id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
9,401 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တပ်မက်သူသည် ရာဂကို ပယ်စွန့်ပါသလော၊ ဖျက်ဆီးသူသည် ဒေါသကို ပယ်စွန့် ပါသလော၊ တွေဝေသူသည် မောဟကို ပယ်စွန့်ပါသလော၊ ညစ်ညမ်းသူသည် ကိလေသာတို့ကို ပယ်စွန့် ပါသလော။ |
9,402 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တပ်မက်မှု ‘ရာဂ'ဖြင့် တပ်မက်မှု ‘ရာဂ'ကို ပယ်စွန့်ပါသလော၊ ဖျက်ဆီးမှု ‘ဒေါသ'ဖြင့် ဖျက်ဆီးမှု ‘ဒေါသ'ကို ပယ်စွန့်ပါသလော၊ တွေဝေမှု ‘မောဟ’ ဖြင့် တွေဝေမှု ‘မောဟ’ ကို ပယ်စွန့်ပါသလော၊ ညစ်ညမ်းမှု ‘ကိလေသာ'တို့ဖြင့် ညစ်ညမ်းမှု ‘ကိလေသာ'တို့ကို ပယ်စွန့်ပါသလော။ |
9,403 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တပ်မက်မှု ‘ရာဂ'သည် စိတ်နှင့် ယှဉ်သည် ဖြစ်၍ မဂ်သည် စိတ်နှင့် ယှဉ်ပါသလော။ |
9,404 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | စိတ်နှစ်ပါးတို့၏ ပေါင်းဆုံမှုသည် ဖြစ်ပါသလော။ |
9,405 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တပ်မက်မှု ‘ရာဂ'သည် အကုသိုလ်ဖြစ်၍ မဂ်သည် ကုသိုလ်လော။ |
9,406 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကုသိုလ် အကုသိုလ်ဖြစ်ကုန်သော အပြစ်ရှိကုန် အပြစ်မရှိကုန်သော အယုတ် အမြတ် ဖြစ်ကုန်သော အမည်းအဖြူအားဖြင့် တူသော အဖို့ရှိကုန်သော တရားတို့သည် မျက်မှောက်အဖြစ်သို့ ရောက်ပါကုန်သလော။ |
9,407 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “ရဟန်းတို့ ဤလေးမျိုးတို့ကား အလွန့်အလွန်ဝေးသော အရာတို့ပေတည်း။ |
9,408 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အဘယ်လေးမျိုးတို့နည်း၊ ရဟန်းတို့ ကောင်းကင်သည်လည်းကောင်း၊ မြေကြီးသည်လည်းကောင်း ရှိ၏၊ ဤကောင်းကင်နှင့် မြေကြီးသည် ရှေးဦးစွာ အလွန့်အလွန်ဝေးသော အရာတည်း။ |
9,409 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် “ကုသိုလ် အကုသိုလ်ဖြစ်ကုန်သော။ |
9,410 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ မျက်မှောက်အဖြစ်သို့ ရောက် ကုန်၏”ဟူ၍ မဆိုသင့်။ |
9,411 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၃၁။ ပရဝါဒီ။ |
9,412 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “အတိတ်ကိလေသာတို့ကို ပယ်စွန့်၏၊ အနာဂတ်ကိလေသာတို့ကို ပယ်စွန့်၏၊ ပစ္စုပ္ပန်ကိလေသာတို့ကို ပယ်စွန့်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,413 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကိလေသာတို့ကို ပယ်စွန့်သောသူသည် မရှိပါသလော။ |
9,414 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် အတိတ်ကိလေသာတို့ကို ပယ်စွန့်၏၊ အနာဂတ်ကိလေသာတို့ကို ပယ်စွန့်၏၊ ပစ္စုပ္ပန်ကိလေသာတို့ကို ပယ်စွန့်၏။ |
9,415 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကိလေသဇဟနကထာ ပြီး၏။ |
9,416 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ ကိလေသာတို့ကို ပယ်ခြင်းမည်သည် ရှိ၏၊ ကိလေသာကို ပယ်သော ပုဂ္ဂိုလ်သည် အတိတ်ကိလေသာတို့ကိုလည်း ပယ်အပ်ကုန်၏၊ အနာဂတ်ကိလေသာ, ပစ္စုပ္ပန်ကိလေသာ တို့ကိုလည်း ပယ်အပ်ကုန်၏၊ ထို့ကြောင့် အတိတ်ကိလေသာတို့ကို ပယ်စွန့်၏၊ အနာဂတ်ကိလေသာ, ပစ္စုပ္ပန်ကိလေသာတို့ကိုလည်း ပယ်စွန့်၏ဟု အယူရှိကြကုန်သော ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီ ဆရာတို့ကို ရည်ရွယ်၍ ဤကထ... |
9,417 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၈၇) ၂-သုညတာကထာ၁ |
9,418 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၃၂။ သကဝါဒီ။ |
9,419 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သုညတနိဗ္ဗာန်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ပါသလော။ |
9,420 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အနိမိတ္တနိဗ္ဗာန်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ပါသလော။ |
9,421 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သုညတနိဗ္ဗာန်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ပါသလော။ |
9,422 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အပ္ပဏိဟိတနိဗ္ဗာန်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ပါသလော။ |
9,423 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အနိမိတ္တနိဗ္ဗာန်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,424 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “သုညတနိဗ္ဗာန်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,425 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “အပ္ပဏိဟိတနိဗ္ဗာန်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,426 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သင်္ခါရသည် မြဲပါသလော၊ အကြောင်းကို စွဲ၍ မဖြစ်ပါသလော၊ ကုန်ခန်းခြင်း သဘော မရှိပါသလော၊ ပျက်စီးခြင်းသဘော မရှိပါသလော၊ ကင်းပြတ်ခြင်းသဘော မရှိပါသလော၊ ချုပ်ငြိမ်းခြင်းသဘော မရှိပါသလော၊ ဖောက်ပြန်ပျက်စီးခြင်းသဘော မရှိပါသလော။ |
9,427 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သင်္ခါရက္ခန္ဓာသည် မမြဲသည် ပြုပြင်အပ်သည် အကြောင်းကို စွဲ၍ ဖြစ်သည် ကုန်ခန်းခြင်း ပျက်စီးခြင်းသဘောရှိသည် ကင်းပြတ်ခြင်းသဘောရှိသည် ချုပ်ငြိမ်းခြင်းသဘောရှိသည် ဖောက်ပြန်ပျက်စီးခြင်းသဘောရှိသည် မဟုတ်ပါလော။ |
9,428 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရှင်ပရဝါဒီ သင်္ခါရက္ခန္ဓာသည် မမြဲသည်။ |
9,429 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဖောက်ပြန်ပျက်စီးခြင်းသဘောရှိသည် ဖြစ်ခဲ့မူ “သုညတနိဗ္ဗာန်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်။ |
9,430 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၃၃။ သကဝါဒီ။ |
9,431 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရူပက္ခန္ဓာ၏ ကင်းဆိတ်မှုသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ပါသလော။ |
9,432 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သင်္ခါရက္ခန္ဓာ၏ ကင်းဆိတ်မှုသည် ရူပက္ခန္ဓာ၌ အကျုံးဝင်ပါသလော။ |
9,433 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝိညာဏက္ခန္ဓာ၏ ကင်းဆိတ်မှုသည် သင်္ခါရ က္ခန္ဓာ၌ အကျုံးဝင်ပါသလော။ |
9,434 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သင်္ခါရက္ခန္ဓာ၏ ကင်းဆိတ်မှုသည် ဝိညာဏက္ခန္ဓာ၌ အကျုံးဝင်ပါသလော။ |
9,435 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “သင်္ခါရက္ခန္ဓာ၏ ကင်းဆိတ်မှုသည် ရူပက္ခန္ဓာ၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,436 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရူပက္ခန္ဓာ၏ ကင်းဆိတ်မှုသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,437 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “သင်္ခါရက္ခန္ဓာ၏ ကင်းဆိတ်မှုသည် ဝေဒနာက္ခန္ဓာ၌။ |
9,438 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သညာက္ခန္ဓာ၌။ |
9,439 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ဝိညာဏက္ခန္ဓာ၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,440 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ဝိညာဏက္ခန္ဓာ၏ ကင်းဆိတ်မှုသည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့် ပါသလော။ |
9,441 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၃၄။ ပရဝါဒီ။ |
9,442 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ “သုညတနိဗ္ဗာန်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏”ဟူ၍ မဆိုသင့်ပါသလော။ |
9,443 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | “ရဟန်းတို့ ဤပြုပြင်အပ်သော သင်္ခါရတို့သည် အတ္တမှလည်းကောင်း၊ အတ္တနိယမှ လည်းကောင်း ကင်းဆိတ်၏”ဟု မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
9,444 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့်ပင် သုညတနိဗ္ဗာန်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏။ |
9,445 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သုညတာကထာ ပြီး၏။ |
9,446 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ သုညတတို့သည် ခန္ဓာတို့၏ အနတ္တလက္ခဏာနှင့် နိဗ္ဗာန်ဟူ၍ နှစ်ပါးတို့ ဖြစ်ကြကုန်၏၊ ထိုတွင် အချို့သော အနတ္တလက္ခဏာသည် တစ်ခုသော နည်းပရိယာယ်ဖြင့် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည် ဖြစ်ရာ၏၊ နိဗ္ဗာန်သည် မည်သည့် ခန္ဓာ၌မျှ အကျုံးမဝင်၊ ဤသို့သော ဝိဘာဂကို မယူဘဲ သုညတတို့သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ကုန်၏ဟု အယူရှိကြကုန်သော အန္ဓကဂိုဏ်းဝင် ပ... |
9,447 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၂။ ဤသုတ်သည် တစ်ပါးသော အယူဝါဒမှ ဆောင်အပ်သော သုတ်ဖြစ်၏၊ ဤ၌ သင်္ခါရအရ ‘သဗ္ဗေသင်္ခါရာ အနိစ္စာ’ဟု လာသော အရာ၌ကဲ့သို့ ခန္ဓာငါးပါးတို့ပင်တည်း၊ ထိုခန္ဓာငါးပါးတို့သည်လည်း အတ္တ, အတ္တနိယမှ ဆိတ်သုဉ်းသည်၏ အဖြစ်ကြောင့် သာသနာသို့ သက်ဝင်၏၊ မဆန့်ကျင်၊ ထို့ကြောင့် ပရဝါဒီဆောင်သော သုတ်သည် သုညတ၏ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သည်၏အဖြစ်ကို မပြ၊ ထိ... |
9,448 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၈၈) ၃-သာမညဖလကထာ၁ |
9,449 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၃၅။ သကဝါဒီ။ |
9,450 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရဟန်းဖြစ်ကျိုး'သာမညဖိုလ်'သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,451 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နိဗ္ဗာန်လော၊ မှီခိုရာလော၊ ပုန်းအောင်းရာလော၊ ကိုးကွယ်ရာလော၊ လဲလျောင်းရာလော၊ မရွေ့လျောရာလော၊ မသေရာလော။ |
9,452 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန်းဖြစ်ကျိုး'သာမညဖိုလ်'သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ’ ဖြစ်၍ နိဗ္ဗာန်သည် မပြုပြင်အပ်သောသဘော'အသင်္ခတ'လော။ |
9,453 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မပြုပြင်အပ်သောသဘော'အသင်္ခတ'တို့သည် နှစ်ပါးတို့လော။ |
9,454 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မပြုပြင်အပ်သောသဘော ‘အသင်္ခတ'တို့သည် နှစ်ပါးတို့လော။ |
9,455 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မှီခိုရာတို့သည် နှစ်ပါးတို့လော။ |
9,456 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အပေါက်အကြားသည်လည်းကောင်း ရှိပါသလော။ |
9,457 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၃၆။ သကဝါဒီ။ |
9,458 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရဟန်းဖြစ်ကျိုး ‘သာမညဖိုလ်'သည် မပြုပြင်အပ်သော သဘော ‘အသင်္ခတ'လော။ |
9,459 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန်းအဖြစ်သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,460 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန်းအဖြစ်သည် ပြုပြင်အပ်သောသဘော ‘သင်္ခတ'လော။ |
9,461 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရဟန်းဖြစ်ကျိုး ‘သာမညဖိုလ်'သည် ပြုပြင်အပ်သောသဘော ‘သင်္ခတ'လော။ |
9,462 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတာပတ္တိဖိုလ်သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,463 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတာပတ္တိမဂ်သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,464 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သောတာပတ္တိမဂ်သည် ပြုပြင်အပ်သောသဘော ‘သင်္ခတ'လော။ |
9,465 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတာပတ္တိဖိုလ်သည် ပြုပြင်အပ်သောသဘော ‘သင်္ခတ'လော။ |
9,466 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အရဟတ္တဖိုလ်သည် မပြုပြင်အပ့်သောသဘော ‘အသင်္ခတ'လော။ |
9,467 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရဟတ္တမဂ်သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,468 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရဟတ္တမဂ်သည် ပြုပြင်အပ်သောသဘော ‘သင်္ခတ'လော။ |
9,469 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | အရဟတ္တဖိုလ်သည် ပြုပြင်အပ်သောသဘော ‘သင်္ခတ'လော။ |
9,470 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သောတာပတ္တိဖိုလ်သည် မပြုပြင်အပ်သောသဘော'အသင်္ခတ'လော၊ သကဒါဂါမိဖိုလ်သည်။ |
9,471 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ အရဟတ္တဖိုလ်သည် မပြုပြင်အပ်သောသဘော'အသင်္ခတ’ ဖြစ်၍ နိဗ္ဗာန်သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,472 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မပြုပြင်အပ်သောသဘော ‘အသင်္ခတ'တို့သည် ငါးပါးတို့လော။ |
9,473 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | မှီခိုရာတို့သည် ငါးပါးတို့လော။ |
9,474 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သာမညဖလကထာ ပြီး၏။ |
9,475 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၁။ မဂ္ဂဝီထိ၌လည်းကောင်း၊ ဖလသမာပတ္တိဝီထိ၌လည်းကောင်း အရိယမဂ်၏ အကျိုးဖြစ်သော စိတ်သည် သာမညဖလ မည်၏၊ ဤကား သကသမယ၌ ဆုံးဖြတ်ချက်တည်း၊ ပရဝါဒီဆရာတို့မူကား ထိုသို့ မယူမူ၍ ကိလေသာတို့ကို ပယ်ခြင်းသည်လည်းကောင်း၊ ဖိုလ်တို့၏ ဖြစ်ခြင်းသည်လည်းကောင်း သာမညဖလ မည်၏။ |
9,476 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ထို့ကြောင့် သာမညဖလသည် အသင်္ခတတည်းဟု အယူရှိကြကုန်သော ပုဗ္ဗသေလိယဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤသာမညဖလကထာကို ဟောတော်မူသည်။ |
9,477 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | -- (၁၈၉) ၄-ပတ္တိကထာ၁ |
9,478 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၃၇။ သကဝါဒီ။ |
9,479 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ရခြင်းသည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,480 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | နိဗ္ဗာန်လော၊ မှီခိုရာလော၊ ပုန်းအောင်းရာလော၊ ကိုးကွယ်ရာလော၊ လဲလျောင်း ရာလော၊ မရွေ့လျောရာလော၊ မသေရာလော။ |
9,481 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ရခြင်းသည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'ဖြစ်၍ နိဗ္ဗာန်သည် မပြုပြင်အပ် သောသဘော ‘အသင်္ခတ'လော။ |
9,482 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၃၈။ သကဝါဒီ။ |
9,483 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ သင်္ကန်းကို ရခြင်းသည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,484 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ မသေရာလော။ |
9,485 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သင်္ကန်းကို ရခြင်းသည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ’ ဖြစ်၍ နိဗ္ဗာန်သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,486 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ဆွမ်းကို။ ပ။ |
9,487 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ကျောင်းကို။ |
9,488 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးကို ရခြင်းသည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'တို့လော။ |
9,489 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ နိဗ္ဗာန်လော။ |
9,490 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ မရွေ့လျောရာလော၊ မသေရာလော။ |
9,491 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးကို ရခြင်းသည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ’ ဖြစ်၍ နိဗ္ဗာန်သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,492 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | သင်္ကန်းကို ရခြင်းသည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'ဖြစ်၍ ဆွမ်းကို။ |
9,493 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ ကျောင်းကို။ |
9,494 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ သူနာ၏ အထောက်အပံ့ အသက်၏ အရံအတားဖြစ်သော ဆေးကို ရခြင်းသည် မပြုပြင် အပ်သောသဘော ‘အသင်္ခတ’ ဖြစ်၍။ |
9,495 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ပ။ နိဗ္ဗာန်သည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,496 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ၈၃၉။ သကဝါဒီ။ |
9,497 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ။ ပဌမဈာန်ကို ရခြင်းသည် မပြုပြင်အပ်သောသဘော ‘အသင်္ခတ'လော။ |
9,498 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | [ဤသို့ အလုံးစုံကို ချဲ့အပ်၏။ |
9,499 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | ] ဒုတိယဈာန်ကို။ |
9,500 | Uncategorized | ကထာဝတ္ထုပါဠိတော်-တ | တတိယဈာန်။ စတုတ္ထဈာန်ကို။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.