id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
6,301
Uncategorized
ကထာဝတ္ထုပါဠိတော်
လောကုတ္တရာတရားသည် ဒေါသ၏ တည်ရာ မဖြစ်သည် ကောပ၏ တည်ရာ မဖြစ်သည်ပဋိဃ၏ တည်ရာ မဖြစ်သည် မဟုတ်ပါလော။
6,302
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ လောကုတ္တရာတရားသည် ဒေါသ၏ တည်ရာ ကောပ၏ တည်ရာ ပဋိဃ၏တည်ရာ မဖြစ်ခဲ့ပါမူ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကုတ္တရာဟုမဆိုသင့်။
6,303
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှု၌ တွေဝေသော အချို့သူတို့သည် ရှိပါကုန်သလော။
6,304
Uncategorized
ကထာဝတ္ထုပါဠိတော်
လောကုတ္တရာသည် တွေဝေမှု'မောဟ’ ၏ တည်ရာလော၊ မသိခြင်းကို ပြုတတ်ပါသလော၊ (ဉာဏ်) မျက်စိမရှိခြင်းကို ပြုတတ်ပါသလော၊ အသိဉာဏ်ကို ပိတ်ပင်တတ်ပါသလော၊ ပင်ပန်းခြင်းအဖို့ ရှိပါသလော၊ နိဗ္ဗာန်ကို မဖြစ်စေတတ်ပါသလော။
6,305
Uncategorized
ကထာဝတ္ထုပါဠိတော်
လောကုတ္တရာတရားသည် တွေဝေမှု'မောဟ’ ၏ တည်ရာ မဖြစ်သည် မသိခြင်းကိုမပြုတတ်သည် (ဉာဏ်) မျက်စိမရှှိခြင်းကို မပြုတတ်သည် ပညာကို တိုးပွါးစေတတ်သည် မပင်ပန်းခြင်းအဖို့ရှိသည် နိဗ္ဗာန်ကို ဖြစ်စေတတ်သည် မဟုတ်ပါလော။
6,306
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ လောကုတ္တရာတရားသည် တွေဝေမှု'မောဟ၏'တည်ရာ မဟုတ်ခဲ့ပါမူမသိခြင်းကို မပြုတတ်ခဲ့ပါမူ (ဉာဏ်) မျက်စိ မရှှိခြင်းကို မပြုတတ်ခဲ့ပါမူ ပညာကို တိုးပွါးစေတတ်ခဲ့ပါမူမပင်ပန်းခြင်းအဖို့ ရှှိခဲ့ပါမူ နိဗ္ဗာန်ကို ဖြစ်စေတတ်ခဲ့ပါမူ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကုတ္တရာဟု မဆိုသင့်။
6,307
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၅၀။ သကဝါဒီ။
6,308
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကုတ္တရာ လော။
6,309
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အလုံးစုံသောပုဂ္ဂိုလ်တို့သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုကိုနာကြားကုန်၏၊ ထိုပုဂ္ဂိုလ်အားလုံးတို့သည်ပင် မဂ်ကို ပွါးစေကုန်သလော။
6,310
Uncategorized
ကထာဝတ္ထုပါဠိတော်
အလုံးစုံသောပုဂ္ဂိုလ်တို့သည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုကို နာကြားကုန်၏၊ ထိုပုဂ္ဂိုလ်အားလုံးတို့သည်ပင် မဂ်ကို ပွါးစေကုန်သလော။
6,311
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ပွါးများစေကုန်၏။
6,312
Uncategorized
ကထာဝတ္ထုပါဠိတော်
ဗာလပုထုဇဉ်တို့သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုကိုနာကြားကုန်၏၊ ဗာလပုထုဇဉ်တို့သည် မဂ်ကို ပွါးစေကုန်သလော။
6,313
Uncategorized
ကထာဝတ္ထုပါဠိတော်
အမိကို သတ်သူသည် မဂ်ကို ပွါးစေသလော။
6,314
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ အဖကို သတ်သူသည်။
6,315
Uncategorized
ကထာဝတ္ထုပါဠိတော်
ရဟန္တာကိုသတ်သူသည် (ဘုရား၌) သွေးစိမ်း တည်စေသူသည်။
6,316
Uncategorized
ကထာဝတ္ထုပါဠိတော်
သံဃာကို သင်းခွဲသူသည်။
6,317
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတော်ကြီးသောမြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုကို နားကြား၏၊ ထိုသံဃာကို သင်းခွဲသူသည် မဂ်ကို ပွါးစေသလော။
6,318
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၅၁။ ပရဝါဒီ။
6,319
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ရွှေဖြင့် ပြီးသော တုတ်တံဖြင့် စပါးပုံကိုလည်းကောင်း၊ ရွှေပုံကိုလည်းကောင်းပြောကြားခြင်းငှါ ရအပ်ပါသလော။
6,320
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤအတူ မြတ်စွာဘုရားသည် လောကုတ္တရာခေါ်ဝေါ်ပြောဆိုမှုဖြင့် လောကီတရားကိုလည်းကောင်း၊ လောကုတ္တရာတရားကိုလည်းကောင်း ခေါ်ဝေါ်ပြောဆိုနိုင်၏။
6,321
Uncategorized
ကထာဝတ္ထုပါဠိတော်
ကြက်ဆူသားဖြင့် ပြီးသော တုတ်တံဖြင့် စပါးပုံကိုလည်းကောင်း၊ ရွှေပုံကိုလည်းကောင်းပြောကြားခြင်းငှါ ရအပ်ပါသလော။
6,322
Uncategorized
ကထာဝတ္ထုပါဠိတော်
ဤအတူ မြတ်စွာဘုရားသည် လောကီခေါ်ဝေါ်ပြောဆိုမှုဖြင့် လောကီတရားကိုလည်းကောင်း၊ လောကုတ္တရာတရားကိုလည်းကောင်း ခေါ်ဝေါ်ပြောဆိုနိုင်၏။
6,323
Uncategorized
ကထာဝတ္ထုပါဠိတော်
၃ ၃၅၂။
6,324
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတာ်ကြီးတော်မူသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကီကို ခေါ်ဝေါ်ပြောဆိုလတ်သော် လောကီဖြစ်ပါသလော၊ လောကုတ္တရာကို ခေါ်ဝေါ်ပြောဆိုလတ်သော်လောကုတ္တရာဖြစ်ပါသလော။
6,325
Uncategorized
ကထာဝတ္ထုပါဠိတော်
လောကီကို ခေါ်ဝေါ်ပြောဆိုလတ်သော် လောကီနား၌ ထိခိုက်ပါသလော၊ လောကုတ္တရာကိုခေါ်ဝေါ်ပြောဆိုလတ်သော် လောကုတ္တရာနား၌ ထိခိုက်ပါသလော၊ လောကီကို ခေါ်ဝေါ် ပြောဆိုလတ်သော်လောကီဝိညာဏ်ဖြင့် သိကုန်ပါသလော၊ လောကုတ္တရာကို ခေါ်ဝေါ်ပြောဆိုလတ်သော် လောကုတ္တရာဝိညာဏ်ဖြင့် သိကုန်ပါသလော၊ လောကီကို ခေါ်ဝေါ်ပြောဆိုလတ်သော် ပုထုဇဉ်တို့ သိကုန်ပါသလော၊ လော...
6,326
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကီကို ခေါ်ဝေါ်ပြောဆိုလတ်သော် လောကီဖြစ်၏၊ လောကုတ္တရာကို ခေါ်ဝေါ်ပြောဆိုလတ်သော် လောကုတ္တရာဖြစ်၏ဟုမပြောဆိုသင့်ပါသလော။
6,327
Uncategorized
ကထာဝတ္ထုပါဠိတော်
မြတ်စွာဘုရားသည် လောကီတရားကိုလည်းကောင်း၊ လောကုတ္တရာတရားကိုလည်းကောင်းခေါ်ဝေါ်ပြောဆိုသည် မဟုတ်ပါလော။
6,328
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်သကဝါဒီ မြတ်စွာဘုရားသည် လောကီတရားကိုလည်းကောင်း၊ လောကုတ္တရာတရားကိုလည်းကောင်း ခေါ်ဝေါ်ပြောဆိုခဲ့ပါမူ ထိုအကြောင်းကြောင့် ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ခေါ်ဝေါ်ပြောဆိုမှုသည် လောကီကို ခေါ်ဝေါ်ပြောဆိုလတ်သော် လောကီဖြစ်၏၊ လောကုတ္တရာကို ခေါ်ဝေါ်ပြောဆိုလတ်သော် လောကုတ္တရာဖြစ်၏ဟူ၍ ဆိုသင့်၏။
6,329
Uncategorized
ကထာဝတ္ထုပါဠိတော်
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ခေါ်ဝေါ်ပြောဆိုမှုသည် လောကီကို ခေါ်ဝေါ်ပြောဆိုလတ်သော် လောကီဖြစ်ပါသလော၊ လောကုတ္တရာကို ခေါ်ဝေါ်ပြောဆိုလတ်သော် လောကုတ္တရာဖြစ်ပါသလော။
6,330
Uncategorized
ကထာဝတ္ထုပါဠိတော်
မဂ်ကို ခေါ်ဝေါ်ပြောဆိုလတ်သော် မဂ်ဖြစ်သလော၊ မဂ်မဟုတ်သည်ကို ခေါ်ဝေါ် ပြောဆိုလတ်သော် မဂ်မဟုတ်ပါသလော၊ ဖိုလ်ကို ခေါ်ဝေါ်ပြောဆိုလတ်သော် ဖိုလ်ဖြစ်ပါသလော၊ ဖိုလ်မဟုတ်သည်ကို ခေါ်ဝေါ်ပြောဆိုလတ်သော် ဖိုလ်မဟုတ်သည် ဖြစ်ပါသလော၊ နိဗ္ဗာန်ကို ခေါ်ဝေါ်ပြောဆိုလတ်သော် နိဗ္ဗာန်ဖြစ်သလော၊ နိဗ္ဗာန်မဟုတ်သည်ကို ခေါ်ဝေါ်ပြောဆိုလတ်သော် နိဗ္ဗာန်မဟု...
6,331
Uncategorized
ကထာဝတ္ထုပါဠိတော်
ဝေါဟာရကထာ ပြီး၏။
6,332
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ မြတ်စွာဘုရားသည် လောကုတ္တရာ အခေါ်အဝေါ်စကားဖြင့် ခေါ်ဝေါ်ပြောဆို၏ဟု အယူရှိသော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်ရန် ဤဝေါဟာရကထာကို ဟောတော်မူသည်။
6,333
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ ထိုပရဝါဒီဆရာတို့၏ မသင့်သော အယူဝါဒ ရှိသည်၏ အဖြစ်ကို ပြခြင်းငှါ သကဝါဒီဆရာက မေးသည်၊ သင် ပရဝါဒီ၏ သဒ္ဒါယတနသည်သာလျှင် လောကုတ္တရာလော၊ သို့မဟုတ် သောတာယတန အစရှိသည်တို့သည်လည်း လောကုတ္တရာလောဟု မေးလိုသည်။
6,334
Uncategorized
ကထာဝတ္ထုပါဠိတော်
၃။ လောကီဖြစ်သော ဒေသေတဗ္ဗတရားစကားကို ဟောပြောသည်ရှိသော် မြတ်စွာဘုရား၏ စကားသည် လောကီပင်ဖြစ်သည်ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် အချို့တို့၏ဝါဒကို ပယ်သည်။
6,335
Uncategorized
ကထာဝတ္ထုပါဠိတော်
-- ၂-ဒုတိယဝဂ် (၂၀) ၁၁-နိရောဓကထာ၁
6,336
Uncategorized
ကထာဝတ္ထုပါဠိတော်
၃၅၃။ သကဝါဒီ။
6,337
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ချုပ်ငြိမ်းမှုတို့သည် နှစ်မျိုးတို့လော။
6,338
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော်ဟုတ်ပါကုန်၏။
6,339
Uncategorized
ကထာဝတ္ထုပါဠိတော်
ဆင်းရဲ၏ ချုပ်ငြိမ်းမှုတို့သည် နှစ်မျိုးတို့လော။
6,340
Uncategorized
ကထာဝတ္ထုပါဠိတော်
ဆင်းရဲချုပ်ငြိမ်းမှုတို့သည် နှစ်မျိုးတို့လော။
6,341
Uncategorized
ကထာဝတ္ထုပါဠိတော်
။ နိရောဓသစ္စာတို့သည် နှစ်မျိုးတို့လော။
6,342
Uncategorized
ကထာဝတ္ထုပါဠိတော်
နိရောဓသစ္စာတို့သည် နှစ်မျိုးတို့လော။
6,343
Uncategorized
ကထာဝတ္ထုပါဠိတော်
။ ဒုက္ခသစ္စာတို့သည် နှစ်မျိုးတို့လော။
6,344
Uncategorized
ကထာဝတ္ထုပါဠိတော်
သမုဒယသစ္စာတို့သည် နှစ်မျိုးတို့လော။
6,345
Uncategorized
ကထာဝတ္ထုပါဠိတော်
မဂ္ဂသစ္စာတို့သည် နှစ်မျိုးတို့လော။
6,346
Uncategorized
ကထာဝတ္ထုပါဠိတော်
မှီခိုရာတို့သည် နှစ်မျိုးတို့လော။
6,347
Uncategorized
ကထာဝတ္ထုပါဠိတော်
ပ။ ပုန်းအောင်းရာတို့သည် နှစ်မျိုးတို့လော။
6,348
Uncategorized
ကထာဝတ္ထုပါဠိတော်
ကိုးကွယ်ရာတို့သည် နှစ်မျိုးတို့လော။
6,349
Uncategorized
ကထာဝတ္ထုပါဠိတော်
လဲလျောင်းရာတို့သည် နှစ်မျိုးတို့လော။
6,350
Uncategorized
ကထာဝတ္ထုပါဠိတော်
မရွေ့လျောရာတို့သည်နှစ်မျိုးတို့လော။
6,351
Uncategorized
ကထာဝတ္ထုပါဠိတော်
မသေရာတို့သည် နှစ်မျိုးတို့လော။
6,352
Uncategorized
ကထာဝတ္ထုပါဠိတော်
နိဗ္ဗာန်တို့သည် နှစ်မျိုးတို့လော။
6,353
Uncategorized
ကထာဝတ္ထုပါဠိတော်
။ နိဗ္ဗာန်တို့သည် နှစ်မျိုးတို့လော။
6,354
Uncategorized
ကထာဝတ္ထုပါဠိတော်
။ နိဗ္ဗာန်နှစ်မျိုးတို့၏ မြင့်မြတ်ခြင်း ယုတ်နိမ့်ခြင်းသည် ရှိပါသလော၊ ယုတ်ညံ့ခြင်းမွန်မြတ်ခြင်းသည် ရှိပါသလော၊ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းသည် ရှိပါသလော။
6,355
Uncategorized
ကထာဝတ္ထုပါဠိတော်
အပိုင်းအခြားသည်လည်းကောင်း၊ အကွဲအပြားသည်လည်းကောင်း၊ အရေးအကြောင်းသည်လည်းကောင်း၊ အပေါက်အကြားသည်လည်းကောင်း ရှိပါသလော။
6,356
Uncategorized
ကထာဝတ္ထုပါဠိတော်
ချုပ်ငြိမ်းမှုတို့သည် နှစ်မျိုးတို့လော။
6,357
Uncategorized
ကထာဝတ္ထုပါဠိတော်
မဆင်ခြင်ဘဲ ချုပ်ငြိမ်းကုန်သော သင်္ခါရတို့ကို ဆင်ခြင်၍ ချုပ်ငြိမ်းစေကုန်ပါသလော။
6,358
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ချုပ်ငြိမ်းစေပါ၏။
6,359
Uncategorized
ကထာဝတ္ထုပါဠိတော်
အရှင်ပရဝါဒီ မဆင်ခြင်ဘဲ ချုပ်ငြိမ်းကုန်သော သင်္ခါရတို့ကို ဆင်ခြင်၍ ချုပ်ငြိမ်းစေကုန်ခဲ့ပါမူ ချုပ်ငြိမ်းမှုတို့သည် နှစ်မျိုးတို့ဟူ၍ မဆိုသင့်။
6,360
Uncategorized
ကထာဝတ္ထုပါဠိတော်
ချုပ်ငြိမ်းမှုတို့သည် နှစ်မျိုးတို့ဟူ၍ မဆိုသင့်ပါသလော။
6,361
Uncategorized
ကထာဝတ္ထုပါဠိတော်
မဆင်ခြင်ဘဲ ချုပ်ငြိမ်းသော သင်္ခါရတို့ကိုလည်း စင်စစ် ဧကန် ချိုးဖဲ့ဖျက်ဆီးအပ်ကုန်သည် မဟုတ်ပါလော၊ ဆင်ခြင်၍ ချုပ်ငြိမ်းသော သင်္ခါရတို့ကိုလည်း စင်စစ် ဧကန် ချိုးဖဲ့ဖျက်ဆီးအပ်ကုန်သည် မဟုတ်ပါလော။
6,362
Uncategorized
ကထာဝတ္ထုပါဠိတော်
။ အရှင်သကဝါဒီ မဆင်ခြင်ဘဲ ချုပ်ငြိမ်းသော သင်္ခါရတို့ကိုလည်း စင်စစ် ဧကန် ချိုးဖဲ့ဖျက်ဆီးအပ်ပါကုန်မူ ဆင်ခြင်၍ ချုပ်ငြိမ်းသော သင်္ခါရတို့ကိုလည်း စင်စစ်ဧကန် ချိုးဖဲ့ဖျက်ဆီးအပ်ပါကုန်မူထိုအကြောင်းကြောင့် ချုပ်ငြိမ်းမှုတို့သည် နှစ်မျိုးတို့ဟူ၍ ဆိုသင့်၏။
6,363
Uncategorized
ကထာဝတ္ထုပါဠိတော်
ဆင်ခြင်၍ ချုပ်ငြိမ်းသော သင်္ခါရတို့သည်လည်း အရိယာမဂ်ကို အကြောင်းပြု၍ချုပ်ငြိမ်းပါကုန်သလော။
6,364
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် ချုပ်ငြိမ်းပါကုန်၏။
6,365
Uncategorized
ကထာဝတ္ထုပါဠိတော်
မဆင်ခြင်ဘဲ ချုပ်ငြိမ်းသော သင်္ခါရတရားတို့သည် အရိယာမဂ်ကို အကြောင်းပြု၍ချုပ်ငြိမ်းပါကုန်သလော။
6,366
Uncategorized
ကထာဝတ္ထုပါဠိတော်
ဆင်ခြင်၍ ချုပ်ငြိမ်းသော သင်္ခါရတို့သည် နောက်ထပ် တစ်ဖန် မဖြစ်ပါကုန်သလော။
6,367
Uncategorized
ကထာဝတ္ထုပါဠိတော်
ဩော် မဖြစ်ပါကုန်။
6,368
Uncategorized
ကထာဝတ္ထုပါဠိတော်
မဆင်ခြင်ဘဲ ချုပ်ငြိမ်းသော သင်္ခါရတို့သည် နောက်ထပ် တစ်ဖန် မဖြစ်ပါကုန်သလော။
6,369
Uncategorized
ကထာဝတ္ထုပါဠိတော်
ထို့ကြောင့် ချုပ်ငြိမ်းမှုတို့သည် နှစ်မျိုးတို့ဟူ၍ မဆိုသင့်။
6,370
Uncategorized
ကထာဝတ္ထုပါဠိတော်
နိရောဓကထာ ပြီး၏။
6,371
Uncategorized
ကထာဝတ္ထုပါဠိတော်
၁။ သင်္ခါရတရားတို့ကို အနိစ္စ စသော သင့်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်းမှ ကင်းသောအားဖြင့် ချုပ်ခြင်း၊ သင်္ခါရတရားတို့ကို အနိစ္စ စသော သင့်သောအကြောင်း အားဖြင့် ဆင်ခြင်၍ ချုပ်ခြင်းဟူသော နှစ်ပါးသော ချုပ်ခြင်းတို့ကို တစ်ပေါင်းတည်းပြု၍ နိရောဓသစ္စာဟု အယူရှိကုန်သော မဟိသာသက အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်ခြင်းငှ...
6,372
Uncategorized
ကထာဝတ္ထုပါဠိတော်
၂။ ဒုက္ခသစ္စာနှစ်ပါတို့ကို အလိုမရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
6,373
Uncategorized
ကထာဝတ္ထုပါဠိတော်
၃။ ပဋိသင်္ခါနိရောဓ အပ္ပဋိသင်္ခါနိရောဓဟူသော နှစ်ပါးသော အခြင်အရာတို့ဖြင့် ဒုက္ခ၏ ချုပ်ခြင်းကို အလိုရှိသောကြောင့် ဝန်ခံပြန်သည်။
6,374
Uncategorized
ကထာဝတ္ထုပါဠိတော်
၄။ ဒုက္ခသစ္စာနှစ်ပါးတို့၏ ချုပ်ငြိမ်းမှုကို အလိုမရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
6,375
Uncategorized
ကထာဝတ္ထုပါဠိတော်
၅။ နှစ်ပါးသော အခြင်းအရာအားဖြင့် ဒုက္ခချုပ်ငြိမ်းမှုကို အလိုရှိသောကြောင့် ပရဝါဒီက ဝန်ခံသည်။
6,376
Uncategorized
ကထာဝတ္ထုပါဠိတော်
၆။ နိဗ္ဗာန်နှစ်ပါးတို့၏ မြင့်မြတ်ခြင်း ယုတ်နိမ့်ခြင်းစသည်တို့ကို မမြင်ရသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
6,377
Uncategorized
ကထာဝတ္ထုပါဠိတော်
၇။ ချိုးဖဲ့ဖျက်ဆီးအပ်ကုန်ပြီးသော သင်္ခါရတို့၏ တစ်ဖန်နောက်ထပ် မချိုးဖဲ့ မဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် သကဝါဒီက ဝန်ခံသည်။
6,378
Uncategorized
ကထာဝတ္ထုပါဠိတော်
တစ်နည်း- မဆင်ခြင်ဘဲ ချုပ်ငြိမ်းသော သင်္ခါရတို့၏ အရိယာမဂ် မဖြစ်ပေါ်လတ်သော် ချုပ်ငြိမ်းမြဲတိုင်းသော အခြင်းအရာအားဖြင့် ချုပ်ငြိမ်း သောကြောင့် သကဝါဒီက ဝန်ခံသည်။ --
6,379
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(၈၇) ၄-အနုသယာအနာရမ္မဏကထာ၁
6,380
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၅၅၄။ သကဝါဒီ။
6,381
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အနုသယတို့သည် အာရုံမရှိပါကုန်သလော။
6,382
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အနုသယတို့သည် ရုပ်လော၊ နိဗ္ဗာန်လော၊ စက္ခာယတနလော။
6,383
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဖောဋ္ဌဗ္ဗာယတနလော၂။
6,384
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂအနုသယသည် အာရုံမရှိပါသလော။
6,385
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂသည်၊ ကာမရာဂသောင်းကျန်းမှုသည်၊ ကာမရာဂသံယောဇဉ်သည်၊ ကာမောဃသည်၊ ကာမယောဂသည်၊ ကာမစ္ဆန္ဒနီဝရဏသည် အာရုံမရှိပါသလော။
6,386
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂသည်၊ ကာမရာဂသောင်းကျန်းမှုသည်၊ ကာမရာဂသံယောဇဉ်သည်၊ ကာမောဃသည်၊ ကာမယောဂသည်၊ ကာမစ္ဆန္ဒနီဝရဏသည် အာရုံရှိပါသလော။
6,387
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂအနုသယသည် အာရုံရှိပါသလော။
6,388
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂအနုသယသည် အဘယ်ခန္ဓာ၌ အကျုံးဝင်ပါသနည်း။
6,389
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သင်္ခါရက္ခန္ဓာသည် အာရုံမရှိပါသလော။
6,390
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် မရှိပါ၄။
6,391
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဝေဒနာက္ခန္ဓာသည်၊ သညာက္ခန္ဓာသည်၊ ဝိညာဏက္ခန္ဓာသည် အာရုံမရှိပါသလော။
6,392
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂအနုသယသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည် ဖြစ်၍ အာရုံမရှိပါသလော။
6,393
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ကာမရာဂသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည် ဖြစ်၍ အာရုံမရှိပါသလော။
6,394
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည် ဖြစ်၍ အာရုံရှိပါသလော။
6,395
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂအနုသယသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည် ဖြစ်၍ အာရုံရှိပါသလော။
6,396
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကာမရာဂအနုသယသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည် ဖြစ်၍ အာရုံမရှိပါသလော၊ ကာမရာဂသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည် ဖြစ်၍ အာရုံရှိပါသလော။
6,397
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သင်္ခါရက္ခန္ဓာသည် တစ်စိတ်တစ်ဒေသ အာရုံရှိသည် ဖြစ်၍ တစ်စိတ်တစ်ဒေသ အာရုံ မရှိပါသလော။
6,398
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဝေဒနာက္ခန္ဓာသည်၊ သညာက္ခန္ဓာသည်၊ ဝိညာဏက္ခန္ဓာသည် တစ်စိတ်တစ်ဒေသ အာရုံရှိသည် ဖြစ်၍ တစ်စိတ်တစ်ဒေသ အာရုံမရှိပါသလော။
6,399
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၅၅၅။ သကဝါဒီ။
6,400
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ပဋိဃအနုသယသည်၊ မာနအနုသယသည်၊ ဒိဋ္ဌိအနုသယသည်၊ ဝိစိကိစ္ဆာ အနုသယသည်၊ ဘဝရာဂအနုသယသည်၊ အဝိဇ္ဇာအနုသယသည် အာရုံမရှိပါသလော။