏”ဟူ၍မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
6,263
Uncategorized
ကထာဝတ္ထုပါဠိတော်
အနုပုဗ္ဗာဘိသမယကထာ ပြီး၏။
6,264
Uncategorized
ကထာဝတ္ထုပါဠိတော်
‘အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ၊ ကမ္မာရော ရဇတဿေဝ နိဒ္ဒမေ မလမတ္တနော'အစရှိသော သုတ်တို့ကို မသင့်သောအားဖြင့်ယူ၍ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်သည် ဒုက္ခသစ္စာကို မြင်ခြင်းဖြင့် အချို့သော ကိလေသာတို့ကို ပယ်စွန့်၏၊ သမုဒယ, နိရောဓ, မဂ္ဂသစ္စာကို မြင်ခြင်းဖြင့် အချို့သော ကိလ...
6,265
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ တစ်ခုသော မဂ်၏ များသည်၏ အဖြစ်သို့ ရောက်ခြင်းမှ ကြောက်သောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
6,266
Uncategorized
ကထာဝတ္ထုပါဠိတော်
၃။ တစ်ဖန် မေးပြန်သော် ဒုက္ခသစ္စာကို မြင်ခြင်းစသည်တို့၏ အစွမ်းအားဖြင့် ထိုသစ္စာလေးပါးတရားတို့သည်လည်း သောတာ ပတ္တိမဂ်ပင်တည်းဟူ၍ နှလုံးပြုကာ ဝန်ခံပြန်သည်။
6,267
Uncategorized
ကထာဝတ္ထုပါဠိတော်
၄။ ဖိုလ်ကို မူကား တစ်ခုတည်းကိုသာ အလိုရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြုသည်။
6,268
Uncategorized
ကထာဝတ္ထုပါဠိတော်
၅။ ဒုက္ခသမုဒယနိရောဓသစ္စာကို မြင်ခြင်းဖြင့် မြင်ခြင်းကိစ္စ မပြီးဆုံးသေး၊ မဂ္ဂသစ္စာကို မြင်ခြင်းဖြင့်သာ သစ္စာကို မြင်ခြင်းကိစ္စ ပြီးဆုံးသည် မည်၏၊ ထိုအခါ ထိုသောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် ဖိုလ်၌တည်၏ဟု ရေတွက်ခြင်းသို့ ရောက်၏၊ ထို့ကြောင့် ပရဝါဒီက ဝန်ခံရသည်။
6,269
Uncategorized
ကထာဝတ္ထုပါဠိတော်
၆။ တစ်ပြိုင်နက်အားဖြင့် သစ္စာလေးပါးတို့ကို ထိုးထွင်း၍ သိသည်၏ အစွမ်းအားဖြင့် သကဝါဒီက ဝန်ခံသည်။
6,270
Uncategorized
ကထာဝတ္ထုပါဠိတော်
၇။ သစ္စာလေးပါးတို့၏ အထူးထူးသောသဘောရှိသည်၏ အဖြစ်ကြောင့် သကဝါဒီက ပဋိက္ခေပပြုသည်။
6,271
Uncategorized
ကထာဝတ္ထုပါဠိတော်
၈။ သမုဒ္ဒရာမှ ရေတစ်ပေါက်၏ အရသာကို သိခဲ့သော် ကြွင်းသော ရေအားလုံး၏ အရသာကို သိရသကဲ့သို့ တစ်ခုသော တရားကို အနိစ္စ စသော အခြင်းအရာအားဖြင့် သိအပ်သည်ရှိသော် တရားအားလုံးတို့ကိုလည်း ထိုးထွင်း၍ သိအပ်ကုန်၏ဟူသော အယူဖြင့် ပရဝါဒီက ဝန်ခံသည်။
6,272
Uncategorized
ကထာဝတ္ထုပါဠိတော်
၉။ စတုသစ္စဉာဏ်ကို ဆိုလိုသည်။
6,273
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၀။ သာဝကတို့နှင့် ဆက်ဆံသော စတုသစ္စဉာဏ်နှင့် ပဋိသမ္ဘိဒါဉာဏ်လေးပါး ပေါင်း ရှစ်ပါးကို ဆိုသည်။
6,274
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၁။ အင်္ဂါတစ်ဆယ့်နှစ်ပါးရှိသော ပဋိစ္စသမုပ္ပါဒ်ဉာဏ်ပင်တည်း။
6,275
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၂။ ‘ဇရာမရဏေ ဉာဏံ ဇရာမရဏသမုဒယေ ဉာဏံ’ အစရှိသည်ဖြင့် နိဒါနဝဂ္ဂသံယုတ်၌ လာသော ဉာဏ်လေးဆယ့် လေးပါးပင်တည်း။
6,276
Uncategorized
ကထာဝတ္ထုပါဠိတော်
၁၃။ ‘ဇရာမရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ ခယဓမ္မံဝယဓမ္မံဝိရာဂဓမ္မံ နိရောဓဓမ္မံ’ စသည်ဖြင့် နိဒါနဝဂ္ဂ သံယုတ်၌လာသော ဉာဏ်ခုနစ်ဆယ့်ခုနစ်ပါးပင်တည်း။
6,277
Uncategorized
ကထာဝတ္ထုပါဠိတော်
-- (၁၉) ၁၀-ဝေါဟာရကထာ၁
6,278
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၄၇။ သကဝါဒီ။
6,279
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကုတ္တရာလော။
6,280
Uncategorized
ကထာဝတ္ထုပါဠိတော်
လောကုတ္တရာနား၌ ထိခိုက်ပါသလော၊ လောကီနား၌ မထိခိုက်ပါသလော၊ လောကုတ္တရာဝိညာဏ်ဖြင့် သိပါကုန်သလော၊ လောကီဝိညာဏ်ဖြင့် မသိပါကုန်သလော၊ အရိယာသာဝကတို့သာသိပါကုန်သလော၊ ပုထုဇဉ်တို့ မသိပါကုန်သလော။
6,281
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကီနား၌ ထိခိုက်သည်မဟုတ်ပါလော။
6,282
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကီနား၌ ထိခိုက်ခဲ့ပါမူ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကုတ္တရာ (ဖြစ်၏) ဟု မဆိုသင့်။
6,283
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုကို လောကီဝိညာဏ်ဖြင့်သိကုန်သည် မဟုတ်ပါလော။
6,284
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုကို လောကီဝိညာဏ်ဖြင့် သိနိုင်ခဲ့ကုန်မူ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကုတ္တရာ (ဖြစ်၏)ဟု မဆိုသင့်။
6,285
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုကို ပုထုဇဉ်တို့ သိကုန်သည်မဟုတ်ပါလော။
6,286
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုကို ပုထုဇဉ်တို့သိခဲ့ပါကုန်မူ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကုတ္တရာ (ဖြစ်၏)ဟုမဆိုသင့်။
6,287
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၄၈။ သကဝါဒီ။
6,288
Uncategorized
ကထာဝတ္ထုပါဠိတော်
မဂ်မည်သလော၊ ဖိုလ်မည်သလော၊ နိဗ္ဗာန်မည်သလော၊ သောတာပတ္တိမဂ် မည်သလော၊ သောတာပတ္တိဖိုလ်မည်သလော၊ သကဒါဂါမိမဂ်မည်သလော၊ သကဒါဂါမိဖိုလ်မည်သလော၊ အနာဂါမိမဂ်မည်သလော၊ အနာဂါမိဖိုလ်မည်သလော၊ အရဟတ္တမဂ်မည်သလော၊ အရဟတ္တဖိုလ်မည်သလော၊ သတိပဋ္ဌာန်မည်သလော၊ သမ္မပ္ပဓာန်မည်သလော၊ ဣဒ္ဓိပါဒ်မည်သလော၊ ဣန္ဒြေမည်သလော၊ ဗိုလ်မည်သလော၊ ဗောဇ္ဈင်မည်သလော။
6,289
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကုတ္တရာလော။
6,290
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုကို နာကြားသော အချို့သူတို့ရှိပါကုန်သလော။
6,291
Uncategorized
ကထာဝတ္ထုပါဠိတော်
လောကုတ္တရာတရားကို နားဖြင့် သိအပ်ပါသလော၊ နား၌ ထိခိုက်ပါသလော၊ နားအားရှေးရှုထင်ခြင်းသို့ ရောက်ပါသလော။
6,292
Uncategorized
ကထာဝတ္ထုပါဠိတော်
လောကုတ္တရာတရားကို နားဖြင့် မသိအပ်သည် မဟုတ်ပါလော၊ နား၌ မထိခိုက်သည်မဟုတ်ပါလော၊ နားအား ရှေးရှုထင်ခြင်းသို့ မရောက်သည် မဟုတ်ပါလော။
6,293
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ လောကုတ္တရာတရားကို နားဖြင့် မသိအပ်ခဲ့ပါမူ နားအား ရှေးရှု ထင်ခြင်းသို့မရောက်ခဲ့ပါမူ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကုတ္တရာဟု မဆိုသင့်။
6,294
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၄၉။ သကဝါဒီ။
6,295
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှု၌ တပ်မက်သော အချို့သူတို့သည် ရှှိပါကုန်သလော။
6,296
Uncategorized
ကထာဝတ္ထုပါဠိတော်
လောကုတ္တရာတရားသည် တပ်မက်မှု တည်ရာလော၊ တပ်မက်ကြောင်းလော၊ နှစ်သက်ကြောင်းလော၊ မူးယစ်ကြောင်းလော၊ နှောင်ဖွဲ့ကြောင်းလော၊ တွေဝေကြောင်းလော။
6,297
Uncategorized
ကထာဝတ္ထုပါဠိတော်
လောကုတ္တရာတရားသည် တပ်မက်မှု၏ တည်ရာ မဖြစ်သည် မဟုတ်ပါလော၊ မတပ်မက်ကြောင်း မဟုတ်ပါလော၊ မနှစ်သက်ကြောင်း မဟုတ်ပါလော၊ မမူးယစ်ကြောင်း မဟုတ်ပါလော၊ မနှောင်ဖွဲ့ကြောင်း မဟုတ်ပါလော၊ မတွေဝေကြောင်း မဟုတ်ပါလော။
6,298
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ လောကုတ္တရာတရားသည် တပ်မက်မှု၏ တည်ရာ မဟုတ်ခဲ့ပါမူမတပ်မက်ကြောင်း မနှစ်သက်ကြောင်း မမူးယစ်ကြောင်း မနှောင်ဖွဲ့ကြောင်း မတွေဝေကြောင်း ဖြစ်ခဲ့ပါမူဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကုတ္တရာဟူ၍ မဆိုသင့်။
6,299
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြာဆိုမှု၌ (ပြစ်မှား) ဖျက်ဆီးသောအချို့သူတို့သည် ရှိပါကုန်သလော။
6,300
Uncategorized
ကထာဝတ္ထုပါဠိတော်
လောကုတ္တရာတရားသည် ဒေါသ၏ တည်ရာလော၊ ကောပ၏ တည်ရာလော၊ ပဋိဃ၏တည်ရာလော။