id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
9,301
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အရှင်ပရဝါဒီ “ဝိတက်လည်းရှိ။
9,302
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ဝိစာရလည်းမရှိသော သမာဓိလည်းကောင်း” ဤသို့ (သမာဓိ) သုံးပါးတို့ကို မြတ်စွာဘုရား ဟောအပ်ခဲ့ပါကုန်မူ “ဝိတက်ကားမရှိ ဝိစာရမျှသာရှိသော (သမာဓိ) သည် ဈာနန္တရိကသမာဓိမည်၏”ဟူ၍ မဆိုသင့်။
9,303
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဈာနန္တရိကကထာ ပြီး၏။
9,304
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ ပဉ္စကနည်း၌ ဈာန်ငါးပါးတို့ကို မဝေဖန်အပ်ကုန်၊ သက်သက် သမာဓိသုံးပါးတို့ကိုသာ အကျဉ်းပြအပ်ကုန်၏၊ ထို့ကြောင့် အဝိတက္ကဝိစာရသမာဓိ၏ အခွင့်ကို မသိကုန်သောကြောင့် ပဋ္ဌမဈာန်နှင့် ဒုတိယဈာန်အကြား၌ ဤအဝိတက္ကသဝိစာရသမာဓိသည် ဈာနန္တရိကသမာဓိမည်၏ဟု အယူရှိကြကုန်သော သမိတိနှင့် အချို့သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော...
9,305
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ ဈာန်သည်လည်း စေတသိက်တရားတို့ပင် ဖဿစသော တရားတို့လည်း စေတသိက်တရား တို့ပင်တည်း၊ ထို့ကြောင့် ဈာနန္တရိက မည်ခဲ့ပါမူ ဖဿန္တရိက စသည်တို့သည်လည်း ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
9,306
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ အဝိတက္ကဝိစာရမတ္တသမာဓိသည် ဈာနန္တရိက မည်ခဲ့ပါမူ ဒုတိယဈာန် တတိယဈာန် စသည်တို့သည်လည်း ဈာန်တို့သာ ဖြစ်ကုန်သောကြောင့် ထိုဒုတိယဈာန်, တတိယဈာန်တို့၏လည်း အကြားမည်သည် ဖြစ်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
9,307
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၄။ မိမိဝါဒ၏ အစွမ်းအားဖြင့် ပရဝါဒီကပင် ပဋိက္ခေပလည်း ပြု၏၊ ဝန်ခံလည်း ဝန်ခံ၏။
9,308
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၅။ သမာဓိသုံးပါးတို့၏ သမာဓိအဖြစ် တူမျှသည်ရှိသော် အဝိတက္ကဝိစာရမတ္တသမာဓိသာ ဈာနန္တရိက မည်၍ တစ်ပါးသော သမာဓိသည် ဈာနန္တရိက မမည်၊ ဤသုံးပါးတို့၌ ထူးသော အကြောင်းကား အဘယ်နည်းဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
9,309
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆။ ပဌမဈာန်နှင့် ဒုတိယဈာန်တို့ကို ရည်ရွယ်၍ မေးသည်။
9,310
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၇။ ပစ္စုပ္ပန်ဖြစ်သော ထိုဈာန်တို့၏ အကြား၌ အဝိတက္ကဝိစာရမတ္တသမာဓိသည် ‘ဈာနန္တရိကသမာဓိ’ မည်၏ဟူသော အယူဖြင့် ဝန်ခံသည်။
9,311
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈။ ဈာန်သုံးပါး တစ်ပြိုင်နက် ဖြစ်ခြင်း၏ မသင့်သောကြောင့် ဝန်ခံသည်။
9,312
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၉။ စတုက္ကနည်းကို ရည်ရွယ်၍ မေးသည်။
9,313
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁၀။ ထိုစတုက္ကနည်း၌ အဝိတက္ကဝိစာရမတ္တသမာဓိ၏ မရှိသောကြောင့် သကဝါဒီက ပဋိက္ခေပပြုသည်။
9,314
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၈၄) ၈-သဒ္ဒံ သုဏာတီတိကထာ၁
9,315
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၂၃။ သကဝါဒီ။
9,316
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ သမာပတ်ဝင်စားသောပုဂ္ဂိုလ်သည် အသံကို ကြားပါသလော။
9,317
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဩော် ကြားပါ၏။
9,318
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သမာပတ်ဝင်စားသော ပုဂ္ဂိုလ်သည် မျက်စိဖြင့် အဆင်းကို မြင်ပါသလော။
9,319
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ နားဖြင့်။
9,320
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ နှာခေါင်းဖြင့်။
9,321
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ လျှာဖြင့်။
9,322
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိပါသလော။
9,323
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သမာပတ်ဝင်စားသော ပုဂ္ဂိုလ်သည် အသံကို ကြားပါသလော။
9,324
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သောတဝိညာဏ်နှင့် ပြည့်စုံသူသည် သမာပတ်ဝင်စားပါသလော။
9,325
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မနောဝိညာဏ်နှင့် ပြည့်စုံသောသူအား သမာဓိဖြစ်သည် မဟုတ်ပါလော။
9,326
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မနောဝိညာဏ်နှင့် ပြည့်စုံသောသူအား သမာဓိရှိခဲ့မူ “သမာပတ် ဝင်စားသောပုဂ္ဂိုလ်သည် အသံကို ကြား၏”ဟူ၍ မဆိုသင့်။
9,327
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မနောဝိညာဏ်နှင့် ပြည့်စုံသောသူအား သမာဓိဖြစ်ပေါ်၍ သောတဝိညာဏ်နှင့် ပြည့်စုံသော သူသည် အသံကို ကြားပါသလော။
9,328
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မနောဝိညာဏ်နှင့် ပြည့်စုံသောသူအား သမာဓိဖြစ်ပေါ်၍ သောတ ဝိညာဏ်နှင့် ပြည့်စုံသူသည် အသံကို ကြားခဲ့မူ “သမာပတ်ဝင်စားသူသည် အသံကို ကြား၏”ဟူ၍ မဆိုသင့်။
9,329
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မနောဝိညာဏ်နှင့် ပြည့်စုံသူအား သမာဓိ ဖြစ်ပေါ်၍ သောတဝိညာဏ်နှင့် ပြည့်စုံသူ အား အသံကို ကြားပါသလော။
9,330
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၂၄။ ပရဝါဒီ။
9,331
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “သမာပတ်ဝင်စားသူသည် အသံကို ကြား၏”ဟူ၍ မဆိုသင့်ပါသလော။
9,332
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မြတ်စွာဘုရားသည် အသံကို ပဌမဈာန်၏ ဆူးငြောင့်ဟူ၍ ဟောတော်မူအပ်သည် မဟုတ်ပါလော။
9,333
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်သကဝါဒီ မြတ်စွာဘုရားသည် အသံကို ပဌမဈာန်၏ ဆူးငြောင့်ဟူ၍ ဟောအပ် ခဲ့ပါမူ “သမာပတ်ဝင်စားသောပုဂ္ဂိုလ်သည် အသံကို ကြား၏”ဟူ၍ ဆိုသင့်၏။
9,334
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၂၅။ သကဝါဒီ။
9,335
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ မြတ်စွာဘုရားသည် အသံကို ပဌမဈာန်၏ ဆူးငြောင့်ဟူ၍ ဟောတော်မူအပ်၏ဟု (နှလုံးပြု၍) သမာပတ်ဝင်စားသူသည် အသံကို ကြားပါသလော။
9,336
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဝိတက်ကိုလည်းကောင်း၊ ဝိစာရကိုလည်းကောင်း ဒုတိယဈာန်၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောအပ်သည် ဖြစ်၍ ထို ဒုတိယဈာန်အား ဝိတက်, ဝိစာရတို့သည် ရှိပါကုန်သလော။
9,337
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အသံကို ပဌမဈာန်၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်၏ဟု (နှလုံးပြု၍) သမာပတ်ဝင်စားသူသည် အသံကို ကြားပါသလော။
9,338
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပီတိကို တတိယဈာန်၏ ဆူးငြောင့်ဟူ၍။
9,339
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ထွက်သက်, ဝင်သက်ကို စတုတ္ထ ဈာန်၏ ဆူးငြောင့်ဟူ၍။
9,340
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရူပသညာကို အာကာသာနဉ္စာယတနသမာပတ် ဝင်စားသူ၏ ဆူးငြောင့်ဟူ၍။
9,341
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အာကာသာနဉ္စာယတနသညာကို ဝိညာဏဉ္စာယတနသမာပတ်ဝင်စားသူ၏ ဆူးငြောင့်ဟူ၍။
9,342
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ဝိညာဏဉ္စာ ယတနသညာကို အာကိဉ္စညာယတန သမာပတ်ကို ဝင်စားသူ၏ ဆူးငြောင့်ဟူ၍။
9,343
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အာကိဉ္စညာယတန သညာကို နေဝသညာနာသညာယတနသမာပတ် ဝင်စားသူ၏ ဆူးငြောင့်ဟူ၍။
9,344
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သညာကိုလည်းကောင်း၊ ဝေဒနာကိုလည်းကောင်း နိရောဓသမာပတ်ဝင်စားသူ၏ ဆူးငြောင့်ဟူ၍ မြတ်စွာဘုရား ဟောတော်မူအပ်သည် ဖြစ်၍ နိရောဓသမာပတ်ဝင်စားသူအား သညာသည်လည်းကောင်း၊ ဝေဒနာသည်လည်းကောင်း ရှိပါကုန်သလော။
9,345
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
သဒ္ဒံ သုဏာတီတိကထာ ပြီး၏။
9,346
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ အသံသည် ပဌမဈာန်၏ ဆူးငြောင့်မည်၏ဟု မြတ်စွာဘုရား ဟောတော်မူသောကြောင့် ပဌမဈာန်သမာပတ် ဝင်စားသူသည် ထိုအသံကို မကြားခဲ့ပါမူ အသို့လျှင် ဆူးငြောင့် ဖြစ်ရာပါသနည်း၊ ထို့ကြောင့် သမာပတ်ဝင်စားသူသည် အသံကို ကြားရ၏ဟု ပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီတို့ အယူရှိ၏၊ ထို့ကြောင့် ဤကထာကို ဟောတော်မူသည်။
9,347
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ သမာပတ်ဝင်စားသူအား ပဉ္စဒွါရ၌ဖြစ်သော တရားမျိုး မရှိ၊ ထိုပဉ္စဒွါရ၌ဖြစ်သော တရားမရှိဘဲ ထိုသမာပတ် ဝင်စားသူသည် အသံကို ကြားနိုင်ခဲ့လျှင် အဆင်းကိုလည်း မြင်နိုင်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
9,348
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- (၁၈၅) ၉-စက္ခုနာ ရူပံ ပဿတီတိကထာ၁
9,349
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၂၆။ သကဝါဒီ။
9,350
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ မျက်စိဖြင့် အဆင်းကို မြင်ပါသလော။
9,351
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရုပ်ဖြင့် ရုပ်ကို မြင်ပါသလော။
9,352
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ရုပ်ဖြင့် ရုပ်ကို သိပါသလော။
9,353
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရုပ်ဖြင့် ရုပ်ကို သိပါသလော။
9,354
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရုပ်သည် မနောဝိညာဏ်လော။
9,355
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မျက်စိဖြင့် အဆင်းကို မြင်ပါသလော။
9,356
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မျက်စိအား ဆင်ခြင်မှု။
9,357
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ မျက်စိအား ဆင်ခြင်မှု။
9,358
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ စိတ်ညွတ်မှုသည် မရှိခဲ့မူ “မျက်စိဖြင့် အဆင်းကို မြင်၏”ဟူ၍ မဆိုသင့်။
9,359
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
နားဖြင့် အသံကို ကြားပါသလော။
9,360
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ လျှာဖြင့် အရသာကို လျက်ပါသလော။
9,361
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ရုပ်ဖြင့် ရုပ်ကို တွေ့ထိပါသလော။
9,362
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိပါသလော။
9,363
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ကိုယ်အား ဆင်ခြင်မှု။
9,364
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ ကိုယ်အား ဆင်ခြင်မှု။
9,365
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ စိတ်ညွတ်မှုသည် မရှိခဲ့မူ “ကိုယ်ဖြင့် အတွေ့ အထိကို တွေ့ထိ၏”ဟူ၍ မဆိုသင့်။
9,366
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၂၇။ ပရဝါဒီ။
9,367
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ “မျက်စိဖြင့် အဆင်းကို မြင်၏။
9,368
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၏”ဟူ၍ မဆို သင့်ပါသလော။
9,369
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
“ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၏။
9,370
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
9,371
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ထို့ကြောင့် မျက်စိဖြင့် အဆင်းကို မြင်၏။
9,372
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၏။
9,373
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆ စက္ခုနာ ရူပံ ပဿတီတိကထာ ပြီး၏။
9,374
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အဋ္ဌာရသမဝဂ် ပြီး၏။
9,375
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၁။ “စက္ခုနာ ရူပံ ဒိသွာ”ဟူသော စကားကို အမှီပြု၍ ပသာဒစက္ခုသည်သာ ရူပါရုံကို မြင်၏ဟု အယူရှိကြကုန်သော မဟာသံဃိကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤကထာကို ဟောတော်မူသည်။
9,376
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၂။ မျက်စိဖြင့် အဆင်းကို မြင်ခဲ့ပါမူ ရုပ်ဖြင့် ရုပ်ကို မြင်ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
9,377
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၃။ ရူပါယတနကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
9,378
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၄။ စက္ခုကို ရည်ရွယ်၍ ဝန်ခံပြန်သည်။
9,379
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၅။ ရုပ်ဖြင့် ရုပ်ကို သိခဲ့ပါမူ ရုပ်သည် မနောဝိညာဏ်အဖြစ်သို့ ရောက်ခဲ့ရာ၏ဟု စောဒနာလို၍ ဤပုစ္ဆာကို တက်သည်။
9,380
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၆။ ပရဝါဒီဆောင်သော သုတ်ကို သသမ္ဘာရကထာနည်းအားဖြင့် ဟောတော်မူအပ်၏၊ မြားဖြင့်ပစ်သော်လည်း လေးဖြင့်ပစ်၏ဟု ဆိုအပ်သကဲ့သို့ စက္ခုဝိညာဏ်ဖြင့် သိပါသော်လည်း မျက်စိဖြင့် သိ၏ဟု ဆိုအပ်ပါ၏၊ ထို့ကြောင့် သာဓက မထိုက်ပါ။
9,381
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
-- ၁၉-ဧကူနဝီသတိမဝဂ်
9,382
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
(၁၈၆) ၁-ကိလေသဇဟနကထာ၁
9,383
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၂၈။ သကဝါဒီ။
9,384
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အတိတ်ကိလေသာတို့ကို ပယ်စွန့်ပါသလော။
9,385
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
ချုပ်ပြီးသည်ကို ချုပ်စေပါသလော၊ ကင်းပြီးသည်ကို ကင်းစေပါသလော၊ ကုန်ခန်း ပြီးသည်ကို ကုန်ခန်းစေပါသလော၊ ကွယ်ပြီးသည်ကို ကွယ်စေပါသလော၊ ကွယ်ပျောက်ပြီးသည်ကို ကွယ်ပျောက်စေပါသလော။
9,386
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အတိတ်ကိလေသာတို့ကို ပယ်စွန့်ပါသလော။
9,387
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အတိတ်တရားသည် ချုပ်ပြီး မဟုတ်ပါလော။
9,388
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ အတိတ်တရားသည် ချုပ်ပြီးဖြစ်ခဲ့ပါမူ “အတိတ်ကိလေသာတို့ကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်။
9,389
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အတိတ်တရားသည် မရှိသည် မဟုတ်ပါလော။
9,390
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ အတိတ်တရားသည် မရှိခဲ့ပါမူ “အတိတ်ကိလေသာတို့ကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်။
9,391
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၂၉။ သကဝါဒီ။
9,392
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အနာဂတ်ကိလေသာတို့ကို ပယ်စွန့်ပါသလော။
9,393
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
မဖြစ်သေးသည်ကို မဖြစ်စေပါသလော၊ ကောင်းစွာ မဖြစ်သေးသည်ကို ကောင်းစွာ မဖြစ်စေပါသလော၊ အသစ်မဖြစ်သေးသည်ကို အသစ်မဖြစ်စေပါသလော၊ ထင်ရှားမဖြစ်သေးသည်ကို ထင်ရှားမဖြစ်စေပါသလော။
9,394
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အနာဂတ်ကိလေသာတို့ကို ပယ်စွန့်ပါသလော။
9,395
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အနာဂတ်တရားသည် မဖြစ်သေးသည် မဟုတ်ပါလော။
9,396
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ အရှင်ပရဝါဒီ အနာဂတ်တရားသည် မဖြစ်သေးခဲ့ပါမူ “အနာဂတ်ကိလေသာတို့ကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်။
9,397
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အနာဂတ်တရားသည် မရှိသေးသည် မဟုတ်ပါလော။
9,398
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
အရှင်ပရဝါဒီ အနာဂတ်တရားသည် မရှိသေးခဲ့ပါမူ “အနာဂတ်ကိလေသာတို့ကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်။
9,399
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
၈၃၀။ သကဝါဒီ။
9,400
Uncategorized
ကထာဝတ္ထုပါဠိတော်-တ
။ ပစ္စုပ္ပန်ကိလေသာတို့ကို ပယ်စွန့်ပါသလော။